Sunday, October 28, 2012


ကျောက်တော် ပဋိပက္ခ ရခိုင် (၃) ဦးသေဆုံးခြင်းသတင်းနှင့် ၂၅-၁၀-၂၀၁၂

နေ့မနက်၊ ၆း၃၀ မှ (၂၅-၁၀-၂၀၁၂) ရက်နေ့ (၁၁း၄၅)မိနစ် နံနက်အထိ ကျောက်တော်မြို့သတင်းအခြေအနေ

မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် ဖြစ်ပွားနေသော အဓိဂရုဏ်းမှာ ယခုအခါ ကျောက်တော်မြို့သို့ တဖန် ကူးစက်သွားပြီး မီးရှို့ တိုက်ခိုက်မူများ ဖြစ်ပွားနေရာ ရခိုင်အမျိုးသား (၃) ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူ (၃) ဦးထဲတွင် မွတ်ဆလင် ပိုက်သည်ရွာသားများနှင့် တိုက်ခိုက်စဉ် (၁) ဦးကျဆုံးပြီး နောက်(၂) ဦးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဟန့်တား ပစ်ခတ်စဉ် ကျဆုံးသွားခြင်း ဖြစ်သည်ဟု မျက်မြင် ဒေသခံများက ပြောကြားသည်။

သေဆုံးသွားသူများမှာ ဦးကျော်သိန်း (ဘ) ဦးမောင်ဦးဖြူ (၃၇) နှင့် ဦးဇော်ဝင်း (ဘ) ဦးမောင်ကျော် (၃၈)နှင့် ဦးထွန်းအောင်သာ (ဘ) ဦးမောင်သိန်းညွှန့် အသက်(၄၅)နှစ် တို့ဖြစ်သည်။ ဦးအောင်ထွန်းသာတွင် ရင်ဘတ်ကို သေနတ် ကျည်ဒဏ်ရာ ထိမှန် သေဆုံးခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျောက်တော်မြို့ တောင်ဘက်တွင် တည်ရှိသော မွတ်ဆလင် ပိုက်သည် လက်ဆောင်ကောက် ရွာတွင် ရခိုင်နှင့် မွတ်ဆလင်များ အပြန်အလှန် တိုက်ခိုက်စဉ် ယနေ့နံနက် ၆ နာရီကျော်ခန့်တွင် ကျဆုံးသွားခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံများက ပြောကြားသည်။

အခု စကခ (၁၅) စစ်ဌာနချုပ် နယ်မြေမှ စစ်သားအများအပြားကို ပိုက်သည်ရွာ လက်ဆောင်ကောက် အနီးတ၀ိုက်တွင် ချထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း မျက်မြင်များက ပြောသည်။
ယနေ့ နံနက်ထိ ပိုက်သည်ရွာမှ တက်လာသော မီးခိုးလုံးများကို မြင်ရပြီး ရခိုင်အမျိုးသားများက ကျေးရွာအနီး တ၀ိုက်တွင် ဆက်လက် စုရုံးနေကြသည်ဟု သိရသည်။
နိရဉ္စရာ - သတင်းဌာန မှ ကူးယူဖော်ပြပါသည်။

