Monday, January 31, 2011

တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌများ
မျိုးသန့် | တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၃ မိနစ် .
တိုင်းဒေသကြီး အသီးသီးတွင် ယနေ့နံနက် လွှတ်တော် ခေါ်ယူကျင်းပခဲ့သည်။ ယနေ့တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ လွှတ်တော်ဥက္ကဋ္ဌတို့ကို ရွေးချယ်ခဲ့ကြသည်။




အထက်ဖေါ်ပြပါ စာရင်းမှာ လေ့လာစုံစမ်းရသလောက်ဖြစ်သည်၊ ထပ်မံ ဖေါ်ပြပေးပါမည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ရွေးချယ်

ဧရာဝတီ Monday, 31 January 2011 19:16

ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စစ်အစိုးရ၏ နံပါတ် ၃ အဆင့် ခေါင်းဆောင် သူရ ဦးရွှေမန်းအား ရွေးချယ်လိုက်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အရွေးချယ်ခံရသော သူရ ဦးရွှေမန်း (ဓာတ်ပုံ - moemaka.wordpress.com)
အများ ယုံကြည် ယူဆသကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင်ကသာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကြိုတင် တစ်ပြေးနေသည့် သူရ ဦးရွှေမန်း သမ္မတဖြစ်မည်ဆိုသော အချက်မှာ ပျက်ပြယ်သွားပြီး သမ္မတရာထူးကို ဝန်ကြီးချုပ်ဦးသိန်းစိန် ရရှိလိမ့်မည်ဟု ယနေ့ ခန့်မှန်းနေကြသည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာထူးများကို မဲခွဲ ဆုံးဖြတ်သော်လည်း တက်ရောက်သူများထဲတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ အများစု ဖြစ်နေသောကြောင့် ကြံ့ဖွံ့ပါတီဝင်များသာ ရရှိခြင်း ဖြစ်သည်ဟု ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များက ပြောကြသည်။

“တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကလည်း လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေအတွက် တင်သွင်းတာ ရှိပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက အင်အားများနေတော့ သူတို့ဘက်ကပဲ မဲများသွားတဲ့သဘောပါ” ဟု ပါတီကိုယ်စားလှယ် တဦးက ဆိုသည်။

ယနေ့ သဘာပတိအဖြစ် ဆောင်ရွက်သည့် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပါတီစွဲ မထားကြရန်၊ ပုဂ္ဂိုလ်စွဲ မထားကြရန်နှင့် ပါတီအချင်းချင်း ဝေဖန်တိုက်ခိုက်မှုများ မပြုလုပ်ရန် မှာကြားသည်ဟု လွှတ်တော် တက်ရောက်ခဲ့သော ကိုယ်စားလှယ်များက ပြောသည်။

ဒုတိယ သမ္မတ ၃ ဦးကို မနက်ဖြန် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်မည်ဖြစ်ပြီး တပတ်အတွင်း အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း သိရသည်။

ပါတီ ကိုယ်စားလှယ် တဦးက မနက်ဖြန်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင်လည်း ယနေ့ မဲခွဲသည့်ပုံစံအတိုင်း ဒုတိယ သမ္မတများကို ရွေးချယ်မည် ဖြစ်သောကြောင့် အင်အားကြီးမားနေသည့် ကြံ့ဖွံ့ပါတီဝင်များထဲကသာ ဒုတိယ သမ္မတများ ဖြစ်ခွင့်ရှိမည်ဟု ယူဆကြောင်း ပြောသည်။

တိုင်းရင်းသားပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများ အနေနှင့် ယနေ့ စတင်ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်များကို ထိုင်နားထောင်ရုံသာရှိသောကြောင့် စိတ်ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။

“ဒီနေ့ လွှတ်တော်ကြီးကတော့ ဘာမှ ပျော်စရာမကောင်းတဲ့၊ ထူးခြားမှုမရှိတဲ့ သာမန် အစည်းအဝေး တခုပါပဲ” ဟု လွှတ်တော်သို့ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောပြသည်။

ဆက်လက်၍ ၎င်းက ခန့်မှန်းထားပြီးဖြစ်သော လုပ်ထုံးလုပ်နည်းများ အတိုင်းသာ ကျင်းပသွားသည့် အစည်းအဝေး တရပ်သာဖြစ်သည်ဟု ဆိုသည်။

ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ စတင် ကျင်းပသော လွှတ်တော် အစည်း အဝေးသည် ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။

မနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို သီးသန့် ခွဲခြားကာ ကျင်းပသော်လည်း နေ့လယ် ထမင်းစားပြီးချိန်တွင် ၎င်းလွှတ်တော် ၂ ရပ်ကိုပေါင်း၍ ပြည်ထောင်စု လွှတ်တော်ဟု အမည်တပ်ကာ ကျင်းပခဲ့ကြောင်း၊ အဆိုပါ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိအဖြစ် တာဝန်ယူသည် ဟူ၍ လည်းကောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အများစုနှင့်တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်တို့သည် ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြရာ၌ တပ်မတော်သား ကိုယ်စားလှယ်များက ၎င်းတို့သက်ဆိုင်ရာ ယူနီဖောင်းများဖြင့် တက်ရောက်ကြသည်။

တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ ကိုယ်စားလှယ်များက တခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒီမို ကရက်တစ် အင်အားစုများအား စကားပြောဆိုခြင်း၊ ရင်းနှီးနွေးထွေးခြင်း မရှိဟု ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုအရ သူရ ဦးရွှေမန်းအပါအဝင် စစ်အစိုးရခေါင်းဆောင်များ၊ ဝန်ကြီးများက နေ့လယ်စာကို သီးသန့် စားသောက်သည်ဟု သိရသည်။

ယနေ့တွင် ကိုယ်စားလှယ်များအား စိစစ်ခြင်း၊ အစည်းအဝေး သဘာပတိ ရွေးချယ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ ပြည်သူ့ လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ်ခြင်း၊ ရွေးချယ်ခံလိုက်ရသော လွှတ်တော်ဥက္ကဋ္ဌများက သဘာပတိထံမှ တာဝန်များ လွှဲပြောင်းယူပြီး နောက်တနေ့ အစီအစဉ်များကို လွှတ်တော်ဥက္ကဋ္ဌများက ချမှတ် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို တက်ရောက်ခွင့် မပြုသော်လည်း သတင်းထောက် အများစုမှာ နေပြည်တော်တွင် ရောက်ရှိနေကြသည်။

နေပြည်တော်တခွင်တွင် လုံခြုံရေး အထူးတိုးမြှင့်ထားပြီး လွှတ်တော် အဆောက်အအုံသို့ သွားရာ ကားလမ်းမကြီးကို မည်သူမျှ ဖြတ်သန်းခွင့် မပြုတော့ကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။

ရန်ကုန်ရှိ ပြည်သူလူထုမှာ နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးကို စိတ်ဝင်စားခြင်း မရှိကြကြောင်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာ တဦးက ပြောသည်။

“ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ရွေးကောက်ပွဲတုန်းက အလိမ်ခံထားရတော့ လူတွေက အခု လွှတ်တော်ကလည်း ဘာမှ ထူးမှာ မဟုတ်ဘူးဆိုပြီးပဲ ပြောနေကြတယ်” ဟု သူက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတအဖြစ် တာဝန်ယူသွားမည်ဟု နေပြည်တော်စစ်တပ် အသိုင်းအ၀န်းနှင့် အစိုးရ၀န်ထမ်းအသိုင်းအဝန်းက ထင်မြင်ယူဆခဲ့ကြသည်။

Sunday, January 30, 2011

နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ

ဧရာဝတီ Friday, 28 January 2011 19:22

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံးပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာများက ပြောသည်။

ယမန်နေ့က ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာများ (ဓာတ်ပုံ - ဧရာဝတီ)
အားအင်ကုန်ခမ်း၍ ပစ္စည်းမထမ်းနိုင်သူများနှင့် ထွက်ပြေးသူများကို နအဖ တပ်မ၂၂ လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ)၂၀၈ တပ်ဖွဲ့ဝင်များက တခြားသော အကျဉ်းသားများရှေ့တွင်ပင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။

ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့်ပေးပါလို့ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။

ပစ္စည်း မထမ်းနိုင်သည့် ပြည်ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။

"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေမခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကိုကြိမ်းတယ်၊ အသတ်ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို(၁၈)နှစ်နဲ့ အောင်သူဝင်း(၁၇)နှစ်"ဟု ၎င်းက ပြောပြသည်။

ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံဖမ်းဆီးပြီး တဦးကို နားထင်သေနတ်တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသားပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။

အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှတဆင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ် သည်။

၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်း နိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိလာကြသူများဖြစ်သည်။

ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်မဟာ ၇ မှ လက်ခံစောင့်ရှောက်ထားပြီး ယခုလ အတွင်း မာနယ်ပလော ဒေသမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၄၀ ခန့် ရှိသွားပြီဟု တပ်မဟာ ၇ မှ တပ်မှူးတဦးက ပြောဆိုသည်။

KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၂၂ သည် ယမန်နေ့က လှိုင်းဘွဲ့မြို့နယ် ခေါတူးခီး ရွာ ရှိ ကရင်နယ်ခြား စောင့် တပ်ရင်း ၁၀၁၅ ၏ ရှေ့တန်း ကင်းစခန်းတခုကို ၀င်ရောက်စီးနင်းရာ ဗိုလ်ကြီး အဆင့်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦး ကို လက်နက်မျိုးစုံ ၁၄ လက်နှင့်အတူ သိမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့ သည်။

ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လိုသောကြောင့် ဇန်န၀ါရီ လဆန်းပိုင်း ကလည်း အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာခဲ့ကြသေးသည်။

ဆရာဂျမ်း၏ဇနီး ဒေါ်မိမိဈာပနသတင်း

Daw Mi Mi News

Tuesday, January 25, 2011

NLD's Contributions to Victims of Chin Food Crisis Welcomed Amid Blockade by Authorities . .
Crops destroyed by rats (left) and rats killed by local villagers
(Photo: CG)
.25 January 2011: An 'altruistic' contribution made by Aung San Suu Kyi-led NLD (National League for Democracy) towards helping victims of Chin food crisis in Burma's Chin State has been welcomed despite distribution hindrances imposed by the local authorities.

A total of 750 rice bags bought from Magwe Division of Central Burma were said to have arrived in Kanpetlet Town of southern Chin State, and another 500 would be on the way in a week time, according to the BBC Burmese news.

It is reported that aids distributions to mautam-affected victims have gradually started in the area although it was delayed until yesterday after the local authorities insisted permission be obtained from relevant governmental department.

"We are thankful to NLD for taking this action, which the government has just been not only ignoring the situation but also hampering the flows of aids assistance since the start of food crisis in Chin State. I believe this will also prompt other NGOs and communities to help our people who are suffering so much already," one of Kanpetlet Community Leaders in Malaysia told Chinland Guardian.

As of last month, an estimated 114 villages have been affected by the food crisis in Kanpetlet Township alone.

Nearly 80,000 people of 407 villages in Mindat, Kanpetlet and Paletwa Townships of Chin State were suffering from food shortages, with a total of 25,631 acres of cultivated land having been destroyed by a plague of rats, according to a report released in August 2010 by local aids relief voluteers.

Members of NLD, Zomi National Congress (ZNC) and other democratic parties are reported travelling to the northern part of Chin State to distribute rice and drinking water.

Late last year, World Food Programme (WFP) reported the food security situation in Chin State caused by the bamboo-and-rat-related phenomenon remained critical, calling for providing food assistance until the next harvest, and urgent relief aids in the areas affected by the rat infestation.

The ongoing food crisis caused by the bamboo-and-rat-related natural process, locally known as mautam started in late 2006 mainly along the Indian-Burma border, hitting the bamboo-covered areas of Chin State, currently affecting the southern parts of Chin State including Kanpetlet, Paletwa, Mindat and Matupi Townships.



--------------------------------------------------------------------------------

အများပြည်သူလက်မခံတဲ့ စစ်ကျွန်ပြုမဲ့စစ်လွှတ်တော်ကို ဆန့်ကျင်ကြ

MassRally[1]

အော်ရီဂွန် ရံပုံငွေပွဲ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို အမှာစကားပို့ 

အမေရိကန် နိုင်ငံ အော်ရီဂွန် မြို့ ရောက် မြန်မာ နှင့် တိုင်းရင်းသား လူမျိုးများ စုပေါင်းပြီး
မြန်မာ နိုင်ငံတွင်းရှိ HIV ၊ AIDS နှင့် နေထိုင်သူများ အတွက် ကူညီ ထောက်ပံ့မည့် အစီ
အစဉ်အတွက် ရံပုံငွေ ရှာဈေးရောင်း ပွဲတော် အား ပို့ လန်း တွင် ကျင်းပခဲ့သည် ဟု
သတင်းရရှိသည်။
ထိုပွဲတော် သို့ အော်ရီဂွန် ပြည်နယ်တွင်းရှိ မြန်မာ လူမျိုးများ နှင့် နိုင်ငံခြားသားများ ပါတက်
ရောက်ကြသည် ဟု သတင်း ပွဲကျင်းပရေး ကော်မတီ အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ကိုထွန်းထွန်း
က Freedom News Group သို့ ပြောသည်။
ရံပုံငွေဈေးရောင်းပွဲတော် နှင့် အမေရိကန် ရောက် မြန်မာ မိသားစုများ အတွက်
ဒေါ်အောင်ဆန်း စုကြည် က လည်း န့တ်ဆက် အမှာစကားပြောကြားသည့်
ဗီဒီယို အမှာစကားပေးပို့ သည်။
အော်ရီဂွှန် ပြည်နယ် တွင် မြန်မာ လူမျိုး နှစ် သောင်း ကျော်ရှိပြီး အများစု မှာ မြန်မာ-ထိုင်း
နယ်စပ် ဒုက္ခသည် စခန်းများ မှ ရွှေ့ ပြောင်းအခြေစိုက် သူများ ဖြစ်သည်။

