Thursday, September 30, 2010

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး / ၃၀ စက်တင်ဘာ ၂၀၁၀


သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။



ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

မဝေနှင်းပွင့်သုန်ရဲ့အကြောင်း တစေ့တဇောင်

(၂၇-၀၉-၁၀)ရက်က ဗြိတိန် လေဘာပါတီ ညီလာခံ ) မှာ မဝေနှင်းပွင့်သုန်ရဲ့Speech မြန်မာဘာသာပြန်

(၂၇-၀၉-၁၀)ရက်က ဗြိတိန် လေဘာပါတီ ညီလာခံ ) မှာ မဝေနှင်းပွင့်သုန်ရဲ့Speech မြန်မာဘာသာပြန်

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့


မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။
ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။
မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

Tuesday, September 28, 2010

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်ရဲ့ မြန်မာပြည်လွတ်မြောက်ရေး အဖြူရောင်လှုပ်ရှားမှု

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန် က လက်ရှိမြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရသော နိုင်ငံရေးအခြေအနေများ၊ ထောင်သွင်းအကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများ ကို အင်္ဂလန်နိုင်ငံ Manchester မြို့တွင်ကျင်းပသော Labour Party Conference တွင် ရဲရဲတောက် ရှင်းလင်းတင်ပြ ပြောဆိုသွားပြီး၊ ကုလသမဂ္ဂ မှ နအဖ စစ်အစိုးရခေါင်းဆောင်များကို ပြင်းထန်းသည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်ရန်တောင်းဆိုခဲ့သည်။ နိုင်ငံတကာ အစိုးရများ အနေဖြင့် ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်အစိုးရ အလိုကျ ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြရန်နှင့် လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြရန် တိုက်တွန်း ပြောဆိုသွားပါသည်။ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာ့ကုလသမဂ္ဂ မှ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုမှုများကို ပြုလုပ်ပေးရန်လည်း တောင်းဆိုသွားကြောင်းသိရှိရပါသည်။

ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ်

ဇင်လင်း / ၂၉ စက်တင်ဘာ ၂၀၁၀


‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ အပိုဒ် (၂၁) အရ “ရွေးကောက်ပွဲ” ဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းတခု၊ ရွေးကောက်ပွဲသည် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်ဆိုသည်ကို ယနေ့ပြည်သူတို့ ယေဘုယျမျှဖြစ်စေ သိမြင်လာပြီ ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာ လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူခံစားပိုင်ခွင့်ရှိစေရမည်။

(၃) ပြည်သူအများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန်အပိုင်းအခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။

‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေးဆိုင်ရာ စံပြုသတ်မှတ်ထားသော အခြေခံ ကတိက၀တ်များလည်းဖြစ်သည်။ ထို့ပြင် ‘ကုလသမဂ္ဂ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်’ (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း “နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၆၀ ဖေဖော်ဝါရီလ (၆) ရက်တွင် ကျင်းပခဲ့သော တတိယအကြိမ် ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြီးသည့်နောက် ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်များနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း (၅၀) ခန့်ရှိခဲ့ပြီ။ ဗိုလ်နေ၀င်း ဦးဆောင်ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ငြင်းပယ်ဖျက်သိမ်းသည့် ရွေးကောက်ပွဲများဟု သမိုင်းတွင်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံက ယှဉ်ပြိုင်သူမရှိ တဦးတည်းပြေးကာ ပထမရရှိသော (မဆလ) တပါတီအာဏာရှင်စနစ်ကို မွေးထုတ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲဥပဒေတွင်လည်း အားနည်းချက် (သို့မဟုတ်) ညစ်ကွက်တခု တွေ့ရသည်။ ယင်းညစ်ကွက်မှာ ‘ရွေးကောက်ပွဲရလဒ်များ’ ထွက်ပေါ်လာပြီးနောက် အချိန်ကာလမည်မျှ အတောအတွင်း မည်သို့မည်ပုံ ပြည်သူ့လွှတ်တော်ကို အသက်ဝင်စေမည်ဟု ဖော်ပြမထားခြင်းဖြစ်သည်။ ဤအချက်သည် ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပပေးခြင်း၏ ပဓာနကိစ္စလည်းဖြစ်သည်။ ယင်းအချက်ကို ထည့်သွင်းမထားခြင်းသည် “အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုရမည်။ ̏ မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်းရမည်˝ ဆိုသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအား လျစ်လျူရှုထားကြောင်း ထင်ရှားစေသည်။

နိုင်ငံတကာ အနက်ဖွင့်ဆိုချက်များအရ ‘ရွေးကောက်ပွဲစနစ်’ ဆိုသည်မှာ နိုင်ငံတခုအတွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးပဋိပက္ခများကို လျှော့ကျအောင်လုပ်သည့် ကိရိယာဟု ဆိုထားသည်။ (မဆလ) တပါတီစနစ်သည် “ငါနှင့်မတူ ငါ့ရန်သူ” သဘောထားဖြင့် ရွေးကောက်ပွဲများကို တဖက်သတ် ပြုလုပ်ခဲ့ရာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုပ်ရမည့်အစား တိုးပွားအောင်လုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဒီမိုကရေစီလိုလားသော၊ ပြည်သူများနှင့် တန်းတူအခွင့်အရေး လိုလားသော တိုင်းရင်းသားများ၏ ဆန့်ကျင်မှုကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရပြီးနောက် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကာလ၌ ချုပ်ငြိမ်းခဲ့ရသည်။ စင်စစ် ရွေးကောက်ပွဲစနစ်နှင့် ဖြစ်စဉ်တို့ကို ဖြစ်ပေါ်စေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် တိုင်းပြည်တပြည်၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခရာကျပေသည်။

ရွေးကောက်ပွဲစနစ်တခုသည် နိုင်ငံတခု၏ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် စေ့စပ်ပေးနိုင်သကဲ့သို့ ပြည်တွင်းစစ် အသစ်တခုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေသည်ပင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တဖက်စောင်းနင်း ဖြစ်နေမှုများကြောင့် အကျဉ်းအကျပ် တွေ့နေသည်။ အမှန်ကိုဆိုရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ၏ ရည်ရွယ်ချက်မှာလည်း ၁၉၇၄ ဖွဲ့စည်းပုံနှင့် တထပ်တည်း ဖြစ်နေသည်။ ထို့ကြောင့် ဤဖွဲ့စည်းပုံ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ထွက်ပေါ်လာသည့် “၂၀၁၀ ရွေးကောက်ပွဲဥပဒေ” ဆိုသည်မှာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုံးဝ လုပ်ပေးနိုင်မည်မဟုတ်။ တိုးပွားလာဖို့သာမြင်ရသည်။

နိုင်ငံတကာနှုန်းစံတို့အလိုအရ ပြောရလျှင် ရွေးကောက်ပွဲ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် လူထုကိုယ်စားလှယ်များ ပေါ်ထွက်လာရေး၊ လူထုကိုယ်စားပြု ပါလီမန်လွှတ်တော်နှင့် လူထုကိုယ်စားပြု အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရေးဖြစ်သည်။ ပြည်သူများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်ဟူသော အနှစ်သာရမပျက်ဖို့ အလွန်အရေးကြီးသည်။ ရွေးကောက်ပွဲများတွင် လူတိုင်းမခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။ ဤအချက်ကို လက်ရှိ ရွေးကောက်ပွဲ ကျင်းပပေးမည့် အာဏာပိုင်အဖွဲ့အစည်းက တာဝန်ခံရမည်ဖြစ်သည်။
ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဟုတ် မဟုတ်ဆိုသည်ကို အာဏာပိုင်အဖွဲ့အစည်းက ခိုင်ခိုင်မာမာ တာဝန်ခံကြီးကြပ်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိဖို့လိုခြင်းဖြစ်သည်။

သို့သော် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၏ မေလခရီးစဉ်အတောအတွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ခွင့်ပြုပါမည်လားဟု မေးခဲ့ရာတွင် ခွင့်ပြုမည်မဟုတ်ကြောင်း၊ သူတို့တွင် ရွေးကောက်ပွဲ အတွေ့အကြုံ ပြည့်ပြည့်စုံစုံ ရှိသည်ဟု အရှက်မဲ့စွာ ပြန်ကြားခဲ့သည်။ ယခုရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာ (၇) ရောက်ရန် တလခွဲခန့်အလိုတွင် စောင့်ကြည့်အဖွဲ့များကို ဘာကြောင့် ငြင်းပယ်ခဲ့သနည်းဆိုသော မေးခွန်းအတွက် အဖြေများ ထွက်ပေါ်နေပေပြီ။ အမြင်သာဆုံး အချက်မှာ နိုင်ငံတကာသဘောတူစာချုပ်များတွင် တည်ဆဲအစိုးရများအနေဖြင့် အောက်ပါအချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် (၅) ပါတီကို မှတ်ပုံအသစ် ထပ်မတင်၍ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁၄) တွင် တရားမ၀င်ပါတီများဟု ကြေညာခဲ့သည်။ တဖန် အသစ်ထူထောင်သည့် ပါတီများအနက်မှလည်း ပြည်ထောင်စုကရင်အမျိုးသားမျာအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်၊ မြိုတိုင်းရင်းသားပါတီ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်) များကိုလည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၃) ဦး မ၀င်နိုင်၍ဆိုကာ ပယ်ဖျက်လိုက်သည်။
ပိုဆိုးသည်မှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDP)၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမပြဘဲ ပါတီထူထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်မှာ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်မပြုခြင်း၊ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများ မပေးခြင်းကို ပေါ်လွင်စေသည်။ ထိုမျှမက ယင်းပါတီများမှ ကချင်တိုင်းရင်းသားကိုယ်စားလှယ်များက ပါတီထောင်ခွင့်မရသဖြင့် တသီးပုဂ္ဂလအနေဖြင့် ပါဝင်ရန် လျှောက်ထားခြင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပြန်သည်။ ထိုလုပ်ရပ်မှာလည်း “လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။” ဆိုသော ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။

ထို့ပြင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်မှာလည်း နိုင်ငံရေးပါတီများအဖို့ အထူးအရေးကြီးသော ကိစ္စပင်ဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် နိုင်ငံရေးရာသီဥတုကို သာယာမျှတအောင် ဖန်တီးထားရှိနိုင်ဖို့ လိုသည်။ ထိုအထဲတွင် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရမည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ကို မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိချေ။ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးလျှင် နိုင်ငံရေးပါတီများအဖို့ မိမိတို့ နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့် ဆုံးရှုံးရမည်ဖြစ်သည်။

