Thursday, April 21, 2011

ဖို့ဝိန်းမြို့မှာပြုလုပ်တဲ့ အမေရိကန်လူမျိုးများအတွက် အခြေခံမြန်မာစကား/မြန်မာစာသင်တန်းကျောင်းဆင်းပွဲ



အမေရိကန်ပြည်ထောင်စု ၊ အင်ဒီးယားနားပြည်နယ် ၊ ဖေါ့ဝိန်းမြို့ရှိ ( Unitarian Universalist )ချပ်(စ်)ကျောင်တွင်
အခြေခံမြန်မာစကားနှင့် မြန်မာစာသင်တန်းကျောင်းဆင်းပွဲပြုလုပ်ခဲ့ကြကြောင်သိရသည် ။

အဆိုပါ သင်တန်းကျောင်းအား ( မြန်မာစကားနှင့်မြန်မာစာ ) ပြန်ပွါးရေးအတွက် ဦးတည် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် တည်ထောင်ခဲ့ကြပြီး
သင်တန်းကျောင်းဆရာအဖြစ် မြန်မာစာ ပါမောက်ခ ဆရာဦးမြတ်လှမှသင်ကြားပေးပြီး သင်တန်းသူ/သင်တန်းသားများမှာ ဒေသဆိုင်ရာ
အမေရိကန်ဌာနဆိုင်ရာအသီးသီးမှ ပုဂိုလ်များ အမေရိကန်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂိုလ်များ တက်ရောက် သင်ကြားခဲ့ကြသည်ဟု
သင်တန်းဆင်းပွဲတွင် သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ကိုဥာဏ်အောင်မှ ရှင်းလင်းပြောကြားခဲ့ပြီး

တက်ရောက်လာသော ဧည်မျာအားမြန်မာနိုင်ငံအကြောင်းနှင့် မြန်မာ့နှစ်သစ်ကူး ရိုးယာအတာသင်္ကြန် ဗီဒီယိုပြသခြင်းနှင့်မျိုးဆက်သစ်
သမီးပျိုးလေး မပြည့်ပြည့်အောင်နှင့်မဧပရယ်စိုးတို့ကလဲ မြန်မာ့ယဉ်ကျေးမှုသင်္ကြန်အကဖြင့်ဖျော်ဖြေတင်ဆက်ပြီး မြန်မာအစားအာမျာဖြင့်
တည်ခင်းဧည်ခံကြွေးမွေးခြင်းဖြင့်ကျောင်ဆင်းပွဲအားရုပ်သိမ်းခဲ့ကြကြောင်းသိရပါသည် ။



No comments:

Post a Comment