Friday, March 30, 2012

တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ လုံထိန်းတပ်ဖွဲ့ဝင် အရိုက်ခံရ


မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် -YPI

ယနေ့နံနက်ပိုင်းက ၀ါဏိဇ္ဇပဋိပက္ခရုံး၏ အဆုံးအဖြတ်ကို မကျေနပ်ကြသည့် တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ၁၄၀၀ ကျော်တို့က စက်ရုံရှေ့တွင် ရန်ကုန်တိုင်းအလုပ်သမား ဦးစီးဋ္ဌာနရုံးသို့ သွားရောက်မေးမြန်းရန် ပြင်ဆင်လျှက်ရှိစဉ် ကြိုတင်ရောက်ရှိနေသည့် လုံထိန်းတပ်ဖွဲ့များက ပိတ် ဆို့ကာ ရိုက်နှက်သဖြင့် အလုပ်သမ ၅ ဦးဒဏ်ရာရရှိသွားသည်ဟု စက်ရုံမှ အလုပ်သမားများက ပြောသည်။

ယနေ့ လူစုဝေးခြင်းမှာ ဆန္ဒပြရန် ရည်ရွယ်ခြင်းမဟုတ်ပဲ အလုပ်သမား အငြင်းပွားမှု ဆိုင်ရာ ဥပဒေ သစ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပြဋ္ဌာန်းလိုက်သဖြင့် တိုင်ရီစက်ရုံ အလုပ်သမားများ နကိုတင်ထားသည့် အယူခံကို ဆက်လက်မစစ်ဆေးနိုင်ဟု ဆိုခြင်းကြောင့် ၀ါဏိဇ္ဇတိုင်းရုံးသို့ အလုပ်သမားများ သွားရောက်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

စက်ရုံရှေ့ လမ်းပေါ်တွင် တိုင်းရုံးသို့ သွားရောက်ရန် ပြင်ဆင်နေသည့် အလုပ်သမားများအား လုံထိန်း တပ်ဖွဲ့များထဲမှ ဒုရဲအုပ်အဆင့်ရှိသူက “ ၀င်ရိုက်ကွာ” ဟုဆိုကာ တုတ်များဖြင့် ၀င်ရောက်ရိုက်နှက် သဖြင့် ၅ဦးဒဏ်ရာရရှိသွားကာ တဦးမှာ ဖိနပ်ဖြင့်ဗိုက်ကို တက်နင်းသဖြင့် ယခုအချိန်ထိ မထနိုင်ဟု လည်း အလုပ်သမားများက ပြောပြသည်။

နေ့ခင်း ၂နာရီ ၀န်းကျင်တွင် အလုပ်သမား ကိုယ်စားလှယ်များအား စက်ရုံပိုင်ရှင်က ဆွေးနွေးရန် ခေါ်ယူ၍ စက်ရုံတွင်းဝင်ရောက်သွားရာ ညနေ ၆နာရီကျော်ထိ ပြန်လည်ထွက်လာခြင်း မရှိသေး

ကြောင်း သိရသည်။
  1. အနုပညာရှင်တွေက NLD ကို တဖက်ဇောင်းနှင်း အားပေးနေကျလို့တဲ့    စာပေစီစစ်ကဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ

စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ
အဂ္ဂမဟာ ဒီမိုဖက်တီး facebook မှ ကူးယူခဲ့တာပါ
 

Suu Kyi reviews the campaign: not ‘free and fair’

Suu Kyi reviews the campaign: not ‘free and fair’
 
(Mizzima) – In a review of by-election abuses against her party, pro-democracy leader Aung San Suu Kyi stated clearly that the upcoming Burmese election has not been free and fair, as she spoke during a press conference at her home on Friday. However, she said the NLD party would press ahead and the election was "significant."
A smiling Aung San Suu Kyi at Friday's press conference at her home in Rangoon, perhaps a sign that she's relieved that the bruising campaign schedule is over. Photo: Mizzima
A smiling Aung San Suu Kyi at Friday's press conference at her home in Rangoon, perhaps a sign that she's relieved that the bruising campaign schedule is over. Photo: Mizzima
“I don't think we can consider it a genuine free and fair election if we consider what has been happening here over the last few months,” she said, her face showing signs of strain from the brutal campaign she has carried across the country, in spite of obstacles thrown up by government officials and others.

“I've not been well recently, and I'm feeling a little delicate so any difficult questions and I shall faint straight away,” she joked to the hundreds of journalists and diplomats on the ground of her lakeside home.

Obstacles encountered by the National League for Democracy (NLD) are “really beyond what's acceptable in a democratic election,” she said. “Still, we are determined to go forward because this is what our people want.”

“For any election to be considered free, fair and just, the entire process must be free and fair from the beginning right through to the end. The voting day itself is not sufficient indicator,” said Suu Kyi.

Her assessment of the fairness of the overall by-election process will likely prevent or stretch out the removal of sanctions by many international countries.

Suu Kyi, 66, said campaigning by political parties and the new act of casting a vote were increasing people's interest in politics.

“It is the rising political awareness of our people that we regard as our greatest triumph,” she said. “We don't at all regret having taken part.”

Suu Kyi has transferred waves of nationalistic energy across the country, speaking to huge crowds about the role of citizens in a democracy, the importance of voting and the rule of law.

She said she had no plan to accept a position as a minister in the newly formed government, if offered a role, because under the Constitution she would be required to give up her seat in Parliament.

“I have no intention of leaving the Parliament to which I have tried so hard to get into,” she said.

Listing election abuses it has encounter, she described “unfair treatment” by the authorities ahead of Sunday's vote.

The NLD said people in one village were forced by the ruling Union Solidarity and Development Party (USDP) to attend one of its meetings.

In the constituency of Kawhmu near Rangoon, where Suu Kyi is standing, the names of hundreds of dead people were found on the electoral roll, while more than 1,300 valid voters were left off. Other incidents of tainted rolls were found across the country, she said, and efforts to correct the errors came too late because of government regulations and deadlines. In addition, her campaign was repeatedly denied access to venues it requested.

Recently, President Thein Sein said there had been “unnecessary errors” in ballot lists, but said the authorities were trying to ensure the by-elections would be free and fair.

Since taking office a year ago, Thein Sein has carried out reforms including releasing hundreds of political prisoners, easing minor media restrictions and welcoming the opposition back into mainstream politics.

Unlike in the 2010 election, the government has invited foreign observers and journalists to observe the vote, but it waited to the last minute to make the offer, preventing any direct experience of campaign irregularities.

The number of seats at stake in Sunday's vote is not enough to threaten the ruling party's overwhelming majority in Parliament.

Suu Kyi said the by-election was “a step towards step one in democracy.”

She added: “Our opinion is that once we get into Parliament we will be able to work towards genuine democratization.”

Wednesday, March 28, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်ကကာကွယ်မည်

2012-03-27
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည် တည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းနဲ့ မိမိအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပနေစဉ်
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်သည်အင်အား (၁) သောင်းလောက် ချီတက်တဲ့ပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ဒါဟာ ကာကွယ်ရေးဦးစီးချုပ် တာဝန်ရယူအပြီး တစ်နှစ်အတွင်း အများပြည်သူကို ပထမဆုံး တိုက်ရိုက်ပြောကြားတဲ့ မိန့်ခွန်း ဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲမှာ တပ်မတော်သားတွေက အမတ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား နိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောကြောင်း အေပီသတင်းဌာနက ဖော်ပြပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ယုံကြည်မှုရှိဖို့ အရေးကြီးကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ရဖို့အတွက် အဆင့် ၃ ဆင့် ရှိမှာဖြစ်ကြောင်း၊ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့် နိုင်ငံရေးအရ ဆွေးနွေးရေးနဲ့ တတိယအဆင့် လွှတ်တော်ထဲမှာ ထာဝရ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရေး ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောသွားကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားပါတယ်။

Tuesday, March 27, 2012

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း

2012-03-26
ရွှေပြည်သာမြို့နယ်ရှိ ပေါ်ပြူလာ၊ Ever First ၊ အိပ်ဇဲလ် စတဲ့ ချည်မျှင်နဲ့ အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေ စုပေါင်းပြီး မနေ့က သမဂ္ဂဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။
(Photo: AFP)
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အရွယ်နှင့်မမျှ ဤကဲ့သို့ အလုပ်လုပ်နေကြရသည်မှာ အလုပ်သမား ပြဿနာကြီးတခု ဖြစ်ပါသည်။ (Photo: AFP)
အလားတူ ဒဂုံမြို့နယ်အတွင်းက ဆောက်လုပ်ရေး အလုပ်သမားတွေကလည်း မနေ့ကပဲ သမဂ္ဂဖွဲ့စည်းခဲ့ကြပါတယ်။
အခုလို သမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့ လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး ကော်မတီက ကူညီဆောင်ရွက်ပေးနေကြောင်း ဒေါ်အိရွှေစင်က ပြောပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံက တည်ဆဲ ဥပဒေတွေအရဖြစ်စေ၊ နိုင်ငံတကာ အလုပ်သမား အခွင့်ရေးတွေအရဖြစ်စေ အလုပ်သမားတွေ ရရှိခံစားနိုင်တဲ့ အခွင့်အရေးတွေအတွက် ကာကွယ်ဆောင်ရွက်သွားဖို့ သမဂ္ဂတွေ ဖွဲ့စည်းရတာ ဖြစ်ကြောင်း သိရပါတယ်။
ဒီသမဂ္ဂတွေကို တရားဝင် မှတ်ပုံတင်သွားမှာ ဖြစ်ကြောင်းကိုလည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ မနက်ဖြန် မနက်ပိုင်း ရွှေပြည်သာ ၉ ရပ်ကွက်မှာ ဒီအလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းပြီးကြောင်းကို တရားဝင် ရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုတဲ့ အလုပ်သမားအားလုံးကို ဖိတ်ကြားထားကြောင်းလည်း သိရပါတယ်။

