Wednesday, February 29, 2012

နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့  ကျောင်းအုပ်ကြီး ပြော

2012-02-29
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)

ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊ အဲဒီသတင်းကို ကြားပြီး ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ်က အခုလို ပြောဆိုတာဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ဝင်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို ရေကြောင်းတက္ကသိုလ်၊ သမတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နဲ့ အစိုးရ နည်းပညာတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်လေးခုက ကျောင်းသားတွေ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံ အနှံ့မှာလည်း ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော် ဖြစ်သင့်ဟု NLD ပြော

တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၀င်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းက ယနေ့သွားရောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင် ဦးဖြိုးမင်းသိန်း(လက်မြှောက် ထားသူ) ကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
“ဒီမိုကရေစီပြောင်းလဲရေးမှာ တပ်မတော်ပါဝင်ရမယ်၊ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းကမှလက်နက်နဲ့ အာဏာမသိမ်းနိုင်အောင် ကာ ကွယ်စောင့်ရှောက်သင့်တယ်၊ အာဏာမှာဝင်ရောက်ပါဝင်ခြင်းဟာ တပ်မတော်အခန်းကဏ္ဍကို မှေးမှိန်စေတယ်”ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။
ယနေ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားရောက်သော ဦးဖြိုးမင်းသိန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်သည် တပ်မ ၁၁ အပါအ၀င်၊ တပ်ရင်းတပ်ဖွဲ့ ၃၆ ဖွဲ့ခန့်ရှိပြီး မင်းကုန်းတွင် တပ်မတော် လေ့ကျင်ရေးကျောင်းနှင့် ဖောင်ကြီးတွင် ဗဟိုဝန်ထမ်းလေ့ကျင့် ရေးကျောင်း အခြေစိုက်ရာ ဒေသဖြစ်သည်။
လက်ရှိအခြေအနေတွင် တပ်မတော်သားအများစု၏ ဘ၀မှာ ဆင်းရဲနွမ်းပါးကြောင်း၊ ၎င်းတို့ဘ၀များကို အကာအကွယ် ပေးရန်လို ကြောင်း၊ မိမိတို့ အနိုင်ရလျှင် တပ်မတော်သားများနှင့် မိသားစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန် အတတ်နိုင်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း ဆိုသည်။
လှည်းကူးမြို့နယ် မဲပေးနိုင်သူ ဦးရေ ၁သိန်း ၃သောင်းခန့်ရှိရာတွင် အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများဖြစ်သော်လည်း အလုပ်လက်မဲ့နှုန်းထားမှာလည်း မြင့်မားနေသည့်အတွက် ဒေသတွင်း ဖွံဖြိုးရေးနှင့် ကျန်းမာရေး၊ ပညာရေး တိုးတက်စေရန်နှင့် ကရင်၊ ရှမ်း တိုင်းရင်းသားများလည်း များပြားသည့်အတွက် တိုင်းရင်းသားစည်းလုံးရေး တို့ကိုလည်း ဦးစားပေး လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဦးဖြိုးမင်းသိန်းနှင့် NLD ပါတီဝင်အင်အား ၄၀၀ ခန့်သည် မနက်ဖြန်မှ စတင်ကာ မတ်လ ၁၁ ရက်နေ့အထိ ဒေသတွင်းရှိ ရွာပေါင်း ၁၁၉ ရွာနှင့် ရပ်ကွက်ကြီး ၅ ရပ်ကွက်သို့လည်း ကားများဖြင့် လှည့်လည်ပြီး စည်းရုံးလုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရသည်။
လှည်းကူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ မြို့ခံတဦးဖြစ်သည့် ဒေါက်တာအောင်မြတ်သူ က ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး“လှည်းကူးသားမှ လှည်းကူးကို ချစ်မည်”ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေးဆင်းနေသည်။
အလားတူ တပ်မ ၅၅ အခြေစိုက်ရာ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်
ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်သန်းငွေကလည်း တပ်မတော်၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အပြင် တပ်မတော်သားများ ၏ မိသားစုဘ၀မြှင့်တင်ရေးမှာလည်း အရေးကြီးကြောင်း ပြောသည်။
“တပ်ထဲမှာ ပြောင်းလဲချင်တဲ့သူတွေ များတယ်၊ ကလောမှာလုပ်တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကဆို ကြိုတင်မဲ ယူတဲ့သူတွေကသာ ကြံ့ဖွံ့ကရတာ၊ ကြိုတင်မဲယူမထားတဲ့ တပ်တွင်းမိသားစုတွေက ကြံ့ဖွံ့ကိုမပေးဘူး၊ တခြားအဖွဲ့ကိုပေးတယ်”ဟု ၎င်းက ဆိုသည်။
ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲများ ရယူခြင်းမရှိဘဲ သမာသမတ်ကျကျ ပြုလုပ်မည်ဆိုလျှင် တပ်မတော်အတွင်းရှိ အများစုက NLD ပါတီကို မဲထည့်မည်ဖြစ်ကြောင်း ဒေါက်တာ ဒေါ်သန်းငွေက ဆက်ပြောသည်။
ဒေါက်တာ ဒေါ်သန်းငွေ ၀င်ရောက်အရွေးခံမည့် ကလောမြို့နယ် မဲဆန္ဒနယ်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ လက်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင် သိန်း ၏ မဲဆန္ဒနယ်ဖြစ်သည်။
ကလောမြို့နယ် မဲဆန္ဒနယ်တွင် ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ဘော်ဆိုင်းမြို့ တို့ပါဝင်ပြီး ပအို့၊ ဓနု၊ ပလောင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်၍ ခြံစိုက်ပျိုးခြင်းနှင့် သနပ်ဖက် လုပ်ငန်းကို လုပ်ကိုင်သူများပြားသည်။
စိုက်ပျိုးရေးကိုသာ အဓိကထားရသည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် သဘာဝ ထင်းရှူးတောများနှင့် တောတောင် များကို အမှီပြု လုပ်ကိုင်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၊ တခြားသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် ဆန္ဒရှိကြောင်း၊ ကျန်း မာ ရေးနှင့် ပညာရေးကိုလည်း မြှင့်တင်လိုကြောင်း ဒေါက်တာ ဒေါ်သန်းငွေက ဆက်လက်ပြောသည်။
ဒေသခံများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်တွဲ၍ သိရှိကြသည်ဟုလည်း ၎င်းက ဆိုသည်။
“ဘော်ဆိုင်းမှာဆို ဟိုးတုန်းက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို အိမ် တော်တော် များများမှာ တွေ့ရတယ်”ဟု ဒေါ်သန်းငွေက ပြော သည်။
ကလောမြို့နယ်တွင် NLD ပါတီနှင့် ယှဉ်ပြိုင်ရမည့် ပါတီများမှာ ကြံ့ခိုင်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ် ကျားဖြူပါတီနှင် ပအို့အမျိုးသားများ ပါတီ(PLO) တို့ဖြစ်သည်။
မနက်ဖြန် နံနက် ၈ နာရီခွဲ ခန့်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့များတွင် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ လာရောက်လုပ်ကိုင်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် တောင်ကြီး၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်၊ ရွာငံ၊ ဘော်ဆိုင်း စသည့်ဒေသများမှ ပြည်သူလူထု က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ရပ်ဝေးမှလာရောက်မည့် သူများအတွက် ဒေသခံများက ကောက်ညှင်းပေါင်း၊ ထမင်း၊ သောက်ရေသန့် များကို ပြင်ဆင်ထားကြောင်း သိရသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သည် လစ်လပ်နေရာ ၄၈ နေရာအားလုံး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီကလည်း ထိုနေရာ အားလုံး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား

2012-02-29
ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။
RFA
ရန်ကုန်မြို့ ၅ ထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတ

ဦးဃောသိတ အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက် ရဟန်းပြန်ဝတ်ခွင့်ကိစ္စ လျှောက်ထားပေမယ့် သီတင်းသုံးရာ ကျောင်းတိုက်က နှင်ထုတ်ခံထားရတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဒီကနေ့ သာသနာရေးဦးစီးဌာနကို သွားရောက် တွေ့ဆုံခဲ့ရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဃောသိတက အာအက်ဖ်အေကို အခုလို မိန့်ပါတယ်။
“သာသနာရေး သွားတဲ့အခါ သာသနာရေးက ဦးစီးတစ်ယောက်နဲ့တွေ့တယ်။ သူ့ကို ဦးပဉ္စင်းက ၁၅ ရက် ၂ လ ၂၀၁၂ မှာ ဦးပဉ္စင်း ရဟန်းဝတ်ခွင့် တင်ထားတယ်။ ဒကာကြီးတို့ ဘယ်တော့ အဲဒါ စီစဉ်ပေးမှာလဲ၊ အရေးကြီးနေတယ်လို့ ဦးပဉ္စင်း ပြောခဲ့တယ်။ ပြောတဲ့အခါကျတော့ သာသနာရေးက တပေါင်းလပြည့်ကျော်မှ ဦးပဉ္စင်းကို လုပ်ပေးလို့ရမယ်၊ အဲဒီအချိန်ကျလို့ရှိရင်တော့ ဦးပဉ္စင်းကို သေသေချာချာ ကူညီပါ့မယ်၊ အဲဒါကို စိတ်ချပါလို့ သူတို့က ပြောတယ်။ နောက်တခါ ဦးပဉ္စင်းကို ကျောင်းတိုက်ကနေ ဖယ်ထားတဲ့စာ ဦးပဉ္စင်းက ထုတ်ပြတယ်။ သာသနာရေး ဦးစီးတစ်ယောက်က ဦးပဉ္စင်းကို ပြောတယ်။ ဒီအမိန့်က သူတို့လာပြီးတော့ လုပ်ရမယ့်အလုပ်ပါတဲ့။ သူတို့လည်း အလုပ်ရှုပ်နေတယ်၊ လေးလပိုင်းကျော်တဲ့အထိ ဒီနေရာမှာ ဆက်နေရင်လည်း ရပါတယ်လို့ သူတို့ကိုယ်နှိုက်က ပြောလိုက်ပါတယ်”
ဦးဃောသိတက သူ့အနေနဲ့ သတ်မှတ်တဲ့ အချိန်ပြည့်ရင်လည်း ကျောင်းတိုက်မှာပဲ ဆက်ပြီး သီတင်းသုံးမှာဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။
ဆရာတော် ဦးဃောသိတဟာ ၂၀၀၈ ခုနှစ်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်ကယ်ဆယ်ရေး လုပ်နေရင်းနဲ့ ထိုင်ဝမ်နိုင်ငံက ဘာသာရေးအဖွဲ့တစ်ခုရဲ့ဖိတ်ကြားချက်အရ တခြားသံဃာ ခုနစ်ပါးနဲ့အတူ ထိုင်ဝမ်ကို ခေတ္တကြွသွားပြီး ရန်ကုန်ပြန်အလာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။
အဲဒီနောက် တရားမဝင် ဒေါ်လာငွေကိုင်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု၊ မတရားသင်း ဖွဲ့စည်းမူတွေနဲ့ ဆရာတော်ကို ထောင် ခုနစ်နှစ် ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရမည်းသင်းထောင်က ပြန်လွတ်လာပါတယ်။
ဦးဃောသိတကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် လျှောက်ထားမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး

