Thursday, December 29, 2011

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ
ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
ဆွေးနွေးသဘောတူမှုများ ရရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်များနှင့်မူ ထိုးစစ်ဆင်မှုများ
နေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး တပ်ရင်း တခုမှာ ဆုတ်ခွာ ပေးလိုက်ရသည်ဟု KIO က ပြောသည်။

ဒီဇင်္ဘာ ၂၅ မှ ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ စခန်းသို့ ဗုဒ္ဓဟူးနေ့ကမူ အစိုးရ၏ ခလရ ၆၈၊ ခမရ ၅ဝ၇ တပ်အင်အား ၃ဝဝ ကျော်က ထပ်မံ တိုးမြင့်လာသဖြင့် ရှောင်တိမ်းပေးလိုက်ရခြင်း ဖြစ်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“သူတို့(အစိုးရ) ထိုးစစ်မလုပ်တော့ဘူးဆိုတာ အလကားပြောတာပဲ။ မနေ့က သူတို့တပ်တွေရဲ့ နဂိုရှိတဲ့ တပ်တွေ ထိခိုက်တာ များလာတော့ နောက်ကနေ အသစ်တွေ ထိုးဝင်လာလို့ ကျနော်တို့ ရင်း ၈ ကို ဖယ်ပေးလိုက်ရတယ်။ ကျနော်တို့ဘက်က အသေခံရမှာစိုးလို့ ကျနော်တို့ နေရာကို ပြောင်းပေးလိုက်တာဘဲ ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်လာလို့ ရှောင်လိုက်တာပဲရှိတယ်” ဟု သူက ပြောသည်။

“ဒီနေ့လည်း တပ်မဟာ ၃ တပ်ဖွဲ့တွေနဲ့ ဗျန်ဝိုင်းကျေးရွာမှ တိုက်နေတယ်။ ယော်ရုံတောင်ကို တိုက်ပို့ စစ်ကြောင်းကို ထိုးနေတယ်။ သုံးလေရက်ရှိပြီး တပ်က ဗန်းမော်၊ မိုးမောက်ဘက်က နေတက်လာတာ။ ဇိန်လွန်အထိ ကားနဲ့ လက်နက် အင်အားတွေ လာပို့တယ်။ အဲဒီကနေ ခြေလျင်နဲ့ ယော်ရုံဘက်ကို ထိုးနေတယ်၊ လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်တယ်”ဟု သူက ဆက်ပြောသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် ဇိန်လွန်အကြားရှိ KIO ၏ တပ်မဟာ ၃ တပ်ဖွဲ့များ အခြေချရာ ယော်ရုံတောင်ဘက်သို့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ နေ့စဉ် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ ၃၈၂၊ ၃၈၃ နှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ ရင်း ၁၁ တပ်ဖွဲ့များနှင့် မြစ်ကြီးနားမြို့၏ တောင်ဘက် ၁၅ မိုင်အကွာရှိ အကျဲနှင့် ဖရော်ကျေးရွာ အကြားတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနားမြို့ခံတဦးနှင့် KIO တို့ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃၈၉ နှင့် KIO တပ်ဖွဲ့များ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ညနေထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဂျာပူကျေးရွာတွင် သွယ်တန်းထားသော လျှပ်စစ်ကြိုး ပြတ်တောက်သွားခဲ့သည်ဟု ဦးလနန်က ပြောသည်။

ထိုးစစ်များ ရပ်တန့်ရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့ကတည်းက ကာကွယ်ရေးဦးစီးချုပ်ရုံးထံသို့ သမ္မတရုံးက ညွန်ကြား လိုက်သည့် နေ့မှစ၍ ယနေ့ထိ အစိုးရနှင့် KIO တပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြန်းရေး ဓါတ်အား လိုင်း ယမန်နေ့ညက ပျက်တောက်ခဲ့သည်ဟု မြစ်ကြီးနား မြို့ခံတဦးက “မနေ့ကပဲ ပျက်သွားတော့ အခက်အခဲတော့ မရှိသေးဘူး။ အရင်တခေါက်လိုမျိုး အကြာကြီး ပျက်သွားမယ်ဆိုရင်တော့ ဒုက္ခရောက်မှာပဲ”ဟု သူက မဇ္စျိမကို
ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ ပြတ်တောက်သွားခဲ့သဖြင့် ဘူးဂါးကုမ္ပဏီက
ပြန်လည် ပြင်ဆင်ခဲ့ရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ၁ တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့သည် တခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် လိုက်လံဆွေးနွေး သဘောတူညီမှုများ ရှိနေသော်လည်း KIO နှင့်မူ ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်း လာခြင်း မရှိသေးပေ။

ယခုလ ၁၈ ကတော့ ငြိမ်းချမ်းကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့ဖွဲ့ထားကြောင်း KIO အဖွဲ့ကို တရားဝင် စာပို့ထားသည်။ KIO ကလည်း နိုင်ငံရေးဆွေးနွေးရန် ဗဟိုကိုယ်စားလှယ် အနည်းဆုံး ခြောက်ဦးပါအဖွဲ့ကို ရွေးချယ်ထားပြီး ဖြစ်သည် ဟု KIO နှင့် နီးစပ်သူ များထံမှ သိရသည်။

မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ

မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ
ကိုဝိုင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် မုတ္တမပင်လယ်မှ ထပ်မံ
တွေ့ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်းရန် ထိုင်းနိုင်ငံက မြန်မာနှင့် လာမည့်နှစ်ဆန်းတွင် စာချုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန် က ပြောသည်။

မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M3 မှ ထွက်သည့် သဘာဝဓာတ်ငွေ့ ဝယ်ယူတင်သွင်းရန် ၂ဝ၁၂ ခု ဇန်နဝါရီ ၅-၆ ရက်တွင် စာချုပ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

“မြန်မာစွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ဖုန်းနဲ့ အကြောင်းကြားလာတယ်။ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က လက်မှတ်ထိုးရမှာပါ” ဟု မစ္စတာဆူရာဖုံ ပြောကြားကြောင်း အင်္ဂါနေ့ထုတ် The Nation က ဖော်ပြသည်။