Sunday, January 23, 2011

ဥိးသန်းရွှေကို ထောက်ခံခြင်း ( ရေးသားသူ..ကောင်းကင်ကလူ )

ဥိးသန်းရွှေကို ထောက်ခံခြင်း ( ရေးသားသူ..ကောင်းကင်ကလူ )
မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။

ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချစ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်-

စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။

လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။

စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင်
အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားထားသည်။

စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို
မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည်။

ကာကွယ်ရေး ။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေးတည်ငြိမ်မှုကို
ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေကြလျက်ရှိသည်။

ပညာရေး ။ ။ ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျောင်းများတွင် ပညာသင်ယူနေနိုင် ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီးချုပ်စပ်များသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ဆရာဝန် ၊မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်းနေပေသည်။ အထူးတိုးတက်သည့်အချက်မှာ ဘွဲ့ရ ပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုး စာတတ်မြောက်နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်တွေ့၇ှိရပေသည်။

အလုပ်အကိုင်အခွင့်အလမ်း ။ ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။
ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား ၊ ကွမ်းယာသည် ၊ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့်
ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူစေပြီးဖြစ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။
နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရန် လမ်းဖွင့်ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ်
အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြစ် ၀င့်ထည်နိုင်တော့ မည်ဖြစ်သည်။

ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း ။ ။ အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်နေပြီဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ၊ ငါးသလောက်အကောင်ကြီးများ ၊ စံမီ ငါးရှဥ့်များကို
နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
ကုန်ဈေးနှုန်းများလည်း တည်ငြီမ်၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်လျက်ရှိကြသည်။

ဆက်သွယ်ရေး ။ ။ ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း ။ အကျော်အခွ ဗဟုသုတတိုးပွါးစေရန် ရည်သန်၍
နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်လျက်ရှိသည်။ အခြေခံဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး
ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်နေတော့သည်။ ယခု နှုန်းအတိုင်းဆိုလျှင် နောက်ထပ်အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိရသည်။
ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာလေးများမှလွဲ၍ ပြည်သူအများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီဖြစ်သည်။

လမ်း/ တံတား ။ ။ လမ်းများ တံတားများကို ငွေအား လူအားမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲ
နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ ။ ။ မီဒီယာများအနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့ စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိနေကြပြီဖြစ်သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော
စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွင့်ကို ရရှိနေကြပြီဖြစ်သည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။
မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။

နိုင်ငံခြားရေး ။ ။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေးအတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ
ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့်သားအဖ ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖ သဖွယ်ရင်းနှီးခင်မင်စွာဆက်ဆံလျက်၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံခံနေရလျက်ရှိပေသည်။

တွင်းထွက် နှင့် သယံဇာတ ။ ။ကျွန်းသစ်၊ ရေနံ ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား ၊ကျောက်စိမ်း ၊ သစ်မွှေး ၊ရာဘာ ၊ ကြိမ် အစရှိသည့် ငွေရပေါက်ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်းလျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိသည်။ ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြားသော်လည်း တိုင်းတပါးမှ မျက်စိကျကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားလျက်ရှိသည်။

ကျန်းမာရေး ။ ။ မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီဖြစ်သည်။ ခုတင် ၁၀၀ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့
တည်ဆောက်ပေးပြီးဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း သေရက်ကို စောင့်မျှော်နိုင်နေပြီဖြစ်သည်။ ကျန်းမာေ၇း အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင်ဆောင်နေရသော်လည်း ဓါတုဆိုးဆေးများသုံးသော အစားအသောက်နှင့်ဆေးဝါးများကို လုံလောက်သောငွေကြေး မရရှိမချင်း ထုတ်ဝေခွင့်ပိတ်ပင်ထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးလျက်ရှိသည်။

လူမှုရေး ။ ။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်းခဲ့သဖြင့် အာဏာပိုင်အဖွဲ့အစည်းမှလွဲပြီး မည်သူမျှ
မလုပ်ကိုင်ရဲကြသည်ကို လည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိနေရသည်။ နိင်ငံလူဦးရေ တိုးတက်မှုနှုန်းနှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ်ထုတ်ပေးကာ
အမြော်အမြင်ရှိရှိ ဆောင်၇ွက်နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက်ရှိပေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။ မုန်တိုင်းဒဏ်ခံပြည်သူများအတွက်
အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။ စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက်လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း
အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ်တည်ဆောက်နိင်ခြင်းကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။

အားကစား ။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနေရှင်နယ်အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ
အရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စားပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်ပွဲ အလီလီဆင်နိုင်လုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်းအလို သို့ရောက်ရှိနေပြီဖြစ်ကြောင်းထင်ရှားနေပေသည်။

ဘာသာရေး ။ ။ မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီး
ဖြစ်နေသည်အထိပင်။

စီးပွါးရေး ။ ။ သူတောင်းစားကြီးများ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း ၊အစိုးရငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊
အိမ်ရှင်မက နှစ်လုံးထီထိုး ၊ သားကြိးက ကျူတံကိုင် ၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသောက်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်းနိုင်ငံများကပင် အားကျအတုယူလျက်ရှိနေပေသည်။


ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှုအနှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

ကောင်းကင်ကလူ ( ၁၅.၁၂.၁၀ )

Friday, January 21, 2011

စစ်ဗိုလ်အမတ် ၃၈၈ ဦး အမည်ထွက်လာ

ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်ထားသော စစ်သားအမတ် ၃၈၈ ဦး၏ အမည်နှင့် ရာထူးများကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်သည်။

ဗိုလ်မှူးချုပ်မှ ဗိုလ်ကြီးအထိပါပြီး ပြည်သူ့လွှတ်တော်အတွက် ၁၁ဝ ၊ အမျိုးသားလွှတ်တော် ၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော် ၂၂၂ ဦး အသီးသီး ဖြစ်သည်။ ကြည်းတပ်မှ ၃၅၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ရေတပ်မှ ၁၉ ဦးနှင့် လေတပ်မှ ၁၆ ဦး ပါဝင်သည်။

စာရင်းအရ ကရင်ပြည်နယ် လွှတ်တော် အမတ်အဖြစ် လက်ရှိ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းအား ခန့်အပ်ထားသည်ကို တွေ့ရသည်။ သူသည် Officer Training School - OTS အပတ်စဉ် ၅၆ မှ ဖြစ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး တာဝန် ထမ်းဆောင်ဖူးသည်။

ကချင်ပြည်နယ် လွှတ်တော်တွင် ရာထူးအကြီးဆုံးအဖြစ် ဗိုလ်မှူးကြီး သန်းအောင် OTS အပတ်စဉ် ၆၄၊ မွန်ပြည်နယ် ဗိုလ်မှူးကြီးဌေးမြင့်အောင် Officer Training Course-OTC အပတ်စဉ် ၁၂၊ ရှမ်းပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်သူ Deference Service Academy-DSA အပတ်စဉ် ၂၄ တို့ ဖြစ်သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ ရာထူးအကြီးဆုံး ဗိုလ်မှူးကြီး အန့်ဇော်သည် OTC အပတ်စဉ် ၁ဝ၊ ပြည်သူ့လွှတ်တော်မှ ဗိုလ်မှူးကြီးတင့်ဆန်းသည် DSA အပတ်စဉ် ၂၆ မှဖြစ်ပြီး ရန်ကုန်တိုင်း ဗျူဟာမှူး၊ အမျိုးသား လွှတ်တော်မှ ဗိုလ်မှူးကြီး မောင်မောင်ထူးသည် OTC အပတ်စဉ် ၁၁ ဖြစ်သည်။

“စစ်တပ်က ရွေးကောက်ပွဲလဲ လုပ်ပြီးပြီ။ အခု သူတို့ လူတွေကို ဥပဒေပြု လွှတ်တော် တင်မကဘူး၊ အစိုးရအဖွဲ့မှာလဲ လက်ဝါးကြီး အုပ်နိုင်အောင် ကြံ့ဖွံ့အသင်းကနေ ပါတီလုပ်ပြီးတော့ နေရာယူလိုက်ပြီ။ စီးပွားရေး လုပ်ငန်းမှန်သမျှလဲ သူတို့တွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေ မျှယူပြီးပြီ။ အဲဒီတော့ ဘာမှ မကျန်တော့ဘူးလေ” ဟု သြစတြေးလျ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။

လွှတ်တော်ခေါ်ယူရန် ၁၁ ရက်အလိုတွင် ထုတ်ပြန်သည့် စာရင်းပါ တပ်မတော်သား အမတ်များ၏ မူလ တာဝန်သည် စစ်သားများဖြစ်ပြီး လွှတ်တော်ကျင်းပသည့် အချိန်၌သာ လွှတ်တော်အတွင်းသို့ ခေတ္တလာ၍ ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အတိုင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်က သူအမည်စာရင်း တင်သွင်းထားသော စစ်သားအမတ် တဦးဦးကို အချိန်မရွေး “အစားထိုး ပြောင်းလဲနိုင်ခွင့်” လည်းရှိသည်။ အုပ်ချုပ်ရေး အသစ်တွင် နိုင်ငံရေးတာဝန်ယူမည့် နိုင်ငံဝန်ထမ်းများလည်း ဖြစ်သည်။

စစ်မှုထမ်းဥပေးကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်ကြ

Anti Law of dictatorship

Tuesday, January 18, 2011

ဒေါ်အောင်ဆန်းဆုကြည်၏ မိတ်ခွန်း

Daw Aung san Suu Kyi second speach

မန်းရောဘတ်ဇံကိုစောကျော်ခွီးမှ ဆက်သွယ်မေးမြန်းချက်

ကျနော့်နံမယ် (မန်းရောဘတ်ဘဇန်)ပါ၊ အသက်ကတော့ (ရ၀)၀န်းကျင်ပါ၊ အမေရိကန်ပြည်ထောင်စု မီနီဆိုးတားပြည်နယ်၊ စိန်ပေါမြို့မှာ မိသားစုနဲ့အတူနေပါတယ်။ တာဝန်ကတော့ (ကရင်ကွန်မြူနီတီ မီနီဆိုးတား)(KCM)(Karen Community of Minnesota)ရဲ့ (Advisory Board)(အကြံပေး)အဖွဲ့ဝင်တဦးပါ။ (KNU)အစည်းအရုံးရဲ့ စတုထ္ထဥက္ကဌ(မန်းဘဇန်)ရဲ့သားဦး(အမျိုးသားလွတ်မြောက်ရေးနဲ့ဒီမိုကရေစီရေး)တိုက်ပွဲဝင်ရဲဘော်တဦးပါ။

မေးခွန်း(၁)။ ။ပြည်တွင်းစီးပွားရေးကြပ်တည်းမှု၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လယ်ယာ၊ ခြံမြေများ မတရားသိမ်းဆည်းခံရမှုတွေကြောင့် ပြည်သူတွေ အင်မတန် ဆင်းရဲ့ပင်ပန်းကြပြီး လူထုအုံကြွမှုတွေ ဟိုတစ၊ ဒီတစဖြစ်ပေါ်လာလိုက်စစ်အစိုးရက လက်နက်အင်အားသုံးပြီး မညှာမတာနှိမ်နင်းလိုက်ရင် ပျောက်လိုက်နဲ့ဖြစ်နေတော့ တိုင်းပြည်အေးချမ်းမှုတွေက လုံးဝကို ဆိတ်သုဉ်းနေပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလည်း။

ပဌမအချက်အနေနဲ့-
ကျနော်တို့တိုင်းပြည်ကို လက်နက်အားကိုးပြီး ပြည်သူ့ဆန္ဒမပါဘဲ ထင်ရာစိုင်း၊ တရားလက်လွတ် အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူအဆက်ဆက်ရဲ့ ဖေါက်ပြန်တဲ့စီးပွားရေး ပေါ်လစီကြောင့်ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့-
နိုင်ငံတော်မှာဖြစ်ရှိနေတဲ့ ပကတိအခြေအနေကို မသုံးသပ်နိုင်လို့၊ လူမျိုးစုံနေထိုင်တဲ့ ဒီတိုင်းပြည်မှာ လူမျိုးများရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်မပြုလို့် ပြည်ထောင်စုစိတ်ဓါတ်နဲ့ မှန်မှန်ကန်ကန် မဖြေရှင်းကြလို့၊ မဟာလူမျိုးကြီးဝါဒကို တန်းတန်းစွဲဆုတ်ကိုင်ထားကြလို့၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေးစိတ်ဓါတ်ကိုမတည်
ဆောက်နိုင်လို့ နှစ်ပေါင်း(၆၀)ကျော်ပြည်တွင်းစစ်ကြောင့်ဖြစ်ရတယ်
လို့--မြင်တယ်။

မေးခွန်း(၂)။ ဗိုလ်သန်းရွှေတို့စစ်အုပ်စုက (၆၂)နှစ်မြောက် ကရင်တော်လှန်ရေးနေ့နဲ့ တနေ့ထဲ သူတို့ရဲ့ ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပမယ်လို့ ကြေညာလိုက်တဲ့အပေါ် ရှုမြင်ပုံလေး ပြောပြပေးပါ။

နအဖ (ဖက်ဆစ်)စစ်အုပ်စုဟာ ပြသနာတရပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ (ရုပ်)ကျကျ မချည်းကပ်ဘူး၊ မစဉ်းစားကြဘူးဗျ။ ဗေဒင်ဆရာတွေရဲ့ လမ်းညွန် လမ်းပြ ရှေ့ဆောင်မှုအတိုင်းလုပ်နေကြတယ်။ ကိုယ်ပိုင်ဦးဏှောက်နဲ့ လုပ်နေကြသူတွေမဟုတ်ဘူး။

