Monday, February 14, 2011

လူငယ်များ ၏ အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု စပြီ

သိန်းစိန်အစိုးရကို အလိုမရှိ – ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့  – လို့ တောင်းဆို တဲ့

ကြွေးကျော် သံတွေ ကို ဒီနေ့ မနက် က ရန်ကုန်မှာ မြို့ မှာ လူငယ် နှစ်ဆယ် ကျော်လောက်

က လှည်းတန်း ဈေးအနီးမှာ ကြွေးကျော် ခဲ့ကြပြီး ချက်ခြင်း လူစု ခွဲခဲ့ကြပါတယ်။ရန်ကုန်မြို့ ကမ္ဘာ အေး ဘုရားလမ်း နဲ့ သမိုင်းလမ်း ဆုံ မှာ လည်း ဒီနေ့ စစ်အာ

ဏာရှင်စနစ် ဆန့် ကျင် တဲ့ လှုံဆော် စာတွေ ဖြန့် ဝေခဲ့တယ် လို့ သိရပါတယ်။

အခုလို လှုပ်ရှား မှု မျိုးနောက် ဆုံး ပေါ်ပေါက်ခဲ့တာ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို

အင်စိန်ထောင် မှာ ပြောင်းရွှေ့ ချုပ်နှောင် စဉ် က ဖြစ်ပြီး အခု တစ်ခါ ပထမ ဦးဆုံးဖြစ်

ပါတယ်။

စစ်အာဏာရှင် အစိုးရ အလိုမရှိ ဆိုတဲ့ လှုပ်ရှားမှု ကို ကျယ်ကျယ်ပြန့် ပြန့် လုပ်သွား မယ်လို့ 

ဒီလှုပ်ရှားမှု မှာ ပါဝင် ခဲ့သူ တစ်ဦး ကပြောပါတယ်။

သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ်ကျရင်

သန်ဖက်ခါ ပြုတ်ကျရမယ် ဆိုတဲ့  လှုပ်ရှားမှူနဲ့  ဆက်တိုက်အရှိန်အဟုန်ပြင်းပြင်းနဲ့ 

ဆောင်ရွက်သွားမယ်လို့  ကမ်ပိမ်းမှာ ပါဝင်တဲ့  လူငယ်တဦးက ပြောပြပါတယ်။

ပုဇွန်တောင် လိပ် ကန် အနီး မှာ ပြုလုပ်ခဲ့တဲ့ သိန်းစိန် ဆန့် ကျင်ရေး လှုပ်ရှား မှု နဲ့ 

ဒဂုံစင်တာအနီးက လှုပ်ရှားမှု ကိုတော့ မနေ့ က ဖွဲ့ စည်း ခဲ့တဲ့ Just Do it အဖွဲ့ က

လှုပ်ရှားတာ ဖြစ်ပါတယ်။

အီဂျစ် သမ္မတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ ရပြီးနောက် သန်းရွှေတို့  နအဖစစ်အုပ်စုကို ချက်ချင်းမြန်မာနိုင်ငံက ထွက်ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့ လဲ အဲဒီ

လူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ်ကျသွားကျဖိုနဲ့  အဓိက

ဒီမိုကရေစီအစိုးရတရပ်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်သွားဖို့ ကို လူငယ်

တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment