Thursday, March 31, 2011

အစိုးရသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ

ခင်ဦးသာ Thursday, 31 March 2011 18:38

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။


သမ္မတ အဖြစ် တင်မြှောက်ခံရသူ အစိုးရသစ် ခေါင်းဆောင် ဦးသိန်းစိန်၊ ဒု သမ္မတ များဖြစ်သော သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ ယမန်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်၌ ကတိ သစ္စာပြု ကျန်းကျိန်ကြစဉ် (ဓာတ်ပုံ - Timedg)
“ပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦး
ဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။

စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည်ဟူသော စကားသည် ပြန်လည်ပြုပြင်နိုင်မည့် အရေးကိုခြိမ်းခြောက်သည့် သဘောသက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်းလုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်းဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။

အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း လက်မခံကြပေ။

“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာမဟုတ်ဘူး”ဟု ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) SSA-S အဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြော သည်။

၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့တက်လာကတည်းက ပြည်တွင်း စစ်မီးတွေပိုများလာတယ်၊ တိုင်း ရင်းသားတွေအရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရမဟုတ်လို့ အစိုးရသစ်ကိုလည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရသစ်ကိုလည်း အသိအမှတ်မပြုနိုင်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ် အား ဝေဖန်ရန် စောသေးကြောင်း၊ အစိုးရသစ်အား အပြုသဘောဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။

“သမ္မတသစ် ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့်လုံးဝမကောင်းဘူးလို့ပြောလို့မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို အာဏာ လွှဲပေးလိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း“ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ ပေါ်လာတဲ့အစိုးရကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်မလုပ်နိုင်ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။

ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက်အခံဆိုသည့် ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။

“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကိုပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင် လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ်သည်လည်း ပြည်သူများအတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

“လွှတ်တော်မှာ NDFက တင်တာ ပယ်ချခံရတာက လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြောလိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၀ မိနစ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်လိုက်သည်။ ထို့အပြင် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝန်ကြီးများကိုလည်း သမ္မတဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် (Photo :: SHAN)
၁။ ဗိုလ်ချုပ်လှမင်း - ကာကွယ်ရေးဝန်ကြီးဌာန
၂။ ဒုဗိုလ်ချုပ်ကြီးကိုကို- ပြည်ထဲရေးဝန်ကြီးဌာန
၃။ ဗိုလ်ချုပ် သိန်းဌေး -နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၎။ ဦးဝဏ္ဏမောင်လွင်- နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ ဦးကျော်ဆန်း- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၆။ ဦးမြင့်လှိုင်-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဦးဝင်းထွန်း -သစ်တောရေးရာဝန်ကြီးဌာန
၈။ ဦးလှထွန်း-ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန
၉။ ဦးခင်မောင်မြင့်-ဆောက်လုပ်ရေးဝန်ကြီးဌာန
၁ဝ။ ဦးတင်နိုင်သိန်း- အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၁။ ဦးဝင်းမြင့်- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၂။ ဦးသိန်းထွန်း- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၃။ ဦးအောင်ကြည် -အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဦးသိန်းထိုက်- သတ္တုတွင်းဝန်ကြီးဌာန
၁၅။ ဦးအုန်းမြင့်- သမဝါယမဝန်ကြီးဌာန
၁၆။ ဦးဥာဏ်ထွန်းအောင်- ပို့ဆောင်ရေးဝန်ကြီးဌာန
၁၇။ ဦးတင့်ဆန်း- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန
၁၈။ ဦးကျော်စွာခိုင်- အမှတ်(၁) စက်မှုဝန်ကြီးဌာန
၁၉။ ဦးစိုးသိန်း- အမှတ်(၂) စက်မှုဝန်ကြီးဌာန
၂ဝ။ ဦးအောင်မင်း- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၁။ ဦးသန်းဌေး- စွမ်းအင်ဝန်ကြီးဌာန
၂၂။ ဦးဇော်မင်း- အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၃။ ဦးခင်မောင်စိုး- အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ ဒေါက်တာမြအေး- ပညာရေးဝန်ကြီးဌာန
၂၅။ ဒေါက်ဖေသက်ခင်- ကျန်းမာရေးဝန်ကြီးဌာန
၂၆။ သူရဦးမြင့်မောင်- သာသာနာရေးဝန်ကြီးဌာန
၂၇။ ဦးအေးမြင့် -သပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၂၈။ ဦးခင်ရီ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၉။ ဦးသိန်းညွန့်- သမ္မတရုံးဝန်ကြီးဌာန
၃ဝ။ ဦးစိုးမောင်- သမ္မတရုံးဝန်ကြီးဌာန

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော်ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။
“သမ္မတ ကျမ်းကျိန်နေတဲ့အချိန်မှာ ကျနော်တို့
၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ ကျမ်းကျိန်ဆိုနေသည်ကို တွေ့ရစဉ် (AFP PHOTO/HO/MRTV )
လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထိုင်လျက်ပဲ ထိုင်နေရတယ်၊ လွှတ်တော်ညွှန်ချုပ်ကလည်း ဘာမှမပြောဘူး၊ အခမ်းအနားမှူးရယ် ဘာရယ်မဟုတ်တော့ဘဲနဲ့ နာယက က အခမ်းအနားမှူး ပုံစံမျိုးလုပ်သွားတာ အဲဒီ အချက်ကတော့ လွဲချော်နေတယ်ဗျ” ဟု လွှတ်တော်အမတ်တဦးက ပြောသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းကျိန်ရာတွင် လွှတ်တော်နာယက ဦးခင်မောင်မြင့်က လွှတ်တော်အမတ်များကို မတ်တပ်ရပ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

“သမ္မတတွေတုန်းက သူကိုယ်တိုင် ရှေ့ထွက်ပြီးတော့ တိုင်ပေးတယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကျတော့ နာယက က သူ့ခုံကနေထိုင်ပြီးတော့ တိုင်ပေးတယ်၊ အဲဒီလို မတိုင်ခင် နာယက က လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး မတ်တပ်ရပ်ပေးပါ၊ သမ္မတ တုန်းက သူတယောက်ပဲ မှတ်တပ်ရပ်သွားတယ်၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေကျတော့ နာယက ထိုင်နေတယ် လွှတ်တော် ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ရတယ်၊ အဲဒီတော့ ပြောင်းပြန်တော့ ဖြစ်နေတယ်” ဟု အမတ်တဦးက ပြောသည်။

မှားယွင်းမှုများသည် လွှတ်တော်အတွေ့အကြုံများ နည်းပါးခြင်းကြောင့်ဖြစ်ရခြင်းသာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းမောင်တင် ပြောသည်။

သမ္မတ သုံးဦးက သစ္စာဆိုကြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို သစ္စာစောင့်သိရန်၊ အချုပ်အချာအာဏာကို တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသွားရန်၊ တာဝန်များကို ဖြောင့်မှတ်စွာ ဆောင်ရွက်သွားရန်၊ လောကပါလ တရားများအတိုင်း အုပ်ချုပ်သွားရန်နှင့် နိုင်ငံတော်အား အသက်နှင့်ကိုယ်ကို အပ်နှင်းကြောင်း ပါရှိသည်။

သမ္မတများ ကျမ်းကျိန်ခြင်းကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်များ တက်ရောက်ခဲ့ကြသည်။

၁၈ ရက်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်သည်။

Wednesday, March 30, 2011

အမေရိကန် သံအမတ် ဒေါက်တာ စင်သီယာမောင် ဆေးခန်း သွားရောက်လည်ပတ်

ဧရာဝတီ Wednesday, 30 March 2011 17:47

ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် မြန်မာဒုက္ခသည်များ အရေး အပါအ၀င် နယ်စပ် အခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Ms Ksistie Kenney သည် မဲဆောက်မြို့သို့ ယနေ့ရောက်ရှိလာသည်။

အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မကြာသေးခင်က အသစ်ခန့်အပ်ခြင်းခံရသည့် အဆိုပါ သံအမတ်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မဲဆောက် ရှိ မယ်တော် ဆေးခန်းသို့ ရောက်ရှိလာပြီး နယ်စပ်အခြေစိုက်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အမျိုးသမီး ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC) ဥက္ကဌ နော်ဖောရေ က “သံအမတ်ကြီးက ဒီနယ်စပ်က အခြေအနေတွေကိုမေးတော့ အခြေအနေတွေကို အဖွဲ့လိုက်ဆွေးနွေးတင်ပြခဲ့ကြတယ်၊ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ထိုင်းမှာအသိအမှတ်ပြု ပညာသင်ကြားခွင့် တရားဝင်ရရှိနိုင်ရေး အတွက် သူ့ကိုတင်ပြဆွေးနွေးခဲ့တယ်၊ ဒီနယ်စပ်မှာရွှေ့ပြောင်းကလေးငယ် ၁ သောင်းကျော်လောက်သာ ပညာသင်ကြားနိုင်ပြီး၊ ၃ သောင်းကျော်လောက်က ပညာမသင်ကြားနိုင်တဲ့ ကိစ္စတွေ ပါတင်ပြခဲ့တယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် အဆိုပါအဖွဲ့အစည်းများက လက်ရှိနယ်စပ်တွင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲများကို တင်ပြ ဆွေးနွေးချက်များအပေါ် သံအမတ်ကြီးက နည်းလမ်း ရှာဖွေမှုများပြုလုပ်သွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။

မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က“လာမယ့် ၅ နှစ်ကာလ ကျရင် ကျန်းမာရေး၊ ပညာရေး အခြေ အနေတွေ၊ လုံခြုံမှု အခြေအနေတွေကို သူတို့ဘယ်လိုပူးပေါင်းမှုတွေ ပေးမလဲဆိုတာတွေကို ရည်ရွယ်ပြီးတော့လာတာဖြစ် ပါတယ်၊ နောက်ပြီးတော့လာမယ့်ကာလတွေမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်အရေးကို ဘယ်လိုရှုမြင်သလဲ၊ အဲဒီ အပေါ်မှာလည်း သူတို့ရဲ့ကြိုးစားဆောင်ရွက်မှုတွေကဘယ်လိုရှိလဲ၊ ပြီးတော့ ကျမတို့ဒီမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးအဖွဲ့အစည်းတွေက လိုအပ်ချက်နဲ့ ကူညီပံ့ပိုးမှုတွေ၊ ပြည်တွင်းမှာလုံခြုံစိတ်ချရတဲ့အခြေအနေတွေ၊ ပြန်နိုင်ဖို့ အခြေအနေတွေ၊ ဘယ်လိုရှိလဲ ဆိုတာတွေကို ဆက်စပ်ပြီးတော့ ကျမတို့ဆွေးနွေးခဲ့ကြတယ်”ဟုပြောသည်။

အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဆွေးနွေးပွဲတွင် အမေရိကန်အစိုးရအနေနှင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အတွက် ဆက်လက်၍ အခြားသော အစိုးရများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သံအမတ်ကပြောကြောင်း ဒေါက်တာ စင်သီယာမောင် က ဆိုသည်။

မဲဆောက်ခရီးစဉ်နှင့် ပတ်သက်၍ သံအမတ်ကြီးက“ဒီယ်စပ်မှာရှိတဲ့ အမေရိကန်USAID အဖွဲ့က အလှူပေးထားတဲ့နေရာ တွေ၊ မယ်တော်ဆေးခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေရဲ့အခြေအနေတွေ၊ နောက်ပြီးမြန်မာဒုက္ခသည်စခန်းတွေ ကနေ အမေရိက ကို တနှစ်ကိုလူ ၂ သောင်းပို့ ဆောင်ပေးတဲ့ ဆောင်ရွက်မှုအခြေအနေတွေကိုလည်း လာကြည့်တာဖြစ်တယ်" ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

အမေရိကန် သံအမတ်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မယ်တော်ဆေးခန်း အပါအ၀င် မဲဆောက်ရှိ SAW မြန်မာရွှေ့ပြောင်း အထက်တန်း ကျောင်းနှင့် မြို့ပြင် ဝှေ့ကလုပ် အရပ်ရှိ မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးသည့်ဌာနသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းတွင် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။

