Friday, September 30, 2011

ဧရာဝတီထာဝရရှင်သန်ရေးအတွက် - လူထုလှုပ်ရှားမှုရဲ့ စွမ်းအားကြောင့် - ရလဒ်အဖြေထွက်

ရဟန်းရှင်လူ တိုင်းရင်းသားညီအကိုတော်များနှင့် ကျောင်းသားလူငယ် အသိပညာရှင်အတပ်ပညာရှင်များနှင့်တကွ ရုပ်ရှင်ဂီတအနုပညာရှင်များမှ မြန်မာနိုင်ငံ၏ မိခင်ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးအတွက် တက်ညီလက်ညီ
စုပေါင်းလုပ်ဆောင်မှုစွမ်းအားများကြောင့် ( ပြည်တင်းလျှင် မင်းမခံနိုင် )ဆိုသည့်အတိုင်း ပြည်သူလူထုညီတော့
စစ်အစိုးရမခံတော့ဘူးပေါ့ ဒါဟာဘက်ပေါင်းစုံကလူထု့လှုပ်ရှားမှုရဲ့ စွမ်းအားတွေကြောင့် အခုလိုရလဒ်ထွက်ပေါ်
လာတာဖြစ်တယ် ။

ဒါ့ကြောင့် လက်ရှိရရှိထားတဲ့ လူထုရဲ့ညီညွတ်မှု စွမ်းအားတွေနဲ့ ဘက်စုံနည်းစုံလူထုလှုပ်ရှားမှုတွေကို ဆက်လက် ထိမ်းသိမ်းထားပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖေါ်ဆောင်နေတဲ့ နိုင်ငံရေးပြသနာကိုနိုင်ငံရေး
နည်းအရဖြေရှင်းနိုင်မဲ့ နိုင်ငံရေးစားဝိုင်းကိုရောက်လာအောင် လူထုရဲ့ညီညွတ်မှု စွမ်းအားတွေနဲ့ ဘက်စုံ
နည်းစုံလူထုလှုပ်ရှားမှုတွေနဲ့ ဆက်လက်ဖေါက်ထွက်ဝန်းရံကြရမယ် ။

လတ်တလောထွက်ပေါ်လာတဲ့(သမ္မတကြီး၏သ၀ဏ်လွှာပါဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးကိုရပ်ဆိုင်းထားမည်)ဆိုသည့်အချက်သည် ရလဒ်ကောင်းမဟုတ်သေးပေ လုံးဝရပ်ဆိုင်လိုက်ပြီဆိုမှသာ ရလဒ်ကောင်းဖြစ်ပေလိမ့်မည် ။

သမ္မတကြီး၏ ယနေ့ပေးပို့သော သ၀ဏ်လွှာ by kothetzawaung

Wednesday, September 28, 2011

မြစ်ဆုံအရေး NDF ပြောပြီ

ခင်ဦးသာ Wednesday, 28 September 2011 16:32

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်တွင်သာမက ပြည်သူတရပ်လုံး ပါဝင်နိုင်သည့် ဆန္ဒခံယူသော နည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) က အစိုးရကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။


ယမန်နှစ်က ဆွေးနွေးပွဲတခုတွင် စကားပြောနေသော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ (ဓာတ်ပုံ - AP)

စက်တင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုစီမံကိန်းသည် တမျိုးသားလုံးနှင့်သက်ဆိုင်သဖြင့် လွှတ်တော်၏ အဆုံးအဖြတ်နှင့် လုံလောက်မည်မဟုတ်ဟု NDF ၏ ကြေညာချက်က ဆိုသည်။

“မြစ်ဆုံစီမံကိန်းကိစ္စကို ပြည်သူ တရပ်လုံးရဲ့ ဆန္ဒ တိုက်ရိုက်ခံယူသောနည်းနဲ့ ဆန္ဒခံယူပွဲ ပြုလုပ်သင့်တယ်၊ အဲဒီလို မလုပ်နိုင်သေးဘူး ဆိုရင် စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသင့်တယ်” ဟု NDF ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီသတင်းဌာနကို ပြောသည်။

စီမံကိန်းအားရပ်တန့်ရန် ပညာရှင်များ၊ ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ကန့်ကွက်မှု ကျယ်ပြန့် လာပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရန် ဆုံးဖြတ်ခဲ့သော ကိစ္စအပေါ် NDF ပါတီက အလွန်အမင်း စိုးရိမ်နေသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

“ပြည်သူ့ဆန္ဒမပါဘဲ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးတော့ ဆက်လုပ်ပါဆိုရင် တားဆီးမရတော့ပါဘူး၊ ဒါကြောင့် ပြည်သူ့တွေရဲ့ဆန္ဒကို တိုက်ရိုက်ခံယူဖို့ NDF ကကြေညာချက်ထုတ် တောင်းဆိုရတာပါ” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ် အများစုက လွှတ်တော်တွင် လွှမ်းမိုးနေသည့်အပြင် ထိုပါတီခေါင်းဆောင် အများစုသည်လည်း အစိုးရအဖွဲ့ဝင်များ ဖြစ်နေခြင်းကြောင့် မဲခွဲဆုံးဖြတ်လိုက်ပါက ပြည်သူ့ဆန္ဒမပါသော အနေအထားမျိုး ဖြစ်နိုင်သဖြင့် ဒီမိုကရေစီ နည်းကျကျ ပြည်သူ့ ဆန္ဒခံယူရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

NDF သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီကြီးဖြစ်သည်။

တခြားသော နိုင်ငံရေးအင်အားစုများ၏ မြစ်ဆုံဆည်အရေး ဝေဖန်မှုများထွက်ပေါ်ပြီး ကာလအတန်ကြာတွင် NDF ၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

NDF ကြေညာချက်တွင် မြစ်ဆုံအရေးသည် တမျိုးသားလုံးနှင့်သက်ဆိုင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း အရေးကြီး၍ တဖွဲ့တသင်း၏ လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်သင့်အရာမဟုတ်ဟု ရေးသားထားသည်။

ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ် ပေါင်းဆုံရာ နေရာ၌ တည်ဆောက်နေသော ဧရာဝတီ မြစ်ဆုံစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အများစုကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည်။

စီမံကိန်းအား ရပ်တန့်ပေးရန် ကျယ်လောင်စွာ တောင်းဆိုကန့်ကွက်နေကြသည့်တိုင် စီမံကိန်းကို ဦးဆောင်စီမံနေသည့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းက စီမံကိန်း ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဆိုခဲ့သေးသည်။

အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကလည်း မြစ်ဆုံစီမံကိန်းအား နိုင်ငံတော်အကျိုးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ် တချို့၏ မေးခွန်းများကို တုန့်ပြန်ဖြေဆိုခဲ့သည်။

ယင်းကဲ့သို့ ပြည်သူနှင့် အစိုးရခေါင်းဆောင်များ သဘောထားကွဲလွဲနေမှုတို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ အမှတ်(၁) နှင့် အမှတ် (၂) စက်မှု ၀န်ကြီး ဖြစ်သူ ဦးစိုးသိန်းက ထိုကိစ္စကြောင့် စည်းလုံးညီညွတ်မှုအား ချည့်နဲ့ မသွားစေသင့်ကြောင်း ယခုလ ၁၇ ရက်နေ့က ပြုလုပ်သည့် မြစ်ဆုံနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုသွားခဲ့သည်။

လက်ရှိအစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရဖြစ်၍ ပြည်သူတို့၏ သဘောထားဆန္ဒကို အလေးထားနားထောင်မည် ဟုလည်း ဦးစိုးသိန်းက ပြောဆိုခဲ့သည်။

(ဒါလားဟဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ) သမတ သိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေးအတွက်အပစ်ရပ်ဖို့ကမ်လှမ်းနေပြီး စစ်ဦးစီချုပ်မင်းအောင်လှိုင်က တိုင်းရင်းသားနယ်မြေတွေကို တဘက်သတ်ထိုးစစ်ဆင်ဖိတိုက်နေတယ်

(ဒါလားဟဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ) သမတ သိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေးအတွက်အပစ်ရပ်ဖို့ကမ်လှမ်းနေပြီး စစ်ဦးစီချုပ်မင်းအောင်လှိုင်က တိုင်းရင်းသားနယ်မြေတွေကို တဘက်သတ်ထိုးစစ်ဆင် ဖိတိုက်နေတယ်

KIO နယ်မြေတွင်း အစိုးရတပ်များ တိုးမြှင့်ချ၊ တိုက်ပွဲဆက်ဖြစ်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၆ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်အတွင်းရှိ ရဲဘက်စခန်းတခုကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့မှ ဖွင့်ပေးလိုက်ပြီးနောက် KIO တပ်မဟာ ၄ ထိန်းချုပ်နယ်မြေသို့ အစိုးရမှ တပ်အင်အား ၂,၀၀၀ ခန့် တိုးမြှင့်ချထားလိုက်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှ ရွှေပြည်သစ် ရဲဘက်အကျဉ်းစခန်းတခုကို KIO တပ်ဖွဲ့များ ဖွင့်ပေးလိုက်သည့်နောက် အစိုးရတပ်အင်အား ၂,၀၀၀ ကျော်သည် ရှမ်းပြည်နယ် ကုတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်တုံမြို့နယ်အတွင်း ရောက်ရှိလာကာ တိုက်ပွဲများ ယခုထိ ဖြစ်ပွားနေဆဲဖြစ်သည်။

“သူတို့ဘက်က လူအင်အား၊ လက်နက်ကြီးတွေ တိုးလာတဲ့ အခါကျတော့ စစ်ပွဲက ရပ်သွားမယ်လို့ မမျှော်လင့်တော့ဘူး။ စစ်ပွဲကတော့ ဆက်ဖြစ်မဲ့ အခြေအနေပါ”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။

ရှမ်းပြည်နယ် သိန္နီမြို့ အခြေစိုက် အစိုးရတပ်မှ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန-စကခ ၁၆ လက်အောက်ခံတပ်ရင်း အများစုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အင်အားများ တိုးချဲ့တိုက်ခိုက်လာသဖြင့် KIO ၏ တပ်မဟာ ၄ ဗဟိုဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ရှောင်တိမ်းနေရသည်။ တပ်ရင်း ၂ နှင့် တပ်ရင်း ၉ တို့မှာလည်း နေရာပြောင်းကာ ပြောက်ကျားစနစ်ဖြင့် ခုခံနေရသည်ဟု ဗိုလ်မှူးကြီးဇော်ရော်က ဆိုသည်။

တိုက်ပွဲများအတွင်း KIO ဘက်မှ ဗိုလ်အဆင့် တဦး အပါအဝင် တပ်သား ငါး ဦး ကျဆုံးခဲ့ပြီး အစိုးရတပ်ဘက်မှ ယနေ့ထိဆိုလျှင်၂၀၀ ခန့် ကျဆုံးမှု ရှိနေပြီဟု သိရသည်။ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

ဆက်စပ်သတင်းတရပ်မှာ မူဆယ်မြို့နယ် မန်ဂျေကျေးရွာ အနီး ရွာသစ်ကုန်းရွာမှ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် မရိစ်ကော့ အမည်ရှိ ကချင်အမျိုးသမီး တဦးကို အစိုးရတပ်ဖွဲ့များက တပ်စခန်းအတွင်း ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“သူကို ကျောင်းဆရာမတဦးက အာမခံပြီးတော့ ခေါ်ထားတယ်။ ညညအိပ်ရင် လန့်လန့်နိုးပြီး ငိုတာတို့ ဖြစ်တယ်လို့ ပြောတယ်၊ ရှမ်းပြည်မှာလည်း ပလောင်အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ကြားနေရတယ်။ ဖြစ်တယ်ဆိုလို့ ဘယ်ကိုရောက်သွားတယ်ဆိုတာလိုက် စုံစမ်းနေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းမှ ပန်ဆိုင်းကျေးရွာအနီး စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်က ယင်းတို့၏ ဆွေးမျိုးများနေအိမ်တွင် နေထိုင်နေသော်လည်း သက်ဆိုင်ရာ ရဲများက ဧည့်စားရင်း စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု တရုတ်မြန်မာနယ်စပ်မှ စစ်ပြေးဒုက္ခသည်များကို ကူညီနေသူလည်း ဖြစ်သူ ဒေါ်မိုင်းဂျာက ဆက်ပြောသည်။

ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့သည် အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ပဏာမ တွေ့ဆုံခဲ့သော်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ဘဲ ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရန် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

Monday, September 26, 2011

၂၃နှစ်ပြည့် ရွှေဝါရောင်နှစ်ပါတ်လည် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

"အရှေ့မှာရင်ဘတ်၊ အနောက်မှာ ကျော"



မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်


.

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္လာနေ့တွင် ဖြစ်ခဲ့သည့် ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှုနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူများကို ဝေဖန်နေသည့်အပေါ် မိမိတို့ စေတနာသန့်သန့်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ဦးဝင်းချိုကဆိုသည်။ ယင်းလှုပ်ရှားမှုကို လုံခြုံရေးနှင့် ရဲဝန်ထမ်း ၄ဝဝ ခန့်က လူစုခွဲပစ်ခဲ့သည်။

ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်များအကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်အမြင်၊ ယခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်ရေး အပေါ်သက်ရောက်မှု၊ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် များကို ပြန်လည်တုန့်ပြန်မှုတို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးဝင်းချိုကို မေးမြန်းထားသည်။

ဘယ်လို အိုင်ဒီယာနဲ့ ဒီနေ့ အစီအစဉ်ကို လုပ်ဖြစ်တာလဲခင်ဗျာ့။

“အမှန်ပြောရရင် ကျနော်က ရွှေဝါရောင် နှစ်ပတ်လည်ပွဲကို သွားတက်တာပါ။ ပွဲက ဒေါ်နော်အုန်းလှတို့ ဦးစီးပြီးတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ လုပ်တာပါ၊ ကျနော် သွားတက်တဲ့အခါကျတော့ အဲဒီမှာ သူတို့ ဆုတောင်းဖို့အတွက် သူတို့ အစီအစဉ်ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ သူတို့ ဆုတောင်းဖို့ လုပ်ထားတဲ့ အစီအစဉ်က ကားသုံးစီးနဲ့ ဆူးလေ ဘုရားမှာ သွားပြီးတော့ ဆုတောင်းမယ် ဝတ်ပြုမယ်ပေါ့။ အဲဒီအတွက် အားလုံး အဆင်ပြေပြေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်ဖို့ ကျနော်က အဲဒီကျတော့မှ ကျနော်က ပူးပေါင်းပါဝင်ဖြစ်တာပါ။ ဒီကိစ္စ ကျနော် စီစဉ်တာ မဟုတ်ပါဘူး။”



အန်ကယ်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ပါဝင်ဖြစ်တယ်ဆိုတော့၊ အာဏာပိုင်တွေဘက်က တင်းတင်းမာမာ တုန့်ပြန်လာမယ်လို့ မျှော်လင့်ထားလို့လား။

“ပထမ ကျနော်သိထားတာကတော့ ပုဒ်မ ၃၅၄ (၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ) ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လပ်စွာဖေါ်ထုတ်ဖို့ဆိုတဲ့ ကိစ္စမှာ ကျနော်ကိုယ်တိုင် ဂျွန်လ ငါးရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် ကျနော်ရယ် နေမျိုးဝေရယ်၊ ကိုစိုးကြည်ရယ်၊ ကိုမင်းအောင်ရယ် ကျနော်တို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက ပြောပါတယ်။ နည်းဥပဒေ ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက်ပါတဲ့။ အဲဒီတော့ နည်းဥပဒေ ထုတ်ပြန်ဖို့ဆိုတာကလည်း အခုမှ လွှတ်တော်မှာ
ဆွေးနွေးနေဆဲဆိုတာ ကျနော်သိတယ်လေ။ ဆိုတော့ နည်းဥပဒေ မထုတ်ပြန်သေးခင် ကျနော်တို့ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်သလောက် ထိန်းသိမ်းပေးဖို့အတွက်။ ကျနော်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်အနေနဲ့ ကျနော် လိုက်သွားတာပါ။”

ဘယ်လိုကနေ ဘယ်လိုတားတာလဲ ခင်ဗျာ့။

“မြောက်ဥက္ကလာကနေ ကမ္ဘာအေး ဘုရားလမ်းကို ချိုးပါတယ်။ အဲဒီမှာ ယဉ်ထိန်းကနေ တားပြီးတော့ လိုင်စင် စစ်ပါတယ်။ အဲဒီမှာ ရဲမှူးကြီးက လိုင်းကားတွေဟာ လိုင်းမဆွဲဘဲနဲ့ နဝလီ (အငှားလိုက်ခြင်း) ငှားတဲ့အတွက် အရေးယူခံရမှာဖြစ်တယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့ ငှားလာတဲ့ ကားတွေက ရှေ့ဆက် မသွားရဲတော့ဘူး
သူတို့က ဥပဒေနဲ့ ငြိနေတဲ့အတွက် သူတို့ အရေးယူခံရမှာကြောက်ပါတယ် ဆိုပြီးတော့ ကျနော်တို့ငှားထားတဲ့ ပိုက်ဆံကို ပြန်ပေးပါတယ်။ ကျနော်တို့ကလည်း နောက်ထပ် ကားငှားဖို့ မလွယ်တဲ့အခါ လမ်းလျှောက်သွားမယ်
ဆိုတော့ ငါး ယောက်ထက်ပိုရင်လည်း တည်ဆဲဥပဒေအရ အရေးယူမှာပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ကမ္ဘာအေး ဘုရားလမ်း ပလက်ဖေါင်းမှာပဲ ဘုရားဝတ်ပြုပါတယ်။ ပြီးတော့ ကျနော်တို့ လူစုခွဲလိုက်ပါတယ်”