စံခလပူရီ (မဇ္ဈိမ) ။ ။ ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး သည့် မီးလောင်ကျွမ်းမှုတခု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်ရှိ ဝင်းက မွန်ရွာကြီးတွင် အင်္ဂါနေ့ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် ဗုဒ္ဓဂါယာ စေတီကြီး ဘုရားစောင်းတန်းရှိ ဆိုင်ခန်းပေါင်း ၃၆ ခန်းမှ မြန်မာ့ယွန်းထည်များ၊ မြန်မာ့လက်မှု ပရိဘောဂများနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ တူရိယာပစ္စည်းများ၊ ငွေထည် ကြေးထည်များ နာရီဝက်အတွင်း ပြာကျသွားခဲ့သည်။

မီးလောင်ချိန်သည် ဝင်းကရွာ ဘုရားပွဲချိန်နှင့် တိုက်ဆိုင်နေပြီး ပွဲကြည့်ပရိသတ်များနှင့် ကြိတ်ကြိတ်တိုး စည်းကား
နေသည့်အတွက် ဆိုင်ခန်းမှ ပစ္စည်းများ သယ်ထုတ်၍ မရနိုင်ခဲ့ပေ။ ဝင်းကရွာနှင့် နှစ်ကီလိုမီတာအကွာရှိ စံခလပူရီမှ မီးသတ်ကားများ လာရောက် ငြှိမ်းသတ်သော်လည်း မီးအားပြင်းသည့်အတွက် အလျှင်အမြန် မငြိမ်းသတ်နိုင်ခဲ့ဘဲ
လေးနာရီခန့်ကြာမှ မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။
threepagodafire
ဝင်းကရွာ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး (ဓါတ်ပုံ မဇ္ဈိမ)

ဝင်းကရွာ ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၆ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြီး မွန်ရိုးရာ လက်ဝှေ့ပွဲများ၊ မွန်ပြည်နယ်မှ မွန်၊ မြန်မာဇာတ်ပွဲများအပြင်၊ ထိုင်း ကျောင်းသူ ကျောင်းသားများ၏ အနုပညာ ဖျော်ဖြေပွဲများနှင့် ထိုင်းတေးဂီတများဖြင့် အလွန်စည်ကားသည့် ပွဲတော်တခု ဖြစ်သည်။

အိမ်ခြေ ၁,၅၀၀ ခန့် ရှိ ဝင်းကရွာကြီးသည် မီတာ ၄၅၀ ကျော် ရှည်သည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတားနှင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာပုံတူ စေတီတော်ကြောင့် ထင်ရှားပြီး မီးလောင်သွားသည့် ဈေးဆိုင်ခန်းများမှာလည်း ထိုင်းနိုင်ငံ အတွင်းမှ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားများကို အဓိကထား ရောင်းချကြသည်။

မီးလောင်ကျွမ်းမှုအပြီး ဝိဝေကာရာမ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ အာဏာပိုင်များ၊ ဘုန်းတော်ကြီးကျောင်း ထိန်းသိမ်းရေး တာဝန်ရှိသူများနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များက မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစအချိန်က ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်ရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဝင်းက ဆရာတော်ဘုရားကြီးနှင့် မြန်မာနိုင်ငံ အောက်ပိုင်းမှ အိမ်ထောင်စု ၆၀ ခန့်ရှိ မွန်လူမျိုးများက ဝင်းကရွာကို တည်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ် ထွန်ဖာဖွန် ရေကာတာ စီမံကိန်းကြောင့် ယခုဝင်းကရွာသစ်သို့ ပြောင်းရွှေ့ခဲ့သည်။

ရွာသစ်သက်တမ်းတလျှောက် ယခုမီးလောင်ကျွမ်းမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်းခြင်း၊
မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။

"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့
ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောသည်။
taiye2
အလုပ်သမား ၁၈၀၀ ကျော်၏ ဆန္ဒပြခြင်းခံနေရသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံအား ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ဗုဒ္ဓဟူးနေ့ စစ်ဆေးကြားနာမှုကို အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦး အပါအဝင်၊ ရှေ့နေများဖြစ်သည့်
ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွင်တို့ တက်ရောက်ခဲ့ပြီး အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တည်း က တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်နေကြသည်ဟု လည်း သိရသည်။

အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြသည်။

တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန် ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ဥပဒေ
ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း နှောင့်နှေးနေသေးသည်။

အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက အလုပ်သမား သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အလုပ်သမားများ အခွင့်အရေးများကို တောင်းဆိုလာနိုင်မည်ဟုလည်း မျှော်လင့်နေကြသည်။

"အလုပ်သမားတွေက ဆုံးရှုံးတာ နစ်နာတာတွေကို သူတို့ ပြောရေးဆိုခွင့်လည်းမရှိဘူး၊ ရှေ့လည်း မထွက်ရဲဘူး။ သမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာရင်တော့ တောင်းဆိုလို့ ရပြီပေါ့" ဟု တိုင်ရီ စက်ရုံ အလုပ်သမား ခေါင်းဆောင်
ဒေါ်မိုးဝေက ပြောသည်။

အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်
ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍ ခွဲခြားထားသည်။

၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက် ကန့်သတ်ချက်များလည်း ပါဝင်သည်။

အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။

ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ် ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိသည်။

Tuesday, February 28, 2012

တရုတ်သြဇာအာဏာကိုမလွန်ဆန်နိုင်သောကြံ့ဖွံ့အစိုးရအောက်လွတ်တော်ဥက္ကဌရွှေမန်း

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း
ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။
shwemann
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်
်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘနကိုနှင့် တွေ့ဆုံစဉ် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို ဦးရွှေမန်းက ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မစ္စစ် ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်အတွင်း သူရ ဦးရွှေမန်း က "မည်သည့်နိုင်ငံ အဖွဲ့အစည်းဖြစ်စေ
မြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံများ၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း"
ပြောကြားခဲ့သည်ကိုလည်း မစ္စတာ ဝူဘန်ကို အား ပြန်လည်ပြောပြသည်ကို သတင်းစာတွင် ဖေါ်ပြထားသည်။

မစ္စတာ ဝူဘန်ကို ကလည်း အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေသည်ကို သတိပြုမိပြီး နှစ်နိုင်ငံ ဆက်ဆံရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားသွားရမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး တရုတ်
နိုင်ငံ အနေဖြင့်လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိခိုက်ခံမည် မဟုတ်ဟု ဦးရွှေမန်းကို ပြန်လည်ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောသည်။

ထို့အပြင် တရုတ်၊ မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ၂ဝ၁၁ စက်တင်ဘာလအတွင်း သမ္မတ ညွှန်ကြား ချက်ဖြင့် ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍လည်း "မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့်ဖြစ်သည်”ဟု မစ္စတာ ဝူဘန်ကို က ပြောဆိုသည်။

သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။

မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံအကြား လွှတ်တော်အဆင့် ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများရေးထိုးကာ ပါတီနှစ်ခုကြား အမြင်ဖလှယ်နိုင်ရန် လိုအပ်သည်ကိုလည်း ကြံ့ဖွံ့ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ပြောကြားခဲ့သေးသည်။ ထိုပြောကြားချက်ကို ဦးရွှေမန်း က လက်ခံသဘောတူခဲ့ပြီး လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ဖလှယ်ရေး အစီအစဉ်ကိုလည်း လက်ခံခဲ့သည်။

ဦးရွှေမန်းက တရုတ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံကို သိပ္ပံနှင့် နည်းပညာ တိုးမြှင့်သွားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးရန် မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးနေသော်လည်း တရုတ်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသဖြင့် လာရောက်ရခြင်းဖြစ်သည်ဟုလည်း မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။

ဦးရွှေမန်းနှင့်အတူ အောက်လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ သူရဦးအောင်ကို၊
ဦးမောင်မောင်ဆွေနှင့် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစိန်တင်ဝင်းနှင့် ဦးဆန်းဆင့် တို့လည်း လိုက်ပါသွားကြပြီး မစ္စတာဝူဘန်ကို အပြင် အခြား တရုတ်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သေးသည်။


ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီခေါ် (UNFC)၏ ကြားဖြတ် အစည်းအဝေးသည် (၂၄ ၊၂၇ ) ရက် နေ့၌ထိ လေးရက်တာ ကျင်းပပြီး၊ ပြီးဆုံး သွားပါသည်။ ဤအစည်းအဝေးကို အဖွဲ့ဝင် (၁၀)ဖွဲ့ ရှိသည့် အထဲ၌ (၉)ဖွဲ့ တက်ရောက်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါသည်။

ဤအစည်းအဝေးသည် လတ်တလော ရင်ဆိုင် နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ထားရှိရမည့် သဘောထားများကို ညှိနှိုင်း ခဲ့ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့်
- အပစ်ခတ် ရပ်စဲရေးကို လက်မှတ်ထိုးရေး/မထိုးရေး ပြသနာနှင့်
- အပစ်အခတ် ရပ်စဲရေး ပြီးပါက ရက်တိုအတွင်း နိုင်ငံရေး ညှိနှိုင်းမှုများ အမြန်ဆုံး ဆောင်ရွက်ရန် ဟူ၍ ညှိနှိုင်း ခဲ့ကြပါသည်။