ဇန်န၀ါရီလ(၃၁)ရက်နေ့ ကရင့်တော်လှန်ရေးနေ့မှာဘဲ ပဌမဆုံးအကြိမ်(စစ်သားတမတ်သား) လွတ်တော်ခေါ်ခေါ်၊ သြဂုတ်လ(၁၂)ရက်
နေ့ ကရင့်အာဇာနည်များနေ့မှာဘဲ လွတ်တော်ခေါ်ခေါ်၊ ဒီကောင်တွေ တွက်ထားသလို ထင်သလိုဖြစ်မလာနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့-နအဖ(ဖက်ဆစ်)တွေ ရွေးကောက်ပွဲစလုပ်တဲ့ နိုင်ဝင်ဘာလ(ရ)ရက်နေ့မှာဘဲ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့၊နယ်ခြားစောင့်တပ်ဖွဲ့တာကိုဆန့်ကျင်တဲ့၊ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ (ဒဿန)(တော်လှန်တဲ့)သစ္စာတရား(၄)ပါးကို ဆုတ်ကိုင်ထားတဲကျနော်တို့ရဲ့ ညီနှောင် (DKBA)က တော်လှန်တဲ့ ဒုတိယမီးရှူးမီးပန်းကို ထွန်းညှိလိုက်တာဖြစ်တယ်။

နအဖ(ဖက်ဆစ်)တွေလုပ်မဲ့ပဌမဆုံးလွတ်တော်ခေါ်ယူမဲ့နေ့မှာဒုတိယအထွေထွေပြည်သူ့တော်လှန်ရေးကြီးစတင်မဲ့ (ရ) ရက်ဖြစ်လာမဲ့ရက်ဖြစ်မယ်လို့မြင်တယ်၊ နအဖ(ဖက်ဆစ်)တွေရဲ့ (မသာ)ခေါင်းလောင်းထိုးတဲ့နေ့ဖြစ်တယ်လို့--မြင်တယ်၊

မေးခွန်း (၃)။
ဒီနအဖ(ဖက်ဆစ်)တွေရဲ့ စစ်မှုထမ်းဥပဒေသစ်ဟာ (သူ့သေတွင်း သူတူး)တဲ့ ဥပဒေဖြစ်တယ်၊ ကြံ့ဖွံ့တွေကလွဲရင် လူမျိုးစုံပြည်သူ(၉၉)ရာခိုင်နှုံးကဆန့်ကျင်တဲ့၊ ဗမာတပ်မတော် ကြည်း၊ရေ၊ လေ၊ ပြည်သူရဲတပ်ဖွဲ့ဝင်တွေရဲ့ မိဘဆွေမျိုး သားမယားတွေက အစ ဆန့်ကျင်တဲ့ဒီစစ်အုပ်စုဟာ ဒီဥပဒေထုတ်ပြီး မကြာခင် သန်းရွှေ။မောင်အေး တို့ရဲ့အဖေကြီး ဗိုလ်နေ၀င်းဇာတ်သိမ်းသွားတာထက် အဆ(၁၀၀)ဆိုးတဲ့ဇာတ်သိမ်းခမ်းမျိုးနဲ့ ဇာတ်သိမ်းသွားမယ်လို့မြင်တယ်၊ (ကိုယ့်ကို ဆန့်ကျင်တဲ့ အုပ်စုတွေလက်ထဲ လက်နက်ထိုးအပ်ပြီးဆိုတာနဲ့ပြည်သူ့တော်လှန်ရေး
ရဲဘော်တွေလက်ထဲသေနတ်ရောက်သွားသလိုဖြစ်လာမယ်။ ကမ္ဘာ့သမိုင်းမှာ စစ်အာဏာရှင်တွေဇာတ်သိမ်းသွားသလိုဇာတ်သိမ်းသွားကြလိမ့်မယ်--လို့မြင်တယ်။

မေးခွန်း (၃)။ စစ်အစိုးရက အသက်၁၈ ပြည့်သူတိုင်း စစ်မှုထမ်းရမယ်လို့ ဥပဒေသစ် ပြဌာန်းလိုက်တဲ့အပေါ် ဘယ်လိုသုံးသပ်မိပါသလည်း။

နအဖ(ဖက်ဆစ်)ဆန့်ကျင်ရေး ဒုတိယပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအစပိုင်းလို့မြင်တယ်။
(DKBA)နဲ့ (ABSDF)က တိုက်ပွဲဝင် သူရဲကောင်းတွေတက်ညီလက်ညီ နဲ့တိုက်ပွဲဝင်နေကြတယ်။ ကရင်နီတပ်မတော် (KA)။ ရှမ်းပြည်တပ်မတော် (SSA)၊ရခိုင်ပြည်တပ်မတော် (ALA)၊ ချင်းအမျိုးသားတပ်မ
တော် (CNA) တွေကလဲ ပြည်နယ်အလိုက်တိုက်ပွဲဝင်နေကြတယ်၊ပြည်တွင်း နဲ့ နိုင်ငံတကာ တော်လှန်ရေးမိသားစုကြီးက တစတစ ၀ိုင်းဝန်းထောက်ခံ အားပေးပံ့ပိုးလာကြတယ်၊ (MNLA)မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ကချင်လွတ်လပ်ရေးတပ်မတော်
နဲ့ (UWSA)တပ်မတော်တွေကိုတော့(ပျားရည်နဲ့ ၀မ်းချ)ထားတယ်၊

စီးပွားရေးလုပ်ပိုင်ခိုင်ခွင့်ပေးပြီး (သေနတ်)ပြောင်းပိတ်ခိုင်းထားတယ်၊ဒါဟာ ယာယီဘဲငြိမ်နေမှာဖြစ်တယ်၊တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအပေးနိုင်။ မဖြေရှင်းနိုင်ရင်၂၀၁၁ ကစတင်ပြီး ဗမာ့တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေ ပါ ပူးပေါက်းပါဝင်မှုဖြင့်တပြည်လုံးသေနတ်သံတွေဆူညံလာမှာဖြစ်တယ်လို့--မြင်တယ်၊

မေးခွန်း(၄)။အခုလို နယ်စပ်တွေမှာDKBA၊ KNU၊ ကျောင်းသားစတဲ့တော်လှန်ရေးတပ်တွေကို နအဖက လက်နက်အင်အား အလုံးအရင်း၊ ကလေးစစ်သားများစွာ၊ ထောင်သားများကို ပေါ်တာအဖြစ်သုံးပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတဲ့အပေါ် ဘယ်လို တုံ့ပြန်ပြောဆိုချင်ပါသလည်း။

(UNHCR)လက်မှတ်နဲ့ နိုင်ငံတကာကိုရောက်နေတဲ့သူတွေဘဲဖြစ်ဖြစ်၊ (Burmese Passport )နဲ့လာသူတွေဘဲဖြစ်ဖြစ်အမိမြန်မာပြည်မှာ စားရမဲ့ သောက်ရမဲ့ ကုန်းကောက်စရာမရှိလောက်အောင် ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးခဲ့ဘူးတဲ့ သူတွေဖြစ်တယ်။ စစ်ကျွန်တွေဖြစ်နေတယ်။ ဒီဘ၀ကလွတ်မြောက်ဘို့ နိုင်ငံတကာရောက် လူမျိုးစုံပြည်သူတိုင်းရဲ့ (အမျိုးသားရေး)တာဝန်ဖြစ်တဲ့ နအဖ(ဖက်ဆစ်)ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆင်နွဲကြဘို့ဖြစ်တယ်၊သေနတ်ပြန်ကိုင်တိုက်ဘို့မဖြစ်နိုင်တော့ပေမဲ့ တော်လှန်တဲ့အင်အားစုတွေကို့ (ကာယ၊ ဥာဏ နဲ့ ဓန) အင်အားတွေနဲ့ဟန်ချက်ညီ ၀ိုင်းဝန်းပံ့ပိုးကြပါလို့--မှာကြားလိုပါတယ်။

မေးခွန်း(၅)။တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာပြည်လွတ်မြောက်ရေးတို့အတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများနဲ့ စစ်ဘေး စစ်ဒဏ်ကြောင့်ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ပြေး ဒုက္ခသည်များကို ဝိုင်းဝန်း ထောက်ခံ အကူအညီပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ပြည်သူများကို ဘာတွေမှာကြားချင်ပါသလည်း။

နောက်ဆုံး ကရင်တမျိုးသားလုံးကိုပြောချင်တာက-ကရင့်ခုခံတော်လှန်စစ် နှစ်ပေါင်း(၆၀)ကျော်အတွင်း ကရင့်သမိုင်းကို သွေးနဲ့ရေးခဲ့တဲ့ ကရင့်အာဇာနည်အပေါင်းရဲ့ သစ္စာတရားကို စောင့်သိရိုသေကြပါ။

ကရင်အမျိုးသားများအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခကို မိတ်ဘက်ပဋိပက္ခဖြေရှင်းနည်းတွေနဲ့ဖြေရှင်းကြပါ။ စိတ်ရှည်ကြပါ၊ သီးခံကြပါ၊ စိတ်နှိမ့်ချကြပါ၊ သဘောထားကြီးကြပါ၊လူမျိုးစုံပြည်သူတွေကိုပြောချင်တာက-စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန်တူးထုတ်ကြပါ၊ ဒေါ်စုနဲ့ ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ(CRPP)ကို ၀ိုင်းရံကြပါ၊ ဗိုလ်ချုပ်အောင်းဆန်းတည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော် က ကြည်း၊ရေ၊ လေ၊ ပြည်သူ့ရဲတပ်ဖွဲ့တို့မှမျိုးချစ်လက်နက်ကိုင်စစ်သည်တော်အားလုံး ဗိုလ်ချုပ်ရဲ့ မျိုးဆက်သစ် ဒေါ်စုနဲ့ခိုင်မာစွာလက်တွဲပြီး ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်ကိုတည်
ဆောက်ကြပါလို့--ပြောကြားလိုပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျား။

NLD မှ ကျောင်းဖွင့် ပညာဒါနပြု

Open School

Saturday, January 15, 2011

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ခေါ်ဖို့ဆုံးဖြတ်

2011-01-14


မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဇန်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ၄ ရက်ကြာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲဟာ ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ပြီးဆုံးသွားပါပြီ။


(Photo: Kachin News Group

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့တွေကတော့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးမှုအပေါ် လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ဒု ဗိုလ်မှူးကြီး ဦးပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တဖွဲ့ဖြစ်တဲ့ SSDP ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်တွေနဲ့အတူ စစ်အစိုးရနဲ့ အပစ်အခတ် မရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ချင်း အမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြစ်ကြပါတယ်။

ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ သဘောတူ ဖွဲ့စည်းခဲ့ကြပြီးနောက် တတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရွှေမျိုးသန့်က သူတို့ ညီလာခံခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီ တိုင်းရင်းသား လူမျိုးများတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတခု အဲ့ဒါကို အမြန်ဆုံး ခေါ်ဖို့ပေါ့လေ။ ပြည်တွင်းအင်အားစုတွေလည်း တိုင်းရင်းသား ပါတီတွေရောလေ။ သူတို့ လာနိုင်တဲ့လူ ရှိတယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်မှာပေါ့။ အဓိက တော့ တိုင်းရင်းသား အင်အားစုမှာ အစုအဖွဲ့တွေ ရှိနေတာတွေ ရှိတယ်။ ENC ရယ် ULD-LA ရယ်၊ နောက် ကျနော်တို့ CEFU ရယ် နောက်တော့ NDF ရယ် လေးဖွဲ့ ပေါင်းပြီးတော့ ခုန ပြောတဲ့ ညီလာခံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့မယ်။ ပြီးတော့မှ ဒီကော်မတီရဲ့ အစီအစဉ်နဲ့ အမြန်ဆုံး ညီလာခံတခုကို တိုင်းရင်းသား အင်အားစုတွေကို တတ်နိုင်သမျှ ပါဝင်နိုင်အောင် ဖိတ်ကြားမယ်ပေါ့လေ။”
ဒီလို တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ညီလာခံတရပ် အမြန်ဆုံး ခေါ်ယူကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာဟာလည်း စစ်အစိုးရကနေ ရေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလက အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေထဲဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေး မပေါ်ပေါက်လာနိုင်တာကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဖွဲ့တွေ စုစည်းပြီး တောင်းဆိုမယ် ဆိုလို့ရှိရင် ပိုပြီး ထိရောက်နိုင်တယ်ဆိုတဲ့ အခြေခံအချက်ပေါ် မူတည်ပြီး အခုလို ည်ီလာခံခေါ်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် သူတို့ အင်အားစုတွေကို စစ်အစိုးရဖက်က ထိုးစစ်ဆင် တိုက်ခိုက်လာမယ်ဆိုရင်လည်း ဘယ်လိုစုပေါင်းပြီး ခုခံကာကွယ်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြကြောင်း ဦးရွှေမျိုးသန့်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ KNPP အဖွဲ့က အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ စစ်ဦးစီးချူပ် ဗိုလ်ချုပ် ဘီထူး။ KNU အဖွဲ့က ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ၊ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ NMSP အဖွဲ့က ဥက္ကဋ္ဌ နိုင်ထောမွန်၊ နိုင်ငံခြားရေးရာ တာဝန်ခံ နိုင်ဟံသာပွန်ခမ်နဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SSDP) အဖွဲ့က ဒုဗိုလ်မှူးကြီး ဦးပန်ဖ အပါအဝင် စစ်ဦးစီးအရာရှိတွေနဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင် ၃၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

NLD၏ အထူးအယူခံကို စစ်ဘက်အာဏာပိုင်များလက်ခံ

ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တရားဝင်ပါတီတခုအဖြစ် တည်ရှိနေကြောင်း ဆုံးဖြတ်ဖို့ တင်သွင်းသည့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က မနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုးသည့် အဆိုပါ အထူးအယူခံကို NLD ဗဟိုအထောက်အကူပြု အဖွဲ့ဝင်ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးကျော်ဟိုးတို့ ၃ ဦး မနေ့က နေပြည်တော် တရားရုံးချုပ်သို့ သွားရောက်တင်သွင်းခဲ့သည်။