လက်ရှိအခင်းအကျင်းအရ ကြံ့ဖွံ့ပါတီက အာဏာလက်ရှိ စစ်တပ်ပါတီဖြစ်၍ နိုင်ငံ့ငွေကြေးဘဏ္ဍာများနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးယန္တရားများကို အကန့်အသတ်မရှိ ရယူသုံးစွဲကာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးဟောပြောခွင့်ရနေသည်။ ယခုကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ မဲဆွယ်စာစောင်ကို ရောင်စုံ (၈) မျက်နှာ စောင်ရေ (၁) သိန်း ရိုက်နှိပ်၍ အခမဲ့ ဖြန့်ဝေနေသည်။ ကာလပေါက်ဈေးထက် တ၀က်လျှော့တွက်လျှင်ပင် ကျပ်ငွေ (၅) သန်းလောက်ရှိမည်။ စိစစ်ဖြတ်တောက်မှာလည်း မပူရ။ အခြားပါတီများမှာ စာပေစိစစ်ရေး၏ စည်းကမ်းများကို ကြောက်နေရသည်။ စာစောင်ထုတ်ဝေခွင့် မှတ်ပုံတင်ရန် ငွေကြေးမတတ်နိုင်သည့် ပါတီက အများစု။ သို့ဖြင့် သတင်းမီဒီယာကို အကန့်အသတ်ခံရသည်။ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်မရ။ ရေဒီယို၊ တီဗွီကျပြန်တော့လည်း ပါတီတခု (၁၅) မိနစ်သာ ပေးသည်။ အကန့်အသတ် စည်းမျဉ်းက အတန်တန်။ (၁၅) မိနစ်မျှနှင့် ကိုယ့်ပါတီမူဝါဒကို လူထုနားလည်အောင် ပြောခိုင်းသည်မှာ မည်ကာမတ္တပေးသည့် မဲဆွယ်ခွင့်သာဖြစ်သည်။

ထို့ကြာင့် ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်ဆိုသော သဘောတူညီချက်ကိုလည်း စစ်အစိုးရက လုံးဝလိုက်နာခြင်းမရှိကြောင်း ထင်ရှားသည်။ စစ်တပ်၏ ကြံ့ဖွံ့ပါတီ အသာစီးရရှိရေးအတွက် အစိုးရအာဏာကိုသုံး၍လည်းကောင်း၊ ငွေကြေးအင်အား အသုံးပြု၍လည်းကောင်း၊ အခြားပါတီ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်၍လည်းကောင်း လုပ်ဆောင်ချက် အများအပြား တွေ့ရသည်။ ထို့ကြောင့် အခြားပါတီများ လွတ်လပ်စွာ စည်းရုံးခွင့်မရရှိကြ။

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၆၈)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈) ဦးအတွက် ပါတီများ ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး (၅) သိန်း တင်ရမည်ဟု စစ်အာဏာပိုင်တို့က ညစ်ပတ်လိုက်သည်။ ဤငွေကြေး အဟန့်အတားကြောင့် အခြားအတိုက်အခံပါတီများထဲမှ ကိုယ်စားလှယ် (၂၀၀) ပြည့်အောင် ၀င်ပြိုင်နိုင်သည့် ပါတီမရှိ။ ကြံ့ဖွံ့က နေရာအားလုံးပြိုင်သည်။ တစညက နေရာ (၉၈၀) ကျော်ပြိုင်သည်။ ရွေးကောက်ပွဲ မလုပ်ခင်ကပင် အဖြေက ထွက်နှင့်နေပြီ။ အတိုက်အခံအတွက် နေရာမရှိသည့် လွှတ်တော်၊ ကက်ဘိနက်ဖွဲ့ခွင့် မရှိသည့် လွှတ်တော်၊ ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်သည့် စစ်ဗိုလ်သမ္မတက ပြဋ္ဌာန်းလိုသည့် ဥပဒေများကို အတည်ပြုပေးရမည့် ရုပ်သေးလွှတ်တော် မျှသာဖြစ်သည့် အချက်ကို မျက်ကွယ်ပြုလျက် လွှတ်တော်တက်ရန် စိတ်ကူးယဉ်ကြသူများ ရှိနေသည်။

မဲစာရင်းများလည်း တပြည်လုံးတွင် စနစ်တကျ ထုတ်ပြန်ပေးခြင်းမရှိ။ မဲစာရင်း ကူးယူလိုသည့် ပါတီများကိုလည်း တမျက်နှာ (၂၀၀) ကျပ် ပေးရမည်ဟု ငွေကြေးနှင့် ပိတ်ဆို့လိုက်ပြန်သည်။ ရွေးကောက်ပွဲ မသမာမှုကို ကန့်ကွက်ဖို့က ပို၍ပင် ခက်ခဲသေးသည်။ ငွေကျပ် (၁၀) သိန်းတင်မှ ကန့်ကွက်ခွင့်ရမည်ဆိုသည်။ ဤမျှ မတော်မတရား ညစ်ပတ်ထားသည့် ရွေးကောက်ပွဲအစီအစဉ်များမှာ ယခုမှ အစပျိုးကာစသာရှိသေးသည်။ နိုဝင်ဘာ (၇) ရက်နီးလာလေ ညစ်ပတ်ကောက်ကျစ်မှုများ ပို၍ ပို၍ များလာလေဖြစ်ဖို့ သေချာသည်။ အညစ်ပတ်ဆုံးကိစ္စကိုလည်း မျက်ဝါးထင်ထင် မြင်နေရပြီးဖြစ်သည်။ စစ်တပ် (၄) ပုံ (၁) ပုံ ယူပါရစေဆိုသည်ကို သဘောတူလိုက်သဖြင့် ယခု ကြံ့ဖွံ့စစ်တပ်ပါတီ ထပ်ဖွဲ့ကာ စစ်တပ်က လွှတ်တော်များတွင် (၄) ပုံ (၃) ပုံ မက အပိုင်စီးတော့မည်။ လွှတ်တော်ထဲတွင် political space ရှာမည်ဆိုသူများ ယခုထိ သဘောမပေါက်သေး၊ အရှည်ကို မမြင်နိုင်သေးသည်မှာ အံ့စရာဟု ဆိုရတော့မည်။

စင်စစ် စစ်အုပ်စု မလျော်မကန် ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲ၏ အဓိက ပစ်မှတ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် စစ်အုပ်စုက ချေဖျက်ရန် လုပ်နေခြင်းဖြစ်သည်။ ထိုသို့ မူလရည်ရွယ်ချက် ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနှင့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ” စသည်တို့သည် ‘ဒီမိုကရေစီဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး စီမံချက်’ ဖြစ်နေကြောင်း ထင်ရှားသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု အကဲဖြတ်ကြခြင်းဖြစ်သည်။ အဓိက အတိုက်အခံ NLD ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလို မပေးရဲသည့် သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံရွေးချယ်မည်ကို ကြောက်လန့်နေသည့် သဘောက ပေါ်လွင်လွန်းသည်။

သို့တစေ NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ်မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်သည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience) ဖြစ်သည်။ NLD ၏ အမြင့်ဆုံး သပိတ်တိုက်ပွဲ ပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ စစ်အာဏာကို သိဒ္ဓိတင်ပေးရမည့် ရွေးကောက်ပွဲမှန်းသိသိနှင့် ရွေးကောက်ပွဲဝင်ကြသူများသာ ဒီမိုကရေစီတိုက်ပွဲ စည်းအပြင်၌ ရောက်နေကြခြင်းဖြစ်သည်။

ပြည်သူအများကမူ ထိုမျှလောက် မေ၀၀ါးကြ။ တပ်ဦးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့၏ သပိတ်တိုက်ပွဲခေါ်သံကို စတင်ထောက်ခံလာနေကြပြီ။ ယနေ့ပြည်သူသည် နိုင်ငံရေးစိတ်မ၀င်စားသော ပြည်သူမဟုတ်။ စစ်အာဏာရှင်သည် ပြည်သူကို နိုင်ငံရေးစိတ်မ၀င်စားရဲအောင် အကြီးအကျယ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည်။ မအောင်မြင်ခဲ့။

ယနေ့ သတင်းနည်းပညာခေတ်တွင် ပြည်သူလူထုဘက်၌ လူထုဆက်သွယ်ရေးနည်းပညာ၊ အင်တာနက်ကွန်ရက်၊ သတင်းမီဒီယာစသည်တို့ ရှိနေသည်။ လူထုနားမျက်စိ အပျော်တမ်း သတင်းသမားလူငယ်များ၊ ဘလော့ဂါများလည်း ရှိနေပြီ။ ထို့ကြောင့် စစ်အာဏာရှင်တို့ ၀ါဒဖြန့်ချိသလို ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထုအဖို့ တခုတည်းသော ရွေးချယ်စရာ ထွက်ရပ်လမ်းဆိုခြင်းကို မျက်ကန်းရမ်းဆ လက်ခံကြလိမ့်မည်လည်းမဟုတ်။

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား။ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ် ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ နေကြမည်လည်းမဟုတ်။ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခများကို လျော့ကျစေခြင်းထက် ပြည်တွင်းစစ်အသစ်တခုဆီ ဦးတည်နေသည်ကို လူထုက မမြင်ဘဲ နေမည်မဟုတ်။ လူထုသည် အချိန်ကျလျှင် နိုင်ငံရေးတာဝန်ကျေပွန်ကြသူများ ဖြစ်ကြောင်း သမိုင်းတွင် အထပ်ထပ်အဖန်ဖန် တွေ့ခဲ့ရပြီးဖြစ်သည်။

သို့ဖြစ်၍ ယခု ၂၀၁၀ နိုင်ငံရေးလမ်းဆုံတွင်လည်း လူထုသည် စစ်အာဏာရှင်တို့ ဆင်ထားသော သေတွင်းထောင်ချောက် လမ်းမှားသို့ လိုက်ကြမည်မဟုတ်သည်မှာ သေချာသည်။ အဆုံးအဖြတ်ကာလရောက်လျှင် လူထုကပင် ဆုံးဖြတ်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် လူထုအသံကို နာခံရန် နိုင်ငံရေးသမားတို့ ပြင်ထားကြပါကုန်။ ။

တိုင်းရင်းသားတပ်များ စစ်ရေးပူးပေါင်းရန် ဆွေးနွေး

သန်းထိုက်ဦး Tuesday, September 28, 2010


စစ်အစိုးရကို တိုက်ခိုက်ဆဲ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

NPP စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး (ဓာတ်ပုံ - The Nation)

ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပသော အဆိုပါ အစည်းအဝေးကို တိုင်းရင်းသား လူမျိုးများ ကောင်စီ (ENC) က ဦးဆောင် ကျင်းပ ပေးကြောင်း သိရှိရပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းရန် ကြိုးစား သော်လည်း မရခဲ့ချေ။

“KNU နဲ့ MNSP တို့ စစ်အစိုးရတပ်က တိုက်လာရင် ပူးပေါင်း ကူညီဖို့ သဘောတူညီချက် ရခဲ့ပါတယ်” ဟု အမည် မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။