UNFC အဖွဲ့တွင် ယခုရက်ပိုင်း၌ အပစ်ရပ်သွားသော မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤအပစ်ရပ် ခဲ့သော အဖွဲ့များပေါ်၌ အခြား အဖွဲ့ဝင်များက ပြစ်တင် ရှုတ်ချမှု မရှိပါဟု အစည်းအဝေး တက်ရောက်သူက ဆိုပါသည်။

“အဖွဲ့ဝင် အားလုံးကတော့ အပစ်အခတ် ရပ်စဲရေး အတွက် အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့လို့ မတူညီတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ စောင့်ကြည့် နေကြသလို အပေးအယူ တချို့အတွက် အချိန်ဆွဲ နေကြ တာဘဲ ရှိပါတယ်။ ဥပမာ ရှမ်းပြဿနာကို ကြည့်ရင် တလောကကမှ လူမှားပြီး ပစ်ခတ် မိတဲ့အတွက် ရှမ်းဖက်က လက်မခံနိုင်တော့ အပစ်ရပ်ရေးကို အချိန်ဆွဲပြီး စောင့်ကြည့် နေသလိုဘဲ ၊ ကချင်ကလည်း အစိုးရ တပ်တချို့ မရုတ်သိမ်း ဘဲနဲ့တော့ အပစ်မရပ် နိုင်ဘူးလို့ ပြောနေပါတယ်။ ဒါကတော့ အခြေအနေချင်း မတူလို့ အချိန်ဆွဲ နေကြတာပါ” ဟု ဆိုပါသည်။

အလားတူ ကေအန်ယူလည်း မကြာခင် အပစ်အခတ် ရပ်စဲရန်အတွက် မကြာခင် ဆွေးနွေးကြမည် ဖြစ်သလို အခြေအနေ တချို့ ရှင်းလင်း ပြီးပါက အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖွယ် ရှိသည်ဟု UNFC အစည်းအဝေးကို တက်ရောက်သည့် ကိုယ်စားလှယ်က ပြောပါသည်။

“ တူညီနေတာ တခုက အပစ် ရပ်ပြီးရင် အချိန်တို အတွင်းမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ် ဆိုတဲ့ အချက်ပါ၊ ဒါကို အဖွဲ့ဝင် အားလုံး တောင်းဆိုကြဖို့ သဘောတူ ကြပါတယ်။ ဥပမာ မွန်ပြည်သစ် ပါတီက တောင်းဆို သလိုပေါ့လေ (၄၅) ရက် အတွင်း နိုင်ငံရေး အရ ဆက်ဆွေးနွေးဖို့ ၊ ပြီးရင် ဒီဇင်ဘာလ ရောက်တဲ့အခါ တပြည်လုံး အပစ်မရပ်ရင် အစိုးရနဲ့ အသစ်တဖန် ပြန်လည် ဆွေးနွေးဖို့ ဆိုတဲ့ ကိစ္စ မျိုးပေါ့လေ၊ ပြီးတော့ အဖွဲ့အားလုံး စုပေါင်းပြီး အစိုးရနဲ့ ဆွေးနွေး နိုင်အောင် နည်းလမ်းတွေ ချခဲ့တဲ့ အစည်းအဝေး ပါဘဲ” ဟု ဆိုပါသည်။

တကယ်တော့ UNFC သည်၊ တဖြည်းဖြည်းနှင့် အဆင့်လျှော့ပြီး သဘောထားများ၊ ပြောင်းလဲ နေရသည်ဟု အတိုက်အခံ နိုင်ငံရေး သမားများက ဆိုပါသည်။ ယခင်ကမူ တဖွဲ့ချင်းထက် တပ်ပေါင်းစု နဲ့သာ ဆွေးနွေးမည်ဟု သဘောထား ခဲ့ပါသည်။ ထိုမှ တဖန် တဖွဲ့ချင်းလည်း ဆွေးနွေးခွင့် ရှိပါသည် သို့သော် အဖွဲ့ဝင်ချင်း ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရန်ဟု ထပ်မံပြောင်းလဲ ခဲ့ပါသည်။ ယခုချိန်၌ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးခွင့် ရှိပါသည်၊ သို့သော် အမြန်နည်းဖြင့် (အချိန်တိုအတွင်း) နိုင်ငံရေး ဆွေးနွေးရန် ပြောင်းလဲ လာခဲ့ပါသည်။
Written by နိုင်သမိန်
http://phophtaw.org/burmese/index.php/news/internation-news/1186--unfc-.html

ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့      ငြိမ်းချမ်းရေးလို

2012-02-28
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က အချက်လေးချက်ပါတဲ့ “မြစ်ကြီးနား ပဲ့တင်သံ” ကြေညာချက် ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
RFA
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဖြစ်ပါသည်။

နိုင်ငံမှာ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်အောင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ လိုအပ်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေးအကြီးအကဲ ခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အသင်းအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေကို တွေ့ဆုံအပြီး ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကိုလည်း ဒီကြေညာချက်မှာ တောင်းဆိုထားပါတယ်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိခဲ့ပါတယ်။ ၂၄ ရက်မှာ မြစ်ကြီးနားမြို့ အထက်ဘက် မြစ်ဆုံ စီမံကိန်းတည်ရှိရာ တန်ဖရဲကျေးရွာမှာ ကျင်းပတဲ့ မြစ်ဆုံကျေးဇူး ပဲ့တင်သံဆိုတဲ့ပွဲကို တက်ရောက်ခဲ့ကြပြီးနောက် ကိုမင်းကိုနိုင်နဲ့ တချို့ မန္တလေးမြို့ကို ထွက်ခွာသွားပါတယ်။

Saturday, February 25, 2012



BGF သိမ်းသည့် လက်နက်များ DKBA ပြန်ရ
ဒီကေဘီအေ ပြန်တိုက်မယ်လို့ ပြောတော့ သူတို့ လည်းတွန့် သွားပုံရတယ်။ နိုင်ငံရေးအရ အစိုးရ အရှက်ကွက်မှာမို့ သေနတ်တွေပြန်ပေးတာပါ။ တာပေမယ့် တကွက်ကျော် ဒီကေဘီအေကို ပြန်ပြီးပညာပေးမယ်ဆိုတာ အမြဲတမ်းသတိရှိပါ။ ဗမာအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးအမှန်တကယ်လိုချင်တယ်ဆိုရင် ကချင်ပြည်နယ်မှာ သေနတ်သံတွေ ပျောက်သွားတဲ့နေ့ ကျမှသာ အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောရပါမယ်။ ကချင်ပြည်နယ်မှာ သေနတ်သံတွေကြားနေရသေးသ၍ တခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးကို ချွေးသိပ်ထားတာပဲဆိုတာ သဘောပေါက်ဖို့ လိုတယ်။
xxxxxxxxxxxxxxx
Written by ဖြူဖြူကို

(၁၉) ရက်နေ့က သိမ်းပိုက် သွားသည့် DKBA လက်နက် များကို ယနေ့ နေ့လည် (၂) နာရီ ခန့်တွင် BGF တပ်များက ပြန်လည် ပေးလိုက်ပြီးဖြစ်သည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး လောက်လုံက ပြောပါသည်။ လက်နက် ပေါင်း (၃၂) လက် သိမ်း ထားရာက (၅) လက်ကို မြို့ပြ အုပ်ချုပ်ရေး အတွက် သိမ်းယူထား လိုက်ပြီး ကျန် (၂၇) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို ပြန်လည် ပေးလိုက်ခြင်းဖြစ်ပါသည်။

“ ကျနော်တို့က ဒီကိစ္စကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို တင်ပြထားတယ်လေ။ သမ္မတ အမိန့်နဲ့ ပြန်ပေးလိုက်ရတယ်လို့ သိရတယ်။ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်က စကားများပြီးမှ ပြန်ရတယ်လို့ ကျနော်တို့ ဖါးအံ ကိုရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။” လက်နက်တွေကတော့ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖား နွီးကနေပြန်ရပါတယ်ဟု ဗိုလ်မှူးလောက်လုံက ဆိုပါသည်။

လက်နက်များပြန်လည် ပေးအပ်ခြင်းအတူ မြိုင်ကြီးငူ စခန်းကို စစ်မဲ့ဇုံ ထားရှိရေးအတွက် မည်သည့်အဖွဲ့မဆို စစ်ဝတ်စုံနှင့် သွားလာခွင့်ကို ပိတ်ပင်ထားရမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပါသည်။ ထို့အပြင်ပြသနာတိုင်းကို စစ်ရေးနှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ ဒိကေဘီအေဖက်က တင်ပြထားသည်ဟုဆိုပါသည်။

ယမာန်နေ့တုန်းက အခြေအနေမှာ တင်းမာမှုတွေကို ဖြေရှင်းရန် (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေ ဘက်မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က ဆိုပါသည်။
လက်နက်များပြန်လည် ပေးအပ်ခြင်းအတူ မြိုင်ကြီးငူ စခန်းကို စစ်မဲ့ဇုံ ထားရှိရေးအတွက် မည်သည့်အဖွဲ့မဆို စစ်ဝတ်စုံနှင့် သွားလာခွင့်ကို ပိတ်ပင်ထားရမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပါသည်။ ထို့အပြင်ပြသနာတိုင်းကို စစ်ရေးနှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ ဒိကေဘီအေဖက်က တင်ပြထားသည်ဟုဆိုပါသည်။

ယမာန်နေ့တုန်းက အခြေအနေမှာ တင်းမာမှုတွေကို ဖြေရှင်းရန် (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေ ဘက်မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1178-bgf-dkba

Friday, February 24, 2012

SSA-S နှင့် အစိုးရတပ် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားပြီးဖြစ်သော ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S နှင့် အစိုးရတပ်များအကြား မြို့နယ် ၆ ခုအတွင်း တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေကြောင်း SSA-S ထံမှ သိရသည်။

နိုဝင်္ဘာ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း ရှမ်းတပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်း ရာမှ ခုခံတိုက်ပွဲများ စတင်ကာ ကြာသပတေးနေ့ထိ ဖြစ်ပွားခဲ့ရကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။

