Sunday, February 13, 2011

မြန်မာ လူငယ် တို့  စစ်အာဏာရှင် စနစ် ဖယ်ရှားရန် စတင်ပြီ

Sunday, February 13, 2011


မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင်စစ်အာဏာရှင် ဖြတ်ချမည့် လူငယ် အုပ်စု တစ်ခု အား
ရန်ကုန် မြို့ ဉ် လှို့ ဝှက် ဖွဲ့ စည်း ခဲ့သည် ။
FNG ၊ ၊ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့သည့် လူငယ် ၁၆ ဦးခန့် နှင့် မျိုးဆက် သစ်
လူငယ် ၂၀ ဦးခန့် သည် ယနေ့ ရန်ကုန် မြို့ တွင် တွေ့ ဆုံပြီး စစ်အစိုးရ အား အမြန် ဆုံးဖယ်ရှား
နိုင်ရန် အတွက် လူထု တိုက် ပွဲ ပုံဖော်ခြင်း လမ်း ကြောင်းများ ကိုဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည် ။
၎င်း တို့ အဖွဲ့  ကို သီးခြား အမည် ပေးထားခြင်း မရှိပဲ လှို့ ဝှက် အမည် Just Do It ဟု သာ
အမည် ပေးထား သည် ဟု Freedom News Group မှ သတင်းရရှိသည်။ Just Do It
အဖွဲ့ သည် ယနေ့  မြန်မာ့ လွတ်လပ် ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏ မွေးနေ့ တွင်
ရန်ကုန် မြို့  မြောက် ဥက္ကလာ ပ မြို့ နယ် ဉ် တွေ့ ဆုံ ခဲ့ခြင်း ဖြစ်ပြီး စစ်အာဏာရှင် အစိုးရ အား
ဖယ်ရှား မည့် ကနဦး လမ်းစဉ် သုံးရပ် ကို တညီတညွတ် တည်း ချမှတ် နိုင်ခဲ့သည် ဟု သတင်း
ရရှိသည်။
လှို့ ဝှက် နာမည် Just Do It အဖွဲ့ မှ တာဝန်ရှိ သူ တစ်ဦး ဖြစ်သည့် ကို ခိုင်မြဲအောင် က ၎င်းတို့ 
လက်ရှိ Core Member အုပ်စု တွင် လတ်တလော အမျိုး သား ဒီမို ကရေ စီအဖွဲ့ ချုပ်မှ ဦးဆောင်
ဖွဲ့ စည်း သည့် ကွန်ယက် လူငယ် တစ်ဦးမှ မပါဘဲ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ၊
သတင်းထောက် တစ်ဦး၊ ကွန်ပြူတာ ကျွမ်းကျင် သူ ၁၆ ဦး နှင့် အခြား ကျွမ်း ကျင် သူများ ပါဝင်
သည် ” ဟု FNG သို့ ပြောသည်။
ပြည်တွင်း၊ပြည်ပ မည် သည့် နိုင်ငံရေး အုပ်စု နှင့် မှ မဆက်စပ်သည့် ထို အဖွဲ့  အီဂျစ်
နှင့် တူနီးရှား နိုင်ငံများ ဉ် ဒီမိုကရေစီ ရေး ပြည်သူ လူထု အုံကြွမှု ပေါ်ပေါက် ချိန် ဉ် ၁၀
ရက်ခန့်  လွှင့် တင် ထား သည့် ဖေ့ဘွတ် စာမျက် နှာ တစ်ခု ဉ် အပြောင်းအလဲ လိုလား
သူ အခြား အယောက် နှစ် ဆယ်ခန့် ကို စည်းရုံး နိုင်ခဲ့ခြင်း ဖြစ်သည်။

အီဂျစ်၊ဂျော်ဒန်၊တူနီးရှား တော်လှန်ရေး အောင်မြင်မှုများ ကလည်း မြန်မာ လူငယ်များ ကိုစိတ်ဓာတ် တက်ကြွဖွယ်ရာ ဖြစ်
Just Do It အဖွဲ့ သည့် မြန်မာ စစ်အစိုးရ အား ဖယ်ရှား နိုင် ရေး အတွက် ခြောက်လအတွင်း လူထု အုံကြွ မှု
တစ်ခု ပေါ်ပေါက်ရန် ယနေ့ မှ စ၍ လှုပ်ရှား မှု စတင်သည်ဟု သိရသည် ။
ထိုအဖွဲ့ တွင် အသက် ၁၇ နှစ် အရွယ် အသက် အငယ်ဆုံး အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ
ကို တွစ်တာ က ” ကျွန်တော် ရုပ်သံကနေ အီဂျစ် နဲ့ တူနီးရှား မှာ ဖြစ်တာတွေ နေ့ 
တိုင်းကြည့် ဖြစ်တယ်။ သေချာတာ ကျွန်တော်တို့  ကိုယ်တိုင် လုပ်မှ ဆိုတဲ့ အဖြေ
ထွက်လာတယ်” ” စစ်အာဏာရှင် ပြုတ်ကျ ဖို့ အတွက် ဆိုရင် ကျွန်တော် တို့ ဟာ
ခောတ်သစ် ရဲဘော် သုံးကျိပ် ဖြစ်ရမယ်” ဟု ပြောသည်။
အာရပ် နိုင်ငံ များ ၏ ဒီမိုကရေစီ ရေး အုံကြွမှု များ နှင့် အောင်မြင်မှု များ သည် မြန်မာ
လူငယ်များ အပေါ် များစွာ ရိုက်ခတ်မှု ရှိပြီး မတရား သော အစိုးရ များ ၊ ခေါင်းဆောင်
များကို အောင်မြင် စွာ ဖြုတ်ချ နိုင်ပုံ ကို မြန်မာ လူငယ်များ က အားကျကြသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ ဉ် နိုင်ငံ ၏ အာဏာ ကို သိမ်း ပိုက် ခဲ့သည့်
စစ်တပ် ၏ စစ်အာဏာရှင် စနစ်ကို ပြည်တွင်း၊ ပြည်ပ နှစ်ဌာန ရှိ မည် သည့် နိုင်ငံရေး
အဖွဲ့ မှ စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိသေးချေ၊
http://freedomnewsgroup.com/2011/02/13/operation-burm/#more-16370

No comments:

Post a Comment