“မနေ့ကကျနော်တို့သွားတော့ ၂ နာရီလောက် စောင့်ခိုင်းပြီးမှ ဒီအမှုကို လက်ခံလိုက်တယ်။ ပြီးတော့ အမှုနံပါတ်ပေးတယ်။ နောက်ပြီးတော့ လက်ခံဖို့သင့်မသင့် ၂ ဘက် လျှောက်လွှဲချက်ကြားနာဖို့ သူတို့အကြောင်းကြားမယ်ပေါ့လေ။ တရားရုံးက အဲဒါပါပဲ” ဟု ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကိုပြောသည်။

NLD တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့်ရှိကြောင်း ပထမအကြိမ် တင်သွင်းခဲ့သည့် အထွေထွေ အယူခံကို နေပြည်တော် တရားရုံးချုပ်က မနှစ် နိုဝင်ဘာ ၂၂ ရက်က ပယ်ချခဲ့သော်လည်း အထူး အယူခံတင်ခွင့် ရှိသဖြင့် နောက်ဆုံးအဆင့် အထူးအယူခံတင်သွင်းခြင်းဖြစ်သည်။

မနှစ်နိုဝင်ဘာက ကျင်းပသည့် စစ်အစိုးရ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေများကြောင့် NLD က ဝင်မပြိုင်ခဲ့သည့်နောက် ယင်းဥပဒေများကြောင့်ပင် NLD ပါတီ တရားဝင် ရပ်တည်ခွင့် မရှိတော့သလို ဖြစ်နေသဖြင့် လျှောက်ထားရခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်နှင့် အနိုင်ရခဲ့သည်။

NLD မပါသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။ သို့သော် မဲမသမာမှုများကြောင့် ယခုထိ ပြိုင်ဘက် ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

Friday, January 14, 2011

သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား

ဧရာဝတီ Friday, 14 January 2011 19:27

နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း ဧရာဝတီမှ သိရသည်။

နေပြည်တော်တွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အရပ်ဘက်ပြောင်း ဗိုလ်ချုပ်ဟောင်းများ။ (ဓာတ်ပုံ - AP)

ဒု သမ္မတနေရာအတွက် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနေရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဟု ပြောဆိုမှုများ ရှိနေသည်။

စစ်ဖက်ဆိုင်ရာ ရာထူးနေရာနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ဗိုလ်ချုပ် စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်မှာမူ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု သတင်းထွက်ပေါ်နေသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနားယူတော့မည် ဟုဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င် ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။

သို့သော် စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးမှာမူ ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မရှိခဲ့ပေ။

အမျိုးသားလူငယ်ကွန်ယက်သတင်းလွှာ

NYN 9.1

လူငယ်ကွန်ယက်များ ချိတ်ဆက်မှု အားနည်း

ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ်လာပြီးနောက် လူငယ်ကွန်ယက်အချို့ ပေါ်လာသော်လည်း တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေသေးသည်ဟု ကွန်ယက်အဖွဲ့ဝင်များ က ဆိုသည်။

ပြည်တွင်း လူငယ်အစုအဖွဲ့များအနက် NLD လူငယ်၏ ဗမာတနိုင်ငံလုံးဆိုင်ရာ လူမှုရေး လူငယ်ကွန်ယက် The Whole Burma Social Youth Network SYN ၊ ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ပါတီအချို့မှ လူငယ်များ ပါဝင်သည့် အမျိုးသားလူငယ်ကွန်ယက် National Youth Network-NYN၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများဆိုင်ရာ နိုင်ငံတကာလူမှု ကွန်ယက် International Network for Burma တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းနေသည်။

SYN ကို ယခင်လ ၈ ရက်က NLD ပါတီဝင်မဟုတ်သူများနှင့် NLD လူငယ်များ စတင်ဖွဲ့စည်းခဲ့သော်လည်း ကျန်ကွန်ယက်များမှာမူ NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတဝန်းမှ လူငယ် ၂ဝဝ ကျော်တို့ ယခင်လ ၂၈ ရက်တွင် တွေ့ဆုံပြီးမှ ဖွဲ့စည်းကြကြောင်း ကွန်ယက်ခေါင်းဆောင်များထံမှ သိရသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးနှင့် NYN တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုမရှိသေးပဲ စိစစ်ဆဲဖြစ်ကြောင်း အဖွဲ့ဝင် ၁၅ ဦးပါ NLD ရန်ကုန်တိုင်းအကူအညီပေးရေး အဖွဲ့ဝင် ကိုမင်းဟန်က မဇ္ဈိမကို ပြောသည်။

“NYN နဲ့ ထိစပ်ထားတယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်။ အဖွဲ့တခုကို သိတယ်ဆိုတဲ့ အနေအထားနဲ့ပဲ မခိုင်မာသေးဘူးလေ။ ဘေးကင်းခြင်း မကင်းခြင်းဆိုတာ ဂရုစိုက်ရအုံးမယ်လေ။ အာဏာပိုင်မှာလဲ လူငယ်ရှိတာပဲ။ လူငယ်ဆိုတိုင်း အကုန်ရောပြီး ဆက်ဆံလို့ရမယ် မထင်ဘူး” ဟု သူက ပြောသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးအနေဖြင့် SYN နှင့်ဆက်စပ်နေသည့် အဖွဲ့ငယ် ၇ ဖွဲ့ခန့်နှင့် သွေးအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကြေညာချက် ကဲ့သို့ အများသိ သင့်သည့် ကြေညာစာတမ်းများဝေငှခြင်းတို့ လုပ်ကိုင်နေသည်။ SYN နှင့် ဆက်စပ်ထားသည့် အစုအဖွဲ့များတွင် “BG သွေးအလှူပေးရေး”၊ ဆင်းရဲသားများကို ဖန်မီးချောင်းများ လှူသည့် “Light for Public”၊ သွေးစစ်ပေးသည့် “အလင်းသစ်ဦးတည်ရာ” တို့ ပါဝင်ကြောင်း သိရသည်။

NLD လူငယ်အဖွဲ့နှင့် ဆွေးနွေးဆဲသာဖြစ်သည်ဟု ယခုလ ၆ ရက်က ဖွဲ့စည်းခဲ့သော အမျိုးသား လူငယ်ကွန်ယက် (NYN) ကလည်း ပြောသည်။

ကိုမျိုးရန်နောင်သိန်းက “ဆွေးနွေးနေဆဲပါ။ NLD လူငယ်တွေက ကျနော်တို့ လက်ဦးမှုယူတယ်လို့ ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကျနော်တို့ ဆီမှာ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ကိုအောင်ဇေယျ၊ ကရုဏာလက်၊ ကရုဏာဖောင်ဒေးရှင်း တို့လဲ ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုမျိုးရန်နောင်သိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလ ၁၂ ရက်က တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လူငယ်များထံမှ အမြင် သဘောထား မေးမြန်းထားသည်ဟု NYN ၏ facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

“ကျနော်ကပြောပါတယ်၊ အမျိုးသား လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။ ကွန်ယက် ဘာကြောင့်လိုအပ်တာလဲပေါ့။ ကွန်ယက်ကို ဘယ်လိုကျယ်ပြန့်အောင် လုပ်မလဲပေါ့။ ဒီမေးခွန်းကို လူငယ်တွေ ဖြေပါတဲ့။ လောလောဆယ် ကျနော်တို့ ဖေ့ဘွတ်မှာ တင်ထားတယ်။ အီးမေလ်းဖွင့်ထားတယ်” ဟု မျိုးရန်နောင်သိန်းက ပြောသည်။

NLD ပါတီ၊ NYN တို့နှင့် ဆက်စပ်ထားသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည့် အခြားကွန်ယက်တခုမှာ ပြည်တွင်းမှ နှစ်ဦးအပါအဝင် အမေရိကန်၊ အိန္ဒိယ၊ ထိုင်း၊ ကနေဒါ၊ ဂျပန် နိုင်ငံအခြေစိုက် မြန်မာ စုစုပေါင်း ၂၉ ဦးပါသော မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာ လူမှုကွန်ယက် International Network for Burma ဖြစ်သည်။

“အခုတော့ သူတို့နဲ့ NYN နဲ့ အကြမ်းဖျဉ်းပဲ သဘောတူညီမှု ရသေးတယ်။ ဦးဇင်းတို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် မဆောင်ရွက်သေးဘူး ဆိုတာ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ၂ဝဝ၇ သံဃာ့အရေးအခင်းတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ အရှင်ထာဝရက ပြောသည်။

ယခင်လ ၃၁ ရက်က အမေရိကန် ဖို့ဝန်းမှ မြန်မာများအပါအဝင် လူ ၁ဝ ဦးခန့်က လူမှုကွန်ယက်ဖွဲ့ရန် အင်တာနက်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တင်ပြဆွေးနွေးကာ နိုင်ငံတကာရောက် မြန်မာများထံမှ လူတယောက်ကို တဒေါ်လာ စုဆောင်းပြီး မြန်မာ့ဒီမိုကရေစီရေး ကူညီသွားရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုလို NLD အပါအဝင် NLD ကို ဝန်းရံရေးနှင့် ဒီမိုကရေစီအရေးအတွက် ကွန်ယက်များ စတင် ပေါ်ပေါက်လာသကဲ့သို့ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ဖွဲ့ကလည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မနက်ဖြန် ရန်ကုန်၌ တွေ့ဆုံကြမည် ဖြစ်သည်။
VOB796KK

Thursday, January 13, 2011

ABSDF အပေါ် ကန့်သတ်ချက် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဖယ်ရှား

2011-01-12


အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေထိုင်ခွင့် ရထားတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေထဲက ကျောင်းသားတပ်မတော်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ငွေကြေးပစ္စည်း ကူညီထောက်ပံ့ ပေးဖူးသူတွေအပေါ် ထိန်းချုပ်ထားတဲ့ အခွင့်အရေးတချို့ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည် ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
Photo: RFA
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် ကျင်းပသော မကဒတ အနှစ် ၂၀ မြောက် အထိမ်းအမှတ် အခမ်းအနားပွဲအပြီး ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Photo: RFA)


RFA က မိတ္တူ လက်ခံရရှိထားတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အခြေစိုက် အမေရိကန်အစိုးရ နိုင်ငံသားစိစစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကို ကိုးကားပြီး အမေရိကန် အောက် လွှတ်တော်အမတ်တဦးရုံးက မြန်မာ့အရေး လုပ်ဆောင်နေသူတွေဆီ ပေးပို့တဲ့ အကြောင်းကြား စာမှာ အခုလို အတည်ပြု ရေးသားထားတာ ဖြစ်ပါတယ်။

ABSDF အဖွဲ့နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အမှုတွေကိုလည်း မကြာခင် ပြန်လည် ဆောင်ရွက်ပေးတော့မယ်လို့လည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း ကမ္ဘာတဝန်း လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများကို အကြမ်းဖက်အဖွဲ့ စာရင်းထဲ သွင်းပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။

ဒီအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်တဲ့ ဒုက္ခသည် ဘဝသစ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့် ရခဲ့သူတွေထဲက ABSDF ၊ KNU ၊ CNF စတဲ့ အဖွဲ့တွေကို ပံ့ပိုးကူညီခဲ့ဖူးသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန က Green Card လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ထုတ်မပေးပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်အစိုးရဟာ ABSDF ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ အခု လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ဆိုင်းငံ့မှုတွေ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ

ဧရာဝတီ Wednesday, 12 January 2011 18:15


ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။


ယမန်နေ့က ထိုင်းဘက် ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၃ ဦး။ ကိုသောင်းဌေးဦး (၀ဲဘက်)၊ ကိုမိုးရာဇာ (အလယ်)၊ ကိုတင်ဇော်မင်း (ယာစွန်) (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ ပါပဲ”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။

ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။

ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့ မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။

ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃ ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းလည်း သိရသည်။

အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက် တာပါ"ဟု ပြောသည်။

ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။

ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။

“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။

အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ဒီမိုကရေစီ ကွန်ယက်ကို စတင် ဖြန့်ကျက်ကြပါစို့

အာဏာရှင် စနစ်ကြောင့် အဖက်ဖက် က ပြိုကျပျက်စီးနေသော မြန်မာနိုင်ငံကို စစ်မှန်သော တိုးတက်မှုတို့ ရစေချင်သည်မှာ တိုင်းပြည်ကို တကယ်ချစ်သည့် လူအများ၏ ဆန္ဒသဘောထားဆိုလျှင် မှားလိမ့်မည် မထင်ပါ ။ သို့သော် ထိုသို့ တိုးတက်မှု မျိုးရအောင် ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဆန္ဒဖြင့် လက်တွေ့ကျကျ လုပ်ရှားသူများ နည်းပါးလှသည့် မြန်မာနိုင်ငံတွင် ပြောင်းလဲရန် အချိန်ကို များစွာ စောင့်စားကြအုံးမည် ဖြစ်လေသည် ။ ထိုသို့ မဟုတ်ဘဲ ကိုယ့်တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက် စေလိုပါလျှက် ကျရာ အခန်းဂဏ္ဍကနေ နိုင်ရာ တာဝန် ထမ်းဆောင် ကြမှ ဖြစ်ပေလိမ့်မည် ။ ဤသို့ ကျရာအခန်းဂဏ္ဍ မှ နိုင်ရာ တာဝန်ကို ထမ်းဆောင် ပါဟု ဆိုလိုက်လျှင် ဘာတာဝန် ထမ်းဆောင် ရမလည်း ဘယ်သူက ခေါင်းဆောင်မှာလည်း ဆိုသည့် မေးခွန်းများကို ပြန်လည် ဖြေကြားပေးဖို့ လိုအပ်လာပြန်သည် ။