အစည်းအဝေးသို့ MNSP မှ ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင် နိုင်ဇေယျ အပါအဝင် ၄ ဦး တက်ရောက် ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် The Nation သတင်းစာနှင့် အင်တာဗျူးတွင် KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ယခုအခါတွင် ၎င်းတို့ အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များကို အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် အတွင်းတွင်လည်း SSA တာဝန်ရှိသူများနှင့် ၃ ကြိမ်ခန့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကြောင်း၊ KNU နှင့်လည်း ပူးပေါင်းဖလှယ်ရေး ကော်မတီအဖွဲ့တခု ရှိကြောင်း ဖော်ပြထားသည်။

“အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းဘာမှ မရှိဘူးလို့ ကျနော်ထင်တယ်။ အဖွဲ့တွေ အားလုံးမှာ ဘုံရန်သူ တခုပဲရှိတယ်လို့တော့ သိသင့်တယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

အလားတူ အစည်းအဝေးတခုကို ပြီးခဲ့သည့် မေလက ချင်းမိုင်တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခု အစည်းအဝေးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့ အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

စက်တင်ဘာလ အစောပိုင်းတွင်လည်း KIO ခေါင်းဆောင်များသည် တရုတ်နိုင်ငံဘက်သို့ သွားရောက်ပြီး အကယ်၍ KIO ၏ စစ်ရေးတောင်ပံဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွားပါက တရုတ်အနေဖြင့် ကချင်ဒုက္ခသည်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း KIO နှင့် နီးစပ်သူများထံမှ သိရသည်။

KIO ထိန်းချုပ် နယ်မြေများတွင် နေထိုင်သော မိသားစုဝင်များကိုလည်း တိုက်ပွဲများ ဖြစ်ပွားလာပါက KIO စစ်သားများကို ကူညီရန် စည်းရုံးမှုများ ပြုလုပ်ထားကြောင်း၊ မြန်မာစစ်သားများကိုလည်း KIO ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခြင်း မပြုရန် သတိပေးထားကြောင်း၊ ဒေသခံလူထုကိုလည်း ၎င်းတို့အိမ်သို့ မြန်မာ မိတ်ဆွေ သူငယ်ချင်းများ အလည်အပတ် ခေါ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သော တပတ်ကလည်း KIO ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ်တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIO အပါအ၀င် SSA-N နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မီတီ၏ (၁၀)သုံးလုံးအဖြူရောင်လှုပ်ရှားမှု တပ်လှန်နှိုးဆော်ချက်

Urgent Statement 10.10

Friday, September 24, 2010

နအဖ စစ်ရဟတ်ယာဉ်ကို ကေအိုင်အို သတိပေးပစ်ခတ်

ပေါက်ပေါက် / ၂၄ စက်တင်ဘာ ၂၀၁၀



ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အနီးသို့ ယမန်နေ့၌ နအဖ၏ စစ်ရဟတ်ယာဉ်တစီး ပျံသန်းလာစဉ် ကေအိုင်အိုရှေ့တန်းစခန်းမှ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့သည်။

ယမန်နေ့ နေ့လယ် (၁) နာရီဝန်းကျင်ခန့်တွင် လိုင်ဇာမြို့အနီး ကေအိုင်အို တပ်စခန်းများရှိရာ နမ့်ဆန်ပါ ဒေသသို့ စစ်ရဟတ်ယာဉ် ပျံသန်းလာစဉ် တောင်ကုန်းစခန်းပေါ်ရှိ ကေအိုင်အိုတပ်ဖွဲ့က သတိပေးပစ်ခတ်ခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ လိုင်ဇာဒေသခံက ပြောသည်။

၎င်းက “လိုင်ဇာမြို့ပေါ်က ဖြတ်ပျံလာတာမဟုတ်ဘူး။ ဒီကနေ (၂၊ ၃) မိုင်လောက်ဝေးသေးတယ်၊ နမ့်ဆန်ပါ ဘက်ကို ရောက်လာတာ။ အဲဒါကို ရှေ့တန်းစခန်း မှာရှိတဲ့ ရဲဘော်တွေက သတိပေးတဲ့အနေနဲ့ လက်နက်ငယ်နဲ့ ပစ်လိုက်တာ။ အဲလို ပစ်လိုက်တော့ ရဟတ်ယာဉ် မြစ်ကြီးနားဘက် ပြန်လှည့်သွားတယ်။ တည့်တည့်ပစ်တာ မဟုတ်ဘူးတဲ့။ အတော်လေး နိမ့်တယ်လို့တော့ ပြောတယ်” ဟု ဆိုသည်။

ကေအိုင်အိုအနေဖြင့် အရင်စတင် တိုက်ခိုက်မည်မဟုတ်ကြောင်းနှင့် ရဟတ်ယာဉ်ရောက်လာသည် ဆိုသည်မှာ မှန်ကန်ကြောင်း ကေအိုင်အို အုပ်ချုပ်ရေးရုံး အရာရှိတဦးက အတည်ပြုခဲ့ပြီး ရဟတ်ယာဉ်ကို ပစ်ခတ်သည်ဆိုသည့်အပေါ် မပြောလိုကြောင်း ငြင်းဆိုသွားသည်။

ယခုလ ဒုတိယပတ်အတွင်းကလည်း တိုက်လေယာဉ်တစင်း ယခင်ဌာနချုပ်ဟောင်း လိုင်စင်စခန်းအပေါ် ဖြတ်ပျံသန်းခဲ့သေးကြောင်း၊ ထိုကြောင့် ဒေသအတွင်း စစ်မက်ဖြစ်ပွားလာမှာကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ ကေအိုင်အို တပ်ဖွဲ့အနေဖြင့် စစ်ရေးအသင့်ပြင်ထားပုံရကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “လေယာဉ်တွေ လာတာ ဒီလထဲမှာ (၂) ခေါက်ရှိနေပြီ။ ကေအိုင်အိုကို အရင်တိုက်မယ်ဆိုပြီး သတင်းတွေက ထွက်နေတော့ တကယ်ပဲ စစ်ဖြစ်ဖို့ သေချာသလိုဖြစ်နေပြီ။ စစ်ဖြစ်မှာစိုးရိမ်ပြီး ဒီမှာ စီးပွားလာရှာနေတဲ့ အချို့လည်း ပြန်သွားကြပြီ။ လိုင်ဇာကို ကားအဝင်အထွက်က သိသိသာသာ နည်းသွားတယ်။ ကေအိုင်အေ ရဲဘော်တွေကို ရှေ့တန်းပို့စ်တွေမှာ ပို့ထားတယ်။ စစ်ရေးဆိုတော့ အချိန်မရွေး ဖြစ်နိုင်တာပဲ။ ဒီဘက်ကလည်း အသင့်တော့ ပြင်ဆင်ထားမှာပေါ့” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့က စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်လွှတ်ရန် နအဖ၏ ပြောဆိုမှုကို ငြင်းဆိုပြီးနောက်ပိုင်း နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများ ရှိနေချိန်တွင် ပထမဆုံးအကြိမ် ပစ်ခတ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီကို တစည စိန်ခေါ်

ကြံ့ဖွံ့ပါတီကို တစည စိန်ခေါ်

ဧရာဝတီ Friday, September 24, 2010

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် မဟာမိတ် ပြုလုပ်မည် မဟုတ်ဘဲ အနိုင်ရရှိရန် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တစည ပါတီ ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောသည်။


(ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ကျင်းပသော တစည ပါတီ ထူထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားတွင် ဦးခင်မောင်ကြီးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ မ၀င်ဘဲ သပိတ်မှောက် ထားခြင်းကြောင့် တစည ပါတီ အနေဖြင့် NLD နှင့် ပြန်လည် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရ ကြောင်းလည်း ဦးခင်မောင်ကြီး က ပြောသည်။

“NLD နဲ့ တပွဲတလမ်း ပြန်စမ်းလိုက် ချင်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တစည ပါတီသည် NLD ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

တစည ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရာနှုန်းပြည့်သဘောမတူနိုင်သော အချက်များ ပါဝင်ပြီး ထိုအချက် များကို လွှတ်တော်အတွင်းမှ ပြင်ဆင်သွားမည်ဟုလည်း ဦးခင်မောင်ကြီးက ပြောဆိုသည်။

“စနစ်တခုကနေ စနစ်တခုကို ချက်ချင်းကြီးပြောင်းဖို့ဆိုရင် တော်လှန်ရေးလုပ်ရမယ်။ မြန်မာပြည်သူတွေက တော်လှန်ရေးတွေနဲ့ အတော်ကို ပင်ပန်းနေပြီ”ဟု ၎င်းက ဆိုသည်။

တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ ကလည်း နိုင်ငံအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မည့် တစည ပါတီကို မဲပေးရန် ပြည်သူများကို ပန်ကြားသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ကောင်းကျိုး၊ တိုင်းရင်းသားပြည်သူတွေရဲ့အကျိုးစီးပွားကို အမှန်တကယ်သယ်ပိုး ဆောင် ရွက်နိုင်မယ့် ပါတီအဖြစ် ရှုမြင်ပြီး ပါတီကို ထောက်ခံမဲပေးလို့ စိတ်တူကိုယ်မျှ အတူတကွ လက်တွဲ ဆောင်ရွက်ကြပါလို့ မေတ္တာ ရပ်ခံပန်ကြားအပ်ပါတယ်” ဟု ဦးထွန်းရီက ပြောဆိုသည်။

ရွေးကောက်ပွဲတွင် တစည က လွှတ်တော်အမတ်လောင်း ၉၉၉ ဦး ယှဉ်ပြိုင်ရာတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်များတွင် အနိုင်ရရှိရန် အခွင့်အလမ်းများပြားကြောင်းလည်း ဆိုသည်။

တစည ပါတီအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေး၊ လယ်သမားတိုင်း လယ်ပိုင်ခွင့်ရှိရေး၊ ဈေးကွက် စီးပွားရေး စနစ် အကောင် အထည်ဖော်ရေးများ ဆောင်ရွက်သွားမည်ဟု သိရသည်။

တစည ပါတီသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်အမတ်လောင်း ၉၉၉ ဦးယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၉၅၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၄၉ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် အမတ်နေရာ ၅၃၈ နှင့် လူမျိုးစုလွှတ်တော် အမတ်နေရာ ၁၇ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မည့် အမတ်လောင်းများတွင် အမျိုးသမီး လွှတ်တော်အမတ်လောင်း ဆယ်ဂဏန်းကျော် ပါဝင်ကြောင်း ဦးခင်မောင်ကြီးက ဆိုသည်။

တစညပါတီ၏ ပါတီထူထောင်ခြင်း၂၂ နှစ်မြောက်အခမ်းအနားကို ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ပါတီဝင် ၇၀၀ ကျော် အပါအ၀င် ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ထောက်လှမ်းရေးနှင့်ရဲများ စုံလင်စွာ တက် ရောက် ခဲ့သည်။

