Saturday, April 30, 2011

အင်အားစု ကွန်ရက် ၁၁ ဖွဲ့က ဧပြီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ

2011-04-29

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအပေါ် သုံးသပ်ချက်နဲ့ ပြည်သူလူထုသို့ အသိပေးတင်ပြချက်တစောင်ကို ဒီမိုကရေစီရေး

၂၀၁၀ နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ရွေးကောက်ပွဲတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် နေပြည်တော် မဲရုံတခု၌ မဲထည့်နေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲဝင်ရန် ဧပြီလတွင် စစ်ဖက်ရာထူးမှ နုတ်ထွက်ခဲ့သည် ။
(Photo: AFP/ MYANMA NEWS AGENCY)
ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ၃၅ နေရာရှိတဲ့အနက် စစ်ဖက်က ၂၆ နေရာယူထားပြီး ကျန်နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာယူထားတာကို သုံးသပ် တင်ပြထားတဲ့အကြောင်း ကွန်ရက်တဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစုက ကိုရန်နိုင်က ပြောပါတယ်။

“ဦးသိန်းစိန် သမတလုပ်တဲ့ ဒီ ၂၀၁၀ အလွန် အစိုးရဟာ ဒီ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနဲ့ ဥပဒေရေး၊ တရားရေးတို့၊ အုပ်ချုပ်ရေးတို့ စတဲ့ ကဏ္ဍတွေမှာ စစ်အုပ်စု ထိပ်သီးခေါင်းဆောင်တွေကပဲ နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ် တွေ့ရှိရတယ်။ အရပ်ဝတ် စစ်ဗိုလ်တွေ အနေနဲ့ရော နောက်တခါက စစ်ဖက်ကနေ စည်းရုံးထားတဲ့ ဒီ ကြံ့ဖွတ်ပါတီ ထိပ်သီးတွေကပဲ ဒီ အစိုးရအဖွဲ့မှာ အသီးသီး နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ်တွေ့ရှိရတယ်။”

“နောက် တချက်က ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဒီကြံ့ဖွတ်စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ အစိုးရတရပ် အဖြစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်ကို လမ်းကြောင်းက အမှန်တကယ် သွားမယ်ဆိုရင် တိုင်းပြည်အတွင်းမှာ ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ အခု တောင်းဆိုထားတဲ့ အချက်တွေကို ပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတယ်။”

ကြေငြာချက်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ချက်ချင်း ဆောင်ရွက်ဖို့၊ စစ်အစိုးရလက်ထက် တလျှောက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ တားဆီးပိတ်ပင်တဲ့ အမိန့်ကြေညာချက်တွေကို ဖျက်သိမ်းပေးဖို့၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် အပါအဝင် လူထုလူတန်းစား အလွှာ အသီးသီးရဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ စည်းရုံး လှုပ်ရှားခွင့်တွေ ခွင့်ပြုဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် သက်ဆိုင်တဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာတွေကို တောင်းဆိုထားပါတယ်။

ဒီအချက်တွေ မဖြည့်ဆည်းဘူးဆိုရင် အစိုးရ နာမည်ကို ဘယ်လို တပ်တပ်၊ လွှတ်တော်ကို ဘယ်လို ပုံစံနဲ့ပဲ ကျင်းပကျင်းပ ဟန်ပြလုပ်ရပ်တွေပဲ ဖြစ်တာမို့ စစ်အာဏာရှင် စနစ်ကို ဆက်ကျင့်သုံးပြီး တိုင်းပြည်ကို လိမ်ညာနေတာပဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်၊

ဒီ ကြေငြာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ။ ရက္ခအလင်းတန်း၊ ရွှေဝါရောင်တော်လှန်ရေး၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရခိုင်ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနဲ့ မြေလတ် ကျောင်းသားများ အဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာပါ။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Thursday, April 28, 2011

အရေးကြီးပြီသွေးနည်းကြစို့

၁၉၆၂ ခုနှစ်မှအစပြုပြီးတရားမ၀င်အာဏာသိမ်းပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို
နည်အမျိုးမျိုးနဲ့ ညှင်းပမ်းနှိပ်ဆက် ဥပဒေမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းတွေကို ( မဆလ - န၀တ - နအဖ )ဟုအမည်အမျိုးမျိုးပြောင်းလဲပြီး အကြမ်းဖက်အုပ်ချုပ်လာတဲ့ စစ်အုပ်စုဟာ
ယခုတဖန် အသွင်တမျိုးပြောင်းပြီး ပြည်သူကိုအယုံသွင်း ဒီမိုကရေစီဟန်ပြ အာဏာရှင်
်ကြိုးဆွဲချုပ်ကိုင်ထားတဲ့ ကြံ့ဖွတ်အစိုးရကိုဖွဲ့စည်းပြီး တရားဝင်ရမ်းကားခွင့်ကိုရယူနေပြန်ပြီး
ဒါကိုခေါင်းငုတ်သည်ခံ မျှောလိုက် တွေဝေသီးခံနေကြအုန်းမှာလား ..... ။
ဒီအချိန်ဟာ တိုင်းရင်းသားပြည်သူတရပ်လုံးအတွက် သေရေးရှင်ရေးတမျှအရေးတကြီး
အဆုံအဖြတ်ပေးရမဲ့ အချိန်အခါကိုရောက်ရှိနေပြီးဖြစ်တယ် ....... ။
ကဲရောင်းရင်းတို့ရေ .... အရေးကြီးပြီသွေးနည်းကြဘို့ .... ဒို့အရေးစလိုက်ကြစို့ ဟေ့ ။။။

Monday, April 25, 2011

နိုင်ငံရေးအကျဉ်းသားများကူညီရေးရံပုံငွေ ပို့စ်စကဒ်ရောင်းချခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလက်မှတ်ကောက်ခံခြင်းလှုပ်ရှားမှုနှိုးဆော်ချက်

Support Free All Political Prisoners

DKBA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်ဖြစ်

အောင်မြတ်စိုး | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် မြန်မာစစ်တပ်အကြား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ၂ ရက်မြောက်အဖြစ် တနင်္ဂနွေနေ့တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

DKBA စစ်သားများ။ ဓါတ်ပုံ - မဇ္ဈိမ။
စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၅ လက်အောက်ခံ နည်းဗျူဟာ ၁ ၏ ခမရ ၅၄၃ မှ အင်အား ၆ဝ နီးပါးရှိ လှုပ်ရှားစစ်ကြောင်း ၂ နှင့် DKBA ကလိုထူးဘော ဗျူဟာမှ ဗိုလ်မှူးချုပ် စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တို့ ကျိုက်ဒုံမြို့နယ်နှင့် မိနာအကျေးရွာအကြား မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မနေ့ကလည်း ပွဲဖြစ်တယ်၊ တနေ့ကလည်း ပွဲဖြစ်တယ်။ အောက်မှာ ကတော့လေ မိနာအဘက်မှာ .. တပ်ကြပ်ကြီးတွေ ကျတယ်၊ ဆေးမှူးတွေ ကျတယ်၊ ရွာသားတယောက် သေတယ်” ဟု ရှေ့တန်း စစ်မြေပြင်မှ ပေးပို့သည့် သတင်းများကို ကိုးကား၍ DKBA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ တိုက်ပွဲကြောင့် သေဆုံး သွားသူမှာ ကော့ကရိတ်မြို့နယ် လှဖန်းရွာသားဖြစ်ကာ၊ ၎င်း၏ ရွာမှ ထိုင်း-မြန်မာ နယ်စပ်ရှိ နို့ဖိုး ဒုက္ခသည် စခန်းသို့ ခရီးသွားနေစဉ် တိုက်ပွဲအတွင်း ပိတ်မိသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် အသေးစိပ် မရရှိသေးပါ။

သို့သော် DKBA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍မူ ကရင်အမျိုးသားအစည်းအရုံး KNU အရာရှိတဦးက အတည်ပြုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း “KNU တပ်ရင်း ၁၇ တပ်ခွဲ ၁ နှင့် တပ်ရင်း ၁၈ မှ တပ်ခွဲ ၁ တို့က ဖြတ်တောက်စစ်ကြောင်းအဖြစ် အနီးအနားတွင် ကာပေးထားကြောင်း” သူက ပြောဆိုသည်။ ထိုသို့ရှိနေသော်လည်း တိုက်ပွဲကြားတွင် မပါဘဲ၊ သေနတ်လည်း တချက်မှ မဖောက်ဟုလည်း ဆိုသည်။

ကျိုက်ဒုံမြို့နယ်ခွဲ ဟောင်သရောချောင်း အရှေ့ဘက်ခြမ်းမှာ KNU တပ်ရင်း ၁၈ တပ်ခွဲ ၁ ၏ လှုပ်ရှားနယ်မြေဖြစ်ပြီး အနောက်ဘက်ခြမ်းသည် တပ်ရင်း ၁၇ တပ်ခွဲ ၁ ၏ လှုပ်ရှားနယ်မြေ ဖြစ်သည်။ မြန်မာစစ်တပ်မှ ကျိုက်ဒုံမြို့နယ်ခွဲ၊ ဝင်းလုံအခြေစိုက် စစ်ကြောင်းကို စစ်ကူခေါ်ထားသော်လည်း ယနေ့ထိမရောက်သေးကြောင်း KNU သတင်းအရ သိရသည်။

ပြီးခဲ့သည့်အပတ်မှစ၍ ဝေါလေဒေသမှ ဗိုလ်မှူးချုပ်စောလားဘွယ်၏ စစ်ကြောင်း ထွက်ခွါပြီးနောက် တနင်္ဂနွေနေ့တွင် တိုက်ပွဲ စတင်ခဲ့ပြီး၊ နောက်ပိုင်းရက်များတွင်ပါ ဆက်လက်ဖြစ်ပွားနိုင်သည် KNU စစ်တပ် အသိုင်းအဝိုင်းက ဆိုသည်။

ဧပြီလ ၂၃ ရက်၊ စနေနေ့တွင်လည်း နယ်ခြားစောင့်တပ် လက်ခံသည့် DKBA ဌာနချုပ် မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော DKBA တပ်ရင်း ၃၃၃ က စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ လိုင်စင်မဲ့ကားများနှင့် လက်နက်သိုလှောင်ရာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Saturday, April 23, 2011

၈၈ ကျောင်းသား ခေါင်းဆောင်များ ကျန်းမာရေး ဆိုးဝါးနေ

ရန်ပိုင် Friday, 22 April 2011 17:24
ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် နှလုံးရောဂါကြောင့် မူးဝေသည့် ဝေဒနာကို ခံစားနေရကြောင်း မိသားစုဝင်တဦးက ပြောသည်။


၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြကာလအတွင်းက တခြားသော ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“နှလုံးခုန်ချက်တွေ မြန်ပြီး ခေါင်းတွေမူးတဲ့ ဝေဒနာကို ခံနေရတာ”ဟု ဆိုသည်။

ထိုဝေဒနာအတွက် မိသားစုထံမှ ဆေးဝါးများမှာယူခဲရပြီး ထောင်အာဏာပိုင်များကလည်း ကုသပေးကြောင်း ဒေါ်ကြည်ကြည်ညွန့်က ဆက်လက်ပြောပြသည်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသစ် အာဏာလွှဲပြောင်းရယူခဲ့သည်ကို သတင်းစာနှင့် ဂျာနယ်မှတဆင့်သိရကြောင်း၊ အစိုးရသစ် ၀န်ကြီးအသစ်များ လွှဲပြောင်းတာဝန်ယူခဲ့သော်လည်း အကျဉ်းထောင် အုပ်ချုပ်ရေး အပါအ၀င် မည်သည့်ပြောင်းလဲမှုများမှ ဖြစ်ပေါ်မလာသေးကြောင်း ကိုမင်းကိုနိုင်က ဆိုသည်ဟုလည်း ၎င်းက ပြောသည်။