Monday, March 28, 2011

မြန်မာ့အရေးကို စစ်ရေးအရ၀င်ရောက်ရန်တောင်းဆိုမှုတွင် ၀င်ရောက်လက်မှတ်ထိုးပေးကြပါရန်

Burma needs Military Intervention Petition

မျိုးချစ်မြန်မာများခင်ဗျား

မြန်မာပြည်တွင် တိုင်းပြည်၏ သယံဇာတပစ္စည်းများကိုမိမိတို့ ကိုယ်ကျိုးအတွက် ရောင်းချ
ဖြုန်းတီး ဂုတ်သွေးစုတ်နေသော စစ်အာဏာရှင်စနစ်သည်မြန်မာပြည်သူလူထုကြီး
တရပ်လုံးကိုလူမှုဒုက္ခဆင်းရဲတွင်းသို့ နက်ရှိုင်းစွာပို့ ဆောင်ပေးနေသည့်အဓိကအကြောင်း
တရားကြီးဖြစ်သည် ထိုစနစ်ဆိုးကြီးသည်မြန်မာနိုင်ငံတွင်ခိုင်မာစွာအမြစ်တွယ်လျှက်ရှိပြီး မြန်မာပြည်သူတို့ ၏ အသက် သွေးချွေးတို့ ကို မြိန်ယှက်စွာစတေးရ်ျ စစ်အာဏာရှင်တို့ ၏ တကိုယ်ကောင်းဝါဒ ကိုသာတဖက် သတ် အားပေးကူညီလျှက်ရှိခဲ့ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတပစ္စည်းများလုံးပါးပါးသွား
ရမည့်အခြေအနေသို့ ကျရောက်သွားမည့် အန္တရယ်ရှိသလိုတိုင်းပြည်တိုးတက်ရာတိုးတက်
ကြောင်းကို ဦးဆောင် ဦးရွက်ပြုမည့် တန်ဖိုးရှိသည့် လူသား အရင်း အမြစ်များ ဖြစ်သည့်
ပညာတတ် လူငယ်များ ကမ္ဘာ့ အဆင့်မီ ထွန်းကား လာရေးကိုလည်း မတရား ဥပဒေ
များဖြင့် အင်တာနက်သုံးစွဲမှုများကိုပိတ်ပင်တားဆီးလျှက်ရှိသလို အရပ်သားပညာရေး ဘတ် ဂျက်ကို နည်းပါးစွာ သတ်မှတ်ထားခဲ့ပြီး စစ်အသုံးစရိတ်များကို သာတိုင်းပြည်ဝင်ငွေ၏ လေးပုံတပုံကို မိုက်ရိုင်းစွာလျာထားသတ်မှတ်ထားခဲ့သည်။ ပြည်သူလူထုဘ၀တိုးတက်ရေးကို မကြည့်ဘဲ မိမိတို့  အာဏာ တည်မြဲရေးကိုသာ စောင်းပေးရ်ျ ပြုလုပ် နေ
သောစစ်အာဏာရှင်ဆိုးတစု အား တွန်းလှန်ရန် မှာ ကုလသမဂ္ဂ သဘောတူညီမှုဖြင့်
နိုင်ငံခြားတပ်များ စစ်ရေးအရ၀င်ရောက် ဖြေရှင်းမှသာမြန်မာ ပြည်သူများ စစ်ကျွန်ဘ၀မှလွတ်မြောက်ရ်ျ ကြောက် လန့်ကင်းကွာလွတ်လပ်သောလူသားများ အဖြစ်နေထိုင်နိုင်
်ကြမည်ဖြစ်သည် ။

ထို့ ကြောင့် အချိန်မနှောင်းခင် ကုလသမဂ္ဂသဘောတူညီမှုဖြင့်နိုင်ငံခြားတပ်များမြန်မာနိုင်
ငံသို့  အမြန်ဆုံးဝင်ရောက်ပြီး လစ်ဗျားတွင်နေတိုးတပ်ဖွဲ့ များက ကာဒါဖီ တပ်ဖွဲ့ များ ရဲ့ သတ်ဖြတ်မှုများကို တားဆီးသကဲ့သို့ နအစစ်အစိုးရ ၏ ဖိနိပ်မှုများ ကို တားဆီးရန် နှင့် မြန်မာပြည်သူများ၏ လူ မှု ဒုက္ခကို ကယ်တင်ရန်အတွက်တောင်းဆိုမှုကို သဘောတူ
လက်မှတ်ထိုးကြရန်အထူး လို အပ်နေ ပါသည် ။

အမေရိကန်နိုင်ငံနှင့်ဥရောပနိုငံများသည် မြန်မာ့အရေးကို စစ်ရေးအရင်ရောက်ရန် လက်
တွန့် နေသည်မှာ ၄င်းတို့ ကိုကျူးကျော်သူများအဖြစ် မြန်မာပြည်သူများကမြင်မည်ကို စိုးရိမ်နေရ်ျဖြစ်ပါသည် ။
၎င်းစစ်ရေးအရ၀င်ရောက်မှုသည် မြန်မာပြည်သူများကို လူသားခြင်းစာနာသောအားဖြင့်
စစ်ကျွန်ဘ၀မှ လွတ်မြောက် လာစေရန် ကူညီခြင်းအဖြစ် မြန်မာပြည်သူများက လိုလို
လားလား ဖိတ်ခေါ်ကြောင်းသိလျှင် ၄င်းတို့ အနေနှင့်ပြတ်သားစွာလုပ်ဆောင်လာနိုင်
မည်ဖြစ်သည် ။
မစိုးရိမ်ဆရာတော်ကြီး မကွယ်လွန်မီ နယူးယောက်မြို့ တွင်တွေ့ စဉ်က ” အကယ်ရ်ျ အမေရိကန်ရေတပ်ကြီး ဗမာပြည်ကိုချီတက်မည်ဆိုလျှင်သဘောင်္ဦးခန်းမှာ သာသနာ့
အလံစိုက်ထူပြီး ငါလိုက်မယ်ကွ”ဟုမိန့် ဆို ဘူးပါသည် ။

မြန်မာနိုင်ငံရှိ ဗုဒ္ဒဘာသာခေါင်းဆောင်ဆရာတော်ကြီးများကပါလိုလားနေသောနိုင်ငံ
ံခြားတပ်များ ၀င်ရောက်လာစေလိုမှုကို ဗုဒ္ဒဘာသာရဟန်းတော်များကပါ သာသနာ့ပြန့် ပွားရေးကိုရည်စူးရ်ျ လက်မှတ်ရေးထိုးကူညီကြပါရန်ပန်ကြားအပ်ပါသည် ။

ယနေ့ ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ သတင်းမှောင်ချရ်ျ လိမ်ညာလှည့်စားကာ
ပြည်သူတို့ ကိုဖိနှိပ်အုပ်ချုပ်နိုင်သောခေတ်သည်နေ၀င်ခဲ့ပြီဖြစ်သည် ။
ထို့ ကြောင့် မြန်မာပြည်သူပြည်သားများ တိုင်းပြည်ချစ်စိတ် ၊ တာဝန်သိစိတ်နှင့် လက်မှတ်
်ရေးထိုးကြပါရန်ပန်ကြားအပ်ပါသည် ။

၈၈ မျိုးဆက်ကျောင်းသားများ( ပြည်ပ )

Burma needs Military Intervention Petition

Burma needs Military Intervention Petition

Sunday, March 27, 2011

ယီမင်နိုင်ငံရဲ့  တပ်မတော် ထိပ်တန်းအရာရှိကြီးတွေက ပြည်သူဘက် ရပ်တည်ကြပြီ

ယီမင်နိုင်ငံမှာ အာဏာရှင်ကို ဖယ်ရှားဖို့  ဆန္ဒပြနေကြတဲ့ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ဖို့ အတွက် ယီမင်တပ်မတော်အတွင်းက ထိပ်တန်း စစ်တပ်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီး General Ahamr အပါအ၀င် တပ်မှူးအရာရှိကြီးတွေ အရာရှိအရာခံ အကြပ်တပ်သားတွေက ပြည်သူ့ တပ်မတော်သား ပီသစွာနဲ့  ဆုံးဖြတ်လိုက်ကြပါတယ်။



ဗိုလ်ချူပ်ကြီး General Ahamr ရဲ့  ပြောကြားချက်ကတော့ - General Ahamr said “According to what I’m feeling, and according to the feelings of my partner commanders and soldiers… I announce our support and our peaceful backing to the youth revolution. We are going to fulfil our duties in preserving security and stability.”

“ကျွန်တော် ကိုယ်တိုင် ခံစားမှုအရရော၊ ကျွန်တော်နဲ့ အတူတစ်ကွ လုပ်ဖေါ်ကိုင်ဘက် တပ်မတော် တပ်မှူးအရာရှိကြီးတွေရဲ့  ခံစားမှုအရရော၊ တပ်မတော်အတွင်းက တပ်မတော်သားအပေါင်းရဲ့  ခံစားမှုတွေအရရော ကျွန်တော်တို့  ဆုံးဖြတ်ချက်ကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့် ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူလူထုတော်လှန်ရေးကြီးကို ထောက်ခံအားပေးပါတယ်၊ ဒီအတွက် ကျွန်တော်တို့  လုပ်ဆောင်ပေးသင့်တဲ့ တာဝန်ဝတ္တရားအရ တိုင်းပြည်နဲ့  ပြည်သူပြည်သားတွေ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးနဲ့  တိုင်းပြည်အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်အပ်ပါကြောင်း” ပြောကြားသွားပါတယ်။

အမိမြန်မာပြည်ရဲ့  တပ်မတော်ကြီးအတွင်းက အရာရှိအရာခံ အကြပ်တပ်သားတွေအနေနဲ့ လည်း အာဏာရှင်ဘက်ကို ရပ်တည်နေရာကနေ ပြည်သူဘက်ကို မားမားမတ်မတ် ရပ်တည်ပေးကြဖို့  လိုအပ်နေပါင်္ပြီ။

ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးနေ့ အကြို အာဏာရှင်ဆန်.ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့

ယမန်နေ့  နံနက်ပိုင်း (၈) နာရီခွဲအချိန်ခန့် တွင် ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသား လူငယ်များအင်အားစုအဖွဲ့ မှ ရန်ကုန်မြို.အတွင်း လူစည်ကားရာနေရာများ ဖြစ်ကြသော အနော်ရထာလမ်းတစ်လျှောက် ဘားလမ်းထိပ်၊ လမ်းလေးဆယ်ထိပ်၊ ကုန်ဈေးတန်းထိပ်၊ လူစည်ကားရာနေရာများတွင် စစ်အာဏာရှင်ဆန်.ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသား လူငယ်များအင်အားစုအဖွဲ့ မှ အဖွဲ.၀င် ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်ဆန်.ကျင်ရေးလှုပ်ရှားမှုအနေဖြင့် (တပ်နှင့် ပြည်သူ လတ်တွဲကူ၍ အာဏာရှင်ကို ဖယ်ရှားစို့ ) စာတန်းပါ ကာလာစတေကာများကို အထပ်မြင့်တိုက်များအပေါ်မှ ကြဲချခြင်း၊ ဘတ်စကားများပေါ်မှ ကြဲချခြင်း၊ လမ်းဘေးပလက်ဖေါင်းများပေါ်တွင် ချထားခြင်း စသည့် လှုပ်ရှားမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသားလူငယ်များအင်အားစုအဖွဲ့ မှ ဦးဆောင်လူငယ် ကိုရန်နိုင်မှ ပြောကြားရာတွင် (ကျွန်တော်တို့  အနေနဲ့  ဒီတစ်ချိန်လှုပ်ရှားမှုက မတ်လအတွင်း ဒုတိယအကြိမ်ပါ၊ လာမယ့် (၂၇) ရက်နေ့ မှာ ကျရောက်မယ့် တော်လှန်ရေးနေ့ အတွက် တပ်မတော်သားတွေနဲ့  ပြည်သူတွေ ပူးပေါင်းပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ပစ်ကြဖို့ ရည်ရွယ်ပါတယ်။ ဘာလို့ လည်းဆိုတော့ အရှေ့ အလယ်ပိုင်းမှာလည်း ယနေ့ ဒီမိုကရေဏီအရေးလှုပ်ရှားမှုတွေ အာဏာရှင်တွေကို ဆန့် ကျင်နေကြတဲ့ လှုပ်ရှားမှုတွေက တပ်မတော်သားတွေနဲ့  ပြည်သူတွေ ပူးပေါင်းလှုပ်ရှားနေကြတာ တွေ့ မြင်နေရပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတွေဘဲ။ ကျွန်တော်တို့  နိုင်ငံမှာလည်း ပြည်သူတွေနဲ့  ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ဖျက်မယ့် တပ်မတော်သားတွေ ရှိနိုင်နေတယ်ဆိုတာ ကျွန်တော်တို့  ယုံကြည်ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ လည်း ပြည်သူတွေနဲ့  လက်တွဲပြီး အာဏာရှင်ဖြုတ်ချရေးအတွက် ဒီမိုကရေစီတော်လှန်ရေးကြီးအတွင်း ပါဝင်ဆင်နွဲကြဖို့  အနူးအညွတ် ဖိတ်ခေါ်ပါတယ်။ သမိုင်းကပေးတဲ့ တာဝန်ကို ကျေပွန်ကြဖို့ က တပ်မတော်နဲ့  ပြည်သူ လက်တွဲကူဖို့ နဲ့  လက်တစ်ဆုပ်စာ အာဏာရှင်တွေကို ဖြုတ်ချကြဖို့ က အချိန်တန်နေပါပြီလို့  ကျွန်တော် ပြောချင်ပါတယ်) ဟု ပြောကြားပါတယ်။