တစည ပါတီ သည် အာဏာရှင် ဦးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ် စက်တင် ဘာ ၂၄ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် ပါတီဖြစ်သည်။

Thursday, September 23, 2010

၂၀၁၀ ရွေးကောက်ပွဲ ဆန့် ကျင်ရေး ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှု။

ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ၏ ၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲ ဆန့် ကျင်ရေးလှုပ်ရှားမှုများ၏ တတိယမြောက်လှုပ်ရှားမှုအဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့် တပတ်ခန့် မှစတင်ပြီး ပြုလုပ်ခဲ့ကြသည်။
စစ်တပ်အသွင်ပြောင်းပါတီဖြစ်သော ကြံ့ဖွတ်ပါတီနှင့် နအဖ ပြုလုပ်မည်ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သရော်လှောင်ပြောင်ထားသော ပို့ စကတ်များ ထည့်ထားသည့် စာအိတ်ပေါင်း တထောင်ကျော်ကို လွန်ခဲ့သည့် ဆယ်ရက်ခန့် ကတည်းက အဆိုပါ လူငယ်အင်အားစုများက ရန်ကုန်တိုင်းအတွင်းရှိ စာတိုက်ပုံးအသီးသီးမှနေ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ နယ်များသို့ ပို့ ဆောင်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ အဖွဲ့ ဝင် လူငယ်တစ်ဦးထံမှ သိရှိရသည်။


ဖြန့် ဝေခဲ့သည့် ပို့ စကတ်များတွင် "ကြံ့ဖွတ်ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ" "ကြံ့ဖွတ်ကို မဲပေးရင် ပြည်သူတွေ ငတ်ဦးမှာပဲ" "၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင် ကျောင်းသားတွေ ထောင်ကျဦးမှာပဲ" စသည့် စာသားများ ပါဝင်သည့်အပြင် ဘောင်းဘီချွတ် လူဝတ်ပြောင်း၍ ကြံ့ဖွတ်ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲဝင်ရောက်အရွေးခံရန် ပြင်ဆင်နေသော "ဦး" တပ်ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော်လှောင်ပြောင်ထားသော ကာတွန်းပုံများလည်း ပါဝင်ကြောင်း သိရှိရသည်။


"ကျွန်တော်တို့ ကဒီ LETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လှုပ်ရှားပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ လက်သည်တရားခံကို မမေ့ကြဖို့ နဲ့ အဲဒီ သာသနာဖျက်တွေကိုယ်တိုင်က ပုံစံပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံအုပ်ချုပ်ဖို့  ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ လုပ်ကြံဇာတ်ကြီးကို ခင်းဖို့ ကြံနေပြီဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ သတိပြုမိကြဖို့ အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော်တို့ လို ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားနေကြတဲ့ တခြားညီအစ်ကိုတော်အင်အားစုတွေကို အခု ဒီ LETTER CAMPIGN လှုပ်ရှားမှုပုံစံမျိုးလိုပဲ ကိုယ့်ရဲဘော်တွေရဲ့ လုံခြုံရေးကို မထိခိုက်စေပဲ အစိုးရရဲ့ လုပ်ငန်းယန္တယားဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အသုံးချပြီး ကိုယ့်လှုပ်ရှားမှုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ IDEA ကိုလဲ ပေးချင်ပါတယ်။ ဒီ LETTER CAMPIGN ကို လွန်ခဲ့တဲ့ ဆယ်ရက်က စတင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး စာအိတ်တွေပေါ်က ပို့ ရမယ့် လိပ်စာတွေကိုတော့ ရန်ကုန်လမ်းညွှန်လို စာအုပ်မျိုးနဲ့ တခြားဂျာနယ်တချို့ က ရပါတယ်။ ကျွန်တော်တို့ အဓိကထား ပို့ တာကတော့ မြန်မာနိုင်ငံအရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံးတွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ်ကတော့ အလုပ်သမားလူတန်းစားနဲ့  အောက်ခြေအစိုးရ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" ဟု အထက်ပါလူငယ်က ပြောကြားသွားပါတယ်။

ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ သည် လွန်ခဲ့သည့်လကလည်း ရွေးကောက်ပွဲဆန့် ကျင်ရေး ပထမလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးသို့ ရွေးကောက်ပွဲဆန့် ကျင်ရေး ပို့ စကတ်များ ဖြန့် ဝေခဲ့ကြပြီး၊ ဒုတိယလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်ဆယ့်တစ်မြို့ နယ်၏ လမ်းမများပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေး စတစ်ကာများ ကြဲဖြန့် ခဲ့သည့် ရွေးကောက်ပွဲဆန့် ကျင်ရေး တနင်္ဂနွေလှုပ်ရှားမှု ကို ပြုလုပ်ခဲ့ကြပြီး ယခု တတိယလှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ။

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံလွင့်ထူပွဲသို့ (၈၈)မျိုးဆက်ကျောင်းသားများ(ပြည်ပ)မှ ပေးပို့သောဂုဏ်ပြုသ၀ဏ်လွှာ

88gse Letter

နိုင်ငံရေးအကျဉ်းသူ မမာမာဦးရဲ့ ဖခင်ကြီးကွယ်လွန်သည့် သတင်း

MaMa Oo

Friday, September 17, 2010

ရွှေဝါရောင်တော်လှန်ရေး(၃)နှစ်ပြည့် တရားမ၀င် နအဖနှင့်ကြံ့ဖွံ့အသင်းအားဆန့်ကျင်ရေးပိုစတာ

3 Rd Saffron Revolution Day

(၂၂)နှစ်ပြည့်စစ်အာဏာသိမ်း မ၀င်းမော်ဦးကျဆုံးခဲ့သည့်နှစ်ပါတ်လည်ပိုစတာ

22 Annivarsary of Win Maw Oo

လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်

ဧရာဝတီ Friday, September 17, 2010

အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့ နားလည်မှု ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့ ရည်မှန်းချက်ကို ဒေသတွင်းက မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့် အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ ရွေးစရာထဲမှာ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးတခုပဲ ရှိပါတယ်” ဟု ဆိုသည်။

“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏ မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ ကလပ်က နိုဝင်ဘာရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့်လေ့လာသူတွေကို လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။

တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းနှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက် အကောင်အထည်ဖော်နေသူဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။

“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ လုပ် ကိုင် ဆောင်ရွက်နေသူတွေ၊ ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အစိုးရတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့ သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးမြင်သဘောနဲ့ စီးပွားရေးပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က ပြောသည်။

စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက်ထောက်ခံမည် ဖြစ်သော်လည်း ယထာဘူတကျကျ ပြောရလျှင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးသည် စိတ်ပျက်စရာရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။

ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။ ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့ လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို မိနစ် ၃၀ လောက် ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့် ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။

အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန် ကြိုးပမ်းမှုအတွက် အကူအညီတောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏ အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။

တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျစီမံထားသော ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ ဖျက်သိမ်းခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့် မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။

နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက် ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိသဖြင့် မိမိတို့က ကိုယ်စား ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက ဆက်လက်ပြောသည်။
Copy from www.irrawaddy.org

သခင်အုန်းမြင့် ကွယ်လွန်ခြင်း

U Ohung Myint News

Friday, September 10, 2010

ရတနာပုံကျောင်းဝန်းအတွင်း မြေသြဇာအဖွဲ့၏ ပိုစတာကပ်လှုပ်ရှားမှု

TBM of Poster Campaign

အပြစ်မဲ့လူငယ်တွေကို စစ်လက်နက်နဲ့အာဏာအလွဲသုံးစားပြု အကြမ်းဖက်သတ်ဖြတ်မှုအား ဥပဒေအရတိုက်ပွဲဝင်ကြ

Soe Pai Zaw

ပဲခူးပစ်ခတ်မှု မိသားစုများ နှုတ်ပိတ်နေရန် ညွှန်ကြား

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၀ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ရသော လူငယ် ၂ ဦး၏ မိသားစုများကို သတင်းဌာနများနှင့် ဆက်သွယ်ဖြေဆိုခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသည်ဟု မိသားစုဝင် တဦးက ပြောသည်။

ထို့ပြင် သေဆုံးမှုအတွက် ကျပ်ငွေ ၁ဝ သိန်းစီပေးကာ ကျန်ရစ်သူ မိသားစုများ ကျေအေးစေရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ကြကြောင်း သိရသည်။ စစ်တပ်အရာရှိများဟု ယူဆရသူများက လာရောက်တွေ့ဆုံကာ ၎င်းထံ ငွေပေး၍ ကျေအေးစေရေး ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ဟု သေဆုံးသူ မောင်အောင်သူဟိန်း (၂၃ နှစ်) ၏ ၆၅ နှစ်အရွယ် အဖွားဖြစ်သူ ဒေါ်စန်းရီက ပြောသည်။


မြို့ခံလူငယ် ၇ ဦးနှင့် ပဲခူးအခြေစိုက် ခလရ ခြေလျင်တပ် ၅၉ မှ ဗိုလ်ကြီးအဆင့် ရှိသူအကြား ယခုလ ၄ ရက်နေ့ ည ၁၂ နာရီကျော်တွင် ခိုက်ရန်ဖြစ်ပွားပြီးနောက် ရပ်ကွက်ထဲသို့ လာရောက်ရှာဖွေကာ သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် (တောင်ပိုင်း) မြလမ်းရှိ မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၈ နှစ်) တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။

’’မနက်ဖြန်ကျရင် ရက်လည်ပြီ။ အဖွားအနေနဲ့ မြေးရဲ့ ဖြစ်ပျက်တာတွေကို မနေ့တနေ့ကလိုပဲ ထင်နေပါတယ်။ မနက်ဖြန်တော့ ရက်လည်ကို သူတို့ဘက် (စစ်တပ်အာဏာပိုင်များ) က လာကြမယ်လို့တော့ ကြားပါတယ်။ အဖွားကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှကို မပြောချင်တော့ပါဘူး’’ ဟု ဒေါ်စန်းရီက ပြောသည်။

ယခုလ ၇ ရက်နေ့တွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ စစ်တပ်အစီအမံဖြင့် သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အမှုအကြောင်းကို ရေးသားလာသည်ကို တွေ့ရသည်။

မြန်မာ့အလင်းသတင်းစာက အရက်မူးနေသော လူငယ်များ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်သည်ဟုဆိုကာ နိုင်ငံရေးသမားများနှင့် ပြည်ပမီဒီယာများက ဖြစ်စဉ်ကို ခုတုံးလုပ်ကာ နိုင်ငံတွင်း ရုန်းရင်းဆန်ခတ်မှု၊ ဆူပူမှုများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲလိုက်သည်။

