Saturday, September 3, 2011

အာဏာပိုင်တွေရဲ့ ပြည်သူလူထုအပေါ် တရားလက်လွတ်အနိုင်ကျင့် ဆော်ကားမှု


ကိုရဲမြင့်နိုင် ( ပြည်တွင်း ) ၂၀၁၁ ခုနှစ် ၊ စက်တင်္ဘာလ ( ၃ )ရက် ၊ စနေနေ့ ည ၉း၂၂ မိနစ်

yellow 88 at 9:22 PM on Saturday

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက် ( B-4 )၊အခန်း
(၂၀၅ ) အား ရန်ကုန်တိုင်းမူးယစ်အထူး အရှေ့ပိုင်းခရိုင်မှ ရဲအုပ်မြင့်သိန်း ဦးဆောင်သောအဖွဲ့ ဝင် (၅ )ဦးတို့ က
သတင်းပေးတိုင်တန်းချက်အရဟုဆိုပြီး ၂၇-၈-၂၀၁၁ (စနေ )နေ့ ၊ ည (၇)နာရီခန့် က ရှာဖွေခဲ့ကြပါတယ် ။
ထိုတိုက်ခန်းပိုင်ရှင် ဗိုလ်စိုင်း(ခ)သားကြီးကို တိုက်ရဲ့ အရှေ့ဘက်၊ လမ်းမပေါ်မှာ တွေ့ ရှိပြီး မူးယစ်အထူးတပ်ဖွဲ့ က
သားကြီးကို လက်နှစ်ဘက် လက်ထိပ်ခတ်ပြီး အတင်းတွန်းထိုးဆွဲတင်ရာ အဓမ္မဖမ်းဆီးခံရသူသားကြီးက သက်သေ
ပါမလာလို့  သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူကို ခေါ်ပေးဖို့ အော်ဟစ်တောင်းဆိုတဲ့အတွက် ထိုသို့ အော်ရမလား
ဆိုပြီးမူးယစ်အထူးအဖွဲ့ ဝင်တွေက၀ိုင်းဝန်းထိုးကြိတ်ကြပါတယ်။ တိုက်ပေါ်ကိုအတင်းဆွဲတင်ကြပါတယ် ။
ဒီဲဖြစ်ရပ်ကို အပြင်ကပြန်လာတဲ့ ဇနီးသည်ကမြင်ပြီး ပတ်ဝန်းကျင်သို့  အော်ဟစ်ခဲ့ရာ သိပ်မကြာခင်မှာ ရပ်ကွက်
အုပ်ချုပ်ရေးမှုး ရောက်လာခဲ့ပါတယ်။ ဇနီးသည်က တာမွေရဲစခန်းကို ဖုန်းဆက် အကြောင်းကြားတဲ့အခါ စခန်းသို့ 
ဖုန်းဆက်တာကို မကျေနပ်တဲ့အတွက် အဖွဲ့ ခေါင်းဆောင်က မိန်းမကို ပါးရိုက်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှုးနဲ့ တာမွေစခန်းမှုးတို့ ရောက်လာပြီးမှ တိုက်ခန်းရှင်က မိမိအိမ်ပေါ်သို့  တက်ရောက်ခွင့်ပြုပြီး
ရှာဖွေမှုကို ခံယူပါတယ်။ တိုက်ခန်းတစ်ခုလုံး မွှေနှောက်ရှာဖွေတဲ့အခါ အခန်းတွင်းရှိ ဘီဒိုသေတ္တာများကို ဓားမနဲ့ 
ကလန့် ဖွင့်ပြီး ချိုးဖဲ့ဖျက်ဆီးကြပါတယ်။ သူတို့ တွေ့ ချင်တဲ့ မူးယစ်ဆေးဝါးဆိုတာကို ရှာလို့ မတွေ့ ပါဘူး ။
ဒါနဲ့  အိပ်ခန်းထဲကို ဆက်ရှာဖွေမယ်အလုပ်မှာ ရှာမယ့်သူတွေကို အခန်းထဲ မ၀င်ခင် ဦးဆုံး ပြန်ပြီးရှာကြည့်ချင်
တယ်လို့  တိုက်ခန်းပိုင်ရှင်သားကြီးက ပြောတော့ အဲဒီလို ပြန်ပြောရကောင်းလားဆိုပြီး စခန်းမှုး၊ အုပ်ချုပ်ရေးမှုး
တို့ ရှေ့ မှာဘဲ ထိုးကြိတ်ကန်ကျောက်ပါတယ် ။
သူတို့ လင်မယားဟာ လောင်းကစား၊ မူးယစ်ဆေးတို့ နဲ့ မပက်သက်ဘဲ သားသမီး နှစ်ယောက်နဲ့  ရိုးရိုးသားသား
လုပ်ကိုင်စားသောက်နေတဲ့ မိသားစုဖြစ်ပါတယ် ။ ဒီအဖြစ်အပျက်မတိုင်ခင် တစ်ပတ်လောက်က ဘာသာခြား
ရာအိမ်မှုးအဖွဲ့ နဲ့  လမ်းထဲမှာ ပုဂ္ဂိုလ်ရေးအရ ကတောက်ကဆ စကားများအချင်းပွားခဲ့ဖူးပါတယ် ။ ပုဂ္ဂိုလ်ရေးအရ
ချောက်ချ ၊ သတင်းပေး တိုင်ကြားတဲ့အပေါ်မှာ တာဝန်ရှိမူးယစ်အဖွဲ့ က လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး စည်းလွတ်
ဝါးလွတ် ပြုမူခဲ့မှုများကြောင့် မိသားစုအရှက်တကွဲဖြစ်ရပါတယ် ။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ မျက်နှာပျက်ရပါ
တယ်။ အခုအခါ ထိုအိမ်မှာ မနေတော့ပါဘူး ။
အဆိုပါဖြစ်စဉ်ဟာ ဥပဒေစိုးမိုးမှုကို လျော့ရဲစေပြီး သာမန်နိုင်ငံသားတစ်ဦးရဲ့  အခွင့်အရေးနဲ့ လုံခြုံမှုဘ၀ကို
ထိပါးကျူးလွန်ခဲ့ခြင်းဆိုတာ ထင်ရှားလှပါတယ် ။ နိုင်ငံတော်ရဲ့ လက်ရှိသွားနေတဲ့ မူဝါဒလမ်းစဉ်အပေါ် အောက်ခြေ
ဝန်ထမ်းအဖွဲ့ အစည်းတွေရဲ့ လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနဲ့  ကိုယ်ကျိုးရှာနေမှုများကို ဖော်ညွှန်းနေတဲ့
မြင်ကွင်းများဘဲဖြစ်ပါတယ် ။

သတင်းပေးပို့လာသည့်အတွက် ကိုရဲမြင့်နိုင်အားအထူးဘဲကျေးဇူးတင်ပါသည် ။

No comments:

Post a Comment