Monday, February 28, 2011

သန်းရွှေကြိုင်းကြိုင်နှင့် အပေါင်းအပါစစ်အာဏာရှင်အုပ်စု အလည့်ရောက်တော့မည်

၁၃၇၃ခုနှစ် မဟာသင်္ကြန်စာ

၁၃၇၃ခုနှစ်မဟာသင်္ကြန်စာအရသိကြားမင်းသည်သိန္ဓောမြင်းစီး၍ရေချမ်းအိုးပိုက်ကာဆင်းသက်မည်ဟု ဖော်ပြထား


၁၃၇၃ ခုနှစ် မဟာသင်္ကြန်စာအရ သိကြားမင်းသည် သိန္ဓောမြင်းစီး၍ ရေချမ်းအိုးပိုက်ကာ ဆင်းသက်မည်ဟု ဖော်ပြထား
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် မဟာသင်္ကြန်စာအရ ယခုနှစ်တွင် သိကြားမင်းသည် သိန္ဓောမြင်းစီး၍ ရေချမ်းအိုးပိုက်ကာ ဆင်းသက်မည်ဖြစ်သောကြောင့် နိုင်ငံတကာ၌မိုးဦးတန့်ပြီး မိုးလယ်နှင့်မိုးနှောင်းကောင်းမည် ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် မိုးဦး သီးနှံများ ဈေးကောင်းရပြီး မိုးလယ် နှင့်မိုးနှောင်းသီးနှံများ အထူးဖြစ်ထွန်း အထွက်တိုးမည်ဟု သိရှိရပါသည်။

သင်္ကြန်စာ ဖော်ပြချက်များအရ ယခုနှစ်၌ မဟာသင်္ကြန်ကျချိန်မှာ ခရစ်နှစ် ၂၀၁၁ ခုနှစ် ဧပြီလ ၁၄ ရက် ကြာသပတေးနေ့ မွန်းလွဲ ၃နာရီ ၄၀ မိနစ် ၄၉ စက္ကန့်တွင် ကျရောက်မည် ဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့ စနေနေ့ ည ၇နာရီ ၄၅ မိနစ် ၃၁ စက္ကန့်၌ မဟာသင်္ကြန်တက်မည်ဟု ဖော်ပြထားသည်။

သင်္ကြန်စာအဆိုအရ ယခုနှစ် တွင် တနင်္ဂနွေသားသမီးများအနေ ဖြင့် အတိုက်အခံ အနှောင့်အယှက်များကြုံရသော်လည်း အောင်မြင်မှုရနိုင်ကြောင်း၊ လုပ်ငန်းအပြောင်းအရွှေ့နှင့် ပြည်ပခရီးကံကောင်းပြီး ကျန်းမာရေးအနေဖြင့် ၀မ်းနှင့် ရင်ဘတ်ပိုင်းတွင် အညံ့ရှိကြောင်း ဖော်ပြထားသည်။ တနင်္လာသားသမီး များအနေဖြင့် ရေလမ်းခရီးဘေးရှိသော်လည်း ရေလုပ်ငန်း၊ အိမ်၊ခြံ၊ မြေ လုပ်ငန်းတို့မှ အကျိုးအမြတ်များစွာ ရရှိခြင်းနှင့် ဥယျာဉ်၊ ခြံ၊ လယ်ယာလုပ် ငန်းတို့မှ ၀င်ငွေကောင်းနိုင်၍ စီးပွားတက်မည်ဟု ဖော်ပြထားသည်။ အင်္ဂါသားသမီးများသည် လူမှု ဆက်ဆံရေးတွင် စကားအပြောအဆိုမှားကာ အခွင့်အလမ်းကောင်းများ ဆုံးရှုံးနိုင်သည့်အတွက် မိတ်ဆွေအပေါင်းအသင်းများကို သတိနှင့်ယှဉ်၍ ဆက်ဆံသင့်ပြီး ရာထူးတိုးနှင့် တွင်းထွက်ပစ္စည်း၊ လောင်စာဆီ၊ ရေနံတူးဖော်ရေးလုပ်ငန်းများ အောင်မြင်နိုင်သည်ဟု ဆိုသည်။ ဗုဒ္ဓဟူး သားသမီးများအနေဖြင့် ယခုနှစ်အတွင်း ယုံကြည်မှု အလွဲသုံးစားခံရခြင်း နှင့်အတူ အတိုက်အခံများ နိုင်ကြောင်း၊ ကြာသပတေး သားသမီးများအနေဖြင့် အခွင့်လမ်းကောင်းကြုံတွေ့နိုင်မှုနှင့် အတူ ဂုဏ်ဒြပ်ကြီး၍ ထင်ပေါ်ကျော်ကြားနိုင်ကြောင်း၊ သောကြာသားသမီးများ အနေဖြင့် ယခုနှစ်အတွင်း ၀င် ငွေ၊ ထွက်ငွေမျှနေပြီး မိမိအောင်မြင်မှုကို မနာလိုမုန်းတီးခြင်းများ ခံရနိုင်သော်လည်း မိမိစွမ်းရည်ကြောင့် အောင်မြင်မှုရရှိနိုင်ကြောင်း ဆိုသည်။ ယခုနှစ်တွင် စနေသားသမီးများအနေဖြင့် ထူးခြားသော အောင်မြင်မှုဂုဏ်ဒြပ်ကိုရရှိ နိုင်သော်လည်းအစုရှယ်ယာလုပ်ငန်းများကို သတိပြုရန်လိုကြောင်းနှင့် စွန့်စားလုပ်ဆောင်မှုကြောင့် အောင်မြင်မှု အကျိုးခံစားရရှိနိုင်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် အတာသင်္ကြန်ကာလ ၏ အတာစားသည့်နေ့နံမှာ စနေဖြစ်သောကြောင့် သင်္ကြန်ကာလအတွင်း စနေသားသမီးများအနေဖြင့် အစစအရာရာ သတိရှိရန်လိုကြောင်း သိရသည်။ ယခုနှစ်တွင် ကောက်ပဲသီးနှံ များထွက်ရှိမှုများ၍ လယ်ယာထွက် ကုန်ပစ္စည်း ဈေးကျဆင်းနိုင်သော်လည်း ချည်ထည်၊ အ၀တ်အထည် နှင့် ရွှေ၊ ငွေထည်များ ဈေးကောင်း ရရှိနိုင်ကြောင်း၊ ရှယ်ယာဈေးကွက် ကောင်းခြင်း၊ သံ၊ သံမဏိ၊ ဆီ၊ ရေ နံ၊ သဘာဝဓာတ်ငွေ့ထွက်ရှိမှုများ နိုင်ကြောင်းလည်း ဖော်ပြထားသည်။

မူးရင်း http://www.news-eleven.com/မှ

Saturday, February 26, 2011

အရှေ့အလယ်ပိုင်း လူထုဆန္ဒပြပွဲများ မြန်မာပြည်သူတွေ အနီးကပ်စောင့်ကြည့်နေ

2011-02-26

တူနီးရှားနဲ့ အီဂျစ်နိုင်ငံမှာ ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အစိုးရတွေ ဖြုတ်ချ လိုက်တာကို မြန်မာပြည်သူတွေ မျက်ခြေမပြတ် စောင့်ကြည့်နေကြ တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မလေးရှားသတင်းထောက် တွေကို တယ်လီဖုံးနဲ့ ပြောကြားသွားပါတယ်။

(Photo: AFP)
နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့ပြင် အခု လစ်ဗျားနိုင်ငံက သမ္မတ Gaddafi ကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်သူတွေ ထိပ်တိုက် ရင်ဆိုင်တိုးနေတဲ့ ဖြစ်ရပ်တွေကိုပါ မြန်မာပြည်သူတွေ မျက်ခြေပြတ်မခံဘဲ ဆက်တိုက် နားဆင် လေ့လာနေကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ သိရပါတယ်။

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တာကို RFA ကို အခုလို ပြောပြပါတယ်။

“အီဂျစ်တပ်ကတော့ ပြည်သူလူထုကို ပြန်ပြီး တိုက်တာမတိုက်တာ ရှိတဲ့အတွက် ပြောင်းလဲသွားတဲ့ ပုံစံက Hosni Mubarak ထွက်သွားရတယ်။ ဒါပေမယ့် လစ်ဗျားကျတော့ ဒီလိုမဟုတ်ဘူး။ ဂဒါဖီကျတော့ အပြင်းအထန် နှိပ်ကွပ်နှိမ်နင်းပြီးတော့ ဒီနေ့အထိ သွေးထွက်သံယို ပြဿနာတွေ ဖြစ်နေတာ တွေ့ရတယ်ပေါ့။ အဲဒီနှစ်ခုအပေါ်မှာ အမြဲတမ်း အခြေအနေကို မပြတ် စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောကို ပြောသွားတာပဲ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုလိုရင်းကိုလည်း ဦးတင်ဦးက အခုလို ဆက်ရှင်းပြသွားပါတယ်။

“ပြည်သူလူထုဆန္ဒနဲ့ ပတ်သက်ပြီး အေးအေးချမ်းချမ်းဖြစ်အောင် ပြတယ်ဆိုရင် တပ်ဟာ ပြည်သူလူထုကို လက်နက်နဲ့ နှိပ်ကွပ်တာ မလုပ်သင့်ဘူးပေါ့။ အီဂျစ်က အဲဒီလို လုပ်သွားတဲ့အတွက် ပြောင်းလဲသွားတယ်။ ဂဒါဖီ ကျတော့ သူ့တပ်ကို ခံပြီး ရက်ရက်စက်စက် နှိပ်ကွပ်တဲ့အတွက် ဒီအခြေအနေ နှစ်ရပ်ကို မျက်ခြေမပြတ် သုံးသပ်ကြည့်ရှုနေမယ်လို့ အဲဒီလိုပြောသွားတယ်လို့ နားလည်ပါတယ်”