အပြစ်ကျူးလွန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ပါရှိသည်။

ဖြစ်စဉ်ကို ဖော်ပြရာတွင် စက်တင်ဘာ ၄ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ပဲခူးလူငယ် ၇ ဦး စီးနင်းသော သုံးဘီးဆိုင်ကယ်နှင့် ပဲခူးဘူတာ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့မှ တပ်ဖွဲ့အရာရှိတဦး ဘီယာသောက်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ဘူတာသို့ ပြန်လာရာ ပွတ်တိုက်မိခဲ့ကြောင်းနှင့် သုံးဘီးဆိုင်ကယ်ကြောင့် ဆိုင်ကယ်မှာ လဲသွားရာ လူငယ် ၇ ဦးက ရိုက်နှက်ခဲ့သည့်အတွက် ဘူတာလုံခြုံရေး တာဝန်ကျ အရာရှိ ၂ ဦးလုံး ဒဏ်ရာကိုယ်စီဖြင့် နေရာတွင် လဲသွားကြောင်း ရေးသားသည်။

အရာရှိ ၂ ဦးက ဆက်မရိုက်ရန် တောင်းပန်ခဲ့သော်လည်း လူငယ်များမှာ အရက်သေစာသောက်ထားကာ မူးနေသဖြင့် တောင်းပန်၍ မရခဲ့သောကြောင့် အဖော်ပါလာသူ အရာရှိက ထွက်ပြေးကာ ပဲခူးဘူတာရှိ လုံခြုံရေးစစ်သည်များကို သွားရောက်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ အရာရှိနှင့်အတူ လုံခြုံရေးစစ်သည် ၄ ဦး ပြန်ရောက်လာစဉ် မြလမ်းထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင်ခဲ့သော လူငယ် ၇ ဦးနှင့် ပြန်တွေ့ရာ ထပ်မံခိုက်ရန်ဖြစ်ပွားပြီး လုံခြုံရေးစစ်သည်တဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မောင်စိုးပိုင်ဇော် (၁၇ နှစ်) နှင့် မောင်အောင်သူဟိန်း (၂၁ နှစ်) သေဆုံးခဲ့သည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြသည်။

ယင်း သတင်းစာ ဖော်ပြချက်များမှာ အဖြစ်မှန်နှင့် ကွဲလွဲနေသဖြင့် ပဲခူးမြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။

’’ကျနော် မအိပ်သေးဘူး။ လမ်းထဲမှာ လမ်းလျှောက်နေတယ်။ ကောင်လေးတွေက လမ်းထဲမှာ ဂီတာတီးနေတာ။ လာတဲ့ စစ်သားတွေထဲက တယောက်က ဘာမပြော၊ ညာမပြော သေနတ်နဲ့ ပစ်တာ။ ကျနော့်မျက်စိရှေ့တင်ပဲ။ ကောင်လေးတွေ ကြောက်လန့်ပြီး ပြေးတယ်။ သတင်းစာမှာ ပါတာကျ ထပ်ရန်ဖြစ်လို့ဆိုပြီး ပါတယ်။ ကောင်လေးတွေကပဲ မူးနေတယ်လို့ ပါတယ်။ ဒီကလေးတွေဟာ ရမ်းကားတတ်တဲ့သူတွေ မဟုတ်ဘူး။ ကောင်းရောင်းကောင်းဝယ်နဲ့ မိဘ၊ အဒေါ်တွေနဲ့ နေကြတာတွေချည်းပဲ’’ ဟု မြလမ်းနှင့် စိန်လမ်းကြားနေထိုင်သည့် ၄၅ နှစ်ခန့်အရွယ် အမည်မဖော်လိုသူ တဦးက ပြောသည်။

သတင်းစာတွင် ပစ်ခတ်သူနှင့် ၎င်း၏ တပ်ရင်းအမည်ကို ထည့်မထားခြင်း၊ မည်ကဲ့သို့ အရေးယူမည်ကို မဖော်ပြခြင်း၊ ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူ လူငယ်အချို့ကို ပြန်လွှတ်ပေးခြင်း ရှိမရှိ မပါရှိခြင်း စသည်တို့ကိုပါ ပဲခူးမြို့ခံက ထောက်ပြဝေဖန်လိုက်သည်။

အကျဉ်းသား ၁၀၀ လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ

ဇာနည်မာန် Friday, September 10, 2010

အင်းစိန် အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀၀ ခန့်တွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း သတင်းရရှိသည်။“ကျား ၇၀၊ မ ၃၀။ တခြားပုဒ်မနဲ့ လူတွေ၊ လွတ်ရက် စေ့ခါနီးနေတဲ့သူတွေ၊ နောက် တလနေရင် လွတ်တော့မယ့် သူတွေ ပဲ ပါတယ်။ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူးဗျ” ဟု ထောင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ဧရာဝတီသို့ ပြောသည်။


အကျဉ်းသားများကို လွှတ်ပေးမည်ဟု သတင်းရသဖြင့် ၂၀၀၉ စက်တင်ဘာလ အလယ်က အင်းစိန်ထောင် ဘူးဝ ၌ လာရောက် စောင့်ဆိုင်းနေသော မိသားစုဝင်နှင့် ဆွေမျိုးများ (ဓာတ်ပုံ - AP)
ထောင်ဘူးဝတွင် ထောက်လှမ်းရေးများ၊ အရပ်ဝတ် လုံခြုံရေးများ ချထားပြီး ဗီဒီယို ကင်မရာများဖြင့် မှတ်တမ်းများ ရိုက်ယူနေသည်ဟု အင်းစိန်ထောင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

“လုံခြုံရေးက အများကြီးချထားတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် ဗီဒီယိုမှတ်တမ်းယူနေတာလည်း တွေ့တယ်။ နိုင်ငံရေးအကျဉ်းသား ပါလာတာမတွေ့ဘူး။ လွတ်လာတဲ့ အမျိုးသမီးတယောက်ကို မေးကြည့်တော့ ပြီးခဲ့တဲ့ တပတ်က အဖမ်းခံရတာ ထောင်တလကျတာကို အခု လွတ်လာတာလို့ ပြောတယ်” ဟု အင်းစိန်ထောင်ရှေ့ နေထိုင်သူတဦးက ပြောသည်။

အကျဉ်းသားများကို ထွက်ခွာခွင့်မပေးမီ ဆရာတော်တပါးက တရားဟောကြားပြီး “ဦးသန်းရွှေ (ဒလ အံ့ကြီး)” ရေးသားသည့် “နိဗ္ဗာန် ရည်စူး မဂ်ဖိုလ် တရားထူး” စာအုပ်များကိုလည်း ပေးလိုက်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ အကျဉ်းသား အများအပြားကို လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အကျဉ်းသားများကို လွှတ်ပေးခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က အကျဉ်းသား ၁၂၀ ၀န်းကျင်ကို လွှတ်ပေးခဲ့ရာတွင်လည်း နိုင်ငံရေးအကျဉ်းသား တဦးမျှ မပါဝင်ခဲ့ပေ။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများမှ တရုပ်အားရှုတ်ချ

Ah Shin Htarwara

Thursday, September 9, 2010

ကားနောက်ဆုတ် ရာမှ အချင်းများ ပြီး နေပြည်တော် တွင် စစ်တပ်အရာရှိ က ရဲ အရာရှိ ကို သေနတ်ဖြင့် ထုတ်ပစ်

ကားနောက်ဆုတ် ရာမှ အချင်းများ ပြီး နေပြည်တော် တွင် စစ်တပ်အရာရှိ က ရဲ အရာရှိ ကို သေနတ်ဖြင့် ထုတ်ပစ်


ယမန် နေ့ ညက နေပြည်တော် ဟိုတယ်ဇုန် အတွင်း ရှိ တော်ဝင်ကုမုဒြာ ဟိုတယ် အနီးတွင် ရှမ်းပြည်နယ် မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အစည်း အဝေး လာတက်သည့်ရဲမှုး တစ်ဦး ၏ အစိုးရ ကား ဆူဇူကီး အပြာရောင် နှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှုး နိုင်မင်း ဆိုသူစီးလာ သည့် ကိုယ်ပိုင်ကား မတ်တူး အဖြူရောင် တို့ တိုက်မိရာမှ ဗိုလ်မှုး နိုင်မင်း ဆိုသူ ကရှမ်းပြည် မှ (ကိုးကန့် ဒေသတွင် တာဝန် ကျသည် ဟု သိရသည်) ရဲမှုး အား ဆဲဆိုပြီး နောက်မူးမူးဖြင့် သူ့ တွင် ပါလာ သော ပစ္စတို သေနတ် ဖြင့် ထုတ်ပစ် သည် ဟု ဟိုတယ်ဇုန် ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

အင်္ဂါနေ့ ည ၁၂ နာရီခန့် တွင် ဟိုတယ် ဘား တစ်ခု မှာ သူငယ်ချင်း အရာရှိ နှစ်ဦး နှင့် အတူ သောက်စားပြီး ပြန်လာသည့် ဗိုလ်မှုး နိုင်မင်း သည် ကားရပ်ထားသည့် နေရာ မှ ထွက်ရန် နောက်သို့ ဆုတ်စဉ်ရဲမှုး ကား နှင့် တိုက်မိပြီး အဆိုပါ ရဲမှုး က ဖြစ်စဉ် ကို အမှု ဖွင့်ထားရန် လို ကြောင်း ပြောသည်တွင်သူ့ တွင် အသင့် ပါလာသည့် ပစ္စတို သေနတ် နှင့် ထုတ်ပစ်ခြင်း ဖြစ်သည် ဟု အမည်မဖော်လိုသည့်ဟိုတယ် ၀န်ထမ်း က သူမျက်မြင် တွေ့ ရှိ ပုံ ကို ပြောသည်။

သူက “သေနတ် သံ က နဲနဲ ကျယ်တယ် ဒါပေမယ့် ၊ဘားတွေ ပိတ်ချိန် ကားသံတွေ နဲ့ ဆူညံနဲ့ တော့ ဘာဖြစ်မှန်း မသိလိုက်ကြဘူး၊ ရဲမှုး လည်း မထိ ဘူး ၊ဘယ်သူမှ မထိ ဘူး သူ့ သူငယ်ချင်းတွေ ဆွဲထား တော့ သူက အမူး လွန်နေတာ သူက ရာထူး တိုး လို့ ဒီမှာ ဒင်နာ လာလုပ်တာ ဟုဟုပြောသည်။

နေပြည်တော် ဟိုတယ် ဇုန် အုပ်ချုပ်ရေးမှုး ဖြစ်သူက မူ ထို ပြဿနာ ကို တွေ့ မြင်လိုက်သည့် ဟိုတယ်ဝန်ထမ်း များ အား မည်သူမှ ထုတ်ဖော် မပြောရ ဟု ခြိမ်းခြောက်ထားသည်။

