Thursday, September 22, 2011

တရုပ်ကနယ်ချဲ့လာတဲ့ မြစ်ဆုံဆည်စီမံကိန်းကိုတိုက်ဖျက်ဘို့ - ဧရာဝတီမြစ်ရိုးတလျှောက်မီးထွန်းဆုတောင်းပွဲနဲ့စကြစို့

သြစတြေးလျနိုင်ငံ တက်စ်မေးနီယား ပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklin) ရေကာတာ ဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့်ကွက် နေတာတောင် အစိုးရက နောက်မဆုတ်ဘူး။ နောက်ဆုံး ရေကာတာ စီမံကိန်း ရပ်တန့်ရေးကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ပြုတ်ကျ သွားခဲ့တယ်။ လူထုတွေက ရေကာတာရှိတဲ့ နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ဆန္ဒ ပြတဲ့ လူတွေကို ရဲက ဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီး ပြတယ်။ နောက်ဆုံးတော့ အစိုးရ တရပ်လုံးပါ ပြုတ်ကျ သွားခဲ့ပါတယ်။ အတိုက်အခံက ရေကာတာ စီမံကိန်းကို နိုင်ငံရေး တိုက်ကွက်အဖြစ် ဖိပြီးသုံးလို့ သူတို့ လုံးဝ အ ပြတ်အသတ် အနိုင်ရခဲ့တာပါ ။
ဒါကိုစံနမူနာယူပြီး နည်းလမ်းပေါင်းစုံနဲ့တိုက်ဖျက်ကြရင် အောင်ပွဲကကြိုနေမှာပါ ။
အမိဧရာဝတီထာဝရရှင်သန်နေဘို့ နိုင်ငံသားတိုင်း ( လူတဦးချင်း )မှာတာဝန်ရှိတယ်

ဆက်လက်ဖြန့်ဝေပေးချင်းဖြင့် တိုက်ပွဲတွင်ပူးပေါင်းပါဝင်ကြပါ

ယုံကြည်လေးစားစွာဖြင့်

အမျိုးသားလွတ်မြောက်ရေးအင်အားစု ( မြန်မာပြည် )



No comments:

Post a Comment