မြန်မာဗိုလ်ချုပ်ကြီးများ ဘာတွေဖြစ်ကုန်ပြီလဲ

ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)




ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)

နိဒါန်း

ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း
မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို "နေနတ်" မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့လူမျိုးကိုလည်း "နေနတ်
အနွယ်" များဟု ယူဆကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက်
လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြသော လူမျိုးတမျိုး
ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုး သည် ယနေ့ မြန်မာနိုင်ငံဟုခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborigine) ဟု
ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ
ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။
မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇစ်မြစ် ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ
ဖြစ်ပေသည်။
ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို
အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို
ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက် တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြ
သည်။
ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်
သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ
နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော "ကရန်မြစ်"ကို
အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား
ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။
အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ
ဖြစ်သောကြောင့်ပင်တည်း။
ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား
ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို "ခဲ့ရင်" ဟု ခေါ်ကြသည်။ "ဧည့်သည်" များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။
ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည်
အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း
ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို "ကရယင်" "ကရယင်နယ်" ဟု ဖော်ပြထားပါသည်။
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော
အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့
မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့
အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့်
မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက်
လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင်
ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု
ယူဆရပါသည်။
ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊
မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို
စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။
ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု
သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး
ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး
တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။
ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။
သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။
အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင်
အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး
ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped
Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)
တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော)
ဟူ၍လည်း ခေါ်ကြပေသေးသည်။
(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984,
page 7, column 1, Karen, Hmong, Mien (Yao)
Lahu, Akha, and Lisu (page 7, line 13, column 1)
Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
belonging to the same ethnic group.)
တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို
တွေ့ရသည်။
(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. "Foreward" page VII, 34th line. The other
major branch, the Pwo – Baker's Peguan (i.e., Mon) Karen many of whom, as Buddhists, … )
ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော
ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့်
အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ်
အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည်
မဟုတ်ပါ။
ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ
(ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး
အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ
တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည်
ဖြစ်ပါသည်။
ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း
လေ့လာနိုင်ပေသည်။
ကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ
ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့်
ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ
ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို
Compton's Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား
မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ
အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို
ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊
စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု
မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော
နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန်
ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ
နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။
သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊
အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ်
Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင်
ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင်
ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင်
နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ
Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော
ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို
ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း
မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ
ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍
လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို
ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ
တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
(ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် /
ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ
နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ်
တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည်
ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော
မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
ထိုမြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၃။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင်
ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ
စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက်
ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး
အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည်
ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို
ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု
ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။
(History of the world by Weech, second edition, page 333, Acient China " The Chinese grew up as dwetters in houses,
not as nomads in tents.")။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical
knowledge for all, vol 2 by Sir John Hammertal, page 132, "Early history of China and Japan", The Chinese people, like
most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central
Asia, - )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက
ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့်
အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက
တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန်
ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ
ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့
လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု
စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ
ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင်
ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း
နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု
ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့်
တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူ
မျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်းသုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle
of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and
peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of
cilivation "because here the humen race is thought to have had its beginning and it has also been formed the dust heap
of the nations" because the ruins of mighty empires or ancient times are buried under its sunbaked soil.)
ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ "ဧဒင်ဥယျာဉ်" ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့်
ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော
ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John
Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group
doscribed as Mongolian.)
ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။
မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍
အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့)
အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ
ယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ
မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက်
အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ
ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင်
ဖြစ်သည်။
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင်
ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို
ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ
ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့်
နည်းနေရခြင်း ဖြစ်ပါသည်။
မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့်
ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု
ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ်
စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊
မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို
တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ
ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့်
ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo
Karen by James W. Hamilton, VII)။
ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင်
ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့
ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers
– Vol VIII, part 1, Oct, 1975, p 59)။
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက်ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။
အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ
ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား
ရှိကြသေးသည်။
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ -
၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚
၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚
၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15
၎။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚
၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45
၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45
၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45
၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45
စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။
ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော "ထီးဆဲ့မဲ့ယွာ" (River of punning sand) ဖြစ်သည်။
ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင်
ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကို
ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။
သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက်
ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာ
ထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- "A Glimpse of Turkestan" In this strange land
of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to be
swallowed up by the desert courses or wandering off to be swallowed up by the desert sands.)
အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် 'လိုးအက်စ်' ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ
အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော "သဲစီးဆင်းသောမြစ်" "သဲစီးဆင်းသောချောင်း" ဆိုသည်မှာ
၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ
သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။
မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်က
မြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက
သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍
ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။
ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။
တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။
ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက
အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို
တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍
စူးစမ်းရပေမည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ)
အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော "မြစ်နှစ်မွှာ" မြစ်ဝှမ်းဒေသကို ရောက်ပေမည်။
လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road)
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။
သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာ
ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့်
သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။
ဥပမာအားဖြင့် 'စကော' (မြန်မာအခေါ် 'စော်ကဲ') သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား
ရိုးရာယဉ်ကျေးမှု "ကရင်" စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော
'စကော' သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် 'ဆာဂွန်' နှင့် အခေါ်အဝေါ်
တူပါသည်။ မြန်မာ့ သမိုင်းမှာ "မင်းကြီးစွာစော်ကဲ ဘယ်သူလဲ" သိလိုသော ကရင်လူငယ်များ "မှန်နန်းရာဇ၀င်" ကို အခေါက်ခေါက် အခါခါ
ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 "Sargon Empire" Propably about 275089, a Semitie chieftain
called Sargon ruled in Akkad, and he was a truly great soldier.)
ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ
လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။
ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က
ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The
Karen name for God, Y'wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)
ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့်
ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they
have certain customs which remind one of some of the mosaic Institution, notably the Passover.)
ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y'wah) ကိုသာ ကိုးကွယ်သည်။
အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ
ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y'wah) သာလျှင်
ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။
ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။
အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏
ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။
ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့်
အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ်
သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊
မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။
မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟု
အဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁)
ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊
သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။
10 ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။
မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်
(Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး
ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး
အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။
ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌
အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး
အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး
ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကို
ထူထောင်ခဲ့သည်။
တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊
မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့်
မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု
ထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ
ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။
ကရင်လူမျိုးများ ထွက်ခွာလာခြင်း
ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ
ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍
ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင်
အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု
ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။
တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသော
အမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော
အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။
အများအားဖြင့် ရှေးလူမျိုးများ ရွေ့ရှားပုံကို လေ့လာပါက သွားလာရေး လွယ်ကူသော မြစ်ကြောင်းဖြင့်သာ စုန်လိုက် ဆန်လိုက်
ပြောင်းရွှေ့ကြသည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် ရှိနလွင်ပြင် အောက်ပိုင်းမှ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ကို ဆန်ပြီး ကော့ကေးဆပ် (Caucasus) တောင်တန်းဘက်သို့
ရွေ့သွားပုံရသည်။ ကရင်လူမျိုးများ ကော့ကေးဆပ် တောင်တန်းတွင် နေထိုင်ခဲ့ကြောင်းနှင့် ကော့ကေးဆပ် တောင်တန်းသားဟု အဆိုပြုမှု
ရှိခဲ့ပါသည်။ (The loyal Karen of Burma by D.M. Smeton. M.A. 1920, p77, The Karen are small in Nature … and the features
of those of pure blood are caucasian intype.) ၎င်းပြင် မြစ်ကြောင်းသည်လည်း ကော့ကေးဆပ် တောင်တန်းမှ မြစ်ဖျားခံသောကြောင့်
ဖြစ်သည်။ သတိပြုရမည်မှာ ကရင်လူမျိုးများ ပြောင်းရွှေ့သွားခြင်းသည် တရွေ့ရွေ့နှင့် ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်မည်။ မြစ်ဖျားခံရာ
ကော့ကေးဆပ် တောင်တန်းသို့ ရောက်သောအခါ ၎င်းတောင်တန်း၌ ရေခဲမြစ်များ၊ ကျောက်နံရံများ စသည့် အခက်အခဲများ ရှိသဖြင့်
ရှေ့သို့ ဆက်မသွားနိုင်တော့ပုံရသည်။
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁၊ စာ ၂၄၈) ၌ ကော့ကေးရှားနယ်ရှိ တောင်တန်းများသည် အချို့နေရာ၌ မိုင်ဝက်ခန့်သာ မြင့်သည်။
ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်များမှာ ပေ ၁၆၀၀၀ ကျော်မြင့်သည်။ အမြင့်ဆုံး တောင်ထိပ်မှာ ပေ ၁၈၄၈၁
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း) 11
မြင့်သော အဲလ်ဗရူး တောင်ထိပ်ဖြစ်သည်။ ယင်းမှာ ဥရောပ တောင်များအနက် အမြင့်ဆုံးဖြစ်သည်။ တောင်ကြားများတွင် ရေခဲမြစ်ပေါင်း
၉၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းအခက်အခဲများကြောင့် ကရင်များသည် ကော့ကေးဆပ်တောင်တန်းကို မကျော်နိုင်တော့ဘဲ
အရှေ့ဘက်သို့ ထွက်ခွာလာသည်ဟု ယူဆရသည်။
ထိုမှတဆင့် ထီးဆဲ့မဲ့ယွာ ရှိသည်ဟု ယူဆရသော တာကစ္စတန်နယ်ကို ဖြတ်ပြီး ကမ္ဘာ့အမိုး "ပါမီယာ" (Pamirs) တောင်၏
မြောက်ဘက်ဝန်းကျင်မှ ဖြတ်ကာ တရုတ်ပြည် အနောက်ဘက်နှင့် တောင်ဘက်သို့ ရောက်ရှိပြီး တိဘက်ဒေသမှ မဲခေါင်၊ သံလွင်၊ ယန်စီကျန်
မြစ်ကြောင်းများအတိုင်း အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာကြသည်ဟု ယူဆရသည်။ ပြောင်းရွှေ့လာပုံမှာ တရွေ့ရွေ့နှင့် တသုတ်ပြီး
တသုတ် လူရေစီးကြောင်းသဖွယ် ပြောင်းလာသည်ဟု ယူဆရပေမည်။
အင်းများ အိုင်များ ပတ်ဝန်းကျင် ရောက်သောအခါ နှစ်အတန်ကြာ နေကြပုံရသည်။ ထိုသို့ နေခဲံ၍သာ အင်းအိုင်များသည် ၎င်းတို့ခေါ်သော
အမည်နှင့် တွင်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
စိုက်ပျိုးမွေးမြူရေး ကောင်းသောနေရာ ဒေသများ၌ နှစ်အတန်ကြာ နေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှသို့
ရောက်သောအခါ ဤဒေသ၌ ကြေးခတ် ထွန်းကားသော အချိန်နှင့် တိုက်ဆိုင်မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော
ကရင်လူမျိုးများ အမြတ်တနိုး တန်ဘိုးထားသော ဖားသည် (Frog drum) မှာ ကြေး၊ သတ္တုနှင့် ပြုလုပ်ထားသဖြင့် ဖားစည်သုံးသော
ခေတ်သည် အရှေ့တောင် အာရှ၌ ကြေးခေတ် ထွန်းကားနေပြီဟု ယူဆရသည် (ဗိုလ်မှူး ဘရှင် ရေးသည့် အနော်ရထာဘုရင်နှင့်
မြန်မာနိုင်ငံ၊ ပထမနှိပ်ခြင်း၊ စာ ၆၇၊ စာကြောင်း ၉)။ ထို့ပြင် တိဘက် မြန်မာ ရှေ့ပြေးလူများ မ၀င်ရောက်မီ ကတည်းကပင် အရှေ့တောင်အာရှ၌
ကြေးသွန်းအတတ် ရှိနေပြီဟုလည်း ဆိုနိုင်ပါသည်။
အရှေ့တောင်အာရှသို့ ၀င်ရောက်လာပုံ
အထက်ဖော်ပြပါအတိုင်း မွန်ဂိုအနွယ်ဝင် ကရင်များသည် အာရှအရှေ့တောင်သို့ ကျောက်ခေတ်နှောင်း ကုန်ဆုံးပြီး ကြေးခေတ်
ထွန်းကာချိန်၌ ၀င်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ကြေးလက်နက် ပစ္စည်းများကို မြောက်ဗီယက်နမ် မြစ်နီမြစ်ဝှမ်းရှိ "ဒုံးစောင်း
ယဉ်ကျေးမှု" (Donsonnian culture) ၌ တွေ့ရှိသည့်အပြင် မြန်မာပြည်နှင့် ကမ်ပူးခြား (ကမ္ဘောဒီးယား) ၌လည်း တွေ့ရသည်။
မာကိုပိုလိုသည် မွန်ဂိုတာတာ စစ်တပ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ယူနန်ရှိ ကရင်များ နေထိုင်ရာ ပြည်နယ်ကြီးကို ဖြတ်ခဲ့ပြီး နယ်က
ကျယ်လွန်းသဖြင့် (၇) ပိုင်းခွဲကာ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချီ (Yachi) ဖြစ်ပြီး တာလီဖူ ဟုလည်း ခေါ်ကြောင်း
မှတ်တမ်းတင်ခဲ့သည်။
ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ
(S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။
မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန်
မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့်
ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့
ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော
ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ်
အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင်
အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော
အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။
မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက်
12 ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု
ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ
နေထိုင်ကြလေသည်။
တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု
အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင်
လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။
ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့
ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့
နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို
ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင်
ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော
သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ
ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော
သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။
အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။
အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား
စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။
အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁)
ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။
အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ်
ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ်
အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ်
နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့
ဖြစ်နေပေသည်။
ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း
မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို
ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။
အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး
ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး
ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည်
ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ
သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ
ပညာရှင်တဦးလည်း ဖြစ်ပါသည်။
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း) 13
ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု
ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း
သိရသည်။
မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။
ကိ။
သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း
၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။
တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။
ကူ။
မတရာပျူအဆုံးကား "စောဦးစွာ" မင်းပြု၏။
ကော။
ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည်
နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။
ကိ။
ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။
ကော်။
သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော
ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ "ဥပမာ- မက္ခရာ၊ ပင်လယ်"၊
မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ
(Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။
ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ်
မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။
တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည်
ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway
ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။
(မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။
မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော်
အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ
ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွား
သည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း
မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည်
14 ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း)
မကဆ် ပိုေို တးမီးယား ဒေသမလှာသော အသပိ ညာများ ဖြစန် ငီု သ် ညဟ်ုယဆူ နငို ပ်ါသည။် စတိ ၀် ငစ်ားဖွယေ် ကာင်း သော သမငိုးကွင်းဆက်ြဖစ်
ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော
အတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ
ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။
အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ
လော Laos
၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း
ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။
ထိုင်း Thai
ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏
မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ
မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ
၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို
လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း
၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။
စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။
ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း
လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု
ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group
in Thailand)
ကမ်ပူးခြား (ကမ္ဘောဒီးယား)
ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က
သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင်
အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး
ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis,
ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့
သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ
ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920,
page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)
ဗီယက်နမ်
ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း
ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman,
North. page 133, 1st col. … The Nuong – Ya'o and the Meo, whose villages are found above the 3000 foot level.)
ကရင်၏ မူလဇာစ်မြစ် (သုတေသနစာတမ်း) 15
ဘော်နီယို
ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း
တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏
ဓာတ်ပုံကိုလည်း Compton's Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄
တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။
ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3,
No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose
and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo
and the tribes of Karen in Burma are related)
နိဂုံး
ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ
မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍
စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု
မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက်
ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။
တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့်
မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင်
ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။
ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။
စောဖော (ရန်ကုန်)
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