နေပြည်တော်၌ ကျင်းပခဲ့သော မဲခေါင်မြစ်ဝှမ်းနိုင်ငံများ လေးကြိမ်မြောက် အစည်းအဝေးရက် အတွင်း ဒီဇင်ဘာ ၂ဝ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးတို့နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ ထိုင်းစွမ်းအင်ဝန်ကြီး ဖီချိုင်း နာရစ်ဖထာဖန်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် PTTEP က ဧရာဝတီမြစ်ကြောင်းတလျှောက် ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ် ၁၈ ကွက်မှ နှစ်ကွက်ကိုလည်း ရှာဖွေရေးလုပ်ကိုင်ခွင့် ရရှိကြောင်း ဝန်ကြီး ဦးသန်းဌေး က အတည်ပြုခဲ့သည်ဟု ထိုင်းစွမ်းအင်ဝန်ကြီးက တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနကို ဗုဒ္ဓဟူးနေ့ က ထုတ်ဖော်ပြောဆိုသည်။

မြန်မာကမ်းလွန်ရေနံလုပ်ကွက်အမှတ် M-3 တွင် သဘာဝဓာတ်ငွေ့ရှာဖွေရန် စမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းနှင့် ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီ PTTEP တို့ ၂ဝဝ၄ ခု သြဂုတ်လ တွင် လက်မှတ်ထိုးခဲ့သည်။

ယင်းလုပ်ကွက်အတွင်း ရှာဖွေရေးတွင်းအမှတ် အောင်သိင်္ခ-၂ မှ သဘာဝဓာတ်ငွေ့ တနေ့လျင် ကုဗပေ ၂၅.၈ သန်းနှင့် ရေနံစိမ်း ၁၅၄ စည် ထွက်မည်ဖြစ်ကြောင်း ၂ဝ၁၁ မေလက တရားဝင် ထုတ်ပြန်ခဲ့သည်။

အောင်သိင်္ခ-၂ မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းပါ ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်း တလျှောက် ပိုက်လိုင်း များဖြင့် ထိုင်းနိုင်သို့ တင်သွင်းဖွယ်ရှိသည်။

ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP က မုတ္တမပင်လယ်ထဲတွင် ရတနာနှင့် ရဲတံခွန် စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ တင်သွင်းနေသည်မှာ ၁ဝ နှစ်ကျော်ပြီ ဖြစ်သည်။ ထို့ပြင် လုပ်ကွက်အမှတ် M-9၊ M-11၊ M-7 တို့တွင်လည်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၈ နှစ်ခန့် ရှိပြီဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Saturday, November 5, 2011

မြန်မာ့အရေးအတွက် ကရင်နီအမျိုးသမီး ပထမဆုံးအကြိမ် လေထီးခုန်ချ

ရေးသားသူ - နှောင်းလှိုင် သောကြာနေ့, 04 နိုဝင်ဘာလ 2011 19:25

မြန်မာ့အရေးနှင့် ကရင်နီလူမျိုးများအတွက် ဖိနှိပ်ညှင်းဆဲမှုမှ လွတ်မြောက်ရန် စည်းရုံးလှုပ်ရှားသည့်အနေဖြင့် ၂ မိုင်အမြင့် ဝေဟင်အထက်တွင် ပျံသန်းသော လေယာဉ်ပေါ်မှ ကရင်နီအမျိုးသမီးတဦး ပထမဆုံးအကြိမ် လေထီးခုန်ချနိုင်ခဲ့သည်။
လန်ဒန်အခြေစိုက် မြန်မာ့အရေးလုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ အသက် ၂၅ နှစ်အရွယ် ကရင်နီအမျိုးသမီးတဦးဖြစ်သူ မော်မိုးဘူးသည် UKမှKent မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က လေထီးခုန်ချသည့် လုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာက မြန်မာနိုင်ငံတိုးတက်လာပြီ၊ ပြောင်းလဲလာပြီလို့ အော်နေကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းရင်းသားမှာ မပြောင်းလဲသေးဘူး။ အဲဒီအကြောင်း ကျမက နိုင်ငံတကာကို အသိပေးချင်တယ်။ ပြီးတော့ ကရင်နီလူမျိုးအကြောင်းကိုလည်း ပြောခွင့်ရတာကြောင့် အခွင့်အရေးကို ယူပြီး ကျမခုန်တယ်” ဟု အင်္ဂလန်တွင် ပညာဆည်းပူးနေသည့် မော်မိုးဘူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။
လေထီးခုန်တဲ့ မိုးဘူးမှ အပျော်များဖြင့် တွေ့ရစဉ်

ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း စသည့် တိုင်းရင်းသားဒေသများတွင် မြန်မာအစိုးရ၏ ခွဲခြားဆက်ဆံအုပ်ချုပ်မှုနှင့် စစ်တပ်၏ ဖိနှိပ်ညှင်းဆဲမှု၊ စစ်ရေးပဋိပက္ခအခြေအနေများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ လူသားချင်းစာနာထောက်ထားမှုရှိရန် ရည်ရွယ်ပြီး မြန်မာ့အရေးလုပ်ရှားမှုအဖွဲ့ Burma Campaign UKမှ funding ( ငွေကြေးထောက်ပံ့ရေး) အတွက် လေထီးပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

ပထမဦးဆုံးအကြိမ်လေထီးပေါ်မှ ခုန်ချသည့် အတွေ့အကြုံကို သူမက အခုလို ရှင်းပြပါသည်။

“ခုန်ချတဲ့အချိန်မှာ အရမ်းကြောက်တယ်။ မြေကြီးကိုလည်း ကောင်းကောင်းမမြင်ရဘူး။ ပြီးတော့ အရမ်းလည်းအေးတယ်။ တကယ့်သူများ ပစ်ချသလိုခံစားရတယ်။ လေထီးဖွင့်တဲ့ချိန်မှာ ဖြည်းဖြည်းလေးပဲ ဆင်းတော့ တခုခုကို ကိုင်ထားသလို ခံစားရပြီး မြေပြင်ကိုလည်း တွေ့ရတယ်။ ရှု့ခင်းလည်းတွေ့ရတယ်။ အေးတာ တခုကလွဲပြီး လေထီးဖွင့်တဲ့ချိန်ကတော့ ပျော်ပါတယ်” ဟု မော်မိုးဘူးက ပြောသည်။