ကျိုင်းတုံ အကျဉ်းထောင်တွင် အစိုးရထုတ် သတင်းစာများကို ၂ ရက်တကြိမ်ဖတ်ခွင့်ရကြောင်းနှင့် ပုဂ္ဂလိကထုတ် ဂျာနယ်များကို လည်း ၀ယ်ယူ၍ ဖတ်ရှုခွင့်ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ည ငလျင် လှုပ်ခတ်ခဲ့စဉ်က ကိုမင်းကိုနိုင် ရှိရာ ကျိုင်းတုံ အကျဉ်းထောင်သည် ပြင်းထန်စွာလှုပ် ရမ်းခဲ့ကြောင်း၊ယခင် အင်္ဂလိပ် ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်သည့် အတွက် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရကြောင်း ကိုမင်းကိုနိုင်က ပြောသည်ဟု ဆိုသည်။

အလားတူ မိုင်းဆတ်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီး သည်လည်း ခန္ဓာကိုယ် အနှံအပြားနှင့် လက်၊ ခြေတို့တွင် အဆီကြိတ်များ ထွက်ပေါ်နေကြောင်း၊ ထို့အပြင် ဂရင်ဂျီနာ ဝေဒနာကိုလည်း ခံစားနေရကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ဆိုသည်။

ငလျင်လှုပ်ခတ်စဉ်က ပြင်းထန်သည့်အသံနှင့် လှုပ်ခါမှုကို ကြုံရသော်လည်း ထောင်တွင်း၌ အပျက်အစီးမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဌေးကြွယ် မှာလည်း ထောင်တွင်းကျွေးမွေးမှု ညံ့ဖျင်းပြီး မလောက်ငသည့် အတွက် ယခင်က ခွဲစိတ်ကုသခံယူဖူးသည့် အစာအိမ်မှ ပြန် လည် နာကျင်လာကြောင်း၊ အိမ်မှပို့ပေးသည့် အစားအသောက်များမှာလည်း အပြည့်အ၀မရရှိဘဲ ပျောက်ဆုံးမှုများ ရှိနေသည်ဟု ညီမဖြစ်သူ မမိမိကြွယ်က ပြောသည်။

အစိုးရသစ် တာဝန်ယူပြီးသည့် နောက်ပိုင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် နိုင်ငံတကာနှင့် ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားမိသားစုများ ကလည်း တောင်းဆိုမှု များ ပြုလုပ်လျှက်ရှိသည်။

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် စုပေါင်းလက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြတောင်းဆိုရန် မြန်မာ နှစ်ဆန်း ၁ရက် နေ့မှ စတင် စုဆောင်းသည့် လှုပ်ရှားမှု ပြုလုပ်ရာ ယခုဆိုလျှင် လက်မှတ်ပေါင်း ၁၀၀၀နီးပါး ရရှိပြီ ဖြစ်ပြီး လာမည့် တနင်္လာနေ့တွင် ပို့ဆောင်တောင်းဆိုမည်ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားနေသူများထံမှ သိရသည်။

Thursday, April 21, 2011

ဖို့ဝိန်းမြို့မှာပြုလုပ်တဲ့ အမေရိကန်လူမျိုးများအတွက် အခြေခံမြန်မာစကား/မြန်မာစာသင်တန်းကျောင်းဆင်းပွဲ



အမေရိကန်ပြည်ထောင်စု ၊ အင်ဒီးယားနားပြည်နယ် ၊ ဖေါ့ဝိန်းမြို့ရှိ ( Unitarian Universalist )ချပ်(စ်)ကျောင်တွင်
အခြေခံမြန်မာစကားနှင့် မြန်မာစာသင်တန်းကျောင်းဆင်းပွဲပြုလုပ်ခဲ့ကြကြောင်သိရသည် ။

အဆိုပါ သင်တန်းကျောင်းအား ( မြန်မာစကားနှင့်မြန်မာစာ ) ပြန်ပွါးရေးအတွက် ဦးတည် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် တည်ထောင်ခဲ့ကြပြီး
သင်တန်းကျောင်းဆရာအဖြစ် မြန်မာစာ ပါမောက်ခ ဆရာဦးမြတ်လှမှသင်ကြားပေးပြီး သင်တန်းသူ/သင်တန်းသားများမှာ ဒေသဆိုင်ရာ
အမေရိကန်ဌာနဆိုင်ရာအသီးသီးမှ ပုဂိုလ်များ အမေရိကန်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂိုလ်များ တက်ရောက် သင်ကြားခဲ့ကြသည်ဟု
သင်တန်းဆင်းပွဲတွင် သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ကိုဥာဏ်အောင်မှ ရှင်းလင်းပြောကြားခဲ့ပြီး

တက်ရောက်လာသော ဧည်မျာအားမြန်မာနိုင်ငံအကြောင်းနှင့် မြန်မာ့နှစ်သစ်ကူး ရိုးယာအတာသင်္ကြန် ဗီဒီယိုပြသခြင်းနှင့်မျိုးဆက်သစ်
သမီးပျိုးလေး မပြည့်ပြည့်အောင်နှင့်မဧပရယ်စိုးတို့ကလဲ မြန်မာ့ယဉ်ကျေးမှုသင်္ကြန်အကဖြင့်ဖျော်ဖြေတင်ဆက်ပြီး မြန်မာအစားအာမျာဖြင့်
တည်ခင်းဧည်ခံကြွေးမွေးခြင်းဖြင့်ကျောင်ဆင်းပွဲအားရုပ်သိမ်းခဲ့ကြကြောင်းသိရပါသည် ။



Wednesday, April 20, 2011

မြန်မာ့မူတွေသရုပ်လာတာတော့ဝမ်းနည်းစရာဘဲ

ဘာဆိုဘာမှန်းတောင်မသိတော့ဘူး ... မြန်မာ့မူတွေသရုပ်လာတာတော့ဝမ်းနည်းစရာဘဲ ...