စားသောက်ကုန် ဈေးနှုန်းများ တရိပ်ရိပ်တက်

ရန်ပိုင် Saturday, 26 February 2011 14:37

စစ်အစိုးရက ၀န်ထမ်းများ လစာတိုးမည်၊ ကျပ် ၁ သောင်းတန် ငွေစက္ကူ ထုတ်မည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်လာသည့် အကျိုးဆက်အဖြစ် စားသောက်ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်။


ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ဆန် လက်လီလက်ကား အရောင်းဆိုင်တဆိုင် (ဓာတ်ပုံ - Reuters)
အဆိုပါ သတင်းများကြောင့် ယခုရက်ပိုင်းအတွင်း ဒုတိယတန်းစား ဖျာပုံပေါ်ဆန်းမွှေး တတင်းခွဲတအိတ်လျှင် ကျပ် ၂၉၅၀၀ ဈေးဖြင့် လက်ကားဖြန့်ချိ နေရာမှ ယနေ့ ၃၃၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး တတင်းခွဲတအိတ်သည် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ရန်ကုန်မြို့ ဘုရင်နောင် ပွဲရုံတန်းမှ ဆန်ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

“အဲဒီသတင်းတွေ ထွက်လာပြီး ၂ ပတ်အတွင်း ဈေးတွေက တရိပ်ရိပ်တက်လာတာ။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေး စရိတ်တွေက ၃ ဆလောက်တက်တော့ ပိုဆိုးတယ်။ စပါးစိုက်မယ့် မိုးရာသီရောက်ရင်တော့ ပိုတက်မယ်လို့ ခန့်မှန်းနေကြတယ်” ဟု ၎င်းကုန်သည်က ဆိုသည်။

ဝယ်လိုအားများသည့် မနောသုခ၊ ဇီယာစသည့် ဆန်များသည် တတင်းခွဲ တအိတ်လျှင် ၁၄၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ မြင့်တက်သွားပြီး လက်လီဈေးနှုန်းသည် တအိတ်လျှင် ၂၀၀၀၀ ကျပ်အထိ ဈေးပေါက်သည်။ ယင်းဆန်များကို တပြည်ချင်း ရောင်းလျှင် ယခင်က ၆၀၀ ကျပ်ဖြင့် ရောင်းနိုင်သော်လည်း ယခုအခါ ၈၀၀ ကျပ်အထိ ဈေးတင် ရောင်းချရကြောင်း ယင်းဆန်ကုန်သည်က ဆက်လက် ရှင်းပြသည်။

စစ်အစိုးရက ကုန်တင်ကားများကို အာဆီယံ စံချိန်စံညွန်းနှင့်အညီ သတ်မှတ်တန်ချိန်အတိုင်းတင်ရန် ကန့်သတ်လိုက်သည့်အတွက် သယ်ယူပို့ဆောင်ခ ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရသည်။ ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ဆန်တင်ပို့လျှင် တတင်းခွဲ ဆန်တအိတ်ကို ယခင်က ၇၀၀ ကျပ်သာ ပေးရသော်လည်း ယခုအခါ ၂၀၀၀ ကျပ် တန်ဆာခ ပေးဆောင်ရသည်။

ယင်းဆန်ကုန်သည်၏ ခန့်မှန်းချက်အရ လာမည့် မိုးရာသီတွင် ဆန်ဈေးမှာ ယခုထက် မြင့်တက်နိုင်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးသည် တအိတ်လျှင် ကျပ် ၅၀၀၀၀ အထိ မြင့် တက်သွားနိုင်ပြီး လူတန်းစားမရွေး စားသုံးနိုင်သည့် ဆန်အမာနှင့် ဆန်အပျော့ ဈေးနှုန်းလည်း ကျပ် ၃၀၀၀၀ မှ ကျပ် ၃၀၀၀၀ ကျော် အထိ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