ရဲ အဲဒီလောက်ပမာဏက အစတည်းက စောင့်တားတာလား။

“ဦးမောင်စိုး (ရဲမှူး) လာတားတုန်းကတော့ သူရယ်၊ ကားနှစ်စီးလောက်ပဲ ပါတာပေါ့။ ကားနှစ်စီးလောက်က နေပြီး
တော့ နောက်ထပ်ကျတော့ အများကြီးရောက်လာတာပေါ့။”

ဒီအစီအစဉ်မှာ တခြား ဘယ်သူတွေပါသေးလဲ။

“ကျနော်သိတဲ့လူတွေထဲမှာတော့ တလောက မြစ်ကြီးနား ထောင်ကပြန်လွှတ်လာတဲ့ မျိုးခင်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်လာတဲ့ ကျနော်တို့ အလုပ်သမား သွေးစည်းညီညွတ်ရေးမှာ အတူတူ လက်တွဲခဲ့တဲ့ ထွန်းထွန်းနိုင်တို့ပါတယ်။ ဒေါ်နော်အုန်းလှ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်က ကိုဝေဠု
တို့ပါတယ်။ တခြားလူတွေတော့ ကျနော်မသိပါဘူး။”

ရည်ရွယ်ချက်က ဆန္ဒထုတ်ဖေါ်ဖို့လုပ်တာလား၊ ဆုတောင်းဖို့ သက်သက်ပဲလားခင်ဗျာ့။

“ကျနော်တို့က ဆန္ဒပြဖို့ လုံးဝမကြိုးစားခဲ့တာပါ။ ကျနော်တို့က ကားနဲ့သွားပြီးတော့ ဆူးလေဘုရားမှာ ဝတ်ပြုမယ်၊ ဆုတောင်းမှာ ဒီဟာက ကျနော်တို့ ဆန္ဒပြတဲ့အကြောင်းအရာ မဟုတ်ဘူး။ ဒီဟာက ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ခြင်း ဘာလိုချင်တယ် ဘာပေးပါ။ ဒီဟာကို မလိုချင်ဘူး ဟိုဟာပေးပါ အစရှိသဖြင့် ကျနော်တို့ရဲ့ ဆန္ဒတွေ ပြောနေတာ မဟုတ်ပါဘူး။ ကိုဝေဠုတို့ စီစဉ်တာကလည်း ဝတ်ပြုဆုတောင်းဖို့ပါပဲ”

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးတာဟာ ဒီလို လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့ လို့ပြောသံတွေ ကြားရပါတယ်။ အခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားကိစ္စ မထိခိုက်နိုင်ဘူးလား။

“ကျနော်တို့လုပ်ခဲ့ပါတယ်။ ကျနော် စီစဉ်တာတော့ မဟုတ်ပါဘူး။ တချိန်တည်းမှာ အမှားအယွင်းဖြစ်ခဲ့ရင်လည်း ကျနော်တာဝန်ယူပါတယ်။ ခေါင်းမရှောင်ပါဘူး။ ကျနော် ဘာ့ကြောင့် ဒီပွဲထဲကို ဝင်သွားရသလဲဆိုတာလည်း ကလေးတွေက ကျနော့်ကို တောင်းဆိုပါတယ်။ အန်ကယ် ဝိုင်းထိန်းပေးပါ။ ကျနော်ကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ သူတို့က ပြောပါတယ်။ အဲဒီတော့ ကျနော်ကလည်း အဲဒီကိစ္စ ဝိုင်းဝန်း ကူညီပေးတာပါ”

နောက်တခုက ဒီကိစ္စဟာ သွေးရိုးသားရိုးမဟုတ်ဘူး နောက်ကွယ်မှာ တခုခု ရှိနေနိုင်တယ်လို့ ဝေဖန်
ကြပါတယ် အဲဒီအပေါ်မှာကော။

“ကျနော်လည်း အဲဒါကို သိပါတယ်၊ ဒေါက်တာသန်းထွဋ်အောင်က လုံးဝ လက်မခံနိုင်ဘူး။ နောက်ကွယ်က
ပြဿနာကို ဖေါ်ထုတ်ရမယ်လို့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ပြောရဲတဲ့ စေတနာကို လေးစားပါတယ်။
ဒါပေမယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်ရင် ကျနော်တို့လို လူညံ့တွေလည်း ဒီနိုင်ငံမှာ အသက်ရှင်ခွင့်ပြုပါ လို့ပြောချင်တယ်။”

“ကျနော်တို့ ချောင်းရေက သူ့ဘာသာ သူနောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့ ရေသောက်ဆင်းမိပါတယ်။ အဲဒီတော့ ဒီချောင်းရေ နောက်သွားတယ်။ ကျနော်မဟုတ်ပါဘူး ဆိုရင်တောင် နင်မဟုတ်ရင် နင့်အဖေပဲလို့ ဖြစ်နိုင်ရင် မပြောစေချင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာရပ်မှာ ဖြစ်နေသလိုမျိုး လှုပ်ရှားမှုတွေ မဖြစ်စေလိုပုံ ပေါ်ပါတယ်၊ ဒီအပေါ်မှာကော။

“ကျနော်တို့ ခေါင်းဆောင်က ဒါလုပ်ဆိုမှ လုပ်တဲ့လူတွေမဟုတ်တာတော့ ကျနော်တို့မှာ အပြစ်ရှိတာ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ နောက်တခါ ကျနော်တို့က ကိုယ့်အယူအဆ လေးတွေကို ဖေါ်ထုတ်တာလည်း ခေါင်းဆောင်လည်း လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ အဲဒီအတွက် ခေါင်းဆောင်လုပ်နေတဲ့ အကြောင်းအရာတွေကို အနှောက်အယှက် ဖြစ်စေချင်တဲ့ ဘယ်သူ့မှာမှ ဖြစ်စေချင်တဲ့ ဆန္ဒလုံးဝမရှိပါခင်ဗျာ။”

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အန်တီစုနဲ့ သဘောထား မကွဲနိုင်ဘူးလား။

“ကျနော်ကတော့ အဲဒီလို မမြင်ဘူးခင်ဗျာ့၊ အန်တီကတော့ အားလုံး ကိုယ့်ဟာကို လမ်းလျှောက်နိုင်ဖို့အတွက်
ပိုပြီးတော့ စိတ်ဝင်စားမယ် ထင်ပါတယ်။ အစတည်းကလည်း အန်တီယောက်တည်းနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့
ဆိုတာ မဟုတ်သေးဘူး မှားတယ် ဆိုပြီးတော့ ပြောပါတယ်။ သူ့တယောက် တည်းကိုပဲ အားကိုးနေရင် အာဏာရှင်
ဖြစ်သွားမယ်လို့လည်း ပြောဖူးပါတယ်။ ဒီကိစ္စမှာ ကလေးတွေ လုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဝိုင်းဝန်း ထိန်းသိမ်းပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်မှားသွားရင်လည်း သမိုင်းက ရေးသွားပါလိမ့်မယ်။ သို့သော် လည်း ကျနော်တို့ စေတနာ မသန့်တဲ့ အလုပ်တော့ တခုမှ မလုပ်ခဲ့ပါဘူး။”

နောက်ထပ်မေးချင်တာက အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ဝေါဟာရကို အန်ကယ် ဘယ်လို အဓိပ္ပါယ် ဖွင့်ပါသလဲ။

“ဖွဲ့စည်းပုံ အသက်မဝင်သေးခင် ရွေးကောက်ပွဲလည်း မစသေးခင်က ကျနော်ပြောခဲ့တယ်ဗျ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား ကြားထဲမှာ သံသယ ကင်းကင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ခဲ့ရင် အဲဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါပဲ။”

အဲဒီ ပွင့်ပွင်းလင်း ဆက်ဆံနေကြတဲ့ အခြေအနေတွေ မြင်နေရပြီလား။

“အဲဒါကတော့ ကျနော်တို့ စမ်းသပ်ဆဲကာလဖြစ်ပါတယ်။ ကျနော်တို့ တယောက်ကို တယောက် ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် အမှားအယွင်းလေးတွေရှိရင် သည်းခံပြီးတော့ ကျနော်တို့ ပြုပြင်သွားရင် ဒီကိစ္စဟာ အဆင်ပြေသွားမယ်လို့ ကျနော်က ယူဆပါတယ်။ ပြည်သူမပါတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ဖြစ်နိုင်
မယ်လို့ ခင်ဗျားကော ထင်သလားဗျာ။”

အန်ကယ့်ရဲ့ နိုင်ငံရေး အယူအဆလည်း ပြောပါဦး။

“အခုလက်ငင်းအချိန်မှာ ကျနော်တို့ နိုင်ငံရေး အယူအဆနဲ့ ပတ်သက်ပြီး နိုင်ငံရေးကို မလုပ်ရသေးဘူး ထင်တာပဲ။ ကျနော်တို့ အခုလုပ်နေတာတွေက နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ်မှုကိုပဲ မပြီးဆုံးနိုင်အောင် ထမ်းဆောင်
နေရသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၂ဝ၁ဝ၊ ၂ဝ၁၁ ဖေဖေါ်ဝါရီ ကျတော့မှ ပြန်ရှိတာကိုး။ နှစ်ပေါင်း နှစ်ဆယ်လောက်နီးနီး နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ တာဝန်များ ဆိုတဲ့ဟာက အခုအချိန်မှာ တခါမှ မခံစားဘူးဖူးလေ။ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ အခန်းကဏ္ဍ ပုဒ်မ
၃၄၅ ကနေ ၃၉ဝ အထိကို ကြေကြေ ညက်ညက်သိဖို့ကို အရင်ဆုံးကြိုးစားနေရတဲ့အခါမှာ မူဝါဒ ကိစ္စ ကိုပြောဖို့ မလွယ်လောက်သေးဘူး။”

နောက်ဆုံး မေးခွန်းပါပဲ ခင်ဗျာ၊ ဒီနေ့ အခြေအနေမှာ ရဲတွေ၊ လုံခြုံရေးတွေက အန်ကယ်တို့ကို ဆက်ဆံတဲ့ အနေအထားလည်း သိပါရစေ။

“ကာလ၊ ဒေသ၊ ပရောဂ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အခြေအနေတခု ပြောင်းသွားလို့ရှိရင် အပြုအမူက
ပြောင်းသွားရမှာကိုး။ အခုအခြေအနေမှာတော့ သူတို့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။”

နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါခင်ဗျာ။

“ဒီလိုပါဗျာ။ ကျနော်တို့ အကောင်းကြိုးစားပြီး လုပ်နေပါတယ်။ မှားတာတွေ ရှိနိုင်ပါတယ်။ ဘာမှ မလုပ်တာထက် စာရင်တော့ စေတနာ သန့်သန့်နဲ့ လုပ်ကိုင်ရင်းနဲ့ မှားတာလေးတွေရှိရင် ကျနော်တို့ကို နားလည်ပေးပါ။ ကျနော်တို့
စေတနာ မယုတ်မာပါဘူး။ ကျနော် ဘယ်သူ့အားကိုးနဲ့ ဘယ်သူ့ သြဇာနဲ့ ကျနော့်ကို ဒီလို အလုပ်မျိုး လုပ်နေတယ်လို့ ကျနော့်ကိုဖြစ်နိုင်ရင် မစွတ်စွဲစေချင်ဘူးဗျာ။ ကျနော့်ကို သေသေချာချာလေး လေ့လာပေးပါ။ ဦးဝင်းချိုက အရှေ့မှာ ရင်ဘတ်၊ အနောက်မှာ ကျောကလွဲရင် ဘာမှ မရှိတဲ့လူပါ။ လုံးဝတသီးပုဂ္ဂလပါ အဲဒါကို လုံးဝ ကြေညာပါတယ်။”

ဆူးလေစေတီတော် အနီးမှ စုဝေးဖြင့် ထွက်ခွာခဲ့သူ အချို့၏ အခြေအနေ

ဆူးလေစေတီတော် အနီးမှ စုဝေးဖြင့် ထွက်ခွာခဲ့သူ အချို့၏ အခြေအနေ


မွန်းလွဲ(၁၂)နာရီခန့်

- ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စုဝေး၍

မွန်းလွဲ(၁)နာရီကျော်ခန့်

- ရွှေတိဂုံစေတီဘက်သို့ ဦးတည် ထွက်ခွာခဲ့ကြသည် ။

- စတင်ထွက်ခွာစဉ်က (၅၀)ကျော်ခန့်ရှိပြီး အများစုသည် တီရှပ်အ၀ါရောင်များ ၀တ်ဆင်ထား။

မွန်းလွဲ(၂)နာရီခွဲခန့်

- ရွှေဂုံတိုင်မီးပွိုင့် အနီးမှစ၍ လူစုခွဲသွားကြကြောင်း သိရ။


ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေးထွက်ခွာခဲ့သူများ၏ အခြေအနေ

မွန်းလွဲ(၁၂)နာရီခွဲခန့်

- ဒဂုံမြို့သစ်မြောက်ပိုင်း စုရပ်မှ BM ကား(၃)စီးဖြင့် ထွက်ခွာ။

- ဆူးလေစေတီတော်သို့ ဦးတည်ထွက်ခွာခြင်း ဖြစ်ကြောင်း သိရ။

မွန်းလွဲ(၁)နာရီကျော်ခန့်

- သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းဝမှတ်တိုင်အနီးမှ နေ၍ ဆက်မသွားရန် တားမြစ်။

- ယင်းကဲ့သို့ တားမြစ်သောကြောင့် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြ။

- န၀ဒေးမှတ်တိုင် အနီးတွင် အတန်ကြာ စုဝေးပြီးနောက် ဆုတောင်းမှုများ ပြုလုပ်။

မွန်းလွဲ(၂)နာရီ(၁၀)မိနစ်ခန့်

- သက်ဆိုင်ရာ၏ တားမြစ်ချက်အရ လူစုခွဲကာ ပြန်လည်ထွက်ခွာ သွားခဲ့ကြ။

- န၀ဒေးမှတ်တိုင်အနီးတွင် စုဝေးခဲ့သူ လူဦးရေ(၂၀၀)ခန့်ရှိ။

“ကျွန်တော်တို့ဟာ လမ်းလျှောက်ဖို့ ဆန္ဒလုံးဝမရှိတဲ့ အတွက်ကြောင့် မြောက်ဒဂုံ မကွေးကျောင်းတိုက် နားကနေပြီးတော့ BM ကား(၃)စီးငှား ပြီး ဆူးလေဘုရားကို ထွက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ကို န၀ဒေးလမ်းဝမှတ်တိုင် အနားကနေပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကားမောင်းသမားတွေကို သူတို့ရဲ့ယာဉ်လိုင်းချိန်ပြင်ပမှာ ပြေးဆွဲလို့ဆိုပြီး ထပ်မံမောင်းနှင်ခွင့် မပြုတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လမ်းလျှောက်ပြီး သွားခဲ့ရတာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူအယောက်(၂၀၀)နီးပါးလောက် ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်နိုင်ဖို့ အတွက် ဒီမိုကရေစီနဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ အစိုးရဟာ ဟန်ချက် ညီညီဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖော်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ။ ဒီအဖွဲ့ကို ဦးဆောင်တဲ့သူတွေက ကိုဝေဠု ၊ဒေါ်နော်အုန်းလှ၊ ဦးဝင်းချို တို့ ဖြစ်ပါတယ်။” ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေး၍ ကမ္ဘာအေး ဘုရားလမ်း န၀ဒေးမှတ်တိုင် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။

“၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည် လုပ်ကြတာပါ။ အဲဒီတုန်းက သေဆုံးခဲ့တဲ့သူတွေ၊ ထိခိုက်နစ်နာ တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်”ဟု ပါဝင်ခဲ့သူတစ်ဦးက ပြောပြပါသည်။

ယင်းကဲ့သို့ ဆုတောင်း အမျှဝေမှုများ ပြုလုပ်ခဲ့သူများသည် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြန်လည် လူစုခွဲခဲ့ကြကြောင်း သတင်းရရှိပါသည် ။

ရွှေဝါရောင်နှစ်ပတ်လည်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတောင်းဆို

by General Knowledge on Monday, September 26, 2011 at 4:44am

ရွှေဝါရောင်တော်လှန်ရေး လေးနှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်တိုင်၊ တောင်ဥက္ကလာပမြို့နယ်
၁၅ ရပ်ကွက် ၆ ၀ိုင်း ပစ္ဆိမာရုံ(မြိတ်) ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်း နိုင်ငံရေးအင်အားစုများ
စုံစုံညီညီတက်ရောက်ခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည် ။

ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် ကျဆုံး သွားခဲ့ရသူများအတွက် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ မူလတန်းကျောင်းသားများအား စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်း တို့ ပြုလုပ်ခဲ့သည် ။

ရွှေဝါရောင်နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင် အပါအ၀င် ပါတီဝင်များ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌဦးသုဝေ အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအင်

အားစု (NDF) မှ ပါတီဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တသီးပုဂ္ဂလ အမတ်များ၊ ဒေါက်တာစောနိုင် ဦးဆောင်သော တောင်ဥက္ကလာလူငယ်ကွန်ရက် အပါအ၀င် ကွန်ရက်အဖွဲ့ဝင်များ စသည်ဖြင့် တက်ရောက်သူပေါင်း ၁၀၀၀ကျော်ရှိသည်။
“ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ သံဃာတော်တွေ၊ ရဟန်းရှင်လူ ပြည်သူတွေကို သတိရအောက်မေ့တဲ့ အနေနဲ့ ဒီပွဲလေးကို လုပ်ဖြစ်ပါတယ်။ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတိရတဲ့ အနေနဲ့ တက်ရောက်ကြတာပါ” ဟု ပွဲစီစဉ်သူ တောင်ဥက္ကလာလူငယ် ကွန်ရက်မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ကိုသိန်းဌေးက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုစာ ဖတ်ကြားခဲ့သည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ အားလုံးက ညီညီညွတ်ညွတ်ပဲ တောင်းဆိုကြတာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦးက ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအနေနှင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင် မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသား

များ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမည်ဟု တောင်ဥက္ကလာ လူငယ်ကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။


ယင်းအခမ်းအနားသို့ သံဃာတော် အပါး ၇၀ ကျော်တက်ရောက်ခဲ့ကြပြီး အရပ်ဝတ်ရဲများက အခမ်းအနား တက်ရောက်လာသူများကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့် အယှက် ပေးခြင်း မရှိခဲ့ပေ။

မြောက်ဒဂုံမှာပြုလုပ်တဲ့ရွှေဝါေ​ရာင်(၄)နှစ်ပြည့်အခန်းအနားအပြီး​ ဆူးလေသို့ ချီတက်

ဒီနေ့ မြောက်ဒဂုံမှာပြုလုပ်တဲ့ရွှေဝါေ​ရာင်(၄)နှစ်ပြည့်အခန်းအနားအပြီး​ ဆူးလေကိုသွားဖို့ လုပ်တဲ့အချိန်မှာ ကားတွေကိုပေးမထွက်ဘဲ မြောက်ဥက္ကလာလမ်းဝမှတ်တိုင်မှာအာ​ဏာပိုင်တွေကစတင်တားဆီးတယ်..လူတွေကလမ်းလျှောက်ပြီးဆူးလေအထိချီတက်ဖို့ လုပ်တာကို ကမ္ဘာအေးဘုရားလမ်းမပေါ်ကမိုးဇလရုံးရှေ့ မှာပိတ်ဆို့ ထာတးယ်လို့ သိရတယ်.လူ၂၀၀၀န်းကျင်ရှိတယ် ။

မြောက်ဥက္ကလာမှ ဆန္ဒပြသူများချီတက်နောက်30 တွင်ဆူးလေရောက်မည်
aung
ဟုတ်ညီ
Sent at 2:33 AM on Monday
aung
အခု အခြေအတင်ဖြစ်နေတယ်
ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်တဲ့
မရမ်းကုန်းမြို့အ၀င်လမ်းဝ
န၀ဒေး ရုပ်ရှင်ရုံရှေ့မှာ
Sent at 2:34 AM on Monday
ဟုတ်
aung
ဗဟန်းရေခဲဆိုင်ထိပ်မှာ ပိတ်မိနေတယ် တဲ့
အဲဒါ နောက်တနေရာလား
aung
ဟုတ်တယ်
Sent at 3:50 AM on Monday
aung
ဆုလေအုပ်စုက မြောက်အုပ်စုဆီသွားပေါင်းတာ
ဗဟန်းရေခဲဆိုင်ထိပ်မှာ ပိတ်မိနေတာ
aung
လွန်ခဲခတဲ့မီနစ်၂၀လောက်ကပါ
Sent at 3:56 AM on Monday
aung
ဆူးလေမှာ လူပြန် စုနေတယ် တဲ့ရေခဲဆိုင်က အဖွဲ့တွေရော
မြောက်ဥက္ကလာပက လူတွေရော ဆူးလေမှာပြန်ဆုံကြမယ် တဲ့။
မြောက်ဥက္ကလာမှာ နှစ်ယောက်တတွဲ လမ်းလျှောက်လာခဲ့ကြတယ် တဲ့
ဗဟန်းမှာတော့ ကိုယ့်ဖာသာကိုယ် လူစု ခွဲလိုက်တယ် တဲ့

Sent at 4:17 AM on Monday

ခုန နဝဒေနဲ့မှာ ပိတ်ထားတာကရော
aung
ဆူးလေမှာ လူပြန် စုနေတယ် တဲ့ရေခဲဆိုင်က အဖွဲ့တွေရောမြောက်ဥက္ကလာပက လူတွေရော ဆူးလေမှာ
ပြန်ဆုံကြမယ် တဲ့။
မြောက်ဥက္ကလာမှာ နှစ်ယောက်တတွဲ လမ်းလျှောက်လာခဲ့ကြတယ် တဲ့ဗဟန်းမှာတော့ ကိုယ့်ဖာသာကိုယ် လူစု ခွဲလိုက်တယ်တဲ့ သံဃာ့ လှုပ်ရှားမှု လေးနှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆုတောင်းမှုများပြုလုပ်မယ့် သူများဟာ
ရန်ကုန်မြို့ မြောက်ဥက္ကလာလမ်းဆုံနဲ့ ဗဟန်း ရေခဲဆိုင်အနီးတွင် အာဏာပိုင်များရဲ့ ပိတ်ဆို့မှုအချို့ကို
ကြုံတွေ့ခဲ့ရပြီးနောက်မူလ ဆုံရပ်ဖြစ်တဲ့ ဆူးလေဘုရားတွင် ပြန်လည် စုစည်းဖို့ ကြိုးစားနေကြပါတယ်။
လှုပ်ရှားသူများအနေနဲ့ အာဏာပိုင်များနဲ့ ထိပ်တိုက်တွေ့ရန်မရည်ရွယ်ကြောင်း၊ ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း သိရပါတယ်။

Sunday, September 25, 2011

မာနယ်စိုးစစ်ဆင်ရေးတပ်ပေါင်းစုနှင့် တရားမ၀င်စစ်အစိုးရတပ်တိုက်ပွဲဖြစ်

ဧရာဝတီသတင်းမှ သူပုန်တပ်ပေါင်းစုနှင့် အစိုးရတပ်တိုက်ပွဲဖြစ် ဆိုသည့် သတင်းခေါင်းစဉ်ကို မာနယ်စိုးစစ်ဆင်ရေးတပ်ပေါင်းစုနှင့် တရားမ၀င်စစ်အစိုးရတပ်တိုက်ပွဲဖြစ်ဟုပြန်လည်
ပြောင်လဲသုံးနှုန်းထားပါသည် ။

သန်းထိုက်ဦး Friday, 23 September 2011 17:28

တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရတပ်တို့ ကရင်ပြည်နယ်အတွင်း ယမန်နေ့ညက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

မြ၀တီမြို့၊ သေဘောဘိုး ကျေးရွာ အနီး တပ်စွဲထားသော ခြေမြန်တပ်ရင်းအမှတ် ၂၀၄ တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားစဉ် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်ဘက်တွင် ထိခိုက်ကျဆုံးမှု ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီကို ပြောသည်။

မြ၀တီခရိုင်အတွင်း လှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင် တချို့ (ဓာတ်ပုံ - ဧရာဝတီ)

ပူးပေါင်းအဖွဲ့တွင် DKBA နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့မှ တပ်ဖွဲ့ဝင်များ၊ ဇိုမီးနှင့် ရခိုင် တိုင်းရင်းသား တပ်ဖွဲ့ဝင် တချို့ပါဝင်ကြောင်း သူက ပြောသည်။

တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး သီးခြား အတည် ပြုချက် မရရှိသေးပေ။

ယနေ့ နောက်ဆုံး သတင်းအရ အင်အား ၄၀ ခန့်ရှိသည့် အစိုးရ စစ်ကြောင်း တကြောင်း ယင်း ဒေသသို့ လာနေသည်ဟု ဗိုလ်မှူးစန်းအောင်က ဆိုသည်။

“တကယ်လို့ သူတို့ အရှောင်အကွင်း မကောင်းရင်တော့ တိုက်ပွဲဟာ ကြီးကြီးမားမား ထပ်ဖြစ်ဖို့ ရှိတယ်၊ ကျနော်တို့ဘက်ကလည်း တပ်တွေ ဖြန့်ပြီး သွားနေတဲ့ လမ်းကြောင်းတွေကနေ လိုက်ပြီး ပိတ်ဆို့တာ၊ စောင့်ပစ်တာတို့ ရတဲ့နည်းနဲ့ တိုက်ဖို့ ပြင် ဆင်ထားတယ်” ဟု သူက ပြောသည်။

DKBA ဗိုလ်မှူး ကျော်သက် ဦးဆောင်သော တပ်ဖွဲ့၊ KNU ဗိုလ်မှူး ဖောဒို ဦးဆောင်သော တပ်ဖွဲ့တို့သည် အစိုးရတပ်နှင့် ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တရက်တာ အပစ်ရပ်ကြရန် KNU က ကမ်းလှမ်းသော်လည်း အစိုးရစစ်တပ်က အကြောင်းပြန်ကြားခြင်း မရှိဘဲ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည်။

မြ၀တီ ခရိုင်၊ မယ်ပလဲ့ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၃၅၇ နှင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၇ တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KNU ၏ အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဘားအံခရိုင်ထဲမှာ ရှိတဲ့ ထီးလောသေနဲ့ ထီးဝါးပလောကျေး နယ်တွေ ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျနော်တို့ ဘက်ကတော့ လုံးဝ ပြန်ပစ်တာတွေ မလုပ်ခဲ့ဘူး” ဟု ထို့နေ့က ဧရာဝတီသို့ ပြောပြခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သေနတ်သံတိတ်ရန် ကမ်းလှမ်းခဲ့ခြင်းမှာ ရေရှည်ငြိမ်းချမ်းရေး ပေါ်ထွန်းရန် ရည်ရွယ် သည်ဟု ဗိုလ်မှူးချုပ် ဂျော်နီက ဆိုသည်။

ကရင်ပြည်နယ်တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။

ယမန်နှစ် နိုဝင်ဘာလတွင်လည်း ရွေးကောက်ပွဲ ကျင်းပနေစဉ် DKBA က မြ၀တီ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့ နယ်တို့ ကို DKBA တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

Friday, September 23, 2011

ဧရာဝတီထာဝရရှင်သန်ရေးအတွက် မီးထွန်းဆုတောင်ခြင်းလှုပ်ရှားမှုအတွက် နှိုးဆော်တဲ့ သီချင်းလေးပါ

လားရှိုးသိန်းအောင်( ဂျင်မီဂျက် )ရေးဆပ်သီဆိုထားတဲ့ သီချင်းပါ


ဧရာဝတီကာကွယ်ဖို့ လှုံ့ဆော်ပွဲ နာရေးကူညီိမူအသင်း ကြီးမှူး ကျင်းပ

2011-09-23

မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ပြီး ဧရာဝတီမြစ်ကို ကာကွယ်ဖို့ လှုံ့ဆော်တဲ့ လူငယ်များရဲ့ ဧရာဝတီ ဆိုတဲ့ပွဲကို ရန်ကုန်တိုင်း ဒဂုံမြောက်ပိုင်း မြို့နယ်မှာ ရှိတဲ့ နာရေးကူညီမှု အသင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

Photo: RFA

မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ပြီး ဧရာဝတီမြစ်ကို ကာကွယ်ဖို့ လှုံ့ဆော်သော လူငယ်များရဲ့ ဧရာဝတီ အမည်ရှိ နာရေးကူညီမှု အသင်းနှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများက ပူးပေါင်းစီစဉ်သည့်ပွဲ အတွက် ထုတ်ပြန်တဲ့ လက်ကမ်းစာ ဖြစ်ပါသည်။

ဒီပွဲကို ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းနဲ့ ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများက ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။
ဒီကနေ့ပွဲကို ရုပ်ရှင်၊ ဂီတ၊ စာပေ၊ စာနယ်ဇင်း၊ ကျောင်းသားစတဲ့ အလွှာ အသီးသီးကပုဂ္ဂိုလ်တွေ စုစုပေါင်း တထောင်ကျော်လောက် တက်ရောက်ခဲ့ကြပြီး စာတမ်းဖတ်ကြ၊ ကဗျာရွတ်ကြ၊ ဧရာဝတီသီချင်းတွေ သီဆိုကြသလို၊ ပွဲမတက်ရောက်နိုင်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ လူထု ဦးစိန်ဝင်း၊ စာရေးဆရာ အောင်သင်းတို့ ဗီဒီယိုနဲ့ပေးပို့တဲ့ သတင်းစကားတွေလည်း ဖွင့်ပြကြတယ်လို့ သိရပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဧရာဝတီ ကာကွယ်ရေး လှုပ်ရှားမှုမှာ လူငယ်ထု တရပ်လုံးက အမျိုးသား တာဝန်တရပ် အနေနဲ့ ပါဝင်ကြဖို့ တိုက်တွန်းထား သလို၊ ဧရာဝတီဟာ ကမ္ဘာတည်သ၍ တည်တံ့ရမယ့် မြစ်ကြီးတစင်း ဖြစ်တာကြောင့် ဒီကိစ္စ အပေါ်မှာ အစိုးရ တဖွဲ့၊ လွှတ်တော် တရပ်၊ အဖွဲ့အစည်း တခုခုကပဲ ဆုံးဖြတ်လို့ မရနိုင်တဲ့ အကြောင်း ဖေါ်ပြထားတယ်လို့လည်း ပွဲစီစဉ်သူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်သူက RFA ကို ပြောပါတယ်။
ဒီနေ့ပွဲမှာ စီးပွါးရေး ပညာရှင် ဦးမျိုးမြင့်ရဲ့ စာတမ်း၊ စာရေးဆရာမ သန်းမြင့်အောင်ရဲ့ စာတမ်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့ ဧရာဝတီကို ဘယ်လို ကာကွယ်လို့ ရတယ်ဆိုတဲ့ စာတမ်းတွေကိုလည်း ဖတ်ကြားခဲ့တယ်လို့ဆိုပါတယ်။
ဒီပွဲနဲ့ပတ်သက်ပြီး ဦးနေရိန်ကျော်က စုစည်းတင်ပြပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

Thursday, September 22, 2011

တရုပ်ကနယ်ချဲ့လာတဲ့ မြစ်ဆုံဆည်စီမံကိန်းကိုတိုက်ဖျက်ဘို့ - ဧရာဝတီမြစ်ရိုးတလျှောက်မီးထွန်းဆုတောင်းပွဲနဲ့စကြစို့

သြစတြေးလျနိုင်ငံ တက်စ်မေးနီယား ပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklin) ရေကာတာ ဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့်ကွက် နေတာတောင် အစိုးရက နောက်မဆုတ်ဘူး။ နောက်ဆုံး ရေကာတာ စီမံကိန်း ရပ်တန့်ရေးကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ပြုတ်ကျ သွားခဲ့တယ်။ လူထုတွေက ရေကာတာရှိတဲ့ နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ဆန္ဒ ပြတဲ့ လူတွေကို ရဲက ဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီး ပြတယ်။ နောက်ဆုံးတော့ အစိုးရ တရပ်လုံးပါ ပြုတ်ကျ သွားခဲ့ပါတယ်။ အတိုက်အခံက ရေကာတာ စီမံကိန်းကို နိုင်ငံရေး တိုက်ကွက်အဖြစ် ဖိပြီးသုံးလို့ သူတို့ လုံးဝ အ ပြတ်အသတ် အနိုင်ရခဲ့တာပါ ။
ဒါကိုစံနမူနာယူပြီး နည်းလမ်းပေါင်းစုံနဲ့တိုက်ဖျက်ကြရင် အောင်ပွဲကကြိုနေမှာပါ ။
အမိဧရာဝတီထာဝရရှင်သန်နေဘို့ နိုင်ငံသားတိုင်း ( လူတဦးချင်း )မှာတာဝန်ရှိတယ်

ဆက်လက်ဖြန့်ဝေပေးချင်းဖြင့် တိုက်ပွဲတွင်ပူးပေါင်းပါဝင်ကြပါ

ယုံကြည်လေးစားစွာဖြင့်

အမျိုးသားလွတ်မြောက်ရေးအင်အားစု ( မြန်မာပြည် )



Wednesday, September 21, 2011

မ၀င်းမော်ဦး ကျဆုံးခြင်း( ၂၃ )နှစ်ပြည့် နှစ်ပါတ်လည်အခမ်းအနားသတင်းမှတ်တမ်း

၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများအတွင်း စစ်တပ်မှ ပစ်ခတ်နှိမ်နင်းမှုတွင် သေဆုံးခဲ့သည့် အထက်တန်းကျောင်းသူ မဝင်းမော်ဦးအား ဂုဏ်ပြုသည့် အခမ်းအနားကို ရန်ကုန်မြို့ နေအိမ်တွင် ပြည်တွင်းရှိ မြန်မာ့ ဒီမို ကရေ စီအရေး လှုပ်ရှားသူများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ( ပြည်ပ )က တနလာင်္နေ့၌ ပြုလုပ်ခဲ့ကြသည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒု ဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့ ဝင်များ တက်ရောက် အားပေးစကား ပြောကြားခဲ့သည် ။

ကြည့်မြင်တိုင် အမှတ် (၄) အလယ်တန်းကျောင်းသူ မဝင်းမော်ဦးသည် ၁၉၈၈ စက်တင်ဘာ ၁၉ နေ့က ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် သေနတ်ထိမှန်ခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နာရီ အနည်းငယ် အတွင်းကွယ်လွန်သွား ခဲ့သည် ။
မဝင်းမော်ဦးကို ဦးဝင်းကြူ - ဒေါ်ခင်ဌေးဝင်းတို့က ၁၉၇၂ နိုဝင်ဘာလ ၁၉ ရက်တွင် မွေးပြီး မွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်သည် ။
ဝင်းမော်ဦးကွယ်လွန်သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ကို မြန်မာနိုင်ငံသူရဲကောင်းများနေ့ အဖြစ် သတ်မှတ်ခဲ့သည်။

Media Relese for Win Maw Oo Memorial Day

မြန်မာ ဒုက္ခသည်တွေကို အမေရိကန် ဆက်လက်ကူညီမည်

2011-09-21

ထိုင်း မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်သလို၊ ဒီနှစ် တတိယနိုင်ငံရွှေ့ပြောင်း အခြေချရေး အစီအစဉ် အတွက်လည်း ဒုက္ခသည် တစ်သောင်း ခေါ်ယူမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Kristie Kenney က မနေ့က ပြောကြားလိုက်ပါတယ်။

(Photo: Courtesy of Free Burma Rangers)

စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

အမေရိကန် သံအမတ်ကြီး Ms. Kenney ဟာ မနေ့က ထန်ဟင်း ဒုက္ခသည် စခန်းကို သွားရောက် ကြည့်ရှုပြီး၊ အဲဒီစခန်းမှာ ကူညီ ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ကူညီရေးလုပ်သားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ထန်ဟင်း စခန်းမှာ ဒုက္ခသည်ပေါင်း (၈) ထောင်လောက်ရှိပြီး ကြပ်ကြပ်သိပ်သိပ် နေထိုင် နေကြရပါတယ်။ ပြည်တွင်း စစ်ဘေးကြောင့် ပြေးလာခဲ့ကြရတဲ့  ဒုက္ခသည် အများစုက ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြောင်း ပြောဆိုကြတယ်လို့ Ms. Kenney က ဆိုပါတယ်။
ထိုင်းအစိုးရမှာ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်ရှိပေမဲ့ ဒါဟာ ပြန်လိုသူတွေ အတွက်သာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက မိမိကို အကြိမ်ကြိမ် ရှင်းလင်း ပြောဆိုခဲ့ကြောင်း၊ ဒါပေမဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အမျိုးသား ရင်ကြားစေ့ဖို့ ဦးဆုံးလိုအပ်နေပြီး မြေမြှုပ်မိုင်းပြဿနာ၊ အိုးအိမ်တွေ ပြန်လည် ထူထောင်ပေးရေး ကိစ္စ စတဲ့ ဆောင်ရွက်စရာတွေ အများအပြား ရှိနေတဲ့အပြင်၊ မြန်မာအာဏာပိုင်တွေရဲ့ အာမခံချက် ကတိက၀တ်တွေလည်း လိုအပ်ကြောင်း၊ ဒါပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘာအရိပ်လက္ခဏာမှ မပြသေးကြောင်း သံအမတ်ကြီး Ms. Kenney က ပြောပါတယ်။
မြန်မာနဲ့ နယ်စပ်က ထိုင်း ခရိုင် (၄) ခု မှာ ဒုက္ခသည် စခန်းပေါင်း (၉) ခုရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်းလောက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် (၆) သောင်း ခေါ်ယူခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဦးသိန်းစိန်နှင့်ကြံ့ဖွံ့အစိုးရအဖွဲ့ ဝင်အားလုံးသို့ ဧရာဝတီမြစ် အရေးကိစ္စနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ( ပြည်ပ )က အိတ်ဖွင့်ပေးစာ

ဦးသိန်းစိန်နှင့်ကြံ့ဖွံ့အစိုးရအဖွဲ့ ဝင်အားလုံးသို့ ဧရာဝတီမြစ် အရေးကိစ္စနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာ

နေ့ စွဲ - ၁၈ ၊ ၉ ၊ ၂၀၁၁

လူကြီးမင်းတို့ အနေဖြင့်

ဧရာဝတီမြစ်ကို ပိတ်ဆို့ ပြီး မြစ်ဆုံရေကာတာ တည်ဆောက်ရေး အပါအ၀င် အခြားဆည်တည်ဆောက်ရေး
လုပ်ငန်းရပ်များနှင့်ပတ်သက်သည့် နောက်ဆက်တွဲဖြစ်ရပ်များ ၊ ဖြစ်လာနို်င်သည်များကို သိရှိနားလည် တွက်ဆပြီး ဖြစ်မည်ဟုထင်ပါသည် ။

ထို့ ကြောင့် ရင်းလုပ်ရပ်၏ အကျိုးအပြစ်များကို အကျယ်တ၀န့် မပြောလိုတော့ပါ ………….. ။

သို့ သော် ဧရာဝတီမြစ်အပါအ၀င် တိုင်းပြည်တွင်းရှိ သဘာဝ အရင်းအမြစ်များနှင့် မြေပေါ် ၊ မြေအောက်ပိုင်ဆိုင်မူ
များသည်လူတဦး သို့ မဟုတ် လူတစုပိုင် မဟုတ်သလို ထိုသဘော မျိုးဆောင်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို
မလုပ်သင့်သည်ကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပါသည် ။

ထို့ အပြင် မြန်မာနိုင်ငံ ဖြစ်ပေါ်တည်ရှိမူ၏ အမှတ်လက္ခဏာနှင့် တိုင်းပြည် တခုလုံး၏ အသက် သွေးကြောကိုဖျက်
ဆီးခြင်းသည် နိုင်ငံတော်နှင့်ပြည်သူတရပ်လုံးကို အဆိုးဝါးဆုံးသောသစ္စာ ဖေါက်မူကြီးတရပ်ဖြစ်သည် ဆိုသည်ကို
နားလည်သဘောပေါက်လိမ့်မည်ဟု မျော်လင့်ပါသည် ။

ထို့ ကြောင့် လူကြီးမင်းတို့ ၏ လျှပ်စစ်စွမ်းအင်ဝန်ကြီးဟုဆိုသော ဦးဇော်မင်းမှ တဆင့်( မြစ်ဆုံဆည်တည်ဆောက်
ရေးနှင့် ပတ်သက်ပြီး )လက်လွတ်စပါယ် ပြောဆိုမူမျိုးကိုရပ်တန့် ပြီး ၊ ထိုဆည်စီမံကိန်းများကို အမြန်ဆုံးဖျက်သိမ်း
ပစ်ရန် လိုအပ်နေပြီဖြစ်ပါသည် ။

လူကြီးမင်းတို့ အား လေးလေးနက်နက်အကြံပေးပြောကြားလိုသည်မှာ -

မြန်မာနိုင်ငံတော်တည်ရှိမူ ပျောက်ဆုံးခြင်းနှင့်အတူ ဧရာဝတီကို မှီတင်းနေထိုင်ကြပြီး သမိုင်းဖြစ်တည်လာခဲ့သည့် မျိုးဆက်ပေါင်းများစွာ ( ပြည်သူတရပ်လုံး )၏ လွတ်လပ်ရှင်သန်မူကို ပျောက်ဆုံးစေပြီး တိုင်းတပါးကျွန်ဖြစ်စေမည့်

အတွေး ၊ အကြံများအားလုံးကို စွန့် လွတ်ပြီးဧရာဝတီကို ကယ်တင်ခြင်းသည် မြန်မာ့သမိုင်းစာမျက်နှာတွင် အလွန် တရာ အရုပ်ဆိုး အကျည်းတန် စေမည့် နိုင်ငံဖျက် သမိုင်းတရားခံများအဖြစ်မှ ရုန်းထွက် လွတ်မြောက်ခြင်းပင်ဖြစ်
ပါသည် ။

ထို့ ကြောင့် လူကြီးမင်းတို့ အနေဖြင့် တိုင်းပြည်နှင့်လူမျိုးအား ကမ္ဘာ့မြေပေါ်တွင်ထာဝရ တည်တန့် ခိုင်မာစွာ တည် ရှိမူကို ဖော်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည် ။




ဆက်သွယ်ရန်
----------------
အောင်နိုင်ထွေး ( ၆၃၀ ) ၄၅၆ - ၆၅၁၇
အောင်မြင့်ထွဏ်း ( ၂၆၀ ) ၂၄၉ - ၇၁၈၉



ရိုးသားပွင့်လင်းစွာဖြင့်
၈၈ မျိုးဆက်ကျောင်းသားများ ( ပြည်ပ )

မြစ်ဆုံဆည်တည်ဆောက်နေခြင်းအား “မရ,ရတဲ့ နည်းနဲ့ ကန့်ကွက်သွားမှာပါ”

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၅ မိနစ်


.

KDNG ၏ တာဝန်ခံ ကိုအောင်ဝါနှင့် ဆက်သွယ်မေးမြန်းချက်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့ KDNG ၏ တာဝန်ခံ ကိုအောင်ဝါက မြစ်ဆုံဆည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအားလုံး ပူးပေါင်းကာ ကန့်ကွက်သွားရန် တိုက်တွန်းလိုက်ပြီး KDNG အနေဖြင့်လည်း မဖြစ်ဖြစ်သည့်နည်းဖြင့် ကန့်ကွက်သွားရန်ရှိကြောင်း မဇ္ဈိမကိုပြောသည်။

ကိုအောင်ဝါက မြန်မာနိုင်ငံရှိ လူတန်းစားမျိုးစုံ အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ စာပေပညာရှင်များ
အသီးသီးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်လာသည့် အပေါ်များစွာ အားရ ကျေနပ်မိကြောင်းလည်း ပြောခဲ့သေးသည်။

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့သည် ၂ဝဝ၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး Damming The Arrawaddy နှင့်
Reisting the Flood စသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့ကာ ကချင်ပြည်သူလူထံမှ စီမံကိန်း ကန့်ကွက်ကြောင်း လက်မှတ်များ စုဆောင်း၍ ယခင် အာဏာရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် အစိုးရထံ ကန့်ကွက်စာများ
ပေးပို့ခြင်း၊ မြစ်ဆုံရေကာတာ ကန့်ကွက်သည့် လှုံ့ဆော်စာတမ်းများကို မြစ်ကြီးနားမြို့အတွင်း ဖြန့်ဝေခြင်း စသည့် လှုပ်ရှားမှုများဖြင့် ကန့်ကွက်ခဲ့သည်။

ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အုပ်စုများ၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံဆည် စီမံကိန်းအား ပန်းချီဆရာ တဦးက စိတ်ကူးစိတ်သန်းဖြင့် ရေးဆွဲပုံဖော် ထားခြင်းဖြစ်သည်။

လက်ရှိမြစ်ဆုံရေကာတာ ဆောက်လုပ်မှု အခြေအနေများနှင့် မြစ်ဆုံဆည် တည်ဆောက်မှု၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ဆည်တည်ဆောက်မှုအပေါ် သူ၏အမြင်ကို မဇ္စျိမ သတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်း ထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ငန်းတွေ ဘယ်လောက်ထိ အကောက်အထည်ဖော်နေတာကို တွေ့နေရလဲ။

"အခုတော့ လေ့လာ စမ်းသပ်တဲ့ အဆင့်တော့ ပြီးသွားပြီ။ အခုလောလောဆယ် အလုပ်သမားတွေနေဖို့ အဆောက် အအုံတွေ ဆက်ဆောက်နေတာ တွေ့ရတယ်။ ရေကာတာ တည်ဆောက်မယ့် နေရာတွေလည်း အဆင်သင့် လုပ်ထားတဲ့ ပုံစံမျိုးတွေ တွေ့မြင်နေရတယ်။ အလုပ်လုပ်နေတာက လမ်းတွေ၊ ဧရာဝတီမြစ် အရှေ့ဘက် တန်ဖရဲ
အောက်ဘက် ကျိန်ခရန်ကျေးရွာ အနားမှာ မြစ်ကူးတံတား၊ ဗလမင်းထင် တံတားထက်ကြီးတဲ့ တံတား တည်ဆောက်
နေတယ်။ တိုင်တွေတော့ တည်ဆောက်နေပြီ။ တံတားက ပစ္စည်းတွေက ရှိနေပြီ၊ ဒီပွင့်လင်းရာသီမှာ ပြန်စမယ် ထင်ပါတယ်။ နောက်ပြီးတော့ ဝိုင်းမော်ဘက်ကနေ ဆဒုံး၊ ကန်ပိုင်တီ၊ ဝါးရှောင်ဘက်ကနေ တိုက်ရိုက်သွားမယ့် လမ်းတွေဖောက်နေတယ်။”

တရုတ်နိုင်ငံက အလုပ်သမားတွေကော ပြန်သွားကြပြီလား။

“တရုတ် အလုပ်သမားတွေက ဒီဇွန်လ နောက်ပိုင်း သူတို့ ပြန်တာ များတယ်။ ဧရာဝတီမြစ် အနောက်ဘက် အလုပ်သမားတွေတော့ အများအားဖြင့် ပြန်ကုန်ပြီ။ ဒါပေမဲ့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်မှာတော့ သူတို့ အလုပ်လုပ်နေတုန်းပဲ။ အလုပ်သမားတွေလည်း ရှိနေတုန်းပဲ။ ဘယ်လောက်ဆိုတာ မခန့်မှန်းတတ်ဘူး။”

KDNG ဝဘ်ဆိုဒ်မှာ ဒီစီမံကိန်း လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်လို့ ဓါတ်ပုံတွေ တင်ပြထားတာတွေ့ရ
တယ်။ အဲဒီဓါတ်ပုံတွေ၊ သတင်းအချက်အလက်တွေ ဘယ်လိုရယူခဲ့လဲ။

“ဒီလို ဓါတ်ပုံတွေ၊ သတင်း အချက်အလက်တွေ ရဖို့ အဆက်အသွယ်နဲ့ လုပ်ရတယ်ဆိုတော့ ခက်ခဲတော့ အရမ်း ခက်ခဲတယ်။ အဲဒီ စီမံကိန်းနေရာတွေ၊ အခု ပြောင်းရွှေ့ခံရတဲ့ ရွာတွေမှာ လူသစ်တွေ ဝင်ထွက်သွားလာလို့ မရဘူး။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေကရောဘယ်လို လုပ်ငန်းမျိုးတွေ လုပ်နေကြပြီလဲ။
ပြောင်းရွှေ့ သွားတဲ့ ဒေသခံပြည်သူတွေ လက်ရှိ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

“ဒီစီမံကိန်း အနီးတဝိုက်က ဒေသခံတွေ ခြံလုပ်ငန်းနဲ့ လယ်ယာ လုပ်ငန်းပဲ လုပ်တယ်လေ။ ဒါတွေတောင် ဒါတွေကို သိမ်းယူလိုက်တယ် ဆိုတော့ အလုပ်လက်မဲ့ ဖြစ်နေကြတယ်ပေါ့။အခု ပြောင်းရွှေ့တဲ့နေရာ ခြံတွေ မရှိတော့ ဘာမှ လုပ်ကိုင်လို့မှ မရဘူး။ သူတို့ကို ပေးတဲ့အိမ်ကလည်း ဖြစ်သလို ဆောက်ထားပေးထားတယ်။ မိုးရာသီတုန်းက ဆိုရင် ဖျားနာတာတွေ ရှိတယ်။ တန်ဖရဲ ရွာသားတွေလည်း ကျောင်းတွေ၊ ဆေးရုံတွေ ရွာသစ်ဘက် ပြောင်းလိုက်တော့
တချို့ မပြောင်းသေးတဲ့ လူတွေက အကြိုအပို့ အရမ်းအခက်အခဲတွေ ရှိတယ်။ လူထုတွေ ခက်ခဲအောင်လုပ်နေတာ
ဘဲ။ အခု ဧရာဝတီမြစ်အရှေ့ဘဲမှာလည်း လမ်းဆောက်လုပ်ရေး နေရာတွေထဲ ကျရောက်တဲ့နေရာထဲ ရောက်တဲ့ ခြံတွေကိုလည်း အကုန်သိမ်းတာဘဲ။ သူတို့ လုပ်ချင်သလို လုပ်နေတာ။ ပိုက်ဆံပေးမယ်ဆိုရင် နည်းနည်းပါးပါးပဲ
ပေးတာမျိုးတွေ ရှိတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦးရဲ့ ဆောင်းပါးထဲမှာ ဒီမြစ်ဆုံရေကာတာ စိမံကိန်းကြောင့်အလုပ်သမား ၂၆ဝဝ ကျော် အလုပ်အကိုင် အခွင့်အလမ်းတွေ ရနေပြီလို့ ပြောဆိုထားတာရှိတယ်။ အဲဒီအထဲမှာဒီဒေသခံ ပြည်သူလူထုရော အလုပ်အကိုင် ရနေပြီလို့
မြင်လား။

“တချို့ကတော့ အလုပ်အကိုင်တွေ ရတဲ့ပုံစံရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေကာတာ တည်ဆောက်တဲ့
ပြင်ဆင်မှုမှာ အလုပ်အများကြီး လုပ်နေတာ တွေ့ရတယ်။ တချို့ဆိုရင် လွန်ခဲ့တဲ့ နွေရာသီတုန်းကဆိုရင် မနက်မှာ အလုပ်ဆိုင်းတခု၊ ညနေပိုင်းမှာ အလုပ်ဆိုင်း တခု ၂၄ နာရီ လုပ်နေတယ်။ ဒါကြောင့် အလုပ်သမား ထောင်ချီပြီး
တော့ လုပ်နေတယ်။ ဒီအလုပ်သမားတွေကို အေးရှားဝေါလ်က ကြီးကြပ်ပြီးတော့ လုပ်နေတဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့ လူတွေက အောက်ပိုင်းကနေ အလုပ်သမားတွေ ရှိတယ်။ တရုတ်ပြည်က အလုပ်သမားတွေ ရှိတယ်။
ဒေသခံတွေက အလုပ်အကိုင် ဒီလောက်ထိမရကြပါဘူး။”

ကေအိုင်အိုက ဒီမြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့တရုတ်နိုင်ငံကနေ နယ်စပ် ကန်ပိုင်တီလမ်း၊ လိုင်ဇာ လမ်းဘက်က ဝင်လာတဲ့ စက်ပစ္စည်းတွေ တင်သွင်းမှုကိုတားဆီးတာတွေ လုပ်တယ်လို့ ကြားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောရလဲ။

“အခု ကန်ပိုင်တီလမ်းကနေ သံနဲ့ ဘိလပ်မြေတွေကို သယ်ယူနေတာ တွေ့ရတယ်။ အဲဒါကို မကြာသေးခင်က
ကေအိုင်အိုက ဒီလမ်းကို ပိတ်လိုက်တယ်လို့ ပြောတယ်။ ဒါကြောင့် အခုတော့ပိတ်နေတယ်။ ကားအသွားအလာ
တော့ ကားကြီးတွေ မဖြတ်သလောက် ဖြစ်သွားပြီ။ တခြားကားလမ်းဆိုရင်တော့ ဗန်မော်လမ်း၊ လိုင်ဇာလမ်းတွေ
လည်း ပိတ်ထားတယ်။ နောက်တကြောင်း ရှိနိုင်တာက ရွှေလီ၊ မူဆယ်၊ မန္တလေးလမ်း ဘက်ကနေ ကားနဲ့ ရထားနဲ့ တင်ဖို့ဘဲ ရှိတော့တယ်။ အဲဒီဘက်ကနေတော့ သူတို့ ဆက်လုပ်မယ် ဆိုရင် ဒီလမ်းပဲ ရှိတော့တယ်။”