၎င်းတို့  ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသား လူငယ်များအင်အားစုအဖွဲ.မှ စစ်အာဏာရှင် လုံးဝ ပျောက်သုန်းသည်အထိ ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

Saturday, March 26, 2011

မတ်လ (၂၇) ရက်နေ့သည် တပ်မတော်နေ့မဟုတ် တော်လှန်ရေးနေ့  ဖြစ်သည်

မတ်လ (၂၇) ရက်နေ့သည် တပ်မတော်နေ့မဟုတ် တော်လှန်ရေးနေ့  ဖြစ်သည်

မတ်လ (၂၇) ရက်နေ့ - “တော်လှန်ရေးနေ့ ” ဟာ လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သား တိုင်းရင်းသားပေါင်းစုံ စုပေါင်းတော်လှန်ရေးဆင်နွဲခဲ့တဲ့ သမိုင်းဝင်နေ့ ရက်တစ်ရက်အဖြစ် “တော်လှန်ရေးနေ့ ” ဆိုပြီး မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာပါ။



မတ်လ (၂၇) ရက်နေ့ ဟာ မြန်မာပြည်သူပြည်သား တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတစ်ကွ ဆင်နွဲခဲ့တဲ့ “တော်လှန်ရေးနေ့ ” ဖြစ်ပါတယ်။ “တပ်မတော်နေ့ ” မဟုတ်ပါ။ မြန်မာပြည် သူများကျွန်ဘ၀လက်အောက်ကနေ လွတ်မြောက်မှု ရရှိရေးအတွက် ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ဖွဲ့ စည်းခဲ့တဲ့ မြန်မာ့တပ်မတော်အပါအ၀င် ရဟန်းရှင်လူကျောင်းသားပြည်သူတစ်ရပ်လုံးက စုစည်းလက်တွဲကြပြီး အတူတစ်ကွ တော်လှန်ရေးကြီးဆင်နွဲခဲ့တဲ့ တော်လှန်ရေးကြီးကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့  မတ်လ (၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ ရယ်လို့  သမိုင်းတွင်စေခဲ့တာပါ။

ဒါပေမယ့် အာဏာရူးအုပ်စုဟာ တပ်မတော်နဲ့  ပြည်သူကို ခွဲခြားပြီး သမိုင်းဝင် တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲခေါ်ဆိုနေတာ ဖြစ်ပါတယ်။ အာဏာရူးတွေက တပ်မတော်နေ့ ဆိုပြီး အမည်ပြောင်းလိုက်ပြီး မြန်မာ့တော်လှန်ရေးသမိုင်းအစစ်အမှန်ကို ကွယ်ပျောက်စေဖို့  လုပ်ဆောင်ခဲ့ရုံသာမက၊ မြန်မာ့တပ်မတော်ကိုလည်း ဂုဏ်သရေညှိုးနွမ်းအောင် ပြည်သူတွေ မုန်းတီးခံရအောင် ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ မြန်မာပြည်သူပြည်သားများဟာ သူများကျွန်ဘ၀လက်အောက်က လွတ်မြောက်ခဲ့ကြပေမယ့် ယခုအခါမှာ ကိုယ့်ကျွန်ဘ၀လက်အောက်ဖြစ်တဲ့ - အာဏာရူးအုပ်စုရဲ့  လက်အောက်မှာ လွတ်လပ်မှု ပျောက်သုန်းနေပါတယ်။

ယနေ့ ခေတ် မြန်မာ့တပ်မတော်ဟာ အာဏာရှင် လက်တစ်စုစာရဲ့  အသုံးချခံ ကိုယ်ပိုင်တပ် အဖြစ်ခံနေကြရတဲ့အတွက် တိုင်းပြည်အတွက် အတော့်ကို နစ်နာဆုံးရှုံးနေရုံမက ပြည်သူ့ အမုန်းခံနေရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

အာဏာရှင်လက်ကိုင်တပ်အဖြစ်ကနေ ပြည်သူ့ တပ်မတော်ပြန်ဖြစ်အောင် တပ်မတော်သားတွေဘဲ ပြုပြင်ပြောင်းလဲလို့  ရမှာပါ။ မြန်မာ့တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းညှိုးနွမ်းနေတာကို ပြန်လည်အဖတ်ဆည်ဖို့ က တပ်မတော်သားတွေအနေနဲ့  မိမိတို့ ကိုင်ဆောင်ထားတဲ့ သေနတ်ပြောင်းဝတွေကို အာဏာရှင်တွေဘက်ကို လှည့်ဖို့ သာ ဖြစ်ပါတယ်။

လွတ်လပ်ရေးအတွက် အသက်စွန့် ကြိုးပမ်းပြီး ပြည်သူပြည်သားတွေဘ၀ အေးချမ်းသာယာဖို့ အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားကြီးတွေရဲ့  ဂုဏ်ကျေးဇူးတရားကို လေးစားသမှုပြုတဲ့အနေနဲ့ ရော၊ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အစဉ်အလာကြီးမားပြီး ဂုဏ်ရောင်တောက်ပြောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်အပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ ရော မြန်မာ့တပ်မတော်ကို အာဏာရှင်တွေလက်ထဲကနေ ပြန်လည်ကယ်တင် ရယူဖို့ ပါ။

“အောင်ဆန်းပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဖူး” ဆိုတဲ့ စကားကို လေးစားလိုက်နာခြင်းဟာ တပ်မတော်ရဲ့  ဖခင်ဗိုလ်ချူပ်အောင်ဆန်းအပေါ် သစ္စာစောင့်ထိန်းရာရောက်သလို၊ တိုင်းပြည်နဲ့  ပြည်သူအပေါ်မှာ သစ္စာစောင့်သိတာလည်း ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့  တော်လှန်ရေးအစဉ်အလာနဲ့  ပြည်သူအပေါ်သစ္စာစောင့်သိမှုကို ဖျက်ဆီးပစ်သူ တရားခံများဟာ သန်းရွှေဦးဆောင်နေတဲ့ အာဏာရှင်လက်တစ်ဆုပ်ဖြစ်ပါတယ်။

ဒီ့အတွက် လက်ရှိ မြန်မာ့တပ်မတော်က အရာရှိအရာခံအကြပ်တပ်သားများအနေနဲ့  အာဏာရှင်သန်းရွှေနဲ့ ထိပ်ပိုင်းက ဗိုလ်ချူပ်ကြီးတွေကို စတင်တော်လှန်ကြပြီး ပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ကြမယ့် ပြည်သူ့ တပ်မတော်သားဘ၀ကို ရောက်ရှိစေလိုပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်အတွင်းက ပြည်သူ့ တပ်မတော်သားပီသလိုသူတွေက လွတ်လပ်မှု ပျောက်ကွယ်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကို အာဏာရူးသန်းရွှေတို့ လက်အောက်ကနေ ပြန်လည်ကယ်တင်ပေးနိုင်မယ့်နေ့ တစ်နေ့  ရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေအားလုံးက “တပ်မတော်နေ့ ” ဆိုပြီး နေ့ ရက်သစ်တစ်ရက်အနေနဲ့  ဂုဏ်ပြုလေးစားပြီး တရားဝင် “တပ်မတော်နေ့ ” အဖြစ် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာစွာနဲ့  သမိုင်းတင်ပေးကြမှာ ဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့  - တော်လှန်ရေးနေ့  ဖြစ်ပါတယ်။

တပ်မတော်သားတစ်ဦး ဖြစ်ခဲ့သူ ကိုမျိုးမြင့်ရဲ့  ဘ၀အကြောင်းနဲ့  မေးမြန်းမှုမှတ်တမ်း ဖြစ်ပါတယ်

တပ်မတော်နဲ့  ပြည်သူ လက်တွဲကြပြီး အာဏာရူး သန်းရွှေတို့ ကို တိုက်ထုတ်ကြပါစို့ ။

တပ်မတော်သားတစ်ဦး ဖြစ်ခဲ့သူ ကိုမျိုးမြင့်ရဲ့  ဘ၀အကြောင်းနဲ့  မေးမြန်းမှုမှတ်တမ်း ဖြစ်ပါတယ်။




Wednesday, March 23, 2011

ပြည်သူတွေကို ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ သံဃာနှင့် ကျောင်းသားအဖွဲ့များ တိုက်တွန်း

ပြည်တွင်း ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ သံဃာနှင့် ကျောင်းသားအဖွဲ့များ တိုက်တွန်း

2011-03-23

နိုင်ငံတကာ အစိုးရတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ မြန်မာစစ်အစိုးရက လိုလားတယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် စစ်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အရင်ဆုံး ရုပ်သိမ်းပေးဖို့ လိုမယ်လို့ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

(Photo: AFP)

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ကာလတွင် ၂၀ဝ၇ ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့က ရန်ကုန်မြို့လယ်၌ ကျောင်းသားများ သမဂ္ဂ လူငယ်များ စုဝေး ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာစစ်အစိုးရနဲ့ အတူ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတချို့က နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု နိမ့်ကျနေသယောင် ပြောဆိုတာတွေ ရှိကြောင်း၊ တကယ်တမ်း မြန်မာပြည်က သယံဇာတတွေ ရောင်းပြီး ရသမျှ ငွေတွေကို စစ်အစိုးရနဲ့ အပေါင်းအပါတွေကပဲ လက်ဝါးကြီး အုပ်ထားပြီး၊ အာဏာတည်မြဲရေး အတွက်သာ အသုံးပြုနေတာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်း သွားစေချင်ရင်တော့၊ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့ လိုအပ်တယ်လို့ ရှုမြင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တဦး ဖြစ်တဲ့ မကြည်သာတင့်က ပြောပါတယ်.

