Monday, April 30, 2012

နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်

ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ) ။ ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအား မဲပေးလိုက်ကြည်သည့် ပြည်သူ့ဆန္ဒနှင့် လွှတ်တော်တွင်း မဟာမိတ်များ၏ ဆန္ဒအား လိုက်လျောသည့်အနေဖြင့် တနင်္လာနေ့ က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ က သတင်းထောက်များ အား ပြောဆိုလိုက်သည်။

“အလျှော့ပေးတယ်လို့ မြင်ချင်ရင်လည်း မြင်နိုင်ပါတယ်။ ကျမတို့ ပြည်သူ့ဆန္ဒကို အလျှော့ပေးတယ်။ မဟာမိတ်တွေရဲ့ ဆန္ဒကို ကျမတို့ အလျှော့ပေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ထားတဲ့ အဖွဲ့ချုပ်မို့လို့ သဘောထားကြီးဖို့ ဆိုတာလည်း အင်မတန်မှ လိုပါတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ လိုက်လျောမယ်။ လွှတ်တော်တက်တဲ့ကိစ္စကို အမြန်ဆုံးလုပ်လိုက်မယ်” ဟု ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အခြေခံ ဥပေဒပါ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုချက် စာသားတွင် အခြေခံဥပဒေကို ‘ထိန်းသိမ်း ကာကွယ်စောင့်ရှောက်’ မည်ဟူသည့် အသုံးအနှုန်းအစား ‘လေးစားလိုက်နာ’ မည်ဟူသည့် အသုံးအနှုန်း ပြင်ဆင်
ပေးရန် ကြိုးပမ်းအကြံပြုချက်အား အလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒေါက်တာအေးမောင်
နှင့် အတူ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးတို့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် လာရောက်တွေ့ဆုံ၍ NLD လွှတ်တော် တက်ရောက်ရန် မေတ္တာရပ်ခံခဲ့ပြီး နောက်တရက်တွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရန်အတွက် မေလ ၁ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌလည်း မေလ ၂ ရက်နေ့တွင် သွားရောက်ကျိန်ဆို သစ္စာပြုမည်ဖြစ်သည်။

ပါတီပြန်လည်မှတ်ပုံတင်ရန်အတွက် ၂ဝ၁ဝ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ စာသားအချို့အား ပြင်ဆင်ပေးရန်
တောင်းဆိုစဉ်က အဆိုပါ ကျမ်းကျိန်စာသားအရေးအား “ကိုင်တွယ်ဖို့ ကျမအနေနဲ့ လစ်ဟင်းခဲ့ပါတယ်။ အဲတော့ ဒါကို ကျမ တာဝန်ယူတယ်။ ကျမရဲ့ လစ်ဟင်းချက်တခုကြောင့်မို့လို့ ပြည်သူရဲ့ဆန္ဒနဲ့ ကျမတို့ရဲ့မဟာမိတ်ဆွေဆန္ဒကို ထိပါးတယ်ဆိုရင် ကျမ လုံးဝ မဖြစ်စေချင်ဘူး” ဟု ဥက္ကဋ္ဌ က ပြောသည်။

ယခု ကျမ်းကျိန်စာသား ပြင်ရေးကိစ္စမှာ ဥပဒေရေးရာကိစ္စတရပ်အဖြစ်သာ ကိုင်တွယ်နေခြင်းဖြစ်၍ နိုင်ငံရေးပြဿနာရပ် အဖြစ် မရောက်စေလို၍ လိုက်လျောခဲ့ခြင်းလည်း ဖြစ်သည်ဟုဆိုသည်။

“ဟိုဘက်ဒီဘက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်၊ အပေးအယူ လုပ်ခြင်းအားဖြင့် ပြဿနာတွေကို ကျော်လွှားနိုင်တယ် ဆိုတာလည်း ကျမတို့ လက်တွေ့ကျကျ ဒီအချိန်မှာ ပြဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသွားသည်။

သို့သော် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူလူထုအား ကတိပေးခဲ့သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များအား ပြင်ဆင်မှုမရှိကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ပြေပြေလည်လည် တဖက်နဲ့တဖက် ဖြေရှင်းတာ အကောင်းဆုံးဘဲလို့ ယူဆတဲ့အလျောက် လွှတ်တော်ကို တက်မယ်လို့ အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တာပါ။ NLD အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်က
ပြင်ဆင်မှု မရှိပါဘူး။ ဒါပေမယ့် ဒီကျမ်းကျိန်ရာမှာတော့ သူတို့ ဆန္ဒအတိုင်း ကျမ်းကျိန်လိုက်မှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ကလည်း ကျန်းကျိန် ကတိသစ္စာပြုချက် စကားရပ် ပြုပြင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင် ဖြေရှင်းပေးရန် လွှတ်တော်တက်ရောက်နေသော နိုင်ငံရေးပါတီ ၁၆ ခုတို့က ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးသူရရွှေမန်းထံ မေတ္တာရပ်ခံခဲ့သေးသည်။

Friday, April 27, 2012

စစ်အစိုးရ၊ လက်ရှိအစိုးရနှင့် NLD လွှတ်တော်တက်ရေး

စစ်အစိုးရ၊ လက်ရှိအစိုးရနှင့် NLD လွှတ်တော်တက်ရေး
စစ်ဗိုလ်ချုပ်တို့အနေဖြင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအကြပ်အတည်းဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ပြီး နိုင်ငံရေးအမြတ် ထုတ်လေ့ရှိသည်ကို အထူးအထွေ မတင်ပြလိုတော့ပါ။ သို့သော် အတိတ်ကသမိုင်းကြောင်းများကို ဆင်ခြင်ပြီး NLD ဆက်လက် လျှောက်လှမ်းနိုင်ရန် စာရေးသူ သိရှိခဲ့သမျှ တင်ပြအပ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားပြီး စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နိုင်လိမ့်မည် သို့မဟုတ် အပြတ်အသတ် မရှုံးနိုင်ဟု စစ်ဗိုလ်ချုပ်များ တွက်ချက်ကာ လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ခဲ့သဖြင့် NLD အာဏာရှိလာလျှင်တော့ ဒုက္ခရောက်ရတော့မည်ဟု စစ်ဗိုလ်ချုပ်ကြီးငယ်တို့ စိုးရိမ်ခဲ့ကြသည်။
၁၉၉၀ ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ကြီးများအတွင်း ပြဿနာကြီးငယ်များ ရှိခဲ့ရာ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အလစ်အငိုက်ယူ တိတ်တိတ်ဖယ်ရှားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် တင်းမာသော ဗိုလ်ချုပ်အများစု နေရာယူခဲ့ကြသည်။ အာဏာရပြီး မကြာမီ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ကျင်းပမည်ဟု ကြေညာကာ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရမှုကို လျစ်လျူရှုခဲ့သည်။ ထို့နောက် အကျယ်ချုပ် ချထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ပေးရေးနှင့် NLD အမျိုးသားညီလာခံ တက်ရောက်ရေး NLD ခေါင်းဆောင်များအား စည်းရုံးရန် စစ်ထောက်လှမ်းရေးအား တာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံတော် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ဖြင့် လက်ရှိဖွဲ့စည်းပုံကို ၁၉၉၃ ခုနှစ်မှစ၍ ရေးဆွဲခဲ့သည်။ မရှေးမနှောင်းမှာပင် စစ်ဗိုလ်များ နိုင်ငံရေးလမ်းကြောင်းအတွင်း ဝင်ရောက်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖွဲ့စည်းခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ အပါအဝင် NLD ကို စစ်အစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် လူထုလူတန်းစားအဖွဲ့များနှင့် အမျိုးသားညီလာခံအတွင်း ဝိုင်းဝန်းဖိအားပေးပြီး စစ်တပ်ဖြစ်ချင်သောလမ်းကို လျှောက်ခိုင်းခဲ့ပါသည်။ သို့သော် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ရပြီး ၁၉၉၆ ခုနှစ်တွင် NLD အမျိုးသားညီလာခံမှ ထွက်ခဲ့ရပြီးနောက် စစ်အာဏာရှင်တို့ အမျိုးသားညီလာခံကို ရပ်စဲခဲ့ရလေသည်။ ထိုအချိန်မှစ၍ NLD နှင့် ဆက်နွယ်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖိအားပေးရန် နှုတ်မိန့်ပေးခဲ့ပြီး NLD ကို မျိုးပြုတ်အောင် ခြေမှုန်းခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံဖြင့် ထိန်းခိုင်းခဲ့ပြီး မရသည့်အဆုံးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ်ထားရန် အမိန့်ပေးခဲ့သည်။
၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် မြန်မာ့နိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ကလေးစစ်သား အသုံးပြုမှု အဓမ္မ လုပ်အားပေးခိုင်းမှု၊ အဓမ္မ ရွှေ့ပြောင်းနေရာချထားမှု၊ စစ်သားများအား မုဒိန်းပြုခွင့်လိုင်စင်ပေးမှု ဆွဲချက်များဖြင့် ကုလသမဂ္ဂတွင် အရေးယူဆောင်ရွက်ပေးရန် တင်ပြချက်များ ရှိလာသဖြင့် နိုင်ငံတကာတွင် မြန်မာ့အရေးကိစ္စသည် ရေးပန်းစား ပေါ်လွင်ထင်ရှားလာခဲ့သည်။ အဆိုပါအရေးကိစ္စကို လျစ်လျူရှုထား၍ မရမှန်း စစ်အာဏာရှင်ကြီး ကောင်းကောင်းသိပါသည်။ ထိုစဉ်အချိန်က ကမ္ဘာ့အာဏာရှင်ကြီးများ တဦးပြီးတဦး ကျဆုံးနေချိန်လည်း ဖြစ်သည်။
ထို့ကြောင့် ၂၀၀၁ ခုနှစ်မှစ၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ပြန်လည် ချဉ်းကပ်ရန်နှင့် တပြိုင်တည်းမှာပင် အမေရိကန်ပြည်ထောင်စုအား ချဉ်းကပ်ရေး မဟာဗျူဟာကို စစ်အာဏာရှင်ကြီးမှ စစ်ထောက်လှမ်းရေးအား တာဝန်ပေးခဲ့ပြန်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် DCI Lobby Group ကို အမေရိကန်ဒေါ်လာ သိန်းချီပေး၍ ငှားရမ်းခဲ့ပြီး အခြားတဘက်တွင်လည်း မြန်မာပြည်သူလူထုအတွက်ဟု ခေါင်းစဉ်တပ်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တစားပွဲတည်းထိုင် ထမင်းစားခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် မြန်မာအစိုးရမှ ကိုယ်စားလှယ် နှစ်ယောက်ကို အမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ခဲ့ပြီးနောက် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့သော နည်းနာကိုသုံး၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂကို မြန်မာ့နိုင်ငံရေး အဆင်ပြေသယောင် ပြသခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာပြည်သူလူထု၏ ထောက်ခံမှု၊ အားကိုးယုံကြည်မှုသည် စစ်အာဏာရှင်ကြီး တွက်ဆသလို လျော့မသွားဘဲ ပိုတိုးလာခြင်းကြောင့် ၄င်း၏အစီအမံဖြစ်သော ကြံ့ခိုင်ရေးအသင်း၏ အနာဂတ် အန္တရာယ်ရှိလာသည်။ ထို့ကြောင့် ဒု ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို တာဝန်ပေးပြီး ဒီပဲယင်းလုပ်ကြံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းရန် အမိန့်ပေးခဲ့သည်။ သို့သော် ကံအားလျော်စွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ လုပ်ကြံသောသူများကို အရေးမယူသည့်အပြင် ရာထူးများပင် တိုးပေးခဲ့ပြီး လုပ်ကြံရန် ကြိုးပမ်းခံရသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များကိုမူ လုံခြုံရေးအရေဆိုကာ အကျဉ်းထောင်များတွင် ချုပ်နှောင်ခိုင်းခဲ့သည်။
ဒီပဲယင်းအရေးခင်းသည် နိုင်ငံတကာတွင် ဝိုင်းဝန်းရှုတ်ချခံရသည့်အပြင် အနောက်နိုင်ငံကြီးများ၏ ပြင်းထန်သော ဖိအားပေးမှုများနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖြစ်လာသောအခါ စစ်အာဏာရှင်ကြီးသည် နိုင်ငံတကာတွင် မျက်နှာမပြရဲတော့ဘဲ ဝန်ကြီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်အား တာဝန်ယူစေပြီး လမ်းစဉ် ၇ ရပ် ချမှတ်ပေးကာ နိုင်ငံတကာနှင့်ဆက်ဆံရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ချဉ်းကပ်ပြီး အမျိုးသားညီလာခံတွင် NLD ပါဝင်ရေး စည်းရုံးခိုင်းခဲ့ပြန်သည်။
နိုင်ငံတကာသို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီမှတဆင့် အချင်းချင်း နားလည်မှုရသယောင် သတင်းလွှင့်ခြင်းဖြင့် နိုင်ငံတကာကို အချိုသတ်ခဲ့သည်။ တဘက်တွင်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင် ခေါင်းဆောင်သည့်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရေး၊ ၁၉၉၀ ရွေးကောက်ပွဲအား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေး၊ ဖွဲ့စည်းပုံ မူကြမ်းပါ အခြေခံမူများ ပြန်လည်ဆွေးနွေးခွင့်ပြုရေး အစရှိသည့်အချက်များကို သဘောတူညီမှု ရခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများကို နေ့စဉ် တာဝန်ခံများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တင်ပြပြီး သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်သည်။
၂၀၀၄ ခုနှစ် အမျိုးသားညီလာခံပြန်မစမီ ရက်သတ္တ တပတ်အလိုအထိ NLD ညီလာခံပြန်တက်ရေးမှာ သေချာသလောက်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း သဘောတူသည်၊ ဒေါ်အောင်ဆန်းစုကြည်လည်း လက်ခံကျေနပ်သည့်အတွက် ၉၅ ရာခိုင်နှုန်း သေချာသလောက်ရှိသည်။ ထိုအတောအတွင်း တစုံတရာ အမှားအယွင်းမရှိရန် စကားလုံး အသုံးအနှုန်းမှအစ သတိထားရန် စစ်ထောက်လှမ်းရေးအတွင်း သတိပေးမှုများရှိခဲ့ပါသည်။
သို့သော် ရက်ပိုင်းအလိုတွင် စစ်အာဏာရှင်ကြီးမှနေ၍ တာဝန်ခံများအား ခေါ်ယူပြီး “မင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်၊ NLD အရင်ဆုံး အမျိုးသားညီလာခံကို တက်ပါ၊ ပြီးမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးဖို့ စဉ်းစားပေးမယ်လို့” ဟု ပြန်လည်ပြင်ဆင် ပြောခိုင်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်ပြေမှု ပျက်ပြားခဲ့ရသကဲ့သို့ နောက်ဆက်တွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးခွင့်ရခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်ရေးတဖွဲ့လုံးလည်း ဘဝပျက်ခဲ့ကြသည်။ အမြတ်ရသွားသူမှာ စစ်အာဏာရှင်ကြီးဖြစ်သည်။ ထိုကာလအတွင်း ဒီပဲယင်း အရေးအခင်းကြောင့် ရခဲ့သော ဒဏ်ရာဒဏ်ချက်များကို ပြည်တွင်းပြည်ပမှ မေ့ပျောက်သွားစေခဲ့သည်။
ယနေ့ အခြေအနေများကမူ ယခင်အခင်းအကျင်းများနှင့် မတူသည်များရှိသကဲ့သို့ တူသည်များလည်း တွေ့နေရသည်။ တူသည်များမှာ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မပါလျှင် မြန်မာ့နိုင်ငံရေး ရှေ့တိုး၍ မရခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြပြ၊ လွှတ်တော်ကြီး ပြပြ၊ ပြည်တွင်းပြည်ပက လက်ရှိအစိုးရဟူ၍ ခေါ်ခေါ်၊ စစ်ဝတ်ချွတ်အစိုးရဟုသုံးသုံး လူလိမ်များဟုသာ သတ်မှတ်ကြမည်ဖြစ်သည်။
NLD ကို ၂၀၁၀ ရွေးကောက်ပွဲ မဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားပြီး ကြံ့ခိုင်ရေးပါတီ နိုင်အောင် ဆောင်ရွက်ခဲ့သည်။ အစိုးရဖွဲ့ခဲ့သော်လည်း နိုင်ငံတချို့၏ အသိအမှတ်ပြုမှုကိုသာ ရခဲ့ပြီး လူရာအသွင်း မခံရသည့်အပြင် အိမ်နီးချင်းနိုင်ငံကြီး၏ အနိုင်ကျင့်မှုများကိုပါ ခံလာရပါသည်။ ဤအတိုင်း ဆက်သွားလျှင် အာရပ်နိုင်ငံများကဲ့သို့ ပြည်သူ၏ ဒဏ်ခတ်မှုကို ခံရမည်ဖြစ်သည်။ ထို့အတူ လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်များကြောင့် ပြည်ထောင်စု တစိပ်တပိုင်း ပြိုကွဲသွားနိုင်သည်ကို လက်ရှိအစိုးရ တွက်ချက်ခဲ့သည်။ ထို့ကြောင့် ၂၀၁၁ နှစ်လည်ပိုင်းလောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ရသည်။ ထုံးစံအတိုင်း အစိုးရ အခက်အခဲတွေ့လာလျှင် နောက်ဆုံး ဂျိုကာ (Joker) ကို ထုတ်သုံးခြင်းသည် စစ်အစိုးရ အဆက်ဆက်၏ သီအိုရီပင်ဖြစ်သည်။ ဤသည်မှာ တူသည့်အချက်များ ဖြစ်သည်။
မတူသည့်အချက်များမှာ ယခင်နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်များကို အတော်အတန် လွတ်လပ်မှု ပေးခဲ့သည်များ တွေ့ရသည်။ အထူးသဖြင့် မီဒီယာများဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးများတွင်လည်း ပွင့်လင်းမှုများ ရှိလာသည်။ တချို့အမှားများကို ခေါင်းဆောင်ပိုင်းများကိုယ်တိုင် ဝန်ခံလာသည်ကို တွေ့ရသည်။ ခေတ်နှင့်အညီ နိုင်ငံရေးကစားကွက်များ ပြောင်းသုံးလာသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ပြီး ဥပဒေအတိုင်း ဆောင်ရွက်နေပါသည်ဟု အသံကောင်းဟစ်နေသည်ကိုလည်း တွေ့နေရသည်။ ပြည်သူအတွက်ဟူသော ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ လွှတ်တော်အဝန်းအဝိုင်းအတွင်း ဝင်လာအောင် တံခါးအသာ ဟပေးခဲ့ပြီး အနောက်နိုင်ငံများကို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပါသည်၊ နောက်ပြန်မဆုတ်ပါဟု တဘက်မှ ကြွေးကြော်နေသည်။ ထို့အတူ တဖက်တွင်လည်း အင်အားကြီးလာသည့် တရုတ်နိုင်ငံသြဇာခံ မရောက်စေရန် ကူညီရေးကိုလည်း လေသံပစ်ခဲ့သည်။
ယခုအခါ မြန်မာအစိုးရ၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ကြံ့ခိုင်ရေးပါတီ စစ်ဝတ်ချွတ် ဗိုလ်ချုပ်ကြီးများ အစိုးရကို နိုင်ငံတကာမှလည်း ယခင် စစ်ရာဇဝတ်မှုများကို မေ့ပျောက်ပြီး ချီကျူးထောပနာ ပြုနေကြသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် ၁၉၉၀ ခုနှစ်ကတကြိမ်၊ ၂၀၀၂ ခုနှစ်ကတကြိမ် ၊ ၂၀၀၄ ခုနှစ်ကတကြိမ် အလားတူဖြစ်စဉ်များ ကြုံခဲ့ရပြီးဖြစ်သည်။ ယခုတကြိမ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မဟုတ်သော်လည်း ၄င်းလက်သပ်မွေးထားခဲ့သော တပည့်များသာ ဖြစ်ပါသည်။ ဉာဏ်နီဉာဏ်နက် အတွေးအခေါ်များမှာမူ သိပ်ပြောင်းလဲလိမ့်မည်ဟု စာရေးသူမထင်ပါ။
ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား ပြည်သူ၏ထောက်ခံမှုကို အစိုးရက အားစမ်းကြည့်ခြင်းဖြစ်သည်။ အနိုင်ရ NLD အမတ် ၄၃ ဦးသည် အကြောင်းမဟုတ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီ ဒုက္ခရောက်သွားနိုင်သသကဲ့သို့ စစ်ဗိုလ်ဟောင်းများလည်း အန္တရာယ်ရှိလာနိုင်၍ ယခုကတည်းက စကားလုံးအသုံးအနှုန်း အကြောင်းပြ ကြိုတင်ကာကွယ်နေခြင်း ဖြစ်သည်။
အထက်ပါ အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ဆင်ခြင်သုံးသပ်ပြီး လက်ရှိအခြေအနေတွင် အကောင်းဆုံးဖြစ်စေရန် ပါတီတွင်း သဘောထားသာမက တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ၊ လွှတ်တော်အတွင်းအပြင် ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစား အဖွဲ့စည်းများ၏ အသံကိုလည်း အလေးတယူ နားထောင်သင့်သည်။ ထို့အပြင် နိုင်ငံတကာ၏ အသံကိုလည်း နားစွင့်ပြီးမှ ဆုံးဖြတ်ချက်ကို ချစေလိုပါသည်။ အားလုံးကမူ စစ်ဗိုလ်ချုပ်ဟောင်းအများစုမှာ ဤကိစ္စတွင် မရိုးသားသည်ကို သိနေကြသည်။ မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်စေရန် ဆန္ဒပြုပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

Thursday, April 26, 2012

ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟအား ပုနောပသမ္ပဒ သိက္ခာထပ်ခြင်းမင်္ဂလာနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ သမဂ္ဂကျောင်းသားများ ရဟန်းခံပွဲ
၈၈ မျိုးဆက်ကျောင်းသားများ၊ သမဂ္ဂကျောင်းသားများ မှ ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟအား ပုနောပသမ္ပဒ သိက္ခာထပ်ခြင်းမင်္ဂလာ၊ ဥပသမ္ပဒရဟန်းဘောင်သို့ ချီးမြှောက်ခြင်းမင်္ဂလာနှင့် ပဗ္ဗဇ္ဇရှင်
ပြုခြင်း မင်္ဂလာတို့ကို စီရင်ကျင်းပသည့် အခမ်းအနားအား ဧပြီ ၂၄ ရက် နံနက် ၈ နာရီခွဲ ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်ရှိ သိမ်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသား ၄ ဦးနှင့် သမဂ္ဂကျောင်းသား ၁၃ ဦးတို့သည် ဧပြီ ၂၃ ရက်မှစတင်၍

ရွှေည၀ါပရိယတ္တိစာသင်တိုက်တွင် ရဟန်းခံခဲ့ကြသည် ။
 
၈၈မျိုးဆက်ကျောင်းသား များဖြစ်ကြသည့် ကိုကိုကြီး(စမ်းချောင်း)၊ ကိုဥာဏ်လင်း၊ ဦးဇော်ဇော် မင်း၊ကိုနေ၀င်းထွန်းအပါအ၀င်မျိုးဆက်သစ်ကျောင်းသားများဖြစ်ကြသည့် ဒီငြိမ်းလင်း၊ ရဲမင်းဦး၊ ဇင်လင်း အောင်၊ ရဲမြတ်ဟိန်း၊ရန်ငြိမ်းလင်း၊ အပါအ၀င် စုစုပေါင်း ၃၄ ပါးရဟန်းဝတ်ခဲ့ကြသည်။၎င်းတို့သည် ရန်ကုန်တိုင်း မှော်ဘီ မြို့နယ်ရှိ ရွှေည၀ါဆရာတော်၏ကျောင်းတိုက်သစ်တွင် သတင်းသုံးနေထိုင် မည်ဖြစ်ပြီး ဘုရားဖူးခရီးစဉ် တစ်ခု လည်းသွားရောက်မည်ဖြစ်သည်။အလှူသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ မင်းကိုနိုင်၊ ဂျင်မီ၊ မင်းဇေယျာ မျိုးအောင်နိုင် အပါအ၀င် နိုင်ငံရေး အ ကျဉ်းသားဟောင်း မိသား စုဝင်များ၊ မျိုးဆက်သစ် လူငယ်များ၊ စည်စည်ကားကား တက်ရောက်ခဲ့ကြသည်။

Wednesday, April 25, 2012

NDF ပါတီအား ကိုယ်စားပြု၍ ဒေါက်တာ မြတ်ဉာဏစိုးလွှတ်တော် တက်ရောက်



ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရအမတ်များ လွှတ်တော် တက်ရောက်ရေး မသေချာသေးသော်လည်း NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ်
ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက်နေသည်ဟု မဇ္ဈိမကို ပြောသည်။

“ကျနော်က ပါတီဥက္ကဋ္ဌ အန်တီ့ဆီကို တရားဝင် တင်ပြပြီးတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော် တက်ရောက်နေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ ကတိသစ္စာ ပြုပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရှိနေပြီးပြီ။ အဲဒီအခါကျတော့ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တယောက် ရှိဖို့ လိုတယ်။ ဒီအတွက်ကြောင့် လွှတ်တော်တက်ပါဆိုလို့ ကျနော် လွှတ်တော် တက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒေါက်တာ မြတ်ဉာဏစိုးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ အနိုင်ရခဲ့သည်။ ယင်းနောက် ၂ဝ၁၁ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် NDF မှ နုတ်ထွက်၍ NLD သို့ ပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီးနောက် NLD ၏ ပထမဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူဖြစ်သည်။
myatnyanasoe
NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက် (ဓါတ်ပုံ မဇ္ဈိမ)

NLD ၏ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမတ်များ လွှတ်တော်တက်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အတွင်း တင်ပြဆွေးနွေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ကြိုးပမ်းလျက် ရှိနေရာ
ဒေါက်တာ မြတ်ဉာဏစိုး ကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု မဇ္ဈိမကို ပြောသည်။

“ကျနော်ကတော့ ဆရာဦးအေးမောင်ကို ကူညီပံ့ပိုးပေးနေပါတယ်။ ကိုယ့်ပါတီအတွက် ကိုယ့်ဘာသာ လုပ်တယ်
ဖြစ်နေမှာစိုးလို့။ ကျနော်တို့အတွက် ကြားလူ လိုပါတယ်။ ကျနော်ကိုယ်တိုင်ကတော့ ဒါတွေကို ဆောင်ရွက်ဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ဆရာဦးအေးမောင်တို့နဲ့ ကျနော် ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