KDNG က အရင် မြစ်ဆုံ စကတည်းကနေ ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် အခု ပညာရှင်တွေ၊ အနုပညာ သမားတွေ၊ စာပေသမားတွေ အများအပြား ကန့်ကွက်နေကြပြီဆိုတော့သူတို့တွေ ခုလို ကန့်ကွက်မှုတွေ လုပ်လာတဲ့အပေါ်မှာ ဘယ်လို မြင်လဲ။

“အများကြီးအားရ ဝမ်းသာဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်တွဲပြီးတော့မှ ဆောင်ရွက်သွားမယ်။ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပြီးတော့ ဆန့်ကျင်သွားမယ်။ Burma River network အဖွဲ့တွေနဲ့လည်း လက်တွဲဆန့်ကျင်သွားမယ်။ ပြည်တွင်းမှာလည်း ဧရာဝတီ တလျှောက်မှာရှိတဲ့ ပြည်သူလူထုတွေနဲ့ အတူတကွ ဆန့်ကျင်သွားမယ်။ ပထမဆုံးအနေနဲ့ အစိုးရကို ဆက်တိုက်တောင်းဆိုမယ်။ ဒါမရဘူးဆိုရင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကန့်ကွက်သွားမယ်။ ရပ်တန့်အောင် ကျနော်တို လုပ်သွားမှာပါ။ ဧရာဝတီမြစ်အောက်ဘက်မှာရှိတဲ့ ပြည်သူလူထု ဘက်က ဒါကို ဆက်လက် ဆန့်ကျင်သွားဖို့ ပြောချင်တယ်။ ရပ်တန့်ဖို့ ကိုယ့်အမြင်တွေကိုထုတ်ဖော်ပြီးတော့ ဆန္ဒပြဖို့တော့ တဆင့်ပြီး တဆင့်လုပ်သွားမှာပါ။”

လက်ရှိ သဘာဝပတ်ဝန်းကျင်းနဲ့ ပတ်သက်လို့ ဘယ်ဒေသတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေတယ် လို့ လေ့လာမိလဲ။

“ကျနော်တို့ သုံးသပ် လေ့လာသလောက် ဆိုရင် ရာသီဥတု ခါတိုင်းထက် ဆိုးဝါးလာတယ်။ ဒီနွေရာသီမှာ ဆိုရင်
အောက်ဘက် မန္တလေးထက်တောင် ပိုလာတဲ့ သဘောမျိုး ဖြစ်နေတယ်။ အပူချိန်ပူများလာတယ်။ ဧရာဝတီ အထက်ပိုင်းမှာ ရွှေကျင်တာ၊ သစ်ခုတ်တာတွေကြောင့် ရေတွေက နောက်ကျိနေတယ်။ နောက်ပြီးတော့ တရုတ် အလုပ်သမားတွေ ကလည်း သူတို့ရဲ့ မစင်တွေကို ဧရာဝတီမြစ်မှာ ပဲစုပုံ စွန့်ပစ်တဲ့ဟာတွေ ဖြစ်နေတော့ ဧရာဝတီ
မြစ်ကို မသုံးချင်ကြတော့ဘူး။ ရွှေတွေကျင်တော့ သဲတောင်တွေ ထွန်းတာမျိုးတွေ တွေ့နေရတယ်။ ရေစီးရေလာ ကလည်း ခါတိုင်းလို မဟုတ်တော့ဘူး။”

ဒီလိုကန့်ကွက်နေတာတဲ့ကြားကနေ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းက မဖြစ်မနေ ဆက်လုပ်ဆိုတာ မျိုး ပြောနေတယ်။ ဒီအပေါ် ဘယ်လို မြင်လဲ။

“ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့ဘက်ကလည်း မဖြစ်အောင်ကာကွယ်သွားမယ်။ ဆန့်ကျင်သွားမယ်။
ဒါက ကျနော်တို့ တာဝန်ဖြစ်တယ်။ ဗမာပြည်သူလူထုနဲ့ အတူတကွလက်တွဲပြီးတော့ ဆန့်ကျင်သွားမှာပါ။”

မြစ်ဆုံရေကာတာ ဆက်လက် ဆောက်လုပ်သင့်၊ မသင့်ကိုအခုကျင်းပနေတဲ့ လွတ်တော်မှာ မဲခွဲ ဆုံးဖြတ် ကြမယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လို မြင်လဲ။

“နှစ်မျိုးဖြစ်လာနိုင်မယ်လို့ သုံးသပ်တယ်။ တခုကတော့ တကယ်ပဲ သူတို့လက်ရှိအစိုးရထဲမှာ လုပ်ချင်တဲ့ ပုဂ္ဂိုလ်နဲ့ မလုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလားလို့ နှစ်မျိုးစဉ်းစားဖို့ လိုလာပြီ။ နောက်တခုက တကယ်ဘဲ လွတ်တော်ကနေ တကယ်ဘဲ ဒီဟာကို ဆက်လုပ်သွားဖို့အသိအမှတ်ပြုသွားတော့ သူတို့အနေနဲ့ လုပ်သွားဖို့ ပြင်ဆင်တာလား ဒီဟာ
ကို၊ လွတ်တော်ထဲမှာတင်ပြမယ်ဆိုတာက လွတ်တော်မှာက အစိုးရအမတ်တွေက များနေတယ်။ သူတို့အနေနဲ့ ဒီဟာကို ထောက်ခံပြီးတော့လုပ်သွားမယ်ဆိုရင် တရားဝင် လုပ်ကိုင်ခွင့် ပေးသလို ဖြစ်သွားတယ်။ ဒါကို စိုးရိမ်
တယ်။ ဒါကြောင့် နှစ်မျိုးစဉ်းစားဖို့ ရှိနေတယ်။ တဘက်ကတော့ တကယ်ဘဲ လူထုအသံကို နားထောင်မလား။ တကယ်တမ်းလုပ်ပိုင်ခွင့် လိုင်စင်ပေးသလို ဖြစ်သွားမလားဆို တာမျိုးရှိတယ်။ ဘာပဲဖြစ်ဖြစ်တကယ်လို့များ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ လုပ်တယ်ထားပါစို့ ကျနော်တို့ကတော့ မရ,ရတဲ့နည်းနဲ့ ကန့်ကွက်
သွားမှာပါ။”

ပြည်တွင်းပြည်ပမှာ မြစ်ဆုံစီမံကိန်းကို ဘယ်လိုပုံစံတွေနဲ့ ကန့်ကွက်လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်သေးလဲ။

“အဓိကတော့ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာပြည်သူထူထုတွေက သက်ဆိုင်ရာတရုတ်အစိုးရကို ဆန္ဒထုတ်ဖော်ဖို့
တာ့ လိုလိမ့်မယ်။ ပြည်တွင်းမှာ ရှိတဲ့ လူထုတွေအားလုံး ဒါကို ဆက်လက် ဆန့်ကျင်ကန့်ကွက်သွားဖို့ လိုပါတယ်။
မြစ်ဆုံရေကာတာ တည်ဆောက်မှုကိုပြည်သူအားလုံး တညီတညွတ်တည်း ကန့်ကွက် ဆန့်ကျင်သွားဖို့ လိုပါတယ်
လို့ အကြံပြုပါတယ်။

Monday, September 19, 2011

ရန်ကုန် တရုတ်သံရုံးအနီး လုံခြုံရေးတိုးမြှင့်

မျိုးသိဏ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည်ဟူသော ကောလဟလ ထွက်ရှိလာချိန်မှာပင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့နှင့် အနီးတဝိုက်တွင် ရဲလုံခြုံရေးများ တနင်္လာနေ့က တိုးမြှင့်ချထားလိုက်သည်။

ပြည်ထောင်စုရိပ်သာလမ်း တရုတ်သံရုံးအနီးတွင် နံနက်စောစောကတည်း ယူနီဖောင်းဝတ်ရဲများနှင့် သတင်း
ထောက်လှမ်းရေး အဖွဲ့များ ရာနှင့်ချီ၍ နေရာယူထားခဲ့သလို ပြည်တွင်း၊ ပြည်ပ သတင်းထောက်များလည်း
နောက်ပိုင်းတွင် လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ တရုတ်သံရုံးထောင့်တွင် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင် အချို့ကို တနင်္လာနေ့ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် နေ့လည် ၁၂ နာရီ ဝန်းကျင်အချိန်က တွေ့မြင်ရပုံ။ (ဓါတ်ပုံ-မဇ္ဈိမ) မြစ်ဆုံရေကာတာ တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည် ဟူသော သတင်းများကြောင့် တနင်္လာနေ့ နံနက်ပိုင်းတွင် ရဲလုံခြုံရေး တရာကျော် ချထားခဲ့သည်။

နေ့လည်ပိုင်းတွင် အစိုးရရုပ်သံသတင်းဌာန MRTV 4 အဖွဲ့ဝင်များလည်း လာရောက် စောင့်ဆိုင်းခဲ့ပြီး စုစုပေါင်း သတင်းထောက်ဦးရေ ၄၀ ကျော်ပင် ရှိခဲ့သည်။ ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်မှ စတင်၍ လမ်းတလျှောက် ဒိုင်းများ ပါရှိသည့် ရဲကားများ၊ ယူနီဖောင်းဝတ်ရဲများ အများအပြား စောင့်ဆိုင်းနေခဲ့ရာမှ နေ့လည် တနာရီခန့်တွင် လုံခြုံရေးအဖွဲ့ဝင်အချို့ လျော့ပါးသွားခဲ့သည်။

နေ့လည် နှစ်နာရီခွဲအချိန်တွင် လာရောက် စောင့်ဆိုင်းနေသည့် သတင်းထောက်များအားလုံးနီးပါး ပြန်လည် ထွက်ခွာ သွားသော်လည်း ရဲများနှင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဧရာဝတီမြစ်ဖျားပိုင်း မေခနှင့် မလိခမြစ်ဆုံအနီးတွင် ရေကာတာတခုကို တရုတ်နိုင်ငံပိုင် China power Investment Corporation-CPI က တည်ဆောက်နေရာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ စိုးရိမ်ပြီး ကန့်ကွက်ထားမှုများ
ပေါ်ထွက်နေချိန်ဖြစ်သည်။

Sunday, September 18, 2011

ဦးသိန်းစိန်နှင့်ကြံ့ဖွံ့အစိုးရအဖွဲ့ ဝင်အားလုံးသို့ ဧရာဝတီမြစ် အရေးကိစ္စနှင့် ပတ်သက်၍အိတ်ဖွင့်ပေးစာ

Open Letter for Irrawaddy

Wednesday, September 14, 2011

အာဇာနည် မ၀င်းမော်ဦး၏နောက်ဆုံး ဖြစ်ပျက်ခဲ့မှုများအား ဖခင်ဖြစ်သူ ဦးဝင်းကြူမှ ရှင်းလင်းပြောကြားချက်နှင့် ဂုဏ်ပြုသီချင်းဖြန့်ချီ

၁၉၈၈ မြန်မာ့ဒိမိုကရေစီ အရေးတော်ပုံတွင် ကျဆုံးသော အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး ၏နောက်ဆုံး ဖြစ်ပျက်ခဲ့မှုများအား ဖခင်ဖြစ်သူ ဦးဝင်းကြူမှ ရှင်းလင်းပြောကြားချက်နှင့် အာဇာနည် မ၀င်းမော်ဦးအတွက် ဂုဏ်ပြုတေးသီချင်းခွေအား ၈၈ မျိုးဆက်ကျောင်းသားများ( ပြည်ပ )(88gse)မှ ပြည်တွင်း / ပြည်ပသို့ ဖြန့်ချီလိုက်ပြီ ။



23 Rd Memorial of Ma Win Maw Oo Day


Saturday, September 10, 2011

၂၀၀၉ ခုနှစ်က မ၀င်းမော်ဦး နှစ်ပါတ်လည်ဆွမ်းကြွေးပွဲသတင်းအားပြန်လည်ဖေါ်ပြခြင်း

ဧရာဝတီ Monday, 21 September 2009 16:08 အင်တာဗျူး

၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။

စဉ်က ဖြစ်ရပ်တချို့နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများထဲတွင် အာဏာသိမ်းပြီး နောက်တနေ့ ဖြစ်သော စက်တင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး၏ ဓာတ်ပုံမှာ အထင်ရှားဆုံး ဓာတ်ပုံများထဲတွင် ပါဝင်သည်။


စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော မဝင်းမော်ဦးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း

မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။

မေး ။ ။ မ၀င်းမော်ဦးအတွက် နှစ်ပတ်လည် ဆွမ်းကပ်တယ်လို့ သိရပါတယ်။ အေးအေးချမ်းချမ်း လုပ်ခွင့် ရခဲ့ပါသလား။

ဖြေ ။ ။ ကောင်းကောင်းမွန်မွန်တော့ လုပ်ခွင့်ရပါတယ်။ သူတို့ အဖွဲ့အစည်း ဘာညာတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတော့ရှိတာပေါ့။ ဒါပေမယ့်လို့ သူတို့ဘာသာ သူတို့ နေကြတာပါ။ နှောင့်ယှက်တာ ဘာညာတော့ မရှိဘူးပေါ့။ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ လုပ်ခဲ့တဲ့အခါမှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မရှိဘူး ဆိုတာကလည်း ကိုယ့်ဆီလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း သမီးကို ဂုဏ်ပြုတဲ့ အနေနဲ့ လာလာပြီးတော့ ဒီလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောကြ ဆိုကြတာလေ။

မေး ။ ။ နှစ်တိုင်း ဆွမ်းကပ်ပေမယ့် မ၀င်းမော်ဦး မှာခဲ့တဲ့ စကားတခွန်းကြောင့် ဦးတို့ အခုချိန်ထိ သူ့အတွက် အမျှမဝေဘူး ဆိုတာ သိရပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။

ဖြေ ။ ။ အဲဒါတွေက ဘယ်တော့မှ မမေ့ပါဘူး။ သူက မဟုတ်မခံစိတ် ရှိတယ်။ အဲဒီနေ့တုန်းက မနက်ပိုင်းက သူ့ကို ကျနော်တို့ မိဘတွေကလည်း တားတာပေါ့။ အဘိုးတွေ အဘွားတွေကလည်း တားတယ်။ သမီး ဒီနေ့က သိပ် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မသွားရင် ကောင်းမယ် ဆိုတော့ သူက ဘိုးဘိုးကြီး တဲ့ သမီးတို့က ကျောင်းမှာ ဆိုလို့ရှိရင် အမာခံတောင် မဟုတ်ဘူး တဲ့လေ၊ အသေခံပါ တဲ့။ အဲဒီတော့ သမီးတို့ မသွားလို့ မရဘူး၊ နောက်တော့လည်း သူက လူကြီးဖြစ်နေတဲ့ အတွက် မသွားလို့ မဖြစ်ဘူး။ သမီး သွားရမယ် တဲ့။ သွားရင်လည်း သမီး မျက်နှာပြရုံတင်ပါပဲ တဲ့။ ပြီးရင် သမီး ပြန်လာမယ် ဆိုပြီးတော့ ကျောင်းရောက်သွားတဲ့ အခါကျတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တော့ ပြောကြ ဆိုကြရင်းနဲ့ သူလည်း စိတ်ဝင်စားပြီးတော့ ပါသွားတယ်ပေါ့။

ပါသွားတော့ အဲဒီအချိန်မှာ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတယ်။ အဲဒါနဲ့ သူပါသွားပြီး ချီတက်သွားကြတော့ အဲဒီက အပြန်၊ အပြန်မှာ မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ၀င်တယ်။ ၀င်ပြီးတော့ ဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီ ထောင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲဒီနားမှာ သူတို့ အပစ်ခံရတာ။

ပထမ သူတို့ စပစ်တဲ့ အချိန်တုန်းက အောက်ပိုင်းကို သူတို့ ပစ်တာပေါ့၊ ဒူးအောက်ပိုင်းကို သူတို့ ပစ်တာ။ အဲဒီမှာ သူက ဘယ်ခြေသလုံးကို အရင် ထိတယ်။ ပြီးတော့ နောက်တခါ ထပ်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံနဲ့ ကိုင်ပြီးတော့ ခွေကျသွားတယ်။

သမီးနဲ့ အတူတူ ချီတက်တဲ့ ကလေးတွေက ပြောပြတယ်။ သူခွေကျသွားတော့ သူ့ဘေးနားက သူငယ်ချင်းက “ဟဲ့ ၀င်းမော်ဦး ၀ပ်၊ ၀င်းမော်ဦး ၀ပ်” ဆိုတော့ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတဲ့ အတွက် ငါ ၀ပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံ ကျမယ်။ အဲဒီတော့ ဒို့အဖွဲ့ပါ ကျမယ် ဆိုပြီးတော့ သူက မ၀ပ်ဘဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကို ၀င်ပြီးတော့ ဖောက်ပြီးတော့ ရင်ထဲကို ၀င်သွားတာ တဲ့။

နောက် ၁၂ နာရီ ခွဲလောက်တော့မှ လိုက်ကယ်တဲ့ ဆရာဝန်တွေက သူ့ကိုတွေ့တော့ “ဦး သမီးကို ကယ်ပါ” ဆိုပြီးတော့ သမီးက ပြောတယ်တဲ့။ ပြောတော့ အခု ဓာတ်ပုံထဲမှာ ပါလာတဲ့ မ နေတဲ့ ဆရာဝန်က ကျနော့်ဆီ ရောက်လာပြီးတော့ ပြောပြတာ။