၂၅-၁၀-၂၀၁၂ နေ့မနက်၊ ၆း၃၀ သတင်း
----------------------------------------
ယနေ့မနက်တွင် ကျောက်တော်မြို့နယ်နှင့်အနီးတ၀ိုက်တွင် အခင်းတစ်စုံတရာဖြစ်ပွားနေ၍ ကားလမ်းကြောင်း များအား ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါကားလမ်းကြောင်းများ ပိတ်ထားလိုက်သည့် အတွက် ကျောက်တော်မြို့သို့ ခရီးဆက်နေသော ရွှေပြည်သား၊ တိုးရတနာ၊ ရိုးမသစ္စာကားတို့မှာ ပုဏ္ဏား ကျွန်း မြို့တွင် ရပ်တန့်နေရကြောင်းသိရသည်။ အခင်းဖြစ်ပွားနေသည့်နေရာနှင့် အကြောင်းအရာကို ဆက်လက်စုံ စမ်းနေပါသည်။
ရသေ့တောင်မြို့နယ် အနောက်ပြင်ကုလားရွာနှင့်ညောင်ပင်ကြီးကုလားရွာတို့မှ ခေါတောကုလားများ ကူတောင် ရခိုင်ရွာ ဦးဂါရခိုင်ရွာတှိုရခိုင်များအားလာရောက်တိုက်ခိုက်နေကြောင်း ရွာချင်းထိစပ်နေသောထုရွာများတွင် ဘင်္ဂလီခေါတောများမှ ညောင်ပင်ကြီးကုလားရွာရှိမိမိတို့အိမ်များကို မီးရှို့ခြင်း ရခိုင်အိမ်များကို မီးကွင်းပစ်ခြင်းတို့ ကျောက်ဖြူမြို့တွင် အကြမ်းဖက်ခဲ့သည့်ပုံစံအတိုင်း ကျူးလွန်ရန်စရာ ရခိုင်ရွာနီးချုပ်စပ်မှ လိုက်ပါသွားနေကြကြောင်း ယနေ့ (25-10-2012)ရက် (7:07 AM)အချိန်တွင် ဖုန်းသတင်းရှိလာပါသည်။
နံနက်(၀၈း၃၂)မိနစ်
------------------------
ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးရွာ အနီးတွင် ဖြစ်ပွားနေသော အဓိကရုဏ်းတွင် ကပ်ချောင်းရွာနေ အဖ ဦးထွန်းစံဦး(ခ)ခေါင်းချွန်း၏သား ဦးအောင်ဇံဝေ အသက်(၄၅)နှစ်မှာ ဦးခေါင်းဒါဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး၊ အခြားဒဏ်ရာရသူ(၄)ဦးရှိကြောင်း - စစ်တတွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ စက်လှေဖြင့် ထွက်ခွါလာသည်မှာ (၁၅)မိနစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများမှ RSV သို့ သတင်းပေးပို့လာပါသည်။
နံနက်(၉း၃၀) သတင်း
-------------------------
ကျောက်တော်မြို့နယ် အနီးတွင် ဖြစ်ပွားနေသောအဓိကရုဏ်းတွင်မောင်ကြီး(၂၆)နှစ်ခန့်နှင့် ကျော် ၀င်း (၃၀)နှစ် ခန့် တို့ သေဆုံးခဲ့ကြောင်းသိရပြီး အခြားဒါဏ်ရာရသူများလည်းရှိကြောင်းသိရှိရသည်။ အဆိုပါအလောင်းများ မှာ ယခု ကျောက်တော်ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4yaarbM0EO4dxIODSgW8lYbCfjhxI0OHVPNILLBmlW8XCg6vVBpRwMNuOWuwVKJncoLYtLB_GJL44p_Ut1-rF0yXQyzrsmNl-xkMHMcfIQudcNLvn2mvc2tBLGoO_ZPgNk95Sm9yRSFg/s1600/155500_161504567327518_1375284637_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKB8-mGeeEKlsrsgQrhTqQEcxRfD5-WTPFROI6IcOobtzdrzUI92W-3M2NqZ0FgXwHyOli34i9zpITa-XEGA2Lu6WvjVXAwrQvvYejyIXhmDJHA2HkqbaBBl_uQdK4UQs9A3cAM-or0To/s1600/545417_161504640660844_1119994368_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuwhfnxbPcgc2GHVJ-7Ov26IfXVC88gFmomSVgnukmfCyOQyH_0NaUqDJ-U2Ba5s8-t8qyyeTr4bmiOIeWYeX9CSXoT0bPs4n6ppVf0ikRCGtYrIbg1SptOzXetNXf0scLaJQaQLgoUdg/s1600/21339_161504613994180_1526410476_n.jpg
(၂၅-၁၀-၂၀၁၂) ရက်နေ့ (၉း၃၀)မိနစ်၊ နံနက်
-----------------------------------------------
ကျောက်တော်မြို့နယ်တွင် ကုလားများအကြမ်းဖက်သောကြောင့် ဒေသခံများနှင့် စတင်ဖြစ်ပွါးကြောင်း သတင်းကြားပြီး မကြာမှီပင် သ၀င်ကိုင်းကျေးရွာမှ ဦးထွန်းအောင်သာ ၊ အသက်(၃၀)ကျော်တစ်ဦးလည်း အဓိကရုန်းတွင် ကျဆုံးသွားခဲ့ရကြောင်း၊ ဒဏ်ရာရသူများလည်းရှိကြောင်း ကျောက်တော်မြို့ဒေသခံများထံမှ ကြားသိရပါသည်။ သေဆုံး၊ ဒဏ်ရာရ စာရင်း တိတိကျကျနှင့် ရင်းမြစ်အပြည့်အစုံကို စုံစမ်းနေဆဲဖြစ်ပါသည်။
(၂၅-၁၀-၂၀၁၂) ရက်နေ့ (၁၁း၂၃)နာရီ၊ နံနက်
------------------------------------------------
ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား တို့မှ ကုလားစက်လှေများ အလယ်ဖရုံကာကျွန်းရှိ ကြယ်နီပြင်ကုလားရွာနှင့် ဆင်တက်မော်ကုလားပိုက်ဆိပ်တို့၌ ကမ်းကပ်မှုများရှိနေကြောင်း ကြားသိရပါသည်။ အလယ်ဖရုံကာကျွန်း တစ်ရိုးရှိ အနောက်ရိပ်၊ တောင်ဦးမော်၊ ပိန္နဲချောင်း၊ မညင်းကိုင်း ရခိုင်ရွာများမှ သူတို့ရွာတန်းရှည်တစ်လျှောက် ကမ်းကပ်ခွင့်မရအောင် အမြဲတမ်းစောင့်ကြည့်နေကြရသည်။
------------------------------
ရသော့တောင်မြို့နယ်၌ ဖြစ်ပွါးခဲ့သော နံနက်ပိုင်းအဓိကရုဏ်းတွင် ကျွန်းကြီးရွာမှ ဦးသိန်းလှမောင်၊ အဘ ဦးမောင်ငယ်၊ အသက်(၅၅)နှစ်တစ်ဦး ထပ်မံ၍ အခင်းဖြစ်ပွါးပြီးဒဏ်ရာကြောင့် သေဆုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။
၁၁း၃၈ နာရီ ကျောက်တော် သတင်း
===========
ကျောက်တော်မြို့ ရှိ ပိုက်သည်ရပ်အရေးအခင်းတွင် (၃) ယောက်ကျဆုံးပြီ ဒဏ်ရာအပြင်အထန်းရရှိမှုများရှိ သည်ဟု သိရှိရပါ သည်။

ကျဆုံးသူများမှာ-
(၁)ထွန်အောင်သာ ၊ အသက် (၄၅)နှစ် ၊သ၀င်ကိုင်းကျေးရွာ။ စစ်တပ်မှ ဗိုလ်မအဆင့်ရှိသူမှ ပစ်စတိုဖြင့်   ပြစ်သတ်ဟု မျက်မြင်သက်သေကပြော။
(၂) ဦးကျော်သိန်း ၊ အသက် (၃၇)နှစ် ၊ ပြည်တော်သာ ရပ်ကွက်။
(၃) ဇော်ဝင်း၊ အသက် (၃၈)နှစ်၊ ပြည်တော်သာ ရပ်ကွက်။
၁၁း၄၅ နာရီ ရသေ့တောင် သတင်း
ရသေ့တောင်မြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာတွင် အိမ်ခြေ (၃၀)လောက်မီးလောင်းကျွမ်သွားပြီး (၂) ယောက် ကျဆုံးသွားပြီး အများအပြားဒဏ်ရာ ရရှိဟု သိရှိရပါသည်။
ကျဆုံးသူများမှာ -