မြောင်းမြမြို့နယ်မှ စပါးကုန်သည် တဦးကလည်း ဖျာပုံပေါ်ဆန်းမွှေး စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၈ သိန်းဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး စပါး၏ လက်ရှိဈေးနှုန်းမှာ ၉ သိန်းခန့်ရှိကြောင်း၊ သို့သော် ဈေးနှုန်းသာရှိပြီး ရောင်းချမည့်သူ မရှိကြောင်း၊ စပါး လက်ဝယ်ရှိသည့် တောင်သူနှင့် ကုန်သည်များသည် ယခုအခါ ဈေးထပ်မံတက်မည့် အရိပ်လက္ခဏာများ ရှိနေသည့်အတွက် ရောင်းချခြင်းမရှိဘဲ ဆက်လက် စောင့်ကြည့်နေကြောင်း ရှင်းပြသည်။

ပြီးခဲ့သည့်နှစ် စပါးရိတ်သိမ်းရမည့် ရာသီတွင် ဂီရိမုန်တိုင်း ၀င်ရောက်ခဲ့ခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းများကြောင့် စပါးခင်းများ ပျက်စီးခဲ့သည်။ ယခုအခါ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း ရာသီဥတုဖောက်ပြန်ကာ မိုးအဆက် မပြတ်ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ခဲ့သည့်အတွက် ဆန်ထုတ်လုပ်မှု လျော့ကျနိုင်သည်ဟု သိရသည်။

စားဆီဈေးနှုန်းမှာလည်း မြင့်တက်သွားကြောင်း၊ ပဲဆီ တပိဿာလျှင် ၄၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ နှမ်းဆီမှာ ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ ယခုရက်အတွင်း မြင့်တက်သွားကြောင်း သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း စားဆီပြတ်လတ်နေပြီး အစိုးရမှ ခွဲတမ်းနှင့် ရောင်းချနေရသည်။

၁၀ နှစ် နေထိုင်ခွင့်လက်မှတ် ပြုလုပ်နိုင်၊ ပွဲစားများကို သတိပြုသင့်

ဧရာဝတီ Saturday, 26 February 2011 16:09


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက ၁၀ နှစ်သက်တမ်း နေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးရန် လူစာရင်း စတင်ကောက်ယူလျက် ရှိပြီး ကြားပွဲစားများကလည်း လိမ်လည်မှုများ ရှိနေသည်။


ထိုင်း လယ်ယာလုပ်ငန်းမှ မြန်မာအလုပ်သမားများ (ဓာတ်ပုံ - GHAP)
ယင်းနေထိုင်ခွင့်လက်မှတ်အတွက် ထိုင်းအာဏာပိုင်များက အခမဲ့နီးပါး ပြုလုပ်ပေးနေသော်လည်း တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ကြားပွဲစားတချို့က လူတဦးလျှင် ထိုင်းဘတ်ငွေ ထောင်သောင်းချီ တောင်းခံနေသဖြင့် သတိထား ရှောင်ရှားနိုင်ရန် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့များကလည်း သတိပေးနေကြသည်။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မီတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “၁၀ နှစ်ခံ နေထိုင်ခွင့်လက်မှတ်ကို ထိုင်းအစိုးရက အလကားနီးပါး လုပ်ပေးနေတယ်။ ဓာတ်ပုံနှစ်ပုံနဲ့ ဘတ်ငွေ ၈၀ ပဲ ပေးရတယ်။ မသိနားမလည်တဲ့ မြန်မာတချို့ကို အခွင့်ကောင်းယူတဲ့ ကြားပွဲစားတွေက အဲဒီ လက်မှတ်လိုချင်ရင် တယောက်ကို ဘတ် ၁ သောင်းတို့၊ တသောင်းခွဲတို့ တောင်းနေတာတွေရှိတယ်။ ဒါတွေက တရား မ၀င်ဘူး။ အလိမ်ခံရတဲ့လူတွေ အများကြီးရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နေထိုင်ခွင့်လက်မှတ် ပြုလုပ်ရာတွင် မိမိကို အာမခံပေးမည့် ထိုင်းလူမျိုး အိမ်ရှင်ပါရှိရမည်ဖြစ်ပြီး လက်မှတ်ပြုလုပ်မည့်သူနှင့် ပတ်သက်သည့် စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်ဖြစ်ကာ အာမခံပေးမည့်သူ ရှိမှသာ လျှောက်ထားခွင့်ရှိသည်။ ၎င်းနေထိုင်ခွင့် လက်မှတ်ကို ထိုင်းဘာသာဖြင့် (ထောရော ၃၈/၁) ဟု ဆိုသည်။

လက်မှတ်ကိုင်ဆောင်သူသည် လက်မှတ်ပြုလုပ်ထားသည့် သက်ဆိုင်ရာဒေသအတွင်း တရားဝင် နေထိုင်ခွင့် ရရှိမည်ဖြစ်သော်လည်း အလုပ်လုပ်ကိုင်ခွင့်နှင့် ဈေးရောင်းပိုင်ခွင့်မရှိကြောင်း ဈေးရောင်းလိုသူများအနေနှင့် သီးခြားလက်မှတ် ပြုလုပ်ရကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က မဲဆောက်တွင် ၁၀ နှစ်သက်တမ်းရှိ နေထိုင်ခွင့်လက်မှတ်များ လုပ်ပေးရာတွင် ကြားပွဲစားမှတဆင့် ပြုလုပ်ခဲ့ရာ လက်မှတ်မရသည့်အပြင် ဘတ် ၁ သောင်းခွဲ ဆုံးရှုံးခဲ့ရသည်ဟု မဲဆောက်ဈေးမှ မြန်မာကုန်ပစ္စည်းရောင်းသည့် မစိန်က ပြောသည်။

ကြားပွဲစားများကို အားကိုးရခြင်းနှင့် ပတ်သက်၍ မစိန်က “နေထိုင်ခွင့်လက်မှတ်ကို ထိုင်းအိမ်ရှင်တွေနဲ့ အလုပ်ရှင်တွေက သူတို့အလုပ်သမားတွေကို လုပ်ပေးတဲ့ လူက နည်းပြီး မလုပ်ပေးတဲ့လူက များတယ်။ ဒီတော့ လက်မှတ်လိုချင်တဲ့လူတွေသာ ကိုယ့်အစီအဉ်နဲ့ကိုယ် အပြင်မှာ လက်မှတ်လုပ်ဖို့ အာမခံပေးမယ့် လူတွေကို လိုက်ရှာပြီးလုပ်ကြရတယ်။ ဒီလက်မှတ်ရှိရင် အဖမ်းအဆီးအတွက် မစိုးရိမ်ရတော့ဘူး။ အဲဒီတော့ အာမခံပေးတဲ့လူက အာမခံကြေးဆိုပြီး သောင်းချီပြီးတော့ တောင်းတာရှိတယ်။ ကျမဆိုရင် အာမခံတဲ့လူ ပြေးတော့ ဘတ် ၁ သောင်းခွဲ ပါသွားတယ်” ဟု ရှင်းပြသည်။

ထိုင်းလုပ်ငန်းရှင်တဦးက ယခင်က ကြားပွဲစားများကို တရားမ၀င် ပေးရသည့်နှုန်းမှာ ဘတ် ၅ ထောင် အောက်တွင်သာရှိခဲ့သော်လည်း မဲဆောက်နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ မြ၀တီခရိုင်အတွင်း နေထိုင်သူများက လက်မှတ်ရရှိရေးအတွက် ကြားပွဲစားများကို ပွဲခ အဆမတန်ပေးရာမှ ပွဲခများ တက်သွားခြင်းဖြစ်သည်ဟု ပြောသည်။

ဖေဖော်ဝါရီ လဆန်းမှစတင်ကာ မဲဆောက်ဒေသအတွင်းရှိ ရပ်ကွက်နှင့်ကျေးနယ်များတွင် နေထိုင်ခွင့်လက်မှတ်များ ရမည်ဟုဆိုကာ ပွဲစားများက လိုက်လံစည်းရုံးနေသော်လည်း ယခင်အကြိမ်က ရွာလုံးကျွတ် အလိမ်ခံထားရသဖြင့် စိတ်ဝင်စားသူ နည်းပါးသွားသည်ဟု မဲဆောက်မြို့ပြင်ရှိ ဖာဒဲရွာမှ အလုပ်သမား ကိုအညာသားက ပြောသည်။

၎င်းက “အရင် ၂ နှစ်ကျော်က ထိုင်းနဲ့ မြန်မာပွဲစားတွေ ဖာဒဲရွာကိုလာပြီး ၁၀ နှစ်ခံနေထိုင်ခွင့်အတွက် တယောက်ကို ဘတ် ၂၅၀၀ နှုန်းနဲ့ ရမယ်ဆိုလို့ တရွာလုံးနီးနီး လုပ်ကြတယ။ ၀ါးနဲ့တူလုပ်တဲ့ ကျနော်တို့ အလုပ်ရုံက လူတွေလည်းပါတယ်။ အားလုံးအလိမ်ခံရတယ်။ ဖွတ်မရ ဓားမ ဆုံးပဲ။ မြန်မာတွေကို ချင့်ချိန်ကြဖို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

မဲဆောက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးက နေထိုင်ခွင့်လက်မှတ် လျောက်ထားသူများအနေနှင့် တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နိုင်မှသာလျှင် ရေရှည်အတွက် လုံခြုံ စိတ်ချရမည်ဟု ပြောသည်။