သူ့ကို တွေ့တဲ့ အချိန်တုန်းက သူ အသက်ရှိသေးတယ်။ ဒီလိုဒီလိုပဲ ကျနော့်ကို ကယ်ပါ ဆိုပြီးတော့ ပြောတယ် ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ဆေးရုံရောက်တဲ့ အထိ သူတို့လည်း ပို့ပေးကြပါတယ်။ ဆေးရုံရောက်တော့လည်း ဆေးရုံက ကျနော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းနံပါတ်တွေ ဘာတွေကျတော့လည်း သူကိုယ်တိုင်ပဲ ပေးတာ တဲ့။ အဲဒီတော့ ကျနော့်ဆီ ဖုန်းရောက်တော့ နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ ကျနော်တို့လည်း ဘယ်လိုမှ သွားလို့ မရဘူး။ လမ်းတွေကလည်း အကုန်လုံး ပိတ်ကုန်တာ။ သံဆူးကြိုးတွေနဲ့ပိတ် ဘာညာနဲ့ အတားအဆီးတွေ ရှိနေတာ။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော့် ယောက်ဖရယ်၊ အကိုဝမ်းကွဲ တယောက်ရယ် ကျနော်တို့ သုံးယောက်က တယောက်က ဆိုင်ကယ်နဲ့ သွားတယ်။ ကျန်တဲ့ နှစ်ယောက်က စက်ဘီးနဲ့ သွားတယ်။ သံဆူးတွေ မ၊ တိုင်တွေဖယ်နဲ့ ဆေးရုံရောက်တော့ သုံးနာရီခွဲ၊ လေးနာရီ မတ်တင်းလောက် ရှိပြီ။ သူ့ကို လိုက်ရှာတော့ 3-4 ward မှာ တင်ထားတယ် ဆိုတော့ ကျနော်တို့က အဲဒီကို သွားရှာတာ မတွေ့ဘူး။ အဲဒီတော့ ဆေးရုံက ဒိပြင် ward တွေမှာ သွားရှာတော့ အဲဒီတွေမှာလည်း မရှိဘူး။ အဲဒီတော့ ဒါဆို အရေးပေါ်ဌာနကို ထပ်မေးဦးမယ် ဆိုပြီး သွားမေးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ သွားတွေ့တယ်။ သူက အသည်းအသန်အခန်းထဲမှာ ရှိပါတယ်၊ ကျနော် ကိုယ်တိုင် တင်ခဲ့တာပါ ဆိုတော့မှ ကျနော်က 3-4 ward ကို ပြန်သွားပြီးတော့ အသည်းအသန်အခန်းထဲကို သွားကြည့်တော့မှ သမီးကို ကျနော်တို့ တွေ့ရတယ်။

ရောက်သွားတဲ့အချိန်မှာ သမီးကို မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး၊ ဇဝေဇ၀ါဖြစ်သွားတယ်။ ပါးစပ်မှာလည်း အောက်စီဂျင်တွေ ပေးထားတယ်။ ခွဲစိတ်ထားတော့ သူ သတိမရသေးဘူး။ အဲလိုနဲ့ပဲ အဲဒီ ညနေမှာပဲ သူဆုံးသွားတာ။ ကျနော်တို့နဲ့လည်း စကား မပြောလိုက်ရဘူး။ သူဆုံးတဲ့အထိကို ကျနော်တို့ မိဘတွေ ဘယ်သူတွေ ဘယ်ဝါတွေ လာတယ် ဆိုတာ မသိသွားလိုက်ရရှာဘူး။ သူက ၁၉၇၂ ခု အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးတာ။ သူဆုံးတုန်းက ၁၆ နှစ်ပေါ့။ သူသာ ရှိနေသေးရင် အခု ၃၇ နှစ်ပေါ့။ အိမ်ရောက်တော့ သူ့မအေ သူ့အဘွားတွေက ၀ိုင်းမေးကြတာ။ မပြောရက်ပေမယ့် မပြောလည်း မဖြစ်ဆိုတော့ အကျိုးအကြောင်း ပြောရတာပေါ့။ စိတ်မကောင်းတာက လွဲလို့ ဘာတတ်နိုင်မလဲနော်။

သူ့ကျောင်း အလက (၄) ကြည့်မြင်တိုင်ကျောင်းက ချီတက်တဲ့သူတွေထဲက ၁၇ ယောက် ထိတယ်။ အဲဒီထဲမှာ ၃ ယောက်က သေသွားတယ်။ ယောင်္ကျားလေး နှစ်ယောက်ရယ် သမီးရယ်ပေါ့။ ယောင်္ကျားလေး နှစ်ယောက်မှာ တယောက်ဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ နေရာမှာတင် သေသွားကြတာ။ အဲဒီတုန်းက ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေ ဆိုတာလည်း အများကြီး ဖြစ်နေတာပေါ့။ ကလေးတွေ နာလို့ အော်ကြဘာကြနဲ့ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် သမီးဇောက ရှိနေတော့ ကျန်တာတွေ ဘာမှ အလေးမထားမိတော့ဘူး။

မေး။ ။ ဒဏ်ရာရနေတဲ့ မ၀င်းမော်ဦးကို ဆရာဝန်နှစ်ယောက်က သယ်လာတဲ့ပုံကို မြင်လိုက်ရတော့ ဦး ဘယ်လိုခံစားရလဲဆိုတာလေး ပြောပြပေးပါလားရှင်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ။ အဲဒီပုံလေးက … စိတ်မကောင်းဘူးဗျာ …။ သမီးကတော့ သူ့ကံကိုက ဒီလိုပဲ ပါလာတာ။ ဒီလောက်အသက်အရွယ်ပဲ နေရမယ်လို့ ဖြစ်လာတာပဲ ဆိုတော့လေ။ ကျနော်ကတော့ သမီးအတွက် ဂုဏ်ယူပါတယ်။ ကျနော့်အမေ၊ သမီးရဲ့အဘွား ဆိုရင်လည်း အခု ၈၆ နှစ်ရှိနေပြီ။ အမေက ဟိုးအရင်က ဖဆပလတို့ ပမညတ တို့မှာသူက လှုပ်ရှားခဲ့ဖူးပါတယ်။ သူ့ဘွားအေသွေး ပါလို့ပဲ ဒီလိုစိတ်ရှိလားတော့ မပြောတတ်ဘူး။ သူ့အဘွားကလေ ၂၀၀၇ တုန်းက သံဃာတွေနဲ့ လိုက်ပါသေးတယ်။ ကြည့်မြင်တိုင် ကမ်းနားဈေးကနေပြီးတော့ လမ်းလျှောက်လိုက်သွားတာ ကမ္ဘာအေး လမ်းဆုံအထိ လိုက်သွားသေးတာ။ အခုလည်း သမီးအတွက် သူပဲ ကမကထ လုပ်ပေးနေတာ။ ကျနော်တို့ကတော့ အခုအချိန်ထိ နိုင်ငံရေး ဘာညာလည်း နားလည်း မလည်ဘူး၊ ၀င်လည်း မပါခဲ့ဘူးပေါ့။

မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။ အခုလက်ရှိ မျိုးဆက်သစ်လေးတွေ ဆက်လက်ပြီးတော့လည်း သူတို့ တောင်းထားတဲ့၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။

Friday, September 9, 2011

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ဖိတ်ကြားလွှာ

From Drop Box

စစ်အုပ်စုမှ UWSA နှင့် မိုင်းလားတပ်ကို နယ်ခြားစောင့်တပ်ဖွဲ့ရေး မြှုတ်ကွက်ဖြင့်ချင်းကပ်စည်းရုံးနည်းဗျူဟာဖြင့်စတင်လိုက်ပြီ်

UWSA နှင့် မိုင်းလားတပ်ကို နယ်ခြားစောင့်တပ်ဖွဲ့ရေး အစိုးရ မတောင်းဆိုတော့

ရန်ပိုင် Friday, 09 September 2011 18:10

ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အဖွဲ့တို့ကို နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အစိုးရက တောင်းဆိုခြင်း မပြုတော့ဟု သိရသည်။


ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ အစိုးရနှင့် UWSA၊ NDAA တပ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနေပုံ

ပြီးခဲ့သည့် အင်္ဂါနေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ နှစ်ဘက် ပဏာမငြိမ်းချမ်းရေး သဘောတူညီချက် ယူရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွင်းပြဌာန်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြီး တပ်မတော် အောက်တွင် ထားရှိရန် ဆိုသောအချက်ကို အစိုးရက ထည့်သွင်းဆွေးနွေးခြင်း မရှိကြောင်း UWSA အရာရှိ တဦးက ပြောသည်။

“ဦးအောင်သောင်းတို့ကို မေးတယ်၊ နယ်ခြားစောင့်တပ်ပြောင်းဖို့ ဆွေးနွေးမှာလားဆိုတော့ အရင် တပ်မတော်အစိုးရက လုပ်တာ အခု အရပ်သားအစိုးရဆိုတော့ ဆွေးနွေးဖို့ မလိုဘူး ဆိုလို့ သဘောတူတာ” ဟု အဆိုပါ အရာရှိကပြောသည်။

ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊ လက်နက်ကိုင် တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင်ရန် စသည့်အချက် ၄ ချက်ကို အခြေခံ၍ ဆွေးနွေးကြောင်း အဆိုပါ အရာရှိကပြောသည်။

ထို့အပြင် အစိုးရ၀န်ထမ်းများကိုလည်း ယခုအခါ ပြန်လည်လက်ခံရန် ကမ်းလှမ်းချက်လည်း ဆွေးနွေးရာတွင် ပါဝင်သည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရှမ်းပြည်နယ်အစိုးရနှင့် UWSA၊ NDAAအဖွဲ့တို့ ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များက နှစ်ဘက်လက်မှတ်ရေးထိုးကြောင်း ဓာတ်ပုံများနှင့် ဖော်ပြထားသည်။

ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူက ဦးဆောင်ကာ UWSA ဗဟိုကော်မတီဝင် ဦးကျောက်ကွမ်းအမ်း နှင့်လည်းကောင်း၊ မိုင်းလားအခြေစိုက် NDAA အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးစံပေ့ က လည်းကောင်း ဦးဆောင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု ရေးထားသည်။

မကြာသေးမီက ကရင်၊ ကချင်နှင့် မွန်အပါအ၀င် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တပ်များ စုပေါင်းကာ ညီညွတ်သော တိုင်း ရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)ကို ဖွဲ့စည်းပြီး အစိုးရနှင့် ဆွေးနွေးရာတွင် တဖွဲ့ချင်း တဦးချင်းမဟုတ်ဘဲ UNFC ကိုသာ ကိုယ်စားပြု ဆွေးနွေးရန် သဘောတူညီခဲ့သည်။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ယခု အစိုးရအနေဖြင့် ၀ အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ကို သီးခြားစီ တွေ့ ဆုံကာ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးစေခြင်းသည် UNFC အဖွဲ့၏ သဘောထားကို သေးသိမ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“အခုသဘောတူညီချက်ကို ပြပြီး တခြားတိုင်းရင်းသား အဖွဲ့တွေကိုလည်း စည်းရုံးနိုင်မယ်၊ နိုင်ငံရေးအရ အသာစီးရအောင် လုပ်လိမ့်မယ်။ နိုင်ငံတကာမှာလည်း ပြယုဂ်ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန် တဖွဲ့ချင်းခေါ်ယူဆွေးနွေးမှုများ မလုပ်ဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ဖြင့်သာ ဆွေးနွေးသင့်သည်ဟု နိုင်ဟံသာက ဆက်လက်ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလက်နက်ကိုင်များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်း ပြီး တခုတည်းသော တပ်မတော် အဖြစ်ထားရှိရန် ပြုလုပ်ခဲ့ရာ လက်မခံနိုင်သည် တိုင်းရင်းသား အဖွဲ့များနှင့် တင်းမာမှုများ ဖြစ်ပွား ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးယူခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အတွင်း၌ နယ်ခြား စောင့် တပ်ပြောင်းရေးကို လက်မခံသည့် ဗိုလ်မှူးချုပ် စောလားပွယ်၏ တပ်များက ပြီးခဲ့သည်နှစ် နိုဝင်ဘာလမှ စတင်ပြီး အစိုးရတပ် များကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA)နှင့်လည်း ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွမ်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို ဖယ်ရှားရန် ကြိုးစားရာမှ အစိုးရတပ်နှင့် KIAတပ်များ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယခုတိုင်ကြိုကြား တိုက်ပွဲငယ်များ ဖြစ်ပွားဆဲဖြစ်သည်။

Thursday, September 8, 2011

အမေရိကန် ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ်ဆို

ကိုဝိုင်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မထိရောက်ဟု လူအများ ပြောနေကြသော်လည်း အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို မြန်မာအစိုးရလက်ရင်းလူယုံ စီးပွားရေးလုပ်ငန်းရှင်များ (ခရိုနီ) ကြောက်ရွံ့လာနေကြသည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက သုံးသပ်မှုပြုခဲ့သည်ကို ဝီကီလိခ် အင်တာနက်စာမျက်နှာများတွင် ပေါက်ကြားလာခဲ့သော အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက်ကြေးနန်း စာတစောင်တွင် ပါရှိသည်။

သြဂုတ် ၃ဝ ရက်နေ့က ပေါက်ကြားသော ကြေးနန်းစာထဲတွင် ထူးထရိတ်ဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ အေးရှားဝေါ်လ် ကုမ္ပဏီမှ စတီဗင်လောနှင့် လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဧရာရွှေဝါ ကုမ္ပဏီပိုင်ရှင် ဦးအောင်သက်မန်းတို့ကို နာမည်တပ် ညွှန်းဆိုထားပြီး သူတို့ပိုင်ငွေများကို အပ်နှံလေ့ရှိသော စင်္ကာပူ ဘဏ်ကြီးများက ပိုမိုတင်းကျပ်သော စည်းကမ်းများချမှတ်လိုက်၍ အခက်အခဲများဖြစ်လာကြောင်း ပါရှိသည်။

ရန်ကုန်အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု မတ်လ ၂၅ ရက်စွဲပါ ကြေးနန်းစာတွင် သံရုံးအဆက်သွယ်များမှတဆင့် သိရသော သတင်းအချက်အလက်များကို အခြေခံပြီး
ရေးသားထားရာတွင် မြန်မာနိုင်ငံသားများကို ဘဏ်စာရင်းတခုမက ဖွင့်ခွင့်ပေးသော ယင်းဘဏ်နှစ်ခုက ဘဏ်စာရင်း တခုသာ ဖွင့်ခွင့်ပေးပြီး ချက်လက်မှတ်ဖြင့် ပေးချေခွင့်ကိုလည်း လက်မခံတော့ကြောင်း ပါရှိသည်။ ထို့အပြင် ငွေလွှဲ စာတမ်း letter of credit-LC ကို လည်း ဘဏ်မှ မထုတ်ပေးတော့ကြောင်း ပါရှိသည်။

“အခုဆိုရင် စင်ကာပူဘဏ်တွေဟာ မြန်မာနိုင်ငံနဲ့ ငွေအလွဲအပြောင်းတွေကို အနီးကပ် စောင့်ကြည့်နေပြီး ကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂလိကတဦးချင်းက စင်ကာပူဒေါ်လာ ၃ဝ,ဝဝဝ ကျော်ပြီး ပို့ချင်တယ်ဆိုရင် ဒီငွေဘယ်ကရလည်း ဆိုတာ ဖော်ပြရတော့မှာပါ” ဟု သံအရာရှိက သိရှိရချက်ကို ပြန်လည်ပြောဆိုထားသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အရေးယူစာရင်းပါ စီးပွားရေးသမားများအနက် အချို့က စင်္ကာပူ နိုင်ငံအစား ဒူဘိုင်း၊ ကိုရီးယား၊ ဟောင်ကောင် နိုင်ငံတို့မှ ဘဏ်များမှတဆင့် ငွေလွှဲပြောင်းနိုင်ရေး နည်းလမ်းရှာနေကြသည်ဟု ဆိုသည်။

UOB ဘဏ်က ကိုရီးယားသို့ ငွေမလွဲပေးသဖြင့် ကိုရီးယားကုမ္ပဏီတခုထံမှ ကုန်ပစ္စည်းတင် သင်္ဘောနှစ်စင်း ဝယ်ယူရန် လက်မှတ်ထိုးပြီးမှ ဦးတေဇ အစီအစဉ်ဖျက်လိုက်ရသည်ကအစ အမေရိကန်သံရုံးက သိရှိနေခဲ့သည်။

မြန်မာစစ်အစိုးရက သူ့အား ကျားကျန်ပေးနေသူများကို လုပ်ပိုင်ခွင့်များ ပြန်ပေးနေသည်ကိုလည်း ရန်ကုန် အမေရိကန် သံရုံးက ထောက်ပြထားသေးသည်။

ဦးတေဇမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ပိုင် “မြန်ဂုဏ်မြင့်” ကားတင်သွင်းသည့် ကုမ္ပဏီကိုလည်း လွှဲပြောင်း လုပ်ပိုင်ခွင့် ရတော့မည်ဟု သံရုံးက သူ၏ စိတ်ချရသည့် စီးပွားရေးလုပ်ငန်းရှင် အဆက်သွယ်များမှ တဆင့် ကြိုတင်သိရှိနေသည်။ ကားတစီး တင်သွင်းလျင် အမေရိကန်ဒေါ်လာ ငါး သောင်းမှ တသိန်း အကြားအမြတ်ရမည်ဟုဆိုသည်။

သစ်၊ ကျောက်မျက်ရတနာနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းနှင့် လေကြောင်းလိုင်း စသည့် လုပ်ငန်းကြီးများ လုပ်ကိုင်နေသော ထူးထရေးဒင်း အုပ်စုတွင်လည်း ညွှန်ကြားရေးမှူး လုပ်နေသည့် ဦးအောင်သက်မန်း ကမူ စင်္ကာပူတွင် Asia Might၊ Ayer Hinda၊ Terrestrial စသည့် ကုန်သွယ်ရေးကုမ္ပဏီ သုံးခုကို ထပ်မံဖွင့်လှစ်သည်။