အလှူဖိတ်ပါတယ်ဗျို့ . ကဲအလှူလာဘို့တော့ဖိတ်နေပြီ သွာကြည့်ကြရအောင်ရောင်းရင်းတို့ရေ



ဟော့ဗျာ .... ထမင်းစားလက်မှတ်ရထားပြီးသောဧည့်ပရိတ်သတ်များ ထမင်းရုံသို့ကြွကြပါဗျို့တဲ့
ကဲ ... အလှူကတော့ ထမင်းစားခွင်လက်မှတ်ရမှစားခွင့်ရှိမှာဗျ .... ကျုပ်တို့ခေတ်နဲ့ကွာပဗျာ ...

ကဲရောင်းရင်းတို့ရေ......
ထုတ်လုပ်သူတွေကလည်ငွေအမြတ်ရရင်ပြီးရော ... ထုတ်ခွင့်ပြု့တဲ့ အာာပိုင်တွေကလည် တိုင်ပြည်မှာသူတို့လုပ်ချင်တိုင်း လုပ်နိုင်ဘို့ ထင်တိုင်းကြဲခွင့်ရဘို့အတွက် သူတို့ကိုမကလန်ရင်ပြီးရောဆိုပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်စီချင်တိုင်းဖျက်စီးနေကြတာကို
ဝိုင်ဝန်တားမြစ်ဆန့်ကျင်ကြဘို့လိုတယ် .... ။

Sunday, April 17, 2011

ဖို့ဝိန်း မြန်မာနှစ်ဆန်းတရက်နေ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်

ဖို့ဝိန်း မြန်မာ နှစ်သစ်ကူးပွဲ

2011-04-17


မြန်မာ နှစ်ဆန်းတရက်နေ့နဲ့ တိုက်ဆိုင်ပြီး အမေရိကန် နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ရှိတဲ့ မြန်မာ နိုင်ငံသားတွေ စုပေါင်းပြီး မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံး ငြိမ်းချမ်းကြဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်မြောက်ဖို့ ရည်စူးပြီး ငှက် ဘေးမဲ့ လွှတ်ပွဲ၊ မိုးပျံဘူဘောင်းလွှတ်ပွဲနဲ့ နှစ်သစ်ကူး ဆုတောင်းပွဲတွေကို မနေ့က ကျင်းပခဲ့ကြပါတယ်။


ဒီပွဲကို ဖို့ဝိန်းမြို့က မြန်မာကွန်မြူနတီရုံးမှာ နေ့လည် ၁ နာရီကနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ပွဲ ကျင်းပပုံနဲ့ ပတ်သက်ပြီး စီစဉ်သူတဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ပြောပြပါတယ်။
“ဒီကနေ့ နှစ်ဆန်းတရက်အကြို အနေနဲ့ ဖို့ဝိန်းမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းပြီး မြန်မာ နှစ်သစ်ကူး အခါသမယမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်စေဖို့၊ မြန်မာအပါအဝင် ကမ္ဘာ့နိုင့်ငံသူ နိုင်ငံသားအားလုံး ငြိမ်းအေးချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ ငှက်တွေ လွှတ်တယ်၊ Free All Political Prisoners and Peace for the World ဆိုတဲ့ ဆိုင်းဘုဒ်ကို မိုးပျံဘူဘောင်းတွေနဲ့ လွှတ်တင်ပါတယ်”



ညနေပိုင်းမှာတော့ ဖို့ဝိန်းမြို့က ဇေတဝန် ဘုန်းကြီးကျောင်းမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ပွဲကျင်းပြီး တရားနာ ကြွရောက်လာကြတဲ့ ဧည့်သည်တွေကို ဘဲသားဆံပြုတ်နဲ့ တည်ခင်း ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

RFA သတင်းစာသားအားကူးယူဖေါ်ပြသည်

Thursday, April 7, 2011

ကရင်ပြည်နယ် ကျောက်မီးသွေးတွင်း DKBA နှင့် KNU ပတ်သက်

ဧရာဝတီ Thursday, 07 April 2011 16:03

ကျောက်မီးသွေးများ တူးဖော်ရန်အတွက် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ဖလူးနှင့် ချောင့်ခက် ဒေသများတွင် မြန်မာနှင့် ထိုင်းကုမ္ပဏီနှစ်ခုက ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နားလည်မှုယူ၍ လုပ်ငန်းများ စတင် လုပ်ကိုင်လျှက်ရှိသည် ဟုသိရသည်။

ယင်း ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းကို ထိုင်းနိုင်ငံမှ Dynamic Energy Enterprise Co.,Ltd. Thailand နှင့် မြန်မာ ဘက်မှ Seintharaphu Gem Co.,Ltd ကုမ္ပဏီတို့၂၀၁၀ နှစ်ကုန်ပိုင်းက ၁၀ နှစ်သက်တမ်းရှိ လုပ်ငန်းသဘောတူညီချက် အား ရန်ကုန်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု မြန်မာဘက်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