NLD အမတ်များ လွှတ်တော်အတွင်း ဝင်ရောက်ရေးအတွက် ဒေါက်တာ ဦးအေးမောင် ဦးဆောင်၍ တိုင်းရင်းသား ပါတီများ တနင်္လာနေ့ ညနေပိုင်းတွင် ဆွေးနွေးခဲ့ကြသေးသည်။ ဆွေးနွေးမှုရလဒ်အဖြစ် NLD မှ လိုလားနေသည့် ကတိသစ္စာဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်းကာကွယ်စောင့်ရှောက်” အစား “လေစားလိုက်နာ” ဟု ပြောင်းလဲရွတ်ဆိုနိုင်ရန် လွှတ်တော်တွင် အဆိုပြုတင်သွင်းနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။

“ဒီဥစ္စာက လွှတ်တော်အမတ်တွေအပေါ်မှာ မူတည်တယ်ဗျ။ အချိန်တိုအတွင်းလည်း ပြီးသွားနိုင်တယ်။ လွှတ်တော်မှာ လက်ခံဆွေးနွေးပြီးတော့ အတည်ပြုတယ်ဆိုရင် ဥပဒေကြမ်းအဖြစ် တင်ပြီးရင် ပြီးပြီဗျ။ လုပ်ချင်ရင် နှစ်ရက်အတွင်း ပြီးတယ်” ဟု ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကတိသစ္စာဆိုရမည့် ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင် တင်ပြလာပါက ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည် ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။

တနင်္လာနေ့တွင် ပြန်လည် စတင်ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများသည် ဧပြီလ ၃ဝ ရက်နေ့တွင် ပြီးစီးနိုင်သည်ဟု အမတ်များက ခန့်မှန်းထားပြီး ကျင်းပဆဲ လွှတ်တော်မပြီးခင် NLD အမတ်များ ကျမ်းကျိန်နိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်လျက်ရှိနေသည်ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။

“ကျနော်ကတော့ ယုံကြည်ပါတယ်။ ကျနော်တို့ကတော့ အကုန်အဆင်ပြေမယ်လို့ ရာနှုန်းပြည့် ယုံတယ်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

NLD ၏ တဦးတည်းသော လွှတ်တော်တက်အမတ်ဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးသည် တနင်္လာနေ့လွှတ်တော်တွင် ၅ဝဝဝ ကျပ်တန် ဖုန်းကဒ်ရရှိနိုင်ရေး စီစဉ်ထားရှိမှု ရှိမရှိ မေးမြန်းခဲ့ပြီး သူ၏ မေးခွန်းကို စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင့်လွင်မှ ပတ်ဝန်းကျင်နိုင်ငံများ၏ ဈေးနှုန်းများအတိုင်း တဆင့်ပြီးတဆင့် ထပ်မံ လျှော့ချ တပ်ဆင်သွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားသွားသည်။

Monday, April 23, 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာအမျိုးသမီးငယ်တဦးကို
 ဆေးရုံဝန်ထမ်းနှစ်ဦး

မတော်မတရားပြုကျင့်
Picture
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့

အသက်နှစ်ဆယ်ဝန်းကျင်ရှိအမျိုးသမီးတစ်ဦး ကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆို တဲ့သူတို့နှစ်ဦးဟာ

အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့

သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ

အခြားဘယ်သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုသူနှစ်ဦးကို

အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။

လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ လူနာကိုခွဲစိတ်မှုမပြုခင်

ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်ကအဲဒီငွေကျပ်သုံးသောင်းမပေးနိုင်တာကြောင့်

ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံကပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ

ကိုပြောပြခဲ့ပါတယ်။

ဘားမားဗီဂျေ

Friday, April 20, 2012

 မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကားကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ်လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ်အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ် လူစုခွဲရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်းလည်း ဆည်တဲရွာသူက နောက်ဆုံးအခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီတစ်ခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်းနယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေက သူတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့အတွက် အခုလို ကားတွေနဲ့ လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စုပုံနေတာဖြစ်ကြောင်း ရွာသူရွာသားတွေက ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တောနဲ့ ရွာသာရွာက တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်မှာ မြန်မာယမ်စီ ကုမ္ပဏီက ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀) လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော် သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/myanmar-yang-si-copper-mine-04192012224419.html

ကျမ်းကျိန်စာသား မပြင်ပါက NLD လွှတ်တော် မတက်သေး

ကျမ်းကျိန်စာသား မပြင်ပါက NLD လွှတ်တော် မတက်သေး

ရန်ကုန်၊ ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရမည့်စာသား ပြင်ဆင်ရန် ညှိနှိုင်း မရသေးပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်များသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်ဦးမည် မဟုတ်ကြောင်း NLD က ပြောကြားလိုက်သည်။

“ကျမ်းကျိန်ဆိုရာမှာ ပါတဲ့ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်’ ဆိုတဲ့ စကားလုံးအစား ‘လေးစား လိုက်နာပါမည်’ ဆိုတဲ့ စကားလုံးနဲ့ ပြောင်းပေးဖို့ သမ္မတဆီ အကြံပြုစာ တင်ထားပါတယ်။ သမ္မတ က တဆင့် အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို တင်မှာပါ။ ဒီ ၂၃ ရက်နေ့ကို မမီရင်လည်း မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” ဟု NLD
ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းတင်က ပြောသည်။

တတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပရန် ရှိသည်။
dsmetuwt
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးဝင်းတင်နှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား ပါတီရုံးချုပ်တွင် ဧပြီလ ၁၈ ရက်နေ့ကပြုလုပ်သည့် သက်ကြီးပူဇော်ပွဲ၌ တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

NLD သည် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ၄၃ နေရာ အောင်နိုင်ပြီးနောက် လွှတ်တော်တက်မည်၊ မတက်မည်ကို နိုင်ငံရေးအသိုင်းအဝိုင်းနှင့် မီဒီယာများမှ အမျိုးမျိုးဝေဖန် ခန့်မှန်းလျက်ရှိစဉ် သောကြာနေ့က မီဒီယာများသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရန် စာသားအား ပြင်ဆင်ပေးရန်မှာ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနှင့် မသက်ဆိုင်ကြောင်း ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းအား နေပြည်တော်ရှိ အဆိုပါခုံရုံးက ကြာသပတေးနေ့တွင်
ခေါ်ယူပြောကြားလိုက်သည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ဆိုသည်။

“အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါ့မယ် ဆိုတာကို လက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ အဲဒါကြောင့် အဲဒီကိစ္စ ဆက်ပြီးတော့ ဖြေရှင်းနေရတာ။ အဲဒါကြောင့် သွားဖို့ကိစ္စ မသိသေးပါဘူး။ အခြေခံဥပဒေကို လေးစား လိုက်နာပါ့မယ် ဆိုတဲ့ စကားလုံးကို နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေရင် ကျနော်တို့ တက်မှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတရုံးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ ထပ်မံ စာတင်ရန်အတွက် ပြင်ဆင်နေပြီး တနင်္လာနေ့ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း ဇဗ္ဗူသီရိမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောသည်။

“ကျမတို့ အစိုးရနဲ့ ညှိထားတဲ့ ကိစ္စလေး အစိုးရဘက်က ဘာမှ အကြောင်းမပြန်သေးဘူး ဖြစ်တဲ့အတွက် ကျမတို့ ၂၃ ရက်နေ့ကို လွှတ်တော်တက်ဖို့ မမီပါဘူး”ဟု ပြောသည်။

အနိုင်ရ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ သင်တန်းကို ကြာသပတေးနေ့မှ စ၍ ရန်ကုန်ရုံးချုပ်တွင်
ဆွေးနွေးနေကြပြီး ယနေ့မှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ လေ့လာခဲ့ကြသည်ဟု ဒေါ်စန္ဒာမင်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် အခြေခံဥပဒေအား လေးစားလိုက်နာပါမည် ဟူသော ပြင်ဆင်ချက်ကြောင့် ပါတီပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

NLD အနေဖြင့် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား ပြင်ဆင်ရေးအပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထုအား ပြောဆိုထား သည်။

Monday, April 16, 2012

ဆယ်ကျော်သက် နှင့် ဖောက်ပြန်ခြင်း

From : ခိုင်လေး(ရွှေတောင်)
အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်ရင် ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စကားပြောချင်စိတ်မရှိအောင်ဖြစ်နေသည်။
အကောင့်ထဲက အသက် 18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါသည်။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို စောင့်နေချိန်မှာ ခိုင်လေးအိမ်ဖုန်းသို့ ဖုန်းသံလေးမြည်လာပါသည်။
ဇာဇာ ဆီမှဖြစ်နေသည်။ ခိုင်လေး ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကျမို့ ခါတိုင်းလိုပဲ ထင်ပြီး ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရသည်။
ခိုင်လေး စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားသည်။အကျိုးကြောင်းကို သေချာ ချော့မေးမှ သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါသည်။
ဇာဇာက နယ်မြို့လေးတစ်မြို့ အင်တာနက်ဆိုင် လေးဖွင့်ထားသူတစ်ယောက်ပါ။ သူအမျိုးသားက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ယောက်ပေါ့။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ များပါသည်။ ဒီမှာ မြန်မာပြည်က အသက် 18နှစ်သာ ရှိသေးတဲ့ သဲ ဆိုတဲ့ ကလေးမလေးနဲ့ ချစ်ဇာတ်လမ်းတွေ ခင်းနေပါသည်။ ကောင်မလေးက လူပျိုလို့ထင်နေတာလား......အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။
ယောကျာ်းကိုလဲ အတင်းကျပ်မပြောရဲ ကောင်မလေးကို ပြောဖို့လဲ အင်အားတွေ မဲ့စွာ ခိုင်လေးဆီ အားကိုးတကြီး အကူညီလှမ်းတောင်း
ခဲ့ပါသည်။ ဇာဇာကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါသည်။
ညနေရုံးကပြန်လာတာနဲ့ ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်ပါသည်။
သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါသည်။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့
ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ်...မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊
သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုသွားဆိုတာတွေ စုံအောင်ပြောပြထားတာတွေကို ဖတ်လိုက်ရပါသည်။ လိုရင်းကတော့ မလေးလာဖို့
ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေတာပါဘဲ။ ဒါကို မိသားစုနဲ့ဝေး အထီကျန်ဆန်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီး
ဖောက်ပြန်ခြင်း လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီးပလီပလာတွေ ပြောနေကြတာတွေကို ဖတ်ရတဲ့ ခိုင်လေးတောင် အတော်ကို စိတ်ပျက်မိနေရင် ဇနီးမယားတစ်ယောက် ဖြစ်တဲ့ ဇာဇာ ရင်ထဲက အပူမီးကကို တင်စားဖွယ်
စကားလုံးမရှိနိုင်ပါဘူး။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။ ခိုင်လေးလဲ ခပ်တည်တည်နဲ့
*သဲ *လို့ ခပ်တည်တည် ခေါ်လိုက်သည်။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာပါသည်။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့
စကေားပြောကြည့်မလို့ပါဘဲ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားတာနဲ့ တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့သည်။
ဒီမှာဘဲ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် အောက်တန်းကြလှတဲ့ မိန်းကလေး
ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါသည်။
*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*ပါလို့ ခိုင်လေးဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါသည်။ ခိုင်လေး ထင်ခဲ့တာက ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်မယ်....ပတ်သတ်မိမယ်ပေါ့....ခိုင်လေးက အခြေနေမှန်ကို ပြောလိုက်လို့ သိလိုက်ရချိန်မှာ
အံ့သြတုန်လှုပ်သွားမယ်.....တစ်ကယ့်လက်တွေ့ကြားလိုက်ရတာတွေက တစ်ခြားဆီပါဘဲ။ တော်တော်ကိုဆိုးပါသည်။ဘုရားတောင်တမိ
တယ်ဆို ပိုတယ်လို့ ထင်ပါလိမ့်မည်။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါသည်။ သူပြန်ပြောလိုက်တာလေးကတော့
*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။
စိတ်လဲ မ၀င်စားဘူး.........တစ်ခါမှလဲ ကို ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်
သဲ သေချာမမှတ်မိဘူး........မမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ* ခိုင်လေး ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည်။ နောက်ဆုံးပြန်လိုက်မိတာလေးကတော့* ဟုတ်ပါတယ်ကွယ် .....မမ က နိုင်အောင်ထိန်းရအောင်
သူက ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ* လို့ရေးပြီးတာနဲ့ အကောင့်ကို
ပိတ်ခါ ဇာဇာဆီပါတစ်ခါတည်းဖုန်းခေါ်လိုက်မိပါသည်။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိပါသည်။ ဘာလဲဆိုတော့
ဇာဇာ မလေးကို လိုက်သွားချင်သွား...မသွားချင်ရင် မြန်မာပြည်ကိုသာ နင်အမျိုးသားကို ပြန်ခေါ်ထားလိုက်တော့လို့ ပြောပြလိုက်ပါ
သည်။
ညဘက်ရောက်တဲ့ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောတဲ့ အကောင့်ထဲက စကားလုံးတွေက မျက်လုံးထဲမှာ တစ်ဝဲ၀ဲလည်နေမိပါ
သည်။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါဘဲ။
ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို
စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင်
စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိနေပါသည်။ ကောင်းကျိုး ၊ ဆိုးကျိုး 50 ...50 ဆီ ဖြစ်နေပါသည်။ သဲဆိုတဲ့
ခေတ်ပညာတတ် 10 တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေ
ရတာလဲ....ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေပြောင်းနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကို တန်ဖိုးထားရမယ်
ဆိုတဲ့ စံချိန်စံညွှန်းကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေ
တိုးတက် ပြောင်းလဲလာသည်။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။ မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။
*အမှုတွေကို ပြုလုပ် နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါသည်
ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါသည်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို
လူတိုင်း သုံးနေကြပါသည်။နည်းပညာတွေ တိုးတတ်စေသည်။...သတင်းအချက်လက်တွေ ချက်ချင်းသိရပါသည်။
.အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ
အထီကျန်မှုတွေကို ပြေပျောက်စေပါသည်။.............ဒီထိတော့ ကောင်းနေသေးသည်။...ဒီထက် မထိန်းချုပ်
နိုင်တဲ့ အခါမှာတော့ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ ....အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်က
စကားလုံးတွေထဲမှာ သာယာလာကြသည်။.....စကားလုံးတွေကို မျှော်တတ်လာကြသည်။....ဒီမှာ အစပြု လာတော့တာပါဘဲ။
နောက် ပေါ့ပျက်ပျက် အတွေးတွေ ၀င်လာကြသည်။....ငါတို့ အဝေးရောက်နေတာ ဒီထဲက စကား ပြောရုံနဲ့ ဖောက်ပြန်တယ်
မမည်ပါဘူးဆိုတဲ့ အတွေးမှားတွေ တွေးမိကြပါတော့သည်။.
..အိမ်က မိန်းမတွေ .... အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်တဲ့ အတွေး
တွေ စတင်ဝင်ရောက်လာကြသည်။..........ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပါသည်။
မိန်းကလေးတွေကို အဓိက ပြောချင်မိပါသည်။....ဘယ်သူနစ်နာသွားပါသလဲ.........သေချာတွေးကြည့်ပါ။ အချိန်တန် ငွေပို့တာ
မိမိတို့ ဇနီးမယားတွေဆီကိုပါဘဲ..........တကယ်တမ်းကျ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို
ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပါသည်။ ..ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။
ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။ အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်....