လွန်ခဲ့သည့် စနေနေ့ က ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်သားများ က သေနတ်ဖြစ် အကြောင်းမဲပစ်ခတ်သောကြောင့် လူငယ် နှစ်ဦးသေဆုံး ခဲ့ရသည်။



-တင်ကျော်ကျော်စိုး

Posted by စက်တင်ဘာထ၀ရ at 3:53 PM 0 comments

ပဲခူးမှ လူငယ် (၂) ဦး သေဆုံးမှု သတင်းစာရှင်းလင်းပွဲလုပ်မှာမဟုတ်ကြောင်း နေပြည်တော်မှရဲအရာရှိတဦးမှပြောကြား

တက်လူ / ၀၉ စက်တင်ဘာ ၂၀၁၀


ပဲခူးမြို့  ဇိုင်းဂနိုင်းတောင်ရပ်ကွက်မှ လူငယ် (၂) ဦးကို ခလရ (၅၉) မှ စစ်သားများက သေနတ်ဖြင့်ပစ်သတ်လိုက်သည့်ကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ကြောင်း နေပြည်တော်မှ ရဲအရာရှိတဦးက ပြောကြားသည်။

အဆိုပါလူငယ် (၂) ဦး သေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီက ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပေါ် အဆိုပါ ရဲအရာရှိက ခေတ်ပြိုင်သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။

၎င်းက “သတင်းစာရှင်းလင်းပွဲဆိုတာမျိုးက ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်နေတာကို ပြန်ပြီးသဘောပေါက်အောင် ရှင်းလင်းပေးရတာလေ။ အထင်လွဲနေတာတွေ မလွဲရအောင်ပေါ့၊ အခုကိစ္စကတော့ရှင်းတယ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ အခုလို အသေသတ်တဲ့ကိစ္စကတော့ လုံးဝကို ပြစ်မှုထင်ရှားစေတဲ့ လုပ်ရပ်တခုပါပဲ” ဟု ပြောဆိုသည်။

ရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း (၆၀) ခန့်သာ လိုတော့သည့်အချိန်တွင် ပဲခူးမြို့၌ စစ်တပ်ကအရပ်သားကို သေနတ်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခဲ့သည့်ကိစ္စသည် ပဲခူးမြို့အပါအ၀င် မြန်မာနိုင်ငံတ၀န်းနှင့် ကမ္ဘာကပါ သိရှိခဲ့ကြပြီးဖြစ်သည်။

“ရွေးကောက်ပွဲ လုပ်ခါနီးပြီလေ။ စစ်တပ်အနေနဲ့ သူတို့ဘက်က အပြစ်ကို ပြည်သူတွေကို သေသေချာချာ ချပြပြီးတော့ အမှန်အတိုင်း ဖော်ထုတ်ပြပြီး ကြေညာဖို့လိုတယ်။ ဒီလိုလုပ်တာက သူတို့အတွက် တော်ကာကျမယ်လေ။ ပြည်သူတွေကတော့ စစ်သားဆိုတာကို မုန်းပြီးရင်းမုန်းရင်းပဲ။ ကျမတို့ ပဲခူးကတော့ စစ်သားလို့တောင် မကြားချင်တော့လောက်အောင် ဖြစ်နေကြပြီ” ဟု ပဲခူး ကျွန်းသာယာရပ်ကွက်သူတဦးက ပြောသည်။

အဆိုပါ ပစ်သတ်မှုကို ပဲခူးမြို့ခံများက တိတိကျကျ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးစေလိုကြောင်း တယောက်တပေါက် ပြောဆိုနေကြရာမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်

ခြေလျင်တပ်ရင်းအမှတ် (၅၉) မှ အရာရှိဖြစ်သူနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ စက်တင်ဘာ (၅) ရက်နေ့ နံနက်ပိုင်းတွင် ထိုစစ်တပ်မှ စစ်သားများက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့ကို နေရာတွင် သေနတ်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခဲ့သည်။ ထိုလူငယ် (၂) ဦးအလောင်းများကို စက်တင်ဘာ (၇) ရက်တွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုပ်နိုင်ငံကို တိတိကျကျ ကန့်ကွက်ရှုတ်ချ ပြောကြရအောင်