ဒေါ်အေင်ဆန်းစုကြည် ပြန်လည် မလွတ်မြောက်မှီက လူတကာ ပါးစပ်ဖျားတွင် ခေါင်းဆောင်ကောင်း ကို မျှော်လင့်နေသည့် အသံများ လွန်စွာ ကြားရ၏ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင်မူ တဖြည်းဖြည်းနှင့် ထိုအသံများ ပြန်လည် တိတ်ဆိတ်ကုန်ကြသည် ။ အချို့ကား လူထုခေါင်းဆောင်ကို ပင် အားမရသည့် ဟန်ဖြင့် သူတို့၏ သေးသိမ်လှသော ညဏ်လေးများ ဖြင့်မလိမ္မာသည့် အတွေးအခေါ်တို့ကို သိမ်းပိုက်ကာ ဝေဖန် လာကြပြန်သည် ကို များစွာတွေ့ရှိခဲ့ရသည် ။ အချို့ကား လူထုခေါင်းဆောင်က ပင် ဒီမိုကရေစီ ကို ရယူပေးလိမ့်မည် ဆိုသည့် မျှော်လင့်လျှက် ကို တမ်းတလျှက် ကိုယ်လုပ်ဆောင် နိုင်သည့် တာဝန် ၀တ္တရားကို မေ့ထားကာ လက်ပိုက်စောင့်ကြည့် သည် ဆိုသည့် အတွေးအခေါ်များ ကို ဆုပ်ကိုင်ထား ကြပြန်လေသည် ။ ထိုသို့ လမ်းမှားလိုက်နေသော အတွေးအခေါ်များ သည် သူတို့အရပ်နှင့် သူတို့ဇတ်တော့ ဟုတ်သယောင်ယောင် ပုံစံဖြင့် အများတကာကို လိုက်လံဆွဲဆောင် နေသည့် လုပ်ရပ်များမှာ အော့နှလုံး နာစရာ ကောင်းလွန်းလှသလို ရွှံရှာ စပ်ဆုပ်ဖွယ်ရာ လည်း ကောင်းလွန်းလှပေသည် ။

လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့မှီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တခုကို စနစ် တကျ ပြန်လည် တည်ဆောက်နိုင်ရန် နှင့် ထိုစနစ်ကို ရည်ရှည် တည်တံ့စေရန် အဓိက အခြေခံ လိုအပ်ချက်တို့ မဆောင်ရွက်နိုင်သမျှ ဒီမိုကရေစီ နိုင်ငံ ဘယ်သောခါမှ တည်ဆောက် နိုင်မည် မဟုတ် သည်ကို ပထမဦးစွာ နားလည်စေချင်ပါသည် ။ ထိုသို့ အခြေခံ လိုအပ်ချက်ကို မည်သည့် နည်းဖြင့် စတင် ဆောင်ရွက် ကြမည် နည်းဆိုသည့် ဆိုသည့် အဖြေကို အရင် ဆုံး စဉ်စားသင့်လှပေသည် ။

သုံးလောကထွဋ်ထား သဗ္ဗေညု မြတ်စွာ ဘုရားတောင် နိဗ္ဗာန်ကို သွားရာလမ်းကို ဘဲ ညွှန်ပြနိုင်ခဲ့တာပါ ။ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှ နိဗ္ဗာန်ရဲ့ အရသာကို ကိုယ်တိုင် ရောက်ရှိ စံစားနိုင်မှာပါ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီ နိုင်ငံပြန်လည် တည်ဆောက် ဖို့ လမ်းညွှန်ပြသရုံဘဲ တတ်နိုင်မှာပါ ။ တကယ့်လက်တွေ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်ဖို့တော့ ပြည်သူလူထုက သာ အားသွန်ခွန်စိုက် ကြိုးစားရမှာ ဖြစ်တယ် ဆိုတာလေးလေးနက်နက် စဉ်စား ဆင်ခြင်စေချင်ပါတယ် ။

ဒါဆို ဒေါ်အောင်ဆန်းစုကြည်က လမ်းပြခဲ့ပြီးပြီလား ဆိုတဲ့ မေးခွန်းကို ထပ်မံမေးလာစရာ အကြောင်းရှိပါသည် ။ လူထုခေါင်းဆောင်ဟာ အာဏာရှင်တို့ ဖမ်းဆီးချုပ်နှောင်ထားချိန်မှာ တိုင်းပြည် အတွက် ဘာတွေလိုအပ်လည်း ၊ ဘယ်လို လမ်းစဉ်မျိုးနဲ့ သွားသင့်သလည်း ၊ လူထိုကို ဘယ်လို ညွှန်ကြားရမလည်း တခါတည်း စဉ်စားထားပြီးသားလို့ ကျနော်က ယုံကြည်ပါတယ် ။ နှစ်ပေါင်းများစွာ အချုပ်အနှောင် ခံထားရတဲ့ အမေစုက လက်ရှိ ပြင်ပကမ္ဘာမှာ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေကို ရေဒီယိုတစ်လုံး ကို အသုံးချပြီးနည်ပညာကို အမှီလိုက်လာတဲ့ အနေအထားဟာ ယုံမှားသံသယ မရှိပါဘူးဆိုတာ သူမ လွတ်မြောက်လာတဲ့ အချိန်မှာဘဲ ဒီမိုကရေစီ ကွန်ယက်ကို ဖွဲ့စည်းသင့်ကြောင်း ပထမ ဦးစွာ လမ်းပြပြောဆိုခဲ့တဲ့ စကားလုံးက သက်သေခံထားနေပါတယ် ။ ယနေ့လက်ရှိ အနေအထား၌ နိုင်ငံတကာတွင် ပြန့်ကျဲနေသည့် မြန်မာနိုင်ငံသားတို့ ၏ အင်အားများကို စုစည်းလိုလျှင် နည်းပညာကို အခြေခံသည့် ဒီမိုကရေစီ ကွန်ယက်ကို စတင်ဖွဲ့စည်း နိုင်လျှင် အာဏာရှင် စနစ်မှ လွတ်မြောက်အောင် စတင်ရုန်းထွက် နိုင်မည့် ပထမ ဆုံး အခြေခံကြသည့် လုပ်ဆောင်ချက်ဟု ထင်မြင် ယူဆမိသော လူထု ခေါင်းဆောင်၏ အသိညဏ်တို့မှ လျှံကျလာသည့် လမ်းညွှန်စကားကို ကျနာ် များစွာ အံ့သြ ချီးမွမ်းမိပါသည် ။

အဘယ်ကြောင့်နည်း မြန်မာပြည်တွင်း၌ အာဏာရှင် စနစ်ဆိုးကို ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံ ဆင်းရဲဒုက္ခ မျိုးစုံကို မျက်ရည်ရွှဲလဲ နဲ့ အံကြိတ်ကာ ခေါင်းငုံ့ခံမနေကြဘဲ နိုင်ရာတာဝန် ကိုယ်စီထမ်း၍ တိုက်ပွဲဝင်နေကြသူများ၏ လက်ရှိအနေအထား တွင် နိုင်ငံရေး ကို ဆက်လက် လုပ်ရှားဖို့ အခက်အခဲများစွာ ရှိလေသည် ကို အားလုံး အသိပင်ဖြစ်သည် ။ သူတို့ဘ၀ များကို တိုင်းပြည် အတွက် ပေးဆပ်နေကြရသည့် အတွက် သူတို့၏ စားဝတ်နေရေး ခက်ခဲ ကျဉ်းမြောင်းလာကြသည် ။ အာဏာရှင် တို့ အုပ်စိုးသမျှ အမှန်တရားကို မြတ်နိုးတန်ဖိုး ထားသူတို့ဘ၀၏ အသက်မွေးဝမ်းကြောင်းမှုကားများစွာ ခက်ခဲလွန်းလှသည်ကို ကိုယ်တွေကြုံခဲ့ကာ ရင်ဆိုင်နေရသော ပြည်သူလူထု ကြီးကို အထူးအထွေပင် ရှင်းပြစရာ မလိုပါ ။ သူတို့တွေ အင်အားရှိမှ ဒီမိုကရေစီ တိုက်ပွဲကို အထိရောက် ဆုံး ဆင်နွှဲနိုင်မည် ဖြစ်သည့် အတွက် သူတို့တတွေအား ၀န်းရံအားဖြည့်ပေးနိုင်ဖို့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများ ပေါင်းစည်းကြရန် အထူးလိုအပ်နေသည့် အနေအထားတွင် ဒီမိုကရေစီ ကွန်ယက် ဆိုသည့် စကားလုံးလေးက အဘယ်မျှ အကျိုးကျေးဇူး များနိုင်သည်ကို ရိုးရှင်းစွာ တွေးကြည့်လျှင်ပင် လွန်စွာ ထင်ရှားစွာ တွေ့မြင်နိုင်သည့် လမ်းညွှန်ချက်ဟု ယုံကြည် မိပါသည် ။

ဒီမိုကရေစီ စနစ် အကောင်အထည် ဖော်နိုင်ရန်နှင့် ထိုစနစ်တည်မြဲ စေရန် ကျားကန်ပေးထားသည့် နိုင်ငံရေး အဖွဲ့အစည်းမဟုတ်သည့် လူထုကိုယ်စားပြု အဖွဲ့အစည်းများ ပြန်လည် ဖွဲ့စည်းနိုင်ရန် ဒီမိုကရေစီ ကွန်ယက်က များစွာ အထောက်အကူ ဖြစ်နိုင်သည်ဟု ယုံကြည်မိပါသည် ။ ဒီမိုကရေစီ သို့ရောက်အောင် အာဏာရှင် စနစ်ကို အရင်ဆုံး အဆုံးသတ်နိုင်ဖို့ လိုအပ်သည် ။ ထိုအခါ အာဏာရှင် စနစ် တည်မြဲစေရေး အတွက် အထောက် အပံ့ ပေးထားသည့် အချက်အလက်များကို သေချာစွာလေ့လာဆန်းစစ်ကြည့်သင့်လှပေသည် ။

ဥပမာ ဆိုရသော် ကျောင်းသားသမဂ္ဂ မရှိခြင်းက ကျောင်းသားတို့အရေးကို အာဏာပိုင်တို့ စိတ်ကြိုက်ဆောင်၇ွက်နိုင်ခြင်းကြောင့် ပညာရေး စနစ်ကြီး လုံးဝ ပြိုကျ ပျက်စီးသွားသည် ။ အကယ်၍ ကျောင်းသားတို့ အရေးကို ခုခံကာကွယ်ပေးမည့် ကျောင်းသားသမဂ္ဂသာ ရှိခဲ့လျှင် အာဏာပိုင်တို့ စိတ်တိုင်းကျ ဖျက်စီး၍ မရနိုင် ၊ ကျောင်းသားများ၏ အခက်အခဲ ၊ အခြေခံလိုအပ်ချက် ၊ တို့ကို သမဂ္ဂမှ ဦးစီး၍ သက်ဆိုင်ရာ အာဏာပိုင်တို့ထံ ထိရောက်စွာ တင်ပြနိုင်စေမည့် ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းနိုင်ရေးသည် ကျောင်းသားများ အတွက်သာ မက တိုင်းပြည် အတွက်လည်း အရေးတကြီး လိုအပ်သည့် အချက် တစ်ခု အဖြစ် ထည့်သွင်းစဉ်စား ကြရမည်မှာ အမှန်ပင် ဖြစ်လေသည် ။ ဤ အချက်သည် မှန်ကန်ပါသည်ဟု ယုံကြည်ကြလျှင် ကျောင်းသား သမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်ရေး အတွက် ကျောင်းသားလူငယ်များ အနေဖြင့် အထူးအားထုတ်ကာ ကြိုးစားသင့်သလို တတ်ကျွမ်းနားလည် သည့် ပညာရှင်များက လည်း နည်းလမ်းပြကာ ၀န်းရံပေးသင့်သည် ။

မြန်မာနိုင်ငံတွင် အလုပ်သမားတို့၏ အခွင့်အရေးမှာ လွန်စွာ နည်းပါးလွန်းလှသည် ။ အလုပ်သမားတို့၏ ဘ၀ သည် အလုပ်ရှင်ပေါ်တွင် မူတည်သည့် သခင်နှင့်ကျွန်စနစ် ကို အာဏာရှင်တို့ အားကိုးနှင့် အလုပ်ရှင်တို့က ကျင့်သုံးနေသည့် ဒဏ်ကို ယနေ့ မြန်မာနိုင်ငံမှ အလုပ်သမားတို့ များစွာ ခံစားကြရသည် ။ မြန်မာလူမျိုး လုပ်ငန်းရှင်များ သာမက နိုင်ငံတကာက စီးပွားရေး သမားများသည် အလုပ်သမားထုကို ထိုက်တန်စွာ ပေးရမည့် လစာ အစား အာဏာပိုင်တို့ထံ မစို့မပို့ ဆက်ကပ်နေလျှင် သဘောခွေ့နေကြသည့် မြန်မာလူမျိုး အာဏာပိုင်တို့၏ သူများထမင်းလုပ်ကို လုယူစားရသည်ကို ကျေနပ်နေကြသည့် အချက်များကို ဟန့်တားနိုင်ခြင်း မရှိရခြင်းမှာ အလုပ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးတို့ကို တောင်းဆိုပေးမည့် အလုပ်သမား သမဂ္ဂ မရှိခြင်း ကြောင့် ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားချေ ။ အလုပ်ရှင်နှင့် အလုပ်သမားတို့ ကျင့်သုံးရမည့် တရားမျှတမှု ရှိကာ တိကျပြတ်သားသော ဥပဒေနှင့် လုံလောက်သော လစာ အတွက် ထောက်ခံအားပေး၍ အလုပ်သမားတို့၏ ရသင့်ရထိုက်သော အခွင့်အရေး ကို သက်ဆိုင်၇ာ အာဏာပိုင်တို့ထံ အလုပ်သမားထုကို ကိုယ်စားပြု၍ တောင်းဆိုပေးမည့် အလုပ်သမား သမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာရေးသည် အလုပ်သမားတိုင်း အတွက် အရေး ကြီးသလို ၊ တိုင်းပြည် အတွက် လွန်စွာ အရေးပါလွန်းလှပေသည့် အတွက် အလုပ်သမားသမဂ္ဂ ပေါ်ပေါက်လာရေး အတွက် မဖြစ်မနေ ကြိုးစား ဆောင်ရွက် သင့်ပေသည် ။