Friday, April 13, 2012

လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေး သမ္မတနှင့် ဒေါ်စုတွေ့ဆုံ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၁ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းတို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမတွင် တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောသည်။ အဆိုပါတွေ့ဆုံမှုမှာ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီခွဲထိ တနာရီခွဲ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တို့ လွှတ်တော်အတွင်း မည်သို့ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို သွားရောက် ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အတွက် တည်းခိုရာဟိုတယ်မှ ထွက်ခွါလာသော ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo::AFP) “အကြမ်းမျဉ်းပဲ သိတယ်။ NLD အနေနဲ့ လွှတ်တော်ထဲဝင်တဲ့အခါမှာ လွှတ်တော်ထဲမှာ အဆင်ပြေပြေနဲ့ နိုင်ငံတော် သမ္မတ၏ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေ လုပ်နိုင်မလဲ၊ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးကြဖို့ တွေ့တာပါ။ အဲတော့ အဲဒါတွေပဲ ဆွေးနွေးမှာပါ”ဟု မဇ္စျိမကို ပြောသည်။ ပါတီအတွင်း ကြိုတင် ဆွေးနွေးညှိနှိုင်းခဲ့သဖြင့် ယင်းကိစ္စ များသာ ဆွေးနွေးမည်ဟု သူက ဆိုသည်။ NLD ပါတီမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ တက်ရောက်ရမည် ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် အလွန်အရေးကြီးသည့် တွေ့ဆုံမှုဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စအပြင် ပါလီမန်ရေးရာ ကိစ္စများလည်း ဆွေးနွေးဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ကိုးကား၍ CBC သတင်းဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။ သြစတြေးလျ အသံလွှင့်ဌာန ABC ကမူ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုအတွင်း ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများ ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရတွင်း ဝန်ကြီးရာထူး လက်ခံ ရယူလိမ့်မည် မဟုတ်ဘဲ အကြံပေးအဆင့်နေရာကိုမူ လက်ခံ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ထုတ်ဖော် ပြောကြား ဖူးသည်ဟု မှတ်ချက်ပေး ရေးသားထားသည်။ ယခုနေပြည်တော် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးခွန်သာမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား နေ့လည်စာ တည်ခင်း ဧည့်ခံခဲ့ သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၄ဝ တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင်းက ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ဖူး သော်လည်း ထိုစဉ်က NLD ပါတီမှာ တည်ဆဲဥပဒေ ပြင်ပတွင် ရှိနေခဲ့သည်။

Wednesday, April 11, 2012

လူထုအင်အားကသာ နိုင်ငံ့အရေးကို ဆုံးဖြတ်. by Lwin Aung Soe on Tuesday, April 3, 2012 at 9:56pm · . လူထုအင်အားကသာ နိုင်ငံ့အရေးကို ဆုံးဖြတ် မြစ်ဆုံအရေး လူထုအင်အားပြပွဲ ထပ်လုပ်ရဖို့ ဖြစ်လာပြန်ပါပြီ... ကောင်းတယ်လို့ပဲ မှတ်ချက်ပေးရပါမယ်။ လူထုအင်အားပြပွဲတွေကို များများလုပ်လေ လူထု နိုးကြားလေ…. ညီညွတ်လေ…. လူထုအင်အား ပိုကောင်းလာလေ…. ပါပဲ...။ (ဆက်စပ်သတင်း - ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..) တကယ်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ တနိုင်ငံလုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆိုတာတွေမျိုးဟာ အစိုးရက ကြီးကြပ်ပြီး ဥပဒေတွေ၊ စာအုပ်ကြီးတွေနဲ့ဆိုရင် လက်တွေ့မှာ အလုပ်ဖြစ်ဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ လူထုလိုလား တောင်းဆိုချက်နဲ့ လက်တွေ့ကျကျ လုပ်ကြည့်ပါ။ အောင်မြင်နိုင်စရာ ရှိမယ်လို့ ထင်ပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်နေဦးတော့၊ တိုင်းပြည်စနစ် ဘယ်လောက်ပဲ ကောင်းနေဦးတော့၊ တိုင်းပြည်ခေါင်းဆောင် ဘယ်လောက်ပဲ တော်နေစေဦးတော့…. ပြည်သူလူထု မကြည်ဖြူသမျှ၊ စိတ်ဝင်စား နိုးကြားမှု မရှိသမျှ၊ မထောက်ခံသမျှ၊ လူထုအကျိုးစီးပွား မပါသမျှ ဘယ်တော့မှ ရှောရှောရှူရှူ အောင်မြင်မှာ မဟုတ်ပါဘူး။ ဥပမာ- အနုမြူ ဓါတ်ပေါင်းဖို တည်ဆောက်မယ် ဆိုပါစို့။ လူထုဆန္ဒ ခံယူပွဲ လုပ်သင့်တယ်။ လုပ်ကြည့်ပါ။ ဘယ်လိုအဖြေမျိုး ထွက်လာမလဲ.. “လက်မခံပါဘူး” ဆိုတဲ့အဖြေ ထွက်လာမှာကို ပြည်သူ အတော်များများက ခန့်မှန်းနိုင်ကြပါလိမ့်မယ်။ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို သမ္မတကိုယ်တိုင် နှုတ်က ဖွင့်ဟ ပြောဆိုပြီး ဖြစ်ပါတယ်။ လူအတော်များများကလည်း ပြောဆိုဆွေးနွေးကြတာ တွေ့ရပါတယ်။ ခက်ခဲတယ်လို့လည်း ပြောကြသလို မဖြစ်နိုင်ဘူးလို့ ထင်မြင်ချက် ပေးသူတွေလည်း ရှိကြပါတယ်။ လူထု မပါရင် မအောင်မြင်နိုင်တာ အမှန်ပါပဲ။ တပ်မတော်နဲ့ ပြည်သူကို တစည်းတလုံးတည်း ပဉ္စမ မဏ္ဍိုင်အဖြစ် သမ္မတက လမ်းကြောင်းတည့်ပေးပါတယ်။ ဒီမဏ္ဍိုင် မအောင်မြင်နိုင်စရာ မရှိဘူးလို့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင် နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ ပြည်သူတွေနဲ့ လက်နက်ကိုင် နိုင်ငံ့ဝန်ထမ်း ဖြစ်နေသူအချင်းချင်း ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ လူမှန် နေရာမှန်သာ ရှိနေကြရင် ကျိန်းသေပေါက် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီလိုပါဝင်ကြရာမှာ နေရာကောင်းရဖို့ လုနေတာမျိုး မဖြစ်စေရပါဘူး။ လက်တဘက်ရဲ့ လက်ချောင်း ၅ ချောင်းလို သူ့နေရာနဲ့သူ အသုံးကျလို့ မှန်မှန်ကန်ကန် နေရာပေးတဲ့၊ နေရာယူတဲ့ စိတ်သဘောထားကို ခံယူတတ်ဖို့သာ အရေးပါဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ လက်မ နေရာမှာ လက်သန်းကို သွားတပ်လို့လည်း မရသလို လက်ညှိုးနဲ့ လက်သူကြွယ်ကိုလည်း နေရာပြောင်းထားလို့ ဘယ်တော့မှ အလုပ်မဖြစ်နိုင်ပါဘူး။ သူ့နေရာနဲ့သူ သဘာဝအတိုင်း ရှိနေတဲ့ လက်ချောင်း ၅ ချောင်း ရှိနေရင် လုပ်နေကျ အလုပ်မှန်သမျှ အခက်အခဲမရှိ လုပ်လို့ ဖြစ်သွားတာ လူတိုင်း သိကြပါတယ်။ တကယ်လို့ လက်ချောင်း ၅ ချောင်းကို စုစည်း ဆုပ်မိထားရင် တစုံတခုကို သန္နိဌာန်ချ လုပ်ဆောင်ဖို့ အားတင်းလိုက်တာဖြစ်သလို တကယ်လို့ အခြားရန်သူ ရှိနေရင်တောင် ဘယ်ရန်သူကိုမဆို ခုခံတိုက်ခိုက်နိုင်မယ့် ရဲစွမ်းသတ္တိကို မွေးထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ တိုင်းပြည်အင်အားတွေကို စုစည်းနိုင်ဖို့ ဆိုတာ စနစ်အပေါ်မှာ၊ ခေါင်းဆောင်ကောင်းအပေါ်မှာ၊ ထောက်ခံ အားပေးသူတွေအပေါ်မှာ မူတည်ပါမယ်။ ဒီ ၃ ချက် ပြည့်စုံတဲ့ မိသားစု၊ အဖွဲ့အစည်း အကြီး-အသေးတွေ အောင်မြင်နေကြတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတခုကို စုစည်း တည်ဆောက်ရာမှာလည်း ဒီသဘောကိုသာ အခြေခံရပါလိမ့်မယ်။ အစိုးရကိုယ်တိုင်၊ နိုင်ငံရေးပါတီတွေကိုယ်တိုင်က လူထုအင်အားကို အထင်သေး မနေသင့်ပါဘူး။ လူထုအင်အားဟာ အခွန်ကောက်ဖို့၊ လိုရင် ခိုင်းဖို့ သက်သက်အတွက် မဟုတ်ပါဘူး။ တိုင်းပြည်ကို ကိုယ်တိုင် တည်ဆောက်တဲ့ အင်အားပဲ ဖြစ်ပါတယ်။ လူထုအပေါ် ဒီလိုအမြင် ထားရှိရပါမယ်။ အစိုးရ ဆိုတာ အစိုးရအလုပ်ကိုပဲ လုပ်တယ်လို့ ပြောကြပါတယ်။ အစိုးရရဲ့ အလုပ်ထဲမှာ အဦးဆုံးအနေနဲ့ အင်မတန် အရေးကြီးတာကတော့ လူထုအပေါ်ထားရှိတဲ့ အမြင်ပဲ ဖြစ်ပါတယ်။ လူထုအပေါ် အမြင်တိမ်းစောင်းခဲ့သူတွေဟာ နှစ်ပေါင်း ၅ဝ ကြာအောင် နိုင်ငံ့အာဏာကို ချုပ်ကိုင်ခဲ့ကြလို့ တိုင်းပြည် ဘယ်လောက်တောင် ဆုတ်ယုတ် ပျက်စီးသွားခဲ့ရတာကို ကြည့်လိုက်ပါ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမဆို လက်ညှိုးထိုးမလွဲ ရှိနေပါတယ်။ လူထုအင်အားကို မမှန်မကန် သုံးသပ် စီမံမိခဲ့တဲ့ မဟာအမှားကြီးကြောင့် ပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုအင်အားကို အခြေပြုပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ယူသွားတာ တကယ်ကောင်းတဲ့ သမိုင်းဝင် နမူနာ ဖြစ်ပါတယ်။ လွင်အောင်စိုး ဧပြီ ၄ ရက် ၂ဝ၁၂ ခုနှစ် ................