(၁)သိန်းလှမောင် ၊ ကျွန်းကြီးကျေးရွာ။ ရသေ့တောင်မြို့ ၊ စောကြည်ထွန်း မှ သေနပ်ဖြင့် ရခိုင်များကို ပစ်သတ် ရာတွင် သေဆုံး။

(၂) အောင်ဇံဝေ ၊ ကပ်ချောင်းကျေးရွာ။ (အလောင်းမရသေး)


ရသေ့တောင် ၁၂း၀၉ နာရီ သတင်း
-------------------
ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွမှ ဒဏ်ရာ အပြင်အထန်ရရှိပြီး စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ (၃)ယောက်ထပ်မံရောက်ရှိလာ ကြောင်းသိရှိရပါသည် ။

 

Saturday, October 20, 2012

ငြိမ်းချမ်းရေး၊ တရားမျှတရေးအတွက် လူထုညီလာခံကျင်းပ

ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသည့် လူထု ညီလာခံတရပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ နှစ်ရက် ကျင်းပခဲ့သည်။ ညီလာခံ၏ ဆုံးဖြတ်ချက်တွင် ကချင်အရေးကိစ္စ၊ ရခိုင်ကိစ္စနှင့် လက်ပန်းတောင်းတောင် ရပ်တန့်ရေး ကိစ္စများ ပါဝင်သော အချက် ၃ ချက် ထုတ်ပြန် ကြေညာခဲ့ရာ ကချင်ကိစ္စတွင် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ထိုးစစ်ဆင်ရေးကို ရပ်တန်ပေးရန်၊ ရခိုင်အရေးကိစ္စတွင် ၁၈၂၄ ခုနှစ်က ၀င်ရောက်နေထိုင်ခဲ့သည့် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် ပေးပြီး တရားမ၀င် ၀င်ရောက်နေထိုင်သူများကို အရေးယူကာ တတိယနိုင်ငံ (သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန်အတွက် သမ္မတ ဦးသိန်းစိန်ပြောခဲ့သည့် အတိုင်း ဆောင်ရွက်ပေးရန် ညီလာခံက ဆုံးဖြတ်ကာ ကြေညာခဲ့ကြောင်း သိရသည်။ “နောက်တချက်ကတော့ လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝရပ်တန့်ပေးဖို့ ဒီညီလာခံကြီးက ဆုံးဖြတ်ချက် ချပါတယ်” ဟု ယင်းပွဲ၏ သဘာပတိ ဦးအောင်ကျော်စိုးက ဧရာဝတီကို ပြောသည်။ လက်ပန်းတောင်းတောင် ပြည်သူ့ ညီလာခံသို့ ကဗျာဆရာ ဒဂုန်တာရာက ယင်းစီမံကိန်းအား ကန့်ကွက်သည့် သ၀ဏ်လွှာလည်း ပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာထဲတွင် မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်ကြောင်း၊ ယင်းသဘာဝ အရင်းမြစ်များကို သော်လည်ကောင်း၊ သဘာဝပတ်ဝန်းကျင်ကို သော်လည်ကောင်း ပျက်စီးအောင် ပြုလုပ် နေခြင်းက အလွန်ပင် အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်မြင်ကြောင်း၊ သယံဇာတကို ထုတ်ယူမသုံးစွဲဘဲ သဘာဝ အလျောက် ထားရှိခြင်းက ပိုမိုကောင်းမွန်ကြောင်း၊ လက်ပန်းတောင်းတောင် စိမ်းလန်းစိုပြေရေးနှင့် ကျေးလက်နေ ပြည်သူများ စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် လက်ပန်းတောင်းတောင် ကြေးနီလုပ်ငန်း စီမံကိန်းကို လုံးဝ အပြီးပြတ် ဖျက်သိမ်းရန် တောင်းဆိုလိုက်ကြောင်း ပါရှိသည်။ လက်ပန်းတောင်းတောင် ကိစ္စကို သမ္မတအနေဖြင့် တစုံတရာ ကူညီမှု မပြုခဲ့လျှင် ကုလသမဂ္ဂအထိ တက်ရောက် တိုင်ကြားသွားရန် စီစဉ်လျှက် ရှိကြောင်း ညောင်ပင်ကြီး ကျေးရွာမှ ဦးသန်းရွှေက ပြောသည်။ “သမ္မတက ဒီစီမံကိန်းကို ရပ်နားဖို့ မဖြစ်နိုင်ဘူးလို့ ပြောတယ်ဆိုပြီး စီးပွားရေး ဦးပိုင်က ဦးမြင့်အောင်ကနေ ပြောနေသံ ကြားပါတယ်။ အဲဒီလို ပြောပြီးတော့ ဦးမြင့်အောင်က စားပွဲရုံမှာ အောင်ပွဲခံခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သမ္မတကြီးဟာ ဒီကိစ္စမှာ မပါဝင်ဘူးဆိုရင် ကုလသမဂ္ဂထိ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ ဒီစီမံကိန်းကြီး မရပ်သရွေ့ ကျနော်တို့ တိုက်ပွဲ ၀င်သွားမှာပါ။ ဖမ်းရင်လည်း အဖမ်းခံဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ဆိုသည်။ သမ္မတ ဦးသိန်းစိန်အနေဖြင့် လက်ပန်းတောင်းတောင် စီမံကိန်း ရပ်နားသင့်၊ မရပ်နားသင့်ကို မည်သို့မျှ ပြောကြားခြင်း မရှိသေးကြောင်း သမ္မတရုံးမှ တာဝန်ရှိသူတဦးက ပြန်လည် ဖြေကြားခဲ့သည်။ ညီလာခံ ကျင်းပနေသည့် ဒုတိယနေ့တွင် ရဲများကို နေရာအနှံ့ချထားသည့် အပြင် ညီလာခံ ကျင်းပသည့် ကျေးရွာအတွင်းသို့ အတင်း ၀င်ရောက်ရန် ကြိုးပမ်းခဲ့သည့်အတွက် ဒေသခံများနှင့် အချင်းများ ခဲ့ရသည်ဟု သိရသည်။ ညီလာခံသို့ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ တက်ရောက်ခွင့် ရရှိခဲ့သော်လည်း အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ရဲများကို ၀င်ရောက်ခွင့် မပေးခဲ့ကြောင်း ယင်းပွဲကို စီစဉ်သူ တဦးက ပြောသည်။ “ ဒီပွဲကို လာတဲ့လူတွေကို ကျနော်တိုဘက်က အဆင့်ဆင့် စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ ရွာထဲကို ၀င်တဲ့ လမ်းမှာတင် ဂိတ်တဂိတ်ထားပြီး စစ်ဆေးတယ်။ အရပ်ဝတ် ထောက်လှမ်းရေးတွေကော၊ မြို့နယ်မှူး ကိုကော ၀င်ခွင့် မပေးခဲ့ပါဘူး။ ၀င်ခွင့်ပေးလိုက်ရင် သူတို့ဘက်က သတင်းတွေကို ပြောင်းပြန် လုပ်ပစ်မှာ စိုးလို့ပါ” ဟု ၎င်းက ဆိုသည်။ ယင်းညီလာခံသို့ လာရောက် သတင်းယူသူ သတင်းထောက်များကို ပွဲစီစဉ်သူများက သတင်းထောက်ကတ် တောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး သတင်းထောက်ကတ် မပါသူများကို ပွဲအတွင်းသို့ ၀င်ရောက်ခွင့် မပေးခဲ့ပေ။ ထို့အပြင် ဒေသခံ အမျိုးသမီး တစုက ညီလာခံအတွင်းသို့ ၀င်ရောက်လာသည့် ရဲများကို ဆွဲထုတ်ခဲ့သေးကြောင်း ယင်းပွဲတက်ရောက် သတင်းယူသူ သတင်းထောက် တဦးက ဆိုသည်။ ညီလာခံ ကျင်းပနေသည့် ဆည်တည်းကျေးရွာ အ၀င်လမ်းမတွင် ဂိတ်တခု သတ်မှတ်ထားပြီး ကင်းများ ချထားသည့်အပြင် ယင်းမြေနေရာကို အန္တရာယ်ဇုန်ဟု သတိပေး ဆိုင်းဘုတ် ကပ်ထားကြောင်း၊ ကင်းများချထားခြင်းမှာ ကျေးရွာ မြေနေရာများသို့ အုပ်ချုပ်ရေး အာဏာပိုင်များကို ၀င်ထွက်ခွင့် မပေးလိုသောကြောင့် ဒေသခံပြည်သူများက ယခုကဲ့သို့ ကာကွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်၊ လယ်ယာမြေများ သိမ်းခံထားရသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ၃၀၀၀ ကျော် တတ်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများ၏ စာရင်းများအရ သိရသည်။ လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံကို အုပ်ချုပ်သူအာဏာပိုင်များ၏ ခွင့်ပြုမိန့် မရဘဲ ဆောင်ရွက်နေသော်လည်း အာဏာပိုင်များက တစုံတရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။ “ဒီညီလာခံကြီး ကျင်းပတာ အောင်မြင်တယ်လို့ ကျနော် ယူဆတယ်။ ဒါကောင်းမွန်တဲ့ လုပ်ရပ်ပဲ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မပေးပေမယ့် ဒီပွဲ လုပ်ဆောင်နိုင်တဲ့အတွက် အားရ ဂုဏ်ယူမိတယ်။ ဒီအထဲမှာ တက်တက်ကြွကြွနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ကျောင်းသားလူငယ်တွေနဲ့ အကျဉ်းသားဟောင်းတွေ ပူးပေါင်းပါဝင်လာတာ ကောင်းတယ်လို့ ကျနော် ထင်တယ်။ စည်းစည်းလုံးလုံးနဲ့ ပြည်သူ့အင်အားကြီးမားလာတာနဲ့အမျှ နိုင်ငံခြား အရင်းရှင် စီးပွားရေးသမားတွေနဲ့ ဒီစီမံကိန်းကြီးဟာ အလိုလိုကွယ်ပျောက်သွားမှာပါ။ ဒါဟာပေါ့သေးသေး စီမံကိန်းမဟုတ်ဘူးဗျ။ ဒုတိယ မြစ်ဆုံလိုပဲ။ အားလုံးသာ မပြိုကွဲဘဲ လုပ်ကြမယ်ဆိုရင် ဒီစီမံကိန်း နောက်ဆုံး ဖျက်သိမ်းတဲ့အထိ ရုပ်သိမ်းသွားမယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည် နိုင်ငံတော်အတွက် အဓိက ဆောင်ရွက်နေပြီး နိုင်ငံတော်အတွက် အကျိုးမြတ်ရှိသော စီမံကိန်းမဟုတ်ဘဲ လူတစု ကြီးပွားကောင်းစားရေးကိုသာ ရှေးရှု လုပ်ဆောင်နေသော စီမံကိန်းဟု ဒေသခံများက ထင်မြင်ယူဆကြသည်။ စီမံကိန်း ရှယ်ယာနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်များက ၁ ရာခိုင်နှုန်း၊ အမေရိကန်တွင် နေထိုင်နေသူ ကိုကျော်ဌေးက ၁၅ ရာခိုင်နှုန်း၊ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ သမီး နန္ဒာရွှေက ၁၅ ရာခိုင်နှုန်း၊ ရုပ်ရှင်မင်းသား လွင်မိုးက ၂ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ ၀မ်ပေါင်မှ ၄၉ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြသည်ဟု သိရသည်။