စိုက်ပျိုးရေးကို အခြေံထားသည့် တိုင်းပြည် အတွက် တောင်သူလယ်သမားတို့၏ အခန်းဂဏ္ဍသည် လွန်စွာ အရေးပါလှသလို တောင်သူလယ်သမား တို့ ရသင့်ရထိုက်သော အခွင့်အရေး များကို ရရှိ ခံစားနိုင်စေရန် နှင့် ထွက်ကုန်များ တိုးမြှင့်လာစေရေး အတွက် ကြိုးစားပေးကြမှသာလျှင် ပြည်သူလူထု အတွက် ကုန်ဈေးနှုန်း ကျဆင်း နိုင်သလို တောင်သူလယ်သမားတို့ဘ၀ လည်း ပိုမို မြင့်မားလာပေမည် ဖြစ်သည် ။ မြေယာ ပိုင်ဆိုင်မှု စနစ်နှင့် လွတ်လပ်စွာ သီးနှံများ ကို ကိုယ်ပိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ခွင့်ကို အာဏာပိုင်တို့က ညဏ်အမြော်အမြင်ကင်းမဲ့စွာ လူသားမဆန်သော လုပ်ရပ်များကို ကြိတ်မှိတ် ခံစားနေရသည့် ဘ၀ မှ လွတ်မြောက်လိုပါလျှင် တောင်သူလယ်သမားတို့ကို အဓိက ကိုယ်စားပြု ကာ အာဏာပိုင်တို့၏ မတရားသာ လုပ်ရပ်များကို ဟန့်တားပေးနိုင်မည့် တောင်သူလယ်သမား သမဂ္ဂ ကို ပြန်လည် ဖွဲ့စည်း တည်ဆောက် သင့်ပေသည် ။

တိုင်းပြည်တပြည်၏ အနာဂတ်သည် လူငယ်မျာ၏ စွမ်းအားကိုအခြေပြုကာ ပြန်လည် ထူထောင်ကြမည် ဆိုလျှင် လူငယ်များကို ကိုယ်စားပြုသည့် လူငယ် သမဂ္ဂများ အတွက်လည်း ထည့်သွင်းစဉ်းစားသင့်ပေသည် ။ ကျောင်းပြီး၍ အလုပ်ခွင်မရောက်ခင် စပ်ကြား လူငယ်များ၏ ပိုနေသည့် အချိန်လေးများကို သူတို့ဘ၀ အနာဂတ် လှပအောင် အလုပ်ခွင်ကို ချည်းကပ်သည့် အခါ ကြုံတွေ့ရမည့် အခက်အခဲများကို ဖြေရှင်းသည့် ပညာရပ်များ ဖြင့်မွန်းမံကာ၊ ကိုယ်စွမ်း ညဏ်စွမ်း ထက်မြက်စေမည့် ကာယ ၊ ဥာဏ လေ့ကျင့်ခန်းများ ဖြင့် ထပ်ဆင့် ပြုစုပြိုးထောင်ခြင်း ၊ လူငယ်များ၏ ဒုက္ခ ၊ သုခ ၊ သိချင် တတ်ချင်စိတ် ၊ အားနည်းချက် အားသာချက် တို့အား ဖွင့်ဟ တိုင်ပင်ဆွေးနွေးသည့် ပုံစံလေးများ ဖြင့် လူငယ်များ၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည့် လူငယ် သမဂ္ဂသည် ဖွဲ့စည်း တည်ထောင်ခြင်းတို့သည် တိုင်းပြည်ကို ပြန်လည် ထူထောင်သည့် နေရာနှင့် စနစ်ဆိုးတစ်ခုကို ဖယ်ရှားသည့် နေရာတွင် အထူးပင် အသုံးတည့်လှပေသည် ။

ထိုသို့သော အဖွဲ့အစည်းများ ပြန်လည် ပြုစုပျိုးထောင်ဖို့ အဓိက လိုအပ်သည့် အရာများကို ကို နည်းပညာကို အခြေံ၍ ကွန်ယက်ဖွဲ့ကာ စုစည်းနိုင်သည် ဆိုသည်မှာ သံသယဖြစ်စရာ အကြောင်း ကျနော့် အသိဥာဏ်၌ လုံးဝ မရှိပါ ။ ထို့ကြောင့် ထိုလမ်းစဉ်ကို တစိုက်မတ်မတ် လိုက်ပါနိုင်အောင် စတင် အကောင်အထည် ဖော်ကြရပေမည် ။ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲဆိုသည့် စကားကို လူတော်တော်များ ဆီက ပဲ့တင်သံအဖြစ် ကြားရပြန်သည် ။ ကျနော် အနေဖြင့် ထိုစကားကို သိပ်လက်မခံချင်ပါ ။ ဥပမာ ဆိုရသော် အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦး နှင့် မသိကျွမ်းခင် အချိန်က သူလည်း လူစိမ်း တစ်ယောက်ဘဲ မဟုတ်ဘူးလား ။ ဘယ်လိုလုပ်ပြီး အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်လာတာလည်း ပြန်စဉ်းစားကြည့်စေချင်ပါတယ် ။ အဓိက အကြောင်းအချက်က အခုလို ရင်းနှီးကျွမ်းဝင်လာအောင် ပထမဆုံး ပေါင်းသင်း ဆက်ဆံရေးက စတာပါဘဲ ဆိုတဲ့ စကားက အဖြေပါဘဲ ။

ဘာမှလည်း မလုပ်ကြည့်ရသေးပါဘဲနဲ့ ယုံလို့မရပါဘူး ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ ပြောတတ်ကြတဲ့ လူတွေက စိတ်ထဲမှာ သူဟာ လုပ်ချင်ကိုင်ချင်စိတ် မရှိတာကို ဖော်ပြနေပါတယ် ဆိုတာ လေးနက်စွာ သတိထားကြပါ ။ နိုင်ငံရေး လုပ်ရှားမှု ကို အရှင်းလင်းဆုံး အနေအထားနဲ့ ပြန်ခွဲထုတ်ရင် ကိုယ်တိုင် ပါဝင် လုပ်ရှားသူများနဲ့ နောက်ကွယ်က ကူညီပံ့ပိုးသူများ ဆိုပြီး နှစ်မျိုးဘဲ ရှိပါတယ် ။ ကိုယ်တိုင်ပါဝင် လုပ်ရှားချင်တဲ့လူများက ပြည်တွင်းမှာ အများကြီးပါ ။ နောက်ကွယ်က ကူညီပံ့ပိုးပေးနိုင်မယ့် လူတွေက နည်းနေသေးတာပါ ။ ဒီလိုတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းရဲ့ အခြေခံဟာ ယုံမှားသံသယကို စကားတွေကို လက်တွေ့ကျကျ ကိုယ်တိုင် မစဉ်းစားကြဘဲ သူတပါး ပြောစကားကို နားယောင်နေသူတွေ များနေလို့ပါဘဲ ။

ပုထုဇဉ် လူသားများ ပီပီ လူတိုင်းဟာ အမှားတွေကို ကျူးလွန်ခဲ့ဘူးကြတာ သဘာဝ တရားပါ ။ အမှားတခုကို ကျူးလွန်လိုက်လို့ တသက်လုံး ပြင်မရတဲ့ အတွေးအခေါ်တွေကို သိမ်းပိုက်ပြီး နောက်ထပ် အမှားတွေကို မကျူးလွန်ကြပါနဲ့ ။ အဖြူပေါ်မှာ အမဲတစက် က မသိသာပေမယ့် အမဲစက်တွေများလာရင် များလာရင် သိသာထင်ရှားလာပါလိမ့်မယ် ။ အမှားတခုက အမဲတစက်ဆို ခင်ဗျာတို့နောက်ထပ် အမဲစက်တွေနဲ့ကိုယ့်ကိုကိုယ် မဖြန်းပက်ကြပါနဲ့ ။ ဘ၀မှာ အမှားပေါင်းများစွာ ကျူးလွန်ပြီးလို့ အမဲစက်တွေ ပြည့်နှက်နေလို့လည်း စိတ်မပျက်ပါနဲ့အုံး ။ အမဲစက်တွေ ပေါ်မှာ အဖြူကွက်လေးတွေ ပြန်လည် ဖုံးလွှမ်းအောင် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိပါသေးတယ် ။ မှားမှန်း သိတဲ့ အချိန် အဲဒီ အမှားကို စွှန့်လွတ်ပြီး အမှန်ကို ရင်ဆိုင်ရဲတဲ့ လူဟာ သတ္တိကောင်းသူ တဦးပါဘဲ ။

မလိမ္မာ တခါ မိုက်စမြဲ ဆိုပေမယ့် ကိုယ့်ဟာကို လိမ္မာတယ်ဆိုပြီး အခါခါမိုက်နေကြတာကို အခုထိ တွေ့နေရတာ သိပ်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ် ။ မလိမ္မာတဲ့အတွေးအခေါ်နဲ့ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ပြီး ငါလုပ်တာမှ အမှန်ပါလို့တော့ မျက်လုံးစုံမှိတ်ပြီး နောက်ထပ် အမှားတွေမကျူးလွန်ကြပါနဲ့လို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။ ကိုယ်လုပ်တာ မှန်လား မှားလား တိုင်းပြည်ရဲ့ ပကတိ အနေအထားကို မျက်လုံးလေး ဖွင့်ကြည့်လိုက်ရင် သိသာ ထင်ရှားနေပါတယ် ။ အပြစ်ရှိသူကို ပြစ်တင် ပြောဆိုနေမှုထက် မှန်ကန်တဲ့ လမ်းစဉ်ကို လမ်းညွှန်ပြပြီး လမ်းမှန်ပေါ်ကိုရောက်အောင်တင် ၊ သူ့အပြစ်တွေကို ဆေးကြောပေးဖို့ စိတ်ဓါတ်လေးတွေ ပြင်နိုင်အောင် ကြိုးစားပေးစေချင်ပါတယ် ။ ဒီလိုလမ်းပြလို့မှ မလိုက်ချင်ကြရင်လည်း ပစ်သာထားခဲ့လိုက်ကြပါ ။

ခေတ်ကိုက ဆုတ်ကပ်ဗျ ။ ဘုရားဟော တရားတွေကိုတောင် ခေတ်နဲ့ နှိုင်းယှဉ်စဉ်စားပြီး တရားတော်က မဖြစ်နိုင်ပါဘူး ၊ ဒီလိုလေးဆို ပိုမှန်ပါတယ်လို့ အထွန့်တက်ချင်ကြတဲ့ လူတွေ တဖြည်းဖြည်းများလာတာ သတိထားမိကြရဲ့လား မသိဘူး ။ လောကသုံးပါးကို အတားအဆီးမရှိ ကိုယ်တိုင် သိပြီး ၊ သိတာမှန်သမျှ မကျန်ရအောင် အကုန်အစင် သိတော်မူတဲ့၊သုံးလောက ထွဋ်ထား သဗ္ဗေညု မြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ တရားတော်ကို ပုထုဇဉ်လူသားများ ၊ ရဟန်းသံဃာများက မဖြစ်နိုင်ပါလို့ သူတို့ အသိဥာဏ် အထွာတမိုက် နဲ့ ဝေဖန်ပိုင်းခြားနေတဲ့ ခေတ်ကြီးမှာ လူထုခေါင်းဆောင်ရဲ့ လုပ်ရပ်ကိုလည်း ကဲ့ရဲ့ ပြစ်တင် ရှုံ့ချနေတာ မဆန်းပါဘူး ။ ဒါပေမယ့် ပညာရှင် အယောင်ဆောင် သူတို့တွေစကားသံတွေမှာ ပြည်သူလူထုက တွေဝေနေကြပြီး ကြားနေ၀ါဒပါလို့ ကြွေးကြော်သံတွေ ကြားနေရတာ သူတို့တော်တာလား ၊ ကျနော်တို့ ညံ့တာလား သေချာစွာ စဉ်စားသင့်ပါတယ် ။

ကိုယ်တိုင်စဉ်စားပြီးမှ အတွေးအခေါ် အယူအဆ တခုကို လက်ခံပါလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပေမယ့် ကိုယ့်ရဲ့ အသိဥာဏ်နဲ့ စဉ်စားတွေးခေါ်မှု အခြေအနေကိုလည်း ပြန်သုံးသပ်ကြည့်ပါအုံး ။ သူငယ်တန်းကလေးကို တက္ကသိုလ်က စာတွေ အကြောင်း ပြောလို့ ဘာနားလည်မှာလည်း ။ ဒါကို သူငယ်တန်းကလေးက ခင်ဗျာတို့ စာတွေက အဓိပ္ပာယ်မရှိပါဘူးလို့ ဆိုရင် ခင်ဗျာတို့ နားလည်တာက သူက သူငယ်တန်းကလေးဘဲ ဆိုပြီး ခွင့်လွှတ်တတ်ကြတယ် ။ အခုလည်း ဒီအတိုင်းပါဘဲ ။ ပညာဥာဏ်ကြီးမားပြီး ဇွဲသတ္တိ အပြည့်ရှိတဲ့ လူထုခေါင်းဆောင်ရဲ့ စကားတွေကို နိုင်ငံတကာ က ပညာရှင်များက လေးစားနေကြတဲ့အချိန်မှာ သူငယ်တန်းကလေးပမာ နားမလည်တိုင်း ပြစ်တင်ကဲ့ရဲ့ နေတဲ့ မြန်မာနိုင်ငံက အမည်ခံပညာရှိကြီးများ အသိတရားလေး ရသင့်ပါပြီ လို့ လေးစားစွာ သတိပေးလိုပါတယ်ခင်ဗျာ ။ ဒီလို လူတွေရဲ့စကားကို နားယောင် ၊ သံယောင်လိုက်ပြီး ကိုယ်တိုင် ဘာမှ မလုပ်ရသေးဘဲ မဖြစ်နိုင်ပါဘူးလို့ ညည်းညူနေတဲ့ လူအများလည်း ဒီမိုကရေစီ ကွန်ယက် ဆိုတဲ့ စကားကို လက်တွေ့ကျကျ ပါဝင်ပက်သက်ပြီး စဉ်စားကြည့်စေပါလို့ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။