“ကျနော်တို့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ပုံစံက SSA ရောက်ရှိတဲ့ နေရာတွေမှာ အပစ်အခတ် ရပ်စဲမယ်။
ပြည်သူလူထုနဲ့ အတူနေမယ်။ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပြည်သူလူထုရဲ့ ကောင်းရာ
ကောင်းကျိုးတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ ပြောထားတာပါ။ ခုကျတော့ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဘက်သွားခိုင်း၊ ဒီဘက်ရွှေ့ခိုင်း ဟိုမှာမနေရဘူး ဒီမှာမနေရဘူးဆိုပြီး ဖိနှိပ်ချုပ်ခြယ် လာတယ်ဆိုတော့
နှစ်ဘက်တပ်တွေ ပြဿနာဖြစ်လာတာပါခင်ဗျ” ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က မဇ္ဈိမကို ပြောသည်။
shanpeace
ပြည်နယ်အဆင့် နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကိုယ်စားလှယ် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ကျောက်မဲမြို့နယ်တွင် အခြေစိုက်သည့် အစိုးရတပ် ခလရ ၂၃ က နယ်မြေ ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းကို လက်မခံ၍ ဆိုကာ SSA တပ်မှ ဒုဗိုလ်အဆင့်ရှိ တပ်အရာရှိတဦးကို ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အောက်ခြေတပ်များ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ သူက ဆက်ပြောသည်။

SSA-S အနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီး တပါတ်အတွင်း ၎င်းတို့တပ်များအတွင်းရှိ တပ်မှူး၊ တပ်သားများ အားလုံးကို အပစ်ရပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ယခုပစ်ခတ်မှုများတွင် အစိုးရတပ်များဘက်က စစ်ရေးအရ စတင် ဖိအားပေးမှုများကြောင့် ခုခံတိုက်ခိုက်ရကြောင်း ရှမ်းတပ်ဘက်က အပြောအရ သိရသည်။

အစိုးရ တပ်များဘက်က တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ SSA-S က ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရာ
အောက်ခြေတပ်များ အနေဖြင့် အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို နားလည်မှု လွဲခြင်းဖြစ်
ကြောင်း ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား သဘောထားတူညီမှု ရှိမရှိကို SSA-S အနေဖြင့် သံသယရှိနေသည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးကို အကောင်းမြင်ခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ အစိုးရနဲ့ လက်တွဲပြီးတော့ လက်မှတ် ရေးထိုးဖြစ်တာပါ။ ငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့ကလည်း လိုလားပါတယ်။ အစိုးရကလည်း လိုလားတဲ့ပုံ ရှိပါတယ်။ ဒါပေမယ့် အခု
ပြဿနာ တက်နေတာက တပ်မတော် ဖြစ်ပါတယ်ခင်ဗျ။ အောက်ခြေက တပ်တွေဆိုရင် ဒီအကြောင်းကို သိပ်ပြီးတော့ နားမလည်တာမျိုး ရှိပါတယ်” ဟု ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။

နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်း အချက်အလက်ကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ပေးရန် အတွက်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းထံ လိပ်မူကာ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က စာရေးသား ပေးပို့ထားကြောင်း သူက ဆက်ပြောသည်။

SSA-S အနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးတံခါး မပိတ်မချင်း ကြိုးစားဆောင်ရွက်လိုသည့် ဆန္ဒရှိသလို အစိုးရဘက်ကလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားသည်ဟု ဆိုသည်။

“ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အစိုးရရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။ တပ်မတော်ရဲ့ သဘောထားအပေါ် မှာလည်း မူတည်ပါတယ်။ သူတို့က စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်လိုတယ်ဆိုရင်တော့ သူတို့လက်ရှိ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကလည်း အောင်မြင်သွားမှာပါလို့ ကျနော်တို့ဘက်က ယုံကြည်ပါတယ်” ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။
ssas
ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တပ်များ လွယ်တိုင်းလျန်းတွင် စစ်ရေးဟန်ပြနေစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုအဆင့်အဖြစ် ဇန်နဝါရီ ၁၆ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA-S တို့အကြား အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို လက်မှတ် ရေထိုးနိုင်ခဲ့ကြသည်။

ထိုအထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံး များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်းအချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ဒုတိယအဆင့် ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက် တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဘက်တပ်များ ဆုတ်မပေးလိုကြသဖြင့် ယင်းအချက်
ဆွေးနွေးရာတွင် ဆွေးနွေးချိန် ကြန့်ကြာမှု ဖြစ်ခဲ့သေးသည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီး ရွက်ဆစ် က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေး
နှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်း အချို့ နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာ လက်ထက် တွင် MTA သည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအကြီးဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

Thursday, February 23, 2012

                       ပြည်တော်ပြန်များ နိုင်ငံသားခံယူခွင့် ပြန်လျှောက်နိုင်
၁၉-၂-၂၀၁၂
ပြည်တော်ပြန်များနိုင်ငံသား ခံယူခွင့် ပြန်လျှောက်နိုင်ပြီး ပြည်ပကနေပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ
အနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း ဖေဖော်ဝါရီ လ ၅ ရက်နေ့ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။
ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက် နိုင်ငံသားခံယူပြီးသားဖြစ်နေရင်တော့စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိမြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။
ပြည် ပရောက်မြန် မာတွေ အနေနဲ့ တရားဝင်နိုင်ငံသားပြန်လည် ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထား တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က တွေ့ဆုံပွဲမှာ ပြောပါတယ်။
နိုင်ငံသားခံယူခွင့် လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှု ကြီးက်ြပရေးဌာနရဲ့ သဘောထား မှတ်ချက်တောင်းမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူခွင့်လျှောက်သူဟာ

မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့  နိုင်ငံသား စိစစ်ရေး ကတ် ရမှာဖြစ်တယ်။ ဥပဒေအရဖြစ် တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့  ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။
ပြည်တွင်းမျာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုး

ကြောင့် နောက်ကြောင်းမပြည့်စုံသေးသူတွေကို ယာယီနိုင်ငံသားကတ်တွေ ထုတ်ပေးနေပါတယ်။
နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထားပြည့်စုံ၊ ဥပဒေနဲ့ ညီရင် နိုင်ငံသားခံယူခွင့်ပြုတယ်လို့ တွေ့ဆုံပွဲက သိရပါတယ်။

Wednesday, February 22, 2012

အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။
မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုး ထားသော်လည်း ပစ်ခတ် ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေ ထက် ပိုမို ခိုင်မာအောင် တည်ဆောက် သွားရန် ရည်ရွယ်၍ ကရင်အမျိုးသား အစည်းအရုံး-KNU က ယနေ့ နေ့လည်က သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်း လင်းပွဲကို KNU က ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သည့် KNLA တပ်မဟာ(၇) တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် စစ်မှန်၍ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိုင်ရန် အဆင့်(၄)ဆင့်ပါ လမ်းပြ မြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့ သည်။
၎င်းအဆင့်(၄)ဆင့်မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး၊ ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ အခြေခံ နိုင်ငံရေး ပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ပါဝင်ခြင်းတို့ ဖြစ်သည်။

KNU သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေတို့မှ လက်ရှိ ပဏာမ ပစ်ခတ်ရပ်ဆိုင်းရေး အခြေအနေ၊ KNU ၏ ရပ်တည်ချက်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် KNU ၏ အနာဂတ် လိုလား ချက်များကို တက်ရောက် လာသည့် သတင်းထောက်များအား ရှင်းလင်း ပြောဆိုခဲ့သည်။

ထို့အပြင် KNU သည် လာမည့်မတ်လ ပထမပတ်တွင် မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံ သွားမည်ဖြစ်သလို အမျိုးသား ပြန်လည် စည်းလုံး ညီညွှတ်မှုကိုလည်း တပြိုင်နက်တည်း လုပ်ဆောင် သွားမည်ဟု ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

ယနေ့ ထုတ်ပြန်သည့် KNU ၏ သတင်း ထုတ်ပြန်ချက်တွင် KNU နယ်မြေအတွင်းရှိ ကျေးရွာများအနီးမှ အစိုးရတပ်များကို ချက်ချင်း ရုပ် သိမ်းပေးရန်၊ တပ်အင်အား လျှော့ချ ပေးရန်နှင့် တိုင်းရင်းသား ဒေသများသို့ တပ်သားများနှင့် ထောက်ပံ့ ပစ္စည်းများ ထပ်မံ ပို့ဆောင်ခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအဖြစ် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားသော KNU အဖွဲ့ဝင်များနှင့် ကရင်ပြည်သူများ အားလုံးကို ချက်ချင်း လွှတ်ပေးရန်နှင့် ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသများအားလုံးတွင် စစ်ဆင်မှုများကို ချက်ချင်းရပ်တန့် ရန် တောင်းဆိုထားသည်။


အပစ်အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်။ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အခြေခံ အကျဆုံးသော အဆင့်များကို ထုတ်ဖော် ကြေညာသည့် KNU ၏ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်အတွင်းရေးမှူး-၁ လည်းဖြစ်၊ KNU စည်းရုံးရေးဌာနတာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးစောလှငွေနှင့် ၎င်းဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်းတို့က အဓိက တာဝန်ယူ ရှင်းလင်းခဲ့ ကြသည်။

သတင်းရင်းမြစ် - ကေအိုင်စီ
KNU ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်များ ရုပ်သိမ်းရန် တောင်းဆို

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ
ပြန်လည် ရုပ်သိမ်းပေးရန် အပါအဝင် တောင်းဆိုချက် လေးချက်ကို KNU မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

KNU ထိန်းချုပ်ရာဒေသများရှိ စခန်းအသီးသီး၏ ကိုက် ၂,၀၀၀ ကျော် အကွာအဝေး အတွင်း အစိုးရတပ်မှ စိုးမိုး နယ်မြေ ရယူထားခြင်း၊ အစိုးရတပ် ရိက္ခာပို့လမ်း ဝဲယာ ကိုက် ၂၀၀ အတွင်း KNU တပ်များ ချဉ်းကပ်ခွင့် မရခြင်း တို့ကြောင့် အစိုးရတပ်နှင့် KNU တို့အကြား ထိပ်တိုက်တွေ့နိုင်ကာ ပဋိပက္ခများ ဖြစ်လာနိုင်ခြင်းကြောင့် တပ်များ ဆုတ်ပေးရန် တောင်းဆိုခြင်းဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