Sunday, March 25, 2012



ABSDF အဖွဲ့ဝင်ဟောင်းတွေထံက  အကြံဉာဏ်ရယူ

2012-03-25
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေကို ရှင်းလင်းဆွေးနွေးပြီး အကြံဉာဏ်များလည်း တောင်းခံနေတယ်လို့ သိရပါတယ်။
မနေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝင်းမြို့က ABSDF အလုပ်အဖွဲ့ဝင်တွေနဲ့ အင်တာနက် ဗီဒီယိုကတဆင့် ဆွေးနွေးပွဲမှာ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေ စုစုစည်းစည်းရှိကြဖို့ ဥက္ကဋ္ဌ ကိုသံခဲက တိုက်တွန်းတယ်လို့ ကိုအောင်မြင့်ထွန်းက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးရာမှာ ABSDF အနေနဲ့ ပါဝင်သင့်တဲ့အချက်တွေကို အမေရိကန်ရောက် အဖွဲ့ဝင်ဟောင်းတွေကလည်း တင်ပြခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ ဖိုဒ်ဝင်းမြို့က ABSDF အဖွဲ့ဝင်ဟောင်း ကိုအောင်မြင့်ထွန်းက အခုလို ပြောပါတယ်။
"အကျဉ်းကျနေတဲ့ လက်ရှိ ကျန်ရှိနေသေးတဲ့ လူတွေရယ်၊ ABSDF ရဲဘော်ဟောင်းတွေ တချို့ဖမ်းဆီးခံထားရတာ ရှိတယ်။ အဲတာတွေကို ခြွင်းချက်မရှိ လွတ်မြောက်ရေးကို တောင်းဆိုပေးဖို့ အချက်တစ်ချက်၊ နောက်တစ်ခုက လက်ရှိအစိုးရနဲ့ ကျွန်တော်တို့နဲ့ ပွင့်ပွင့်လင်းလင်း နှစ်ဦးနှစ်ဘက် ပီပီပြင်ပြင် ဆွေးနွေးဖို့ အကြံပြုထားပါတယ်"
ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကျောင်းသားတပ်မတော်အနေနဲ့ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေကို ပြန်လည်စုစည်းနေပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် အလုပ်အဖွဲ့တွေဖွဲ့စည်းပြီး လက်ရှိ ABSDF အဖွဲ့ကို ပိုပြီး အားကောင်းလာအောင် ကြိုးစားနေတယ်လို့ ကိုအောင်မြင့်ထွန်းက ပြောသွားပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ - တပ်မတော်နေ့မဟုတ်

တော်လှန်ရေးနေ့အထိမ်းအမှတ်

၁ ။ တပ်မတော်သည် - တဦးတယောက်တဖွဲ့ပိုင်မဟုတ် ပြည်သူမှ
     ပေါက်ဖွားလာသည့် - ပြည်သူတပ်မတော်ပင်ဖြစ်သည် ။
၂ ။ တပ်မတော်သည်အဖွဲ့အစည်းတရပ်ကို - ကာကွယ်ဆောင့်လျှေက်ဖို့မဟုတ်
     ပြည်သူ့အသက် အိုးအိမ်ကို - ကာကွယ်ဆောင့်လျှောက်ဖို့ပင်ဖြစ်သည် ။
၃ ။ တပ်မတော်သည် အမိ - တပ်မတော်သည်အဖ မဟုတ်
      တပ်မတော်၏အမိအဖသည် - ပြည်သူသာလျှင်ဖြစ်သည် ။
၎ ။ ပြည်သူမှာပေါက်ဖွါးလာသော - တပ်မတော်သည်ပြည်သူကိုကာကွယ
     ဆောင့် လျှောက်ရမည့် - မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်သည် ။
၅ ။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းတည်ထောင်ခဲ့သော - တပ်မတော်သည်
     ပြည်သူ့ဘက်မှရပ်တည်ကာကွယ်သော - မျိုးချစ်တပ်မတော်ဖြစ်ရမည်
၆ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ - ပြည်တွင်းငြိမ်းချမ်းရေးကိုရှေ့ရှူ့ပြီး
     တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်ဆဲကာ ပြည်သူတို့နဲ့
     အတူဖွံ့ဖြိုးရေးလုပ်ငန်းမှာပါဝင်ပါ
၇ ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု့မှာ
      မျိုးချစ်တပ်မတော်သားကောင်းတွေပူးပေါင်းပါဝင်လာဖို့လိုပါတယ်
၈ ။ ရဲဘော်သုံးကျိပ်မှအစပြု ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပြည်ထောင်
     စုတိုင်းရင်းသားအားလုံးအတွက်ဘေးရန်အသွယသွယ်ကနေ
     ကာကွယ် စောင့်ရှောက်မယ့် တကယ့် ပြည်ချစ်တပ်မတော် ဖြစ်လာဖို့   
     တိုက်တွန်းလိုက်ပါသည် ။

အမျိုးသားလွတ်မြောက်ရေးအင်အားစု( မြန်မာပြည် )








တော်လှန်ရေးနေ့အထိမ်းအမှတ်

Thursday, March 15, 2012

သိန်းစိန်အစိုးရလုပ်ပုံနဲ့တော့ တရုတ် ကုလား တိုင်းတပါးသားက ဒို့နိုင်ငံကိုဝါးမြို ကိုလိုနီပြုတော့မဲ့အရေး ရင်လေးမိပါရဲ့

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ကြားနာပွဲတွင် ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

“ မိမိတို့ လိုချင်တာ အားလုံး ရခဲ့ပြီ ” ဟု ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး ရှိရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr Dipu Moni က ဘင်္ဂလားဒေ့ရှ် bdnews24 သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

ကာလကြာရှည်စွာ မြန်မာနှင့် ပင်လယ်ရေပိုင်နက် အငြင်းပွားလျက်ရှိသော ကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ၎င်းတို့ တောင်းဆိုထားသည့် ဧရိယာထက် ပိုမို၍ အနိုင်ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂလားပင်လယ်အော်တွင် အဆိုပြုထားသော ဧရိယာမှာ ၁၀၇,၀၀၀ စတုရန်း ကီလိုမီတာသာ ရှိသော်လည်း ယခု တရားရုံးက ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဧရိယာအဖြစ် ဆုံးဖြတ်ခဲ့သော ဧရိယာမှာ ၁၁၁,၀၀၀ စတုရန်း ကီလိုမီတာ ရှိသည်။

ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ ကမ်းဦး ရေတိမ်ပိုင်း မိုင် ၂၀၀ နှင့် မိုင်၂၀၀ အလွန် ပတ်ဝန်းကျင် ရေပြင်ပိုင်နက်တွင် စီးပွားရေးများ လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အများအပြားရှိသော အဆိုပါဧရိယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၀၉ ခုနှစ်မှစ၍ ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွင် အမှုဖွင့်၍ တရားဥပဒေ ကြောင်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော အမှုကိစ္စ ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ်သစ်ကို ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်သတ်မှတ်
Thursday, 15 March 2012 02:06

သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို
အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။

ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ပါ တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည် အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန် မျှော်လင့်ထားသည်။
The Voice Weeklyမှဖေါ်ပြပါသည်။
ကျောက်စိမ်းတုံးကြီး ၂ တုံး လိမ်လည်မှု

ကီလို ၉၀၀၀ နီးပါး ကျောက်စိမ်းတုံးကြီးနှစ်တုံး လိမ်လည်ခံရ

မြန်မာနိုင်ငံကျောက်စိမ်းနှင့် ကျောက်မျက်ရတနာတူးဖော်ရေး နှင့်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် သီတာမြနန်းကျောက် မျက်ကုမ္ပဏီပိုင် ဖားကန့်ဒေသ ထွက် ယူရိုငွေ ၁ ဒသမ ၈ သန်း တန် ကျောက်စိမ်း အရိုင်း နှစ်တုံး အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှိ ကျောက်မျက်ကုမ္ပဏီတစ်ခုက လိမ်လည်မှု ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

သီတာမြနန်း ကျောက်မျက် ကုမ္ပဏီပိုင် ၈၈၀၀ နှင့် ၈၉၀၀ ကီလိုဂရမ်ရှိ ကျောက်စိမ်းအရိုင်း တုံး နှစ်တုံးအား လွန်ခဲ့သည့် ၅ နှစ်ခန့် ၂၀၀၇ ခုနှစ်က ရန်ကုန် တွင် ပြုလုပ်ခဲ့သည့် (၂၂)ကြိမ် မြောက် မြန်မာ့ကျောက်မျက်ပြပွဲ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ချန်လုံကျောက်မျက်ကုမ္ပဏီသို့ အရောင်းအ၀ယ်ပြုလုပ်ရန် ယုံ ကြည်စွာ အပ်နှံခဲ့ကြောင်း သိရသည်။

ထို့နောက် ချန်လုံကုမ္ပဏီမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ် တုံပြည်နယ်ရှိ ၎င်းတို့၏ ကုမ္ပဏီ ရုံးခွဲသို့ အဆိုပါကျောက်စိမ်းအရိုင်း တုံးနှစ်တုံးအား သယ်ယူပို့ဆောင် ခဲ့ကြောင်း၊ ထိုကဲ့သို့ သယ်ယူရာ တွင်လည်း အခွန်အခနှင့် ပတ် သက်သည့် ကုန်ကျစရိတ်အားလုံး ကို သီတာမြနန်းကုမ္ပဏီက ပေး အပ်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကျောက်စိမ်းနှစ်တုံး ရောက်ရှိချိန် တွင်ချန်လုံကုမ္ပဏီဘက်မှ တရား ၀င်တင်သွင်းမှု၊ အကောက်ခွန်ပေး ဆောင်မှုအခွန်ဆောင်ပြီးကြောင်း သက်သေခံလက်မှတ်များကို ပြန် လည်ပေးအပ်ခြင်း မရှိသဖြင့် စ တင်၍ ပြဿနာဖြစ်ပွားခဲ့ ကြောင်း သီတာမြနန်းကုမ္ပဏီ ပိုင်ရှင် ဦးလှထွန်းထံမှ သိရသည်။