Friday, October 12, 2012

၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်


၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်

နယူးဒေလီ (မဇ္ဈိမ) ။ ။၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံး
နေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ လိုက်သည်။

ကြာသာပတေးနေ့ထုတ် တောင်ကိုရီးယား Chosun Ilbo သတင်းစာ မျက်နှာဖုံးတွင် စတင်ဖော်ပြလိုက်သည့် ဓာတ်ပုံ ၏ ဂရပ်ဖစ်တွင် ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက်၊ သွေးသံတရဲရဲဖြင့် ဂူဗိမာန်၏ အကျိုးအပဲ့များအကြား အလဲလဲအပြိုပြို
ဖြစ်နေပုံနှင့် သုံးရုံး ဝန်ထမ်းတဦးက အော်ဟစ်နေပုံဖြစ်ကြောင်း NDTV သတင်းတရပ်တွင် ရေးသားထားသည်။

အဆိုပါ အောက်တိုဘာလ ၉ ရက် ဗုံးခွဲတိုက်ခိုက်မှု၏ အဓိက ပစ်မှတ်ဖြစ်သည့် သမ္မတ ချန်ဒူးဝှန်မှာ ဂါရဝပြုရန် အာဇာနည်ကုန်းသို့ မိနစ်အနည်းငယ် နောက်ကျမှ ရောက်လာ၍ လွတ်မြောက်ခဲ့ရသော်လည်း ဗုံးပေါက်ကွဲမှုကြောင့်
သေဆုံးသူ ၂၁ ဦးရှိသည့်အနက် တောင်ကိုးရီးယား ဝန်ကြီးလေးဦးနှင့် သံအမတ်ကြီး အပါအဝင် ကိုရီးယားနိုင်ငံသား ၁၇ ဦး သေဆုံးသွားခဲ့ရသည်။



ပေါက်ကွဲမှု ဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရ သေကြမှုများနှင့် အပျက်အစီးများကို မှတ်တမ်းဓာတ်ပုံအဖြစ် ကိုရီးယား အစိုးရ ဓာတ်ပုံသတင်းထောက် Kim Sang-Yeong က ရိုက်ယူခဲ့သည်။

သို့သော် ကွယ်လွန်သူများ၏ ကျန်ရစ်သူ မိသားစုများ စိတ်ဒုက္ခမရောက်ရန်အလို့ငှါ ချန်ဒူးဝှန်၏ တောင်းဆိုချက်အရ ထိုဓာတ်ပုံများကို နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားခဲ့ရာမှ ယခု ဂရပ်ဖစ်ဖြင့် စတင်ဖော်ပြလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီး နှစ်ဦးဟု ယူဆရသည့် မသင်္ကာသူ
များအား မြန်မာရဲတပ်ဖွဲ့နှင့် တပ်မတော်က ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့အနက် နှစ်ဦးမှာ ကြိုးမိန့်ကျခံခဲ့ရပြီး လုပ်ကြံမှု အား ဝန်ခံ ဖြောင့်ချက်ပေးသည့် ကန်မင်ချူးမှာ သေဒဏ်အစား ထောင်တသက်သို့ ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မှ အင်းစိန်ထောင်တွင် နှစ်ရှည်အကျဉ်းသားအဖြစ် အသဲကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။

ထိုဗုံးဖောက်ခွဲမှုမှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားလိုက်
ပြီး ၂ဝဝ၇ ခုနှစ်တွင်မှ ပြန်လည်ထားရှိခဲ့သည်။

ကိုရီးယား တောင်/မြောက် နယ်စပ်တနေရာရှိ ၁၉၈၃ ဗုံးပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ရသူများ၏ အထိမ်းအမှတ်
နေရာသို့ မြန်မာသမ္မတ ဦးသိန်းစိန် သွားရောက်ဂါရဝပြုခဲ့သလို စက်တင်ဘာ လကုန်ကတည်းက ခေတ္တအလည်
အပတ် ရောက်ရှိနေသော ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ကလည်း သွားရောက် မေတ္တာပို့ အမျှအတမ်းပေးဝေ
ခဲ့ကြောင်း ဆိုးလ်မြို့တွင် နေထိုင်သူ ကိုဇော်မိုးအောင် က မဇ္ဈိမကို ပြောဆိုသည်။




KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း


စံခလပူရီ (မဇ္ဈိမ) ။ ။ ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီတွေ ပြန်လည်ညှိနှိုင်းကြတော့ ပြေလည်မှု ပြန်လည် ရရှိပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ အစီအစဉ်ကို ဖျက်လိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ပထမ၌ KNU ဗဟိုအလုပ်မှုဆောင် ကော်မီတီ အချင်းချင်း ညှိနှိုင်းခဲ့ကြစဉ် သဘောတူညီမှု မရသဖြင့် ဗဟိုကော်မီတီ သို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ KNU အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် လိပ်ခဲတည်းတည်း ပြဿနာရပ်များအား ယခုလအတွင်း အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးတရပ် ခေါ်ယူကာ ဆုံးဖြတ် လုပ်ဆောင်ကြရန် ရှိကြောင်းနှင့် ၎င်းမှတဆင့် ကွန်ဂရက် အထိ ၎င်းကိစ္စရပ်အား ပြန်လည် ဆွေးနွေးကြမည် ဖြစ်ပြီး သည့်နောက်မှ သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ်ရန် လျာထားကြောင်း သိရှိရသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်၊ တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ထုတ်ပယ်လိုက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ဆက်တိုက် ဖြစ်ပေါ် လာသည့် ပြဿနာများကို သင်ပုန်းချေကြကာ ပြန်လည် ညီညွတ်ရေးအပေါ် ဦးတည် လုပ်ဆောင်ကြရန်လည်း အောက်တိုဘာလ ၉ ရက်နေ့က မဲဆောက် နေအိမ်၌ ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့စဉ် မူတူးစေးဖိုး က ပြောကြားခဲ့သည်။

