Friday, March 11, 2011

ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ တပ်ရင်း ၂၀၁ တို့ ဝေါ်လေအနီး နအဖ စစ်တပ်ကို စစ်ဆင်တိုက်ခိုက်

Posted by admin on March 10, 2011


မြဝတီမြို့နယ် ဝေါ်လေရွာ ဝန်းကျင်တဝိုက်မှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းအင်အားတွေနဲ့ နအဖ တပ်တွေဟာ နေ့တိုင်လိုလိုပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ နအဖ တပ်စခန်းတွေအတွက် ရိက္ခာသယ်တဲ့အချိန်ဖြစ်နေ ပြီး၊ ချူကလိနေရာမှာ မြို့သစ်တည်ဘို့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် လုံးခြုံရေးပေးနေရလို့ နအဖ လုံခြုံရေး စစ်ကြောင်းတွေ လှုပ်ရှားမှုများနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၇ နာရီ သေ့ပေါပိုးအနီးက တနဲအုကလိုး နေရာမှာ နအဖ ခလရ ၃၄၂ တပ်ရင်းကို ကေအန် ယူ တပ်ရင်း ၁၀၁ မှ ပြောက်ကျားတိုက်ခိုက်ရာ နအဖ ဘက်မှ ၂ ယောက်သေ ၁ ယောက်ဒဏ်ရာ ရရှိခဲ့ပြီး ဒီမနက်ပိုင်း ၁၀ နာရီလောက်ကလည်း ဝေါ်လေနားက ကနဲ့လေးနေရာမှာ နအဖ ခလရ ၃၀၄ ၊ ၃၆၂ ခမရ ၃၄၆ စစ် ကြောင်း ကေအန်ယူ တပ်ရင်း ၂၀၁ စောင့် ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် နအဖ ဘက်မှ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရခဲ့ တယ်လို့ သိရှိရပါတယ်။

ဒီကနေ့ အခြေအနေကို ကေအန်ယူ ၂၀၁ ဒုရင်းမှူ ဗိုလ်မှူးကြည်အောင် ပြောပြတာက

“ဟုတ်တယ် ဒီနေ့ မနက်ပိုင်းမှာတင်ပဲ တိုက်ပွဲ ၂ ပွဲဖြစ်တယ်။ ခု ဒီနယ်မြေကို ရောက်လာတဲ့ တပ်တွေက အနောက်ဘက် ရခိုင်ဘက်က တပ်တွေဖြစ်တယ်။ သူတို့တွေ ဒီဒေသအကြောင်း သိပ်မသိကြသေးဘူး” လို့ ပြောပြသွား ပါတယ်။

No comments:

Post a Comment