"ဒီကျောက်စိမ်းတုံးကိစ္စတွေ ပြေလည်ဖို့ သူတို့ကို အကြိမ်ကြိမ် ညှိနှိုင်းခဲ့တယ်။ သူတို့ဘက်က ဘာမှမတုံ့ပြန်ဘူး။ အခုကျောက် စိမ်းတုံးတွေက တရုတ်ပြည် ရောက်နေလို့ တရုတ်ပြည်အထိ သွားပြီး အမှုဖွင့် တရားစွဲဆိုရခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီကျောက်စိမ်းတုံး (၂)တုံးဟာ တရုတ်ပြည်ထဲကို တရားမ၀င် တင်သွင်းတာဆိုရင် အသိမ်းခံရ ပြီး သွင်းတဲ့သူလည်း ဥပဒေအရ အရေးယူခံရမှာပါ"ဟု သီတာ မြနန်းကုမ္ပဏီ၏ ရန်ကုန်ကိုယ် စားလှယ် ဦးကျော်ကျော်ဟိန်းက Business Today သို့ ပြော သည်။

တရားစွဲဆိုရာတွင် ချန်လုံ ကုမ္ပဏီဥက္ကဋ္ဌ ဦးရန်ကြားဆိုက် နှင့် တရုတ်နိုင်ငံသား လျန်စွတ် ဖိန်တို့ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်တုံးပြည်နယ်၊ ဖူစန်း မြို့ရှိ အလတ်စား ပြည်သူ့တရား ရုံးတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပုဒ်မ ၂၄၂အရ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရား စွဲဆိုထားကြောင်း သိရသည်။

ထို့အပြင် သီတာမြနန်း ကုမ္ပဏီပိုင် ကျောက်စိမ်း နှစ်တုံး ကို ဦးရန်ကြားဆိုက်ပိုင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံးပြည် နယ်၊ တာ့ယိတုန်းလမ်း၊ အမှတ် (၁၅)တွင် ထားရှိပြီး ၎င်းကျောက်စိမ်းနှစ်တုံးကို မည်သူမျှကိုင်တွယ် ခွင့်မရှိစေရန် အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သိရသည်။

ညွှန်း - ယနေ့စီးပွားရေးဂျာနယ် - http://www.businesstoday.com.mm/index.php?option=com_content&view=article&id=3825:2012-03-10-04-42-03&catid=52:home

ဒီလိုတွေဖြစ်နေတယ် (ပေးစာ)