အဆိုပါ အင်္ဂါနေ့ ဆွေးနွေးပွဲသို့ တပ်မဟာ ၁၊ ၄၊ ၃၊ ၆၊ ၇ မှ တပ်မဟာမှူးများနှင့် သထုံခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊
မော်လမြိုင်ခရိုင် (ဒူးပလာယာ)၊ ဘားအံခရိုင်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ စုစုပေါင်း ၃ဝ နီးပါးခန့် တက်ရောက်ခဲ့ကြ
ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်တွင်း ပြည်ပမှ ကရင်အဖွဲ့အစည်းများ၊ ကရင်လူမျိုးများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ မဟာမိတ် အဖွဲ့အစည်းများကလည်း KNU အတွင်း သွေးကွဲမှု မရှိဘဲ ပြန်လည် ညီညွတ်ကြရန် စာဖြင့်လည်းကောင်း တယ်လီဖုန်း
ဖြင့် လည်းကောင်း ဆက်သွယ်၍ အားပေးခဲ့မှုများ ရှိခဲ့သည်။

“ကွဲစေချင်လားလို့ မေးလာရင် ဘယ်သူမှ မကွဲ စေချင်ဘူး။ ညီညွှတ် စေချင်လားလို့ မေးရင် ညီညွတ်စေချင်တယ်လို့ပဲ
ပြောရမယ်လေ။ ကျနော်တို့ KNU ကြီးကို မကွဲစေချင်ဘူး။ တောင်ကလေး ဆရာတော် ဦးပညာသာမိတို့၊ ကျမ်းစာ
ကျောင်းအုပ် ဒေါက်တာ ဆိုင်းမွန်တို့၊ ကိုထွန်းအောင်ကျော်တို့၊ ALP ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ ကျနော်နဲ့ တွေ့ပြီး
ပြည်လည်ပေါင်းစည်းဖို့ ညီညွတ်ကြဖို့ ပြောတယ်။ အဲဒီ ဖိအားတွေလည်း ကျနော်တို့ ဗဟိုကော်မီတီတွေပေါ်မှာ အများကြီး ရှိတယ်” ဟု ဗဒို အောင်မော်အေး က ပြောသည်။

အဖွဲ့အတွင်း ဖြစ်ပေါ်ခဲ့သော ပြဿနာရပ်သည်လည်း ဗဟိုဦးစီးအဖွဲ့၏ နိုင်ငံရေး ဦးဆောင်မှု အားနည်း၍ ဖြစ်သည်ဟု အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ သုံးသပ် ရှုမြင်ကြောင်း ဗဒို အော်မော်အေး က ဆိုသည်။

ဘားအံမြို့၌ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးကို စစ်ဦးစီးချုပ်နှင့်အဖွဲ့ သွားရောက် ဖွင့်လှစ်ခဲ့စဉ် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဗိုလ်မှူးကြီး ဂျော်နီကိုယ်တိုင် တွဲဘက်အတွင်းရေးမှူး (၁) ဖဒိုလှငွေ ထံ ကိုယ်တိုင် သွားရောက် ၌ ပြဿနာအား အဖွဲ့အစည်းအတွင်း ရှင်းရန်နှင့် ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်ခြင်း မပြုသေးရန် တောင်းပန်
ပြောဆိုခဲ့ပြီး ဗဒို အော်မော်အေး ကလည်း ဗဟိုရုံးချုပ်အား ထိုကိုယ်စားလှယ် အဖွဲ့များ ပြန်ရောက်လာသည့်အထိ
စောင့်ဆိုင်း၍ ပြန်လည်ညှိနှိုင်း လုပ်ဆောင်ကြရန် ပန်ကြားထားသော်လည်း ခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ဖဒိုစောလှငွေ လက်မှတ်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ဗဟို အလုပ်မှုဆောင် ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်း
ဖြစ်သည်။

အောက်တိုဘာလ ၁ဝ ရက်နေ့ကလည်း အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန် လက်မှတ်ဖြင့် KNU ခေါင်းဆောင် များ၊ ကရင်အမျိုးသား အားလုံးနှင့် ပြည်တွင်း ပြည်ပ ကရင် အဖွဲ့အစည်း အားလုံးသို့ လိပ်မူ၍ ကြေညာချက်တစောင် ထုတ်ဝေခဲ့သည်။ KNU အတွင်း လက်ရှိ တာဝန်ယူနေသူ အားလုံးမှာလည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလား
ကြောင်းနှင့် အစိုးရနှင့် ဆက်လက်တွေ့ဆုံကာ ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကရင်ဘာသာဖြင့် ရေးသား ထုတ်ပြန်ထားသည်။

ထို့ပြင် KNLA တပ်မတော် အနေနှင့်လည်း KNU မှ ချမှတ်ထားသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ
နှင့် လမ်းစဉ်များကို လိုက်နာရမည် ဟူလည်း ဖော်ပြပါရှိသည်။

ထိုစာနှင့် စပ်လျဉ်း၍ နော်စီ ဖိုးရာစိန်အား မဇ္ဈိမမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

