Tuesday, September 28, 2010

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်ရဲ့ မြန်မာပြည်လွတ်မြောက်ရေး အဖြူရောင်လှုပ်ရှားမှု

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန် က လက်ရှိမြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရသော နိုင်ငံရေးအခြေအနေများ၊ ထောင်သွင်းအကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများ ကို အင်္ဂလန်နိုင်ငံ Manchester မြို့တွင်ကျင်းပသော Labour Party Conference တွင် ရဲရဲတောက် ရှင်းလင်းတင်ပြ ပြောဆိုသွားပြီး၊ ကုလသမဂ္ဂ မှ နအဖ စစ်အစိုးရခေါင်းဆောင်များကို ပြင်းထန်းသည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်ရန်တောင်းဆိုခဲ့သည်။ နိုင်ငံတကာ အစိုးရများ အနေဖြင့် ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်အစိုးရ အလိုကျ ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြရန်နှင့် လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြရန် တိုက်တွန်း ပြောဆိုသွားပါသည်။ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာ့ကုလသမဂ္ဂ မှ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုမှုများကို ပြုလုပ်ပေးရန်လည်း တောင်းဆိုသွားကြောင်းသိရှိရပါသည်။

No comments:

Post a Comment