Posted by on March 14, 2012
နိုင်ငံတော်မြေများကို အစိုးရအဖွဲ့ ဌာနဆိုင်ရာအုပ်ချုပ်သူများနှင့် လွတ်တော်အမတ်များ ပူးပေါင်း၍ လက်ညှိုးထိုး အပိုင် ယူ၊ ပြန်ရောင်းစားကြပြီး စီးပွားရှာ လူမဆန်ကြသူများ။
ယခုလက်ရှိ နိုင်ငံတော်အစိုးရ အဖွဲ့နှင့် လွတ်တော်အတွင်းရှိ အမတ်များအပေါ် အယုံအကြည်မဲ့စေတဲ့ လုပ်ရပ်များ၊ ငါးခုံး မ တကောင်ကြောင့် တလှေလုံးပုတ်သည့် လုပ်ရပ်များကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄) လမ်းမ ကြီးနှင့် မြို့ပတ်လမ်းအကြားတွင်ရှိသော မြေကွက်မှာမြေကွက်များဖော်၍ မြေကွက်များရယူခြင်း၊ ပြန်လည်ရောင်စားနေ ခြင်းများ ပြုလုပ်နေကြသည်။
မြို့ပတ်လမ်းမှာရှိတဲ့ အိမ်များသည် အရှေ့အရပ်ကို မျက်နှာမူပြီး ဆောက်လုပ်ထားတဲ့ အိမ်များဖြစ်ကြသည်။ ယခု မတ ရား ဖော်ထုတ်ထားသော မြေကွက်သည် အတန်းတတန်းထဲသာ ဖြစ်ပါသည်။ ကျောချင်းကပ်၍ ဖော်ထုတ် မရနိုင်ပါ။ အ ရှေ့အရပ်မှာရှိတဲ့ အမှတ် (၄) လမ်းမဘက်သို့ မျက်နှာမူ၍ အိမ်ဆောက်လုပ်ပါက မြို့ပတ်လမ်းတွင်ရှိသော အငြိမ်းစား နိုင်ငံ ၀န်ထမ်းများ၏ နေအိမ်များ၏ မျက်နှစာသည် ယခုဖော်ထုတ်နေသော မြေကွက်များ၏နောက်ဖေး၊ အနောက်ဖက် ခြမ်းကို မျက်နာမူနေမည် ဖြစ်ပါသည်။ မည်သည့် လူမျိုးဖြစ်ပါစေ ကိုယ်အိမ်ရှေ့သည် တခြားအိမ်၏ မိန်လာကန်ထာရှိရာ နောက်ဖေး အဖြစ်နဲ့ မည်သူမှ မနှစ်သက်ကြပါ။ တကိုယ်ကောင်းဆန်သော မိမိအကျိုးသာသိသောသူ များ၏လုပ်ရပ်များ ပင်ဖြစ်ပါသည်။ လူသားတိုင်း ပြင်းထန်စွာ ကန့်ကွက် ကြရမည့် လူအခွင်းအရေးပင်ဖြစ်သည်။ လူသားအချင်းချင်း လူစိတ် မရှိသော သူများသာဖြစ်ကြောင်း ဖေါ်ပြကြတဲ့ ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ် စည်ပင်သာရာရေးကော်မတီ၊ အိုးအိမ် နှင့် မြေတိုင်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင် မောင်ဦး အစရှိတဲ့သူများသာ ဖြစ်ကြသည်။ အဲဒီလူတွေကို မေးကြည့်ချင်ပါတယ်…ခင်ဗျားတို့ရဲ့ အိမ်ရှေ့မှာအိမ်သာ
ဆောက်ကြပါလားလို့။
ဘာကြောင့်လဲဆိုတော့ အဲဒီအကွက်မှာ ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး က (၃) ကွက်ယူထာခြင်း။ အုပ်ချုပ်ရေးမှူးကလဲ ယူထားတယ်၊ စည်ပင်ကလဲ ယူထားတယ် ပြန်ရောင်းစားထားတာက သိန်း ၄၀၀ ကျော်နဲ့ မနှစ်က(၂၀၁၁ ခုနစ်ကပေါ့)။ အဲဒီလူတွေက အာဏာတွေသုံး ကိုယ်ကျိုးစီးပွားလုပ် ဌာနဆိုင်ရာ ပူးပေါင်း ကြပြီး လုပ်စားနေကြတာ ဒီတနေရာထဲမကဘူး မီးရထားမြေကွက်တွေတောင်ပါနေတာ ရွှေပြည်သာမြို့နယ်နေ ပြည်သူ တွေအကုန်သိ။ ယခုမြို့တော်ဝန်မတက်သေးတဲ့အချိန်၊ ရွှေးကောက်ပွဲပြီးတဲ့အချိန် အစိုးရအသစ်ကို အာဏာမလွှဲခင် တ ပတ်အလိုလောက်ကစပြီး ပေါင်းလုပ်နေကြတာပါ။ မြို့တော်ဝန်အသစ်လဲတက်လာတော့ အားလုံးရပ်သွားတယ်။ ရန်ကုန် တိုင်းဒေသကြီးမှာ စည်ပင်သာယာရေးဝန်ထမ်းတွေ အပြောင်အလဲလုပ်လိုက်တယ်။မြေကွက်လဲ ရပ်သွားတယ်။ သိပ်မ ကြာပါဘူး၊ အခုပြန်လုပ်နေကြတာ ပြောင်ပြောင်တင်းတင်းပဲ။ ဒီမြို့တော်ဝန်လဲ ကြာတော့ အကျင့်ပြက်သွားပြန်တာပဲ။
အဲဒီရပ်ကွက်က အငြိမ်းစား ၀န်ထမ်းကြီးများ ရပ်ကွက်ပါ။ ဦးတင်မောင်ဦး ကလဲ ဗိုလ်မှူးကြီး အငြိမ်းစားဖြစ်ကာ ခလရ (၁၄)၊ ခလရ (၂၇)၊ ရကတ၊ ခလရ (၉၉)၊ ခမရ (၄၃၅)၊ ရကတ၊ ခလရ (၂၉)၊ ခလရ (၈၄)၊ နပခနှင့် တမခ (၅) တို့တွင်
တာဝန်ထမ်းဆောင်ခဲ့တဲ့ သူပါ။ ဒါဆိုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကဆိုတာ လူတိုင်းသိပီးသားပါ။ ရပ် ကွက်က လူကြီးတွေက လွတ်တော်အမတ် ဦးတင်မောင်ဦးကို ဒီကိစ္စဖြေရှင်းပေးဘို့ သွားပြောကြတာ အဲဒီအမတ်က ဘာပြောတယ်ထင်လဲ ကျွန်တော်လဲ မတပ်နိုင်ပါဘူး၊ မလုပ်ပေးနိုင်ပါဘူးတဲ့။ နောက်မှသိတာကတော့ သူပါပူပေါင်းကြံ ထားတာကိုး။ သက်ဆိုင်ရာဌာနပေါင်းစုံက ၀န်ထမ်းတွေကလဲ အားလုံးသိတဲ့အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကဆိုတော့ ပေါင်းစားလို့ကောင်းကြတာပေါ့။ ဒါဟာ နိုင်ငံရေးကို ခုတုံးလုပ်ကြတာ။ အာဏာကိုအလွဲသုံးစားလုပ် ကြတာ၊ ဒီလိုလူတွေ ပါတီမှာကော ရှိသင့်သလား၊ အစိုးရအဖွဲထဲမှာကော ရှိသင့်သလား။ ဦးတင်မောင်ဦး အိမ်ကတော့ ရပ်ကွက်အတွင်းပိုင်းမှာပေါ့။ ငါလွတ်တော်အမတ်ဖြစ်တော့မှ မြို့ရဲ့အ၀င် လမ်းမတန်းနေရာကောင်းမှာ လက်ညိုးထိုး ယူ ပြစ်မယ်လို့ ဘယ်အချိန်ထဲက ကြံထားသည်မသိ။ တိုင်းပြည်အတွက် တော်တော်အကြံကြီး ပါလား။ ဒါကို အခုအစိုးရ၊ လွတ်တော်၊ အများဆုံးအနိုင်ရထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလူတွေက မသိတာလား။ သူတို့လဲ ဒီလိုဘဲလား။ တိုင်းပြည်အတွက် တော်တော်ရင်လေးစရာပါ။ ရွှေပြည်သာမြို့နယ်တခုထဲလား။ ဒါကတော့ မြို့နယ်တိုင်း မှာရှိတဲ့ ပြည်သူတွေ အသိဆုံးဖြစ်မှာပါ။
သူတို့တတွေလုပ်ပုံကလဲ တော်တော်ပိုင်ကြတယ်။ တယောက်က တင်ပြလိုက် ပြည်သူတွေအတွက် လုပ်ပြသလိုလိုနဲ လွတ်တော်က ပယ်လိုက်။ တင်လိုက် ပယ်လိုက်နဲ အချိန်ကုန်။ မီဒီယာတွေကို အစကတော့အချိုကျွေးတယ် နောက် တော့ သူတို့အကြောင်းတွေပေါ်ပေါ်လာတော့ ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် “နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တဖက်သတ် ဘက်လိုက်၍ အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒ အမှန်အမှားကို သမာသမတ်ကျကျ၊ သိက္ခာရှိရှိ မျှတစွာ ရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြု ဂျာနယ်များ ထွက်ပေါ်လာရေး တဲ့။ ဒီလို သတင်းတွေထွက်လာမှာဆိုးလို့ အရင်ပိတ်ထားလိုက်တာ။ ဘယ်ဂျာနယ်မှလဲ
ဒီလိုသတင်မျိုးကို ရေးခွင်မပေးတော့ဘူး။ စာပေစစ်ဆေးရေးက ခွင်မပြုတော့ စတုတ္ထမဏ္ဍိုင်စစ်စစ် ဖြစ်ပေါ်ရေးကိုလိုလား တဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ထွန်းရေးကို လိုလားတဲ့သူအားလုံး ဘာမှလုပ်လို့မရတဲ့အခြေအနေ ဖန်တီးထားကြတယ်။ ဒီ လိုဆိုရင် ဘယ်ပြည်သူတွေကမှာ သတင်းတွေ၊ ဂျာနယ်တွေ မဖတ်တော့ဘူးပေါ။
အမှန်တွေမှမဟုတ်ကြတာ။ ပြည်သူအသံတွေကို နားထောင်စရာမလိုတဲ့ အစိုးရအဖွဲ့လား။ လွတ်တော်လား။ တဖက် သတ် ဘက်လိုက်နေပြီး ပါတီအတွက် ကိုယ်ကျိုးရှာနေကြသော၊ မိမိအတွက်စီးပွားရှာနေကြသော၊ အကျင့်ပျက်နေကြ သော ပါတီဝင်များကိုလဲ ပါတီအတွင်းမှ ပျောက်ကွယ်ရေး၊ ပြည်သူ့အတွက်လဲ အမှန်တရားတွေဖေါ်ဆောင်ပေးရေး၊ သိက္ခာရှိရှိ တရားမျှတစွာ အိုးပိုင်အိမ်ပိုင်ဖေါ်ဆောင်ရေး၊ တွေအတွက် ဘယ်လိုလုပ်ဆောင်ကြမလဲ။ အခုတော့ မဟုတ်ပါ ဘူး ငါလွတ်တော်အမတ်ဖြစ်ရေး ငါ့အိမ်တလုံးကနေ နောက်တလုံးပိုင်ဆိုင်ရေး။
လွတ်တော်အမတ်မဖြစ်ခင်က ဦးတင်မောင်ဦး အနေနဲ့ အိမ်ဘယ်နှစ်လုံးပိုင်ပိုင်၊ ရွှေပြည်သာမြို့မြေပုံအကွက်တွေ ဘယ် လောက်ပိုင်ပိုင်ပါ အခုတော့ ရွှေပြည်သာမြို့စတည်ကတည်းက မီးတားနယ်မြေ စိုက်ပျိုးရေးနယ်မြေ။ ရေနှုပ်မြောင်းလုပ် ရာ နယ်မြေတွေကို အကွက်အသစ်တွေရိုက်ပီးတော့ အပိုင်စားယူနေ၊ ပြန်ရောင်းနေကြတာ ရပ်ကွက်အကျိုးလား၊ မြို့ နယ်အကျိုးလား၊ တိုင်ပြည်အကျိုးလား သေသေချာချာ နားလယ်ဘို့သင့်ပါတယ်။ ဌာနဆိုင်ရာတွေက တာဝန်ရှိတဲ့ အုပ် ချုပ်ရေးအကြီးပိုင်းတွေက အိမ်ရှိပြီးသားတွေပါ။ ကားရှိပီးသားတွေပါ။ ဖုန်းတွေရှိပီးသားတွေပါ။ ထပ်ရှိပီးရင်ရှိအောင် လုပ် နေကြတာ ဘယ်သူအတွက်လဲ၊ ဒီလိုလူတွေ အစိုးရအဖွဲထဲမှာ ရှိနေသင့်သလား၊ လွတ်တော်ထဲမှာလဲ ရှိနေသင့်လား
လွတ်တော်ထဲမှာဘယ်သူတင်ပြမလဲ၊ ပြည်သူတွေရဲ့အသံတွေကို ပြည်သူတွေထဲ မဆင်းဘဲနဲ့ ကားပေါ်ကနေကြည့်၊ လွတ် တော်ထိုင်ခုံတွေကနေ ထိုင်ရကမထဘဲ ဆွေးနွေးနေကြတော့မှာလား။ အမှန်တရားတွေကို ရင်မဆိုင်နိုင်လို့ ဂျာနယ်တွေ ကိုလဲ ဥပဒေတွေနဲ့ တားစီးထားကြဘို့ လွတ်တော်မှတင်ပြတာလား။
ဒီမိုကရေစီဆိုတာ ဘာလဲ ပြည်သူတွေကတင်ပေးထားလို့ လွတ်တော်အမတ်ဖြစ်လဲသွားရော ပြည်သူတွေရဲ့ အကျိုး