ကျုပ်တို့ကိုယ်တိုင်က ရေရေလည်လည်ညံ့လွန်းကြပါပေတယ်။ ဒါကိုသေသေချာချာ အနူလုံပဋိလုံစဉ်းစားပြီးမှ ပြောရတာပါ။ မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ကတည်းက
လုပ်ကြဖို့လိုသွားပါတယ်။ ခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်သွားရပါပြီ။ အကြောင်းကတော့ တရုပ်နိုင်ငံကနေပြီး လာမဲ့၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက ကြားဝင်စွက်ဖက်ပြီး မနှောင့်ယှက်ကြပါနဲ့လို့ ပြောဆိုသွားလို့ပါဘဲ။
နိုင်ငံတကာကိုလဲ ပြောသွားသလို ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူတရပ်လုံးကို ပြောသွားတာလို့ ထင်မှတ်ရပါတယ်။ အဓိကကတော့ ပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကို ပြောသွားသလိုဘဲ နိုင်ငံတကာရှိ ဒီမိုကရေစီအင်အားစုတွေကိုပါ ဆိုလိုသွားတဲ့ စကားရပ်ပါဘဲ။ သာမန်အားဖြင့်ကြည့်ရင် နအဖစစ်အုပ်စုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တရုပ်ပြည်ကို သွားတဲ့ခရီးမှာ ဒီစကားဟာ လှလှပပမြန်မာနိုင်ငံရေးကို မီးမောင်းထိုးပြလိုက်ခြင်းပါဘဲ။ တနည်းအားဖြင့် ကျနော်တို့ကို စိန်ခေါ်လိုက်တာပါဘဲ ။ နှစ်နိုင်ငံအစိုးရအချင်းချင်းတွေ့ဆုံကြတဲ့အခါ စီးပွါးရေးစာချုပ်ချုပ်ဆိုကြတာဟာ လုပ်ရိုးးလုပ်စဉ်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေပါ။ သံခင်းတမန်ခင်း စီးပွါးရေးပြသနာတွေသာဖြစ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံအရေးကို တရုပ်နိုင်ငံက ဘယ်လိုပံ့ပိုးကူညီသွားမှာလဲ ဆိုတာကို လေ့လာထားဖို့ လိုအပ်တာတခုပါဘဲ။ ခုတော့ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောဆိုသွားပါပြီ။
ဒီတော့ဒီလိုထုတ်ဖေါ်မပြောဆိုခင် နိုင်ငံတကာရှိဒီမိုကရေစီအင်အားစု တနည်းအားဖြင့်တပ်ပေါင်းစုတွေက ဘယ်လိုနည်းနဲ့မျှ မသိလိုက်လေကြသလားလို့ တွေးတောကြည့်ပါတယ်။ လွန်ခဲ့တဲ့အပါတ်က နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုပ်ပြည်ကို သွားရောက်မဲ့ခရီးစဉ်ကို ကြေညာထားတာပါ။ အတွင်းလဲသိ အပြင်လဲသိကြတာပါဘဲ။ ဒါပေမဲ့အတွင်းလဲ ဘာမှမပြောလိုက်ရ။အပြင်ကလဲ ဘာမှမတုန့်ပြန်လိုက်ကြတာကို ၀မ်းနည်းစွာတွေ့လိုက်ရပါပြီ။ ဆရာအောင်ဗလတယောက် အသေစောသွားခြင်း ဆိုပြီးယူကြုံးမရဖြစ်မိရပါတယ်ဗျာ။ ဆရာအောင်ဗလသာ သက်ရှိထင်ရှားရှိနေခဲ့မယ်ဆိုရင် ပြည်ပကအတိုက်အခံအင်အားစုတွေကို သေသေချာချာတိုက်တွန်း ပြောဆိုနေမှာပါ။ အမှန်ကတရုပ်နိုင်ငံဟာ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ လုပ်ကြမယ်ဆိုရင် ဗီတိုအာဏာကို သုံးနိုင်တယ်ဆိုပြီး စောစောကတည်းကဘဲ ဝေဖန်နေကြတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒီလောက်ရေပန်း
စားနေတဲ့ နိုင်ငံကိုတောင်မှ အသိမပေးလိုက်ရခြင်းဟာ ကျနော်တို့ကိုယ်တိုင် ချာလွန်း၍သာဖြစ်ပါတယ်ဗျာ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရုပ်နိုင်ငံကို ရွေးကောက်ပွဲ့နဲ့ ပါတ်သက်လို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားအမှန်ကို ထုတ်ဖေါ်ပြောထားလိုက်ရင် တစုံတရာအကျိုးရှိသော အခြေအနေတွေ ဖြစ်ပေါ်လာမှာပါ။ ပြီးတော့ ပြည်ပမှာရှိတဲ့ အင်အားစုတွေကလဲဘဲ နအဖစစ်အုပ်စုတွေရဲ့ တရုပ်နိုင်ငံခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြထားကြမယ်ဆိုရင်လဲ တစံတရာအနေနဲ့ ငြိပြီးအကျိုးရှိချင်ရှိနေမှာပါ။
ဒါပေမဲ့ကျနော်တို့ဘာမျှမလုပ်လိုက်ရခင်မှာဘဲ တရုပ်ပြည်ရဲ့ ခရီးစဉ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သွားရောက်နိုင်ခဲ့ပါပြီ။ သူနဲ့သွားတဲ့အထဲမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေပါသွားတာတွေ့ရပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ဝင်ဆိုတဲ့ စကားလုံးကို ဂရုတစိုက် စဉ်းစားမိပါတယ်။ နအဖစစ်အုပ်စုအတွင်းမှာ မည်သူမည်ဝါတွေက အစိုးရဆိုတာမှန်း မသိရဘဲဖြစ်နေရပါတယ်။ နအဖအတွင်းမှာ စစ်ဗိုလ်ချုပ်များသည်သာ အစိုးရအဖွဲ့ဝင်လား ။ သို့မဟုတ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများးသည်သာ အစိုးရအဖွဲ့ဝင်လား ။ ယခုအချိန်မှာ ဘယ်လိုမှ ခွဲခြားမရတော့ပါ။ ကျနော်ကဘဲ ညံ့လွန်း၍လားမသိ။ သူတို့တွေရဲ့အစိုးရဖွဲ့စည်းပုံကို မလေ့လာခဲ့လို့လားမသိ ။ ဥဏှောက်ခြောက်နေမိပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ တွေးတောကြည့်တဲ့အခါ အာဏာလွှဲပြောင်းရေးပြသနာကို စဉ်းစားမိပါတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီတုံးက န၀တအဖွဲ့က ရွေးကောက်ပွဲကို ပြုလုပ်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့အာဏာလွှဲပြောင်းမပေးခဲ့ပါ။
ခုလဲဘဲ ရွေးကောက်ပွဲကို ဒုတိယအကြိမ်အဖြစ် နအဖစစ်အုပ်စုက လုပ်ပါတော့မယ်။ ရွေးကောက်ပွဲလုပ်ပြီးရင် အာဏာလွှဲပြောင်းပေးပါ့မလား။ အာဏာလွှဲပြောင်းပေးမဲ့သူက ဘယ်သူတွေပါလိမ့်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲမှာအနိုင်ရရှိသူကို အာဏာလွှဲ့ပြောင်းပေးပါ့မလား။ ကျနော်စဉ်းစားကြည့်မိနေပါတယ်ဗျာ။ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိတဲ့ပါတီတွေဟာ အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းကြမယ်လို့ ဆိုပါတယ်။ ဒီတော့ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲ့ပြောင်းပေးရအောင် သူကအစိုးရလား။ ဒါမှမဟုတ် သူဦးဆောင်တဲ့စစ်အုပ်စုကဘဲ အစိုးရလား။ အဲဒီအစိုးရအဖွဲ့ကိုဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ပါတီတွေကို အစိုးရဖွဲ့ခွင့် ပေးပြီးအာဏာလွှဲပြောင်းပေးမှာတဲ့လား။ အဲဒီအစိုးရဆိုတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီကို ပြောတာပါ။ စစ်ကောင်စီဟာ အစိုးရလား။ ဒီလိုဆိုရင် ၀န်ကြီးချုပ်သိန်းစိန်ဦးဆောင်တဲ့ အခုလက်ရှိမောင့်ကြက်သရေခေါင်းပေါင်းနဲ့ အရပ်သားအစိုးရပါလို့ ပြောနေတဲ့ သူတို့ရဲ့ဝန်ကြီးများအဖွဲ့ကကော နအဖရဲ့အစိုးရအဖွဲပ၀် ၀န်ကြီးတွေဆိုတော့ သူတို့ကဘဲ အာဏာလွှဲပြောင်းပေးမှာတဲ့လား။ ဒီဟာတွေကတော့ဖြင့် လွယ်မယောင်နဲ့ သိပ်ပြီးကိုရှုပ်ထွေးနေတာပေါ့ဗျာ။ ၀န်ကြီးချုပ်သိန်းစိန်တို့ဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခုအချိန်မှာ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ နာမည်စာရင်းတင်သွင်းထားပါပြီ။ အဲဒီအမည်စာရင်းမှာ
၁၂၅ ဦးသောစစ်တပ်ကဆွဲခန့်ကိုယ်စားလှယ်တွေဟာ ဦးသိန်းစိန်တို့ဖြစ်ဖို့များနေပါတယ်။ ဘာကြောင့်ဆိုရင် ၂၅ ရာနုံးကို အခွင့်ထူးခံရရှိထားသူတွေမို့ လုံးဝလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အခြေအနေကို သူတို့ဖန်တီးထားတာဖြစ်နေမှာပါဘဲ။ ဒါကြောင့်လဲ မရှက်မကြောက်နဲ့ ဦးသိန်းစိန်တို့တတွေ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေရာထူးနဲ့ အမည်စာရင်းတင်သွင်းထားကြတာဖြစ်မယ်ထင်ပါတယ်။
ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တဖက်စောင်းနင်းနဲ့ ကြံ့ဖွံ့ပါတီက မဲအပြတ်အသတ်မရရှိခဲ့ရင် သို့မဟုတ် အစိုးရဖွဲ့နိုင်သော လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မရရှိခဲ့ရင် ၀န်ကြီးချုပ်ရာထူးရယူထားသူဦးသိန်းစိန်ဟာ သူ့ရဲ့မောင့်ကြက်သရေခေါင်းပေါင်းကို သူကိုယ်တိုင် ချွတ်ချရပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရဖွဲ့ကြတဲ့အခါမှာလဲ ၀န်ကြီးချုပ်အဖြစ် လွှတ်တော်ခေါ်ယူပြီး ရွေးချယ်ကြရမှာပါ။ ဒီတော့ ရွေးကောက်ပွဲပြီးစီးသွားလို့ အရပ်သားအစိုးရဖွဲ့စည်း ကြပါတော့မယ်လို့ ဆိုတော့ရင် အဲဒီအချိန်မှာ ၀န်ကြီးချုပ်ခေါင်းပေါင်းနဲ့ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ ဦးသိန်းစိန်ကို လက်ညိုးထိုးပြီး ပြလို့ကတော့ အဲဒီလွှတ်တော်ဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ဒါဖြင့်ရင် အဲဒီရာထူးတွေနဲ့ ရွေးကောက်ပွဲကို ၀င်ပြီးပြိုင်လို့ မရပေဘူးလားလို့ စောဒကတက်ပြီးမေးစရာ ရှိလာပါတယ်။ ဟုတ်ကဲ့။ ဒီလိုစောဒကတက်ပြီး မေးလာလို့ ရှိရင်တော့ ဒီနေရာမှာ ဂုဏ်သိက္ခာအပိုင်းနဲ့ စကားပြောကြရပါလိမ့်မယ်။ အမေရိကန်နိုင်ငံအပါအ၀င် အခြားဒီမိုကရေစီနိုင်ငံတွေမှာ လက်ရှိအစိုးရကလဲဘဲ လက်ရှိအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်ရာထူးတွေ သမတရာထူးတွေနဲ့ ၀င်ရောက်ပြိုင်ကြပါတယ်။ ဒီနေရာမှာထူးခြားတာက မဲအနိုင်ရရှိသွားသူ ဒါမှမဟုတ် ပါတီကို
အာဏာလွှဲပြောင်းပေးပြီး ရွှေနန်းတော်ကနေပြီး ထွက်တော်မူတတ်ကြတာဟာ အင်မတန်မှလှပတဲ့ နိုင်ငံရေးမြင်ကွင်းတွေဖြစ်ပါတယ်။
ဒါကြောင့် အင်မတန်လှပတဲ့နိုင်ငံရေးအာဏာလွှဲပြောင်းပေးပွဲလို့ ပြောဆိုကြပါတယ်။ ဂုဏ်သရေရှိတဲ့ လူကြီးကောင်းနိုင်ငံရေးသမားတွေဟာ မိမိတို့နိုင်ငံအတွက် ပြည်သူတွေက ရွေးချယ်ပေးပြီးရင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ခံယူကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး ။အခုတခါရွေးကောက်ပွဲ့ကို ထပ်မံပြီးလုပ်လာခဲ့ပါပြီ။ အခုတချိန်မှာလဲဘဲ ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းမပေးခဲ့ရင် ဆိုတဲ့အသိတွေက လူတိုင်းရင်ထဲမှာရှိနေကြပါတယ်။ စစ်အုပ်စုကို ပြည်သူတွေက အယုံအကြည်မရှိကြပါ ။ တရားမျှတမှူမရှိတဲ့ ဒီရွေးကောက်ပွဲကို ပြည်သူတွေက ပိုမိုသိကြပါတယ်။ နိုင်ငံတကာကလဲ ဒီလိုပြသနာတွေကို မျက်စိဖွင့်ပြီး သိနေကြပါတယ်။ ဒီတော့ကာ တရားမျှတမှူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရွေးကောက်ပွဲပြီးရင် ဘယ်သူကအာဏာလွှဲပြောင်းပေးမှာလဲ ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ လက်ရည်တူယှဉ်ပြိုင်နေကြတာမဟုတ်ဘူးဆိုတာကိုလဲဘဲ လူတိုင်းသိကြပါတယ်။
ရွေးကောက်ပွဲပြီးရင် အနိုင်ရရှိတဲ့ပါတီက လွှတ်တော်ခေါ်ယူဖို့ အခွင့်အာဏာ ရရှိနိုင်ကြပါ့မလား။ နအဖစစ်အုပ်စုက လွှတ်တော်ကို ခေါ်ယူပေးသည်ထားပါဦး၊ အရပ်သားအစိုးရဖွဲ့စည်းကြတဲ့အခါ ၀န်ကြီးချုပ်ရွေးကြရပါပြီတဲ့။ ၀န်ကြီးချုပ်သိန်းစိန်ကို ဆက်လက်ပြီး ၀န်ကြီးချုပ်ရွေးချယ်ကြတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နိုင်ကြပြီဆိုရင် ဦးသိန်းစိန် ထွက်ပေးပါ့မလား။ အခုလက်ရှိမြန်မာနိုင်ငံဟာ ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လက်ထက်မှာ နိုင်ငံရေးချွတ်ချုံကျမှူတွေ ။ ကမ္ဘာမှာအဆင်းရဆဲဆုံးနိုင်ငံဖြစ်နေတာတွေ။ လူ့အခွင့်အရေးချိုးဖေါက်ခံရဆုံးသော နိုင်ငံတွေဖြစ်ရတာကြောင့် ဦးသိန်းစိန်ကို ဆက်လက်ပြီး ၀န်ကြီးချုပ်နဲ့ နိုင်ငံကိုဦးဆောင်ဖို့ ပေးသင့်ပါသလား။ မပေးသင့်ဘူးဆိုရင် ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ထားဖို့ သင့်မနေဘူးလား။ ဦးသိန်းစိန်က ဘယ်အချိန်မှာ ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်မှာပါလဲ။ ဒါတွေဟာရွေးကောက်ပွဲကာလအတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ပါတီတွေအလုပ်ဖြစ်တာပါဗျာ။ အထူးသဖြင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံတကာကို လှည့်လည်ပြောနေကြတဲ့ ဒေါက်တာခင်ဇေါ်ဝင်းတို့ နေ၀င်းမောင်တို့ ဦးသုဝေတို့က တရုပ်နိုငငံကိုသွားရောက်ပြီး ဒီကိစ္စကို ပြောဆိုဆွေးနွေးသင့်မနေဘူးလားဗျာ။
အခုလဲဘဲ တရုပ်နိုင်ငံက ပြောလိုက်တာကို လေ့လာလိုက်ရင် တရုပ်နိုင်ငံက ရွေးကောက်ပွဲကို နိုင်ငံတကာက ၀င်ရောက်စွာက်ဖက်ခြင်းမပြုလုပ်ပါနဲ့လို့ ပြောဆိုလိုက်ပါပြီ။ ဒီတော့နအဖရဲ့ တရားမျှတမှူမရှိတဲ့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မဲ့ ပါတီတွေဟာ ဒီလိုအချက်တွေကို တောင်းဆိုထားသင့်တာပါဘဲ။ ၉၀ ခုနှစ်မှာ အာဏာလွှဲပြောင်းခြင်း မရှိခဲ့လို့ လူ့သိက္ခာပိုင်းဆိုင်ရာအရ မယုံကြည်နိုင်လို့ ၀န်ကြီးများအဖွဲ့ကနေပြီး နုတ်ထွက်ပေးဖို့။ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ခေါ်ယူဖို့။ လွှတ်တော်အတွင်းမှာ အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းတဲ့အခါ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ဖို့ စတာတွေကို တောင်းဆိုထားကြဖို့လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကလဲ ၀င်ရောက်စွက်ခြင်းမဟုတ်သလို အတိုက်အခံဒီမိုကရေစီအင်အားစုတွေကလဲဘဲ ၀င်ရောက်စွက်ဖက်တာမဟုတ်တဲ့အတွက် ဒီတောင်းဆိုချက်လောက်ကို တောင်းဆိုဖို့တော့ သင့်လျော်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တရုပ်နိုင်ငံက အထူးသဖြင့် ဒီကိစ္စတွေကို နအဖက လုပ်ပေးနိုင်အောင် တိုက်တွန်းကောင်းတိုက်တွန်းပေးမှပါ။ ပြည်သူ့လွှတ်တော်အတွင်းရောက်မှ ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့စကားပြောတာထက် လွှတ်တော်အတွင်းမရောက်ခင်ကတည်းက ပြောထားဖို့လိုအပ်နေတာပေါ့ဗျ။ အမေရိနက်နိုင်ငံကို လာပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကို ပြောနေဖို့မှ မလိုတော့တာလေဗျာ။ တိတိကျကျပြောရရင် တရုပ်ပြည်ကိုသွားပြီးတော့ သူတို့ကသွားပြောနေရမှာဗျနော်။
တကယ်လို့ဒီမိုကရေစီအတိုက်အခံအင်အားစုတွေက ဒီစကားတွေကို သွားပြီးပြောနေရင် သဟာာဇါတမဖြစ်တတ်လို့ပါ။ ပြီးတော့လဲတရုပ်နိုင်ငံရဲ့ နအဖအပေါ် ထားရှိတဲ့နိုင်ငံရေးသီဝရီကို သိရှိထားပြီးဖြစ်တဲ့အတွက် ပြောလဲပြောကြမှာမဟုတ်ပေဘူးလို့ ယူဆနိုင်စရာရှိထားလို့ပါဗျာ။ ဒီအချိန်မှာတော့ နအဖဟာ တရုပ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအတွက် လူတိုင်းကြိုက်တဲ့ မရွှေနှင်းဆီဖြစ်နေတဲ့အခါမှာ သူတို့အတွက် ခဏတာသဲခြေကြိုက်စရာပါဘဲ။ ဒါပေမဲ့ရေရှည်မှာတော့ ဘယ်သူဇတ်သိမ်း ဆိုးကြမှာလဲဆိုတာကိုတော့ နိုင်ငံတကာက စိတ်ဝင်စားနေကြပါပြီ။ အထူးသဖြင့် ပဲခူးလူငယ်နှစ်ဦးကို သွေးအေးအေး လူသတ်မှူဟာ ရာဇ၀တ်မှူစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တဲ့အခါ အမှူကောင်းတမှူအဖြစ်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် ကွင်းတားနားအတွက် နောက်တိုးစာရင်းမှာ ရေးမှတ်ထားပြီးသား ဖြစ်သွားတာဆိုတာပါဘဲ။ ဒီလိုရာဇ၀တ်မှူတွေ တပုံခေါင်းနဲ့ ရှိနေတဲ့ နအဖစစ်အုပ်စုအတွက် ကယ်တင်ရှင်များအနေနဲ့ တရုပ်နိုင်ငံက မည်မျှအထိ ကာကွယ်စောင့်ရှောက်ထိမ်းသိမ်းပေးမှာလဲဗျာ။ ဥပမာတခုအနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ့ပြုလုပ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်။ အဲဒါကို သူများတွေက ကွန်ဂရက်ကျူးလေးရှင်း မလုပ်ခင် တရုပ်နိုင်ငံကဘဲ အယင်သူများနိုင်ငံတွေထက် စောစီးစွာပြုလုပ်ခဲ့တဲ့ သမိုင်းတခုက အထင်အရှားတခုရှိနေခဲ့တယ်ဗျ။
ခုလဲဘဲနအဖစစ်အစိုးရကပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဘယ်နိုင်ငံတကာကမှ ၀င်ရောက်စွာက်ဖက်ပြီး မပြုလုပ်ရဘူးတဲ့။ ဒီတော့ တရုပ်နိုင်ငံက ဒီစကားကို ပြောလိုက်တာဟာ မြန်မာနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်လိုက်ခြင်း မဟုတ်ပေဘူးလားဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အရေးကို မြန်မာနိုင်ငံသူနိုင်ငံသားတွေကသာ ဆုံးဖြတ်ရမှာဆိုတော့ အခုက တရုပ်နိုင်ငံက ရှေ့ကနေပြီးကာဆီးကာဆီးနဲ့ နိုင်ငံတကာကို ပြောနေတာက တကယ့်ရယ်စရာပါဘဲဗျာ။ ဒီတော့မြန်မာနိုင်ငံအရေးနဲ့ ပါတ်သက်သူမှန်သမျှ တရုပ်နိုင်ငံရဲ့ ပြောဆိုချက်တွေကို ကန့်ကွက်ဖို့လိုတယ်ဗျာ။ ရှုတ်ချဖို့လိုတယ်ဗျာ။ လက်မခံဖို့လိုတယ်ဗျာ။ အထဲကပုဂ္ဂိုလ်တွေကလဲ တရုပ်နိုင်ငံကို စကားပြောဖို့ လိုအပ်တယ်ပေါ့ဗျာ။ အပြင်ကပုဂ္ဂိုလ်တွေကလဲဘဲ တပ်ပေါင်းစုတွေ ၊ ဟိုအဖွဲ့တွေအစုံပေါ့ဗျာ ကျားကျားယားယား အစရှိသဖြင့် အမျိုးသမီးအဖွဲ့အပါအ၀င် ဒီတရုပ်နိုင်ငံကို ဆန့်ကျင်ရလိမ့်မယ်ဗျ။ ကန့်ကွက်ဖို့လိုသဗျ။ သူတို့နဲ့ပြုလုပ်နေတဲ့ သဘာဝဂါစ်တွေကို
နအဖစစ်အုပ်စုနဲ့ ပြုလုပ်နေတာတွေကို အသိအမှတ်မပြုကြောင်း အသိပေးဖို့လိုအပ်တယ်ဗျ။ သူတို့တွေက နအဖနဲ့ စီးပွါးရေးအရင်းအနှီးတွေ လုပ်နေတော့ စစ်အစိုးရကို ကြောထောက်နောက်ခံပေးနေတာပါ။ ဒါကိုသတိထားပြီး ကိုယ်တွယ်ပြောဆိုဆက်ဆံဖို့လိုပါတယ်ဗျာ။ တခုတော့ရှိတာပေါ့ဗျာ။ တရုပ်နိုင်ငံဟာ အာဆီယံလောက်တောင် မြန်မာနိုငံဒီမိုကရေစီအတိုက်အခံအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်တာကို မခံရတော့ သူတို့ကိုများ ဒီမိုကရေစီအင်အားစုတွေကလဲဘဲ နအဖလက်ခံသလို လက်ခံနေကြတယ်လို့ ထင်မှတ်နေသလားမသိပါဘူးဗျာ။ ဘာဘဲဖြစ်ဖြစ် ဒီလိုထင်မှတ်ထားနေရင်တော့ အဲဒီအထင်တွေကို သင်ပုန်းခြေရအောင် တနည်းအားဖြင့် မြန်မာနိုင်ငံအရေး ၀င်ရောက်စွာက်ဖက်နေတာဟာ ဘယ်သူမှ မဟုတ်ဘူး ။ တရုပ်နိုင်ငံသာဖြစ်ကြောင်း ပြောဆိုကြရအောင်ဗျာ။ ဒါကြောင့် ကျနော်တို့တခုခုမလုပ်သင့်ပေဘူးလားလို့ ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