သူမ ငယ်ရွယ်စဉ်က နေထိုင်ခဲ့သည့် ကျေးရွာတွင် မိသားစုနှင့်အတူ မြန်မာအစိုးရစစ်တပ်၏ အတင်းအဓမ္မမောင်းထုတ်ခြင်းကို ခံရပြီးနောက် မိမိရွာကိုစွန့်ခွာပြီး ကရင်နီဒုက္ခသည် စခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

နှစ်အနည်းငယ်အကြာတွင် အင်္ဂလန်နိုင်ငံသို့ ပညာသင်ယူခွင့်ရရှိကာ ယခုအခါ တက္ကသိုလ်တခုတွင် သူနာပြုဘာသာရပ်ကို နောက်ဆုံးနှစ်အဖြစ် တက်ရောက်သင်ကြားနေသူ ဖြစ်သည်။

မော်မိုးဘူး၏ လုပ်ဆောင်ချက်များကို ကြိုဆိုကြောင်း အမျိုးသမီးများလည်း အမျိုးသားနှင့်တန်းတူ တိုက်ပွဲဝင်သွားရန် လိုအပ်သည်ဟု ပြည်ပရောက် ကရင်နီလူငယ် ခူးလျားရယ်က ပြောသည်။

“ကြိုဆိုတယ် ကောင်းတဲ့ လက္ခဏာပါ။ နောက်မျိုးဆက်သစ်အတွက်လည်း စိတ်လှုပ်ရှားစရာ အတုယူစရာပါ။ အမျိုးသမီးယောက်စီတိုင်းမှာ ကိုယ်လုပ်နိုင်တဲ့အရာတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်” ဟု ခူးလျားရယ်က ပြောသည်။

မော်မိုးဘူးသည် မြန်မာ့အရေး၊ ကရင်နီအရေးနှင့် ပတ်သက်၍ ကျောင်းအားလပ်ရက်များ၌ အခွင့်အခါပေးသည့်အတိုင်း စည်းရုံးဟောပြောခြင်း၊ နိုင်ငံတကာ အစိုးရအရာရှိများနှင့် တသီးပုဂ္ဂလ တွေ့ဆုံခြင်း၊ Burma Campaign-UK နှင့်အတူ လက်တွဲ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်တွင်း၊ ပြည်ပရှိ ကရင်နီလူငယ်များနှင့်လည်း ဆက်စပ်ကာ အတူတကွပူးပေါင်း အလုပ်လုပ်ချင်ကြောင်း မော်မိုးဘူးက ပြောပါသည်။

Friday, November 4, 2011

မင်းက မင်း ... ငါကငါ ဆိုတဲ့ ဇတ်လေးကို ရှုစားအားပေးတော်မူကြပါခင်ဗျာ

မင်းက မင်း ... ငါက ငါ


Edo Vader ဆိုတဲ့သူက ဦးသိန်းစိန် အစိုးရနဲ့ ယခင် ဦးသန်းရွှေ အစိုးရကို ယခုလို Animation လေးနဲ့ စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။

သီချင်းလေးကိုတော့ ကောင်းစုံ (Kaung Zone) သီဆိုထားပါတယ်။

You are You, I am Me - Burma Story
Animation by Edo Vader
Song by Kaung Zone

Edo Vader ကို ဂူဂဲ လုပ်ကြည့်ရင် သူ့ရဲ့ လက်ရာဟောင်းတွေ တွေ့ရပါလိမ့်မယ်။

မင်းက မင်း ... ငါက ငါ သီချင်းကို Animation ဖန်တီးချိန်က သူ့ရဲ့ ကိုယ်ပိုင် အလုပ်တဖက်နဲ့မို့ ၂ ပတ်နီးပါး အချိန်ယူလိုက်ရတယ်လို့ Edo Vader က ဧရာဝတီကို ပြောပြပါတယ်





ကြည့်ရှုအားပေးသူအပေါင်းအားကျေးဇူးတင်ပါသည် ။

Tuesday, November 1, 2011

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( မကဒတ ) ဖွဲ့စည်းတည်ထောင်ခြင်း( ၂၃ )နှစ်ပြည့် အခန်းအနား( ဖို့တ်ဝိန်းမြို့ )USA ရုပ်သံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( မကဒတ )
ဖွဲ့စည်းတည်ထောင်ခြင်း( ၂၃ )နှစ်ပြည့် အခန်းအနား( ဖို့တ်ဝိန်းမြို့ )USA ရုပ်သံ

သတင်း ရုပ်သံ အောင်မြင့်ထွန်း ( မကဒတ ) ဖို့တ်ဝိန်း လုပ်ငန်းအဖွဲ့




ပရိသတ်အပေါင်းတို့

John Stward ၏ ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ

ကို အောက်တွင်ဖတ်ရှုနိုင်သည်။

တကယ်တော့ ဒီလိုစာတမ်းမျိုးကို အင်အယ်ဒီ ဗဟိုကော်မတီ အစည်းအဝေးမှာ တင်သွင်းသင့်တာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ဦးဆောင်သောနေရာကနေ အစဉ်အမြဲလုပ်လာတာကတော့ (နာမည် အမျိုးမျိုး ရေလဲ သုံးပြီး) စစ်အာဏာရှင် စစ်ဗိုလ်ချုပ်တွေသာဘဲ ဖြစ်တယ်ဆိုတာကို ဘယ်သူမှငြင်းမရနိုင်ပါဘူး။ စစ်စည်းကမ်း စစ်ဥပဒေ နှုတ်ထွက်အမိန့်ဆိုတာတွေကို စစ်သားတိုင်း ကြီးစဉ် ငယ်လိုက် မသွေမတိမ်း လိုက်နာရပြီး၊ ရေဘူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင်တယ်ဆိုတဲ့ စစ်တပ်ယဉ်ကျေးမှု အရ မြန်မာ့နိုင်ငံေ၇းကို ပြိုင်ဘက်ကင်းစွာ ဦးဆောင်နေတာပါ။
မြန်မာ့အတိုက်အခံလောကမှာတော့ စစ်တပ်နဲ့လုံးဝဆန့်ကျင်စွာဘဲ၊ ဒီမိုကရေစီအခွင့်အရေး လူ့အခွင့်အရေး တို့ လွတ်လပ်စွာ ပြောဆို ဝေဖန်ပိုင်ခွင့်တို့ဆိုပြီး သုံးပိုင်ခွင့်လက်နက်တွေကို အသုံးမတတ် နေရာမကျ သုံးနေခဲ့တယ်။



စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးကနေ တပ်သားအဆင့်ထိ ခေါင်းဆောင်မှုအဆင့်ဆင့် အမိန့်နာခံမှုအဆင့်ဆင့်နဲ့ ရေတိုရေရှည် စီမံကိန်းတွေနဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်နေဆဲမှာ အတိုက်အခံဘက်မှာတော့ အပေါက်တရာ ဖာရာတသိန်း ရှိတဲ့ တထည်တည်းသော ထမိန်ကိုသာ ၀တ်ပြီး ကပြအသုံးတော်ခံနေရတဲ့ ဒီမိုကရေစီရဲ့ တဦးတည်းသော ရွှေမင်းသမီး ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ သူ့ခများ များလှတဲ့ထမိန်ပေါက် ပေါလှတဲ့ ဖါရာ တွေကို လွတ်အောင်ဝတ်ပြီး ပြည်သူတွေကို အသုံးတော်မခံနိုင်ရှာပါဘူး။ အငြိမ့်ပိုင်ရှင် လူကြီးမင်းများမှာလည်း ရွှေမင်းသမီးဆိုတဲ့ ဂုဏ်နဲ့ညီစွာ ၀တ်ဆင်ဘို့ ထမိန်ကလေး အသစ်တထည်ကိုတောင်မှ လဲမပေးနိုင်ဘူး လဲဘို့မပြောနိုင်ကြပေဘူး။ ဒီအပေါက်တရာ ဖာရာတသိန်း ထမိန်ကိုသာ ရွှေမင်းသမီးကနှစ်သက်နေသလားဆိုတာ တော့လည်းမပြောတတ်ပေဘူး။ ဒါပေသိ ဘယ်လိုဘဲဖြစ်ဖြစ် အမြင်မတော် တာကိုတော့ လူကြီးမင်းများ အနေနဲ့ ပြောဆိုဖြောင်းဖျ ပြုပြင်ပေးသင့်ကြပေတယ်။ အရပ်က၀ိုင်းပြီး ပြင်ပေးရမယ့် အခြေအနေကို ရောက်မယ်ဆိုရင် တော့ အတော်ကြီး အရှက်ရစေမှာဘဲဖြစ်ပါတယ်။

ရွှေမင်းသမီး သိသင့်တာတခုကတော့ စစ်သားဆိုတာ စစ်သားပါဘဲ အမိန့်ကိုနာခံရပါတယ်။ သူတို့မှာ ပြည်သူနဲ့တွေ့တော့ပန်းလို ရန်သူနဲ့တွေ့တော့ မီးလိုဆိုပြီး မီးစတဘက် ရေမှုတ်တဘက် နည်းဗျူဟာကို အရိုးစွဲအောင်ကျင့်သုံးလာ ပြီးဖြစ်ပါတယ်။
စစ်ဦးဘီလူး ဆိုသကဲ့သို့ အငတ်အပြတ် ကွန်မင်ဒိုတွေနဲ့ စခန်းသိမ်း နယ်မြေသိမ်း စစ်ပွဲတွေဆင်နွဲပြီးရင် ပြည်သူ့ဆက်ဆံရေး တပ်နဲ့ စည်းရုံးရေးတပ်တွေက လူပြိန်းကြိုက် အငြိမ့်ပွဲတွေ လမ်းဖေါက် တံတားဆောက်တာတွေကို ပိုမိုပြော့ပြောင်းတဲ့ အရာရှိတွေကို လွှတ်ပြီး နယ်မြေစည်းရုးံရေးကိုလုပ်ပါတယ်။ ဗိုလ်စိန်လွင် ကို ဖြုတ်ပြီး ဒေါက်တာမောင်မောင်ကို ခန့်ကာ အပျော့ဆွဲ ဆွဲခိုင်းသလိုမျိုးပါ။

စစ်အာဏာရှင်တွေမှာ နေရာအမျိုးမျိုးကို အသုံးတော်ခံဘို့ လူအမျိုးမျိုး စစ်သားအမျိုးမျိုးရှိပါတယ်။ ဒါတွေဟာ ပုံပြင်တွေမဟုတ်ပါဘူး။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ လိုမျိုး တကယ် စစ်အာဏာရှင်က လက်တွေ့ အသုံချနေတဲ့ နည်းဗျူဟာတွေပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်က တပ်မတော်သားတွေဘဲ ဆိုပြီး ပရိယာယ်ကင်းမဲ့စွာ ယုံကြည်နေမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချခဲ့တာလည်း ဒေါ်အောင်ဆန်းစုကြည် ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားတွေကိုယ်တိုင်ဘဲဖြစ်တယ် ဆိုတာ အမှတ်ရစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အလံကိုင်ပြေးပွဲမှာလို ပြည်သူတွေကိုကိုယ်စားပြုပြီး အလံကိုင်ပြေးနေသူပါ။ ဒေါ်အောင်ဆန်းစုကြည်နိုင်ရင်နိုင်မယ် ဒေါ်အောင်ဆန်းစုကြည်ရှုံးရင် ပြည်သူတရပ်လုံး ဆုံးရှုံးမှာဆိုတာကိုလည်း အမြဲသတိမပြတ်စေလိုပါဘူး။ မတော်လို့များ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုက်ဘက် စစ်ဗိုလ်တွေက ရည်၇ွယ်လို့ဘဲဖြစ်ဖြစ် သဘာဝကြောင့်ဘဲဆိုဆို မခန့်မသင့်လို့ များ ဒေါ်စုကိုယ်တိုင် ခြေခေါက်လဲသွားရင်ဖြင့်....................။