ကျောက်မီးသွေး တူးဖော်မည့်လုပ်ငန်းတွင် ပါဝင်သည့် အဆိုပါလုပ်ငန်းရှင်က“ဒီနှစ်ဆန်းထဲကစပြီးကျောက်မီးသွေး တူးဖို့
ပြင်ဆင်နေတယ်၊ ထိုင်းနဲ့မြန်မာကုမ္ပဏီတွေပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်၊ အဲဒီတုံးက တိုက်ပွဲတွေက လနဲ့ချီပြီး ဖြစ်နေတော့ ဘာမှလုပ်လို့မရဘူး၊ အခုအလုပ်စတင်နိုင်ဖို့အတွက် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) အဖွဲ့၊ KNU (ကရင်အမျိုးသား အစည်းအရုံး)အဖွဲ့ တွေနဲ့နား လည်မှုယူပြီး လုပ်ငန်းစတင်တာ ဖြစ်တယ်”ဟု ပြောသည်။

မြ၀တီမြို့၏ တောင်ဘက် ၁၀ မိုင်ကျော်တွင်ရှိသည့် ဖလူးနယ်နှင့် မြ၀တီမှ မိုင်၂၀ ခန့်တွင်ရှိသည့် ချောင့်ခက် ဒေသတွင် ယမန်နှစ် နိုဝင်ဘာလဆန်းမှစတင်ကာ DKBA ၊ KNLA ပူးပေါင်းအဖွဲ့ များနှင့် နအဖ တပ်များ အကြားဖြစ်ပွားခဲ့သည့် ရက် ရှည်တိုက်ပွဲများကြောင့် လုပ်ငန်းများစတင်နိုင်ခြင်းမရှိဟု နှစ်ဘက်ကုမ္ပဏီများက ပြောကြောင်းလည်း ကျောက်မီးသွေး တူးဖော်ရေးတွင် ပါဝင်သည့် မြန်မာ လုပ်ငန်းရှင်က ဆိုသည်။

လုပ်ငန်းစတင်နိုင်ရန်အတွက် ယခင်လက DKBA နှင့် KNU ဒေသခံ အဖွဲ့များနှင့်တွေ့ဆုံကာ နားလည်မှုယူ၍ လုပ်ငန်း စတင်ခဲ့ခြင်းဖြစ်ပြီး ထွက်ရှိလာမည့် ကျောက်မီးသွေးများကို ထိုင်းဘက်သို့ တင်ပို့ရန် မိုင်းတွင်းမှ နှစ်နိုင်ငံ နယ်စပ်မျဉ်း သောင်ရင်းမြစ်ကမ်းစပ်အထိ ဖောက်လုပ်မည့်ကားလမ်းကို ထိုင်းကုမ္ပဏီဘက်မှ တာဝန်ယူထားကြောင်း သိရသည်။

ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းအတွက် သဘောတူနားလည်မှုနှင့် ပတ်သက်ပြီး DKBA က လုံးဝငြင်းဆိုသော် လည်း KNU က မူ ပြည်သူလူထု အကျိုးရှိမရှိ အခြေအနေပေါ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း စီမံကိန်းမှ ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက DKBA နှင့် DKBA နှစ်ဖွဲ့လုံးအတွက် ကုမ္ပဏီများက တနှစ်လျှင် ရန်ပုံငွေမည်ရွေ့မည်မျှ ပေးရန် သဘောတူညီမှုပြုလုပ်ထားသည်ဟု ပြောဆို သည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တမော်သဲ ဒေသတွင်ထွက်ရှိသော ခနောက်စိမ်း များကို မြန်မာ ကုမ္ပဏီနှစ်ခုဖြစ်သည့် သုဝဏ္ဏမြေဆီနှင့် လင်းဘုန်းပြည့် တို့က KNU ၏ ခွင့်ပြုချက်ဖြင့် တူးဖော်လျှက်ရှိသည်ဟု KNUတပ်မဟာ ၆ အရာရှိ တဦးက ပြောသည်။

၎င်းကုမ္ပဏီနှစ်ခုက ယခင်လမှစတင်ကာ ခနောက်စိမ်းများကို အပြိုင်အဆိုင်တူးဖော်နေမှုကြောင့် လယ်ယာမြေတချို့ပျက် စီးဆုံးရှုံးမှုများစွာရှိပြီး သာဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်းရှိသည်ဟု ဒေသခံတဦးက ပြောသည်။

KNU တပ်မဟာ ၅ ထိန်းချုပ် ဖာပွန်ခရိုင်တွင်လည်း KNU ၏ ခွင့်ပြုချက်ဖြင့် မြန်မာကုမ္ပဏီနှစ်ခု က ရွှေတူးဖော်ရေး လုပ် ငန်းများကို ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ကာလုပ်ကိုင်လျှက်ကြောင်း သိရှိရသည်။

အဆိုပါ ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ကျောက်မီးသွေးမိုင်းစီမံကိန်း လုပ်သားများခန့်ထားရာတွင် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ အသွင်ပြောင်း သွားသည့် အမှတ် ၁၀၂၃ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွင် ပါဝင်ခြင်းမရှိသည့် ယင်းအဖွဲ့မှ အသက် ၅၀ အထက်နှင့် ကိုယ်လက် အင်္ဂါ ချို့ယွင်းသူများကို ဦးစားပေး အလုပ်ခန့်ရန် လုပ်ငန်း သဘော တူညီချက်တွင် ပါရှိကြောင်း အထက်ပါ မြန်မာ လုပ်ငန်းရှင်က ပြောသည်။

Sunday, April 3, 2011

မြန်မာနိုင်ငံလုံးဆိုင်ရာဒိမိုကရက်တစ်တပ်ဦး(မကဒတ)ရဲဘော်များပြန်လည်တွေ့ဆုံပွဲရုပ်သံ ( ဖို့ဝိန်းမြို့ )USA





ခေတ်သစ် လူမိုက်များစာရင်း



ဧပြီလ (၁) ရက်နေ့ ကနေ စတင်ပြီး “April Fool Day” မှာ မြန်မာပြည်ကို အရူးတွေ နောက်ပုံစံတစ်မျိုးနဲ့  ဆက်ပြီး ဒုက္ခပေးပါဦးမယ်။