Workers Solidarity Association (WSA) ၏ အစီရင်ခံစာအရ ယမန်နှစ်က ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၅ သိန်းကျော် ရှိနေကြောင်းသိရသည်။

မြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေသော အဖွဲ့အစည်းများက ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားပေါင်း ၂ သန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၆ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည် ။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး ၊ တွေ့ဆုံဆွေးနွေး
ရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင်ကြေညာချက်
ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည် ။

“ စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ် ၊ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည် ။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆို
ထားသည် ။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း ၊ ရှေ့တန်းစစ်ဆင်ရေးများတွင်ဒေသခံပြည်သူ
များကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည် ။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည် ။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင်ခြေကုပ်ယူ
လှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည် ။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည် ။

“ လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ် ၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ် ။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး ၊ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး ” ဟု မဇ္ဈိမကို သုံးသပ်သည် ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန်
စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်းမရှိပေ

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေ
အတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည် ။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်
အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘော
ထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည် ။

“ ၀ ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရှမ်းပြည်
တပ်မတော်တောင်ပိုင်း SSA-S ၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက်
ငြင်းဆန်ထားကြသည် ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည် ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီ ” ( United Nationalities Federal Council-Union of Burma ) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည် ။

ထိုင်း - မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည် ။

Friday, February 25, 2011

လူသေမှုဖြင့် မွန်ကော်မတီဝင် ၄ ဦး အဖမ်းခံရ

ကွန်းချမ်း | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်အမျိုးသားနေ့အလံတိုင် ရိုက်ချိုးသူကို လူထုက ဝိုင်းဝန်းရိုက်နှက်သဖြင့် သေဆုံးရာမှ ကျင်းပရေးကော်မတီဝင် ၄ ဦးကို ရေးမြို့မ ရဲစခန်းက လူသေမှုဖြင့် ဖမ်းဆီးထားကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီနှင့် ဒေသခံများက ပြောသည်။


သံဖြူဇရပ်မြို့တွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား

အရိုက်ခံရသူ သေဆုံးမှုကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ကျင်းပရေး ကော်မတီ ၄ ဦးနှင့် ကျောင်းဒကာတဦးကို ယခုလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ကျောင်းဒကာကို ပြန်လွှတ်ပေးခဲ့သည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမင်းစိုးလင်းက မဇ္ဈိမကို ပြောသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ကျော်ရှိ မွန်ပြည်နယ် ပေါင်မြို့နယ် နွားလဗို့တောင်မှ စောအယ်ဝါဖြစ်ပြီး၊ အဖမ်းခံရသူ ကော်မတီဝင် ၄ ဦးထဲတွင် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ရွာသား နိုင်ပင်းနှင့် နိုင်တူးတို့ ပါဝင်သည်။

“သေတာက ၁၈ ရက်နေ့၊ အမျိုးသားနေ့က ၁၉ ရက်နေ့။ အခမ်းအနား မပြီးသေးတော့ ရဲစခန်းက မဖမ်းသေးဘူး။ အခမ်းအနားပြီးတော့ သေတဲ့သတင်းကြားလို့ ရွာသားတွေ ထွက်ပြေးသွားကြတယ်။ ကျင်းပရေး ကော်မတီတွေက အဖမ်းခံလိုက်တယ်” ဟု ရေးမြို့နယ်မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကိုးမိုင်ရွာတွင် စိုက်ထူထားသည့် အလံတိုင် ၆ ခုကို စောအယ်ဝါက ရိုက်ချိုးဖျက်ဆီးခဲ့ရာမှ မွန်အမျိုးသားနေ့ အခမ်းအနား စောင့်ရှောက်သူများနှင့် ရွာသားများက ဝိုင်းရိုက်ခဲ့ကြောင်း မျက်မြင် ရွာခံတဦး အဆိုအရ သိရသည်။

“လူတွေ ဝိုင်းရိုက်တော့ သူက DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) ကလို့ ပြောတယ်။ DKBA က လာကြည့်တော့ သူတို့လူ မဟုတ်ဘူးဆိုပြီး ထပ်ရိုက်တယ်” ဟု သူက ပြောသည်။

ကိုးမိုင်ရွာ အရှေ့ဘက် တမိုင်ခန့်ရှိ မာန်အောင်ရွာတွင် DKBA ၉၀၆ တပ်ရင်းမှ တပ်ခွဲတခွဲခန့် အခြေချထားသည်။

စောအယ်ဝါကို လူထုက ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရေးမြို့ မြို့မရဲစခန်းသို့ အပ်နှံခဲ့ရာ၊ ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့တွင်ပင် ရေးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းနှင့် ရေးဆေးရုံမှ မော်လမြိုင် ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်း ရေးမြို့ မွန်ပြည်နယ်နေ့ ဖြစ်မြောက်ရေး ကော်မတီဝင်က ပြောသည်။

ရဲစခန်းက ကော်မတီဝင်များကို လူသေမှုဖြင့် စွဲချက်တင်ထားပြီး ရေးမြို့နယ် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီဝင်များကပင် အမှုအတွက် လိုက်လံဆောင်ရွက်နေသည်ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ပြီးရာ ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့သည် ၆၄ ကြိမ်မြောက် ဖြစ်သည်။

၆ သိန်းစီပေးပြီး ပြည်ထောင်စုလွှတ်တော် ရပ်နား

ဧရာဝတီ Friday, 25 February 2011 17:36

စစ်အစိုးရက လွှတ်တော် အမတ်များ အားလုံးကို ချီးမြှင့်ငွေ ကျပ် ၆ သိန်း ထုတ်ပေးပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေတ္တရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (ဓာတ်ပုံ - ရိုက်တာ)
“ချီးမြှင့်ငွေလို့ နာမည်တပ်ပြီး ကျပ် ၃ သိန်းပေးတယ်။ နောက်ပြီး မတ်လအတွက် နေပြည်တော်မှာ လွှတ်တော် ကာလအတွင်း နေထိုင်သွားလာ စားသောက်စရိတ် ကျပ် ၃ သိန်းထပ်ပေးတယ်” ဟု အမျိုးသား ဒီမိုကရေအင်အားစု (NDF) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့် အာဏာပိုင် အရာရှိကြီးများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို အဆုံးသတ်ခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ၃ ရက် အနားပေးလိုက်ကာ မတ်လ ၁ ရက်နေ့မှ စ၍ အမတ်များသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကိုသာ တက်ရောက်ရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သိရသည်။

မတ်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများတွင် ဘဏ္ဍာရေး၊ ဥပဒေမူကြမ်း ပြုစုရေး အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းထားသော အဆိုနှင့် မေးခွန်းများကို လွှတ်တော်က လက်ခံဖြေကြားခြင်း၊ ငြင်းပယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“ဥပဒေပြုမယ့်ကိစ္စတွေ၊ အဆိုတွေ၊ မေးခွန်းတွေ စမေးကြမယ်။ မတ်လအတွင်းမှာ အစိုးရသစ်က အာဏာကို တရားဝင် လွှဲပြောင်းယူမှာ ဖြစ်တဲ့အတွက် ၀န်ကြီးဌာနတွေကလည်း ကိုယ်စားလှယ်တွေ မေးထားတဲ့မေးခွန်း တွေဖြေမယ်” ဟု တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်ကိုယ်စားလှယ် များကသာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ကြီးစိုးနေသောကြောင့် ပြည်သူ့အကျိုးပြု ဥပဒေများ ထွက်ရှိလာရန် မလွယ်ကူကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။

“အများကြီးတော့ မျှော်လင့်လို့မရပါဘူး။ ပြည်ထောင်စု လွှတ်တော်မှာတောင် ဘာမှ ပြောမရ၊ လုပ်မရတာ။ ကြံ့ခိုင်ရေးနဲ့တပ် ကိုယ်စားလှယ်ကလည်း အခုအချိန်အထိ တသံတည်းပဲ။ တပ်နဲ့ ကြံ့ခိုင်ရေး မကွဲသရွေ့ ကျနော်တို့ အတိုက်အခံတွေ ဘာမှ မလုပ်နိုင်ပါဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

တနေ့လျှင် ၁၀ မိနစ်၊ ၁၅ မိနစ်သာ တက်ရောက်ရပြီး ဆွေးနွေးပြောဆိုမှု ပြုလုပ်ခွင့်မရှိသော လွှတ်တော် အစည်းအဝေးများကို ကိုယ်စားလှယ်အများစု ငြီးငွေ့နေကြကြောင်း၊ နေထိုင် စားသောက်ရသည့် ကိစ္စရပ်များကိုလည်း စိတ်ပျက်နေပြီး နေရပ်သို့ ပြန်ရမည့် ရက်ကိုသာ မျှော်နေကြကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

2011-02-24


နိုင်ငံရေးလုပ်တဲ့အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးရှိရမှာ ဖြစ်တဲ့အတွက် NLD အဖွဲ့ချုပ်ဟာ ဒီနေ့ကာလမှာ လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။


(Photo Courtesy of Myanmar Egress)အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) အား ဖေဖော်ဝါရီ ၂၄ ရက်နေ့က လာရောက် တွေ့ဆုံ ဆွေးနွေးသော မြန်မာ အီးဂရက်စ် သင်တန်းသူ သင်တန်းသားများနှင့်အတူ NLD ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo Courtesy of Myanmar Egress)
ဒီကနေ့ မနက်မှာ ရန်ကုန်မြို့အခြေစိုက် မြန်မာအီးဂရက်စ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာအီးဂရက်စ်အဖွဲ့ဝင်တွေက အခုချိန်မှာ လွှတ်တော်ပေါ်လာတဲ့အပြင် အစိုးရအဖွဲ့လည်း ပေါ်လာပြီ ဖြစ်ကြောင်း ပြောဆိုဆွေးနွေးတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးချက်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ရှင်းပြလိုက်တာလို့ အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က RFA ကို ပြောပါတယ်။