အချို့ကလည်း နိုင်ငံရေး လုပ်ရှားနေသူတွေကို ကူညီချင်ကြပေမယ့် လက်တွေ့မှာ သူတို့ရဲ့ စိတ်ထားမှာ ဖုံးလွှမ်းထားတဲ့ ကြေက်ရွှံ့စိတ်တွေက နောက်တွန့်စေခဲ့တယ် ။ အဲဒီလို လူမျိုးတွေ နိုင်ငံရေး လုပ်ရှား နေသူတွေကို ကူညီတဲ့ နေရာမှာ စိတ်ချယုံကြည်ရတဲ့ အနေအထား ကနေ ကိုယ်တိုင်ပါဝင် လုပ်ရှားနိုင်ဖို့ အတွက် နည်းပညာကို အခြေခံထားတဲ့ ဒီမိုကရေစီကွန်ယက် က များစွာ အကူအညီပေးနိုင်တယ် ဆိုတာ ကိုယ်တိုင်ဘဲ စဉ်စားကြည့်စေချင်ပါတယ်ဗျာ ။ လူထုခေါင်းဆောင် ဖော်ဆောင်နေတဲ့ ဒုတိယ ပင်လုံ ညီလာခံဆိုတာ မဖြစ်နိုင်ပါဘူး ၊ အားနည်းချက်တွေ များစွာ ရှိပါတယ် ၊ ဒီခေတ်ကြီးနဲ့ မသင့်တော်ပါဘူးလို့ ပြောဆိုနေတဲ့ လူများတွေ့ခဲ့ရင် ဘယ်လို ပုံစံနဲ့ချည်းကပ်ရင် ပိုထိရောက်မယ်လို့ ထင်မြင်ယူဆမိပါသလည်းလို့သာ တခွန်းတည်းမေးလိုက်ပါ ။ အဲဒီလို မေးခွန်းများ ပြန်အမေးခံရပြီ ဆိုရင် ခွေးအကြီး လှည်းနင်းတဲ့ အသံနဲ့ တောင်ပြောမြောက်ပြောနဲ့ ရှောင်ထွက်သွားတဲ့ လူတွေလည်း အများကြီးပါ ဆိုတာ မယုံရင် ကိုယ်တိုင် ၀င်ရောက် စမ်းသပ်ကြည့်လို့ရပါတယ် ။ ဒီလောက် လမ်းပြလုပ်ဆောင်နေတာတွေကို အထင်းသားတွေ့မြင်နေရပါလျှက် နှင့် အမေစုရဲ့ လမ်းညွှန်ချက်ကို ကြားသိချင်ပါတယ်ဆိုတဲ့ လူအများ အနေဖြင့်လည်း ဒီမိုကရေစီ ကွန်ယက်ရဲ့ သဘောတရားနဲ့ အဓိပ္ပာယ်ကို တခါလောက်များ လေးနက်စွာ စဉ်းစားကြည့်ကြပါ ။

စနစ်ဆိုးတစ်ခုအောက် လွတ်မြောက်ပြီး လူ့အခွင့်အရေး အပြည့်အ၀ ရနိုင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ရာ လမ်းမှာ အထောက်အကူ ပေးနိုင်မှာ အသေအချာ ဖြစ်တဲ့ ဒီမိုကရေစီ ကွန်ယက်စခန်းကို ၀င်ရောက်ခိုလှုံနိုင်ဖို့ ခင်ဗျာတို့တွေကြားမှာ လွဲမှားနေတဲ့ အယူအဆတွေကို ဘေးဖယ်ပြီး နီးစပ်ရာမှာ လက်ချင်းချိတ်ကြစမ်းပါ ။ တိုင်းပြည် အတွက်ဆိုတဲ့ မှန်ကန်တဲ့ အတွေးအခေါ်က ခင်ဗျာတို့ရဲ့ နှလုံးသားကို နွေးထွေးသန့်စင်တဲ့ ခွန်အားတွေ မွေးဖွားပေးပါလိမ့်မယ် ။ ငါကောင်းစားရေး အတွက် ဆိုတဲ့ အတ္တစကားကို ရွတ်ဆိုနေသူတွေထက် ငါ့တိုင်းပြည်ကောင်းစားရင် ငါ့ရဲ့ အကျိုးစီးပွားလည်း ဖြစ်ထွန်းစေနိုင်ပါတယ်ဆိုတဲ့ စကားကို ရင်ထဲက နှစ်နှစ်ကာကာ ရွတ်ဆိုသူများလာခဲ့ရင် မကြာခင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုတဲက ပန်းတိုင်ကို ဆွဲကိုင်နိုင်မှာ အမှန်ပါဘဲ ။ ဒါကြောင့် အနာဂတ်မှာ ခေတ်မှီလှပကာ အေးချမ်းသားယာပြီး လူ့အခွင့်အရေး အပြည့်အ၀ ရနိုင်တဲ့ ဒီမိုကရေစီ နိုင်ငံကို ချီတက်ဖို့ ဒီမိုကရေစီ ကွန်ယက်ကို စတင်ဖြန့်ကျက်ကြပါစို့ လေးစားစွာ တိုက်တွန်းနိုးဆော် လိုက်ရပါတယ်ခင်ဗျာ...။



ခင်မင်လေးစားလျှက်

ဗမာ့သွေး

မိတ်ဆွေတို့ ရင်ထဲက ဒီမိုကရေစီ ကွန်ယက် အပေါ် ထားရှိတဲ့ သဘောထားကိုလည်း အားလုံးသိအောင် ဖွင့်ဟ ပြောဆို အကြံပေးခဲ့ပါအုံးလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ ။

မြန်မာနိုင်ငံသားများဆိုင်ရာ နိုင်ငံတကာလူမှုကွန်ယက် ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်

International Network for Burma

မြန်မာ့တပ်မတော်မှ ထောင်အကျဉ်းသားမျာအား ရှေ့တန်းစစ်ပွဲများတွင် ပေါ်တာအဖြစ်အသုံးပြု

တပ်မတော်သားအကြောင်း - တစေ့တဇောင်း

တပ်မတော်သား ဆိုတာ ဗိုလ်ချုပ်မှူးကြီးက စလို့ တပ်သား အထိ အကျူံးဝင်တယ်။

သူတို့ အားလုံးဟာ ရဲဘော် ရဲဘက်တွေ ဖြစ်တယ်။

ဒါကြောင့် တပ်မတော် သားများဟာ သာတူညီမျှ ရဲဘော်စိတ်ထား ရှိရမည့် သူများဖြစ်ပါတယ်။

လက်ရှိ ပြည်သူများဟာ တပ်မတော်သားများကို မည်သို့ မည်ပုံ သဘောထား ပြောဆိုနေကြသည်ကို ကျွန်ုပ်အပါအ၀င် သင်တို့လည်း သိရှိပြီး ဖြစ်ပါလိမ့်မည်။

စစ်သည်တော် ကျင့်ဝတ်အရ ဆိုပါလျှင် ပညတ်ချက် ကန့်သတ်ချက်များသည် များစွာ စောင့်ထိန်းနိုင်မှ စစ်သည်ကောင်း စစ်သားကောင်းများ ဖြစ်နိုင်ပါသည်။

ဒါကြောင့် မို့လည်း စစ်သည်တော်ဟောင်းတစ်ဦးက

"ငါ့သားများ စစ်ထဲဝင်ရင်လေ သူတို့ကို ပြောလိုက်စမ်းပါ တပ်မတော်ဆိုတာ အမှန်သာလိုက်နာနိုင်မယ်ဆိုရင် ယောက်ျားကောင်း ယောက်ျားမြတ်တွေ မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးပေါ့"

လို့ ဆိုခဲ့ပါတယ်။

အမှန်သာမလိုက်နာခဲ့ရင်တော့ ဘယ်ဟုတ်တော့မလဲ လို့ ယူဆ နိုင်တယ်။

တောထဲတောင်ထဲမှာ နေရရင် မျှစ်ချိုးပြီး ဆန်နဲ့ ရောချက် ကျွဲ၊နွားခြေရာခွက်ထဲက အပေါ်ရေကြည်ခပ်ကာ စုကာနဲ့ အသက်ဆက်ဖို့ အရေး တစ်အိုးတည်းချက်ပြီး မီးငြိမ်း၊ မှတ်ခြင်ယင် အကိုက်မခံရအောင် မီးမမွှေးလိုက်နဲ့ တစ်ဖက် ရန်သူ မမြင်သာအောင်၊ လုံခြုံမှုရှိအောင် နေရဖို့ အလှည့်ကျ ကင်းစောင့် ၊ ရွှံ့တွေ ဗွက်တွေ ကနယ်တွေ့လို့ ရှောင်

မယ် မကြံနဲ့ ကွေ့သွားမယ့်လမ်းမှာ မိုင်း တွေက ပဒေသာနဲ့ အစီအရီ စောင့်လို့ ။ ရှေ့က ပွိုင့်သမား ခြေရာကို ထပ်

ချပ်မကွာ သူ့ဘယ်ခြေ ကိုယ့် ဘယ်ခြေ၊ သူ့ညာခြေ ကိုယ့်ညာခြေပဲ ခြေရာနင်းတယ် ဆိုမလား။

နာခိုးရာ ရွာတစ်ရွာတွေ့

အဘကြီး အဖိုးကြီးများမှ ဗိုလ်ကြီးနဲ့တွေ့

ဗိုလ်ကြီးက မှာ ပြည်သူတွေ အရိုအသေတန်မယ့် ကိစ္စမျိုးတွေ မလုပ်နဲ့ သူတို့အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်မယ့် ကိစ္စတွေ မလုပ်နဲ့ ။ ကိုယ့်ရိက္ခာ နဲ့ ကိုယ့်ဘာသာချက်၊ စိုက်ခင်းက အသီးအနှံတွေ မခူးနဲ့

ရဲဘော်များ ဆရာ၊ ဆရာကြီးများရဲ့ ကြီးကြပ်မှုဖြင့် ရေခပ်သူခပ် ၊ ထင်းခွဲသူခွဲ ။

အနီးဝန်းကျင် အိမ်များ ခြံစည်းရိုးခက်၊ လမ်းရှင်း မြောင်းတူး

ထမင်းစားချိန် ရောက်လို့ လာတော့

ရဲဘော်လေး စားဖို့ ဆိုတဲ့ အဖွားရဲ့ ဟင်းက တစ်ခွက်၊ ဆရာဆိုဖို့ ဆိုပြီး ကာလသား ခေါင်းရဲ့ ဟင်းချိုင့် တွေ၊

ဗိုလ်ကြီးတို့ အဖွဲ့ စားဖို့ သူကြီးအိမ်က ပို့ခိုင်းလိုက်တဲ့ ထမင်းအိုး ဟင်းအိုး

ကဲ့....ဘာလို့ ဒီလောက်တောင်များရသလဲ .... ကျွန်တော်တို့ စိတ်ချ လက်ချ အိပ်ရလို့ပါ ဆိုတဲ့ စကား တစ်ခွန်း

သံက ပီပီသသ.....

ပြန်လိုက်ပါဦးမယ် ဆိုတော့ ...

မျက်ရည် ရွဲစိုနဲ့

ကဲ တောထဲက ကိစ္စ အသေးအဖွဲတွေ ရပ်။

မြို့ပေါ်ကိုတက်

ငါကွ

စစ်ဗိုလ်ကွ

ဘီယာ ဆိုင်ထိုင် ဘီယာတစ်ခွက် နံရိုးကြော် တစ်ပွဲ

"ဟေ့ ၀ိတ်တာ ကြာလှပါလား၊ မြန်မြန်လုပ်၊ ဒီအချဉ်မကောင်းဘူး ဘိတ်ချည် ယူခဲ့ "

ဟိုဘက်ဝိုင်းက လူတစ်ယောက်ရောက်လာ"ဟာ ...ဗိုလ်ကြီး ကျွန်တော် ....ကွိ ကွိ ကွ ကွ ကွ ကွ ကွိ ကွိ ကွိ က ကွိ က ကွိ က ... အဲ့ဒီကိစ္စ ဗျာ"

"ရပါတယ် ဗျာ ... လုပ်ထားလိုက်မယ်လေ ကဲ ကျွန်တော်သွားလိုက်ဦးမယ် ဟေ့ ရှင်းမယ်"

"ဟာ ... သုံးဆောင်ပါဦး ခင်ဗျာ ကျွန်တော်ရှင်းပါ့မယ်"

"ကိစ္စ ရှိလို့ပါ"

"ကျွန်တော် စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့ဗျာ နာရီဝက် တစ်နာရီလောက်တော့ ထိုင်လို့ ရပါတယ်"

"ဟုတ်ကဲ့ပါဗျာ ရှင်းတာတော့ ကျွန်တော်ပဲ ရှင်းမယ်နော် ဘာသောက်မလဲ မှာလေ ကျွန်တော် Toilet သွားလိုက်ဦးမယ်"

Toilet ထဲတွင် ဖုန်းကိုထုတ် ဖုန်းနံပါတ် ကိုနှိပ်

"ဟေ့ ကောင် ငါ ကွိကွိ ကွကွ ဆိုင်မှာ ကွကွ ကွိကွိ နဲ့ တွေ့ထားတယ် မင်း ကျန်တဲ့ ကောင်တွေ ကို ဖုန်းဆက်ပြီး လာခဲ့လိုက်"

စားပွဲဆီပြန်လာ ကွိကွိကွကွတွေ ပြော သိပ်မကြာ လူများစွာ ရောက်လာ ...

လာထိုင်

မိတ်ဆက်ပေး

အခက်အခဲ ရှိရင်ပြောပါ၊လိုအပ်တဲ့ အကူအညီရှိရင်ပြောပါ ၊ အဲ့ဒီနေရာရောက်ရင် ကျွန်တော့်နာမည် ပြောလိုက်၊ သူက ခင်ဗျားကို အဲ့လိုပြောလား ဒီကောင် တွေ့မယ်။

ဟုတ် .. ဟုတ် ... ဟုတ် ... ဟုတ် ... မှာပါ ခင်ဗျ ... ဘာလိုသေးလဲ ခင်ဗျ...ခင်ဗျာ ခရုဆီကိုက်လန်၊ငါးခေါင်း ဟင်းချို ။ ငါးကင်၊ အကင်စုံ ဟေ့ ၀ိတ်တာ .. နောက်တစ်ပုလင်း ..