စစ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျင့်သုံးနေတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် မရှိခြင်း။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိခြင်း၊ ဒီမိုကရေစီ လိုလားသူတွေကို၊ ထောင်သွင်း အကျဉ်းချထားခြင်း။ လွတ်လပ်စွာ စိုက်ပျိုး လုပ်ကိုင် စားသောက်ခွင့် မရှိခြင်း၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရှိခြင်း စတဲ့ ပိတ်ဆို့ အရေးယူထားတာတွေကို ဖယ်ရှားပေးဖို့ လိုအပ်ကြောင်းလည်း မကြည်သာတင့်က ဆက်လက်ပြောပါတယ်။

“သူတို့ ကျွန်မတို့ ပြည်သူတွေအပေါ်ကို ချမှတ်ထားတဲ့ sanction တွေကို ကြည့်မယ်ဆိုလို့ရှိရင် အင်တာနက်တွေဆိုလည်း သူတို့ ဖြတ်တောက်တယ်၊ ပြီးတဲ့အခါမှာ ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံရေးသမား၊ ကျောင်းသူကျောင်းသားတွေ အားလုံးကို သူတို့ ထောင်ထဲကို ထည့်တယ်၊ ထောင်ဝင်စာတွေ ပိတ်တယ်၊ တိုက်ပိတ်တယ်၊ အဲဒါတွေကို အမြန်ဆုံး ကျွန်မတို့ ရုပ်သိမ်းစေချင်ပါတယ်။”

“ပြီးတဲ့အခါမှာ ကျွန်မတို့ ဒီ ကျောင်းသူကျောင်းသားတွေ အပါအဝင် သမဂ္ဂအသီးသီး ဖွဲ့စည်းခွင့် ပိတ်ပင်ထားတာကိုလည်း အမြန်ဆုံး သူတို့ ရုပ်သိမ်းသင့်ပါတယ်။ ပြီးတဲ့အခါမှာ ဒီ ဗုဒ္ဓဘာသာ၊ ကျွန်မတို့ ဘုန်းတော်ကြီးတွေရဲ့ တရားပွဲတွေမှာ ဆိုလို့ရှိရင်လည်းပဲ မလိုလားအပ်တဲ့ စည်းကမ်းချက်တွေနဲ့ တင်းကျပ်တာတို့ ပိတ်ပင်တာတို့ ဒါတွေ လုပ်ထားခြင်းကိုလည်း အမြန်ဆုံး ရုပ်သိမ်းသင့်ပါတယ်။”

စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရှိနေသမျှ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ဆက်လက် ရှိဦးမှာ ဖြစ်သလို မြန်မာပြည်သူတွေ ကျောင်းသားလူငယ်တွေရဲ့ ဆန့်ကျင်မှုတွေဟာလည်း ဆက်လက် ရှိနေဦးမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

Sunday, March 20, 2011

မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအင်အားစုများ၏ တပ်မတော်အတွင်းရှိ အရာရှိအရာခံ အကြပ်တပ်သားများထံအထူးပန်ကြားလွှာ



“ တပ်မတော်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများထံအထူးပန်ကြားလွှာ ”

ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ် ၊ မတ်လ ( ၁၇ )ရက်
စာအမှတ် ။ ။ ၀၀၄ / ၂၀၁၁ / သပ / မလအ

မင်္ဂလာပါစစ်သည်အပေါင်းတို့ရေ …......... ။
ကိုယ်ကျန်းမာလို့ ၊ စိတ်ချမ်းသာကြပါရဲ့လား ….. ဘ၀နောက်ကျော တွေကောလုံ ခြုံစိတ်ချရရဲ့လား ၊ ကိုယ့်အခွင့်အရေးတွေအတွက်
ဘာတွေလုပ်နိုင်ခဲ့ကြပါသလဲ ၊ ရသင့်ရထိုက် တဲ့အခွင့် အရေးတွေဆုံရှုံးနေတာ ၊ ရဟန်းသံဃာ ကျောင်းသား ပြည်သူတွေကို ရန်သူလို
နှိမ်နင်းမှု မပြုချင်ဘဲ ပြု နေရတာတွေ ၊ အထက်အောက် ဖိနှိပ်မှုတွေကြောင့် စိတ်ကုန်နေခဲ့တာတော့ကြာပြီပေါ့နော် ၊ တပ်မတော်က ပေး တဲ့လစာနဲ့ ရိက္ခာကလည်းမိသားစုအသက်ရှင်ရပ်တည်ဘို့ပင် အနိုင်နိုင်မို့ ၊ စု ငွေလေးတွေထုတ်ပြီး စိုက် သုံး ဖို့ကြိုးစားပြန်တော့လည်း
စုငွေတွေပြန်ထုတ်မရတာကြောင့်မိသားစု ဘ၀တွေအဖို့ရရာအလုပ် ပြင်ပ ထွက်လုပ်ရတဲ့ အဖြစ်စတဲ့ မကျေလည် မှုတွေဟာတပ်မတော်ကို
ဝင်ခဲ့တုန်းက ယုံကြည်ချက်ခံယူချက်တွေနဲ့ လွဲလွဲကြီးဖြစ်နေမှန်း သိသိနဲ့ နောက်ဆုတ် ထွက်မရ ၊ ရှေ့တိုး ထမ်းပိုးထမ်း နေရတဲ့ ဘ၀မျိုးကြုံနေရတယ် မဟုတ်ပါလား ၊ အမှန်တရားအတွက် လုပ်သင့်တာတွေ သိမြင်နေပေမဲ့လည်း မလုပ်နိုင်ခဲ့တာတွေအပေါ် မကျေနပ်မှုတွေ
ပြည့်နေပြီလား ။ ကိုယ့်မိသားစုတွေရဲ့ အနာဂါတ်မဲ့နေတဲ့ အခြေအနေတွေကြည့်ပြီး ၊ ကိုယ်ယူထားတဲ့ တာဝန်နဲ့နာခံထားတဲ့ အမိန့်တွေက
တဘက်မှာ ကမ်းပြိုလို့ ၊ တဘက်မှာ သောင်ထွန်းတဲ့ ဖြစ်အင်တွေကို တွေ့မြင်ပြီး ရင်နာ စရာတွေကြုံ နေရတယ်မဟုတ်လား ၊ တပ်မ
တော်သားတို့နေ့စဉ်ဆိုနေကြရတဲ့ သစ္စာ အဓိဌာန်က နိုင်ငံတော်နှင့် နိုင်ငံသား တွေကိုကာကွယ်ရန် သစ္စာဆိုကြပေမဲ့လည်းအမှန်တကယ်
ဖြစ်နေတဲ့အခြေအနေက ၊ သစ္စာအဓိဌာန်အပေါ်အဓိပ္ပါယ် တလွဲဖွင့်တဲ့  စစ်အာဏာရှင်အုပ်စုကို အကာအကွယ် ပေးဘို့အတွက်ထုတ်ထား
တဲ့အမိန့်ကိုဘဲ အလေးထား လိုက်နာဘို့ အတင်း အကြပ် စေခိုင်း နေတာကြောင့် ၊ သစ္စာအဓိဌာန်အတိုင်း လက်တွေ့ မလုပ် ဆောင်နိုင်
သေးဘူး မဟုတ်ပါလား ဒီလိုနဲ့ ရာစုနှစ် ထက်ဝက်နီးပါး တပ်မတော်နံမည်ကို အလွဲသုံးစား လုပ်ခဲ့လို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်း စေခဲ့ရတယ် တနည်းအားဖြင့် မတရားတဲ့အမိန့်များကို နာခံပြီးလုပ်ခဲ့တဲ့ အကျိုး ဆက်တွေကြောင့် တပ်မတော် သားတို့ရဲ့ စစ်ယူနီဖေါင်း
တွေပေါ်မှာ ပေကျံစွန်းထင်းနေတဲ့ ပြည်သူတွေရဲ့  သွေး တွေကို ဖယ်ရှားဆေးကြောဘို့ လိုအပ်ပါတယ် အဲဒီ့လို ဖယ်ရှား ဆေးကြော ပေးဘို့
တာဝန်ရှိနေသူတွေ ဖြစ်တဲ့ မျိုးချစ် တပ်မတော်သား ကောင်းတို့ ရဲ့ တာဝန်ဘဲဖြစ်ပါတယ် ၊ ညီညွတ်မှုနဲ့ သမိုင်းအစဉ်အလာ ကောင်းခဲ့တဲ့
တပ်မတော်ကြီး ပီပီပြင်ပြင် ပြန်လည် ပေါ်ပေါက် လာရန် တပ်မတော်ကြည်း ၊ ရေ ၊ လေတို့ရဲ့ ပူးပေါင်းစွမ်းဆောင်နိုင် မှုက အလွန်အရေး
တကြီး လိုအပ်နေပါတယ် ။
သို့ မှသာ သမိုင်းကြောင်း ကောင်းတဲ့ တပ်မတော်အဖြစ်၎င်း ၊ သားစဉ်မြေးဆက် နာမည်ဆိုးနဲ့ မကျန်ခဲ့ရအောင် စွမ်းဆောင်ကျိုးပန်းချက်
်ကောင်းအဖြစ် သမိုင်းတွင်ဘို့လိုအပ်နေပါတယ် ၊ ဒါကြောင့်မို့ တပ်မတော်သား ကောင်းတို့ ရေစိုးထိတ်မှု ၊ မကျေနပ်မှု ၊ နာကျည်းမှုတွေနဲ့
အတူ ကြားသိမြင်တွေ့နေတဲ့ ပြည်သူလူထုရဲ့ ဘ၀ဖြစ်အင်တွေအပြောင်း အလဲအားလုံးဖြစ်ဘို့ အတွက် တွေဝေပြီး ရပ်တန့် မနေပါနဲ့  ၊ တပ်မတော်သားကောင်းတို့ ရဲ့ အစဉ်အလာ ကောင်းဖြစ်တဲ့ ( ပြည်သူသည်သာအမိ - ပြည်သူသည်သာအဖ ) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူတို့ကိုအကာ အကွယ်ပေးဘို့ ပြည်သူ့ ဘက်က ရပ်တည်ပေးဘို့ အတွက် ပြည်သူတရပ်လုံးက သင်တို့ ကို အလိုရှိနေပါတယ် ၊ ကမ္ဘာ့ နိုင်ငံအများစုက တပ်မတော်သား ကောင်းများနည်းတူ ပြည်သူလူထုဘက်က ရပ်တည်ပြီး နိုင်ငံတော်နှင့် နိုင်ငံသား တို့ ရဲ့အကျိုး
စီးပွားကို အကာအကွယ် ပေးဘို့ရန် မြန်မာနိုင်ငံ လူထုလှူပ်ရှားမှူအင်အားစုများ ( မလအ ) မှ အလေး အနက်တိုက်တွန်းနှိုးဆော် ပန်ကြား
လိုက်ပါတယ်ရှင် …......... ။

(မလအ)ရဲ့ဖိတ်ခေါ်သံ

၂၀၁၁ မှာ ဗျူဟာပြောင်း .…. စံနမူနာကောင်း …................................. ။
စစ်သည်အပေါင်း …… ပြည်သူ့ဘက်ကိုပြောင်း …................................ ။
ကျည်ဆံခလုပ်မောင်း ……. အာဏာရှင်ဘက်ကိုပြောင်း …...................... ။
အာဏာရှင်ဓါတ်ပြားဟောင်း …….. မလိုတော့ပြီညောင်း …...................... ။
ဒါမှနာမည်ကောင်း ………….. ပြည်သူ့တပ်မတော်သားကောင်း …............ ။
ဒီမိုကရေစီစနစ်အသွင်ပြောင်း ………. လူ့အခွင့်အရေးလဲကောင်း ….......... ။
မြန်ပြည်သူအပေါင်း …….. လုံခြုံငြိမ်းချမ်းပါစေကြောင်း …........................ ။
(မလအ)တို့ရဲ့ ….. ဆုမွန်ကောင်းတောင်း …........................................ ။


စစ်မှန်သောဆနNမွန်ဖြင့်

မြန်မာနိုင်ငံ လူထုလှူပ်ရှားမှူအင်အားစုများ(မလအ)

Saturday, March 19, 2011

မြန်မာတဲ့ဟေ့

အချိန်ပြည့် အထူးသံခန့်ရေး ကုလ စဉ်းစားဆဲ

သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ မတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလ အထူးသံတမန်တဦး ခန့်အပ်ရန် စဉ်းစားဆဲဟု သူ၏ ပြောခွင့်ရသူက နယူးယောက်တွင် ကြာသပတေးနေ့က ပြောခဲ့သည်။