နေပြည်တော်ရှိ တိရစ္ဆာန်ဥယာဉ်အသစ်နှင့် ဈေးဝယ်စင်တာကြီးများ၊ အဝေးပြေးကားလမ်းများကို အခမဲ့ တည်ဆောက်ပေးခဲ့သည့်အတွက် စတီဗင်လော (ထွန်းမြင့်နိုင်) မှာမူ တစီးလျင် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်
သည့် ကားအစီး ၂ဝ တင်သွင်းခွင့် လိုင်စင်နှင့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်း လိုင်စင်များ ရထားသည်ဟု ကြေးနန်းက ဖော်ပြထားသည်။

စတီဗင်လောနှင့် သူ၏ ဇနီး၊ ဖခင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်တို့နှင့် သူတို့ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီ အပါအဝင် ဆိပ်ကမ်းစီမံရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းကုမ္ပဏီ တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁ဝ ခုက စတင် ပိတ်ဆို့ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန် ဘဏ်များ၊ ကုန်သွယ်ရေး ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများသာမက အမေရိကန် နိုင်ငံသားတဦးချင်းကပင် ပိတ်ဆို့ခံ ထားရသည့် မြန်မာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှက်၍ သော်လည်းကောင်း ဘဏ္ဍာရေးအရ ဆက်စပ်ပိုင်ခွင့် မရှိပေ။

ယင်း ပိတ်ဆို့မှုသည် အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ် အစိုးရလက်ထက် ၂ဝဝ၃ ခုက မြန်မာ့လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ Burmese Freedom and Democracy Act ot 2003 ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့ ပြီးနောက် မြန်မာ့ကုန် ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၈ တွင် ဘဏ္ဍာရေး
ဆိုင်ရာ ပိတ်ဆို့မှုများ တိုးချဲ့ဆောင်ရွက်ခဲ့သည်။

သူတို့နှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုနှင့် ကိုယ်ရေး အချက်အလက်များကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန
က သူ၏ အင်တာနက် စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားသည်။

" ၀ " ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စတင်သွေးခွဲစည်းရုံးဆွေးနွေး

အပစ်ရပ်မှု ဆက်ထိန်းထားရန် ကြံ့ဖွံ့ကိုယ်စားလှယ်များ ဆွေးနွေး

ရန်ပိုင် Thursday, 08 September 2011 17:34

လက်ရှိ အခြေအနေအတိုင်း အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားရန် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် တွေဆုံခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အစိုးရ ထိပ်တန်းကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးကြောင်း သိရသည်။

ဝပြည်နယ်တွင် UWSA တပ်ဖွဲ့ စစ်ရေးပြနေစဉ် (ဓာတ်ပုံ - SYCB)

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးအောင်သောင်းက UWSA အနေဖြင့် ယခင်ကကဲ့သို့ မြို့ကြီးများတွင် ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဖက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊ UWSA တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင်ရန် စသည့်အချက်များကို ဆွေးနွေးကြောင်း UWSA မှ အရာရှိတဦးက ပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့က UWSA ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးတာဝန်ခံ ဦးပေါက်ယိုလျံ၊ ပြန်ကြားရေးအရာရှိ ဦးအောင်မြင့်၊ ပြည်ပဆက်သွယ်ရေး တာဝန်ခံ ဦးကျောက်ဂူရမ်တို့နှင့် အာဏာရ ကြံ့ဖွံ့ပါတီခေါင်းဆောင် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ တွေဆုံကြခြင်း ဖြစ်သည်။

ယခုဆွေးနွေးမှုသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် UWSA နှင့် ပထမဆုံးအကြိမ် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်းက နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားခဲ့စဉ် ပြန်လည်ခေါ်ယူခဲ့သည့် အစိုးရ၀န်ထမ်းများကိုလည်း ယခုအခါ ပြန်လည်လက်ခံရန် ကမ်းလှမ်းချက်လည်း ဆွေးနွေးရာတွင် ပါဝင်သည်ဟု သိရသည်။

အစိုးရ၏ ကမ်းလှမ်းချက်ကို UWSA အနေဖြင့် ချက်ခြင်းတုံ့ပြန်ခြင်းမရှိဘဲ အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးပြီးမှသာ အကြောင်းပြန်မည်ဟု သိရှိရသည်။

ပြီးခဲ့သည့် မေလအတွင်းက သမ္မတဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်သမ္မတ ဟူကျင်းတောင်က မြန်မာအစိုးရ အနေဖြင့် တိုင်းရင်းသားပြဿနာကို ပြေလည်အောင်ဖြေရှင်းရန်၊ အထူးသဖြင့် UWSA နှင့် မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အဖွဲ့တို့အပေါ်တွင် သိမ်မွေ့စွာ ကိုင်တွင်ဖြေရှင်းရန် ပြောဆိုခဲ့သည်။

ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့နှင့် UWSA အဖွဲ့တို့ တွေ့ဆုံမှု မတိုင်ခင် သြဂုတ်လအတွင်းက UWSA အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း သိရသည်။

အလားတူ ယမန်နေ့ကလည်း ကျိုင်းတုံမြို့၌ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့နှင့် NDAA အထူးဒေသ (၄) အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း၊ NDAA အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း၏သား ဦးထိန်လင်းက ဦးဆောင်ဆွေးနွေးကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့်သာ ဆက်သွယ်ရန် ပြောဆိုခဲ့သည်။

ထိုသို့ အာဏာရ ကြံ့ဖွံ့ပါတီခေါင်းဆောင် နှစ်ဦးက ငြိမ်းချမ်ေးရးဟုဆိုကာ ဆွေးနွေးနေသော်လည်း ယခုကျင်းပနေသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့များက နယ်မြေတိုးချဲ့ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ ဆန့်ကျင်စည်းရုံးလှုပ်ရှားမှုများ အရှိန်မြှင့်ကာ မရိုးသားသော ကျူးလွန်ဖောက်ဖျက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ပျက်ပြားခဲ့ရသည်ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

Wednesday, September 7, 2011

၂၀၀၉ ခုနှစ်က မ၀င်းမော်ဦး နှစ်ပါတ်လည်ဆွမ်းကြွေးပွဲသတင်းအားပြန်လည်ဖေါ်ပြခြင်း

" ဦးဝင်းကြူက သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူးတဲ့ "

ဧရာဝတီ Monday, 21 September 2009 16:08 အင်တာဗျူး

၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။

စဉ်က ဖြစ်ရပ်တချို့နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများထဲတွင် အာဏာသိမ်းပြီး နောက်တနေ့ ဖြစ်သော စက်တင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး၏ ဓာတ်ပုံမှာ အထင်ရှားဆုံး ဓာတ်ပုံများထဲတွင် ပါဝင်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော မဝင်းမော်ဦးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း

မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။

မေး ။ ။ မ၀င်းမော်ဦးအတွက် နှစ်ပတ်လည် ဆွမ်းကပ်တယ်လို့ သိရပါတယ်။ အေးအေးချမ်းချမ်း လုပ်ခွင့် ရခဲ့ပါသလား။

ဖြေ ။ ။ ကောင်းကောင်းမွန်မွန်တော့ လုပ်ခွင့်ရပါတယ်။ သူတို့ အဖွဲ့အစည်း ဘာညာတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတော့ရှိတာပေါ့။ ဒါပေမယ့်လို့ သူတို့ဘာသာ သူတို့ နေကြတာပါ။ နှောင့်ယှက်တာ ဘာညာတော့ မရှိဘူးပေါ့။ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ လုပ်ခဲ့တဲ့အခါမှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မရှိဘူး ဆိုတာကလည်း ကိုယ့်ဆီလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း သမီးကို ဂုဏ်ပြုတဲ့ အနေနဲ့ လာလာပြီးတော့ ဒီလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောကြ ဆိုကြတာလေ။

မေး ။ ။ နှစ်တိုင်း ဆွမ်းကပ်ပေမယ့် မ၀င်းမော်ဦး မှာခဲ့တဲ့ စကားတခွန်းကြောင့် ဦးတို့ အခုချိန်ထိ သူ့အတွက် အမျှမဝေဘူး ဆိုတာ သိရပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။

ဖြေ ။ ။ အဲဒါတွေက ဘယ်တော့မှ မမေ့ပါဘူး။ သူက မဟုတ်မခံစိတ် ရှိတယ်။ အဲဒီနေ့တုန်းက မနက်ပိုင်းက သူ့ကို ကျနော်တို့ မိဘတွေကလည်း တားတာပေါ့။ အဘိုးတွေ အဘွားတွေကလည်း တားတယ်။ သမီး ဒီနေ့က သိပ် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မသွားရင် ကောင်းမယ် ဆိုတော့ သူက ဘိုးဘိုးကြီး တဲ့ သမီးတို့က ကျောင်းမှာ ဆိုလို့ရှိရင် အမာခံတောင် မဟုတ်ဘူး တဲ့လေ၊ အသေခံပါ တဲ့။ အဲဒီတော့ သမီးတို့ မသွားလို့ မရဘူး၊ နောက်တော့လည်း သူက လူကြီးဖြစ်နေတဲ့ အတွက် မသွားလို့ မဖြစ်ဘူး။ သမီး သွားရမယ် တဲ့။ သွားရင်လည်း သမီး မျက်နှာပြရုံတင်ပါပဲ တဲ့။ ပြီးရင် သမီး ပြန်လာမယ် ဆိုပြီးတော့ ကျောင်းရောက်သွားတဲ့ အခါကျတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တော့ ပြောကြ ဆိုကြရင်းနဲ့ သူလည်း စိတ်ဝင်စားပြီးတော့ ပါသွားတယ်ပေါ့။

ပါသွားတော့ အဲဒီအချိန်မှာ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတယ်။ အဲဒါနဲ့ သူပါသွားပြီး ချီတက်သွားကြတော့ အဲဒီက အပြန်၊ အပြန်မှာ မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ၀င်တယ်။ ၀င်ပြီးတော့ ဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီ ထောင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲဒီနားမှာ သူတို့ အပစ်ခံရတာ။

ပထမ သူတို့ စပစ်တဲ့ အချိန်တုန်းက အောက်ပိုင်းကို သူတို့ ပစ်တာပေါ့၊ ဒူးအောက်ပိုင်းကို သူတို့ ပစ်တာ။ အဲဒီမှာ သူက ဘယ်ခြေသလုံးကို အရင် ထိတယ်။ ပြီးတော့ နောက်တခါ ထပ်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံနဲ့ ကိုင်ပြီးတော့ ခွေကျသွားတယ်။

သမီးနဲ့ အတူတူ ချီတက်တဲ့ ကလေးတွေက ပြောပြတယ်။ သူခွေကျသွားတော့ သူ့ဘေးနားက သူငယ်ချင်းက “ဟဲ့ ၀င်းမော်ဦး ၀ပ်၊ ၀င်းမော်ဦး ၀ပ်” ဆိုတော့ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတဲ့ အတွက် ငါ ၀ပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံ ကျမယ်။ အဲဒီတော့ ဒို့အဖွဲ့ပါ ကျမယ် ဆိုပြီးတော့ သူက မ၀ပ်ဘဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကို ၀င်ပြီးတော့ ဖောက်ပြီးတော့ ရင်ထဲကို ၀င်သွားတာ တဲ့။

နောက် ၁၂ နာရီ ခွဲလောက်တော့မှ လိုက်ကယ်တဲ့ ဆရာဝန်တွေက သူ့ကိုတွေ့တော့ “ဦး သမီးကို ကယ်ပါ” ဆိုပြီးတော့ သမီးက ပြောတယ်တဲ့။ ပြောတော့ အခု ဓာတ်ပုံထဲမှာ ပါလာတဲ့ မ နေတဲ့ ဆရာဝန်က ကျနော့်ဆီ ရောက်လာပြီးတော့ ပြောပြတာ။

သူ့ကို တွေ့တဲ့ အချိန်တုန်းက သူ အသက်ရှိသေးတယ်။ ဒီလိုဒီလိုပဲ ကျနော့်ကို ကယ်ပါ ဆိုပြီးတော့ ပြောတယ် ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ဆေးရုံရောက်တဲ့ အထိ သူတို့လည်း ပို့ပေးကြပါတယ်။ ဆေးရုံရောက်တော့လည်း ဆေးရုံက ကျနော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းနံပါတ်တွေ ဘာတွေကျတော့လည်း သူကိုယ်တိုင်ပဲ ပေးတာ တဲ့။ အဲဒီတော့ ကျနော့်ဆီ ဖုန်းရောက်တော့ နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ ကျနော်တို့လည်း ဘယ်လိုမှ သွားလို့ မရဘူး။ လမ်းတွေကလည်း အကုန်လုံး ပိတ်ကုန်တာ။ သံဆူးကြိုးတွေနဲ့ပိတ် ဘာညာနဲ့ အတားအဆီးတွေ ရှိနေတာ။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော့် ယောက်ဖရယ်၊ အကိုဝမ်းကွဲ တယောက်ရယ် ကျနော်တို့ သုံးယောက်က တယောက်က ဆိုင်ကယ်နဲ့ သွားတယ်။ ကျန်တဲ့ နှစ်ယောက်က စက်ဘီးနဲ့ သွားတယ်။ သံဆူးတွေ မ၊ တိုင်တွေဖယ်နဲ့ ဆေးရုံရောက်တော့ သုံးနာရီခွဲ၊ လေးနာရီ မတ်တင်းလောက် ရှိပြီ။ သူ့ကို လိုက်ရှာတော့ 3-4 ward မှာ တင်ထားတယ် ဆိုတော့ ကျနော်တို့က အဲဒီကို သွားရှာတာ မတွေ့ဘူး။ အဲဒီတော့ ဆေးရုံက ဒိပြင် ward တွေမှာ သွားရှာတော့ အဲဒီတွေမှာလည်း မရှိဘူး။ အဲဒီတော့ ဒါဆို အရေးပေါ်ဌာနကို ထပ်မေးဦးမယ် ဆိုပြီး သွားမေးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ သွားတွေ့တယ်။ သူက အသည်းအသန်အခန်းထဲမှာ ရှိပါတယ်၊ ကျနော် ကိုယ်တိုင် တင်ခဲ့တာပါ ဆိုတော့မှ ကျနော်က 3-4 ward ကို ပြန်သွားပြီးတော့ အသည်းအသန်အခန်းထဲကို သွားကြည့်တော့မှ သမီးကို ကျနော်တို့ တွေ့ရတယ်။

ရောက်သွားတဲ့အချိန်မှာ သမီးကို မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး၊ ဇဝေဇ၀ါဖြစ်သွားတယ်။ ပါးစပ်မှာလည်း အောက်စီဂျင်တွေ ပေးထားတယ်။ ခွဲစိတ်ထားတော့ သူ သတိမရသေးဘူး။ အဲလိုနဲ့ပဲ အဲဒီ ညနေမှာပဲ သူဆုံးသွားတာ။ ကျနော်တို့နဲ့လည်း စကား မပြောလိုက်ရဘူး။ သူဆုံးတဲ့အထိကို ကျနော်တို့ မိဘတွေ ဘယ်သူတွေ ဘယ်ဝါတွေ လာတယ် ဆိုတာ မသိသွားလိုက်ရရှာဘူး။ သူက ၁၉၇၂ ခု အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးတာ။ သူဆုံးတုန်းက ၁၆ နှစ်ပေါ့။ သူသာ ရှိနေသေးရင် အခု ၃၇ နှစ်ပေါ့။ အိမ်ရောက်တော့ သူ့မအေ သူ့အဘွားတွေက ၀ိုင်းမေးကြတာ။ မပြောရက်ပေမယ့် မပြောလည်း မဖြစ်ဆိုတော့ အကျိုးအကြောင်း ပြောရတာပေါ့။ စိတ်မကောင်းတာက လွဲလို့ ဘာတတ်နိုင်မလဲနော်။

သူ့ကျောင်း အလက (၄) ကြည့်မြင်တိုင်ကျောင်းက ချီတက်တဲ့သူတွေထဲက ၁၇ ယောက် ထိတယ်။ အဲဒီထဲမှာ ၃ ယောက်က သေသွားတယ်။ ယောင်္ကျားလေး နှစ်ယောက်ရယ် သမီးရယ်ပေါ့။ ယောင်္ကျားလေး နှစ်ယောက်မှာ တယောက်ဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ နေရာမှာတင် သေသွားကြတာ။ အဲဒီတုန်းက ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေ ဆိုတာလည်း အများကြီး ဖြစ်နေတာပေါ့။ ကလေးတွေ နာလို့ အော်ကြဘာကြနဲ့ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် သမီးဇောက ရှိနေတော့ ကျန်တာတွေ ဘာမှ အလေးမထားမိတော့ဘူး။

မေး။ ။ ဒဏ်ရာရနေတဲ့ မ၀င်းမော်ဦးကို ဆရာဝန်နှစ်ယောက်က သယ်လာတဲ့ပုံကို မြင်လိုက်ရတော့ ဦး ဘယ်လိုခံစားရလဲဆိုတာလေး ပြောပြပေးပါလားရှင်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ။ အဲဒီပုံလေးက … စိတ်မကောင်းဘူးဗျာ …။ သမီးကတော့ သူ့ကံကိုက ဒီလိုပဲ ပါလာတာ။ ဒီလောက်အသက်အရွယ်ပဲ နေရမယ်လို့ ဖြစ်လာတာပဲ ဆိုတော့လေ။ ကျနော်ကတော့ သမီးအတွက် ဂုဏ်ယူပါတယ်။ ကျနော့်အမေ၊ သမီးရဲ့အဘွား ဆိုရင်လည်း အခု ၈၆ နှစ်ရှိနေပြီ။ အမေက ဟိုးအရင်က ဖဆပလတို့ ပမညတ တို့မှာသူက လှုပ်ရှားခဲ့ဖူးပါတယ်။ သူ့ဘွားအေသွေး ပါလို့ပဲ ဒီလိုစိတ်ရှိလားတော့ မပြောတတ်ဘူး။ သူ့အဘွားကလေ ၂၀၀၇ တုန်းက သံဃာတွေနဲ့ လိုက်ပါသေးတယ်။ ကြည့်မြင်တိုင် ကမ်းနားဈေးကနေပြီးတော့ လမ်းလျှောက်လိုက်သွားတာ ကမ္ဘာအေး လမ်းဆုံအထိ လိုက်သွားသေးတာ။ အခုလည်း သမီးအတွက် သူပဲ ကမကထ လုပ်ပေးနေတာ။ ကျနော်တို့ကတော့ အခုအချိန်ထိ နိုင်ငံရေး ဘာညာလည်း နားလည်း မလည်ဘူး၊ ၀င်လည်း မပါခဲ့ဘူးပေါ့။

မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။ အခုလက်ရှိ မျိုးဆက်သစ်လေးတွေ ဆက်လက်ပြီးတော့လည်း သူတို့ တောင်းထားတဲ့၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။

0
Set as favorite Bookmark Email this Hits: 12322
Comments (30)
Really sad!!!!!!
written by jasmine, December 03, 2009

I feel really ,really sad,,,,,but I really proud of you !!!! " May you rest in peace"" . I hate this people....