"တပ်တွေ အသီးသီးက ထိပ်တိုက်တွေ့ပြီးတော့ ပဋိပက္ခ ဖြစ်နိုင်တယ်။ ပဋိပက္ခ မဖြစ်တောင်မှ တပ်တွေက လက်နက် တကားကားနဲ့ ဒီနယ်မြေထဲမှာ ရန်သူ့တပ်ကလည်း အပြည့်၊ ကျနော်တို့ တပ်တွေကလည်း ပြောက်ကျား အနေအထား နဲ့ သွားနေမယ်ဆိုရင် ဒီကိစ္စက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး" ဟု ပြောသည်။

KNU ၏ စခန်း ၂၀၀ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများအတွင်း တည်ရှိနေ သည်။ ထိုဒေသများမှာ KNU တပ်မဟာ ၃၊ ၄၊ ၅၊ ၆၊ ၇ ထိန်းချုပ်ရာ ဒေသများ ဖြစ်သည်။

ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။ ယင်းအပြင် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များ သို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေက ပြောသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းအတွင်း ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ကြားအတွင်း အစိုးရတပ်နှင့် KNU တို့ကြား တိုက်ပွဲ
ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်မှ လေးဦး ကျဆုံးသည်ဟုလည်း ဗိုလ်မှူး စောလှငွေက ပြော သည်။ မဇ္ဈိမက သီးခြားအတည်ပြုချက် မရရှိသေးပေ။

ထုတ်ပြန်ကြေညာချက်တွင် KNU ထိန်းချုပ်ရာ နယ်မြေများသို့ တပ်သားများ၊ ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံ
ပို့ဆောင်ခြင်း မပြုရန်နှင့် ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသများတွင် စစ်ဆင်ရေးများ ရပ်တန့်ရန်နှင့် မန်းငြိမ်းမောင် အပါအဝင် KNU အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆို ထားသည်။

ဤအချက်များ ဖြည့်ဆည်းလုပ်ဆောင်ပေးပါက နှစ်ဖက် ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ စတင် လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း KNU က ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အဆင့်လေးဆင့်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေး အဆင့်၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး အဆင့်၊ ကနဦး နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးမှု နှင့် နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်း တို့ပါဝင်သော လမ်းပြမြေပုံကို တင်ပြထားသည်။

အဆိုပါ အဆင့်လေးဆင့်ကို အကောင်အထည်ဖေါ်ရန် အချိန်ကာလအားဖြင့် ၂ နှစ်မှ ၃ နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်မူတူးဆေးဖိုး ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၃ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၁ ချက်ကို
နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။

Tuesday, February 21, 2012

ကိုဖြိုးဝေအောင်နဲ့ ရှေ့နေနှစ်ဦးကို

 ရုံးတော် မထေမဲ့မြင်ပြုမှုနဲ့ အရေးယူ

2012-02-20
အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့ သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ပါတယ်။

(Photo: AFP)
ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

တရားခံ ကိုဖြိုးဝေအောင်က သက်သေအဖြစ် ထွက်ဆိုတဲ့ရုံးချိန်းမှာ အခုလို အရေးယူခံရတာပါ။
အစိုးရရှေ့နေတွေက တရားလိုပြသက်သေတွေရဲ့ ထွက်ချက်တွေကို ကြိုတင်ယူထားပြီး တရားရုံးကို တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ကိုဖြိုးဝေအောင်က အဲဒီလို မဖြစ်သင့်ကြောင်း ခုခံချေပ ထွက်ဆိုခဲ့တာကို အစိုးရရှေ့နေက ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့အရေးယူပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့ရုံးချိန်းမှာ လျှောက်ထားတာကို တရားသူကြီးက ဒီကနေ့ လက်ခံလိုက်တာဖြစ်ကြောင်း ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။
မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ဟာ ပြောင်းလဲတိုးတက်မှု မရှိသေးဘူးဆိုတာ ကိုဖြိုးဝေအောင်အမှုက သက်သေပြနေတယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။
၂၀၁၀ ပြည့် X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကိုဖြိုးဝေအောင်ကို ကြိုတင်သတ်ဖြတ်ရန်ကြံစည်မှု၊ ဗုံးဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှု တို့ အပါအဝင် စွဲချက် ၆ ချက်နဲ့ ရုံးထုတ် စစ်ဆေးခဲ့တာ ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇကို တင်မည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်း လျှောက်ထား
တော့မည်ဟု သိရသည်။

အလုပ်သမား ၁၈၄၅ ဦး၏ တနင်္လာနေ့က သဘောတူဆုံးဖြတ်ချက်အရ မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇခုံရုံးသို့ တင်သွင်းမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူ က ပြောသည်။

“တင်သွင်းခွင့် ရမယ်ဆိုတဲ့အမိန့်စာ ကျနော်တို့လက်ထဲကို ရောက်လာတယ်ခင်ဗျ။ စာရွက်စာတန်းတွေနဲ့ အထောက် အထားတွေ ပြင်ဆင်နေတုန်း ရရှိလာတဲ့အတွက် အလုပ်သမား တော်တော်များများကလည်း ဝမ်းသာကြတယ်။ သဘက်ခါ ၁၀ နာရီလောက် တင်မယ်ခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

၁၄ ရက်တာ သပိတ်မှောက် အလုပ်သမားများ၏
urgent7
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ ရှိ စက်ရုံများတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားများ ဆန္ဒပြကြသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

တောင်းဆိုချက်များဖြစ်သည့် လုပ်ခ တနာရီလျှင် ၁၅၀
ကျပ်၊ ရက်မှန်ကြေး ၈၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်
များ အား အလုပ်ရှင်ဘက်မှ လိုက်လျောခြင်း မရှိသေးပေ။

ဖေဖေါ်ဝါရီ ၆ ရက်နေ့က စတင်ခဲ့သော ထိုင်သပိတ်
ဆန္ဒပြပွဲအား အာဏာပိုင်များဘက်မှ နှောက်ယှက်မှု
တစုံတရာ မရှိခဲ့သော်လည်း တနင်္လာနေ့တွင်မူ လုံခြုံရေး
ရဲ၏ ထူးခြားချက်များ တွေ့လာရကြောင်း ဦးဖိုးဖြူက
ပြောသည်။

“ရဲအင်အားက အများကြီးတော့ မဟုတ်ပေမယ့် ဆိုင်ကယ်
ဟိုဘက်ထိပ် ၇ စီး၊ ဒီဘက်ထိပ် ၇ စီးနဲ့ ဝတ်စုံပြည့် စစ်ရဲ
တွေ ၁၄ ယောက်လောက် ရှိတယ်ခင်ဗျ။ အရင်ရက်တွေက တုတ်တွေ မပါပေမယ့် ဒီနေ့တော့ တုတ်တွေ ပါလာတာကို
တွေ့ရတယ်ခင်ဗျ” ဟု ပြောသည်။

ယခုကဲ့သို့ တရားဥပဒေကြောင်းအရ အရေးဆိုမည်ဆိုပါက ဆက်လက်သပိတ်မှောက်ခွင့် မရှိတော့ကြောင်းနှင့် ဥပဒေအရ အကန့်အသတ်များလည်း ရှိနေကြောင်း “လူလည်း အဖြိုခွဲခံရမယ်။ ဝါဏိဇ္ဇကို သွားဖို့လမ်းလည်း အပိတ်ပင်ခံရမယ့်လမ်းကို အများစုက မရွေးချယ်ကြဘူးခင်ဗျ။ ဒါကို မကောင်းဘူးလို့ ဝေဖန်နေကြသူတွေကို ဒါကို မလုပ်ရင် ဘာကိုရွေးချယ်မလဲ။ အဲဒီရွေးချယ်မှုက ရလာတဲ့ ဆိုးကျိုးကောင်းပြစ် ရလဒ်တွေကို ဘယ်သူက တာဝန်ခံမလဲဆိုတဲ့ ကိစ္စကို ကျနော်က မေးခွန်းထုတ်ချင်ပါတယ်ဗျာ” ဟု ဦးဖိုးဖြူက ပြောသည်။

“အငြင်းပွားတဲ့ ကိစ္စရပ်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့အတွက် ဆိုလွှာ၊ ချေလွှာတွေကို ခုံရုံးကနေ ကြားနာတာပဲ
ဖြစ်ပါတယ်။ ခုံရုံးမှာ နှစ်ဖက် အပြန်အလှန် ခုခံချေပကြတဲ့ တင်သွင်းမှုတွေ ပြုလုပ်ကြတာ။ အရင်တုန်းက အလုပ်ရှင်/ အလုပ်သမား မှုခင်းတွေ ပြေလည်တာတွေလည်း ရှိတယ်။ မကျေနပ်ကြဘဲနဲ့ တိုင်းကို တက်ပြီး အယူခံဝင်ရတဲ့ အမှုခင်းတွေလည်း ရှိပါတယ်” ဟု ဦးဖိုးဖြူက ပြောသည်။

အလုပ်သမားများအား ဥပဒေရေးရာနှင့် ပတ်သက်၍ ဦးဖိုးဖြူအပြင် ဒူးဝါးခွန်မားမိုင်နှင့် ဥပဒေ လုပ်ဖော်ကိုင်ဖက်များ၊
ရှေ့နေရှေ့ရပ် အသိုင်းအဝိုင်းက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာ၊ အချိန်ပိုကြေးနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ၂၀၁၀ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြ တောင်းဆိုမှုများဖြင့် ကြုံတွေ့ ခဲ့ရပြီး ယခုအကြိမ် ဆန္ဒပြမှုသည် ရက်အရှည်ကြာဆုံး ဖြစ်သည်။

အလုပ်သမများက အခြေခံ လစာ တိုးပေးရန်အပါအဝင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅၀ ကို အိမ်သာတလုံးကျ ထားပေးရန်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။
အရှိန်အဟုန်နဲ့ ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း..

ဧရာဝတီ မြစ်ဆုံ ဆည်စီမံကိန်းကတော့ ပြည်သူ့ဆန္ဒကို လိုက်လျောတယ် ဆိုပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နိုင်ငံတော် သမ္မတ အမိန့်နဲ့ တရားဝင် ရပ်ဆိုင်းခဲ့ပါပြီ။

ကဲဒါဆိုရင် မေခ မြစ်လက်တက်ပေါ်က ချီဖွေနဲ့ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းတွေကရော ဘယ်လို အနေအထားမှာ ရှိပါလဲ...။ သေချာတာကတော့ ဆက်လက် လုပ်ကိုင်နေပါတယ်..။ ချီဖွေ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က မြစ်ဆုံဆည် အမိန့် မထုတ်ပြန်ခင် သမ္မတဦးသိန်းစိန် ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့ပါသေးတယ်..။ (သွားရောက် လေ့လာခဲ့တဲ့ ဓာတ်ပုံများ ဆက်လက် ဖော်ပြပါမည်)။ မြစ်ဆုံဆည် စီမံကိန်း ဓာတ်အား ပို့လွှတ်ရေးအတွက် တည်ဆောက်ခဲ့တဲ့ ချီဖွေငယ်ကတော့ ပြီးစီးနေပါပြီ။ မြစ်ဆုံ စီမံကိန်းဟာ မြစ်ဆုံတခုတည်း ရပ်တာလား တခြားမေခ၊ မလိခမြစ်ပေါ်က စီမံကိန်းတွေ ရပ်မရပ် ဆိုတာကတော့.... မြင်ရတဲ့ အတိုင်းပါ.။ တခြား စီမံကိန်းတွေ ဆက်လုပ် နေမယ်ဆိုရင် လက်ခံနိုင်မလား ဆိုတာပါပဲ.။

ဓာတ်ပုံပါ မြင်ရတဲ့ မြင်ကွင်းတွေနဲ့ မနှစ်က ၁၁လပိုင်းအထိ မြင်ကွင်းတွေကို အများ သိရှိနိုင်အောင် ဖော်ပြ လိုက်ပါတယ်..။
ဒီမိုဝေယံ
သမ္မတဦးသိန်းစိန် လာရောက်လေ့လာ ကြည့်ရှုစဉ် မြင်ကွင်းတခု
ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်.
ချီဖွေ စီမံကိန်းမှ တရုတ်လူမျိုးများရဲ့ ယာယီနေထိုင်ခွင့် လက်မှတ်...
မြစ်ဆုံနှင့် စစ်ပြေးဒုက္ခသည်အရေး ၈၈ တို့ ကချင်ပြည် သွားမည်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်ကြမည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်းရှိရာ တန်ဖရဲကျေးရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ကျင်းပရန်ရှိသည့် အဆိုပါ ဆုတောင်းပွဲမှာ စီမံကိန်းကို ရပ်ဆိုင်းပေးလိုက်သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် နောက်တကြိမ် ရေကာတာ စီမံကိန်း များ မပြုလုပ်ရန်အတွက် ဒေသခံများက ဆုတောင်းပွဲကျင်းပရခြင်း ဖြစ်သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

“မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ ကျေးဇူးတင်တယ်ဆိုပြီးတော့ ကချင်လူငယ်တွေ၊ ကချင်လူကြီးတွေ၊ ရပ်ဖိရပ်ဖတွေက ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
88881
မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ သွားရောက်ကြမည် (ဓါတ်ပုံ မဇ္ဈိမ)

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ဒေသခံများ၊ မြစ်ကြီးနားမြို့ လူငယ်များ၊ ရပ်မိရပ်ဖများက ဘာသာပေါင်းစုံ စုပေါင်း၍ ဆုတောင်းကြမည် ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် စာနယ်ဇင်းသမားများက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှား ခဲ့ကြသဖြင့် ယင်းတို့ကို ဖိတ်ခေါ်ရခြင်းဖြစ်ပြီး မြစ်ကြီးနား မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည်များကိုလည်း လာရောက်အားပေး ကူညီနိုင်မည် ဖြစ်၍ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်တီဝင် တဦးက မဇ္ဈိမကို ပြောသည်။

“သူတို့တွေက ဒီကိုလာတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေကို အားပေးကူညီမှုတွေ ရှိတယ်ဆိုတဲ့ ခေါင်းစဉ်ဘဲ။
မြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့ သူတို့ကူညီလို့ ရပ်ဆိုင်းသွားတယ်။ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် သူတို့လည်း ပါဝင်ကူညီနိုင်မယ်လို့ မျှော်လင့်တယ်”ဟု သူက ပြောသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုမြအေး၊ ကိုဂျင်မီတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် ၁၆ ဦးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် နေရာရွေ့ပြောင်း ခံခဲ့ရသော ဒေသခံများ၊ ကချင်စစ်ပြေး ဒုက္ခသည်များနှင့် ထပ်တူထပ်မျှ ခံစားရကြောင်းနှင့် တသားတည်း ရှိနေကြောင်းကို ပြသလိုခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရေးလိုလားခြင်းကို ပြသလိုခြင်း ဖြစ်သည်ဟု ကိုမြအေးက မဇ္စျိမကို ပြောသည်။

“ကျနော်တို့သွားတာ ပွဲသတ်သတ်မဟုတ်ပါဘူး။ ကျနော်တို့က စစ်ပြေးဒုက္ခသည်တွေကို ငွေကြေးအရ ရုပ်ဝတ္ထုပစ္စည်း အရ ကျနော်တို့ ဘားမှ ပေးနိုင်စရာ မရှိဘူး။ ကျနော်တို့ ပေးနိုင်တာက စိတ်ဓါတ် ခွန်အားပါ”ဟု ကိုမြအေးက ပြော သည်။”

ထို့ပြင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ကြားဝင် စေ့စပ်ပေးရန် အဆင်သင့်ရှိနေကြောင်း ကိုမြအေးက ပြောသည်။

“စစ်ရပ်ဆိုင်းဖို့အတွက် အစိုးရကိုရော KIO ကိုရော ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ကျနော်တို့ကို ဘယ်သူကဘဲ ခိုင်းမယ်ဆိုရင် လုပ်ဖို့ ကျနော်တို့ အသင့်ပါ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်။ ကြားဝင်ပေးဖို့ လိုလား တယ်ဆိုရင် ကျနော်တို့ ဝင်မှာပါ”ဟု သူက ဆက်ပြောသည်။

အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် တရုတ်နိုင်ငံအတွင်း ထပ်မံ တွေ့ဆုံ ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေစဉ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် လွန်ခဲ့သည့် အပါတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့
သေးကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင်များအားလုံး ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် သွားကြမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖေဖေါ်ဝါရီလ ၂၃-၂၄ ရက်နေ့များတွင် မြစ်ကြီးနားမြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကိုမင်းကိုနိုင် နှင့် တချို့က မန္တလေးမြို့သို့ ပြန်မည်ဖြစ်ပြီး ကိုမြအေး အပါအဝင် ၇ ဦး မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ စာနယ်ဇင်းသမားများကိုလည်း ဆုတောင်းပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

စာပေအသိုင်းအဝိုင်းများ၊ ပညာရှင်များက မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက် လှုပ်ရှားခဲ့ကြသဖြင့် ယမန်နှစ် ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ စီမံကိန်း ရပ်တန့်ရန် သမ္မတ ဦးသိန်းစိန်က ညွန်ကြားခဲ့သည်။

Sunday, February 19, 2012

ရွှေညဝါဆရာတော် သီတင်းသုံးနေထိုင်မည့် မှော်ဘီမြို့သို့ ရောက်ပြီ

ရွှေညဝါဆရာတော် သီတင်းသုံးနေထိုင်မည့် မှော်ဘီမြို့သို့ ရောက်ပြီ...

မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဇနိန္ဒအား ဦးစွာဝင်ရောက် ဖူးမြော်ခဲ့သည်။
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် မြေကွက်လပ်အတွင်းရှိ ကြက်ခြံဟောင်းတွင် ဆရာတော်အား စောင့်ဆိုင်းနေကြသည့် ရဟန်း၊သံဃာ၊ သီလရှင်များအား တွေ့ရစဉ်။
ရွှေည၀ါဆရာတော် သီတင်းသုံးနေထိုင်မည့် ကျောင်းသင်္ခန်းအား ယခုမှ ဆောက်လုပ်နေကြသည်ကို တွေ့ရစဉ်...
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် ခြံဝန်းအတွင်း ၀င်ရောက်လာစဉ် ကြိုဆိုနေကြသည့် ပရိသတ်များ.
ရွှေည၀ါဆရာတော် ခြံဝန်းအတွင်းရောက်ရှိလာစဉ်
ခံဝင်းအတွင်း လာရောက်ဖူးမြော်ကြသည့် ပရိသတ်များ။
သတင်း၊ ဓာတ်ပုံ 7Day News Journal
ဆရာတော်နှင့် တသားတည်းရှိသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
ဓာတ်ပုံ...The Voice Weekly
သာဓုကျောင်းတိုက်မှ ထွက်ခွာလာသော ရွှေညဝါဆရာတော် ဦးပညာသီဟကို သီတင်းသုံးဖော် သံဃာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမများက လိုက်လံပို့ဆောင်ကြရာ BM ကား အစီး ၂၀ ခန့်နှင့် အိမ်စီးကား အများအပြား ပါဝင်ကြောင်း၊ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ယာဉ်တန်း ရှေ့ဆုံးမှ လင်ခရူဆာ အမျိုးအစား ၃ခ/၂၂၃၄ မော်တော်ယာဉ်တွင် စီးနင်း လိုက်ပါလာကြောင်း၊ ဆရာတော်သည် မှော်ဘီမြို့ သဲအင်းဂူရှိ ကြက်ခြံနှစ်ခြံကို ဖျက်၍ ယာယီ ဆောက်လုပ်ထားသော ကျောင်းသင်္ဃန်းတွင် သီတင်းသုံးမည် ဟုသိရကြောင်း အဆိုပါ ခရီးစဉ်တစ်လျှောက် လိုက်ပါ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