ကြည့်စရာမလို။ ပါတီအကျိုး။ ဒီကြားထဲငါ့အကျိုး ဘယ်လိုယူမလဲ ဒါဘဲစဉ်းစားနေကြတာလားမသိ။ နေရာကောင်း၊ အ ကွက်ကောင်း မြေနေရာများအား မိမိကိုယ်ကျိုးစီးပွားအတွက် အခွင့်အာဏာများ။ လုပ်ပိုင်ခွင့်များ၊ ကိုအသုံးချပီး
သက် ဆိုင်ရာတာဝန်ရှိသောသူများ ပူးပေါင်းဆောင်ရွက်နေကြသည်ကို သိသိသာသာ သိမြင်နိုင်ပါသည်။ ထိုကဲသို့ လွတ်တော် အမတ်များရှိနေခြင်း။ သက်ဆိုင်ရာဌာန အကျင်ပျက်၊ ကိုယ်ကျိုးရှာ ၀န်ထမ်းများရှိနေခြင်း များကြောင့် ဘယ် လိုနည်းနဲမှ clean government and good governance ကို တည်ဆောက်၍ မရနိုင်ပါ။ သမတကြီးပြောထားတဲ့ clean government and good governance ပုံဖေါ်ဘို့ ဒီလိုအကျင့်ပြက်နေတဲ့ လွတ်တော်အမတ်ရှိတဲ့ ပြည်သူ့လွတ်တော် ကလဲ သန့်ရှင်းနိုင်ပါ့မလား။ ကောင်တဲ့အစိုးရကော ဖြစ်နိုင်ပါ့မလား။ ကိုယ်ကျိုးရှာ လွတ်တော်အမတ်လား။ အစိုးရကို ပိုက်ဆံရှာပေးတာလား အစိုးရအဖွဲမှာရှိတဲ့ လူတွေအတွက် ပိုက်ဆံရှာနေကြတာလား။ နိုင်ငံတော်ကို တောင်ရောင်းစား ကြတော့မှာလား။ ဒီလိုလူတွေကအစိုးရအဖွဲ့တွေမှာ ရှိနေရင်တော့ တိုင်းပြည်အတွက် တော်တော်ရင်လေးစရာဖြစ်ရပ်ပါ။
အဲဒီအကွက်မှာ ဂက်စ်( gas ) ပိုက်လိုင်း ၂ လိုင်းသွယ်တန်းထားတယ်။ (၄) လမ်းမ၏ဘေးတွင်လည်း ဂက်စ်(gas) ပိုက် လိုင်း ၁ လိုင်းရှိတယ်။ ဂက်စ်(gas) ပိုက်လိုင်းများကြားတွင်တည်ရှိနေသော ယင်းမြေနေရာများတွင် မြေကွက်များဖော် ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများ မပြုလုပ်သင့်သည့်မြေနေရာ ဖြစ်ပါသည်။ ယင်းမြေကွက်လပ်အနီးရှိ အမှတ်
(၄) လမ်းမ၏ အရှ့ဘက်တွင်ရှိသော ဂက်စ်(gas) ပိုက်လိုင်းသည် (၈.၁၁.၂၀၁၀) နံနက် (၃.၁၅) ခန့်တွင်ပေါက်ကွဲမှု ဖြစ် ပေါ်ခဲ့ပြီးလူ (၂) ဦးသေဆုံးခဲ့ပါသည်။ မိုးတွင်းဆို ရေတွေပြည်နေတဲ့အကွက်။ အခုမြေတွေဖို့ထားတော့ ရပ်ကွက်ထဲ ရေ တွေ ၀င်လာမှာတော့အသေအခြာပါ။ အဲဒီနေရာမှာ ဂက်စ် (gas) ဆိုင်လဲတဆိုင်ရှိနေတယ်။ နောက်ထပ် လောင်စာဆီ ရောင်တဲ့ ဆိုင်တဆိုင်လုပ်အုံးမယ်တဲ့။ မြို့အ၀င်လမ်းကကျဉ်း၊ အခုတလော ဆီဆိုင်တွေမီးလောင် ဆိုတော့ ရွှေပြည် သာမြို့နေ ပြည်သူတွေရဲ့ လူ့အခွင့်အရေးလား၊ သူတို့အတွက်အခွင့်အရေးလား။
ဝန်ထမ်းတွေ အကျင်ပြက်နေကြတာကို လစာမလောက်လို့ဆိုတဲ့ အကြောင်းပြချက်က ဘယ်တော့မှ အောင်မြင်မှာ မ ဟုတ်ပါဘူး။ လစာတွေသာပိုရသွားတယ်။ ကုန်ဈေးနှုန်းတွေသာ ပိုကြီးသွားတယ်။ အကျင့်ပျက်နေတာကတော့ ရှိနေမှာ ပဲ။ ၀န်ထမ်းတွေကို ပြည်သူတွေအပေါ်မတရာအုပ်ချုပ်နေကြတယ်ဆိုရင် ပြည်သူတွေက အဲဒီဝန်ထမ်းတွေကို ဥပဒေအရ တရားစွဲ လို့ရတဲ့ဥပဒေ ခိုင်မာအောင်ပြုလုပ်သင့်တယ်။ တရားဥပဒေအရ အမှန်တကယ် အကျင့်ပျက်တယ်၊ လဒ်စား တယ်၊ အာဏအလွဲသုံးစားတွေ လုပ်တယ်ဆိုရင် အဲဒီ ၀န်ထမ်းတွေကို ဘာလုပ်မလဲ။ အဲဒီ ၀န်ထမ်းတွေမတရား ရှာထား တဲ့ စီပွားရေးတွေကို ပြည်သူ့ငွေအဖြစ် ပြန်သိမ်းမလား။ အကျင့်ပြက်ဝန်ထမ်းတွေ အလုပ်က ထုပ်ပြစ်လိုက်၊ တဆင့်နိမ့် ရာထူးလျှော့ချလိုက်၊ အဝေးနယ်ကိုပို့လိုက်နဲ့ အဲဒီ ထန်ထမ်းတွေက ထပ်ပီးအကျင့်မပျက်ပါဘူးလို့ ဘယ်သူအာမခံနိုင်မ လဲ။
ဦးခင်ညွန့်ကို ထိန်းသိမ်းလိုက်တုန်းက သူမှာရှိတဲ့ စီပွားရေးတွေ ပြန်သိမ်းလိုက်တယ်လို့ ဖေါ်ပြကြတယ်။ သူလွတ်လာ တော့လဲ စကားတခွန်းပြောတယ်။ သူစားဝတ်နေရေးအတွက် အရင်စဉ်းစားရအုံးမယ်တဲ့။ သစ်ခွစိုက်ပြီး အကျယ်ချုပ်မှာ
ဝမ်းရေးဖြေရှင်းရတာပါတဲ့။ သူလဲ ၀န်ထမ်းမပီသတဲ့ သူပဲလေ။ အကျင့်ပျက်လေ။
လူမကောင်းရင်မူနဲ့ ထိန်းရမယ်တဲ့။ မူမကောင်းရင် လူလဲမကောင်းနိုင်ပါဘူးဆိုတဲ့ မြန်မာစကား လူတိုင်းသိကြပါတယ်။ အ စိုးရအဖွဲထဲမှာ ရှိနေကြသော အကျင့်ပျက်ဝန်ထမ်းတွေကို ဘယ်လိုမူတွေနဲ့ ထိန်းကြမလဲ၊ ဘယ်လိုဥပဒေတွေနဲ့ ထိထိ ရောက်ရောက် ကိုင်တွယ်ကြမလဲ။ လွတ်တောထဲက အကျင်ပျက်နေသော အမတ်တွေကို ဘယ်လိုဥပဒေတွေနဲ့ ထိန်းမ လဲ။ ဒီလို့အကြောင်းတွတော့ လွတ်တော်မှာ မဆွေးနွေးကြဘူး။ လွတ်တော်အမတ်တွေဟာ ပြည်သူတွေက တင်ပေး ထားတဲ့သူတွေပါ။ အကျင့်ပျက်နေကြတဲ့ လွတ်တော်အမတ်တွေကို ပြည်သူတွေက မနှစ်သက်ကြရင် ဘယ်လိုတိုင်တန်း ရမလဲ ဘယ်လိုအရေးယူမလဲ။ ဘယ်ဥပဒေတွေနဲ့ တရားစွဲမလဲ။ ပြုတ်ချင်ရင် ပြုတ်သွားစမ်းပါစေ အပြင်မှာ အေးအေး ဆေးဆေး တသက်စားမကုန်အောင် မတရားရှာထားပီးကြပီလေ။
ပြည်သူတွေရဲ့ ရင်ဖွင့်စကားသံတွေကြတော့ ဂျာနယ်တွေ၊ မီဒီယာတွေကို ဥပဒေနဲပိတ်ဘို့ ဆွေးနွေးတယ်။ ဆင်းရဲသား ပြည်သူတွေ ချောင်လည်နိုင်ဘို့လုပ်နေတာ ပြောနေကြတာ ၁ နှစ်ကြာသွားပီ။ ပြည်သူတွေ ပိုဆင်းရဲ့လာတယ်။ တချို့ ၀န်ထမ်းတွေ မြေတွေလက်ညှိုးထိုး ရောင်စားနေကြတာက ပိုမြန်နေတယ်။
လစာတိုးဘို့ အပြင်အလုပ်သမားတွေရဲ့ ၀င်ငွေတွေနဲ့တွက်ပြတယ်။ အနိမ်ဆုံး ၃၀၀၀ ကျပ်တဲ့။ အဲဒီအနိမ့်ဆုံး လုပ်အားခ ရတဲ့အပြင် လုပ်သားတွေဟာ အလုပ်ခွင်ရှိတဲ့နေရာတွေကို လမ်းလျှောက်သွားရုံနဲ့ ရောက်တဲ့နေရာမဟုတ်ဘူး။ ကားစီးရ တယ်။ ရထားကမမှန်။ ကားခက တဆင့်ထဲသွားရတဲ့အလုပ်နေရာဆိုရင် ၂၀၀ ကျပ် ၃၀၀ ကျပ်။၂ဆင့်သွားမှ ရောက်တဲ့ နေရာဆိုရင် ၂ဆပေါ့။ တွက်ကြည်လေ။ ဒါဟာ ၃၀၀၀ ဆိုတဲ့ငွေရဘို့ အသွားခရီးဘဲ ရှိနေသေးတယ်။ အပြန်ဆိုရင် ၂ ဆနဲ့ တွက်ကြည့်ပေါ့။ ၃၀၀၀ ရဘို့ သူဘယ်လောက်အရင် ရင်းနှီးလိုက်ရပီလဲ။ ၀န်ထမ်းတွေက ရုံးဖယ်ရီ ၀န်ထမ်းကြိုပို့ကား တွေနဲ့ သွားနေကြတာ့ အစိုးရလူကြီးတွေ မသိလို့လား။ ၀န်ထမ်းတွေ ရုံးချိန်ဘယ်အချိန်လဲ၊ ရုံးဆင်းချိန်ဘယ်အချိန်လဲ
အစိုးရ၀န်ထမ်းလူကြီးတွေ မသိဘူးလား။
အပြင်လုပ်သားတွေက အနည်းဆုံးညနေ ၆ နာရီ အလုပ်ဆင်းချိန်ပဲ။ အပြန်နောက်ကျလို့ ကားအခက်အခဲဖြစ်ရင်တော့
မတွေးရဲစရာဘဲ။ ခွန်အားလဲကုန်သေးတယ်။ သက်တောင့်သက်သာလဲ အိမ်မပြန်နိုင်ကြဘူး။ ၀န်ထမ်းတွေက အများစု ၀န်ထမ်းအိမ်ခန်းရကြတယ်။ အပြင်အလုပ်သမားတွေက အိမ်ခန်းငှားနေရတယ်။ ကျန်တဲ့ပိုက်ဆံလေးနဲ မိသားစုစားဝတ် နေရေး ဘယ်လိုဖြေရှင်းမလဲ။ ဒါနဲ့တောင် လွတ်တော်မှာ ၀န်ထမ်းတွေလစာတိုးပေးဘို့ နှိုင်းပြီးတွက်ပြနေသေးတယ်။
ဝန်ထမ်းတွေအကျင့်ပျက်တယ်လို့ ပြောလိုက်တာနဲ့ သူတို့ရဲ့လုပ်ငန်ခွင်မှာ အောက်ဆိုက်ရှာလို့ ဖြစ်တာပေါ့။ ဘယ်သူတွေ ဆီကနေ အောက်ဆိုက်ရှာနေကြတာလဲ။ ရှင်းပါတယ် ၀န်ထမ်းမဟုတ်သော ပြည်သူတွေရဲ့ လုပ်အားတွေကရတဲ့ ပိုက် ဆံတွေထဲကပေါ့။ ဥပမာပေါ့ လမ်းဘေးကွမ်းယာဆိုင်လေး ဈေးရောင်းတယ်။ စည်ပင်နေရာအတွက် ပိုက်ဆံပေးရတယ်
ဈေးကောက်ပေါ့။ နေရာမကောင်းရင် ဈေးတမျိုး၊ နေရာကောင်းရင် ဈေးတမျိုး။ သူဘာသာသူ ကွမ်းယာကောင်းလို့ နာ မည်ရပီး အရောင်းအ၀ယ်ကောင်းတာနဲ့ပဲ စည်ပင်က ပိုက်ဆံပိုတောင်းလာတယ်။ မပေးရင် ဆိုင်ဖွင့်ခွင့်မပေးကြတော့ဘူး လေ။ အဲဒီငွေတွေကကော နိုင်ငံတော်ငွေအဖြစ်နဲ့ အကုန်လုံးရောက်သွားသလား၊ အဲဒါတွေကို လွတ်တော်မှာ ဆွေးနွေပါ လား။ တနေ့ဆိုင်မဖွင်ရရင် တနေ့စားဝတ်နေရေးကို လက်လုပ်လက်စားတွေ ဘယ်လို့ဖြေရှင်းကြမလဲ။ အပြင်က အလုပ် သမားတွေက အုပ်ချုပ်ရေးအပိုင်းက ဥပဒေတွေနဲ့ လုပ်ကိုင်စားသောက်ရတာပါ။ မလုပ်ကြည့်ပါလား တခါထဲ အချုပ်ခန်း ထဲရောက်သွားကြတာပဲ။ အကျင့်ပျက်ဝန်ထမ်းတွေ အကျင့်ပျက်တယ်ဆိုရင် အချုပ်ထဲတန်းရောက်သွားတာလား။ ဘယ်လိုဥပဒေတွေ၊ မူဝါဒတွေ လုပ်ရင်ကောင်းမလဲဆိုတာ လွတ်တော်မှာ မဆွေးနွေးကြဘူး။
နိုင်ငံတော်သီချင်းလိုပေါ့ … ဒါဒို့ပြည်၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ
ဒို့ပြည် … ဒို့မြေ အကျိုးကို ညီညာစွာလေ ဒို့တတွေ ထမ်းဆောင်ပါစို့လေ
အမြဲတာဝန်ကျေ … အဘိုးတန်မြေ။
နိုင်ငံတော်သီချင်းဟာ
နိုင်ငံတော်ရဲ့ အစိုးရအဖွဲအစည်းတွေကသာ ဆိုခွင့်ရတဲ့ သီချင်းတောင် ဖြစ်နေသည်။
ရန်ကုန်သား တဦး