စစ်တပ်ဟာ ရေမှုတ်တဘက် မီးစတဘက်ဗျူဟာကို တချိန်တည်း တပြိုင်တည်းမှာ ကျင့်သုံးနေပါတယ်။ ဒေါ်စုကတော့ စစ်တပ်အလိုကျ တွေ့ဆုံနေတာကလွဲပြီး နောက်ထပ်ဘာမှ စနစ်တကျ လုပ်ဆောင်နေတဲ့ နိုင်ငံရေးနည်းလည်းမရှိသလို။ နည်းမျိုးစုံနဲ့ လှုပ်ရှားလိုတဲ့ တက်ကြွသူတွေကိုတောင် ရန်သူအလိုကျ ငြိမ်သက်စွာ စောင့်ကြည့် ဘို့ နပ်ကြောင်းပေးဘို့မသင့်ပါဘူး။

အောင်ကြည်ဆိုတာ စစ်အာဏာရှင်တွေရဲ့ တတိယတန်းစား ခေါင်းဆောင် အဆင့်မှာသာရှိပါတယ်။ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိပါဘူး။ သူက မက်ဆင်ဂျာ အဆင့်သာရှိတယ်ဆိုတာကို ဒေါ်စု သိသင့်ပါတယ်။

စစ်တပ်မှာ ဗိုလ်စိန်လွင်လို အာဏာသိမ်းနိုင်တဲ့ စစ်ဗိုလ်တွေလည်း အများကြီးဆိုတာ ဒေါ်စု သဘောပေါက်ပါ။
သိန်းစိန်ကို ဦးနှောက်မကောင်းတော့ဘူးဆိုပြီး ဗိုလ်စောမောင်လို ဖြုတ်ပစ်လို့ရတယ် ဆိုတာလည်း မှတ်သားစေချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးလိုတာကတော့ ဒေါ်စုမလုပ်နိုင်တာတွေ ဒေါ်စုမလုပ်ချင်တာတွေ ဒေါ်စုလုပ်မရတာတွေကို ဒေါ်စုကိုယ်စား လုပ်ပေးမယ့်သူ ဘယ်နှစ်ယောက်ရှိပါသလည်းဆိုတာရယ်။

တိုင်းတပါးမှာ အနေကြာခဲ့သူပီပီ မွေးနေ့ပါတီပွဲတွေကိုတောင် လနဲ့ချီ ကြိုတင် စီမံကိန်းချသလိုမျိုး မြန်မာ့နိုင်ငံရေးကိုလည်း အချိန်ဇယားနဲ့ Plan A Plan B စသည်ဖြင့် လုပ်ဆောင်နိုင်အောင်ကြိုးစားပါလို့။

တကယ်လို့များ စစ်အာဏာရှင် တွေ ဆင်တဲ့ ချောက်ထဲကို ဒေါ်စု လိုလား၍ဖြစ်စေ မလိုလားဘဲဖြစ်စေ ဒေါ်စု ကျရှုံး သွားခဲ့ရင်တော့ လူကြိုက်အများဆုံး မအောင်မြင်သော လူထုခေါင်းဆောင် ဆိုပြီး ကမ္ဘာ့စံချိန်သစ်တင်ပြီး စာအုပ်ထဲ ကျန်ရစ်မှာ ဖြစ်ပါတယ်။

ပြည်သူများ ကျောင်းသားများ နိုင်ငံရေးသမားများ အင်အယ်ဒီပါတီဝင်များ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပြီး အချိန်မှီ တည့်မတ်ပြုပြင်ပေးကြဘို့ အချိန်ကို ရောက်ပြီ ဖြစ်ပါကြောင်း။

မိမိအကျိုးနှင့် လုံးဝပတ်သက် သက်ဆိုင်နေသဖြင့်

အောင်နိုင်အောင်

မှတ်ချက်။ ။မိမိပြောပြီးသား နှုတ်ထွက်စကားများကို လည်း အမှတ်ရစေလိုပါတယ်။ ခေါင်းဆောင်ပီသစွာ ရှေ့နောက်ညီသော စကားများကို မိန့်ကြားနိုင်ပြီး။ ပြောပြီးသားအလုပ်များကိုလည်း အောင်မြင်စွာ ဒေါ်အောင်ဆန်းစုကြည်လုပ်နိုင်ပါစေ။


ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်

အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။ ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။ အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံးရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။ သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။ ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။

ယခု အချိန်တွင် အများပြည်သူ အတွက် မျက်စိလည်စရာ ကောင်းလောက်အောင် ကစားကွက်ရှုပ်ထွေးလှပေသည်။ အမှန်တကယ်ပင် မျက်စိလည်သူ အကြည့်မှားသူတွေလည်း တော်တော်ပင် များပြားနေလေသည်။ အဘယ်ကြောင့် ထိုသို့ အမြင်ရှုပ်ထွေးကြပါသနည်း။ ရွှေ့ကွက်များမှာ ယခင်ကနှင့် မတူ တမူထူးခြားနေသောကြောင့် ဖြစ်သည်။

ယခင်က စစ်အစိုးရသည် အကြမ်းနည်းသက်သက်ကိုသာ အသုံးပြုသည်။ စစ်အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးရ။ ဘာမှ မပြောရ။ ဘာမှ မလုပ်ရ။ ထိုကဲ့သို့ လုပ်ရပ်တခုခု လုပ်လျင် ထောင်သွင်း အကျဉ်းချမည်။ လမ်းပေါ်မထွက်ရ။ ဆန္ဒမပြရ။ လမ်းပေါ်ထွက် ဆန္ဒပြလျင် ပစ်သတ်မည်။ လမ်းပေါ်ထွက် ဆန္ဒပြ သော လုပ်ရပ်သည် (လက်နက်ကိုင် တော်လှန်သော အလုပ်မှ တပါး) စစ်အစိုးရ အဆက်ဆက်အဖို့ အကြောက်ဆုံးလုပ်ရပ် ဖြစ်သည်။ အတိုချုပ်ပြောရလျင် ထောင်ချလိုက်မည်နှင့် သတ်ပစ်လိုက်မည် ဆိုသော နည်းများမှာ စစ်အစိုးရ၏ အဓိက နည်းဗျူဟာ ဖြစ်ခဲ့သည်။