SAVE IRRAWADDY

လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတဦး၏ ပေးစာ



ကျနော်ဟာ လျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးတဦးပါ။ ကျနော်ပြောချင်တဲ့ အကြောင်အရာက ကျနော်တို့ဌာန၊ ကျနော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကို နားလှည့်ပါးလှည့်လုပ် စီးပွားရေးသမားတွေနဲ့ တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။ ၁၅-၁၂-၁၁ နေ့မှာ လျှပ်စစ် (၁)၊ အေးရှားဝါးနဲ့ စီပီအိုင် (တရုပ်) တို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်အထည်ဖော်ဘို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။
၁၅-၁၂-၁၁ ညနေ (၇) နာရီမှာ ဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ် ဦးကြီးစိုး က သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါ တယ်။ ၁၆-၁၂-၁၁ နေ့မှာ ဒုသမ္မတ(၁) နဲ့ ဒီစီမံကိန်းကိစ္စကို တနေ့လုံး အကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အား လုံးကို ကျနော်တို့ရဲ့ ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလည်း မဖေါ်ပြပါဘူး။ ကျနော်တို့ အတတ်ပညာရှင် တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။ ငါသိတယ် ငါတတ်တယ်၊ ငါ ကော်မရှင်ယူပြီးသား ငါ လုပ်ချင်ရာလုပ် မယ်၊ ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါ ဘူး။
မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲက တခုပါ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညာ ထားတာပါ။ မြစ် ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာမေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အ ရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း စီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏ ကို ကျန် (၆) ခုထဲ ခွဲထည့်လို့ ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူသိသွားလည်း မြစ်ဆုံကို လုပ်တာမ ဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေ ပြောအုံးမှာပါ။
ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင် တယ်။ သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကို လုပ်ရင်လည်း လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတ တွေရော အကုန် တရုပ်ကသိမ်းမှာပဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ပဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ ၁ တို့ မိသားစု ကော်မရှင်ရ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည်သယံဇာတတွေ ရင်းလိုက်ရတာပဲ အဖတ်တင်မယ်။
သမ္မတကြီးကို ပြောပေးပါ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ ကျနော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာ ကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်း မွန်တဲ့ အုပ်ချုပ်မှုမျိုး ဆောင်ရွက်တတ်အောင်လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။

Wednesday, February 15, 2012

ဒေါ်အောင်ဆန်းစုကြည် လှည်းကူး စည်းရုံးရေး ခရီးစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၉ နာရီ ၂၂ မိနစ်

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံး
ရေးခရီးစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၄၆ မိနစ်
lelkoo2
  • ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဘောလုံးကွင်း၌ လူထုပရိသတ် ငါးသောင်းခန့်အား ရွေးကောက်ပွဲ
    အောင်နိုင်ရေး ဟောပြောနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းနှင့်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

  • လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် :: ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်မြင်ကွင်း။ (ဓါတ်ပုံ - မဇ္ဈိမ)လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် :: ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်တွင် သံဃာတော်များအား ဝတ်ပြုနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် :: ဖေဖေါ်ဝါရီလ ၁၅ ရကနေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်မြင်ကွင်း။ (ဓါတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၄၆ မိနစ်
ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှည်းကူးမြို့နယ်သို့ သွားရောက်၍ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အား အဆုံးသတ်ကာ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

လှည်းကူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းမကြီး အနီးရှိ ဘောလုံး အားကစားကွင်းအတွင်း ၅ သောင်းခန့်ရှိသော လူထုပရိတ်သတ် အား မိန့်ခွန်ပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးကို အဓိကထား ပြောကြားခဲ့သည်။ ထိုအတူ လှည်းကူးမြို့နယ်၏ NLD ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းကို လည်း လူထုနှင့် မိတ်ဆက်ပေးခဲ့သည်။

အပြန်လမ်းတွင်လည်း လှည်းကူးမြို့ခံများက လမ်းခရီးတလျှောက် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆုတောင်းပေးကြ၍ NLD အမှတ်တံဆိပ်ပါ အလံများ ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ခရီးစဉ်တွင် လိုက်ပါသွားကြ သည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။
ဒေါ်စု ဟောပြောမည့် လှည်းကူးမြို့ ဘောလုံးအားကစားကွင်းသို့ ဝင်ရောက်နေပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့ ဘောလုံးအားကစားကွင်းအတွင်းသို့ ဝင်ရောက်နေပြီဖြစ်ကာ ဟောပြော ရန် ပြင်ဆင်နေပြီဟု NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။
မြန်မာ မွတ်(စ်)လင်မ်များလည်း ဒေါ်စုကိုကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၆ မိနစ်
လှည်းကူးမြို့ခံ မြန်မာ မွတ်(စ်)လင်မ် များကလည်း “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ၏” ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုကြသည်။

ယင်းအပြင် လှည်းကူးမြို့ခံ လူငယ်များမှလည်း တိုးနယားအကဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်
နေရာသို့ သွားရာလမ်းတွင် ဧည့်ခံ ဖျော်ဖြေ ကြိုဆိုလိုက်ပါလာကြသည်။
ဒေါ်စု လှည်းကူးမြို့သို့ ဝင်ရောက်နေပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၄၂ မိနစ်
စည်းရုံးရေး ခရီးထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့သို့ ဝင်ရောက်နေပြီဖြစ်ပြီး လှည်းကူးမြို့ခံ များမှ လှိုက်လှဲစွာကြိုဆိုကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။

"ကြိုတဲ့လူတွေကတော့ အုန်းအုန်းကြွက်ကြွက်ပဲ အခုမှ မြို့ထဲဝင်တာလေ။ လူတွေက လမ်းလျောက်ပြီး လိုက်လာကြ တယ်။ ဆိုင်ကယ်တွေ ကားတွေ စက်ဘီးတွေနဲ့လည်း လိုက်လာကြတယ်။" ဟု သတင်းထောက်က ပြောသည်။

သတင်းထောက်၏ ခန့်မှန်းချက်အရ လာရောက်ကြိုဆိုသူဦးရေ များပြားလွန်းပြီး NLD အလံနှင့် အမှတ်တံဆိပ်များ ဆိုင်ကယ်၊ ကားများတွင် ကပ်ထားကြပြီး လက်ကိုင် NLD အလံများကို ဝှေ့ယမ်းကာ ကြိုဆိုနေကြသည်ဟုလည်း မဇ္ဈိမ သတင်းထောက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့ ဘောလုံးအားစကားကွင်းအတွင်း ဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဘောလုံးကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းမှ အသုံးပြုခွင့်မပေးခဲ့သော်လည်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်မှ အသုံးပြုခွင့်ပေးသည်။
မည်သည့်ပါတီ အဖွဲ့အစည်းဝင်မဆို NLD ကိုမဲထည့်နိုင်ကြောင်း ဒေါ်စုပြော
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၂၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုပ်အကိုင် ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အကောင်ထည်ဖေါ်
ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘောထားများကို ဖြစ်မြောက်စေလို ပါက မည်သည့်ပါတီ အဖွဲ့အစည်းဝင်မဆို မဲပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မရမ်းကုန်းမြို့နယ် ရုံးခွဲဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးခွဲကို ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီက ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲသို့ လာရောက်ကြည့်ရှုသူ လူထုပရိတ်သတ် ၈ ထောင်ခန့်အား ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျမတို့က ကျောသားရင်သားခွဲမှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ မူဝါဒတွေကို သဘောကျလို့ရှိရင် ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို အားဖြည့်ချင်တယ် ဆိုလို့ရှိရင် ဘယ်ပါတီ အဖွဲ့အစည်းဝင်မဆို ကျမတို့အတွက် မဲပေးနိုင်ပါတယ်။ ကျမတို့ အဖွဲ့ချုပ် လုပ်ကိုင်ခွင့်ရဖို့အတွက် မဲဆွယ်တာထက် ပြည်သူလူထု လုပ်ပိုင်ခွင့်ရဖို့အတွက် မဲဆွယ်တာပါ”
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် ဆင်းရဲမွဲတေမှု ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းသွားဖို့ လိုအပ်သလို ပညာရေးနှင့် ကျန်းမာရေး ကိစ္စများကိုလည်း ဖြေရှင်းဖို့လိုကြောင်း သူက ပြောသည်။

ယင်းသို့ဖြေရှင်း နိုင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့လိုသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း
ဆွေးနွေးပြီး ဖြစ်သလို အကောင်ထည် ဖေါ်ဆောင်ရွက်ရန်လည်း စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် ပါတ်သက်၍ “ကျမတို့က ကိုယ်စားလှယ်တွေ အရွေးမခံရသေးတဲ့ အချိန်မှာတောင် မှ တက်နိုင်သမျှ မြန်မာနိုင်ငံကို ကူညီချင်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ဘယ်လိုပုံစံနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို စတင် ဆွေးနွေးပြီးတော့ ဒီကိစ္စတွေကို တက်နိုင်သမျှ
ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တကယ်ထိထိရောက်ရောက် ဖြစ်ဖို့ဆိုတာ အချိန်လည်း လိုတယ်။ ရွေးကောက်ပွဲမှာ လည်း နိုင်ဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။

ရုံးဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သူ၏ လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ် မသွားမီ ပြောဆိုသွားခြင်း ဖြစ်ပြီး မနက် ၁၀ နာရီခွဲတွင် လှည်းကူးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

မရမ်းကုန်းမြို့ မဲဆန္ဒနယ်မြေတွင် NLD ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် မွန်တိုင်းရင်းသူ ဒေါက်တာ
ဒေါ်မေဝင်းမြင့် က ဝင်ရောက် ရွေးချယ်ခံမှာဖြစ်ပြီး ယင်းနေရာသည် သူ၏ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့
သည့် နေရာလည်း ဖြစ်သည်။

Monday, February 13, 2012

မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?
အရှင်ပညာနန္ဒ
ဖေဖ၀ါရီ၊၀၉၊ ၂၀၁၂
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၂၀၁၁ ခုနှစ်၊ ဖေဖော်
ဝါရီလကစပြီး တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခြင်းခံခဲ့ရတဲ့အချိန်ကာလ ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် ရွှေည၀ါ
ဆရာတော်အား ပြန်လည်တရားဟောပြောခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီးထုတ်ပြန်ခဲ့ပေမဲ့ သာသနာရေးဝန်ကြီးဋ္ဌာနက သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ဟာ တရားမ၀င်ဘူးပြောဘူးလို့ပြောကြောင်း သတင်းတွေဖတ်ရတဲ့အတွက် ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်စား စိတ်မကောင်းဖြစ်မိပါ တယ်။