ပြည်ထောင်စုအစိုးရအဖွဲ့  ။


နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်

ဒုတိယသမ္မတများ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။

ပြည်ထောင်စုဝန်ကြီးများ။

ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး)၊ ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန)၊ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)၊ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)၊ ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန)၊ ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး)၊ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)၊ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)၊ ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊ ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန)၊၊ ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)။

ပြည်ထောင်စုဒုဝန်ကြီး။

(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊

(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊

(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊

(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊

(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊

(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊

(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)၊

(၈ ) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊

(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊

(၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)၊

(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊

(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊

(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)၊

(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊

(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)၊

(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊

(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)၊

(၁၈ ) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)၊

(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂ဝ ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)၊

(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)၊

(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)၊

(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂၄) ဦးသန့်ရှင်း (ဒုတိယြုန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)၊

(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊

(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊

(၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊

(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊

(၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊

(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊

(၃၂) ဒေါ် သန္တာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)၊

(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)၊

(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊

(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)၊

(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)၊

(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊

(၃၈ ) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊

(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)။

လူသတ်အဖွဲ့  နအဖ (နွားအဖွဲ့ ) ကနေ အခု ပြောင်းလိုက်တာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ (ပထစ) တစ်မျိုးပြောရရင်တော့ ပိုးထိုး (လောက်) စားအဖွဲ့ ဘဲ ဖြစ်ပါတော့တယ်။

ကိုနစ်နေမန်း ဘလော့ခ်မှကူးယူပြီး ပြန်လည်တင်ပြပါသည်။

Saturday, April 2, 2011

အမျိုးသားလွတ်မြောက်ရေးအင်အားစု(ဗမာပြည်)၏ ကြံဖွံ့အစိုးရဆန့်ကျင်ရေး ပိုစတာလှုပ်ရှားမှု

Anti Government Poster

Friday, April 1, 2011

ရဲဘော်တွေကတော့ ခွေးသေ၀က်သေ အာဏာရှင်စစ်ခေါင်းဆောင်တွေကတော့ ကောင်းစားနေကြလေရဲ့





ရဲဘော်တွေကတော့ ခွေးသေ၀က်သေ အာဏာရှင်စစ်ခေါင်းဆောင်တွေကတော့ ကောင်းစားနေကြလေရဲ့

အခုလိုတိုင်းပြည်အတွက်ဆိုပြီး အသက်ပေးသွားခဲ့ရတဲ့အညတရရဲဘော်တွေရဲ့ ကျံရစ်သူမိသားစုတွေကိုဘယ်သူတွေက
ဘယ်အတိုင်းအတာအထိတာဝန်ယူကြမှာလဲ လက်တွေမှာတော့ ရဲဘော်တွေရဲ့ဇနီသည်တွေကတော့ကိုယ်နဲ့ရင်းပြီး သားသမီးတွေရဲ့
စားဝတ်နေရေးကို ဖြေရှင်းနေရလေရဲ့ ကဲစဉ်းစားကြည့်ကြပါဗျာ ဘယ်လောက်ရင်နာ
ကြေကွဲစရာကောင်းလိုက်လဲဗျာ ............. ?
အင်း ..... ဒီအာဏာရှင်စနစ်ဆိုးအောက်မှာကျရောက်နေရတဲ့ ပြည်သူတွေရဲ့ဘ၀ကလဲ တပ်မတော်သားတွေနဲ့ထပ်တူပါဘဲ ဒီအာဏာရှင်အုပ်စုဟာ လူသာပြောင်းလဲပြီးမူကတော့ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး .... ။
ဘာ့ကြောင့်လည်းဆိုတော့ သူတို့မတရားရယူထားပြီးကြီးပွါးချမ်းသာမှုတွေကို ထိခိုက် ဆုံးရှုံးမှာဆိုးလို့ဘဲ .... ။
အခုလဲလာပြန်ပြီ " သန့်ရှင်သောအစိုးရတဲ့ " ကြံကြံဖန်ဖန်အမည်ပေးတပ်တယ် အခုပြန်လည်ဖွဲ့စည်းလိုက်တဲ့အစိုးရက " သန့်ရှင်သောအစိုးရ " ဆိုတော့ ယခင်ကအုပ်ချုပ်သူအစိုရတွေက ညစ်ပါတ်တဲ့ " မ သန့်ရှင်သောအစိုးရ " လို့ဝန်ခံလိုက်တဲ့
သဘောပေါ့ .... ? အေလေဘယ်လိုဘဲဖြစ်ဖြစ် အခုဆက်ပြီးသွေးစွန်းလက်နဲ့ ပြောင်လဲအုပ်ချုပ်မဲ့ အစိုးရကလဲ ဘယ်လိုမှသန့်ရှင်နေနိုင်မှာမဟုတ်ပါဘူး များမကြာခင်ဗီစပြ ဘီလူးရုပ်ပေါ်လာမှာဘဲ ကဲဒီတော့ ... ပြောနေကြာတယ် တပ်နဲ့ပြည်သူချစ်ကြည်ဖြူပြီး ကိုယ့်ကြမမာကိုယ်ဖန်တီးကြဘို့ မတရားတဲ့အမိန်
ဥပဒေမှန်သမျှကိုနီစေရဲစေ ညီစေမြဲစေဆိုတဲ့အတိုင် ........................... ကိုင်း ........... ထကြွတော်လှန်ကြပါစို့ ............. ။

ရဲဘော်အောင်မြင့်ထွန်း ( အမျိုးသားလွတ်မြောက်ရေးအင်အားစု )( ဗမာပြည် )