“ဒေါ်စု ရှင်းပြလိုက်တာကတော့ နိုင်ငံရေးမှာ လွှတ်တော်ထဲမှာ အတိုက်အခံ အပြင်ကို လွှတ်တော် ပြင်ပမှာ နိုင်ငံရေး ရှိသင့်တယ်၊ ရှိလည်း ရှိရမယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ ဥစ္စာက လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု လုပ်နေတာ။ နောက်တခုက နိုင်ငံရေးသမား မှန်လို့ရှိရင် တပ်မတော်သားပဲဖြစ်ဖြစ်၊ ဘာပါတီကမဆို ပြည်သူလူထုကို မလှည့်ဖြားရဘူး၊ ရိုးသားဖြောင့်မတ်ရမယ်၊ အဲဒီ ရိုးသား ဖြောင့်မတ်တဲ့ ပေတံနဲ့ပဲ တိုင်းရမယ်ဆိုပြီး သူတို့ကို ရှင်းပြလိုက်တာပေါ့။ တော်တော်များများကတော့ ဘဝင်ကျသွားကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတဲ့ အီးဂရက်စ်အဖွဲ့မှာ သင်တန်းဆရာ တဦး အပါအဝင် သင်တန်းသူ သင်တန်းသားတွေနဲ့ စုစုပေါင်း ၁၁ ဦးလောက် ပါဝင်ပါတယ်။ သူတို့ကို အန်အယ်ဒီ ဌာနချုပ် ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပြပါတယ်။

“ဒီနေ့ အထွေထွေ အတွင်းရေးမှူးက မနက် ၁၁ နာရီမှာ မြန်မာ အီးဂရက်စ် သင်တန်းက သင်တန်းသား သင်တန်းသူ ၁၁ ယောက်၊ နောက် ပြည်တွင်းက ဆရာတယောက် အဖွဲ့ချုပ်ရုံးမှာ ရှိတဲ့ သူ့ရဲ့ ရုံးခန်းမှာပဲ လက်ခံပြီးတော့ တွေ့ဆုံပါတယ်။ တနာရီလောက် ကြာပါတယ်။ တက်ရောက်လာတဲ့ ကလေးတွေက အဲ လွှတ်တော်အကြောင်း၊ အစိုးရ ဖွဲ့စည်းတဲ့အကြောင်း၊ အဲဒီကိစ္စတွေ မေးကြပါတယ်။ အဲဒါကို အထွေထွေ အတွင်းရေးမှူးက စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားပါတယ်။”

မြန်မာအီးဂရက်စ်အဖွဲ့က လူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ ၁၂ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ ပြုလုပ်တဲ့ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာတော့ လာမဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပနိုင်ဖို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည် ၁ နာရီမှာ နိုင်ငံရေးနှင့် ဘောဂဗေဒ ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်ပညာပေး ဆွေးနွေးပွဲတရပ်ကို အန်အယ်ဒီ ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစောနိုင်းနိုင်းနဲ့ စီးပွားရေးပညာရှင် ဦးမျိုးမြင့်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး လူကြီးလူငယ် တက်ရောက်သူ စုစုပေါင်း ၆၀ ကျော်လောက် ရှိပါတယ်။

နိုင်ငံရေးနဲ့ ဘောဂဗေဒ ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်လို့ ဦးဆောင် ဆွေးနွေးခဲ့သူတဦး ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

Wednesday, February 23, 2011

မွန်ပြည်သစ်မှ နိုင်ထာဝရ ကွယ်လွန်

Home > သတင်း > ပြည်တွင်းသတင်း > မွန်ပြည်သစ်မှ နိုင်ထာဝရ ကွယ်လွန် ကွန်းချမ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်


မဇ္ဈိမ ။ ။ မွန်ပြည်သစ်ပါတီ NMSP မှ ခေါင်းဆောင်တဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် နိုင်ထာဝရသည် ဆီးချိုနှင့် သွေးတိုးရောဂါဖြင့် အင်္ဂါနေ့မနက်၌ ကွယ်လွန်သွားပြီဟု ပါတီတာဝန်ရှိသူများက ပြောဆိုကြသည်။

NMSP ဗဟိုအုပ်ချုပ်ရေးဌာန တာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ နိုင်ထာဝရသည် မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျား ဒေသရှိ ပါတီဗဟိုဌာနချုပ်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်။


“သူ့မှာ ဆီးချို၊ သွေးတိုးအခံလည်း ရှိတယ်။ နှလုံးကြောင့်
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ပေးပို့သော သဝဏ်လွှာကို နိုင်ထာဝရ ဖတ်ကြားခဲ့စဉ်။
ဖြစ်မယ်။ အသက်ရှူကျပ်ပြီး ဒီမနက် ၂ နာရီလောက်မှာ ဆုံးသွားတယ်” ဟု NMSP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီက ပြောသည်။

ပြီးခဲ့သည့် စနေနေ့တွင် မွန်ပြည်သစ် ဗဟိုဌာနချုပ်အနီး ပနန်းပိန်ကျေးရွာ၌ ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ NMSP ဥက္ကဋ္ဌ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သေးသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာဇာတိဖြစ်သူ နိုင်ထာဝရသည် ၁၉၇၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ရောက်ရှိပြီးနောက် ၁၉၇၈ နှစ်ကုန်ပိုင်းတွင် ပါတီမှ ခေတ္တအနားယူခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ပါတီသို့ ပြန်ရောက်လာပြီး မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် NMLA တွင် တပ်ခွဲမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ရင်းမှူး တာဝန်အဆင့်ဆင့်ကို ၁၉၉၉ ခုနှစ်ထိ ထမ်းဆောင်ခဲ့သည်။

၂ဝဝဝ ပြည့်နှစ်မှစ၍ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းကာ ခရိုင်ဥက္ကဋ္ဌ တာဝန်ကိုလည်းကောင်း၊ ၂ဝဝ၆ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပသည့် သတ္တမအကြိမ် ပါတီညီလာခံမှ ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရပြီး ပြည်တွင်းတာဝန်ခံအဖြစ်ပါ ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်မှ ကွယ်လွန်ချိန်ထိ ဗဟိုအုပ်ချုပ်ရေးဌာနကြီး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

NMLA တွင် တာဝန်ထမ်းဆောင်စဉ် စစ်ရေးနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူအဖြစ် အထူးထင်ရှားပြီး ယနေ့တိုင် ဗိုလ်မှူးထာဝရအဖြစ် လူသိများသည်။

“သူက စစ်ရေးဘက်မှာ ကျွမ်းကျင်တယ်။ သတ္တိလည်း ကောင်းတယ်။ သူ့နာမည် ကြားရုံနဲ့ ရန်သူတွေ လန့်တယ်။ လူထုတွေနဲ့ တသားတည်းဖြစ်အောင် စည်းရုံးတတ်တယ်။ ဒါတွေဟာ သူ့ရဲ့ ထူးခြားချက်တွေပေါ့” ဟု သူ၏ လက်အောက်တွင် တာဝန်ထမ်းခဲ့ဖူးသည့် တပ်ဖွဲ့ဝင်ဟောင်း နိုင်ဗညားက မဇ္ဈိမကို ပြောသည်။ ပွင့်လင်းစွာ ပြောတတ်ပြီး၊ အထက်အောက် ဆက်ဆံရေး ပြေပြစ်ကာ ရဲဘော်ရဲဘက်များကို ညှာတာတတ်သည်ဟု ဆိုသည်။

နိုင်ထာဝရ၏ ရုပ်ကလာပ်ကို ပါတီဗဟိုဌာနချုပ်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သော်လည်း နေ့ရက် မသတ်မှတ်ရသေးပေ။

ကွယ်လွန်ချိန်တွင် ဇနီးသည် မိခင်မျိုးရည်၊ သား မင်းကွန်းသိုက် (NMSP ဗဟိုကျန်းမာရေး ကော်မတီဝင်) နှင့် သမီး မိအားချမ်း ကျန်ရစ်သည်။

၁၉၅၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီကို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ စစ်အစိုးရ၏ လက်နက်အပ်ရေး စီမံကိန်းကို လက်မခံရာမှာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အပစ်ရပ် သဘောတူညီချက် ပျက်ပြားခဲ့သည်။

Tuesday, February 22, 2011

LGA Burmese Stage Show.wmv

ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ ဦးကို အာဏာပိုင်များ ဝန်ခံကတိထိုးခိုင်း

2011-02-22


ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လှုပ်ရှားနေတဲ့ ဒုတိယ ပင်လုံညီလာခံ ထောက်ခံရေး လှုပ်ရှားခဲ့သူ လူငယ် ၄ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထပ်မံခေါ်ယူပြီး နောင်အလားတူ မလုပ်ဆောင်ဖို့ ဝန်ခံကတိ တောင်းခဲ့တယ်လို့ သိရပါတယ်။

(RFA)

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
အဲဒီ ဇိုမီးချင်း လူငယ် ၄-ဦးကတော့ နှုံရှံသွမ် ၊ ကျင်ရှံသွမ်း ၊ ထန်လျှံဆွမ်နဲ့ ဆွမ်မန်းတို့ ဖြစ်ကြပြီး သူတို့ဟာ ဒီလ ၂၀ ရက် ချင်းအမျိုးသားနေ့ ကျင်းပခဲ့တဲ့ တီးတိန်မြို့ ကမ်ဟောင်း အားကစားကွင်းအတွင်းမှာ ‘ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုပါ၏’ ဆိုတဲ့ ပိုစတာတွေ ၊ စာတမ်းတွေ ကပ်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။