Tuesday, April 10, 2012


NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဝန်းရံပေးခဲ့တဲ့အနုပညာရှင်းများအားမဟာသင်္ကြန်ဖျော်ဖြေခွင့်ပိတ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အချို့သောအနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်ကြောင်းသတင်းရရှိသည်။

ကျမ တို့အတွက်တော့ ရိုးနေပါပြီ ..ခဏခဏ ပိတ်ခံရလွန်းလို့ .....ဒါပေမဲ့
အရင်စစ်အစိုးရ လက်ထက်တုန်းက ဒီလိုဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်လို့ရပေမဲ့ အခုလိုdemocracy ဖော်ဆောင် နေပါပြီ ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီလို အကျင့်စိတ်တွေ ရှိ နေသေးဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေမပြောင်းလဲသေးဘူးဆိုတာ သက်သေပြလိုက်တာဘဲ....
လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဝန်းရံပေး သူတွေကို လက်မခံနိုင်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုလက်မခံနိုင်သေးတာဖြစ်တယ် လို့ယူ ဆပါတယ် အပြင်းအထန်ကန့်ကွက်ပါတယ်
ကျမသိရသလောက် မီးမီးခဲ ထူးအယ်လင်း ဘရိတ်ကီ လင်းလင်း................(တေးသံရှင်သံသာဝင်း)
သင်္ကြန်မှာသီချင်းမဆိုရပေမယ့်..............ပျော်ပါတယ် (သျှီ)


__._,_.___

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင်း ဆက်လက်ကြိုးပမ်းသွားမည်

နိုင်/ကျဉ်း လွတ်မြောက်ရေး အမတ်သစ်များ မဆိုင်းမတွ ဆက်လုပ်မည် ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ် . ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များက လွှတ်တော်တွင်း ဆက်လက် ကြိုးပမ်းသွားကြမည်ဟု ပြောသည်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ယခင်က တောင်းဆိုခဲ့သလို၊ လွှတ်တော်အတွင်းမှာလည်း မဆိုင်းမတွ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။ “ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်သူမှ မထားသင့်တော့ပါဘူး။ မန္တလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်သေးတယ်။ ဒီ နိုင်ငံရေး အကျဉ်းသား လွတ်ရေးက တစိုက်မတ်မတ် တောင်းဆိုခဲ့တာပဲ။ လွှတ်တော်ထဲ ရောက်ရင်လည်း အခွင့်သင့် အခါသင့်တာနဲ့ တပြိုင်နက် တောင်းဆိုမှာပဲ။ ဦးတို့ဘက်က လွှတ်တော်ထဲမှာ မဆိုင်းမတွ တောင်းဆိုရမှာပါ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင် က မဇ္ဈိမကို ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ အရွေးချယ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်အား မန္တလေး ဒေသခံများက ကြိုဆိုဂုဏ်ပြုနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) NLD အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ရသည့် အဓိက ရည်ရွယ်ချက်ထဲမှ တရားဥပဒေစိုးမိုးရေး အောက်တွင် အဆိုပါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပါဝင်နေသဖြင့် လွှတ်တော်အတွင်း အတိုင်းအတာ တခုထိ ပြောဆိုလာနိုင်မည်ဟု မျှော်လင့်နေသည်ဟု ဆိုသည်။ ပုဗ္ဗသီရိမြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် လွှတ်တော်သို့ မတက်ရောက်မီ ဥပဒေဆိုင်ရာ စာအုပ်များကို လေ့လာ နေသော နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဖြိုးဇေယျာသော် ကလည်း “ရှေ့မှာလုပ်တဲ့ အလုပ်တွေနဲ့ နောက်မှာ ရှိနေသေးတဲ့ ဥပဒေတွေကို နားလည်ချင်လို့ ဥပဒေတွေကို လိုက်လေ့လာနေတယ်။ ထောင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ အကိုတွေ၊ အမတွေ အကုန်လုံးကို အကျဉ်းထောင်ထဲကနေ အမြန်ဆုံး ပြန်လွတ်စေချင်တယ်။ ဒါပေမယ့် အရင်တုန်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူအနေနဲ့၊ အခု ပါတီတရပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ လုပ်ဆောင်ပုံကတော့ ကွာသွားမှာပါ”ဟု မဇ္စျိမကို ပြောသည်။ မြန်မာနိုင်ငံအတွင်း ကျင့်သုံးနေသော အချို့ဥပဒေများသည် ခေတ်နှင့်မညီသည့် ဥပဒေများ ရှိနေကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြောသည်။ မိထ္ထိလာမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းထိန် ကလည်း ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် လွှတ်တော်တွင်း လုပ်ဆောင်သွားမည်ဟု ပြောသည်။ “နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ မလွဲမသွေ ပြောဆိုရမှာပါ။ သို့သော် လွှတ်တော်အတွင်း ဘာတွေ ပြောမယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်ချက်ကို ယူပြီးတော့မှ လွှတ်တော်မှာ အလုပ်လုပ်ကြမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။ ဧပြီလ ၁၉ ရက်နှင့် ၂ဝ ရက်များတွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရုံးချုပ်သို့ စုဝေး၍ လွှတ်တော်အတွင်း တင်ပြမည့် အချက်အလက်များ အသေးစိတ်ကို ပြန်လည် ဆွေးဆွေးကြမည် ဖြစ်ကြောင်း သိရသည်။ NlD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၄၃ ဦးထဲမှ ၃ဝ ခန့်သည် ယုံကြည်ချက်ကြောင့် ထောင်ဒဏ် အပြစ်ပေးကျခံခဲ့ရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၉၅၉ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှတ်တမ်းများက ဆိုသည်။ နိုင်ငံရေးအကျဉ်းသား ၄၉၄ ဦးသည် အမှုတွဲများဖြင့် အခိုင်အမှာ စာရင်းပြုစုထားပြီး ကျန် ၄၆၅ ဦးကို အတည်ပြုရန် စစ်ဆေးနေဆဲ ဖြစ်၍ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၉၅၉ ဦးရှိနေသေးသည်ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္ဈိမကို ပြောသည်။ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား အရေအတွက် ကွဲလွဲမှုများ ရှိနေရာ NLD ပါတီ၏ ဇန်နဝါရီ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော် ကျန်နေသေးသည်ဟု သိရသည်။ NLD အနေဖြင့် မတရားသင်းဥပဒေ အပါအဝင် ဖောက်ခွဲရေးမှုများဖြင့် စွပ်စွဲခံရပြီး ပြစ်ဒဏ်ကျခံနေရသူများလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် ထည့်သွင်း သတ်မှတ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။ “ဖောက်ခွဲတယ်လို့ စွပ်စွဲခံရသူတွေ၊ ဘုန်းကြီးအရေးအခင်းတုန်းက ပါဝင်ခဲ့တဲ့သူတွေ ၁၇ (၁)၊ ၁၇ (၂) တောင်ငူ ဘက်မှာ ဖမ်းခံရသူတွေ၊ နောက်ကျနော်တို့ ၅ (ည) ဘာညာနဲ့ အစွဲခံရတဲ့ အရေးပေါ် အက်ဥပဒေပုဒ်မ၊ နောက် ၅ဝ၅ နိုင်ငံတော် ကို အကြည်အညိုပျက်အောင် လုပ်တာ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က ထည့်ပါတယ်။ နောက် အားပေးကူညီတယ်ဆိုပြီး ဖမ်းတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားထဲ ထည့်ပါတယ်” ဟုဆိုသည်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင်း အရေးဆိုမှုများလည်း ယခင်က ရှိခဲ့ဖူးသည်။ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ သင်္ကန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုအား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား အစိုးရအဆက်ဆက်က ဖမ်းဆီးထောင်ချခဲ့လေ့ရှိသော ဥပဒေ၊ အမိန့်များအား ပြင်ဆင်၊ ပယ်ဖျက်ရေးအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။ “တစ် ၁၉၅ဝ ခုနှစ်က အရေးပေါ်စီမံချက် ဥပဒေ၊ (၅) ည တို့ဘာတို့ပေါ့ဗျာ၊ အဲဒါကို ဖျက်သိမ်းမယ်။ ပထမဆုံးလုပ်မယ့် အလုပ်က အဲဒီဥပဒေကို ပယ်ဖျက်ဖို့။ နောက်ဒုတိယက သိပ်ပြီးတော့ ဆိုးဝါးတဲ့ တရားရုံးမတင်ဘဲ စစ်ဆေးပြီးတော့ ၅ နှစ်ကြာ ချုပ်ထားတဲ့ဟာပေါ့။ နိုင်ငံတော် နှောက်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေပေါ့။ အဲဒါတွေကို ဖျက်ပစ်မယ်ဆိုတဲ့ သဘောထား ဒီနေ့အထိရှိတယ်။ ပြည်သူလူထုနဲ့ အများအကျိုး ထိခိုက်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်မယ်။ ပြင်မယ်” NLD ၏ ဥပဒေရေးရာကော်မတီ ခေါင်းဆောင် ဦးတင်ဦး က ပြောသည်။ ၂ဝ၁၁ စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အဆိုပါ ဥပဒေပြင်ဆင်မှုနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။ “ကျနော့်အနေနဲ့တော့ ၁၉၅ဝ ပြည့်အရေးပေါ် စီမံချက် ဥပဒေ ရုတ်ပေးဖို့ တင်ခဲ့တယ်။ အကျဉ်းသား လွှတ်ပေးဖို့ တင်ခဲ့တယ်။ လွှတ်ငြိမ်းချမ်းသာခွင့် တင်ခဲ့တယ်။ ကျနော် အဲတုန်းက ၈ မဲပဲ ရတယ်” ဟု ၎င်း၏ အတွေ့အကြုံအား ပြန်ပြောင်း ပြောပြသည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် မတရားသင်းဟူ၍ မရှိသင့်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် နေပြည်တော် ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၃၄၃ ဦးဖြင့် ၅၂.၃ ရာခိုင်နှုန်း ရှိနေဦးမည်ဖြစ်ကာ တပ်မတော်သားကိုယ်စားလှယ် ၁၁၆ ဦးဖြင့် ၂၅ ရာခိုင်နှုန်း ရရှိထားမည် ဖြစ်သည်။ NLD မှ ၆.၄ ရာခိုင်နှုန်းအဖြစ် ၄၂ ဦး ရှိကာ ကျန်ပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များက ၁၆.၃ ရာခိုင်နှုန်းအဖြစ် ၁ဝ၅ ဦး ရှိနေမည် ဖြစ်သည်။
ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်တွင် အိမ်ဖော်မိန်း ကလေးတဦးအား အိမ်ရှင်က ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှု သတင်းများ အင်တာနက် စာမျက်နှာပေါ်တွင် ပေါက်ကြားလာပြီးနောက် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် (နရခ) က စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပဲခူးတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး အဖွဲ့ရဲ အရာရှိများက ပြောသည်။
မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ - Facebook)
အသက် ၁၅ နှစ်အရွယ် အိမ်ဖော် မိန်းကလေး တဦး၏ လည်ပင်းနှင့် ပုခုံးတို့တွင် အရေပြား စုတ်ပြဲဒဏ်ရာများ ရရှိထားပုံကို အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့ လာပြီးနောက် စုံစမ်းစစ်ဆေးရန် ဖိအားပေးလာခြင်းဖြစ်ကြောင်း ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ တာဝန်ခံ ဒု ရဲမှူး ဦးရဲဝင်းအောင် က ဧရာဝတီသို့ ပြောသည်။
“နေပြည်တော်က ကျနော်တို့ကို မနေ့က နောက်ဆုံးတောင်းထားတယ်။ ကျနော်တို့က တင်ရမှာပဲ အပေါ်က စုံစမ်းခိုင်းတာကိုး။ ခုထိတော့ ကျနော်တို့ဘက်က မျက်မြင်တွေကိုပဲ မေးမြန်းထားတာပဲရှိသေးတယ်။ ကာယကံရှင်တွေနဲ့က တိုက်ရိုက်မရသေးဘူး။ ပြည့် စုံတာနဲ့တင်မှာပါ”ဟု ၎င်းက ပြောပြသည်။
ရဲ စစ်ချက်မှတ်တမ်းတွင် ယခင်လ ၂၅ ရက်နေ့က ပဲခူး ဥဿာမြို့သစ်ရပ်ကွက်တွင်နေထိုင်သူ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း ၏ ဇနီး ဒေါ်ဖြူဝင်းသက်မှ ၎င်းတို့ အိမ်တွင် အိမ်ဖော်အဖြစ်လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မအေးယုအောင် ကို မီးပူဖြင့် အနာတရဖြစ်စေသော လက်ရောက်ကျူးလွန်မှုကို မျက်မြင်များထံမှ စုံစမ်းသတင်းရရှိထားကြောင်း ရဲအရာရှိများက ပြောသည်။
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ ရဲအုပ် ဦးမောင်မောင်ဝင်း၊ တပ်ကြပ်ကြီး ဦးအောင်ကျော် လင်း တို့က ဒေသခံ မျက်မြင်များကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားသော်လည်း ကာယကံရှင်များကို စစ်ဆေးမှုများ ပြုလုပ်နိုင် ရန် တိုင်းတရားရုံးက စစ်ဆေးခွင့်အမိန့်စာ ထုတ်ပြန်ပေးရန် ဦးတိုက် လျှောက်ထားပြီး ဖြစ်ကြောင်း ရဲအရာရှိများ က ရှင်းပြသည်။
“ကာယကံရှင်တွေကို စုံစမ်းဖို့ မနေ့က ကျနော်တို့သွားတယ်။ တရားသူကြီးဆီမှာ တရားဝင်ခွင့်ပြုချက်တောင်းပြီးမှ မေးလို့ရမယ် ဆိုလို့ ကျနော်တို့က ဘာမှမေးလို့မရသေးဘူး ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့ ဆက်ကြိုးစားနေပါတယ်”ဟု ဒုရဲမှူး ဦးရဲဝင်းအောင် က ဆက်ပြောသည်။
ယင်း အမှုအား ကွင်းဆင်း စုံစမ်းခဲ့သော တပ်ကြပ်ကြီး ဦးအောင်ကျော်လင်း ကလည်း“နရခ ကို အခင်းဖြစ်စဉ်မှန်၊ မမှန်ဆိုတာကို ကျနော်တို့ က စုံစမ်းပြီးတော့ ရတဲ့အချက်တွေကိုတော့ ပို့ပေးထားပါတယ်။ အပေါ်က ညွှန်ကြားလာမှ ဘာဆက် လုပ်ရမလဲဆိုတာ သိရပါမယ်”ဟု ပြောသည်။
ယခုဖြစ်ရပ်သည် ပဲခူးမြို့ အမှတ် (၃) ရဲစခန်း နယ်မြေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အမှုဖွင့်တိုင်ကြားခြင်း၊ အကြောင်းကြားခြင်း များပြုလုပ်လာမှုမရှိကြောင်း၊ ထိုသတင်းကို ကြားသိပြီးနောက် ၎င်းတို့ ရဲအရာရှိများ ကွင်းဆင်း စုံစမ်းမှုများ ပြုလုပ်နေသကဲ့သို့ ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ ၏ စစ်ဆေးမေးမြန်းမှုများကိုလည်း ဖြေရှင်းပေးနေရကြောင်း အမှတ်(၃) စခန်းမှ စခန်းမှူး ဦးသိန်းဦး ကလည်း ပြောပြသည်။
ယခုအခါ အခင်းဖြစ်ပွားခဲ့သည့် နေအိမ်သည် သော့ခတ်ထားကြောင်း အိမ်နီးချင်းများနှင့် ဒေသခံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့မှာ မအေးယုအောင်အား ခေါ်ဆောင်ကာ နေရာပြောင်းရွှေ့သွားပြီဟု သတင်း များထွက်ပေါ်နေသော်လည်း လုပ်ဖော်ကိုင်ဖက် ရှေ့နေများနှင့် ရဲအရာရှိများက ပဲခူးမြို့ပေါ်တွင်ရှိပြီး ရုံးတက် နေကြောင်း ဧရာဝတီသို့ ပြောပြသည်။
မအေးယုအောင်နှင့် ပတ်သက်၍ အမှတ် (၃) စခန်းမှ စခန်းမှူး ဦးသိန်းဦး က ဦးအောင်ဖုန်းဝင်းအား ဆက်သွယ်မေးမြန်းရာတွင် ဇာတိ ကျောက်ကြီးမြို့နယ်ကို ပြန်ပို့လိုက်ကြောင်း အကြောင်းပြန်သည်ဟု ဆိုသည်။ သိုသော် မအေးယုအောင် အိမ်ပြန်ရောက် မရောက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။
မအေးယုအောင် အား လက်ရောက်ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် NEWDAY ဂျာနယ် သတင်း ထောက်တဦးက တရားသူကြီး ဦးအောင်ဖုန်းဝင်းကို သွားရောက် တွေ့ဆုံမေးမြန်းရာတွင်“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာမှာ ပြောစရာ ဘာမှမရှိဘူး”ဟု ငြင်းဆန်ခဲ့သည်။ မအေးယုအောင် ကိုလည်း တွေ့ခွင့်မရရှိခဲ့ဟု ဆိုသည်။
ပဲခူးမြို့ လူမှုကူညီရေးအသင်းမှ ကိုကြည်လင်းကလည်း အခင်းဖြစ်ပွားခဲ့သည့် နေအိမ်သို့ ရန်ကုန်အခြေစိုက် သတင်းစာဆရာများ လာရောက်စုံစမ်းမှုများပြုလုပ်လာပြီးနောက် ကာယကံရှင် မိသားစုများမှာ နေအိမ်အားသော့ခတ်ပြီး ပြောင်းရွှေ့သွားကြောင်း၊ မအေးယုအောင်၏ အခြေအနေ ဆက်သွယ်မရတော့၍ စိတ်ပူနေကြကြောင်း ပြောသည်။
“သတင်းမီဒီယာတွေက လိုက်လာတော့ ရှောင်ပြေးသွားတယ်။ ကောင်မလေးမိဘတွေဆီကို ပြန်ပို့လိုက်တယ်လို့ပြောပေမယ့် ဘယ် သူမှ အသေချာမပြောနိုင်ဘူး။ အခုဟာက အဆက်အသွယ်တွေက ပြတ်နေတယ်။ ကလေးမလေးအတွက် စိတ်ပူတယ်”ဟု ဦးကြည်လင်း က ဆိုသည်။
ပဲခူးမြို့နယ် တရားရုံးချုပ်ရှေ့နေတဦးကမူ “အခုဟာက တရားသူကြီးနဲ့ ပတ်သက်နေတော့ ရဲတွေလည်း မထိရဲမကိုင်ရဲ ဖြစ်နေ တာ ဗျ။ ရဲတွေကအစ ကြောက်နေကြတာ။ ဦးအောင်ဖုန်းဝင်း က ဒီမှာပဲရှိနေတာပဲ”ဟု ပြောဆိုသည်။
လည်ပင်းနှင့် ပုခုံးများတွင် အရေပြားစုတ်ပြဲဒဏ်ရာများရရှိထားသူ မအေးယုအောင် ဈေးဝယ်ထွက်ရာတွင် ရပ်ကွက်တွင်း နေထိုင် သူ တချို့က မေးမြန်းရာ အိမ်ရှင် ဒေါ်ဖြူဝင်းသက် မှ မီးပူဖြင့်ကပ်ကြောင်း သိရှိရသဖြင့် အာဏာပိုင်များသိရန် ဒေသခံများက ကြိုးစားခဲ့ကြပြီးနောက် ယခုကဲ့သို့ အိမ်သော့ခတ်သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ပဲခူးမြို့ လူမှုကူညီရေးအသင်းမှ ရိုက်ကူးထားသော ရုပ်သံဖိုင်တွင် ဒဏ်ရာများနှင့် ကာယကံရှင်ဖြစ်သည့် မအေးယုအောင် က “မီးပူ ပြန်တိုက်တော့ နည်းနည်းအိပ်ငိုက်သွားတယ်။ ငိုက်သွားတော့ သမီး မျက်နှာသစ်ပြီးပြန်တိုက်တယ်။ တိုက်တော့ ဒီအချိန်ထိ နှစ် ထည် ပဲပြီးသေးလား။ ကြာတယ်တဲ့။ မီတာခ တက်တယ်ဆိုပြီးတော့ သူ့ဘာသာသူ ယူတိုက်တယ်။ စိတ်မရှည်တော့ ယူတိုက်ပြီး တော့ သမီးကို မီးပူယူပြီးတော့ ကပ်တယ်”ဟု ပြောဆိုသည်။
မအေးယုအောင်သည် ပဲခူးတိုင်း ကျောက်ကြီး ဇာတိဖြစ်ပြီး ဖခင်သေဆုံးပြီးနောက် စီးပွားရေးကြပ်တည်းသဖြင့် အလုပ်ကိုင် ရှာဖွေရာတွင် လူပွဲစားများ၏ ပို့ဆောင်မှုမှတဆင့် တရားသူကြီး ဦးအောင်ဖုန်းဝင်း ၏ အိမ်တွင် အိမ်ဖော်လုပ်ကိုင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပဲခူးမြို့ လူမှုကူညီရေးအဖွဲ့မှ ကိုနေဝင်းက ပြောသည်။
“ကျနော်တို့ စုံစမ်းသမျှသိရတာက ကောင်မလေး အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အိမ်ကလည်း စားဝတ်နေရေး မပြေ လည် ရာကနေ အလုပ်ရှာရင်းနဲ့ ပွဲစားက လာပို့သွားတာလို့ သိရတယ်။ ခုလိုဖြစ်တော့ ဆွေမျိုးအစောင့်အရှောက်လည်း မရှိတော့ သတင်းဆက်ပြတ်တာပေါ့” ဟု ကိုနေဝင်း က ပြောဆိုသည်။