စစ်အစိုးရဘက်က ပြောင်းလဲဖို့ ခြေလှမ်းပြင်လာခြင်း

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနောက်ပိုင်းတွင်မူ စစ်အစိုးရ၏ မဟာဗျူဟာ စတင်ပြောင်းလဲလာသည်။ ၁၉၈၈ နောက်ပိုင်းတွင် အကြီးမား ဆုံးသော လှုပ်ရှားမှုကြီး ဖြစ်သည့် ၂၀၀၇ လှုပ်ရှားမှုသည် စစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ စစ်အစိုးရအနေနှင့် အနှစ် နှစ် ဆယ်ကျော်ကြာကျင့်သုံးခဲ့သော အချိန်ဆွဲလိမ်ညာ၊ လှည့်ဖျား၊ ထောင်ချ၊ လူသတ်အလုပ်သည် ရေရှည်ဆက်သွား၍ အလုပ် မဖြစ် နိုင် တော့ဟု သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် ၂၀၀၇ ခုနှစ် အရေးတော်ပုံပြီးသည်နှင့် အခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေကို သွက်သွက်လက်လက် အကောင်အထည်ဖော်တော့သည်။ ယခင်က နှစ်ပေါင်းတရာကြာအောင်ပင် အချိန်ဆွဲတော့မည်ဟု ထင်ရသော လမ်းပြမြေပုံမှာ ရုတ်တရက် အရှိန်ရပြီး သွက်လက် မြန်ဆန်လာသည်။

ဤသို့ဖြင့် အခြေခံဥပဒေ တရပ်ထွက်ပေါ်လာသည်။ သို့သော် ထိုအခြေခံဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် ဒီမိုကရေစီ မကျဆုံးသော အခြေခံဥပဒေတရပ် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။ စစ်သား တမတ်သားက မည်သူမျှ မရွေးကောက် ပဲ လွှတ်တော်ထဲတွင် မိန့်မိန့်ကြီး ကြိုတင်နေရာယူနိုင်သော အခွင့်ကို ပေးအပ်ထားသည်။ စစ်တပ်က မကြိုက်လျင် အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ပေးထားသည်။ ထို အခြေခံဥပဒေမှာ လွတ်လွတ်လပ်လပ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရခဲ့လျင် ၁၀ ရာခိုင်နှုန်းမျှပင် ထောက်ခံမဲရနိုင်စရာ မရှိသော်လည်း သေနတ်မိုးဓါးမိုးပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းကထောက်ခံသည်ဟု မဲခိုးကြေငြာပစ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်နိုင်မှု အရည်အချင်း

ထိုကဲ့သို့သော အရေးကြီးသည့် သမိုင်းကာလများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့ပါသနည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ၂၀၀၇ ခုအရေးတော်ပုံနှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ နှစ်ခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာမူ ပြည်သူလူထုကို အရည်အချင်း ပြည့်မီသော ဦးဆောင်မှု မပေးနိုင်ခဲ့ပါ။ ၂၀၀၇ ခုနှစ် အရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန်ပျက်ကွက်ခဲ့ခြင်းမှာ အလွန်ဆိုးဝါးလှသော ပျက်ကွက်မှုကြီး ဖြစ်ခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူထုလှုပ်ရှားမှုကို ထောက်ခံကူညီမှုမပြုရုံသာမက စစ်အစိုးရအကြိုက်နောက်ကပင် လိုက်ဆွဲ တားမြစ်ခဲ့ပါသေးသည်။
၂၀၀၇ ခုအရေး အခင်းတွင် သံဃာနှင့် ၂၀၀၇ ခု ဗကသ ကျောင်းသားများက ထိန်းသိမ်းဦးဆောင် သွားနိုင်သောကြောင့်သာ စစ်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်းဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်း သားများမှာမူ ၂၀၀၇ ခု အရေးတော်ပုံ၏ အစပိုင်းကာလတွင် အဓိက ဦးဆောင်သူများ ဖြစ်ခဲ့ကြသော်လည်း ပွဲဦးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဆက်လက်၍ ဦးဆောင်မှု မပေးနိုင်ခဲ့။

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလတွင်မူ သံဃာနှင့် ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားများပါ ထောင်သွင်း အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ထိုကာလ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်မူ အစပိုင်း၌ NLD သည် အတန်အသင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။ သို့သော် နာဂစ်မုန်တိုင်း တိုက်ခတ် လိုက်သောအခါ နိုင်ငံရေး ကို ရှေ့တန်းမတင် ပြည်သူလူထု အရေးကို ရှေ့တန်းတင်မည်ဟု ကြွေးကြော်ကာ လူမှုရေးဘက်သို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှည့် လိုက်သည်။ NLD သဘောထားကြီးလှပါပေသည်။ လူကြီးလူကောင်း ဆန်လှပါပေသည်။ သို့သော် ယင်းကာလ NLD ခေါင်းဆောင်များသည် နိုင်ငံရေး မျက်နှာစာတွင် စစ်အစိုးရကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်လေးနေကြပြီး နာဂစ် ဟူသော အကြောင်းပြချက်ကောင်းကောင်းရသွားသည့် အတွက် စိတ်သက်သာရာပင် ရသွားသလားဟု သံသယဝင်ဖွယ် ဖြစ်ပေသည်။ သူတို့သည် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လှည့်မကြည့်တော့ပေ။ သို့သော် စစ်အစိုးရမှာမူ သူ့ရည်ရွယ်ချက်ကို မျက်ခြေ အပြတ်မခံ။ လူတွေသေ၊ အလောင်းတွေ ရေမျောနေသည့် ကြားကပင် အခွင့်ကောင်းယူကာ ထောက်ခံမဲတွေ မရမနေလုယက်ယူခဲ့လေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ရ၍ စစ်အစိုးရမှာ လူဆိုးရာထူး တရစ်တက် သွား သည်။ တကယ်တန်း အနစ်နာကြီး နစ်နာခဲ့ကြရသည်မှာ ပြည်သူ တရပ်လုံးဖြစ်ခဲ့ကြသည်။ ပြည်သူတို့မှာကား နှစ်ခါရှုံးခဲ့ကြရလေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ ရခဲ့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေး တာ ဝန်ကျေပွန်ခဲ့သည်ဟုကား မဆိုနိုင်ချေ။
အခြေခံဥပဒေကို အတည်ပြုနိုင်ပြီးသည့်နောက် စစ်အစိုးရ အဖို့မှာ အစစအရာရာ ချည်ပြီး တုတ်ပြီးဖြစ်လေပြီ။ သို့သော် ထိုမျှနှင့် မရောင့်ရဲပါ။ ရွေးကောက်ပွဲ ကို မတရားဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ညစ်ပြန်သည်။

ထိုကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အလွန်ထူးခြားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။ ရွှေဂုံတိုင် ကြေငြာချက်သည် သေအံ့မူးမူး ဖြစ်နေသော NLD ကို ပြန်လည် အသက်ဝင်စေခဲ့သည်။ ခေါင်းဆောင်မှုမဲ့နေသော တက်ကြွ လှုပ်ရှားသည့် NLD နယ်ခေါင်းဆောင်များကို လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဦးဝင်းတင်သည် NLD ကို နိုင်ငံရေးသဘောတရား ဦးဆောင်မှု ပေးနိုင်သူ၊ လမ်းကြောင်းမှန်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကျယ်ပြန့်သော လူထု ထောက်ခံ မှု အင်အားကို ရရှိထားသူကား မဟုတ်ပါ။
ဦးဝင်းတင်ခေါင်းဆောင်သော NLD သည် ရွှေဂုံတိုင် ကြေငြာချက်ကို ထုတ်ပြန်နိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်း ပြုပြီး NLD ပါတီကွဲထွက်ခဲ့သည်။ သို့သော် ထိုအကွဲမှာလည်း သိပ်မဆိုးလှ။ ထို အကွဲ ကြောင့် ပါတီမှာ အားလျော့ မသွား သည့်အပြင် ပိုမိုအားကောင်းလာသည်။ NLD သည် ဦးအောင်ရွှေ၏ အပျော့ဆွဲ အယူကို ဆက်ခံသော ထိပ်တန်းခေါင်းဆောင်များကို ဆုံးရှုံး ခဲ့ရ သော်လည်း ယင်းတို့ အစား အခြားအုပ်စုကို လျော်ကြေး အဖြစ် ပြန်လည် ရရှိခဲ့သည်။ ထိုအခြားအုပ်စုကား အပျော့ဆွဲ သမားတို့၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရ သည့် တက်ကြွသော နယ်ခေါင်းဆောင်များဖြစ်သည်။ အစည်းပြေနေသော နယ်ဗဟို ကော်မတီဝင်များကို ပြန်လည် စုစည်း နိုင်ခဲ့ကြသည်။ NDF ကွဲထွက်သွားသည့် အတွက် NLD မှာ ပို၍ပင်သန့်စင်လာသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အစဉ်အလာမပျက် မဲဆက်လက်ခိုးကာ ကြံ့ဖွံ့ပါတီကို မတရား အနိုင်ပေးလိုက်ပြန်ပါသည်။ သည်အထိ စစ်အစိုးရ၏ ကစားကွက်မှာ ယခင်ကစားကွက်များနှင့် မထူးခြားသေး။ ၄င်းတို့ ရွှေ့မြဲထုံးစံဖြစ်သော အလိမ်အညစ် အကွက် များသာ ဖြစ်ချေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်သည်။ ဒါလည်း မထူးခြားသေး။ ဆက်ဖမ်းဖို့ရာ မည်သို့မျှ အကြောင်းပြချက် ရှာမရ တော့သောကြောင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်

ပြည်သူတွေဘက်က တုန့်ပြန်ပုံကတော့ထူးခြားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့် ပြည်သူလူထုသည် ပြန်လည် လှုပ်ရှား လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နယ်ရုံးများ၊ လယ်သမား အရေး အလုပ်သမားအရေး လှုပ်ရှားသူများ၊ လူငယ်ကွန်ယက်များ စည်စည်ကားကားပြန်ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် ဖြစ်သည်။ လူထုကို နိုးကြားစေနိုင်သော၊ ယုံ ကြည်မှု ပေးနိုင်သော ခေါင်းဆောင်ဖြစ်သည်။ လူထုကို ထိုသို့သော ယုံကြည်မှု၊ နိုးကြားမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မည်သူ မျှ မပေးနိုင်ပါ။ ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်၊ အားသာချက်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ စီအာပီပီက ဒုတိယပင်လုံညီလာခံဟူသော အမည်ဖြင့် အစိုးရကို ထိုးစစ်ပြန်ဆင်ရန် ပြင်ဆင် နေချိန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သက်တမ်းတလျောက်လုံးတွက် စစ်အစိုးရ တီးပေးသော ဆိုင်းချက်ကို လိုက်ကနေကြ သည့်ဘဝ ကျရောက်နေရာမှ ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံဘက်က ဦးဆောင်သော ရွှေ့ကွက်ကို စတင်ရွှေ့ရန် ပြင်ဆင် ခြင်းဖြစ်သည်။ သို့သော် စီအာပီပီ အတွက် စည်းရုံးရေး အင်အားနှင့် လူထုထောက်ခံမှုမှာ သိပ်အားမကောင်းလှ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်။ လူထုက ဝမ်းသာအားရဆီးကြိုကြသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုရင်းစွဲ ရှိပြီး ဖြစ်သည့်အပြင် လူထုထောက်ခံမှုအားကို ရယူလိုသော စီအာပီပီတို့သည် ဒုတိယပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည့်လက် ထိုးအပ်လိုက်သည်။ စင်စစ် ထိုဒုတိယညီလာခံမှာ အစိုးရကို စိန်ခေါ်သော လုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုစိန်ခေါ်နည်းကို သိပ်မကြိုက်ဟု ထင်ရသည်။