လက်ရှိ တာဝန်ယူထားသည့် ဗဟို ကော်မီတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မီတီ များကိုလည်း လာမည့် ကွန်ဂရက်၌
ပြန်လည် ရွေးချယ်ရန် ရှိပြီး အများစုဆန္ဒ ဒီမိုကရေစီ နည်းလမ်းဖြင့်သာ ကွန်ဂရက် ရလဒ်အတိုင်း ပြန်လည် ရွေးချယ် သွားမည် ဖြစ်သည်။

Wednesday, October 10, 2012

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဖက်ဆစ် တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေးနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလမှာ အထင်ကရ အခန်းကနေ ပါဝင်ခဲ့တဲ့ နောက်ဆုံး လက်ကျန် ရဲဘော်သုံးကျိပ်ဝင် နှစ်ဦးအနက်က ဗိုလ်ချုပ် ကျော်ဇောဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ ကူမင်းဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရကနေ အောက်တိုဘာ ၁၀ မနက်ပိုင်းမှာတော့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားပါတယ်။ ဗိုလ်ချုပ်ကျော်ဇောကို သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ ဆိုင်းစုရွာမှာ ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က မွေးဖွားခဲ့ရာ ယခု ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပြီ ဖြစ်ပါတယ်။ အမည်ရင်း မောင်ရွှေဖြစ်ပြီး ၁၉၃၈ခုနှစ်မှာ ကြည့်မြင်တိုင် ဆရာဖြစ်သင် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုရွှေ၊၊ ၁၉၃၉ တို့ဗမာအစည်းအရုံးဝင် သခင်တဦး ဖြစ်လာတော့ သခင်ရွှေ ဖြစ်လာပါတယ်။ ၁၉၄၁-၄၂ မှာတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောအဖြစ် လူသိများ ထင်ရှားလာခဲ့ပါတယ်၊ မြန်မာ့တပ်မတော်မှာ တိုင်းမှူး၊ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူ ကျူးကျော်မှုကို အောင်မြင်စွာ မောင်းထုတ် တိုက်ခိုက်ခဲ့တဲ့ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေးတို့ရဲ့ ဗိသုကာတဦးလည်း ဖြစ်ပါတယ်။ ၁၉၆ဝ-၆၂ မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့မှာလည်း ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၇၆ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရှိရာ ထွက်လာခဲ့ပြီး ဗကဗ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ အမည်ပေးထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ၂ဝဝ၇ ခုနှစ်က နောက်ဆုံး ရေးသား ပြုစုခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သမီး ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇောနဲ့ သား ဦးအောင်ကျော်ဇောတို့ ကျန်ရစ်ခဲ့ပါတယ်။

စစ်တွေမြို့ လမ်းမများပေါ်တွင် ထောင်ချီသည့် ရခိုင်အမျိုးသမီးများက


စစ်တွေမြို့ လမ်းမများပေါ်တွင် ထောင်ချီသည့် ရခိုင်အမျိုးသမီးများက ငြိမ်းချမ်းစွာ စီတန်း၍ (OIC) ကို ကန့်ကွက် ဆန္ဒပြ(သတင်းအပြည့်အစုံ)

မောင်အေးနှင့်ထွန်းထွန်း
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့
လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်
အမျိုးသမီးများက OIC (Organization
of Islamic Cooperation ) ရုံးဖွင့်မည်ကို
ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည် ။

ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး စစ်တွေမြို့ ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကို ကိုင် ဆောင်ပြီး မြို့ထဲထိ ချီတက်ကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် ပြသခဲ့ကြသည်ဟု ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည် ။

“အဓိက အချက်(၈)ချက်ပါတယ်။ နံပါတ်(၁) ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလိုက်နာ
လေးစား ပါ၊ (၂) တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ၊ (၃) မြန်မာ့ပြည် တွင်းကို OIC ၀င်မစွက် နဲ့ ထွက်သွား ၊ (၄) မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ (၅) သားရေပေါ်အိပ် ၊ သားရေနားစား တွေ ထွက်သွား ၊ (၆) မြေမျို၍ လူမျိုးမပျောက် လူမျိုမှလူမျိုးပျောက်မည် ၊ (၇) မြန်မာ့ အမျိုးသမီးများ ဘ၀ လှပလုံခြုံမှုရှိပါစေ ၊ (၈) မြန်မာ တမျိုးသားအားလုံး စည်းလုံးညီညွတ်ကြ ဆိုတဲ့ ပိုစတာများတွင် ရေးသားကာ မိမိတို့၏ သဘောထားများကို ထုတ်ဖေါ်ခဲ့ကြသည်″ ဟု သူမက ပြောသည် ။

ဆန္ဒပြပွဲတွင် အမျိုးသမီးများက အကြမ်းဖက်ဝါဒ အလိုမရှိ (OIC Get Out)ဟု ရေးထားသည့် တီချပ် အကျီင်္များကို ၀တ် ဆင်ထားပြီး ဆရာတော်ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကာဘာကွင်းသို့ သွားရောက်လူစုပြီး ထိုမှ တဆင့် မြို့တွင်းသို့ လှည့်လှည်ကာ ဆရာတော် ဦးဥတ္တမပန်းခြံတွင် ဆန္ဒပြပွဲကို အဆုံး သတ်ခဲ့ဟု သိရသည်။



ဆန္ဒပြပွဲတွင် အမျိုးသမီး ၂၀၀၀ ခန့်ပါဝင်ပြီး တဖြည်းဖြည်း မြို့သူမြို့သားများ ပူးပေါင်း ပါဝင်လာသည့်အတွက် လူ ၅၀၀၀ ခန့်ဖြစ်သွားခဲ့ပြီး ဗလီကြီးရှိရာဘက်သို့ သွားသည့်လမ်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထား ခဲ့ ကြောင်း မြို့ခံလူငယ် တဦးကပြောသည်။