ဟေ့ ၀ိတ်တာ ... ရေခဲ ... ဟေ့ ၀ိတ်တာ ကြက်ချဉ်စပ် ... ဟေ့ နောက်တစ်ပုလင်း ... ဟေ့ ဘီယာ 2cup ... ဟေ့ တစ်ရှူး .... ဟုတ်ကဲ့ ဟုတ် ... ဟုတ် ... ဟုတ်ကဲ့ ... ဟေ့ နောက်တစ်ပုလင်း ...

ရှင်းမယ် ... ဘောက်ချာ ရောက်လာ .... များစွာ

ဘယ်များ ဆက်သွားကျဦးမှာပါလိမ့်

K+T+V = ၁၅၀၀၀၀ ^

မာ+ဆက် = ၈၀၀၀၀^

နောက်တစ်ရက်ပြန်တွေ့

ကျွန်တော့် ကိစ္စလေး အဆင်များ ပြေမလားမသိဘူး

ကျွန်တော် လမ်းကြောင်း

ကျွန်တော် လုံခြုံရေး

ကျွန်တော် ခရီးစဉ်

ကျွန်တော် ရှေ့တန်း

အဟမ်း အဟမ်း .........


(One For All)

ယှဉ်ကြည့်နိုင်ကြပါစေ။

တောင်းဆိုပါက နောက်ထပ် ယှဉ်စရာများ ရေးပါဦးမည်။

Wednesday, January 12, 2011

ကားခလျှော့ချပေးရန်ကျောင်းသားများတောင်းဆိုလှုပ်ရှားမှု

Students Movement

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုလှုပ်ရှားမှု

Free PP Over 2200 Now

ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာမှာ ပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအား အာဏာရှင်ဆန်ဆန် ပင့်ဖိတ်စာ...

ယနေ့ထုတ် ကြေးမှုန် ပေါ်လစီသတင်းစာပါ သတင်း

ဒီကနေ့ထုတ် စစ်အစိုးရရဲ့ ပေါ်လစီသတင်းစာမှာ ပါတဲ့ ..လာမယ့် (၃၁)ရက်နေ့မှာ မှာကျင်းပမယ့် လွှတ်တော် အစည်းအဝေးအတွက် လွှတ်တော် ကိုယ်စားလှယ်များအား ပင့်ဖိတ်စာရဲ့ ဒုတိယအပိုဒ်မှာ ရေးသားထားတာကတော့....

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တော်များအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်သို့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၂၇ရက် (ကြာသာပတေးနေ့) အရောက် သတင်းပို့ကြရန် ဆိုပြီး အာဏာရှင်ဆန်ဆန် ရပ်ကွက်ထဲက အလှူမှာ ထမင်းစား လက်မှတ်ပေးသလို ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ဆိုပြီး ဆင့်ခေါ်ထားပါတယ်..။

ကြံ့ဖွတ်နဲ့ တစ်မတ်သား စစ်တပ်ကိုယ်စားလှယ်တွေကတော့ မရောက်ရောက်အောင် ပို့မှာဖြစ်ပြီး ဒီစာကတော့ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်..။ တိုင်းပြည်အတွက် အရေးကြီးတယ် ဆိုတဲ့ အနှစ်(၂၀)ကျော်အတွင်း ပထမဦးဆုံး ပြုလုပ်မယ့် လွှတ်တော်ရဲ့ ဖိတ်ခေါ်စာတဲ့ဗျာ...။ လွှတ်တော် ထဲရောက်ရင်လည်း အမိန့်အာဏာဟူသမျှကို ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ထောက်ခံ ခေါင်းညိတ်ရမည် ဆိုပြီး အမိန့်ပေးလာပါတော့မယ်...။ သြော်မြန်မာပြည်က စစ်အစိုးရအကြိုက် ရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ဘဝ သြော်ကောင်းလေစွ... ဒါကြောင့်မို့ အစကတည်းက သတိပေးပါတယ်.. ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထားလို့.....


အာဏာရှင်ကြီးက အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးကို ပျင်းတောင် ပျင်းသေးတယ်တဲ့.. မြင်ရတဲ့အတိုင်း ပြောဆိုသွားပါတယ်..။ (ဓာတ်ပုံ AP)

Posted by ဒီမိုဝေယံ at Wednesday, January 12, 2011

ကရင် DKBA နှင့် စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား

2011-01-11

ကရင် ဗုဒ္ဓဘာသာ ဒီကေဘီအေ တပ်တွေနဲ့ စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ ၁၂ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ဖလူး၊ ဝေါလေနဲ့ စုကလီး နယ်မြေတွေမှာ တိုက်ပွဲ ၂ ကြိမ် ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူးက ပြောပါတယ်။

(Photo: AFP)


ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဖက် မြဝတီမြို့တွင် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကရင် DKBA တပ်ဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ထိုင်းပိုင်နက် မဲဆောက်မြို့တွင် ထိုင်းတပ်ဖွဲ့ဝင်များ ပြေးလွှား အကာအကွယ် ယူနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီနေ့မနက် ၈ နာရီနဲ့ ညနေပိုင်း ၂ နာရီလောက်မှာ ဒီကေဘီအေ တပ်မဟာ ၅ ၊ ကရင်အမျိုးသား အစည်းအရုံး KNLA တပ်ရင်း ၁၀၁ ၊ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် တပ်တွေ နဲ့ စစ်အစိုးရ စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၃၅၇၊ ၅၄၅ အစရှိတဲ့ တပ်တွေဟာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲနဲ့ မနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာ စစ်အစိုးရဖက်က အကျအဆုံး များပြီး ဒီကေဘီအေက ၂ ဦး ဒဏ်ရာရတယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။

မနေ့က ဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်အစိုးရတပ်တွေက အကျဉ်းထောင်သားတွေကို ငါးယောက် တတွဲနဲ့ ရှေ့ကနေ အတင်း တိုက်ခိုင်းတဲ့အတွက် အကျဉ်းသားတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဗိုလ်မှူးချုပ် စောလားပွယ်က ပြောပါတယ်။

“အဲဒီမှာ အကျဉ်းသားတွေကို သူတို့က အတင်း တက်ခိုင်းတာပေါ့လေ။ ငါးယောက်တတွဲ ငါးယောက်တတွဲနဲ့ အဲလိုမျိုး ရှေ့မှာ ထိုးထည့်ပြီးတော့ သူတို့ အကျဉ်းသားရဲ့ နောက်ဖက်ကို သူတို့က လိုက်လာတာပေါ့။ ကာဗာ ယူတာပေါ့။ အဲဒီ အကျဉ်းသားတွေကို သူတို့က ကာဗာယူပြီးတော့မှ သူတို့ တက်လာတာပေါ့နော်။ အဲဒီမှာ တက်တဲ့အခါကျတော့ ကျွန်တော်တို့က ခုခံပြီး ပြန်တိုက်တာပေါ့နော်။”

ထိုင်းအစိုးရ သတင်းဌာန MCOT က ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းအရ ဒီကေဘီအေ နဲ့ မြန်မာစစ် အစိုးရတပ်တွေ တိုက်ပွဲကြောင့် ဒီနေ့ ထိုင်းနိုင်ငံအတွင်းကို လက်နက်ကြီး ကျည်ဆံတွေ ကျခဲ့တယ်လို့ သိရပါတယ်။ ထိုင်း မြန်မာ နယ်စပ်အနီးက ထိုင်းရွာတရွာမှာ လက်နက်ကြီးကျည်ဆံ ၁၁ လုံးလောက် ကျခဲ့တဲ့အတွက် အဲဒီ ထိုင်းရွာသားတွေက ထိုင်းစစ်တပ်ကို အကူအညီတောင်းပြီး ဖယ်ရှားခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၆ မိနစ်


ချင်းမိုင်(မဇ္စိ္ဈမ) ။ ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

စစ်မှုထမ်းဆင့်ခေါ်ရန် တိုင်းဒေသကြီး သို့မဟုတ်
ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြန်တမ်းမိတ္တူ
ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်ခွင့် ဥပဒေက ခွင့်ပြုထားသည်။

ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်း နေထိုင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

ကျွမ်းကျင်သူ စစ်မှုထမ်း အမျိုးအစားတွင် ၃ နှစ်အထိ ဝင်ရောက်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

ထို့အပြင် အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် စစ်မှုထမ်းကာလကို ၅ နှစ်အထိ သတ်မှတ်နိုင်ခွင့်လည်း ပေးထားသည်။

ရပ်ကွက်အာဏာပိုင်များက မိမိကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်တွင် နေထိုင်သူများအနက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အရွယ်ရောက်သူများ စာရင်းကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အရောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ပို့ရမည် ဖြစ်သည်။

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂင်္ါ မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သတ်မှတ်ထားသူများ၊ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်စေရမည်ဟု ဆိုထားသည်။

သို့သော် နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားစောင့်ရှောက်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ဒဏ်ကျ ခံနေသူများသည် သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ဖြင့် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အဖွဲ့အင်အားကို ထိခိုက်လာနိုင်သည်ဟု အင်အား ၁ သောင်းခန့်ရှိမည် ခန့်မှန်းထားသော ကချင်လွတ်လပ်ရေးအဖွဲ့ အရာရှိများက စိုးရိမ်နေကြသည်။

စစ်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းသွားသော ကေအိုင်အို၏ လက်နက်ကိုင်တပ်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား စစ်သည်အင်အားက ၉၀ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကချင်အရာရှိတဦးက ပြောသည်။

စစ်မှုထမ်း ဥပဒေသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။

“ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။ စစ်အာဏာရှင် တည်မြဲဖို့အတွက် တိုင်းရင်းသားတွေကို သတ်ဖြတ်ဖို့အတွက် ထုတ်တယ်လို့ မြင်တယ်။ … အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ ဖြစ်လာနိုင်မယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

စစ်ဆင်ရေးကာလများတွင် ပေါ်တာဆွဲခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။

“ဒီဥပဒေက တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ ရေးမထားဘူး။ သူက တိုင်း၊ ပြည်နယ်၊ ခရိုင် ဒါမှ မဟုတ်ရင် အောက်မှာ မြို့နယ်အလိုက် အရေးပေါ်အခြေအနေပေါ် မူတည်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်တယ်။ အကယ်၍ မြန်မာပြည်ကြီးမှာ အေးချမ်းနေတယ်၊ ဥပမာ ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်ပြည်နယ် တခုထဲ လုပ်လိုက်လို့ ရတယ်။ ရှင်းအောင်ပြောရရင် ပေါ်တာကို တရားဝင် ဆွဲလို့ရအောင် လုပ်လိုက်တာပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။

ရဲအရေးပိုင်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန်ရှိသော်လည်း ပျက်ကွက်သူကို ထောင်ဒဏ် ၃ နှစ်ထိ အပြစ်ပေးခွင့်နှင့် ဟန်ဆောင်ကာ တိမ်းရှောင်လွှဲဖယ်လျှင် ထောင်ဒဏ် ၅ နှစ်ထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။

ထို့ပြင် ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကို အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဆိုထားသည်။

တခြားနိုင်ငံများ၏ ရန်ပြုလာမှုပေါ်မူတည်၍ ထုတ်ပြန်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည် အခြေအနေအရ ပြည်ပရန်လည်းမရှိသဖြင့် တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုရယူပြီးမှ အဆိုပါ ဥပဒေများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“တိုင်းပြည်မှာ တကယ်လုပ်သင့်တာက စည်းလုံးညီညွတ်မှုရအောင် ယုံကြည်မှုရအောင် လုပ်ကိုင်ပေးနိုင်တဲ့ အခြေအနေကျရင် ဒီကစ္စဆွေးနွေးသင့်တယ်။ လုပ်ကိုင်သင့်တယ်ဗျာ၊ ခုတော့ ပြည်ပရန်ဖြစ်လာဖို့ မရှိဘဲနဲ့ လုပ်နေတာက အင်မတန် စဉ်းစားစရာကောင်းတဲ့ အချက်ပါဘဲ”ဟု သူက မဇ္စိ္ဈမကို ပြောသည်။

သို့သော် လေ့လာသူများက ကောင်းကျိုးအားဖြင့် စစ်ပညာတတ်မြောက်သူ များလာနိုင်သည်ဟု ပြောသည်။

အစိုးရသစ် မပေါ်ပေါက်မီ ပြဋ္ဌာန်းလိုက်ခြင်းက စစ်အစိုးရ မလိမ့်တပတ်လုပ်ခြင်းဟု မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။

“စစ်အစိုးရက မလိမ့်တပတ် လုပ်ထားတာမျိုး တွေ့တယ်လေ။ မဆလခေတ်တုန်းက အခြေခံ ဥပဒေ ရေးဆွဲပြီးရင် လူထုကို ၃ ကြိမ် ချပြရတယ်။ လူထုကနေ အမျိုးသား ညီလာခံထဲမှာ ဆွေးနွေးရမယ်။ …သူ့အတွက် လျှို့ဝှက်ပြီး ကလိမ်ကကျစ်လုပ်မယ့် အကြောင်းအရာ တခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်”ဟု ဦးဌေးအောင်က ပြောသည်။

စစ်အစိုးရက အရန်တပ်ဖွဲ့ဲ့ဥပဒေ ကိုလည်း နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ထားသည်။ စစ်မှုထမ်းတဦး စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိသည့်နေ့ရက်မှစ၍ ၅ နှစ်ထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရမည် ဖြစ်သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုထားသော တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက်သို့ ထည့်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ် မအောင်မြင်ဖြစ်နေ၍ စစ်အစိုးရနှင့် ယခင်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြား ဆက်ဆံရေး ယိုယွင်းနေဆဲ ဖြစ်သည်။