သန့်ရှင်းသည့် အစိုးရဖြစ်လိုက ဥပဒေ လိုက်နာရမည်

ခင်ဦးသာ Friday, 01 April 2011 17:23

သန့်ရှင်းသောအစိုးရ တရပ်ဖြစ်ပေါ်ရေး အတွက် အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များက ဥပဒေကို လိုက်နာကျင့်သုံး၍ ကနဦး လုပ်ပြမှသာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်လာနိုင်မည်ဟု ဥပဒေ ပညာရှင်များက ပြောသည်။



သမ္မတသစ် ဦးသိန်းစိန် ယမန်နေ့က မိန့်ခွန်းပြောနေစဉ်။ ဦးသိန်းစိန်၏ ဘယ်ဘက် က ရပ်နေသူမှာ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနှင့် ညာဘက်က ရပ်နေသူမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဖြစ်သည် (ဓာတ်ပုံ - AP)

“အစိုးရသစ်တရပ်ပေါ်လာရင် အကောင်းဆုံးဆိုတဲ့ စကားလုံးတွေကို ရွေးချယ် ပြောတတ်ကြတယ်၊ အခုလည်းပဲ သမ္မတ က သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်အောင်လုပ်မယ်ပြောတော့ ပြောတဲ့သူတွေကိုယ်တိုင်က လိုက်နာဖို့ နံပါတ် တစ်ပါ”ဟု ဥပဒေ ပညာရှင် ရှေ့နေ ဦးအောင်သိန်း က ဧရာဝတီ ကို ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်သည် ၎င်း၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ပထမဆုံး တွေ့ဆုံစကားပြောသည့် အစည်းအဝေး၌ အစိုးရ သစ်အဖွဲ့၏ လုပ်ငန်းစဉ်သည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)နှင့် သန့်ရှင်းသော အစိုးရ(Clean Government)တရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ပြောဆိုသည်။

အုပ်ချုပ်သူ လူတန်းစား အနေဖြင့်လည်း ပြည်သူများ၏ အသံ၊ တုံ့ပြန်မှု တို့ကို အလေးထားပြီး နိုင်ငံသားတို့၏ မူလအခွင့် အရေး ကို ပိတ်ပင်တားဆီးရာ မရောက်စေရန် နည်းမှန်လမ်းမှန်ဖြင့် လုပ်ဆောင်သွားရန် ပြောဆိုခဲ့ပြီး ဥပဒေနှင့်အညီပြုမူ ကျင့်ကြံရန်လည်း ဦးသိန်းစိန် က ပြောဆိုသွားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ပြောခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကမူ သမ္မတသစ် ပြောဆိုသည့် တရားဥပဒေ ကိစ္စသည် ကိုင်တွယ်ကျင့်သုံးသူ၏ အပေါ်၌ အဓိက မူတည်ကြောင်း၊ တရားရုံးများသည် လက်ရှိအချိန်အထိ အပေါ်မှ အာဏာ ရှိသူ ချမှတ်ပေးသော အမိန့်အတိုင်းသာ လုပ်ဆောင်နေသေးကြောင်း၊ အစိုးရသစ်၏ ပြောဆိုချက်ကို စောင့်ကြည်ရဦးမည် ဖြစ်ကြောင်း ပြောသည်။

“အင်းစိန်တရားရုံးမှာ အပြင်လူမလာရဆိုတဲ့ ကိစ္စတွေက အခုအချိန်အထိ ကျင့်သုံးနေတုန်းပါ၊ တရားရုံးတွေ အနေနဲ့ အပေါ်က အမိန့်အတိုင်းမစီရင်ဘဲ သီးသန့် ရပ်တည် ဖြေရှင်းပေးနိုင်ဖို့က အရေးကြီးတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

အစိုးရသစ်သည် လာဘ်ပေးလာဘ်ယူမှုကိစ္စကို အလေးထားပြောဆိုနေပြီး ဥပဒေ အား လိုက်နာရန် ပြောဆိုလိုက်ခြင်း အပေါ် အမှန်တကယ် လိုက်နာမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ဦးအောင်သိန်းက ဆိုသည်။

“မြန်မာနိုင်ငံမှာက လာဘ်စားမှုကိစ္စက ဌာနတိုင်းမှာလို ဖြစ်နေတော့ ဒီကိစ္စဖြေရှင်းတဲ့အခါ ခက်တော့ခက်ခဲနေဦးမယ်၊ အစိုးရ ကိုယ်တိုင်က ဥပဒေ ကိုလိုက်နာပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်မှရမှာပါ”ဟု ၎င်းက ပြောသည်။

အစိုးရသစ်သည် ပါတီစုံစနစ်ဖြင့် ပေါ်ပေါက်လာသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော်လည်း စစ်တပ်မှ ပါဝင် နေခြင်း၊ စစ်ဗိုလ်ချုပ် လူထွက်များက ကြီးစိုးနေခြင်း၊ ပါတီကြီးတခုမှ လွှမ်းမိုးထားခြင်း စသည့်အချက်များကြောင့် ဒီမိုကရေစီ အစိုးရမဟုတ်သကဲ့သို့ နောင်လည်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်သိန်း က ဆက်ပြောသည်။

နအဖ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံသည် နေရာကွက်လပ် မကျန် တိုးတက်ဖွံ့ဖြိုးနေပြီး ပြည်သူတို့၏ လူနေမှုဘ၀ မြင့်မားနေပြီ ဖြစ်ကြောင်း၊ စားဝတ်နေရေး ဖူလုံနေပြီး အလုပ်အကိုင် အခွင့်လမ်းများ ပြည့်စုံနေပြီ ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။