+0 မြန်မာပြည်သူ တွေအတွက် ဒီဓါတ်ပုံဟာ အားမာန်ေ တွပြန်ပြည့်ဝ စေတယ်။
written byုkomyolay, October 24, 2009

မြန်မာေ ကျာင်းသားတွေရဲ့ ရဲရင့်တဲ့ စိတ်ဓါတ်ကို အလေးပြုပါတယ်။

လူသတ် ရာဇ၀တ်ကောင်တွေကို တစ်ချိန်ကျရင် အရေးယူနိုင်မှာပါ။

ဒီဓါတ်ပုံဟာ မြန်မာပြ ည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း နေရာ ယူထားမှာပါ။
တရားမျှတတဲ့၊ ယဉ်ကျေးမြှု မင့်မားတဲ့ ၊ ခေတ်သစ်မြ န်မာနိုင်ငံတော်မှာ
မ၀င်းမော်ဦး နဲ့အတူ ပေးဆပ်ခဲ့ကြသူတွေကို မြင့်မြင့် မားမား ဂုဏ်ပြုကြမှာပါ။

စစ်အာဏာရှင် စနစ် ကျဆုံးပါစေ။
ပြည်သူ့အ ရေးတော်ပုံ အောင်မြင်ပါစေ။

+1 ၀မ်းနည်း နာကျည်းမိ ပါတယ်..
written by moemoe(TAIWAN), October 11, 2009

မဝင်းမော်ဦး. သမီး.. တာဝန် ကျေခဲ့ပါတယ်။ စစ်အစိုးရ အမြန်ဆုံး ကျဆုံးပါစေ။ ဗမာပြည် ဒီမိုကရေစီ အမြန်ဆုံး ရ
ပါစေ။ ...

+0 ဦးညွှတ်လျှက်
written by မားဆိုး, October 08, 2009

ကျနော် ဒီဓါတ်ပုံကို လူမှန်း သိတတ်စ ကတည်းက မြင်ဖူးခဲ့တာပါ။
ကြည့်လိုက်တဲ့ အခါတိုင်းလည်း ကြက်သီးထအောင် ခံစားရပါတယ်။
ကျနော့်မှာသာ အခွင့်ရှိရင် ဒီဓါတ်ပုံလေးကို ပူလစ်ဇာဆု ပေးချင်ပါတယ်ဗျာ။
စိတ်ချသွားပါ မဝင်းမော်ဦးရယ်
အမချစ်တဲ့ မြန်မာပြည်ကြီးရဲ့ တာဝန်ကို ကျနော်တို့ မောင်ငယ်တွေ ဆက်လက် သယ်ဆောင်သွားပါ့မယ်ဗျာ။

+3 လေးစား ဦးညွတ် ဂုဏ်ပြု လိုက်ပါတယ်
written by စ်န္တည္ရာ, October 05, 2009

မ၀င်းမော်ဦးသို့
အမဖြစ်စေချင် မြင်စေချင်တဲ့ တိုင်းပြည်မျိုး ဖြစ်အောင် ကျနော်တို့တွေ အာဏာရှင် စစ်အစိုးရကို
ဆက်လက် တော်လှန်နေပါ့မယ်လို့ သစ္စာ အဓိဌာန် ဆိုပါတယ်.....

+3 I am totally sorry.
written by moemoe, October 04, 2009

Congratulations!! to Ma Win Maw Oo..I Live in Taiwan.I come from myanmar.

+1 Proud for U!!!
written by Zaw, October 03, 2009

I really sad when I read that story .. Never forget, never forgive!!!!

+0 ချစ်ခင်စိတ်ထား.. ..လေးစားသမှု... တို့ဂုဏ်ပြု
written by မျိုးချစ်, October 02, 2009

ချစ်ခင်စိတ်ထား... .လေးစားသမှု. ..တို့ဂုဏ်ပြု။

+1 ဗမာပြည်သူ/သား များရဲ့ မျက်ရည်
written by မျိုးချစ်, October 02, 2009

ပြည်သူအများစု မျက်ရည် ကျခဲ့ရပါတယ်
အဲ့ဒါကို ဘယ်သူနဲ့ အစားထိုးမလဲ....
အစ်မတို့တွေ၊ အစ်ကိုတို့တွေရဲ့ အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရပါတယ်။
ရလဒ်တာတော့ နတ္ထိ။ ရည်မှန်းချက်ြ ပည့်အောင် ဆက်လက် တိုက်ပွဲ ဝင်နေကြအုံးမှာပါ။

+1 အာဇာနည်
written by လူမုန်း, October 02, 2009

သင့်အား ငါ ဦးညွတ်ပါသည်။ သင်၏ သတ္တိ နှင့် စွန့်လွှတ်မှု တို့သည် ငါ့အားလည်း ဖြစ်ပါစေသတည်း။

+3 ...
written by May, September 26, 2009

I am very proud of you...ma win maw oo.
I don't know how to metion my sorrow for you.
I am totally sorry.
Thank you ... Irrawaddy.you give us a chance to read this true news.

+1 ...
written by dartukalyar, September 23, 2009

အခုမှပဲ ဒီဓါတ်ပုံအကြောင်းကို သိတော့တယ်။ ဖတ်ပြီး စိတ် မကောင်းဘူးဗျာ...။ အ၇မ်းကို လေးစားပါတယ်. မဝင်းမော်ဦး... ကျွန်မက ၈၆ မှ မွေးတာပါ.. .အစ်မက အသက် ၁၆ နှစ်နဲ့ မမျှအောင် ခံယူချက်ပြင်းထန်တာ ကျွန်မ တကယ်ကို လေးစားမိတာပါ... တစ်နေ့ နေ့ တစ်ချိန်ချိန် ကျရင်... အစ်မတို့ အစ်ကိုတို့ အသက် စွန့်ခဲ့ရတာ လုံးဝကို အလဟဿ မဖြစ်စေရပါဘူး ... အစ်မနာမည်ခေါ်ပြီး အမျှ ဝေရမယ့်ရက် ရောက်တော့မှာပါ အစ်မရယ်. .............

+6 Congratulations to Ma Win Maw Oo
written by Phyu, September 23, 2009

I appreciate what you had done to our people, Ma Win Maw Oo.
I was 4 at that time so I don't know much about that massacre.
But when I grew up and heard about the true story of the victims of that 88 massacre, I feel very sad.
I also feel ashamed on myself and I can't bear to those who are careless about it.
If we are still careless about the issue, how do we answer for the people who fought bravely even they are younger than us?
Think about it!
Again, Thank you very much Ma Win Maw Oo.
Thanks for the people who collect and narrate this information until now.

+3 thank u to irrawaddy for this article
written by bohtike, September 23, 2009

ဒီဆောင်းပါးကို ဖတ်ပြီး ကျွန်တော် မျက်ရည် ကျမိပါတယ်။
ဆရာဝန် နှစ်ယောက်ကိုလည်း လေးစားပါတယ်။
၁၆နှစ် သမီး တစ်ယောက်ရဲ့ စိတ်ဓါတ်ကိုလည်း အံသြမိတယ်။
စစ်အစိုးရ အမြန်ဆုံး ကျဆုံးပါစေ။

+4 ဖတ်ရင်းနဲ့ ငိုမိတယ်ဗျာ
written by ကိုဇော်, September 23, 2009

အမ ကို အမျှ ဝေနိုင်ဖို့ အချိန် မဝေးတော့ပါဘူး။ ဒါပေမဲ့ အမ ကိုင်ထားတဲ့ ဗိုလ်ချုပ် ရဲ့ သမီး ကျွန်တော်တို့ အမေ ရယူ ပေးနိုင်တဲ့ ဒီမိုကရေစီ ရမှဘဲ အမျှ ဝေပါရစေ အမရယ်။
ဆရာဝန် ၂ဦးရဲ့ အမည်ကို သိရလို့ ၀မ်းသာပါတယ်။ မြင့်မြတ်ပါတယ် ဆရာတို့ရယ်။။။

+7 မ၀င်းမော်ဦး သတင်း
written by ko Phone, September 23, 2009

အခုမှပဲ ဒီဓါတ်ပုံအကြောင်းကို သိတော့တယ်။ သိပ်ကို ကေင်းတဲ့ အကြောင်းအရာလေး ပါဘဲ။ မ၀င်းမော်ဦးနဲ့ သူ့ရဲ့ မိသားစုဝင်တွေလိုချင်တဲ့ နေ့ရက်တွေ အမြန် ရောက်နိုင်ပါစေ။

+6 ...
written by အလင်းရောင်, September 23, 2009

အရမ်းကိုလေးစားပါတယ် တိုင်ပြည်နဲ လူမျိးတွေအတွက် လိုအပ်နေတဲဆန္ဒတွေကို အမြန်ဆုံးပြည့်စုံအောင် တိုက်ပွဲဝင် သွားမယ် ။

+10 ဂုဏ်ယူပါတယ်
written by Aung Aung, September 23, 2009

မ၀င်းမော်ဦးလို သူရခြေါင်းများ ထပ်မံ ပေါ်ထွက်နိုင်ပါစေ။ Nဆိုတဲ့ ဆရာဝန် တစ်ဦး ရေးသလို နအဖ ဟာ ယူနီဖေါင်းဝတ် အကြမ်းဖက် သမားတွေပါ။ သူတို့ ထိုင်ခုံ လှုပ်ရင် သတ်မှာပဲ
+4 မထင်ရှားခဲ့သော အာဇာနည်များ
written by အိမ်, September 22, 2009

ဖတ်ပြီး စိတ် မကောင်းဘူးဗျာ...။ ဒီလို စိတ်ဓာတ် ရှိခဲ့တာလဲ အံ့သြ ချီးကျူးလို့ မဆုံးပါဘူး။ ဗိုလ်ချုပ်ပုံမြေကျမှာ စိုးလို့ အသက် ပေးသွားတဲ့ မဝင်းမော်ဦး ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ရှာမှ ရှားတဲ့ စိတ်ဓာတ်ပါပဲ ဗျာ...။ ငယ်ရွယ်တုန်း အချိန်မို့ စဉ်းစား ဆင်ခြင်ဥဏ် မရှိလို့ မိုက်တယ်ပဲ ပြောပြော ဒီလို လူစားမျိုးက ရှားမှရှားပါ။ သူမ၏ မိဘများ အတွက်လဲ ဝမ်းနည်း နှမျောမိပါတယ်၊ ဂုဏ်လဲ ယူမိပါတယ်ဗျာ။
+6 တာဝန်ကျေသူ
written by chitsu, September 22, 2009

မမ
မမ တာဝန် ကျေပါပေတယ်၊သမီးက အဲဒီ အချိန်တုန်းက မှ လူ့ပြည် ရောက်တာစိုတော့ ဒါတွေကို မသိခဲ့ရပါဘူး၊ အရမ်း ၀မ်းနဲမိတယ်၊ အရမ်းလဲလေးစားမိပါတယ်မမရယ်၊ အချိန် မတန်သေးလို အမျှ မဝေချင်သေးပါဘူး ၊နောင်တချိန် မမ မြင်ချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကြီး မြင်ရတဲ့ တနေ့ကျရင် မမ ဖြစ်ချင်တဲ့ အမျှ ဝေဖြစ်အောင်ဝေ ပါ့မယ်လို ချစ်စု ဆုတောင်း ပေးမယ်နော်၊ မမ ရောက်ရာ အရပ်ကနေ စောင့်မျှော် ကြည့်မြင်နိုင်ပါစေ မမ ရယ်၊
+4 အမျှ ဝေသင့်ပါတယ်။, Low-rated comment [Show]
sorry
written by mie , September 22, 2009

i m sorry.. i really do
+0 ...
written by myokowin, September 22, 2009

When I read this article ,I can.t effort to keep my tear for his brave.
+1 အမ အတွက် အမြန်ဆုံး အမျှဝေ ပေးနိုင်ဖို့ြ ကိုးစားပါ့မယ်
written by moesatni, September 22, 2009

ဒီပုံကို မြင်ဖူးတာ ကြာပါပြီ .... အခုမှ အကြောင်းစုံ သိရတာပါ။ (888 တုန်းက ကျွန်တော်က (၅)နှစ်သားပဲ ရှိသေးတယ်။ မ၀င်းမော်ဦးတို့ တာဝန် ကျေခဲ့သလို ကျွန်တော်တို့လည်း တာဝန် ကျေနိုင်အောင် ကြိုးစား နေပါတယ်။ အာဏာရှင်ရဲ့ သေနတ် ပြောင်းဝက ကျည်ဆန်တွေ ကုန်ရင်သာ ကုန်သွားမယ်။ တရားမျှတမှု အတွက် တိုက်ပွဲ ၀င်နေမယ့် မျိုးဆက်က ဘယ်တော့မှ ကုန်သွားမှာ မဟုတ်ပါဘူး။
+25 Congratulations!! to Ma Win Maw Oo
written by Ahmad, September 22, 2009

Really makes me feel and REALLY SAD for Ma Win Maw Oo .....We're going to TRY to get what all we want..... Thanks so much Irrawaddy..
+3 ...
written by shwe, September 22, 2009

May she rest in Peace.
May her parents and family able to call her name to offer the merit of good deeds to her as soon as possible
+2 One of the doctors' name is incorrect
written by N, September 21, 2009

I would like to make some correction; I know both doctors in the photos.Ko Saw Lwin (the one at the front) is two year senior to me and Win Zaw (the one at the back) is my class mate. Both doctors studied medicine in IM (1), Rangoon. Win Zaw is a very nice guy, simple and honest. He is still alive in Burma. Still working as a GP in Irrawaddy Delta. I do not know much about Ko Saw Lwin. Definitely, the one at the back is not Ko Min Thein; I don't know him as well. You can ask anyone from our Batch (1982- 1990, IM (1) graduates) they can tell that the one at the back is Ko Win Zaw. It has been 21 years but memories are still very fresh. We all are in Final Part II when 8888 democracy revolution happened. That changes our way of thinking, aims and ambitions. Some got into politics and gave up medicine some went to Thailand ,some continue the study and become a doctor. What a shame! So many ways of sacrifices but after 21 years, now we are in early 40s, Burma has not changed! We need a leader like Mikhail Gorbachev from USSR or (FW) de Klerk from South Africa.
I cannot see anyone like them in the present military regime. They are not soldiers they are just uniformed terrorist killing and torturing own people.

+10 irrawaddy
written by ကျော်စွာ, September 21, 2009

ဒီဆောင်းပါးအတွက် ကျေးဇူး အရမ်း တင်ပါတယ် ခင်ဗျာ။
+2 verry feel sad
written by moe, September 21, 2009

I hear and I read when like this news I always feel sad
what we can do for them?

+3 လေးစားပါတယ်.. မဝင်းမော်ဦး
written by မျိုးဆက်သစ်ကျောင်းသားတစ်ဦး, September 21, 2009

လေးစားပါတယ်ဗျာ...ကျွန်တော်တို့က ၈၆ မှ မွေးတာပါ..ဒါပေမယ့် အစ်မရဲ့ ဓာတ်ပုံကို ကြည့်ရတာ ကိုယ့်ညီမလေး တစ်ယောက်လို ခံစားရ ပါတယ်.. အစ်မကို သယ်လာပေးတဲ့ ဆရာဝန် နှစ်ယောက်ကိုလည်း အရမ်းလည်း လေးစားပါတယ်.. .အစ်မက အသက် ၁၆ နှစ်နဲ့ မမျှအောင် ခံယူချက်ပြင်းထန်တာ ကျွန်တော် အမှန် တကယ်ကို ကြက်သီး ထမိတာပါ... တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်... အစ်မတို့ အစ်ကိုတို့ အသက် စွန့်ခဲ့ရတာ.. အလကား မဖြစ်စေရ ပါဘူး...လုံးဝကို အလဟဿ မဖြစ်စေရပါဘူး ...စစ်တပ်ကို အဲသလောက် အထိ ရက်စက်လိမ့်မယ် လို့ လည်း မထင်ခဲ့မိပါဘူး... ၂၀၀၇ ကျမှ မျက်ဝါး ထင်ထင် တွေ့မိမှ တကယ်ကို နာကျည်းမိ ပါတယ်... လမ်းပေါ်မှာ ကြွေလွင့်ခဲ့ရတဲ့ မျိုးဆက်သစ်တွေကို ကိုယ်ချင်းစာ စိတ်၊ သားသမီးချင်း ကိုယ်ချင်း စာစိတ်တွေနဲ့ အလေး ပြုနေမိပါတယ်...