ကြားကာလတွင် ထိုတာဝန်ကို အိန္ဒိယ သံတမန်ဟောင်း ကုလရုံးအရာရှိချုပ် ဗီဂျေးနမ်ဘီးယားကို ယာယီခန့်ခဲ့သည်မှာ တနှစ်ကျော်ပြီဖြစ်ကာ၊ ယခုလဆန်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးအတွက် ကုလ အချိန်ပြည့် အထူးသံတမန်ကို တတ်နိုင်သမျှ မြန်ဆန်စွာ ခန့်ထားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သော အာရှအသံ RFA သို့ မတ်လ ၄ ရက်နေ့တွင် “မြန်မာ့အရေးကို နက်ရှိုင်းစွာ စောင့်ကြည့်လေ့လာဖို့အတွက် ကုလသမဂ္ဂအနေနဲ့ တာဝန်ယူတတ်တဲ့ ပုဂ္ဂိုလ်တဦးကို မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဒါဆိုရင် အဲဒီသံတမန်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို အသေးစိတ် အစီရင်ခံနိုင်တော့မှာပါ။ ဒါကြောင့်မို့ ကျမအနေနဲ့ အချိန်ပြည့် အထူးသံတမန်ကို တတ်နိုင်သမျှ မြန်မြန်ခန့်အပ်ပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောခဲ့သည်။

ဤမေတ္တာရပ်ခံမှုကို ကုလပြောခွင့်ရသူက ပြန်ကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာမိတ်ဆွေများအဖွဲ့ Friends of Myanmar Group ရှိ ကုလအဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံခန့်ရေး တောင်းဆိုသည်ဟု ဆိုသည်။

“အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အဲဒီစိတ်ကူး အိုင်ဒီယာတွေ၊ မေတ္တာရပ်ခံချက်တွေကို မှတ်သားထားပြီး ဆုံးဖြတ်ချက်ချဖို့အတွက် ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု သူက ပြောခဲ့သည်။

လွန်ခဲ့သည့် ၃ လခန့်တွင်လည်း ကုလဆိုင်ရာ ဗြိတိန်နှင့် မက္ကဆီကို သံအမတ်များက Inner City Press သတင်းထောက် Matthew Russell Lee ကို ပြောခဲ့ရာ၌ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် မစ္စတာ နမ်ဘီးယား၏ နေရာတွင် မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသံတမန်တဦးကို အလျင်အမြန် ခန့်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အထူးသံတမန် နေရာအတွက် “တာဝန်ယူတတ်သော ပုဂ္ဂိုလ်” ကို အလိုရှိသည်ဟု သုံးနှုန်းသွားသည်မှာ မစ္စတာနမ်ဘီးယား မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် တာဝန်ယူခဲ့သော မစ္စတာ ဂမ်ဘာရီကို သူ၏ နေအိမ်အထိန်းသိမ်းခံရစဉ်က တကြိမ်တွင် ဂမ်ဘာရီနှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းကို ရည်ညွှန်းဖွယ်ရာ ရှိသည်။ မစ္စတာဂမ်မှာ နိုင်ဂျီးရီးယား စစ်အာဏာရှင် Sani Abacha လက်ထက်က ကုလဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

မဟာဗျူဟာလုပ်ငန်းစဉ် ၄ ရပ် ကုလ အကောင်အထည်ဖော်မည်

ထက်အောင် Friday, 18 March 2011 17:36

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများ၏ မဟာဗျူဟာလုပ်ငန်း အစီအစဉ်အသစ်အဖြစ် အဓိက နယ်ပယ် ၄ ရပ်တွင် လုပ်ငန်းများ အကောင်အထည် ဖော်သွားမည်ဟု သိရသည်။

မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သော လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးမိတ်ဖက်အဖွဲ့ (Humanitarian Partnership Group) ၏ လစဉ်အစည်းအဝေး၌ ယင်း အဓိကနယ်ပယ် ၄ ရပ်အတွက် အကောင်အထည် ဖော်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်း ဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူး Bishow Parajuli က ဥက္ကဌအဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများ၏ အကြီးအကဲများ၊ သံတမန်များ၊ ပညာရှင်များနှင့် အကူအညီပေးရေး အဖွဲ့အစည်းများမှ ၀န်ထမ်းများ တက်ရောက်သည်။

၂၀၁၂-၂၀၁၅ သက်တမ်းအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဦးစားပေးလုပ်ငန်း ၄ ရပ်မှာ (၁) စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအပါအ၀င် ကျေးလက်နှင့်မြို့ပြ နှစ်ရပ်စလုံး ဖွံ့ဖြိုးရေးကို အားပေးဆောင်ရွက်ရန်၊ (၂) အရည်အသွေးရှိသော လူမှုစောင့်ရှောက်ရေး လုပ်ငန်းများကို ညီတူညီမျှ လက်လှမ်းမှီမှုများ တိုးတက်ကောင်းမွန်စေရန်၊ (၃) သဘာဝဘေးဒုက္ခများကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာမှုများ လျော့ကျရေး ဆောင်ရွက်ရန်၊ (၄) ကောင်းမွန်သောအုပ်ချုပ်ရေး တိုးတက်ဖြစ်ထွန်းစေရန်နှင့် ဒီမိုကရေစီယန္တယားများနှင့် ဒီမိုကရေစီ အခွင့်အရေးများ အားကောင်းရှင်သန်ရေးတို့ ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ယခင် မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များနှင့်မတူဘဲုမဟာဗျူဟာသစ်၏ စတုတ္ထမြောက် အချက်တွင် ကောင်းမွန်သောအုပ်ချုပ်ရေး၊ ဒီမိုကရေစီယန္တယားများနှင့် ဒီမိုကရေစီ အခွင့်အရေးများ အားကောင်းရှင်သန်ရေးကို ထည့်သွင်းထားသည်။ မဟာဗျူဟာလုပ်ငန်းစဉ်သစ် ကြေညာချက်သည် နေပြည်တော်တွင် ဆက်တိုက်ကျင်းပနေသော လွှတ်တော်ညီလာခံများအတွင်း အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြောင်းလဲဖွဲ့စည်းရေး လုပ်ငန်းများကို ဆောင်ရွက်နေချိန်နှင့် အချိန်ကိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

Bishow Parajuli က အဆိုပါအစည်းအဝေးတွင် “ကုလသမဂ္ဂ မဟာဗျူဟာလုပ်ငန်း အစီအစဉ်သည် မြန်မာနိုင်ငံ၏ အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့် ရှေ့လာမည့်ကာလအတွက် ရှိနေသော အခွင့်အလမ်းများကို လေ့လာသုံးသပ်ချက်များအပေါ်တွင် အခြေခံထားပါသည်” ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါကြေညာချက်၌် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ကုလသမဂ္ဂ၏ လေ့လာတွေ့ရှိချက်များကို ဖော်ပြထားခြင်းမရှိချေ။ ထိုလုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းမပြုမီ ကုလသမဂ္ဂသည် မြန်မာစစ်အစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အကြံပြုချက်ဆွေးနွေးမှုများလည်း ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရနှင့် အဆင့်မြင့်ဆွေးနွေးမှုများ ရှိမရှိ၊ လာမည့် စစ်ဖက်အရပ်ဖက် ပေါင်းစပ်ထားသည့် အစိုးရသစ်လက်အောက်တွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် ပို၍လုပ်ဆောင်လာနိုင်ခြေရှိမရှိ မည်ကဲ့သို့ မျှော်မှန်းထားကြောင်းဟု မေးမြန်းရာတွင် ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန၏ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက “နည်းစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကိုပဲ ပညာရှင်အဆင့်တွေနဲ့ပဲ ရှိပါတယ်။ အစိုးရအသစ်နဲ့ ပတ်သက်လို့ ပြောဖို့စောပါသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် တိုင်းပြည်၌် ယိုယွင်းနေသော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက် စစ်အစိုးရအနေဖြင့် နိုင်ငံတော်အသုံးစရိတ်ကို ပိုမိုသုံးစွဲရန် မကြာခဏ တောင်းဆိုခဲ့သည်။ သို့ရာတွင် အစိုးရသစ်၏ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ခွဲဝေမှုတွင် ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးကဏ္ဍအတွက် ၁.၃၁ ရာခိုင်နှုန်းစီသာ ခွဲဝေပေးထားသည်။

အစိုးရဘတ်ဂျက်သစ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ သဘောထားအမြင်ကို မေးကြည့်ရာတွင် “ဘတ်ဂျက်နဲ့ပတ်သက်လို့က ထွက်တယ်လို့တော့ ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့မှာ တရားဝင်ဘာမှ မရှိသေးပါဘူး။ ဒါပေမယ့် အဓိကကတော့ နိုင်ငံတိုင်းမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်ဆိုရင် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်” ဟု ဦးအေးဝင်းက ပြောသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့က အတိုင်းအတာတခုအထိပဲ လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်တယ်ဆိုတာကလည်း အစိုးရအဖွဲ့ အစည်းမပါဘဲ လုပ်လို့မရဘူးခင်ဗျ” ဟု ဦးအေးဝင်းက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ဆိုင်ကလုန်း နာဂစ်ဒဏ်၊ ၂၀၁၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်း ဂီရိဒဏ်တို့ကို ခံခဲ့ရပြီး ယခုအချိန်အထိ လူပေါင်း ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်သည်။

ယခု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဆိုင်ကလုန်းဂီရိဒဏ်ခံစားခဲ့ရသူများ ပြန်လည် ထူထောင်ရေးကူညီရန် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ တနှစ်တာအတွက် အမေရိကန်ဒေါ်လာ ၅၀.၂ သန်း လိုအပ်ကြောင်း ဖော်ပြထားသည်။ အင်္ဂလန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးမှုဌာနမှတဆင့် ၂၀၁၅ ခုနှစ်အထိအတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၇၅ သန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကြေညာလိုက်သည့်အပေါ် ကုလသမဂ္ဂက ၀မ်းသာကြိုဆိုကြောင်း ဖော်ပြထားသည်။

Friday, March 18, 2011

အောင်သပြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ စာသင်ဆောင် ဆောက်လုပ်ရန် ဆောက်လုပ်ရေးသုံး ပစ္စည်းများ လိုအပ်လျက်ရှိ



မိဘမဲ့ကလေးများ နှင့် ဆင်းရဲနွမ်းပါးသူများ၏ ကလေးများကို အခမဲ့ ပညာသင်ကြားပေးလျက် ရှိသော ပုသိမ်မြို့ အမှတ် (၈) နယ်မြေတွင် ဖွင့်လှစ်ထားသည့် အောင်သပြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ စာသင်ဆောင် ဆောက်လုပ်ရန် ဆောက်လုပ်ရေးသုံး ပစ္စည်းများ လိုအပ်လျက်ရှိရာ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

အောင်သပြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အမှတ် (၈) နယ်မြေ ရုပ်သံထပ်ဆင့်လွှင့် စက်ရုံအနီးတွင်း ၂၀၁၀ ဇွန်လ (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တွင် မိဘမဲ့ကလေးများ နှင့် ဆင်းရဲနွမ်းပါးသူများ၏ ကလေးငယ် စုစုပေါင်း (၄၅) ယောက်အား မူလတန်းပညာ သင်ကြားပေးလျက်ရှိသည်။

ကျောင်းအုပ်ဆရာတော်နှင့် ဆရာမ (၃)ဦးသည် မြေကြီးပေါ်တွင် ဓနိမိုး၊ ထရံကာဖြင့် ယာယီစာသင်ဆောင် ဆောက်လုပ်ကာ ကလေးငယ်များအား ဆင်းရဲချို့ငဲ့စွာ မူလတန်းပညာများ အခမဲ့သင်ကြားလျက်ရှိကြောင်း သိရသည်။ လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၂၅၀ ဦးခန့်အား အခမဲ့ ပညာသင်ကြားပေးမည် ဖြစ်ရာ လက်ရှိ ယာယီစာသင်ဆောင်ဖြင့် မလုံလောက်ဘဲ စာသင်ဆောင် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။


ကျောင်းအုပ်ဆရာတော် ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို လက်ရှိကျောင်းဆောင် ရှေ့တွင် တွေ့ရစဉ်
ထိုကြောင့် လိုအပ်သော နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန်အတွက် အောက်ဖေါ်ပြပါ ဆောက်လုပ်ရေး ပစ္စည်းအမျိုးမျိုးအား အဝေးရောက် ပုသိမ်သူ ပုသိမ်သားများ၊ ပြည်ပရောက် စေတနာရှင်များ နှင့် မြို့တော်ပုသိမ် ပရိသတ်များသည် ဆန္ဒရှိသ၍ ပါဝင်လှူဒါန်းနိုင်ရန် ဖေါ်ပြလိုက်ပါသည်။

နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ရန်အတွက် လှူဒါန်းနိုင်သော ဆောက်လုပ်ရေးသုံး ပစ္စည်းများ

၁။ (၆)ပတ်လည် အရှည် ၁၈ပေ တိုင် – တစ်တိုင်လျင် - ၅၀၀၀၀ကျပ်
၂။ တုံ/ယက္မ (၄၀) ချောင်း – တစ်ချောင်တန်ဖိုး - ၃၀၀၀၀ကျပ်
၃။ ဆင့် ၊ ထုတ်၊ ယောက် ၊ ဒိုင်း ၊ မြှား – တစ်ချောင်းလျင် - ၁၀၀၀၀ကျပ်
၎။ အမိုးသွပ် (၇)ပေအရှည် အချပ် ၂၅၀ချပ် – တစ်ချပ်လျင် - ၅၀၀၀ကျပ်
၅။ ဘိလပ်မြေအိတ် (၅၀) အိတ် – တစ်အိတ်လျင် - ၆၀၀၀ကျပ်
၆။ သဲ(၅)တန် – တစ်တန်လျင် တန်ဖိုး - ၁၀၀၀၀ကျပ်
ရ။ အုတ် (၁၀၀၀၀) လုံး – အုတ် (၁၀၀) လျှင် တန်ဖိုး - ၄၀၀၀ကျပ်
၈။ သံ တစ်ပိဿာ - ၃၀၀၀ ကျပ်
၉။ သံကျင်တွယ် တစ်စုံလျင် - ၂၀၀၀ ကျပ်
အဆိုပါ ဆောက်လုပ်ရေးသုံး ပစ္စည်းများကို ပါဝင်လှူဒါန်းလိုသော ပြည်တွင်းပြည်ပမှ စေတနာရှင်များသည် ကျောင်းဆောင် ဆောက်လုပ်ရေးအတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အောက်ပါ ပုဂ္ဂိုလ်များထံသို့ တစ်ဦးတစ်ယောက်ချင်းစီ သော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။

ကျောင်းအုပ်ဆရာတော် – ဖုန်း -09 497 22029
ဦးဆန်းထွန်း (ဆလက) – ဖုန်း – 09 520 1449
ဆရာမ ဒေါ်ညိုညိုလှ – ဖုန်း – 09 520 2840
မရီရီလွင် (Shine Hope) – ဖုန်း – 09 497 20829
မဖြူဖြူသိမ့် (Shine Hope) – ဖုန်း – 09 508 4078
ကိုသီဟမိုးဇော် (အိုမီဂါ) – ဖုန်း – 09 514 6636
မနွယ်နွယ်ဝင်း (Shine Hope) – ဖုန်း – 09 520 1973
ကိုကျော်နိုင်ဦး (မြို့မဈေး)- ဖုန်း – 09 650 2259
ကိုကျော်မြင့် (မြို့မဈေး) – ဖုန်း – 09 520 1845
မကြူကြူမာ (မြို့မဈေး) – ဖုန်း – 09 497 21640


Source : http://patheincity.com/news/index.php/2011/03/aungthabyay-montessori-school-accept-donation/#ixzz1H1Iaksel
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

Tuesday, March 15, 2011

မြန်မာလူငယ်တွေ စိတ်ဝင်စားနေကြတယ်ဆိုတဲ့ အနုပညာရှင်တွေရဲ့ ရှင်းလင်းချက်



အခု ဖော်ပြထားတာကတော့ ရဲလေးက သူ မသေပါဘူးဆိုပြီး ပြောထားတဲ့ ဗီဒီယို ဖြစ်ပြီး အောက်ဖော်ပြထားတဲ့ပုံကတော့ စိုင်းစိုင်းခမ်းလှိုင်၊ ဖိုးလပြည့်နဲ့ Rဇာနည်တို့က ကောလဟာလတွေ မယုံပါနဲ့ ဆိုတဲ့ စာတမ်းတွေ ကိုင်ပြီး ဓါတ်ပုံရိုက်ထားပုံ ပါ။ ဒီ သတင်းတွေကို ဖော်ပြထားတဲ့ Myanmar Celebrity ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လူမိုက်ဂိုဏ်းနဲ့ အနုပညာရှင်တွေနဲ့ ရန်ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး အခုလို ဖေ့စ်ဘွတ်မှာ ဖော်ပြထားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ (Source: Myanmar Celebrity)

Monday, March 14, 2011

ဗိုလ်မှူးစောလားဘွယ်မှ မြန်မာ့ဒီမိုကရေစီအင်အားစုများသို့ စကားလက်ဆောင် ရုပ်သံ

( ၂၃ )နှစ်မြောက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနား (ဖို့ဝိန်းမြို့ - အမေရိကန်ပြည်ထောင်စု)အမှတ် ၎

( ၂၃ )နှစ်မြောက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနား (မဧပရယ်စိုး) ဖို့ဝိန်းမြို့ USA

( ၂၃ )နှစ်မြောက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနား (ဖို့ဝိန်းမြို့ - အမေရိကန်ပြည်ထောင်စု)အမှတ် ၃

( ၂၃ )နှစ်မြောက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနား (မပြည့်ပြည့်အောင်) ဖို့ဝိန်းမြို့ USA

( ၂၃ )နှစ်မြောက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနား (ဖို့ဝိန်းမြို့ - အမေရိကန်ပြည်ထောင်စု)အမှတ် ၁

( ၂၃ )နှစ်မြောက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခန်းအနား (ဖို့ဝိန်းမြို့ - အမေရိကန်ပြည်ထောင်စု)အမှတ်၂

Saturday, March 12, 2011

ကူညီကယ်ဆယ်ရေးစခန်းမဲ့ ရန်ကုန်လေပြင်းဒါဏ်ခံ အိမ်ခြေ ၇၆၀ အိုးမဲ့အိမ်မဲ့

ရန်ကုန် လေပြင်းတိုက်၊ ၇၆၀ အိုးအိမ်မဲ့

မဇ္ဈိမသတင်းဌာန | စနေနေ့၊ မတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ အိုးမဲ့အိမ်မဲ့ လေဘေးဒုက္ခသည်ပေါင်း ဦးရေ ၇၆၀ ရှိကြောင်း ရန်ကုန်တိုင်း တယက က ဆိုသည်။


ရန်ကုန်မြို့တွင် စနေနေ့ မတ်လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်က မိုးရွာသွန်းမှုဖြစ်ပွားနေစဉ် မြို့လယ်ဘတ်စ်ကားမှတ်တိုင်တခုတွင် စောင့်ဆိုင်းနေကြသော ခရီးသည်များ။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်တိုင်း ခရမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ လူပေါင်း ၇၆၀ လေဘေးဒုက္ခသည်ဖြစ်သွားသည်။
တယက ထူးခြားဖြစ်စဉ် မှတ်တမ်းတွင် မွန်းလွဲ ၁ နာရီခွဲနှင့် ၃နာရီအကြား ခရမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ခရမ်း အေးရွာတွင် မွန်းလွဲ ၁ နာရီခွဲခန့်၊ ကျန်မြို့နယ် ၂ ခုတွင် မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအကြား တိုက်ခတ်ခဲ့သည်ဟု ထူးခြားဖြစ်စဉ် မှတ်တမ်းက ဆိုသည်။

“ခရမ်းကိုတော့ ကျနော်တို့ ရန်ကုန်အနေနဲ့ မသွားရသေးဘူး။ စာရင်းတက်လာကတော့ ခရမ်းမှာ အိမ် ၁၆ လုံးပျက်ပြီး အိုးမဲ့အိမ်မဲ့ ၅၉ ယောက် ဖြစ်တယ်။ ကယ်ဆယ်ရေးစခန်း မဖွင့်ထားပါဘူး” ဟု ရန်ကုန်တိုင်း တယက တာဝန်ရှိသူ တဦးက ပြောသည်။ ကျန် နှစ်နေရာတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားသည်ဟု ဆိုသည်။

ဒဂုံဆိပ်ကမ်းတွင် ၁၆၈၊ ၅၈ ၊ ၉၀၊ ၉၃၊ ၈၇ စသော ရပ်ကွက်များမှ ပျက်စီးအိမ်ခြေ ၉၀ ကျော်မှ အိုးအိမ်မဲ့ ၅၃၀ အတွက် ဓမ္မာရုံတခု၌ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၁၀၄၊ ၇၀၊ ၂၀၊ ၂၁ စသော ရပ်ကွက်များမှ အိမ် ၄၀ ကျော် ပျက်စီးခဲ့သည့် ဦးရေ ၁၇၀ အတွက် အခြေခံပညာ ကျောင်းများ၌ ဖွင့်ထားသည်။

၁၀ တန်းစာမေးပွဲ ဖြေဆိုနေသည့် ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်ရှိ ၁၇ နှစ်အရွယ် ကျောင်းသူတဦး လေပြင်းနှင့်အတူ လွင့်လာသော သွပ်ပြားပြတ်ရှ ဒဏ်ရာရခဲ့သော်လည်း မြို့နယ်ဆေးရုံ၌ ကုသမှုခံယူခဲ့ပြီး၊ စာမေးပွဲ ဆက်ဖြေနေသည်။

“ခေါင်းမှာ ချုပ်တော့ ချုပ်လိုက်ရတယ်။ ဒါပေမယ့် သိပ်မများဘူးဆိုတော့ စာမေးပွဲတော့ ဆက်ဖြေနိုင်ပါတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

ရန်ကုန်တွင် လေပြင်းများတိုက်ကာ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများမှာ ယခုလ ၁၀ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အကျယ်အဝန်း ၁၀ မိုင်ခန့်ရှိ မိုးတိမ်တောင်များကြောင့် ယခုကဲ့သို့ စိုက်ဆင်း (ခေါ်) လေပြင်းများ တိုက်ခတ်ခြင်းမှာ ၂၀၀၆ ခုနှစ်မှစ၍ ၆ နှစ်ရှိပြီဟု မိုး/ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။



“မိုးတိမ်တောင်တွေဖြစ်ရင် လေတိုက်တယ်၊ မိုးကြိုးပစ်တယ်၊ လေဆင်နှာမောင်း ဖြစ်တယ်၊ နေရာကွက် မိုးကြီးတယ်။ မိုးကြီးတဲ့ဒေသက တောင်ကျဖြစ်ရင် လျှပ်တပြက် ရေကြီးတယ်၊ တောင်ပေါ်တွေဖြစ်ရင် မြေပြိုတယ်။ ကျနော်တို့ မုတ်သုန် နောက်ကျပြီး အထွက်စောတော့ မိုးကြိုကာလ၊ မိုးကုန်ကာလတွေက ရက်ပိုရှည်လာတယ်။ ဒါက ၆ နှစ်ရှိပြီ ဖြစ်နေတာ” သူက ပြောဆိုသည်။ နွေကာလအတွင်း ယခုလို အဖြစ်ဆိုး ကြုံရလျှင် နောက်ပိုင်းကာလများတွင် ပိုဆိုးနိုင်သည်ဟု ဆိုသည်။

ယခုရာသီမျိုးတွင် လေပြင်းအပြင် မိုးကြိုးပါ ပစ်နိုင်သဖြင့် သတိပြုစေလိုကြောင်း သူက ပြောဆိုလိုက်သည်။

“ဒီတိမ်မျိုးတွေက သတိထားရင် မြင်နိုင်တယ်။ တိမ်တောင်ဆိုတော့ တိမ်ကြီးတွေက မြင့်မြင့်မားမား တိမ်ကြီးတွေလေ။ ဒီတိမ်ကြီးတွေ ဖြစ်လာပြီ၊ အထူးသဖြင့် မိုးခြိမ်းသံကြားရင် သတိထားဖို့ လိုတာပေါ့ဗျာ။ မိုးခြိမ်းသံကြားရင် ကိုယ်နဲ့ နီးတယ်။ မိုးကြိုးစက်ကွင်းထဲမှာ ရှိတယ်ပေါ့ဗျာ။ များသောအားဖြင့် မိုးကြိုးက တောင်သူလယ်သမားတွေကို ထိတာများတယ်။ လယ်ကွင်းတွေထဲမှာ။ ဒီနှစ်ထဲမှာတင်ကို မိုးကြိုးပစ်လို့ သေတဲ့သူ ၃ ယောက် ရှိသွားပြီ” ဟု သူက ဆိုသည်။