Wednesday, March 14, 2012

နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မယ်

နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မယ်
ကိုဌေးကြွယ်တို့ အုပ်စုဖြစ်ဖြစ် သံဃာတွေနဲ့တိုင်ပင်ပြီး ပြည်သူ့အစိုးရ မြန်မြန်ဖွဲ့ မြန်မြန်ကြေညာပြီး နအဖကို တိုက်မှဖြစ်မယ်။ ပြီးမှ UN ငြိမ်းချမ်းရေးတပ်ကို ၀င်ဖို့ အကူအညီတောင်းရမယ်။ အန်အယ်လ်ဒီစီအီးစီတွေလည်း ဘယ်ရောက်နေမှန်းမသိ။ လွှတ်တော်အမတ်တွေလည်း ဘယ်ဆီမှာလဲ မသိ။ လုံခြုံတဲ့နေရာမှာရှိတဲ့ ကိုဌေးကြွယ် တို့အုပ်စုသာ အစိုးရအဖွဲ့ကြေညာပြီး နအဖကို မြန်မြန်တိုက်ပါ။ အားလုံးကလည်း နိုင်ငံရေး step တခု မြှင့်တဲ့အနေနဲ့ ထောက်ခံကြပါ။ နိုင်ငံရေး step တခုကို မမြှင့်နိုင်ရင် အကုန်လုံး သေကုန်ပါလိမ့်မယ်။ သံဃာတွေနဲ့ တိုင်ပင်ပြီး အစိုးရမြန်မြန်ဖွဲ့ကြပါ။ အစိုးရဖွဲ့ပြီးတိုက်ခြင်းသာ နအဖအမြန်ပြုတ်မယ့်နည်း ဖြစ်ပါတယ်။ ၈၈တုန်းက ဦးနုအစိုးရဖွဲ့တာကိုလည်း မထောက်ခံ၊ ကျန်တဲ့လူတွေကလည်း အချိန်မီ ကြားဖြတ်အစိုးရ (သို့) စင်ပြိုင်အစိုးရမဖွဲ့ခဲ့လို့ ခံခဲ့ရတာပါ။ ဆရာဝင်လုပ်ခြင်းမဟုတ်ပါ။ သံဃာနဲ့ ပြည်သူတွေ များများမသေအောင် စေတနာနဲ့ အကြံပြုတာပါ။ဒေါက်တာလွဏ်းဆွေ

34 comments:

Soe Tunsaid...
ဒေါက်တာလွဏ်းဆွေရဲ့  အကြံကို ၁၀၀%ထောက်ခံပါတယ်။

ကျွန်တော်တို့ ကို UN ကနေမကူညီရင် အပြစ်မဲ့နိုင်ငံသားတွေပဲ ဒဏ်ရာရ အလဟသ အသက်ပြောက်ကျဆုံး ရပါလိမ့်မယ်။
Savesaid...
Yes, it is a good idea. We all need to be wiser and cleverer. If we still continue like right now (walking and praying), they will shoot again for sure because they are like cold-blooded killers. I am worry for our Buddhist monks, Students and people of Burma. So anyone who has a good idea like Dr. Loon Swe, pleased help our Burmese people by writing your suggestion on this page.
Yan Naingsaid...
right!
I also agree these words of Dr. Lwan Swe. We must do in secrect. We must beat these fools, Than Shwe and his followers.
LwinMann (poet)
Adam_GaLsaid...
Its a very MUST idea for our people.We all should spread abt it to all!!!! Our furture is in our hands!!!
Dowainnsaid...
Now, people all over the place are interested in Burma revolution. Burmese people from around the world should organize massive demonstration with the country's citizens and residents, who believes freedom, in their own location.
Thiha Kyaw Zawsaid...
I really don't think that UN and international communities will recognize that gov if 88 students formed a gov because they are not legally elected. Probably, CRPP can do it but they are under arrested now as far as I know. Military is a step over ahead now.
Thiha Kyaw Zawsaid...
U Nu could do it and International could recognize him immediately because he was the legally elected last MP and Ne Win took the power from him. The situation is different now.
Thiha Kyaw Zawsaid...
That's why the role of NLD and CRPP is extremely important now. They only can call parliament or formed a gov as far as I know. NLD and CRPP have to be survived, otherwise, we won't have any hope.
burmafreedomsaid...
ကိုလွဏ်းဆွေ
ထောက်ခံပါထယ် ခင်ဗျာ။ ခုချိန်မှ လူထုကို ထိရောက် တဲ့ခေါင်းဆောင်မှုပေး ဖို့ ကောင်းနေပါပြီ။ ဒီတိုင်း ဆက်သွား ရင်တော့ အားလုံးသေကုန်မှာ သေချာပါတယ်။ ကိုလွဏ်းဆွေ အနေနဲ့ အကြံပြုတယ် ဆိုတာ ထက် ထိထိရောက်ရောက် တိုက်တွန်းပေးနိုင် ဖို့ ကြိုးစားစေ့ ချင်ပါတယ်။ လိုအပ်ရင် ကျနော်လဲ ပူးပေါင်း ပါဝင်ပါမယ်ခင်ဗျာ။
မိုးထက်နေ
nawngsaid...
I agree with Dr.Lun Swe. But What if this killer regime doesn't recognize a new interim government formed by 88 students groups and interested political parties.
blk holesaid...
Great idea...hurry up........!!!!!
Banyarsaid...
It was very good plan though. But is there any other way that we can beat the goverment? To my opinion, there is another way we can demonstrate to goverment in non-violation that we stop working and travelling for days/months both general worker and goverment's servantif is it possible. I think it gradually affect them in some how. Please give us advice and suggestion. All welcome. ngemin@adpost.com
VIMUTTINYANADASSANAsaid...
အ န္တရယ် အရှိဆုံးနဲ့ ဆင်ခြင် ဥာဏ်ခေါင်း ပါးမှု၊ မိုက် မဲမှုအပြင် ဘာချီးကြူးစရာမှ မ တွေ့ရတဲ့ အကြံပေးချက် သာဖြစ် ကြောင်း ထောပနာလိုက် ပါတယ်။ ဒါ ကျုပ် ရဲ့ ဒီမိုက ရေစီ အခွင့် အ ရေးဗျ၊ ဆိုရင် လဲ သ ဘောပါပဲ။ ဒါပေမဲ့ သည် လို လူမျိုးတွေ မြန် မာ့နိုင် ငံရေးထဲမှာ ရှိနေတာကိုက တိုင်းပြည် ကံဆိုးတယ် လို့ မှတ် ချက်ပြုလိုက် ပါတယ်။
ညွန့်ရွှေ
luaalaysaid...
DO BAMA TWE NYI NYUT THIN PAR P TA YORK PYAW TARKO TA YORK WAYPHAN NAY BOE HTAT TA KHU KHU KO AKAUNGSONE LOK NAI BOE KA NYINOUT MU SHI BOE AYAY KYI PAR TAE.

LU 3 YORK SHI YIN 2 PARTI KWEL TAK TAE BAMA AKYINT SOE TWE PHOUT P TAYORK AKYAN PAY TAR KO MA PHIT PHIT AG LOKE THIN PAR TAE

DR LWAN SWE PYAW TAR NEE LAN KYA PAR TAE DAR PAY MAE LU MYO SONE AYOU ASA MYO SONE ZA YITE SONE NAY TAR KYAUNT ASOE YA PWEL BOE KA KHAT KHEL NAI PAR TAE

DAR PAY MAE YA NAI PAR TAE NYEE LOE MA YA NAI PHIT NAY TAMYA BAMAR PYI KO D SIT ARR NAR SHIN TWE A KWIN KAUNG YA NAY OHN MAR PAR

GAUNG SAUNG KAUNG TA YORK YA BOE ARR NAR SHIN MA HOTE TAE GAUNG SAUNG TA YORK YAE U SAUNG MHU NAUT KO NAUT LIKE KG TA YORK PHIT AUNG AYIN KYO SAR KYA YA MAR PHIT PAR TAE

LAT SHI SIT ARR NAR SHIN LAT HTEL KA NAI NGAN TAWW ARR NAR KO PYI TU ASOE YA KA AYIN SONE LWEL PYAUNG YOU KYA YAMAR PHIT PAR TAE

PEE MA SIT MAHN PEE QUALITY PYIE TAE DEMOCRACY PAN TAI KO YORK LAR MAR PHITLAR BOE 4 NIT TA KHAR YWAY KAUT PWEL LOTE P

PYI TU KA YWAY KAUT TAE LU DHU KA LO LAR TAE TU KA U SAUNG TWAR YA MAR PARKHU LO ARR LONE KA DEMOCRACY SO P LWEL NAY KYA TA MYA ARR NAR SHIN TWE ATAR SEE YA NAY OHN MAR PAR

KHU LO NHIT PAUNG 22 NEE PAR KO LWAN SWE LO TI KYA TAE MU NAE SWAY NWAY TAR LOK KYA TAR MA TWE YA PAR BU DAR KYAUNT KO NYUNT SHWE LO BAR MA AKYAN MA PAY BAE TU MAYAR PYAW TAR APYIT TIN WAY BAN TAR KO PYIN TINT PAR TAE