သံဃာ့ရေးရာကိစ္စတွေနဲ့ပက်သက်ရင် သံဃမဟာနာယကဆိုတာ အစိုးရခိုင်းတာလုပ်ပေးရတဲ့ (ဟန်ပြသံဃနာယက) အဖွဲ့လို့ ရဟန်းရှင် လူတွေပြောနေကြာတာဟာ ဒီကိစ္စကမှန်ကန်ကြောင်းသက်သေခံနေပါပြီ။ အမှန်ပြောရရင် သံဃမဟာနာယကဆရာတော်တွေကိုယ်စားလည်း ရှက်မိပါတယ်။ သံဃာ့ကိစ္စတွေမှာ သံဃာက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိဘဲ အစိုးရတာဝန်ရှိသူတွေက ၀င်ရောက်ခြယ်လှယ်နေ တာကို သံဃမဟာနာယကဆရာတွေက တုဏှိဘာဝေ လုပ်နေကြတဲ့အ တွက် သံဃာတွေ နှစ်ခြမ်းကွဲအောင် လုပ်ပေးနေသလိုဖြစ်နေပါတယ်။

တကယ်တော့ရွှေည၀ါဆရာတော်ရဲ့တရားပွဲတွေအပိတ်ခံရတာဟာ ထေရ၀ါဒတရားတော်တွေကနေသွေဖီလို့မဟုတ်ဘဲ မန္တလေးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောကြားလို့အပိတ်ခံရတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဆရာတော် တရားဟောပြောခွင့်ရတယ်ဆိုလို့ ဆရာတော်ရဲ့ တပည့်တွေနဲ့ ဆရာတော်ရဲ့တရားနာပရိတ်သတ် ဒကာဒကာမတွေဝမ်းသာလို့မဆုံးခင် အမြင်ကပ်ပုဒ်မနဲ့ အခုလိုတရားပွဲတွေ ထပ်အပိတ်ခံရတဲ့သဘောပါ။

VOA အင်တာဗျူးတခုမှာ ဆရာတော်က အခုလိုမိန့်ကြားသွားပါတယ်။

“ဘုန်းကြီးက ၁၁ ရက် ၁၂ ရက်နေ့ဆိုရင် တရားပွဲတွေကို လက်ခံထားတယ်။ ပထမဆုံး ကြွရမယ့်နေရာက တာချီလိတ်။ ဒီတာချီလိတ်က သာသနာရေး ဦးစီးမှူးကနေ တရားပွဲက ပိတ်ထားတယ်ဆိုရင် ဖွင့်တဲ့စာလေးလည်း လိုပါတယ်ဘုရားတဲ့။

အဲ့လိုနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးရဲ့ ထောက်ခံချက်လက်မှတ်ကလေးရရင်တော့ ပြည့်စုံပါပြီဘုရားဆိုတော့ တာချီ လိတ်မြို့နယ် သာသနာရေးမှူးရဲ့ အဲ့ဒီလို လျှောက်ထားချက်အရ ဘုန်းကြီးက- ရိုးရိုးကလေးပါ။ ဒီ ၁၁ ရက် ၂ လ ၂ဝ၁၂ ကစ၍ တရားပွဲများကို ဗမာတပြည်လုံး ပြန်လည်ဟောကြားလို့ ရပါပြီဆိုတဲ့အကြောင်းကို လက်မှတ်သွားထိုးခိုင်းတော့ ဆရာတော်ကြီးကလည်း ထိုးပေးပါတယ်။ သူ့ရဲ့စည်းတံဆိပ်လည်း ရိုက်ပေးပါတယ်။ ဒါပေမဲ့ သာသနာရေးဝန်ကြီးဌာနက အဲ့ဒီစာရွက်ဟာ အကျုံးမဝင်ဘူး၊ တရားမဝင်ဘူး ဆက် လက်ပြီးတော့ အစည်းအဝေးထိုင်ဆုံးဖြတ်ရဦးမှာဖြစ်တယ်၊ ဆက်လက်ဆောင်ရွက်မှု မပြုဖို့ဆိုပြီးတော့ အဲ့ဒါနဲ့ တာချီလိတ်ကို ဘုန်းကြီးကြွဖို့ အစီအစဉ်ကို ဘုန်းကြီးဖျက်လိုက်တယ်လေ”တဲ့

အာဏာပိုင်တွေကဆရာတော်ရဲ့တရားပွဲတွေကို မရ ရတဲ့နည်းနဲ့ဖျက်မယ်ဆိုတာကတော့ အခုလုပ်ရပ်ကထင်ရှားနေပါတယ်။

“ကျန်တဲ့တရားပွဲတွေလည်း ဘုန်းကြီးဆီကို ဖုန်းဆက်အကြောင်းပါတယ်။ သက်ဆိုင်ရာမြို့နယ်တွေကို ပါမစ်တင်တဲ့အခါမှာ ချမပေးပါဘူးလို့ ဘုန်းကြီးဆီကို အကြောင်းကြားပါတယ်။ ဘုန်းကြီးကိုပင့်ထားတဲ့ အခြားမြို့နယ်တွေ၊ တခြားမြို့ရွာတွေကလည်း အဲ့ဒီလို ဖုန်းနဲ့ အကြောင်း ကြားပါတယ်။ ဘာကြောင့်လဲလို့မေးတဲ့အခါကျတော့ ထောက်ကြံ့မြို့နယ်က ဘုန်းကြီးကိုပင့်ထားတာ ဒီ ၂ လပိုင်းထဲမှာပဲရှိတယ်လေ။ နေ့ခင်းပိုင်းကပဲ ဘုန်းကြီးကို အကြောင်းကြားပါတယ်။ ဆရာတော် ဒီကနေ့ တပည့်တော်တို့ ပါမစ်သွားတင်တဲ့အခါမှာ မြို့နယ်ကနေပြီးတော့ ရွှေညဝါဆရာတော် ပါမစ်တင်လို့မရဘူး။ နောက်ထပ် တနှစ်ပိတ်လိုက်တယ်လို့ အဲ့ဒီလိုပြောလွှတ်လိုက်ပါတယ်တဲ့။ အဲ့တော့ တပည့်တော် တို့လည်း ပါမစ်မတင်ဘဲနဲ့ ပြန်လာရပါတယ်လို့ ဖုန်းဆက်ပြီး လျှောက်လာပါတယ်။ ဟုတ်တာ မဟုတ်တာတော့ ဘုန်းကြီးအနေနဲ့ တရားဝင် စာ မရသေးတဲ့အတွက် တိတိကျကျ မသိရသေးပါဘူး။”

တရားဟောကြားခွင့်လည်းတနှစ်အပိတ်ခံခဲ့ရပြီး အာဏာပိုင်တွေက နည်းမျိုးစုံနဲ့  ဆရာတော်ကြီးကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်လုပ် တာလည်းခံခဲ့ရတယ်ဆိုတာ အားလုံးအသိပါ။ သံဃမဟာနာယကဆရာတော်ကြီးတွေကို ရိုသေလေးစားတဲ့အနေနဲ့ ရွှေည၀ါကျောင်းတိုက် ကဆင်းပေးပါဆိုလို့ ၀န်ခံကတိလက်မှတ်လည်း ထိုးပေးခဲ့ရပါပြီ။ သူ့ဘက်က အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုက်လိုက်လျောလျောလုပ် ဆောင်သွားတာတွေ့ ရပါတယ်။ အခုကိစ္စမှာတော့ အာဏာပိုင်တွေရဲ့လုပ် ဆောင်နေမှုတွေဟာ လုံးဝလက်ခံနိုင်စရာမရှိသလို အာဏာပိုင် ဆိုသူတွေရဲ့ နိုင်ထက်စီးနင်းလုပ်နေတာကို သံဃာတွေခံနေရတာလည်းဖြစ်ပါတယ်။

ခုလိုဖြစ်နေတဲ့ကိစ္စတွေနဲ့ပက်သက်ပြီး အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေအတွက်လည်းစိတ်ပူစရာဖြစ်လာပါတယ်။

သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကိုယ်တိုင်လက်မှတ်ထိုးပြီး တရားဟောခွင့်ပြုခွင့်ပြုကြောင်း စာထုတ်ပြန်ခဲ့တာတောင် သာသနာရေး ၀န်ကြီးဋ္ဌာနက အသိအမှတ်မပြု၊ တရားမ၀င်ဘူး ပြောဆိုနေတယ်ဆိုတော့ ဥက္ကဋ္ဌဆရာတော်ကြီးကိုစော်ကားသလိုမျိုးလို သက်ရောက် နေပါတယ်။

သံဃာတွေကို အာဏာပိုင်တွေက ဘယ်လိုသဘောထားတယ်ဆိုတာရှင်းနေပါပြီ။ အရှက်ရစရာဖြစ်နေပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းကတော့ ပြည်သူတွေရဲ့အသံတွေကိုနားထောင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ပြောဆိုလုပ်ကိုင်နေပြီလို့ကြားသိရပါတယ်ဘုရား။ ဆရာတော်ကြီးတွေအနေနဲ့လည်း တပည့်သံဃာတွေရဲ့ အသံတွေကိုနားထောင်ပြီး အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း သတ္တိရှိရှိနဲ့ ပြောဆိုဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း လျောက်ထားပါတယ်ဘုရား။ ။


                 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မရမ်းကုန်းမြို့နယ်နှင့်
                            လှည်းကူးမြို့နယ်များသို့ စည်းရုံးရေးဆင်းမည်
15-2-2012 ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့  ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စည်းရုံးရေးသွားမည်ဖြစ်ကြောင်း သိရသည်။မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များမှ ပြည်သူများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန် ပြင် ဆင်မှုများ ကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်နေပြီး လူထုများအားပေးထောက်ခံ၍ ၀ိုင်းဝန်းကူညီကြသည် ဟု လည်းကူးမြို့ နယ်မှ ကိုသန့် ဇင်ဆိုသူ လူငယ်တဦးမှပြောပြ၍ သိရှိရသည်။