Friday, September 30, 2011

ဧရာဝတီထာဝရရှင်သန်ရေးအတွက် - လူထုလှုပ်ရှားမှုရဲ့ စွမ်းအားကြောင့် - ရလဒ်အဖြေထွက်

ရဟန်းရှင်လူ တိုင်းရင်းသားညီအကိုတော်များနှင့် ကျောင်းသားလူငယ် အသိပညာရှင်အတပ်ပညာရှင်များနှင့်တကွ ရုပ်ရှင်ဂီတအနုပညာရှင်များမှ မြန်မာနိုင်ငံ၏ မိခင်ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးအတွက် တက်ညီလက်ညီ
စုပေါင်းလုပ်ဆောင်မှုစွမ်းအားများကြောင့် ( ပြည်တင်းလျှင် မင်းမခံနိုင် )ဆိုသည့်အတိုင်း ပြည်သူလူထုညီတော့
စစ်အစိုးရမခံတော့ဘူးပေါ့ ဒါဟာဘက်ပေါင်းစုံကလူထု့လှုပ်ရှားမှုရဲ့ စွမ်းအားတွေကြောင့် အခုလိုရလဒ်ထွက်ပေါ်
လာတာဖြစ်တယ် ။

ဒါ့ကြောင့် လက်ရှိရရှိထားတဲ့ လူထုရဲ့ညီညွတ်မှု စွမ်းအားတွေနဲ့ ဘက်စုံနည်းစုံလူထုလှုပ်ရှားမှုတွေကို ဆက်လက် ထိမ်းသိမ်းထားပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖေါ်ဆောင်နေတဲ့ နိုင်ငံရေးပြသနာကိုနိုင်ငံရေး
နည်းအရဖြေရှင်းနိုင်မဲ့ နိုင်ငံရေးစားဝိုင်းကိုရောက်လာအောင် လူထုရဲ့ညီညွတ်မှု စွမ်းအားတွေနဲ့ ဘက်စုံ
နည်းစုံလူထုလှုပ်ရှားမှုတွေနဲ့ ဆက်လက်ဖေါက်ထွက်ဝန်းရံကြရမယ် ။

လတ်တလောထွက်ပေါ်လာတဲ့(သမ္မတကြီး၏သ၀ဏ်လွှာပါဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးကိုရပ်ဆိုင်းထားမည်)ဆိုသည့်အချက်သည် ရလဒ်ကောင်းမဟုတ်သေးပေ လုံးဝရပ်ဆိုင်လိုက်ပြီဆိုမှသာ ရလဒ်ကောင်းဖြစ်ပေလိမ့်မည် ။

သမ္မတကြီး၏ ယနေ့ပေးပို့သော သ၀ဏ်လွှာ by kothetzawaung

No comments:

Post a Comment