DAR PAY MAE PYI TU TWE NAR LAE MHU SHI LAR BOE KA TOK NAY PYI TAWW MYOR LAY TAI WAY NAY OHN MA LAR SOE YIAN MI PAR TAE

WIN HTUN WIN (U.S.A)
sleepersaid...
the story goes like this,
After ......
http://www.besternews.com/article/Bester_News_-_World_News/Has_Myanmar%27s_NLD_shot_itself_in_the_foot%3F/?ref=world
suddenly there are people who want to take its place? isn't it so soon? isn't it too obvious? outstanding!!!
the watchersaid...
@ VIMUTTINYANADASSANA
that is not a political step uncle! another political stunt to sacrifice more people including San-ga
ုkingsaid...
လူငယ် အများစုက ဖြစ်သင့် ဖြစ်ထိုက်တာ အကြံပြု ထောက်ခံနေတာ ကို..သေခါနည်း..ဦးညွန့် ရွှေတစ်ယောက်သာ..အပြင်းအထန် ကန့် ကွက်နေပုံထောက် ရင်တော့ .."ဆေ"ွ နဲ့  "ရွှေ."..အမျိုးတော်ကြတယ် ထင်တယ်...
အခု နည်းလမ်းကို မကြိုက်လို့  ထောက်မခံရင်..ဘယ်လိုများ အကြံ ရှိနေလည်းပြောပေါ့..အွန်လိုင်းမှာ ရေးသမျှစာတွေ သတိထားမိသလောက်က တော့  ကောင်းတာသိပ်မတွေ့ ရဘူး...ဖက်ဆုတ် မဲ့ စာမျိုးဘဲ တွေ့ ရတာများတယ်...။
Kyawsaid...
U Nyunt Shwe,

If you don't a greet with this idea, please come up with better idea.Or even if you cannot come up with any idea, you should have argued in any other better ways.
" Ah thet kyi pi, ah chain si par byar"
Pho Tunsaid...
louse idea, not practical.
Naingsaid...
It is a good idea but a little late information. We have no good internet access.
Radio Free Universe :said...
ကြေညာချက် (၁)
ပြည်သူ့ အစိုးရဖွဲ့ စည်းခြင်း

ဒေါ်အောင်ဆန်းစုကြည် ( သမ္မတ )
ဦးတင်ဦး (ဒု သမ္မတ ) - ၁
ဦးဝ ( ဒု သမ္မတ ) - ၂
ဦးဥာဏ်ဝင်း ( ၀န်ကြီးချုပ်)
ဒေါ်မေ၀င်းမြင့် (ဒုဝန်ကြီးချုပ်)-၁
ဦးမင်းကိုနိုင် (ဒု-၀န်ကြီးချုပ်) -၂
ဦးဝင်းထိန် (ကာကွယ်ရေး )
ဒေါ်ဝေနှင်းပွင့်သုန် (နိုင်ငံခြားရေး)
ဦးထွန်းအောင်ကျော် ( ပြည်ထဲရေး )
ဦးအုံးကြိုင် (ဘဏ္ဍာရေး နှင့် အခွန် )
ဦးခွန်ထွန်းဦး (ကုန်သွယ်ရေး)
ဦးမင်းဇေယျ (လယ်ယာ နှင့် သစိတောရေးရာ )
ဦးကိုကိုကြီး ( ပို့ ဆောင် ရေး )
ဦးဌေးကြွယ် ( သာသနာရေး )
ဦးစိုင်းသိန်းဝင်း ( နည်းပညာ နှင့် လျှပ်စစ် )
ဦးပြုံးချို ( စက်မှု နှင့် လက် မှု )
ဦးဂျင်မီ ( မွေးမြူရေး နှင့် ရေလုပ်ငန်း )
ဒေါ်မြင့်မြင့်အေး (နယ်စပ် ရေးရာ )
ဒေါက်တာလွမိးဆွေ (ပြန်ကြားရေး)
ဦးမိုးသီးဇွန် (ဆက်သွယ်ရေး)
ဒေါက်တာစင်သီယာမောင် (ကျန်းမာရေး )
ဦးဖေအောင် (ပညာရေး )
ဒေါ်ဇိုရာဖန်း (လူမှုဖူလုံရေး )
ဒေါ်နော်အုံးလှ ( ယဥိကျေးမှု )
ဦးအောင်လင်းထွဋ် ( အမျိုးသားလုံခြုံရေး)
ဦးဟန်သာမြင့် ( ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်)

ပုံ
ခင်ဥမ္မာ
ဝန်ကြီး
ဝန်ကြီးချုပ်ရုံး ၊ပြည်သူ့ အစိုးရအဖွဲ့ 
ခေတ္တ ထိုင်း-မြန်မာနယ်စပ်။
kosaid...
lol
:)
oosaid...
အစိုးရ တစ်ရပ်ဖွဲ့ ဖို့က အတော်လေးနောက်ကျသွားပြီထင်တယ် ၊ နောက်ကြောင်းပြန်ရရင်တော့ ၈၈ အရေးတော်ပုံကာလက နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုက ကြားဖြတ်အစိုးရ တစ်ရပ်ဖွဲ့ ဖို့ ကြီုးစားခဲ့တာကို အားလုံးဝိုင်းကန့်ကွက်ခဲ့ကြတယ်လေ၊
လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေရလည်း ကြားဖြတ်အစိုးရဆိုတာကို ထောက်ခံဖို့ အခက်အခဲတွေ
အများကြီးရှိနိုင်ပါတယ် ၊ အထူးသဖြင့် ASIAN နိုင်ငံတွေပေါ့ ၊ ကိုယ့်တိုင်းပြည်အတွက်ပဲ လုပ်နေတဲ့ အစိုးရတွေ ကြားမှာ မြန်မာနိုင်ငံက နောက်ပေါ်လာမယ့် ကြားဖြတ်အစိုးရ ကို သူတို့လက်ခံလိမ့်မယ် မထင်ပါဘူး၊ လောလောဆယ် တောင် နအဖ လုက်တဲ့ ရွေးကောက်ပွဲဆိုတာကို ဗီယက်နမ် နဲ့ တရုပ်က ထောက်ခံထားတာ ကိုကြည့်ရင် ဘေးပတ်ဝန်းကျင် နိုင်ငံတွေရဲ့ သဘောထားကို မှန်းဆနိင်ပါတယ်။ ဆရာလွန်းဆွေက တော့ဘာသဘောနဲ့ ပြောလဲမသိပါ ၊ သူပေးချင်တဲ့ message တော့ မခန့်မှန်းတပ်ပါ ၊
ကျွန်တော့် အယူအဆကတော့
၁၊ လက်နပ်ကိုင် တိုက်ယူခြင်း
၂၊ လူထု အားနှင့် တိုက်ယူခြင်း
၃၊ တပ်မတော်အတွင်းမှ မှ နိုင်ငံရေး အပြောင်းအလဲကို ရချင်သော တပ်မတော် သားများနှင့် ပူးပေါင်း၍ ကြားဖြတ် အစိုးရ တစ်ရပ် ဖွဲ့စည်းခြင်း တို့ပဲ ဖြစ်ပါတယ် ၊
ဒီအယူအဆကလည်း ဆရာလွမ်းဆွေ ပြောထားခဲ့ သလို စိတ်ကူး ယဉ် ဆန်ကောင်း ဆန်နေမယ်ဆိုပေမယ့် အားလုံးကြီုးစားရင် ဖြစ်နိုင်ပါလိမ့်မယ် ၊
လင်းနေခsaid...
အွန်လိုင်းကနေ အစိုးရအဖွဲ့တွေ ဖွဲ့ အွန်လိုင်းကနေ စစ်တိုက်နေလိုက်ကြတာ ကလေး ကြနေတာပဲ ခင်ဗျားတိုက ပြည်ပကနေ လှုံဆော် ပြည်တွင်းမှာ ဆူပူမှုဖြစ် ကုန်ဈေးနှုန်းတွေတတ်. ခံရတော့ ပြည်သူတွေချည်းပဲ.။. အခု ခင်ဗျား တို ဖွဲတဲ့ အစိုးရ အဖွဲ့ ဘယ်သူတွေ သဘောတူညီချက်နဲ့ ဖွင်တာလဲ.. ခင်ဗျား တိုကို ကျုပ် သိလည်း မသိဘူး ဒေါ်စု ကလွဲရင်ပေါ့.. တိုင်းပြည် ကောင်းဖို ခင်ဗျား တို ဘာလုပ်ခဲ့ပြီးပြီလဲ.. တစ်ထောင့်တစ်နေရာကနေ ပြည်သူအတွက် ဘာတွေ ဖြည်ဆည်းပေးခဲ့ဘူးလဲ.. လုပ်ဖို အခွင့်အရေး မရှိဘူးလိုတော့ မပြောနဲ့နော်.. ခင်ဗျားတို တိုင်းပြည် အုပ်ချုပ်မဲ့ သူတွေပဲ.. အခွင့်အရေး ဆိုတာ မိမိ ကိုယ်တိုင် ဖန်တီး မှရတာ.. ကျုပ် ပို့စ်ကို ခင်ဗျားတို မတင်ပေးလည်းရတယ်.. ကျုပ်နာမည် တင်လင်းဦး အသက် ၂၄ Computer Technician တစ်ယောက်။ ပြင်ဦးလွင်မှာ နေတယ်။မကျေနပ်ရင် လူချင်းတွေလိုလည်းရတယ်။ ခင်ဗျားတို လုပ်ရပ်တွေ မှားလား မှန်လား ခင်ဗျားတိုသိမှာပါ.. ခင်ဗျား တို တကယ်လုပ်နိုင်ရင် ပြည်ပ ကနေ မအော်နဲ့ြ့ပည်တွင်း ကိုလာ အမေ လိုပဲ သတ္တိရှိရှိပြော ကျုပ်တို ပြည်တွေကလည်း ပူးပေါင်း ဖို အသင့်.။ ခင်ဗျား တို က မြှောက်ပေး ဒီက လူတွေက မစဉ်းစားပဲလုပ်.. ဘယ်နှခါအောင်မြင်လိုလဲ. သေသေကြေကြေ တိုက်ကြပါလား .. ကျုပ်တိုမှာ အဲဒီစိတ်ရှိတယ်..။စစ်သားတွေထဲက လည်း ခင်ဗျား တိုနဲ့ ပူးပေါင်းချင်တယ် ဒါပေမဲ့ ခင်ဗျား တို လုပ်ဆောင်ချက်ကို ကြည်နေကြတယ်. ခင်ဗျားတိုကို ဘယ်လို ယုံကြည်ကြမလဲ .. ခင်ဗျားတိုက နေရာ ယူဖိုပဲ ကြည့်နေတာ.. တကယ်တမ်း ခံ၇တော့ ပြည်သူတွေပဲ.. ခင်ဗျား မြန်မာ ပြည်မှာ ခင်ဗျား တို လုပ်ပိုင်ခွင့် မရှိဘူးဆိုရင်..။ဒုက္ခသည် စခန်းတွေမှာ အလုပ်မလုပ်ပဲ အချောင် ခိုစားချင်လို သွားပြီးနေကြတဲ့ မြန်မာတွေ ကို အရင်ကယ်တင်လိုက်ပါဦး...။ေ
kglayngesaid...
ကိုလင်းနေခ .. ရေး ခဲ့ သလို ပဲ ..ကျွန်တော် ရဲ့ အမြင်လဲ ထပ်တူပါပဲ.. ဘာကြောင့်လဲ ဆို တော့ ပြည်တွင်း မှာ က လုပ်ချင်တိုင်း လုပ်ခွင့် မရတော့ အခက်သား လား ...ပြည်ပက နေပြီးတော့ အကြံတွေ ဘယ်လို ပဲ ပေးပေး တကယ်တန်း ကြတော့ ပြည်တွင်း မှာ လုပ်ရကိုင်ရ တာ ထင်သလောက် မလွယ်ကူလှဘူး .. ဒီတော့ ဗိုလ်ချုပ် တို့ လုပ်ခဲ့ သလို .. ပြည်ပက နိုင်ငံတော်ကို တကယ်ချစ်တဲ့ (ကိုယ့်တိုင်းပြည်ကိုကောင်းစားစေချင်တဲ့) လူတွေ စစ်ပညာကို သင်တဲ့လူ က သင်။ လက်နက်စုဆောင်းတဲ့ လူ က စုဆောင်းပြီး မြန်မာပြည်က စစ်အာဏာရှင်တွေကို တိုက်မှ ပဲ ရမှာ။ ဒီတော့မှ ပြည်တွင်း ကပြည်သူတွေ နဲ့ တိုင်းပြည်ကို ချစ်မြတ်နိုး တဲ့ စစ်သား တွေလဲ ပူးပေါင်းပါဝင်လာကြမှာ .. ..
Ngwesaid...
...if Myanmar people got no courage for Jihad, whether Myanmar Muslims can do or can somebody mastermind ?? the fact is simple, the whole world knows how cruel junta is ... so why not we are to cruel to them ... those generals and their business families are everywhere in overseas. We also have so many Myanmar communities all over the world and why not we get the 'hit man' to finished them off rather than talking, talking in blog. It's time to take action.