(၂၂)နှစ်ပြည့် ၀င်းမော်ဦး နှစ်ပါတ်လည် ဆွမ်းကြွေးတရားနာ ဖိတ်ကြားလွှာ

Invitation Leter for Win Maw Oo

ကမ္ဘာပေါ်မှာရှိတဲ့ ရှားပါး အဖြူရောင်တိရိစ္ဆာန်များနှင့်ခွေးတူဝက်သန်းရွှေဖြူ

White Animals

Wednesday, September 8, 2010

ဂျပန်ရောက်မြန်မာနိုင်ငံသားများတရုပ်ကိုဆန့်ကျင်

မိုးထဲလေထဲအတားအဆီးများထဲက ဂျပန်ရှိ မြန်မာတို့၏ဆန္ဒပြပွဲ

၂၀၁၀ ခုနှစ် စက်တင်ဘာလ (၈)ရက်။



စက်တင်ဘာလ (၈)ရက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံခရီးစဉ် ဒုတိယနေ့ ဆန္ဒပြပွဲတွင် အလွန်မိုးသီးထန် ရွာချသည့်ကြားထဲက ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးသို့ ညနေ(၃း၀၀)နာရီအချိန်မှီစ၍ သွားရောက် ဆန္ဒပြခဲ့ကြပါသည်။
အဆိုပါဆန္ဒပြပွဲမှာ သတ်မှတ် ညှိနှိုင်းထားပြီး ဖြစ်သည့်နေရာကိုပင် ယနေ့အတွက်ဆန္ဒပြပွဲမှ လုံခြုံရေးတာဝန်ကျ ဂျပန်ရဲများမှ ခွင့်မပြုတော့ဘဲ လုံခြုံရေးရဲ အင်အားတိုးချဲ့ကာ တရုတ်သံရုံးနှင့် မီတာ(၃၀၀)အကွာအဝေးနေရာ ပိတ်ဆို့ထားလိုက်ပါသည်။ ဒီမိုကရေစီ အင်အားစုဘက်မှ တာဝန်ရှိသူများက တရုတ်သံရုံးကို မြင်နိုင်လောက်သည့် ညှိနှိုင်းထားပြီးနေကိုသာ သွားရောက်ဆန္ဒလိုကြောင်း တောင်းးဆိုခဲ့သော်လည်းခွင့်မပြုဘဲ လုံခြုံရေးရဲများတို့မှ အင်းအားသုံး ပိတ်ဆို့ပြီး မိုးရေထဲမှာ ရုန်းယင်းဆန်ခတ်နဲ့ ဆန္ဒပြပွဲကိုနွှဲခဲ့ကြပြီး တရုတ်ဝန်ကြီးချုပ်ထံသို့ တိုက်တွန်းတောင်းဆိုသည့် စာတစ်စောင်ကိုပါ အတိုက်အခံများကြားမှ မရ,ရအောင် ပေးပို့ခဲ့ပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Myo San Oo(BDA)

စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်

2010-09-07
ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။

(Photo: AAPP)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခူုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။

ပြည်သူုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။



http://www.rfa.org/burmese/