၈၈ မျိုးဆက်နဲ့ ကယန်းမျိုးဆက်သစ် လူငယ် ကြေညာချက် ထုတ်ပြန်

2012-04-10
တိုင်းရင်းသားဒေသတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ကရင်နီပြည်နယ် လူငယ်အဖွဲ့အစည်းတို့က ဒီကနေ့ သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ အချက် ၄ ချက်ကို သဘောတူဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။
တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
ကယန်းပြည်သစ်ပါတီက ကြီးမှူးကျင်းပတဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီး၊ လိပ်သိုမြို့နယ်ခွဲမှာရှိတဲ့ သောက်ရေခပ်ရွာမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။
အဲဒီပွဲကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများ အဖွဲ့ချုပ် အမှုဆောင်တွေ၊ ပြည်နယ်အစိုးရဝန်ကြီးတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားအကြောင်းနဲ့ ဒေသခံကယန်းလူမျိုးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့ လက်ကမ်းစာရွက် အာဏာပိုင်တွေ သိမ်းဆည်း

2012-04-09
ပြည်သူလူထု တန်ဖိုးနည်း ဖုန်းရရှိရေးနဲ့ လျှပ်စစ်မီး အပြည့်အဝ ရရှိရေးအတွက် တောင်းဆို လှုပ်ရှားမှုပြုတဲ့ Movement for Democracy Current Force (MDCF) ခေါ် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့ရဲ့ လှုံ့ဆော်မှု လက်ကမ်းစာရွက်တွေကို ဒီကနေ့မနက်က လှည်းတန်းဈေးရှေ့မှာ အာဏာပိုင်တွေက သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
RFA
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့က တန်ဖိုးနည်း ဖုန်းရရှိရေးနှင့် လျှပ်စစ်မီး အပြည့်အဝရရှိရေး တောင်းဆိုမှု ပြုလုပ်နေစဉ်။
သမ္မတဦးသိန်းစိန်ထံ လိပ်မူပြီး ပေးပို့တဲ့ တန်ဖိုးနည်းဖုန်း အမြန်ရရှိရေး၊ လျှပ်စစ်မီးများ ၂၄နာရီ အပြည့်အဝ သုံးစွဲနိုင်ရေး သမ္မတကြီးမှ လမ်းညွှန်ပေးပါရန်လို့ ရေးသားထားတဲ့ လက်ကမ်းစာရွက်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတို့ကို အရပ်ဝတ်နဲ့ အာဏာပိုင် ၆ ဦးက လှည်းတန်းဈေးရှေ့မှာ သိမ်းဆည်းသွားတာလို့ MDCF မှ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနိုင်လင်းက ပြောပါတယ်။
“သူတို့ကို မေးတဲ့အခါမှာ မပြောဘူး။ ရိုးရိုး အရပ်ဝတ်တွေနဲ့ပဲ။ မင်းတို့ ဘယ်အဖွဲ့ကလဲလို့ မေးပြီးတော့ သူကစာရွက်တွေ သိမ်းသွားတယ်။ လူတော့ဖမ်းတာ မရှိဘူး။ ဒီဥစ္စာလုပ်ရတာ လူတိုင်းလူတိုင်းမှာ တန်ဖိုးနည်းဖုန်းတွေကို ကိုင်ဆောင်နိုင်မယ်ဆိုရင် ပြည်သူတွေကြားထဲမှာလည်း ဒီဆက်သွယ်ရေးတွေ ကောင်းလာမယ်။ နောက်တစ်ခါ တောင်သူလယ်သမားတွေ ဒီဖုန်းတွေ ကိုင်နိုင်တဲ့အတွက် သူတို့ရဲ့ လယ်ကွက်လေး ယာကွက်လေးထဲက နေပြီးတော့ ဈေးနူန်းတွေကို စုံစမ်းနိုင်ပြီးတော့ အလျင်အမြန် သူတို့ရဲ့ကုန်တွေကို သူတို့ရောင်းချနိုင်မယ်။ နောက်ကုန်သည်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်ပြီးတော့ ချယ်လှယ်တဲ့စနစ်တွေကို ပပျောက်သွားမယ်ပေါ့ဗျာ။ ဒီဟာတွေကို ကျွန်တော်တို့ ရည်ရွယ်ပါတယ်”
ဒီလက်ကမ်းစာရွက်တွေကို လှည်းတန်းဈေး၊ သင်္ကန်းကျွန်းစံပြဈေး၊ သိမ်ကြီးဈေးနဲ့ ဘုရင့်နောင်ဈေးတို့မှာ MDCF အဖွဲ့ဝင်တွေက ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုလို အသိမ်းဆည်း ခံလိုက်ရတဲ့အတွက် MDCF ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်က-
“ကျွန်တော်တို့က သူတို့ဆွဲထားတဲ့ အခြေခံဥပဒေကို ကျင့်သုံးတာဗျ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျပ်အတည်းကို နိုင်ငံတော်သမ္မတ သိအောင်လို့ တရားဝင်စာလည်းပို့တယ်။ ပြည်သူတွေရဲ့အသံကိုလည်း ထုတ်ဖော်ပေးတယ်။ အဲဒါကို အတင်းအဓမ္မ ဒီပစ္စည်းတွေကို သိမ်းဆည်းခြင်းခံရတယ်။ ကျွန်တော် ပြောချင်တာကတော့ ပြည်သူတွေ မကြောက်ကြပါနဲ့။ ဒီကနေ့ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်အောင် ကျွန်တော်တို့ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေ ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါ။ မိမိတို့ အကျပ်အတည်း အခက်အခဲကို တောင်းဆိုကြပါ” လို့ပြောပါတယ်။
၂၀၀၈ခုနှစ် အခြေခံဥပဒေ အခန်း (၈) ပုဒ်မ (၅၄) မှာ ပြည်သူတွေကို လွတ်လပ်စွာ ထုတ်ဖော် ရေးသား၊ စီတန်း လှည့်လည်ခွင့်တွေ ခွင့်ပြုထားခဲ့ပေမယ့် ဒါတွေကို ဝန်ထမ်းအဖွဲ့အစည်းတွေ ဖြစ်တဲ့ ပြည်ထဲရေးအပါအဝင် အဖွဲ့အစည်းတွေက မဖတ်ကြဘူးလို့ ယူဆရတယ်လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဒီဇင်ဘာလ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံအတွင်း လျှပ်စစ်ကသုံးမကုန်လို့ ရောင်းစားနေရတယ်လို့ ပြောဆိုခဲ့တဲ့ စကားကို ဝန်ကြီးတစ်ယောက်အနေနဲ့ တာဝန်ယူရမှာ ဖြစ်ကြောင်း၊ ဒီကနေ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ ပြည်သူတွေ မှောင်မှောင်မဲမဲထဲမှာ နေနေရတဲ့အတွက် သမ္မတက အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်ကြောင်းလည်း ကိုထင်ကျော်က ပြောဆိုပါတယ်။