သူတို့ကို ဖမ်းဆီးလိုက်တဲ့အတွက် အဲဒီ ချင်းအမျိုးသားနေ့ ပွဲပျက်သွားခဲ့ပြီး ဒါကို မကျေနပ်တဲ့ ဇိုမီးချင်းလူငယ် ၂၀၀-ကျော် ၃၀၀ လောက်က ရဲစခန်းကို ဝိုင်းဆန္ဒပြမှ ပြန်လွှတ်ပေးတယ်လို့ တီးတိန်မြို့ခံတဦးက RFA ကို ပြောပါတယ်။

အဲဒီလူငယ်တွေကို ရဲတွေက ပြန်လွှတ်ပေးလိုက်ပေမဲ့ သူတို့နဲ့အတူ သိမ်းဆည်းသွားတဲ့ အသံချဲ့စက်ကိုတော့ အခုအထိ ပြန်မပေးသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က တီးတိန်မြို့တင်သာမက တွန်းဇံ ၊ ကလေးမြို့နယ်နဲ့ အိန္ဒိယနယ်စပ်က ကျီခါးမြို့နယ်ခွဲအထိ ‘ဒုတိယ ပင်လုံညီလာခံကို ထောက်ခံပါ၏’ ဆိုတဲ့ ပိုစတာ တွေကို ကပ်ထားတယ်လို့ သိရပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ လွတ်မြောက်ရေးအတွက် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနားသို့ ပေးပို့တဲ့ ဗီဒီယိုမက်ဆေ့ခ်ျ (ရုပ်သံ)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ၆၁ကြိမ်မြောက် ရုပ်ရှင်ပွဲတော် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနား၌ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့ခဲ့ပြီး မြန်မာပြည်တွင်း လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ရင်း နှစ်ရှည်ထောင်ဒါဏ် မတရားကျခံနေရတဲ့ ပြည်သူ့အချစ်တော် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာ လွတ်မြောက်ရေးအတွက် အနုပညာရှင်များမှ ကူညီတောင်းဆိုပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်..

ယခုနှစ် Cinema For Peace Gala 2011 ဆုကို ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇန္နဝါရီလက ဟေတီ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ဟေတီပြည်သူများအတွက် အကူအညီပေးရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ တိုက်တွန်းနှိုးဆော် ကြိုးစား အားထုတ်ခဲ့တဲ့ မင်းသားရှောင်ပင်းက ရရှိခဲ့ပါတယ်..။

နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းခွင့် ပယ်ချဖွယ်ရှိ

ဧရာဝတီ Tuesday, 22 February 2011 18:31

တိုင်းရင်းသား လွှတ်တော် အမတ်တချို့နှင့် အတိုက်အခံ လွှတ်တော်အမတ် တချို့တို့ တင်သွင်းထားသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က လက်မခံဘဲ ငြင်းပယ်ရန် သေချာနေကြောင်း နေပြည်တော်ရောက် လွှတ်တော်အမတ်များထံမှ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်အမတ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကြီးစိုးထားသော ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုနှစ်ခုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးသိန်းညွှန့်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်အမတ်တချို့က တင်သွင်းထားကြောင်း၊ သို့သော်လည်း ယင်းအဆိုနှစ်ရပ်အနက် လွတ်ငြိမ်းသာခွင့် အဆိုကို လွှတ်တော်က ငြင်းပယ်ဖွယ်ရှိကြောင်း ရန်ကုန်အခြေစိုက် NDF ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောသည်။

“ကိုယ်နဲ့အတူ လွှတ်တော်တက်နေတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် ဗိုလ်မှူးကြီးတယောက် ဆီက သိရတာပါ။ အဲဒီဗိုလ်မှူးကြီးက ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိတယ်။ သူက လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို လက်မခံဘဲ ပယ်ချလိမ့်မယ်လို့ ပြောတယ်” ဟု အဆိုပါ လွှတ်တော်အမတ်က ဆိုသည်။

၎င်းအနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို မဲခွဲဆုံးဖြတ်သည့် အဆင့်အထိ ရောက်မည်ဟု မျှော်လင့် ထားခဲ့သော်လည်း ယခုအခါ လုံးဝ ပယ်ချမည်ဟု သိရှိရသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပိုမို တာရှည်သွားမည်ဟု ထင်မြင်ကြောင်း ဆက်ပြောသည်။

“လွတ်ငြိမ်းချမ်းသာခွင့် မပြုတာတော့ မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန်အာဏာနဲ့ နည်းနည်းပါးပါး လောက်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိမ့်မယ်လို့ ပြောတယ်။ ဒါပေမယ့် အားလုံးတော့ လွှတ်မှာမဟုတ်ဘူးဆိုတဲ့ သဘောပဲ။ လွှတ်တော်ထဲ မှာတော့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးခွင့်ရမယ့် ပုံမရှိဘူး” ဟု NDF လွှတ်တော် အမတ်က ရှင်းပြသည်။

အဆိုပါ လွှတ်တော်အမတ်၏ အဆိုအရ ကြံ့ဖွံ့လွှတ်တော်အမတ် တချို့သည် နိုင်ငံရေး အကျဉ်းသား ဆိုသော စကားလုံးအသုံးအနှုန်းကိုပင် လက်မခံကြောင်း သိရှိရသည်။

“နိုင်ငံရေး အကျဉ်းသားဆိုတာမျိုး မရှိဘူး။ တည်ဆဲဥပဒေ ချိုးဖောက်လို့ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေ၊ အဲဒီလိုမျိုးပဲ သုံးတယ်။ ဒါကလည်း အစိုးရရဲ့ လေသံအတိုင်းပဲ ဆိုတော့ လက်ရှိအစိုးရ မူဝါဒကို အစိုးရသစ်က ဆက်ပြီး ကျင့်သုံးမယ့် အခြေအနေရှိပါတယ်” ဟု NDF လွှတ်တော်အမတ်က ဆိုသည်။

မြန်မာပြည်အရပ်ရပ်ရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။

လာမည့် အစိုးရသစ်အတွက် သမ္မတ ရာထူးပါအ၀င် အရေးကြီးသော ၀န်ကြီးနေရာများ၊ ရာထူး တာဝန်များကို တာဝန် ထမ်းဆောင် ဆဲနှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်များ၊ ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ် များကသာ ချုပ်ကိုင်နေရာရယူ ထားသည်။

ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဘတ်ဂျက်ဥပဒေ လျှို့ဝှက်ပြဌာန်း

2011-02-21
အစိုးရအဖွဲ့သစ် ဝန်ကြီးဌာန ၃၃ ခုအတွက် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် နိုင်ငံ့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေသစ်ကို စစ်အစိုးရက လျှို့ဝှက်ပြဌာန်းလိုက်ပြီလို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။


(Photo: AFP/MRTV 4)

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ဒီဥပဒေကို စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၃) အရ ဇန်နဝါရီလ ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မယ်လို့ သိရပါတယ်။ အခုလို နိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေတွေကို အများပြည်သူတွေကို အသိမပေးဘဲ စစ်အစိုးရက လျှို့ဝှက် ထုတ်ပြန်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

ရန်ကုန်မြို့က ဥပဒေအကြံပေး ဦးအောင်သိန်းက အခုလို ပြောဆိုပါတယ်။

“သတင်းစာမှာ အကျယ်တဝင့် ဖော်ပြ မထားတဲ့အတွက် သူတို့ ဘယ်လောက်သုံးလို့ ဘယ်လောက်အထိ ကုန်ကျတယ်၊ ဘယ်လောက်အထိ လျာထားငွေ ရှိတယ်ဆိုတာ ကျနော်တို့ သိဖို့ ခက်တယ်ပေါ့။ ပြည်သူတယောက် အနေနဲ့တော့ အစိုးရတရပ်ရဲ့ ရသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုတာကို အကြမ်းဖျင်းလောက်တော့ သိဖို့အတွက် အများပြည်သူဆိုင်ရာ သတင်းစာတွေမှာ ထုတ်ပြန်သင့်တယ်လို့ ယူဆပါတယ်”

အခု လျှို့ဝှက် ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ ဘက်ဂျက်ဥပဒေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး အသုံးစရိတ်တွေ ဘယ်လောက် ခွဲဝေ ပြဋ္ဌာန်းထားတယ်ဆိုတာ လောလောဆယ် မသိရသေးပါဘူး။

အခုလို စစ်အစိုးရက နိုင်ငံ ရသုံးငွေဆိုင်ရာ ဥပဒေ ပြဌာန်းလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့