In 2007, they even killed a few monks and the revolution then stop. So we also no need to do so much, just target those Junta families, close business families and a few Ambassadors.

Stop dreaming of UN or US. We have to act on our own. Those days in Myanmar Kingdom era, even son assassinated king father to take over the thorn. Sometimes Myanmar have no choice, act upon the situations accordingly.

So, stop talking, writing and do something ...
Ko Thiha said...
မြန်မာနိုင်ငံကောင်းစားရေးမို့ မြန်မာပြည်သားအားလုံးနဲ့ဆိုင်ပါတယ်။ ပြည်သူအားလုံးကို ယုံကြည်မှုမပေးနိုင်ဘဲ မဖြစ်နိုင်လို့မြင်ပါတယ်။ ခေါင်းဆောင်မှုပေးမယ့်သူလို့ တာဝန်ယူကြမယ်ဆိုရင် ပြည်သူတွေကိုမိမိတို့ရဲ့ယုံကြည်ချက်နဲ့တစ်သားတည်းဖြစ်အောင် ဦးဆောင်ပေးရမယ်လို့ မြင်မိပါတယ်။
Thihathurasaid...
How many you guys are agree to abolish Burma Army? (don't think possible or not, just answer yes or no)
If we are going to democracy country, it must be completely abolish military dictators, it can't compromise with them. If you compromise you will be also become 2nd dictator.
That's why, every one must be thinking in their mind, ARMY MUST BE ABOLISH and NEED TO RE-BUILD DEMOCRATIC ARMY.
We need strong leadership for that. If we have such kind of leader, public must be follow and might be died, scarify for the country. It can be die 1000 or 10000, who will be there?
I know no body agree for this theory, almost are want to compromise with dictators.
Kyawsaid...
ကောင်းလိုက်တဲ့ IDEA. စစ်တိုက်မယ်.... တိုက်နေတဲ့ ကောင်တွေတောင်.. တိုင်ပတ်နေတာ..
ဘာတဲ့ "ကိုဌေးကြွယ်တို့ အုပ်စုဖြစ်ဖြစ် သံဃာတွေနဲ့တိုင်ပင်ပြီး" သံဃာတွေက စစ်တိုက်ရမယ်လို့ ဘုရားဟောထားလား...

"ငါကိုယ်တိုင်ထွက်တိုက်မယ်..မင်းတို့ ငါ့နောက်က လိုက်ခဲ့" လို့ပြောမလားလို့...ကြည်နေတာ...

ဟေ့ကောင်တွေ မင်းတို့ တက်... ငါနောက်မှနေခဲ့မယ်.. အဲဒီလိုလား...
weversaid...
အင်း...ခင်ဗျာတို့က ဘာနဲ့တူလဲဆိုတော့.. ဥပမာတစ်ခုပေးမယ်..... ခြံပြင်ကဟောင်နေတဲ့ ခွေးတွေနဲ့ တူတယ်။ ခင်ဗျားတို့ စကားနားထောင်မဲ့အစား ဦးကျော်သူရဲ့ စကားပဲ နားထောင်လိုက်တော့မယ်...

ဘာတဲ့...ပြန်ကြားရေးဝန်ကြီး.... မဟုတ်တာတွေပြန်ကြားနေမှတော... ဒုတိယ ကျော်ဆန်း ပဲပေါ့...

"ဦးလွဏ်းဆွေ လာမှပဲ ကျွန်တော်တို့ နိုင်ငံကြီး ပြာကျ သွားတော့တယ်" ဖြစ်သွားလိမ့်မယ်...

အဲဒီလို လက်ရုံး၇ည် နှလုံးရည့် ပြည့်စုံတဲ့ လူတွေနဲ့ တွေ့ရတာ ၀မ်းသာတယ်ဗျာ..

(ပြက်ပါပြီ မြန်မာနိုင်ငံကြီး)
မဦးsaid...
ပြောရရင်တော့နင်လားငါလား ပြောရတော့မယ်။on line မှာရန်မဖြစ်ချင်ပါဘူး။ဦးညွန့်ရွှေ၊နေလင်းခ တို့
မှတ်ချက်တွေကိုထောက်ခံတယ်။ဒေါ်စုအထဲမှာနေရစဉ်က
ပြည်တွင်းနိုင်ငံရေးဖြစ်ပျက်မှုတွေမှာ ဦးဆောင်သူမရှိ လို့
ဒီလိုဒီလမ်းကြောင်းကိုရောက်နေရတာလို့ယူဆမိတယ်။တပ်မတော်ကလဲ သဘောပေါက်တယ်။အကယ်၍များ ကူးပြောင်းခဲ့သော် ဦးဆောင်နိုင်လောက်သောခေါင်း
ဆောင်မရှိဘဲသတ်ကွင်းထဲအမိခံရမှာလေ။
ရောက်ရာနေရာဒေသမှာ ကိုယ့်လူမျိုး၊ကိုယ်နိုင်ငံ အကျိုးလေးများ၊ဒုက္ခသည်ကိစ္စ၊ရွှေ့ပြောင်းလုပ်သား
ကိစ္စများဆောင်ရွက်သည်ကပိုကောင်းပါလိမ့်မည်။
လုပ်စားနိုင်သည့်လုပ်စားနိုင်ငံရေးကိုရပ်တန့်ကရပ်ပါလို့ပြောပါရစေ။
Anonymous said...
Very Stupid Idea ....
ဝေးခွန်သိန်းsaid...
ကျနော် ကတော့ ဒေါက်တာလွဏ်းဆွေဆိုအမြဲတမ်းလေးစားတယ်ပြီးတော့ယုံလဲယုံတယ်ထောက်လဲထောက်ခံတယ် ခက်တာကကျနော်တို့ မြန်မာနိုင်ငံမှာဘာလို့ လူတော်လူကောင်းတွေအတွက်နေရာမရှိတာလဲ လူတွေပြောတော့ဝဠ်မှာအမြဲ၊ငရဲမှာအပ တဲ့အဲဒါကျနော်လုံးဝနားမလည်ဘူးဗျာ မကောင်းတာလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေကဘာလို့ ဆက်ပြီးအုပ်စိုးနေလဲမသိဘူး အဲဒီဝဠ်တွေဘယ်တော့မှကျွတ်မလဲ ဒါတွေပြောရင်းနဲ့ လေကျနော်မြန်မာပြည်မှာလူဖြစ်ရတာလူဖြစ်ရကျိုးမှနပ်ရဲ့ လားမသိဘူးဗျာ သူများနိုင်ငံလိုလူ့ အခွင့်အရေးပြည့်2၀2နေ၇အောင်ဘယ်လိုလုပ်မလဲ ဒေါက်တာရေ ကျနော်တို့ အောက်ကလူငယ်တွေပူးပေါင်းပြီးနိင်ငံရေးတိုက်ပွဲဝင်မယ့်နေ့ ကိုကျနော်ရောက်ချင်လာပြီဗျာ အဲချိန်ကျရင်သေလဲတူတူ ရှင်လဲတူတူပေါ့နော်
Unknownsaid...
After 1988 & 2007 revolution, we tried to show our unhappyness without using weapon. I mean peacefully we show out under democracy method.
Not like middle east problems. I mean no fire and no killing people anymore that is we got it now. So UN and US do not need money to expense troops and weapons for Myanmar country. I hope very good time for Myanmar present base on future and consiquencely, these all expenses they will support for Myanmar to become Asia Golden Land. Please don't plan and try to fight with gun. Please wait and see what they do insideMyanmar.

Your Sincerely,

RASU88