နအဖ လက်ထက် ၀န်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန်က မနေ့ကပြောဆိုရာတွင် မြန်မာနိုင်ငံ သည် ချမ်းသာကြွယ်ဝသော နိုင်ငံတခုမဟုတ်သေးသည့် အပြင် စားဝတ်နေရေး မဖူလုံသေးသူများ၊ တနေ့လုပ် တနေ့စားသူများ၊ အလုပ်လက်မဲ့များ စသည်ဖြင့် ဆင်းရဲနွမ်းပါးသူများရှိနေ၍ ၎င်း၏ အစိုးရ အဖွဲ့ကို လက်ရှိသတ်မှတ်ထားသည့် လစာ အတိုင်းမယူဘဲ နအဖ လက်ထက်က ရရှိသည့် လစာကိုသာ ဆက်လက်ယူကြရန် ပြောဆိုသည်။

သမ္မတ သစ် ဦးသိန်းစိန် ၏ လစာသည် ကျပ် သိန်း ၅၀ နှင့် မော်တော်ယာဉ် ၆ စီးရရှိမည် ဖြစ်သည်။

သမ္မတ အပါအ၀င် ၀န်ကြီးများ၊ ၀န်ထမ်းများ၏ လစာအား လျှော့လိုက်ရုံတခုတည်းနှင့် အပြောင်းအလဲ မဖြစ်လာနိုင်သေး
ကြောင်း၊ ၀န်ထမ်းအရေအတွက်သည် များပြား၍ ၀န်ထမ်းများအားလုံး၊ ပြည်သူများအားလုံး၏ စားဝတ်နေရေးကို ပြေလည် စေ မည့် ကုန်ထုတ်လုပ်ငန်း အများအပြား လုပ်ဆောင်ဖန်တီး ပေးရန် လိုအပ်နေကြောင်း ဥပဒေပညာရှင်နှင့်နေပြည်တော်ရောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ပြသည်။

“သမ္မတ ကတော့ အကာင်းဆုံးတွေလုပ်ဖို့ ပြောသွားတာပဲ၊ ဒါပေမယ့် သမ္မတမှာ လုပ်ပိုင်ခွင့်အာဏာရှိရဲ့လား၊ သူက တကယ် လုပ်ချင်တဲ့စိတ်ရှိရဲ့လားဆိုတာတွေ စောင့်ကြည့်ရဦးမယ်၊ ပါးစပ်က ပြောတဲ့အဆင့်တွေက ကျော်သင့်နေကြတာကြာပြီ”ဟု အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ထို့အတူ သမ္မတက လုပ်ဆောင်မည်ဆိုလျှင်လည်း ၎င်းအားဝန်းရံ၍ လုပ်ပေးကြမှ ထိရောက်မှု ရှိမည်ဟု ဆက်ပြောသည်။

“ရေးဆွဲထားတဲ့ ဥပဒေက ကမ္ဘာမှာအကောင်းဆုံးဖြစ်နေပြီးတော့ ကျင့်သုံးတာက အဆိုးဆုံးဖြစ်နေရင် ဘာမှဖြစ်လာမှာမဟုတ် ဘူး၊ ဒီတော့ ဥပဒေထက် လူတွေရဲ့လိုက်နာကျင့်သုံးမှုဟာ အရေးအကြီးဆုံးပါ”ဟု လွှတ်တော်ကိုယ်စားလှယ် က ပြောသည်။

သမ္မတသစ်၏ သန့်ရှင်းသော အစိုးရလုပ်မည်ဟူသော ကိစ္စသည် မလွယ်ကူသေးကြောင်း၊ လာဘ်ပေးလာဘ်ယူမှုကို အာဏာရှိသူ၊ လုပ်ပိုင်ခွင့်အပြည့်ရထားသူများကသာ လုပ်ဆောင်နေခြင်းဖြစ်၍ ထိုစနစ်ကိုတိုက်ဖျက်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရသစ်သည် နအဖ အစိုးရက တိုက်ရိုက်မွေးထုတ်လိုက်၍ ဥပဒေကိုလိုက်နာရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ၎င်း က ဆိုသည်။

“ဒီမိုကရေစီနဲ့ ဥပဒေ လိုက်နာမှု က မလွယ်သေးဘူးဆိုတာ နေပြည်တော်လွှတ်တော်ကြီးက သက်သေပြပြီးပြီ”ဟု လွှတ်တော် ကိုယ်စားလှယ် က ရှင်းပြသည်။

လာဘ်ပေးလာဘ်ယူ ဆိုသည့်စကားအစား“ကန်တော့တာပါ”ဟူသော ဝေါဟာရကိုအသုံးပြုကာ ကျပ် သိန်းရာချီ၊ ထောင်ချီ၍ အထက်လူကြီးများ၏ အကြိုက် လုပ်ဆောင်ပေးနေမှုကြောင့် လာဘ်စားမှု ဆက်ရှိနေမည်မှာသေချာသည်ဟု ၎င်းက ဆိုသည်။

သမ္မတသစ် ဦးသိန်းစိန်ပြောဆိုသော စကားများအနက် အနောက်နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စနှင့် မီဒီယာ ကဏ္ဍ အလေးထားပြောဆိုမှု ၂ ခုသာ အားတက်စရာကောင်းသော စကားလုံးဟု လွှတ်တော်ကိုယ်စားလှယ် က ဆက် ပြောသည်။

၂၀၀၄ ခုနှစ်တွင် နအဖ စစ်အစိုးရ ၏ နံပါတ် ၃ အဆင့်ရှိခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဥပဒေ၏အထက်တွင် မည်သူမှ မရှိဟုပြောဆိုပြီး အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားမည်ဟု နိုင်ငံကိုကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကိုယ်တိုင် လာဘ်စားမှု အများဆုံး စစ်ဗိုလ်ချုပ်ဟု သတင်းများထွက်ခဲ့သည်။

“ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိလို့ နိုင်ငံရဲ့တာဝန်ရှိသူတွေက ပြောဆိုပေမယ့် ဒီစကားကို တရားရုံးတွေမှာ သွားပြောရင် သိပ်မကြိုက်ကြဘူးဗျ”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။