Saturday, April 7, 2012

စစ်တပ်၏ ဂုဏ်သိက္ခာကို ဗန်းပြကာ လိမ်ညာနေကြသော အရာရှိ စစ်သည်များ၏ အန္တရာယ်မှေ ရှာင်ရှားတတ်စေရန်

ဗိုလ်ကြီးစည်သူအောင်၏ဓါတ်ပုံ

ဧပြီလ ၇ ရက်နေ့ ၂၀၁၂

မြန်မာ့တပ်မတော်ထဲမှ လူပျိုအရာရှိ စစ်သည်တော်တစ်ချို့သည် ငယ်ရွယ်သော မြန်မာအမျိုးသမီး ကောင်မလေးများအား ရာထူး ဂုဏ်ရှိန် စစ်တပ် ဂုဏ်ရှိန် ကိုသုံး၍ သမီးရည်းစား ဖြစ်ပြီးနောက် လိမ်ညာဖြားယောင်းကာ ငွေကြေးရယူမှု ကာမလိမ်လည်မှုများ မကြာခဏ ဖြစ်ပေါ်ကြားသိ နေရပါသည်။

ယခုလည်း မြန်မာအမျိုးသမီး တစ်ဦးနှင့် နှစ်ရှည်လများ သမီးရည်းစား အဖြစ်တွဲလာပြီး နောက် အတည် ပေါင်းသင်းပါမည်ဟု ပြောဆိုကာ ကာမလိမ်လည် ရယူမှု ငွေကြေး ရယူမှုများပြုလုပ်ပြီး နောက်ပိုင်း၌ ၎င်းအမျိုးသမီးအား ဥပက္ခာပြုကာ တစ်ခြား အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန် စီစဉ်နေပါသဖြင့် ကာယကံရှင် အမျိုးသမီးမှ ယခုလိုရင်ဖွင့် ပြောဆိုခဲ့ပါတယ်။

ကာယကံရှင် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ငဲ့ညှာသော အားဖြင့် အမည်နာမကို ထည့်သွင်းခြင်း မပြုလုပ်ပါ။
မန္တလေးတိုင်း မိတ္ထီလာမြို့ မှ (မ --) နှင့် အမတ (၃၁၉) ကြည်းတပ်မှ ဗိုလ်ကြီးစည်သူအောင် (ကြည်း-
၄၄၆၉၅) တို့သည် ၁၁.၆.၂၀၀၈ ခုနှစ်တွင် စတင်၍ လူငယ်တို့ သဘာဝ သမီးရည်းစား အဖြစ်သို့ရောက်ရှိ ခဲ့ပါသည်။

ကာလ တစ်ခုကြာ လက်တွဲပြီးနောက် ဗိုလ်ကြီးစည်သူအောင် သည် (မ --)အား ဖြားယောင် သွေးဆောင်ကာ တရားဝင် ပေါင်းသင်း လက်ထပ်ယူပါမည်ဟု ပြောဆိုကာ သမီးရည်းစား အဆင့်ထက် ကျော်လွန်သော အဆင့်သို့ရောက်ရှိ ခဲ့ပါသည်။ သူမအနေဖြင့်လည်း အရာရှိ တပ်မတော် စစ်သားတစ်ယောက် ၏ တည်ကြည်မှု ၊ ကတိသစ္စာ ကိုယုံကြည်မှု တို့ကြောင့် လိမ်ညာနေမှန်း မသိပဲနှင့် အတည်ယူမည်ဟု ယုံကြည်ကာ ဗိုလ်ကြီးစည်သူအောင်၏ ပြောဆိုမှုများထဲ၌ အပျိုစင် ဘ၀ကို ဆုံးရှုံး သွားခဲ့ပါသည်။

(မ --) သည် (၂၄.၆.၂၀၀၉) ရက်နေ့တွင် ယခုလိုဆက်လက် နေထိုင်ရန်ဖို့ မသင့်တော်ကြောင်းနှင့် ပတ်ဝန်းကျင်တွင်လည်း သူမတို့နှစ်ယောက် အကြောင်းကို အားလုံးက သိနေသောကြောင့် ယူရန် ပြောဆိုသောအခါ ဗိုလ်ကြီးစည်သူအောင် အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှား နေခဲ့ပါသည်။ သူမထံမှလည်း ငွေကြေး (၁၁) သိန်းကျော် ယူငင်သုံးစွဲ ခဲ့ပါသည်။

၂၀၁၁ ခုနှစ် ၁၁ လပိုင်း လောက်တွင် အကြောင်းအမျိုးမျိုးပြ လမ်းခွဲဖို့ ကြိုးစား၍ အဆက်သွယ် ဖြတ်ကာ ရှောင်နေခဲ့ပါသည်။ ၎င်းထံလည်း ဖုန်းဆက်သောအခါ မရှိဘူးဟု ပြောဆိုခဲ့၍ တပ်ထဲသို့ သွားသော အခါတွင်လည်း မရှိဘူးဟု ပြောဆိုကာ ရှောင်နေခဲ့ပါသည်။ တစ်ရက်တွင် ဗိုလ်ကြီးစည်သူအောင် စေ့စပ်တော့မည်ဟု သတင်း ကြားသိရသောကြောင့် ၁၆.၂.၂၀၁၂ ၌ တပ်ထဲသို့ သွားခဲ့ရာ သူမရှိကြောင်း ပြောဆိုခဲ့ပါသည်။

၁၈.၂.၂၀၁၂ ၌သူ၏ အထက်အရာရှိ ဗိုလ်ကြီး ဇော်မျိုးသန့် ဆီသို့သွား၍ သူမနှင့် ဗိုလ်ကြီးစည်သူအောင်တို့ ပတ်သက်ခဲ့သည့် အကြောင်းကို ပြောပြရာ သူမကို ၎င်း ဗိုလ်ကြီးမှ ဘယ်လို ဖြစ်စေချင်တာလဲဟု မေးခဲ့သဖြင့် (မ --) က ဗိုလ်ကြီးစည်သူအောင် အနေဖြင့် အရာရှိ တပ်မတော် စစ်သားတစ်ယောက်ပီပီ ၎င်းပြုမှုခဲ့သမျှ အားလုံးအတွက် တာဝန်ယူရန်သာ လိုအပ်ကြောင်း ပြောဆိုခဲ့ရာ ဗိုလ်ကြီးဇော်မျိုးသန့်က ကူညီ၍ ညှိပေးပါမည်ဟု ပြောဆိုခဲ့ပါသည်။

၂၀.၂.၂၀၁၂ ရက်နေ့တွင် ဗိုလ်ကြီး စည်သူအောင်ကို ခေါ်၍ (မ--) နှင့်အတူ ချန်ပီယံ အအေးဆိုင်၌ လာတွေ့ ခဲ့ပါသည်။ ဗိုလ်ကြီးစည်သူအောင်က (မ -- ) ကို ဘာကိစ္စလည်းဟု မေးခဲ့ရာ (မ --) နှင့် စည်သူအောင်တို့ ပတ်သက်ငြိစွန်းခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် တာဝန်ယူ လက်ထပ်ရန် ပြောဆိုခဲ့ပါသည်။ ဗိုလ်ကြီး စည်သူအောင်က တာဝန်မယူနိုင်ဘူး တိုင်ချင်ရာကို တိုင်နိုင်တယ် ငါအရာရှိ စစ်ဗိုလ်တစ်ယောက် ဟု ပြောဆိုခဲ့ပါသည်။

ထို့အတွက်သူမကို ၂၂.၂.၂၀၁၂ ရက်နေ့တွင် အဖြေပေး အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ပါသော်လည်း ၎င်းနေ့တွင် မရောက်လာခဲ့ပဲ ၂၃.၂.၂၀၁၂ ရက်နေ့သို့ ထပ်မံ၍ ချိန်းဆိုခဲ့ပါသည်။ ထိုနေ့ နေ့လည် ၂ နာရီတွင် လမ်း၌ မတော်တဆ တွေ့ခဲ့သဖြင့် သူမက အကြောင်းပြန်ရန် ပြောဆိုသောခါ ဗိုလ်ကြီး စည်သူအောင် အနေဖြင့်ထိုနေ့က ပြောဆိုခဲ့သည်မှာ နောက်ပြောင်မှု သက်သက်သာ ဖြစ်သည်ဟု ပြောဆို ခဲ့ပါသည်။

၂၄.၂.၂၀၁၂ နေ့၌ ၎င်းနေထိုင်ရာ အဆောင်သို့ နံနက် ၆ နာရီသွားရောက် တွေ့ဆုံ၍ မေးခဲ့ရာ ဗိုလ်ကြီးစည်သူအောင်က မင်အခု လက်ရှိဘာဖြစ်နေလို့ ယူရမှာလဲဟု ပြောဆိုခဲ့ပါသည်။ (မ--) က အခုဘာမှ မဖြစ်ပေမယ့် အရင်က ဖြစ်ခဲ့တယ်ဟု ပြောဆို လိုက်ပြီးနောက် ညနေကျမှ လာရောက်၍ ထပ်မံ တွေ့ဆုံမယ်ဟု ပြောဆိုခဲ့ပါသည်။ နေ့လည် ၃နာရီ၌ ဗိုလ်ကြီး ဇေယျာပွင့်နှင့် ကန်သာယာအအေး ဆိုင်သို့ ချိန်းဆိုခဲ့ပြီး ၎င်းဗိုလ်ကြီးမှ အခုခေတ်ကြီးမှာ ဒီကိစ္စတွေဟာ မဆန်းဘူးဖြစ်၍ (မ --) ကိုနောက်ဆုတ် ပေးရန် နှမချင်း စာနာထောက်ရှု့မှုမပြုပဲ တပ်မတော် အရာရှိတစ်ယောက်အနေဖြင့် တာဝန်မဲ့စွာ ယခုလို ပြောဆို ခဲ့သည်။

၁၈.၃.၂၀၁၂ နေ့၌ ၎င်း၏ တပ်ရင်းမှူး နှင့် တပ်ရင်းမှူး ကတော်ကို သွားရောက်တင်ပြရာ လူငယ်ချင်း ပြေလည်အောင် ညှိနှိုင်းပါဟု ပြောဆိုခဲ့သော်လည်း ဗိုလ်ကြီးစည်သူအောင် အနေဖြင့် ညှိနှိုင်းခြင်း ဆွေးနွေးခြင်း မရှိခဲ့ပေ။သူ့အနေဖြင့် တစ်ခြားတွင် ပြဿနာရှိ၍ (မ--)ကို မယူနိုင်ပါဟု တာဝန် မဲ့စွာ ပြောဆို ခဲ့ပါသည်။ ၅.၄.၂၀၁၂ ရက်နေ့ (ယနေ့) တွင်လည်း ၎င်းတို့ တပ်ရင်းမှူးမှ (မ--) ကို ခေါ်တွေ့ကာ ဥပဒေ ကိုလက်တစ်လုံးခြား အသုံးပြုကာ အနုနည်းဖြင့် ဖြားယောင်း သွေးဆောင်ပြီး ကျေအေးကြောင်း လက်မှတ် ထိုးပေးရန် ပြောဆိုခဲ့သည်။

တပ်ရင်းမှူး တစ်ယောက်အနေဖြင့် မိမိတပ်ရင်းရှိ လက်အောက် ငယ်သားများကို ဖခင်တစ်ဦးကဲ့သို့ အုပ်ချုပ်ရန် တာဝန်ရှိသကဲ့သို့ ဖြစ်ပေါ်လာသည့် ကိစ္စရပ် မှန်သမျှအား တာဝန်ခံမှု တာဝန်ယူမှု ရှိစေရန် လေ့ကျင့်သင်ကြားပေးရမည့် တာဝန်ရှိပါသည်။ ထို့အပြင် ပြည်သူလူထု အရေး ကိစ္စရပ်များနှင့် ပတ်သက်လာခဲ့လျှင်လည်း တပ်မတော်မှ ပြဌာန်းထားသော စစ်စည်းမျဉ်း ဥပဒေ လုပ်ထုံးလုပ်နည်းများ အတိုင်း စစ်ဆေး မေးမြန် အပြစ်ပေးအရေးယူ တင်ပြပေးရန် နှင့် အထက် အဆင့်ဆင့်သို့ တင်ပြပေးရန် တာဝန်ရှိပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှလည်း တပ်မတော်သားများအနေဖြင့် ပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်ခဲ့လျှင် တိုင်ကြားနိုင်ကြောင်း ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းထားခြင်းရှိခဲ့ပါသည်။

ဗိုလ်ကြီစည်သူအောင် အနေဖြင့် ပျော်ဘွယ်မှ အခြားသော မိန်းကလေး နှင့် (၆.၄.၂၀၁၂) ရက်နေ့တွင် လက်ထပ်ရန် စီစဉ်နေသောကြောင့် ၎င်း နှင့် နှစ်ရှည်လများ တွဲခဲ့သော ကာယကံရှင် အမျိုးသမီးအနေဖြင့် လွန်စွာ နစ်နာလှပါသည်။ ရိုးသား ဖြူစင်လှသောမြန်မာ အမျိုးသမီးများ အနေဖြင့် ရာထူးဂုဏ် အရှိန်ဝါ ၊ စစ်တပ်၏ ဂုဏ်သိက္ခာကို ဗန်းပြကာ လိမ်ညာနေကြသော အရာရှိစစ်သည်များ၏ အန္တရာယ်မှ ရှောင်ရှားတတ်စေရန် ဖော်ပြလိုက် ရပါသည်။
ဒေါ်စုနဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိပ်တိုက်တွေ့ပြီ