Friday, March 11, 2011

နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်

ဧရာဝတီ Friday, 11 March 2011 18:22

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။


နိုင်ငံ့ဥသျှောင် အဖွဲ့ ခေါင်းဆောင်များ (ဓာတ်ပုံ - အေပီ)
“အဓိကကျတဲ့ တပ်တွင်းရာထူး တိုးပေးတာ၊ လက်နက်ဝယ်တာ၊ နျူကလီးယားစီမံကိန်းနဲ့ တခြားအရေးကြီးတဲ့ ကာကွယ်ရေး ဆိုင်ရာကိစ္စ တော်တော်များများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်ကိုင်တွယ်မယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်ရေးပြပွဲတွေလောက်မှာပဲ မိန့်ခွန်း ပြောတာမျိုး လုပ်ရမယ်။ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှုကိုပဲ ခံယူရမယ်” ဟု နေပြည်တော်မှ စစ်တပ် အရာရှိကြီး တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးမည် ဖြစ်သော်လည်း စစ်တပ်မှ အငြိမ်းစားယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်အဖွဲ့ အကြီးအကဲနေရာတွင် ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ချုပ်ကိုင် ထားမည်ဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း လက်ရှိရာထူး တာဝန်ဖြင့်ပင် ဥသျှောင် အဖွဲ့၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်တချို့ကို လွှဲပြောင်း ရယူ လုပ်ကိုင်နေပြီဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် လုပ်ကိုင်နေရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဦးသိန်းစိန်သည်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၎င်းဦးဆောင်သော အစိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးပြီးပါက နိုင်ငံတော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လစဉ်အစီရင်ခံ တင်ပြရမည်ဟု သတင်းရရှိသည်။

“ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေအများကြီးခွဲပြီး အုပ်ချုပ်ခိုင်းထားပေမယ့် သူကပဲ ထိပ်ဆုံးကနေ ချုပ်ကိုင် ထားတယ်။ သမ္မတကလည်း ငါသမ္မတပဲဆိုပြီး လုပ်ချင်ရာလုပ်လို့ မရဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငါ ကာကွယ်ရေး ဦးစီးချုပ်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်ဝန်ထမ်းက ဆိုသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့သည် စစ်အစိုးရ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော အဖွဲ့အစည်း တခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲတဦး ခန့်အပ်ကာ နိုင်ငံ့ဥသျှောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု သိရှိရသည်။

နေပြည်တော်အခြေစိုက် စစ်ဘက်ဆိုင်ရာ သတင်းများအရ တပ်မတော်တွင် အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးကိုသာ ထားရှိတော့မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှလွဲ၍ ဗိုလ်ချုပ်မှူးကြီးရာထူးကို မည်သည့် စစ်အရာရှိကိုမှ ပေးအပ်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ပြောသည်။

စုံစမ်းရေးကော်မတီဖွဲ့ရေး လပ်ဗီးယားနှင့် ဒိန်းမတ် ထောက်ခံ

2011-03-11

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းဖို့ ထောက်ခံခြင်း မရှိသေးတဲ့ ဥရောပ ၆ နိုင်ငံရဲ့ လန်ဒန်မြို့က သံရုံးတွေကို မြန်မာတွေ မတ်လ ၁၀ ရက် မနေ့က သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ရာမှာ ဥရောပ နိုင်ငံ ၂ ခုရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo: Courtesy of Burma Campaign UK
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန် (ရှေ့ဆုံး) က ဖခင်၏ ဓာတ်ပုံ ပိုစတာကို ကိုင်ဆောင်ကာ Burma Campaign UK အဖွဲ့ဝင်များနှင့်အတူ လန်ဒန်မြို့ရှိ ဥရောပ ၆ နိုင်ငံ သံရုံးများကို မတ်လ ၁၀ ရက်နေ့က လှည့်လည် ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Burma Campaign UK)
မြန်မာနိုင်ငံတွင်းက စစ်ရာဇဝတ်ပြစ်မှု နဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ် ပြစ်မှုတွေ ကို စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းရေး ကို ဂျာမနီ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ် ၊ လပ်ဗီးယား၊ လူဇင်းဘတ် စတဲ့ ဥရောပနိုင်ငံ ၆ နိုင်ငံက ထောက်ခံခြင်းမရှိသေးပါဘူး။

မနေ့က လန်ဒန်မြို့မှာ ရှိတဲ့ အဲဒီနိုင်ငံ သံရုံးတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးရဲ့ သမီး မဝေနှင်းပွင့်သုန်က ဦးဆောင်သွားရောက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့စည်းရာမှာ ထောက်ခံကြဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို မဝေနှင်းတို့ သွားရောက် တောင်းဆိုခဲ့တဲ့ ဥရောပ ၆ နိုင်ငံထဲက လပ်ဗီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ မဝေနှင်းပွင့်သုန်က အခုလိုရှင်းပြပါတယ်။

“Latvian embassy ကတော့အရမ်းကောင်းတယ် သူတို့အနေနဲ့ ဒီစုံစမ်းစစ်ဆေးရေး အဖွဲ့ဖို့ထောက်ခံတယ်။ သူတို့အစိုးရအနေနဲ့ တိတိလင်းလင်း မပြောသေးတာပဲရှိတဲ့ against လုပ်တာလည်းမရှိဘူး ။ သူတို့အနေနဲ့ ဒါလည်း ဖြစ်စေချင်တဲ့ အကြောင်းကို ပြောတယ်။ ပြီးတော့ ဒီနေ့ Danish embassy က စာရတာကလည်း အတူတူပဲ UN commission of inquiry ဆိုတာကို ထောက်ခံတယ် သူတို့ဖြစ်စေချင်တာလည်း ဒါပဲဖြစ်တယ်။ သူတို့ယုံကြည်တယ်။ ဒါလုပ်ရင် မြန်မာနိုင်ငံ ပိုပြီးကောင်းလာဖို့ ပြီးတော့ လူသားတွေရဲ့ လူအခွင့်အရေးတွေ ပြန်ရဖို့ဆိုတာကို သူတို့ယုံကြည်တယ်၊ သူတို့ ထောက်ခံတယ်လို့ ပြောတော့ အရမ်းကောင်းတယ်လို့ ပြောရတာပေါ့နော်။”

ဒါပေမဲ့ ဂျာမနီသံရုံးဖက်ရဲ့ တုံ့ပြန်မှုကတော့ အားရကျေနပ်စရာ မရှိဘူးဆိုတဲ့အကြောင်းကို မဝေနှင်းပွင့်သုန်က ဆက်ပြောပြပါတယ်။

“German embassy ကတော့ နည်းနည်းစိတ်ပျက်ဖို့ကောင်းတယ်ရှင့်။့ သူတို့အနေနဲ့ ဘာမှ ဆိုးဆိုးရွားရွား လုပ်တာလည်း မရှိပါဘူးပေါ့။ အရင်ကလည်း record တွေ ရှိတယ်လေ သူတို့ ဗမာနိုင်ငံနဲ့ ပတ်သက်ပြီး strongly ဘာမှ လုပ်ခဲ့တာလည်း မရှိဘူး ဒါပေမဲ့ အဲဒီလူက ပြောတာကတော့ သူတို့အနေနဲ့ အမြဲတမ်း support လုပ်ခဲ့တယ် ဘယ်တုံးကမှ against လုပ်တာလည်း မရှိဘူး ဒါပေမဲ့ ဒီ UN commission of inquiry ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောနိုင်သေးဘူးလို့ ပြောတယ်ရှင့်။”

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ရေးဟာ မြန်မာနိုင်ငံသားတွေ အတွက် အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ အရာဖြစ်တယ်လို့ မဝေနှင်းပွင့်သုန်က ဆိုပါတယ်။

“အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ ကြည့်မယ်ဆိုလို့ရှိရင် လက်မခံနိုင်စရာ ကောင်းလောက်အောင် ဖြစ်နေတယ်ပေါ့နော်။ Crime against humanity လို့ ပြောလို့ရတယ်။ အခု နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ရှိတယ် သူတို့ နေ့တိုင်းလိုလို အစာရေစာ ကောင်းကောင်းမွန်မွန် မရဘူး ဆေးဝါး ကောင်းကောင်းမွန်မွန် ကုသခွင့်မရဘူး မိသားစုနဲ့ ဝေးတဲ့နေရာတွေ ရောက်နေတယ် ဆိုတာက လက်ခံနိုင်စရာ မရှိဘူး။ နိုင်ငံတကာ အဆင့်အတန်းနဲ့ ယှဉ်ကြည့်မယ် ဆိုလို့ရှိရင် ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ။ မိန်းခလေးတွေ ငါတော့ ဘယ်တော့ မုဒိန်းကျင့်ခံရမလဲ ဆိုတာ တွေးပြီး ပူနေရမယ့် ဘဝမျိုး ဆိုတာတွေကလည်း လက်ခံနိုင်စရာမရှိဘူး။ ဆိုတော့ ဒီဟာတွေ အကုန်လုံး ရပ်ဖြစ်ဖို့ဆိုတာ ကျမတို့ ဒီ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့တဲ့အခါကျရင် ဘာမှဖြစ်မလာရင်တောင် ဒီအစိုးရကို ပြောရမှာ မင်းတို့ တခုခုလုပ်ရင် ငါတို့အနေနဲ့ အဆင်သင့် ရှိပြီးသွားပြီ။ ဒီခုံရုံးတင်ဖို့ဆိုတဲ့ ကိစ္စ ကျမတို့အနေနဲ့ ဒါပထမဦးဆုံးအဆင့်လို့ ပြောလို့ရတာပေါ့နော်။”

မနေ့က မတ်လ ၁၀ နေ့ဟာ မဝေနှင်းပွင့်သုန်ရဲ့ အဖေ ကိုမြအေးရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့အတွက် မွေးနေ့ လက်ဆောင်အနေနဲ့ မြန်မာနိုင်ငံသား အများစုအတွက် ကောင်းကျိုး တစုံတခု လုပ်ပေးချင်တဲ့အတွက် အခုလို သူ ဦးဆောင်ပြီး လုပ်ရတာပါလို့ မဝေနှင်းက RFA ကို ပြောပြပါတယ်။

အဲဒီ စုံစမ်းရေကော်မတီ ဖွဲ့ဖို့အတွက် တခြား ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့ နိုင်ငံတွေက ထောက်ခံထားပြီးပြီ ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဂျပန်တွင်နေထိုင် ကြကုန်သော မြန်မာပြည်သားအပေါင်းတို့ 

ဂျပန်နိုင်ငံသည် ငလျှင်အမြောက်အမြား လှုပ်သောနိုင်ငံသောဖြစ်သော်လည်း ၊ ယခုတကြိမ်ဖြစ်ပေါ်သော ငလျှင်သည် ယခင့်ယခင် ငလျှင်များနှင့်မတူပါပေ။ အနုမြူစွမ်းအင်ဖြစ် မောင်းသော လျှပ်စစ်ဓါတ်အားပေးစက်ရုံသည် ယခုတကြိမ် ငလျှင်ကြောင့် စိုးရိမ်စရာ အခြေအနေလည်း ရှိနေပြီး အနီးပတ်ဝန်းကျင်မှ လူအမြောက်အမြားကို ပြောင်းရွေ့ ထားကြောင်း ဂျပန်အစိုးရမှ ဆိုထားပါ သည်။
ထိုနည်းတူ သမုဒ္ဒရာတွင်း ၂နေရာဆက်တိုက်ဖြစ်ပွားသောငလျှင်ကြောင့် ဂျပန်တနိုင်ငံလုံးအတိုင်းအတာနှင့် ထိခိုက်ပျက်စီးသွားရပြီး၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည်တို့  ဖြစ်ပေါ်လျှက်ရှိပြီး နောက်ထပ် အကြိမ်ပေါင်းများစွာ လှုပ်လျှက်ရှိနေပါသည်။ ဆက်လက် လှုပ်နိုင်ကြောင်း အစိုးရမှ အဆက်မပြတ်သတိပေးနေပါသည်။
ထို့ ကြောင့် အသက်အန္တရယ် ကာကွယ်ရန် အလို့ ငှာ သတိထား လုပ်ဆောင်ကြပါရန် အသိပေးလိုပါသည်။ လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲ၊ မီးခြစ်၊ ဖယောင်းတိုင်၊ ရေဗူး၊ အစားအစာ အချို့ တို့ နှင့် နိုင်ငံခြားသားကဒ်ပြား၊ ပတ်စ်ပို့ တို့  ပြင်ဆင်ထားစေလိုပြီး ၊ အအေးဒဏ်ကာကွယ်ရန် အ၀တ်အစားထူထူ စသည့် မိမိတို့ တတ်နိုင်သည့် ကိစ္စရပ်များ ပြင်ဆင်ထားပါက သင့်တော်မည်အကြောင်း စေတနာဖြင့် ဖြန့် ဖြူး လိုက်ပါသည်။