Monday, February 21, 2011

ဖို့ဝိန်းမြို့ အမေရိကန် ပြည်ထောင်စုမှာ (၆၃)နှစ်မြောက်ချင်းအမျိုးသားနေ့ ကျင်းပ

2011-02-20

အမေရိကန် နိုင်ငံရောက် ချင်းတိုင်းရင်းသားတွေ စုပေါင်းပြီး ၆၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ချင်းတိုင်းရင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး Ko Mamg Kai က ဒီပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။ “ကိုလိုနီနယ်ချဲ့ အုပ်ချုပ်တဲ့ အချိန်မှာ ချင်းတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒ မပါဘဲနဲ့ အခွန်ဆောင်တာတို့၊ လုပ်အားပေးခိုင်းတာတို့ရှိတယ်၊ မလိုက်နာတဲ့လူကို ပြင်းပြင်းထန်ထန် အရေးယူခွင့် ရှိတယ်။ ကျနော်တို့ ချင်းပါတီက သဘောမတူတဲ့လူတွေ စည်းဝေးပြီးတော့မှ အဲဒီစနစ် ဖျက်သိမ်းလိုက်တဲ့နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့တယ်။ အဲဒီတုန်းက သမ္မတ ဖြစ်တဲ့ စဝ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်ပြီး အသိအမှတ်ပြု ထားပါတယ်” ချင်းအမျိုးသားနေ့ကို မြန်မာစစ်အစိုးရ လက်ထက်မှာ ချင်းပြည်နယ်နေ့လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် ပွဲတော် ကျင်းပရာမှာလည်း သတ်မှတ်ချက်တွေ အရသာ ကျင်းပခွင့်ပြုတယ်လို့ Ko Mamg Kai က ပြောပြပါတယ်။ ဖို့ဝိန်းမြို့မှာ မနေ့က မွန်းလွဲပိုင်းမှာ ချင်းအမျိုးသားနေ့နဲ့ မွန်အမျိုးသားနေ့ ကျင်းပ ပြုလုပ်ခဲ့ပြီး ဇေတဝန် ဘုန်းကြီးကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ထမနဲ ထိုးပွဲကို ညဘက်မှာ ဆက်လက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သတင်းဓါတ်ပုံဗီဒီယို ---- အောင်မြင့်ထွန်း ( 88gse )

Friday, February 18, 2011

နိုင်ငံတကာ လူထုအခြေပြုအဖွဲ့များဖြင့် အမေရိကန် ဝန်ကြီး တွေ့ဆုံဆွေးနွေး

2011-02-18

အမေရိကန်နိုင်ငံခြားရေဝန်ကြီး ဟီလာရီ ကလင်တန် ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။


(Photo: Courtesy of US State Department)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝါရှင်တန် ဒီစီ မြို့တော် နိုင်ငံခြားရေးဌာနတွင် မြန်မာအပါအဝင် နိုင်ငံ ၂၀ ကျော်မှ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of US State Department)
ဒီဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ နှစ်နှစ်ကြာ အချိန်ယူ ကြိုးစားခဲ့ရတယ်လို့ မစ္စက် ကလင်တန်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားဖို့ အမေရိကန်အစိုးရအနေနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတယ် ဆိုတာကို ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် ပြသနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေဝန်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက် သွားမှာပါ။ ဒါပေမဲ့ ကျမတို့အနေနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကိုလည်း သုံးသပ်ဖို့လိုပါတယ်။ ဒီအတွက်လည်း တကမ္ဘာလုံးနဲ့ ဆက်သွယ်လှုပ်ရှားဖို့ အဆင်မြင့် သံတမန်တွေ အများကြီး ခန့်အပ်ထား ပါတယ်လို့ ဟီလာရီ ကလင်တန်က ပြောသွားပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေကို အမေရိကန်အစိုးရက အထောက်အပံ့ ပေးမယ် ဆိုတဲ့ ကတိကဝတ် ပြုခဲ့တယ်လို့ မြန်မာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ US Campaign for Burma အဖွဲ့ရဲ့အမှုဆောင် ညွန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“အဲဒီမှာ သူက နိုင်ငံတွေကို နှစ်မျိုးခွဲတယ်ပေါ့ဗျာ၊ လူထုအခြေပြု အဖွဲ့အစည်း ဆိုတဲ့နေရာမှာ။ တခုကတော့ emerging democracy လို့ခေါ်တဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်း ရောက်ရှိခါစ နိုင်ငံတွေပေါ့။ အဲဒီ နိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ အမေရိကန် အစိုးရအနေနဲ့ သက်ဆိုင်ရာ အစိုးရများနဲ့ရော၊ ဒီ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ပါ တိုက်ရိုက် ဆက်သွယ်ပြီးတော့ လူထုအခြေပြု အဖွဲ့အစည်းများ ရှင်သန်ရေးနဲ့ အားကောင်းရေးအတွက် သူတို့ ထောက်ပံ့ ကူညီမယ်ပေါ့။”

“တဖက်မှာကျတော့ ဒီ ကျွန်တော်တို့ မြန်မာနိုင်ငံလိုပေါ့၊ ဖိနှိပ်မှုအောက်မှာ ရုန်းကန်နေရတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အဲဒီ နိုင်ငံတွေနဲ့ကျတော့ အစိုးရကို အားကိုးလို့ မရသလို အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လို့လည်း မဖြစ်နိုင်တဲ့ အခါကျတော့ အမေရိကန် အစိုးရအနေနဲ့ကတော့ ရုန်းကန် လှုပ်ရှားနေတဲ့ ဒီ လူထုအခြေပြု အဖွဲ့အစည်းများကို တိုက်ရိုက် ဆက်သွယ်ပြီးတော့ သူတို့ တတ်နိုင်သလောက် ပံ့ပိုး ကူညီမယ်ပေါ့နော်။ အဲဒီဟာကို သူတို့ အမေရိကန် အစိုးရအနေနဲ့ ကတိကဝတ် ပြုတယ်ပေါ့။”

အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံက လူထုလှုပ်ရှားမှု ခေါင်းဆောင် တွေ အပြင် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင် အမေရိကနဲ့ အာရှက လူထုအခြေပြု အဖွဲ့အစည်းတွေ တက်ရောက် ခဲ့ကြပါတယ်။

ဒီမိုကရေစီ ထွန်းကားရေးအတွက် အမေရိကန် အစိုးရအနေနဲ့ လူထုအခြေပြုအဖွဲ့တွေကို ထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပဲ အာဏာရှင် အစိုးရတွေကိုပါ ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုတဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံပွဲအကြောင်း RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

RFA မှထပ်မံကူးယူဖေါ်ပြပါသည်

Thursday, February 17, 2011

ဂီရိလေဘေးရန်ပုံငွေဈေးရောင်းပွဲ နယူးယောက်မြို့ ၀ုဒ်ဆိုက်ကျောင်းဝင်းမှာ ပြုလုပ်မည်

လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်၊ တနင်္ဂနွေနေ့ နယူးယောက်မြို့ ၀ုဒ်ဆိုက်ကျောင်းဝင်းမှာ ကျင်းပမယ့် ဂီရိလေဘေးရန်ပုံငွေ မြန်မာနဲ့ အာရှရိုးရာ အစားအသောက် ဈေးပွဲတော်မှာ ၀င်ရောက် ကုသိုလ်ပြု ဈေးခင်းပေးမယ့် ဆိုင်ပေါင်း ၃၀ ကျော် သွားပြီ ဖြစ်ပါတယ်။ နယူးယောက်မြို့သူ မြို့သားများ စုပေါင်း ပြုလုပ်ကြတာဖြစ်ပြီး ဒေသခံစေတနာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားအသင်းကြီး နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲက လုပ်အားနဲ့ ဝေယျာဝစ္စ ၀ိုင်းဝန်း ကြတာ ဖြစ်ပါတယ်။


“အစားအသောက် ရောင်းချပြီး အလှူငွေ ကောက်ခံကြမှာ ဖြစ်ပါတယ်။ မြန်မာမိသားစုတွေကြိုက်နှစ်သက်တဲ့ အစားအသောက်တွေ ဖြစ်တဲ့ မုန့်ဟင်းခါး၊ ၀က်သားတုတ်ထိုး၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးသုတ်၊ ဖက်ထုပ်ကြော်၊ စမူဆာသုပ်၊ ပြီးတော့ ထောပတ်ထမင်း ကြက်သားဟင်း၊ နောက် ကြက်သားကာလသားဟင်း၊ ရခိုင်ရိုးရာ စားစရာ မျိုးစုံ စတာတွေ ချက်ပြုတ်ပြီး ရောင်းချမယ်၊ ရတဲ့ ငွေနဲ့ အလှူဒါန ပြုကြမှာ ဖြစ်ပါတယ်”

လို့ ပွဲစီစဉ်နေသူတဦးက မိုးမခကို ပွဲစီစဉ်မှု အခြေအနေကို ရှုင်းပြပါတယ်။

ပွဲတော်ဈေးခင်းထဲမှာ ဖျော်ဖြေပွဲတွေ ရှိမှာ ဖြစ်ပြီး၊ ဥပမာတခုအနေနဲ့ ရခိုင်စည်တော်အကနဲ့ ကပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော် ရှုခင်း မြင်ကွင်းကို နိုင်ငံတကာက စိတ်ဝင်စားသူတွေ ကြည့်ရှုနိုင်အောင်လို့ Burmese Classics အဖွဲ့က internet Live ရိုက်ကူးထုတ်လွှင့်ပေးမယ်လို့လည်း ကြားသိရပါတယ်။ ဖျော်ဖြေရေးကဏ္ဍမှာ ရခိုင်ရိုးရာ အဆို အကများ၊ တိုင်းရင်းသားများအကများ အပြင် ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှ တေးသံရှင်များရဲ့မြန်မာသီချင်းများ၊ နယူးယောက်လူငယ်များရဲ့ ကိုယ်ပိုင်သီချင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားမှာဖြစ်ပါတယ်။


လက်ခံရရှိတဲ့ အလှူငွေတွေ အားလုံးကို နိုင်ငံတကာရခိုင်အမျိုးသားအသင်း (WAO) ကတဆင့် မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းအသင်းအဖွဲ့များကို ပေးလှူပြီးတော့ ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင်းရှိ ပြန်လည်ထူထောင်ရေး ကူညီရေး လုပ်ငန်းများအတွက် ဦးစားပေး သုံးစွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။