Wednesday, September 21, 2011

မ၀င်းမော်ဦး ကျဆုံးခြင်း( ၂၃ )နှစ်ပြည့် နှစ်ပါတ်လည်အခမ်းအနားသတင်းမှတ်တမ်း

၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများအတွင်း စစ်တပ်မှ ပစ်ခတ်နှိမ်နင်းမှုတွင် သေဆုံးခဲ့သည့် အထက်တန်းကျောင်းသူ မဝင်းမော်ဦးအား ဂုဏ်ပြုသည့် အခမ်းအနားကို ရန်ကုန်မြို့ နေအိမ်တွင် ပြည်တွင်းရှိ မြန်မာ့ ဒီမို ကရေ စီအရေး လှုပ်ရှားသူများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ( ပြည်ပ )က တနလာင်္နေ့၌ ပြုလုပ်ခဲ့ကြသည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒု ဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့ ဝင်များ တက်ရောက် အားပေးစကား ပြောကြားခဲ့သည် ။

ကြည့်မြင်တိုင် အမှတ် (၄) အလယ်တန်းကျောင်းသူ မဝင်းမော်ဦးသည် ၁၉၈၈ စက်တင်ဘာ ၁၉ နေ့က ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် သေနတ်ထိမှန်ခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နာရီ အနည်းငယ် အတွင်းကွယ်လွန်သွား ခဲ့သည် ။
မဝင်းမော်ဦးကို ဦးဝင်းကြူ - ဒေါ်ခင်ဌေးဝင်းတို့က ၁၉၇၂ နိုဝင်ဘာလ ၁၉ ရက်တွင် မွေးပြီး မွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်သည် ။
ဝင်းမော်ဦးကွယ်လွန်သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ကို မြန်မာနိုင်ငံသူရဲကောင်းများနေ့ အဖြစ် သတ်မှတ်ခဲ့သည်။

Media Relese for Win Maw Oo Memorial Day

No comments:

Post a Comment