Monday, September 26, 2011

ဆူးလေစေတီတော် အနီးမှ စုဝေးဖြင့် ထွက်ခွာခဲ့သူ အချို့၏ အခြေအနေ

ဆူးလေစေတီတော် အနီးမှ စုဝေးဖြင့် ထွက်ခွာခဲ့သူ အချို့၏ အခြေအနေ


မွန်းလွဲ(၁၂)နာရီခန့်

- ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စုဝေး၍

မွန်းလွဲ(၁)နာရီကျော်ခန့်

- ရွှေတိဂုံစေတီဘက်သို့ ဦးတည် ထွက်ခွာခဲ့ကြသည် ။

- စတင်ထွက်ခွာစဉ်က (၅၀)ကျော်ခန့်ရှိပြီး အများစုသည် တီရှပ်အ၀ါရောင်များ ၀တ်ဆင်ထား။

မွန်းလွဲ(၂)နာရီခွဲခန့်

- ရွှေဂုံတိုင်မီးပွိုင့် အနီးမှစ၍ လူစုခွဲသွားကြကြောင်း သိရ။


ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေးထွက်ခွာခဲ့သူများ၏ အခြေအနေ

မွန်းလွဲ(၁၂)နာရီခွဲခန့်

- ဒဂုံမြို့သစ်မြောက်ပိုင်း စုရပ်မှ BM ကား(၃)စီးဖြင့် ထွက်ခွာ။

- ဆူးလေစေတီတော်သို့ ဦးတည်ထွက်ခွာခြင်း ဖြစ်ကြောင်း သိရ။

မွန်းလွဲ(၁)နာရီကျော်ခန့်

- သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းဝမှတ်တိုင်အနီးမှ နေ၍ ဆက်မသွားရန် တားမြစ်။

- ယင်းကဲ့သို့ တားမြစ်သောကြောင့် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြ။

- န၀ဒေးမှတ်တိုင် အနီးတွင် အတန်ကြာ စုဝေးပြီးနောက် ဆုတောင်းမှုများ ပြုလုပ်။

မွန်းလွဲ(၂)နာရီ(၁၀)မိနစ်ခန့်

- သက်ဆိုင်ရာ၏ တားမြစ်ချက်အရ လူစုခွဲကာ ပြန်လည်ထွက်ခွာ သွားခဲ့ကြ။

- န၀ဒေးမှတ်တိုင်အနီးတွင် စုဝေးခဲ့သူ လူဦးရေ(၂၀၀)ခန့်ရှိ။

“ကျွန်တော်တို့ဟာ လမ်းလျှောက်ဖို့ ဆန္ဒလုံးဝမရှိတဲ့ အတွက်ကြောင့် မြောက်ဒဂုံ မကွေးကျောင်းတိုက် နားကနေပြီးတော့ BM ကား(၃)စီးငှား ပြီး ဆူးလေဘုရားကို ထွက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ကို န၀ဒေးလမ်းဝမှတ်တိုင် အနားကနေပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကားမောင်းသမားတွေကို သူတို့ရဲ့ယာဉ်လိုင်းချိန်ပြင်ပမှာ ပြေးဆွဲလို့ဆိုပြီး ထပ်မံမောင်းနှင်ခွင့် မပြုတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လမ်းလျှောက်ပြီး သွားခဲ့ရတာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူအယောက်(၂၀၀)နီးပါးလောက် ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်နိုင်ဖို့ အတွက် ဒီမိုကရေစီနဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ အစိုးရဟာ ဟန်ချက် ညီညီဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖော်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ။ ဒီအဖွဲ့ကို ဦးဆောင်တဲ့သူတွေက ကိုဝေဠု ၊ဒေါ်နော်အုန်းလှ၊ ဦးဝင်းချို တို့ ဖြစ်ပါတယ်။” ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေး၍ ကမ္ဘာအေး ဘုရားလမ်း န၀ဒေးမှတ်တိုင် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။

“၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည် လုပ်ကြတာပါ။ အဲဒီတုန်းက သေဆုံးခဲ့တဲ့သူတွေ၊ ထိခိုက်နစ်နာ တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်”ဟု ပါဝင်ခဲ့သူတစ်ဦးက ပြောပြပါသည်။

ယင်းကဲ့သို့ ဆုတောင်း အမျှဝေမှုများ ပြုလုပ်ခဲ့သူများသည် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြန်လည် လူစုခွဲခဲ့ကြကြောင်း သတင်းရရှိပါသည် ။

No comments:

Post a Comment