ယမန်နေ့ကလည်း စစ်တွေမြို့နှင့် ရဟန်းသံဃာတော်များ ဦးဆောင်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့ တွင် OIC ရုံးဖွင့်မည့်ကိစ္စနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက်နေ့က လူနည်းစု ဗုဒ္ဓဘာဝင်များ အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့်နေဖြင့် ဆန္ဒပြပွဲတခုကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့စစ်တွေမြို့တွင် ရက်ဆက် (OIC)ကို ဆန္ဒထုတ်ဖော်ပြသနေသည့်အပေါ် စစ်တွေမြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားသည်။

“ OIC ဆိုတာက ဘာသာရေးကို အဓိကထားတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ ဒီကလူတွေက သုံးသပ်ကြ တယ်။ NGO မဟုတ်ဘဲ သီးခြားမူဆလင်နိုင်ငံတွေ ပူးပေါင်းဖွဲ့ထားပြီး ဘာသာရေး ကို အဓိကအခြေခံတဲ့ အတွက် မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ အများစုနေတဲ့နိုင်ငံဖြစ်တယ်။ သူတို့က ရခိုင်မှာဖြစ်ခဲ့တဲ့ အရေးအခင်းကို အကြောင်းပြုဝင်လာပြီး သူတို့ရဲ အယူဝါဒတွေကို အသုံးချ လုပ်သွားမှာကို စိုးရိမ်တဲ့အတွက် ခုလို ကန့် ကွက်တဲ့ သဘောလို့မြင်ပါတယ်” ဟု ဆိုသည်။

OIC အနေနှင့် တခြားပြဿနာများစွာတက်နေသည့် မူဆလင်နိုင်ငံများကို မသွားဘဲ မြန်မာနိုင်ငံကို ၀င်လာသည့် အ ပေါ် မှာ ရခိုင်ပြည်သူများက သံသယများရှိနေကြောင်းနှင့် ယခုကဲ့သို့ သံဃာ တော်များအပါအ၀င် အမျိုးသမီး များက OIC ကိုလက်မခံကြောင်း ဆန္ဒပြတောင်းဆိုနေသည့်အတွက် ပြည်သူများဆန္ဒကို လိုက်လျှော့ရန် ပြည်နယ် အစိုးရကိုလည်း ဖိအားပေးတောင်းဆိုရန် အစီ အစဉ်ရှိကြောင်း ဦးအောင်မြကျော်က ပြောသည်။



ယခုကဲ့သို့ ပြည်သူများကန့်ကွက်နေသည့်အတွက် ဒီမိုကရေစီဖော်ဆောင်သည့်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒကို နားထောင်သင့်ကြောင်း စစ်တွေမြို့မှ လူကြီးတဦးကပြောသည်။

ပြည်သူများက မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည်ကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ကန့်ကွက်သည့် ဆန္ဒပြ ပွဲများ ဆက်တိုက် ပေါ်ပေါက်နေသော်လည်း OIC ရုံးများကို မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း OIC၏ မူဆလင် လူနည်းစု ရပ်ဝန်းဌာန ရိုဟင်ဂျာအရေးဆိုင်ရာတာဝန်ခံ မစ္စဒီနာ မန်ဒနီက ပြောသည်ဟု ဘီဘီစီ မြန်မာပိုင်းအစီအစဉ် အင်တာ နက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် OIC ရုံးမှာ ဗီဇာအပါဝင် ထောက်ပံ့ရေးဆိုင်ရာများကို လုပ်ဆောင်မည်ဖြစ်ပြီး စစ် တွေမြို့တွင် ဖွင့်လှစ်မည့်ရုံးမှာ လူသားချင်းအကူအညီ ထောက်ပံ့ပေးရာ ရုံးအဖြစ် ထားရှိမည်ဖြစ်ကြောင်း မစ္စ ဒီနာမန်ဒနီက ယမန်နေ့ညနေက ထုတ်လွင့်သည့် ဘီဘီစီ မြန်မာပိုင်းကို ပြောသွားသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် OIC တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နိရဉ္စရာသတင်း

Thursday, October 4, 2012

KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို တာဝန်က ရပ်စဲ 2012-10-04 KNU ကရင်အမျိုးသား အစည်းအရုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ဖောက်ဖျက်မှုနဲ့ မနေ့က စပြီး တာဝန်က ရပ်စဲလိုက်တယ်လို့ သိရပါတယ်။ RFA KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွက် မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် မြဝတီမြို့မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ဖွင့်လှစ်နေစဉ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ လူမှုဝန်ထမ်း နဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာတို့ သုံးဦးဟာ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ KNU နဲ့ KNLA ဗဟိုဌာနချုပ်ရဲ့ သဘောတူညီမှု မရဘဲ KNU ဗဟိုအဆင့် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့တဲ့အတွက် တာဝန်က ရပ်စဲလိုက်တာလို့ အမည်မဖော်လိုတဲ့ KNU အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ သူတို့ ၃ ဦးကို တာဝန်က ရပ်စဲကြောင်း အမိန့်စာကို KNU ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး ထံကို ပေးပို့ထားကြောင်း၊ ဒါပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးတဲ့ အကြောင်းနဲ့ လစ်လပ်သွားတဲ့ စစ်ဦးစီးချုပ် နေရာမှာ မကြာခင် ရက်ပိုင်းအတွင်း ယာယီ အစားထိုး ခန့်အပ်မယ်လို့လည်း သိရပါတယ်။ Copyright © 1998-2011 Radio Free Asia. All rights reserved.