အခြေခံဥပဒေမှာ စစ်တပ် ၂၅%ပါနေတာ ပြင်သင့်တယ်လို့ ဒေါ်စုကခံယူတယ်

ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောတယ်



ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဉ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခြေခံဥပဒေမှာ စစ်တပ် ၂၅%ပါရေးဟာ ၆၇ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တခု ဖြစ်တယ်

ပီးခဲ့တဲ့ (သူတို့အခေါ်) တပ်မတော်နေ့မှာ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဒီလိုပြောတယ်




ဒို့တပ်မတော် သားတွေက xxxxx နိုင်ငံတော်ရဲ့ အသက် သဖွယ်ဖြစ်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံသား အားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစား လိုက်နာ ရမှာဖြစ်သလို ကာကွယ် စောင့်ရှောက် သွားရမှာလည်း ဖြစ်တယ်။

နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ) မှာ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။" လို့ အတိအကျ ဖော်ပြ တာဝန် ပေးအပ်ထားပြီး ဖြစ်တယ်။

ဒါကြောင့် ဒို့ တပ်မတော် အနေနဲ့ ခေတ်မီ ဖွံ့ဖြိုး တက်သော ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်တစ်ရပ် အနေနဲ့ ကာကွယ် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။
-နိုင်ငံတော်၏ အမျိုးသားရေး နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး။

-ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာတွင် တပ်မတော်၏ အဓိက တာဝန် ဖြစ်သော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အညီ တာဝန် ထမ်းရွက် သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

Tuesday, April 3, 2012

မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန်မတန်သေး

2012-04-02
မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက ဒီဖိအားတွေကို ရုပ်သိမ်းဖို့ရာ အချိန်မကျသေးကြောင်း တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။
senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က ရီပတ်ဗလီကင် အမတ် Mitch McConnell က ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အမတ်တွေ ရွေးကောက် တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ ပြောဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ် Joseph Crowley ကလည်း အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့မှုတွေကို အလျင်စလို ရုပ်သိမ်းရမယ့် အချိန်မဟုတ်သေးဘူးလို့ အစောပိုင်းကတည်းက ပြောဆိုထားတာပါ။
ပိတ်ဆို့ အရေးယူမှု အများစုဟာ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအောက်မှာ ချမှတ်ထားတာဖြစ်လို့ ရုပ်သိမ်းရာမှာလည်း လွှတ်တော်နှစ်ရပ်စလုံးက အမတ်အများစုတွေ သဘောတူကြရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အစုအဖွဲ့  AIPMC က ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆင်နွဲနိုင်တာဟာ စစ်အစိုးရ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မေ့ပျောက်ပစ်ရမယ်လို့ မဆိုလိုကြောင်း ဂျာကာတာမြို့မှာ ပြောဆိုပါတယ်။
ဒါ့အပြင် လာမဲ့ ရက်သတ္တပတ် ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပတဲ့အခါ အာဆီယံနိုင်ငံတွေ အနေနဲ့ ဝမ်းသာပီတိဖြစ်ကြောင်း ပြသမနေဖို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်း မျှမျှတတ စဉ်းစားပေးဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

KNU ကိုယ်စားလှယ်အဖွဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်

ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ရက်ပိုင်းအတွင်းတွေ့ဆုံမည်ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါက ယနေ့ ပြောလိုက်သည်။
ဇန်န၀ါရီလက ကရင်ပြည်နယ်၊ ဘားအံမြို့ ဆွေးနွေးပွဲ ကာလအတွင်း တွေ့ရသော မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)
KNU ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရန်ကုန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း ထိုသို့ တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒေါ်စုနဲ့က ကျနော်တို့က အဆက်အသွယ်သာ တရားဝင်မရှိတာ နားလည်မှုက ရှိပြီးသား ဆိုတော့ အခြေခံခြင်းက တူတယ်။ တိုင်းပြည်ကို သူတို့တတ်နိုင်တဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ကူညီဖို့၊ တကယ့် ဒီမိုကရေစီ ဖြစ်ပွားရေး၊ တိုင်းရင်းသားတွေလည်း ဒီမိုကရေစီလိုတာပဲ၊ ငြိမ်းချမ်းရေးဖြစ်ပွားရေး အဲဒါတွေ ပြောဖြစ်ကြမှာပါ” ဟု ပဒို ဒေးဗစ် သာကပေါက ဧရာဝတီသို့ ပြောသည်။
ထိုသို့ တွေ့ဆုံခြင်းဖြင့် အပြုသဘော ဆွေးနွေးရေး၊ နှစ်ဖက် ရင်းနှီးမှု ရရှိရေးတို့ ဖြစ်ပေါ်လာမည်ဟု KNU က မျှော်လင့်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ ကိုယ်စားလှယ်လောင်းများ မဲအပြတ်သတ် အနိုင် ရရှိခဲ့ခြင်းအား KNU က ဂုဏ်ယူကြောင်း၊ သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး နှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ လွှတ်တော်ထဲတွင် နေရာ အများစု ရရှိထားသည့် ကြံ့ခိုင်ရေးပါတီကလည်း စိတ်ရင်း စေတနာမှန်နှင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မတီ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရသည်။
KNU မှ ခွဲထွက်သွားသည့် အဖွဲ့တခုဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ဖေဖော်ဝါရီလဆန်းပိုင်းက အစိုးရနှင့် ဆွေးနွေးမှု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ပြီး ဆွေးနွေးခဲ့ကြသေးသည်။
အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ၁၆ ဦးပါ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးနေ့တွင် ဘားအံမြို့၌ ပြည်နယ်အဆင့်၊ သောကြာနေ့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးကြမည်ဟု သိရသည်။
“ဆွေးနွေးမယ့် အဓိကအချက်က အပစ်ခတ်ရပ်စဲရေး ပိုပြီးတော့ ပိုခိုင်မာလာအောင်ပါပဲ။ အပစ်ခတ်ရပ်စဲရေးက အခုဟာက ဘာမှ သတ်မှတ်ချက်မရှိဘူး။ အပစ်ရပ်ကြ ဒါပဲရှိတယ်။ နောက်ပိုင်း အစိုးရတပ်တွေက ရိက္ခာပို့တာတွေ၊ တိုက်ပွဲက တနေရာ၊ နှစ်နေရာ ပြန်ဖြစ်တာတွေ၊ ရှိနေတယ်လေ။ အခု ဒါကြောင့် အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင် နှစ်ဘက်လိုက်နာရမယ့် စည်းကမ်းတွေ ဆွေးနွေး မှာပေါ့” ဟု ပဒိုဒေးဗစ် သာကပေါက ပြောသည်။
KNU နယ်မြေအတွင်း တပ်စွဲထားသော အစိုးရတပ်များ ရွေ့ပြောင်းပေးရေး၊ နှစ်ဖက်တပ်များ ကူးသန်း သွားလာရန် နယ်မြေ သတ်မှတ်ရေး စသည့် ကိစ္စရပ်များကို တကြိမ်ထက်မက ဆွေးနွေးညှိနှိုင်းရဦးမည်ဟု သူက ဆက်ပြောသည်။
အပစ်အခတ် အမှန်တကယ် ရပ်စဲနိုင်ပါက နယ်မြေ သတ်မှတ်ရေး၊၊ နှစ်ဖက်တိုက်ပွဲများကြောင့် ကရင်ပြည်နယ် အတွင်း နှစ်ကာလများစွာ အိုးအိမ် စွန့်ခွာ ပုန်းရှောင်နေရသည့် ရွာပုန်း၊ ရွာရှောင် ဒုက္ခသည်များ၊ ထိုင်းနိုင်ငံသို့ ထွက်ပြေး နေရသော ဒုက္ခသည်များ ပြန်လည် နေရာချထားရေးတို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။
KNU နှင့်ဆက်နွယ်၍ အကျဉ်းကျနေသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုထားပြီး ဖြစ်ကြောင်း၊ အစိုးရနှင့် ဆွေးနွေးမှုတွင် အများစု စိတ်ဝင်စားနေသော KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ဓာတ်သတ္ထုများ တူးဖေါ်ရေး နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စသည့် ကိစ္စများကို ဆွေးနွေးရန် အစီအစဉ် မရှိသေးကြောင်း ဒေးဗစ်သာကပေါက ပြောသည်။
အပစ်ခတ်ရပ်စဲရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အချက်၁၁ ချက် ပါရှိသော ပဏာမ သဘောတူညီချက် စာချုပ်အား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခင်လ ၂၄ ရက်နေ့ကလည်း သမ္မတ အမိန့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်သွားသည့် KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်အား မဲဆောက်မြို့သို့ သွားရောက် ပို့ဆောင်ခဲ့ကြသည့် မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည် ။ 



 

Monday, April 2, 2012

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

2012-04-01
ကျင်းပ ပြီးစီးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွဲခဲ့ကြတဲ့အတွက် မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton က တနင်္ဂနွေနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
(Photo: Courtesy of US State Department)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝါရှင်တန် ဒီစီ မြို့တော် နိုင်ငံခြားရေးဌာနတွင် မြန်မာအပါအဝင် နိုင်ငံ ၂၀ ကျော်မှ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of US State Department)
တဆက်ထဲမှာပဲ သူက မိမိတို့ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ထောက်ခံအားပေးသွားဖို့  အသေအချာ ပိုင်းဖြတ်ထားကြောင်း၊ အစိုးရအနေနဲ့ ပွင်လင်းမြင်သာအောင် ဆက်လက်ဆောင်ရွက်ဖို့ လိုသလို၊ မဲမသမာမှုများနဲ့ ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုပါတယ်။
Mrs Clinton က ဆီိးရီးယားအရေး ဆွေးနွေးတိုင်ပင်တဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို တူရကီနိုင်ငံမှာ တက်ရောက်နေခိုက် အခုလို ပြောဆိုတာပါ။
မြန်မာနိုင်ငံဟာ ရှေ့လျောက် ဘယ်လိုစခန်းသွားမလဲဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ပေမဲ့ အစွမ်းကုန် ဖိနှိပ်တဲ့ အစိုးရတစ်ရပ်တောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နိုင်တယ်။ ကန့်သတ်ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့ အစည်းတစ်ခုမှာတောင် ပွင့်ဟလာနိုင်တယ် ဆိုတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း နယူးယောက်မြို့၊ ကွင်းစ်မြို့နယ်က ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ် Joseph Crowley က ရွေးကောက်ပွဲမှာ အောင်ပွဲဆင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုလိုက်သလို တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ အခြေအနေကို အဖက်ဖက်က ရှုမြင်သုံးသပ်ရမှာ ဖြစ်ပြီး၊ အခုအချိန်ဟာ အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဖိအားတွေကို အလျင်စလို ရုပ်သိမ်းရမဲ့အချိန် မဟုတ်သေးဘူးလို့  ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆက်ရှိနေသလို တိုင်းရင်းသား ဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေပြီး၊ စစ်တပ်ဟာ အစိုးရအဖွဲ့ မှာ ပါဝင်တဲ့ အရေအတွက်နဲ့ လွှမ်းမိုးနေရုံသာမက အစိုးရ တည်ဆောက်ပုံမှာပါ ကြိုးကိုင်ထားလျက်ရှိတယ်လို့  ပြောဆိုပါတယ်။
နှစ်ပေါင်းနှစ်ဆယ်ခန့်  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ အများစုဟာ အမေရိကန် ကွန်ဂရက်လွှတ်တော် ဥပဒေအရ အရေးယူဆောင်ရွက်တာဖြစ်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ မြန်မာနိုင်ငံ အစိုးရနဲ့ သဘောထား ကွဲပြားသူတွေအပေါ် အချိန်ကြာမြင့်စွာကပဲ စာနာ ထောက်ထားမှုရှိခဲ့ပါတယ်။ ဒါပေမဲ့ တချို့ ကွန်ဂရက် လွှတ်တော်အမတ်တွေဟာ အရေးယူမှုတွေ လျှော့ပေးဖို့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

Sunday, April 1, 2012

အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ

2012-03-30
လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
Photo courtesy of 88 Generation Student website
၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးစီးပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကွန်ယက် ဖွဲ့စည်းသည့် အခမ်းအနား၌ ကိုမင်းကိုနိုင် စကားပြောနေစဉ်။
၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကို သိလိုတဲ့အတွက် လာရောက်မေးမြန်း စုံစမ်းတာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
အာဆီယံ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းတွေအတွက် ပြင်ဆင်ဖို့ အချိန်မလုံလောက်တာကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ကိုင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကနေ အကူအညီတွေ ရယူနိုင်ဖို့ကိုလည်း အဲဒီ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေက ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ အကြိုကာလအတွင်း စည်းမျဉ်းဥပဒေတွေနဲ့ မကိုက်ညီတဲ့ အချက်တွေကို စောင့်ကြည့် မှတ်တမ်းတင်နေသလို၊ လာမယ့် ဧပြီလ ၁ ရက်နေ့မှာလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် မြို့နယ်တွေကို ဖြန့်ခွဲသွားရောက်ပြီး စောင့်ကြည့် လေ့လာဖို့ကိုလည်း စီစဉ်ထားပါတယ်။
ဒီသတင်းနဲ့  ပတ်သက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို အာအက်ဖ်အေ အဖွဲ့သား ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ် မေးမြန်းချက်။
အသံဖိုင်ယူရန်။