2011/3/11 Thet Linn

ဂျပန်နိုင်ငံရှိတိုကျိုခရိုင်နှင့်ထိစပ်နေသော အိဘာရာခိခရိုင်နှင့်ချီးဘားခရိုင်တို့ အန္တရာယ်ဇုံထဲတွင်ပါဝင်ကြောင်း။ထို့ ကြောင့် ထိုခရိုင်နှစ်ခုတွင်ပြင်းထန်သော
ငလျင်ထပ်လှုပ်ခဲ့ပါက တိုကျိုခရိုင်ကိုပါရိုက်ခတ်နိုင်ကြောင်း။တိုကျိုအချို့နေရာများတွင်
လျှပ်စစ်မီးမျာပြတ်တောက်နေပီး တချို့ နေရာများတွင်ဂက်စ်များမလာတော့ကြောင်း။
ကျနော်တို့ နေထိုင်၇ာ ၀ါဆဲဒါးတက္ကသိုလ်ဘက်တွင် ဂက်စ်မရသောကြောင့် ချက်ပြုတ်စားသောက်ရန်အခက်အခဲတွေ့ ရပီး ကွန်ဗီးနီးယန့် တ် စတိုးဆိုင်များတွင် မည်သည့်ပစ္စည်းမှဝယ်ယူမ၇နိုင်တော့ကြောင်း။ လမ်းမျာပေါ်တွင် လူများပြည့်ကျပ်လျက်
သွားလာနေကြကြောင်း ရထားများလုံးဝရပ်ဆိုင်းသွားသည့်အတွက် တက္ကစီဂိတ်များတွင်
လူများရာနှင့်ချီပီး တက္ကစီစောင့်ဆိုင်းနေကြကြောင်း။ လူအများမှာ ထိတ်လန့်တုန်လှုပ်နေဆဲ
ရှိကြပီး အိပ်မက်တခုလိုဖြစ်နေကြကြောင်း။ငလျင်ဒဏ်ကိုပြင်ထန်စွာခံလိုက်၇သော ဒေသများ
ရှိလူအသေအပျောက်စာရင်းမှာယခုအချိန်အထိ မခန့်မှန်းနိုင်သေးကြောင်း။ကယ်ဆယ်ရေးအဖွဲ့ များမှလည်း အလျင်အမြန် ကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်နေကြောင်း၊ ဂက်စ်မ
ရှိသောကြောင့် ထမင်းချက်မစားရရှာသော ပေါင်မုန့် ကိုသာစားနေရရှာသော ၈ နှစ်သားလေး
ဇွဲဝေယံသက်လင်းက စကိုက်ပ်မှနေပီး ခေတ္တ ဥရောပရောက် ဖခင်ဖြစ်သူအားရှင်းပြခဲ့ကြောင်း။
သတင်းရေးပီးချိန်ထိသေဆုံးသူ ၇၁ဦး ရှိ။ တိုကျိုတွင်ရေလဲမရ ပြတ်နေပါကြောင်း။

Devastating tsunami hits Japan

ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ တပ်ရင်း ၂၀၁ တို့ ဝေါ်လေအနီး နအဖ စစ်တပ်ကို စစ်ဆင်တိုက်ခိုက်

Posted by admin on March 10, 2011


မြဝတီမြို့နယ် ဝေါ်လေရွာ ဝန်းကျင်တဝိုက်မှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းအင်အားတွေနဲ့ နအဖ တပ်တွေဟာ နေ့တိုင်လိုလိုပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ နအဖ တပ်စခန်းတွေအတွက် ရိက္ခာသယ်တဲ့အချိန်ဖြစ်နေ ပြီး၊ ချူကလိနေရာမှာ မြို့သစ်တည်ဘို့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် လုံးခြုံရေးပေးနေရလို့ နအဖ လုံခြုံရေး စစ်ကြောင်းတွေ လှုပ်ရှားမှုများနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၇ နာရီ သေ့ပေါပိုးအနီးက တနဲအုကလိုး နေရာမှာ နအဖ ခလရ ၃၄၂ တပ်ရင်းကို ကေအန် ယူ တပ်ရင်း ၁၀၁ မှ ပြောက်ကျားတိုက်ခိုက်ရာ နအဖ ဘက်မှ ၂ ယောက်သေ ၁ ယောက်ဒဏ်ရာ ရရှိခဲ့ပြီး ဒီမနက်ပိုင်း ၁၀ နာရီလောက်ကလည်း ဝေါ်လေနားက ကနဲ့လေးနေရာမှာ နအဖ ခလရ ၃၀၄ ၊ ၃၆၂ ခမရ ၃၄၆ စစ် ကြောင်း ကေအန်ယူ တပ်ရင်း ၂၀၁ စောင့် ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် နအဖ ဘက်မှ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရခဲ့ တယ်လို့ သိရှိရပါတယ်။

ဒီကနေ့ အခြေအနေကို ကေအန်ယူ ၂၀၁ ဒုရင်းမှူ ဗိုလ်မှူးကြည်အောင် ပြောပြတာက

“ဟုတ်တယ် ဒီနေ့ မနက်ပိုင်းမှာတင်ပဲ တိုက်ပွဲ ၂ ပွဲဖြစ်တယ်။ ခု ဒီနယ်မြေကို ရောက်လာတဲ့ တပ်တွေက အနောက်ဘက် ရခိုင်ဘက်က တပ်တွေဖြစ်တယ်။ သူတို့တွေ ဒီဒေသအကြောင်း သိပ်မသိကြသေးဘူး” လို့ ပြောပြသွား ပါတယ်။

Wednesday, March 9, 2011

“ လှိုင်သာယာမှာဆန္ဒပြနေတယ် ”

“ လှိုင်သာယာမှာဆန္ဒပြနေတယ် ”

ယ္ခုရရှိလာသတင်းသည် FTUB နှင့်လုံဝသက်ဆိုင်မူမရှိပါ ပြည်တွင်းမှ လွတ်လပ်စွာလုပ်ရှားသော သူများထံမှရရှိပါသည်။ FTUB မှလွဲ၍မည်သည့်သူမဆိုကူးယူဖေါ်ပြခွင့်ရှိပါသည်။

မနေ.ကနံနက်10 နာ၇ီခန်.ကစပြီး လှိုင်သာယာမှာ၇ှိတဲ့ တိုင်ရီစက်၇ုံမှာ အလုပ်သမားန္ဒပြပွဲတခုစတင် ဖြစ်ပွား ခဲ့ပါတယ် အလုပ်သမားတွေဟာ လုပ်ငန်းခွင်ကိုလုံးဝမဆင်းပဲ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ထိုင်ပြီး ၄င်းတို.ရဲ့တောင်းဆိုချက်များကိုစက်ရုံတာဝန်၇ှိသူတွေထံပြောပြတောင်းဆိုခဲ့တယ်လို.သိရပါတယ်။
အဆိုပါစက်ရုံဟာ ဖိနပ်နဲ့အလှကုန်ပစ္စည်းများထုတလုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမားအင်အား စုစုပေါင်းတထောင်ကျော်ခန်.၇ှိတယ်လို.လဲသိရပါတယ် သက်ဆိုင်ရာမန်နေဂျာများက တာဝန်ရှိသူများထံ အကြောင်းကြားလိုက်တဲ့အတွက် အာဏာပိုင်များကချက်ချင်းလာရောက်ပြီး စုံစမ်းမှုတွေစတင်ပြုလုပ်ခဲ့တယ်လို.ဆိုပါတယ် အလုပ်သမားများကလဲ ၄င်းတို.၏နစ်နာချက်များဖြစ်တဲ့ လုပ်ငန်းခွင်နဲ့မဆိုင်သောကိစ္စများကိုခိုငးစေခြင်း superviser များမှာဆဲရေးတိုင်းထွာမှုပြုလုပ်ခြင်း

ရံဖန်ရံခါရိုက်နှက်ဖြင်း လုပ်ငန်းခွင်တွင်းတင်းကျပ်သောစည်းကမ်းများဖြင့် ချုပ်နှောင်ပြီး လွတ်လပ်ခွင့်အနည်းငယ်မျှမရခြင်းစသည်တို.အပြင် အဓိကတောင်းဆိုချက်ဖြစ်သော လုပ်ခတို.မြှင့်ပေးရေးတို.ကိုတောင်းဆိုခဲ့တယ်လို.သိရပါတယ်။
လွန်ခဲ့သောကာလများဆီမှ ဖြစ်ပေါ်ခဲ့သော အလုပ်သမားstrikerများတွင်လဲ အဆိုပါစက်၇ုံဟာ ပါဝင်ခဲ့တယ်လို.သိရပါတယ် အလုပ်သမားများအနေဖြင့် တရိပ်ရိပ်တက်လာသောကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေးကျပ်တည်းမှုများဖြစ်ပေါ်လာခဲ့ပြီးယခုလိုတောင်းဆိုကြရတာလို.လဲသိရပါတယ်။
၎င်းစက်ရုံမတိုင်မှီအခြားစက်ရုံနှစ်ခုတွင်အလားတူဆန္ဒပြပွဲဖြစ်ပြီးအဆိုပါစက်ရုံများကတော့ချက်ခြင်း
လိုလိုညှိနှိုင်းပြီး ပြေလည်မှုရသွားတယ်လို.လဲသိရပါတယ်။ ယနေ.ညနေပိုင်းအချိန်တွင် တစုံတရာ ညှီနှိုင်းမှုများပြုလုပ်နေသော်လည်း ပြောလည်မှု၇၇ှိသည့်အခြေအနေမတွေ.ရသေးဟု ယူဆရပါတယ်။
ဒီအလုပ်သမားဆန္ဒပြပွဲဟာ အစိုးရသစ်ပေါ်လာပြီးပထမဦးဆုံးသော ကြီးမားတဲ့အလုပ်သမား လှုပ်ရှားမှုတခုလို.ယူဆလို.ရပါတယ်။အသေးစိတ်အခြေအနေများကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တကောင်းခေတ် ပြူခေတ် မှတ်တမ်းများ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ (၄၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်

March 10, 2011

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ (၄၅) နှစ်မြောက် မွေးနေ့ မှသည် လွတ်လပ်မှုအပေါင်းဖြင့် ပြည့်စုံ၍ မိသားစုနှင့်အတူတစ်ကွ ပျော်ရွှင်နိုင်ပါစေ ။

Monday, March 7, 2011

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

သန်းထိုက်ဦး Saturday, 05 March 2011 17:50

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။


၂၀၁၀ ဇန်နဝါရီလအတွင်းက ဆေးစစ်ဆေး ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် စစ်ပြေးဒုက္ခသည် ကရင် အမျိုးသမီးများနှင့် ကလေးငယ်များ (ဓာတ်ပုံ - AP)
၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ်လေးဖြတ်အစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံးအောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ်ထားနေတဲ့ တိုင်းရင်းသားအုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများအလိုက် အ၀င်အထွက်လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဆက် သွယ်နိုင်မည့်လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှားစစ်ကြောင်းများဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ်နယ်မြေအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်းလှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည်အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့နေရာချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များအတွင်းက စစ်ရုံးမှ တိုက်ရိုက်ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ်ပစ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။