ထိုစိန်ခေါ်နည်းသည် စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်သော လမ်းကြောင်းကို ဦးတည်စေလိမ့်မည်ဟု ယူဆသလား မဆိုတတ်။ ဒုတိယ ပင်လုံ ညီလာခံအစား လူတွေကိုယ်တိုင် တွေ့ဆုံစရာ မလိုအပ်အောင် ၂၁ ရာစုနည်းပညာများကို အသုံးပြုမည်ဟု ဆိုသည်။ ညီလာခံ ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပြောင်းပေးသွားမည်ဟု ဆိုသည်။ အဘယ်ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသနည်း။ ဘာ့ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုလိုပါသနည်း။ ထိုအချိန်က မိုဘိုင်းဖုန်းကိုမျှ မည်သို့ အသုံးပြု စကား ပြောရမှန်းမသိသော ဒေါ်အောင်ဆန်းစုကြည်သည် အင်တာနက်တွေ၊ ဗီဒီယို ကွန်ဖရင့်တွေ၊ ဆိုရှယ်ကွန်ယက်တွေ နှင့် ပင်လုံညီလာခံကို မည်သို့ ဆက်စပ် အသုံးချလိုပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်သည် လူတွေ စုဝေးတွေ့ဆုံသော နည်းကို မကြိုက်သောကြောင့် ဒုတိယပင်လုံညီလာခံကို နာမည်ပြောင်း ၊ နည်းဗျူဟာ ပြောင်းလိုက်ခြင်းပေလော။ သို့မဟုတ် လူတွေစုဝေးသော နည်းမှာ ဖြစ်နိုင်ချေရှိမည် မထင်သောကြောင့် ပုံစံပြောင်းဖို့ ပြောဆိုခြင်းပေလော။ သို့တည်းမဟုတ် ဒုတိယပင်လုံကြောင့် အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး သူ့ကို အကျယ်ချုပ်ပြန်ချမှာ စိုးသောကြောင့် ပေလော။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ။ မည်သို့ ရှေ့ဆက်စခန်းသွားမည်ကိုလည်း မသိရချေ။

အစိုးရက တော့ ဒုတိယပင်လုံကို တော်တော်ကြောက်ရွံ့ပုံရသည်။ ညီလာခံ မလုပ်ဖို့ သတင်းစာထဲကနေ ဆောင်းပါးရေး တားမြစ် ခဲ့သည်။ ခြိမ်းခြောက်မှု အပြစ်တင်မှုတွေကိုလည်း စုံစေ့အောင် ထည့်သွင်းရေးသားသည်။

အစိုးရ၏ တားမြစ်ချက်မှာ ထိရောက်သည်ဟု ဆိုရမည်လောမသိ။ ဒုတိယပင်လုံညီလာခံမှာ သင့်တော်သော အချိန်တချိန်ချိန်တွင် အကောင်အထည်ဖော်မည်ဟု အချိန်ဆွဲရင်းနှင့် တဖြည်းဖြည်း ကြန့်ကြာခဲ့ရာ ယခုတိုင် ပြန်ပေါ်မလာတော့ချေ။ ဒေါ်စုကိုယ်တိုင် သိပ် စိတ်မပါသောကြောင့် ဒုတိယပင်လုံ မှေးမှိန်သွားခြင်းလော။ အစိုးရ၏ ဟောက်စားလုပ်ကွက် ပြီပြင်သောကြောင့် မှေးမှိန်သွားခြင်းလော။ သို့မဟုတ် အစိုးရသစ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လက်တွဲ ခေါ်ဆောင်ချိန်တွင် မိတ်မပျက်လိုသောကြောင့် တမင် မှိန်ထားခြင်း လော။ ထို့အပြင် အခြားတွေးတောဖွယ်အချက်တခုမှာ ဒုတိယပင်လုံ နှောင့်နှေး ကြန့်ကြာမှု အပေါ်တွင် စီအာပီပီတို့ က ကျေနပ် ကြည်ဖြူကြပါ၏လော ဆိုသည့် အချက်ဖြစ်သည်။ စီအာပီပီတို့ကို ဒေါ်စုတို့ အကြေ အလည် ဆွေးနွေးပြီးမှ အားလုံးသဘောကျ ဆိုင်းငံ့ ထားခြင်းလော။ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်ကို မလွန်ဆန်နိုင်သောကြောင့် ဆိတ်ဆိတ်နေကြသလော။ ထိုမေးခွန်းတို့၏ အဖြေမှာ သိပ်မရှင်းလှပါ။ သို့သော် စီအာပီပီတို့မှာ ဒေါ်စုဘာလုပ်လုပ် ခေါင်းညိမ့်ကြမည့်သူများတော့ ဟုတ်ဟန်မတူပါချေ။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။ စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။ သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။ အစိုးရ၏ ဟောက်စား လုပ်ကွက် ထပ်မံ အောင်မြင်သွားပြန်သလော။ တွေးတောဖွယ် ဖြစ်သည်။

စစ်အစိုးရ ပြောင်းတော့ပြောင်းမည်၊ အကောင်းကို ဦးတည် မတည် မသေချာ

ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။ ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာသည်။ သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။ ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။ ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြောဆိုလာသည်။ သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။ အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။

ထိုမိန့်ခွန်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများက ပထမဆုံး ထောက်ခံလိုက်ကြသည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။

ထို့နောက်တွင်မူ ရွှေ့ကွက်တို့မှာ တဖြည်းဖြည်းပိုပြီးပညာသား ပါလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။ ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည်။ သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။ နှစ်ဘက်စလုံးက သတင်းထိန်ချန် ထားကြသည်။ ဆွေးနွေးပွဲ မပြီးခင်တွင် ဝေဖန်သံ တွေကြောင့် ဆွေးနွေးပွဲကို အနှောင့်အယှက် မဖြစ်ရလေအောင် သတင်းတို့ကို ထိန်ချန်ထားသည်ဟု ယူဆရသည်။ တကယ်တော့ ဝေဖန်သံတွေကြောင့် ဆွေးနွေးပွဲကို အနှောင့် အယှက်ဖြစ်မည် ဆိုသော အတွေး အခေါ် မှာ ဝေဖန်မှုကို ကြောက်သော စစ်အစိုးရ၏ အတွေးအခေါ်ဖြစ်သည်။ ရှိစေတော့။ ၂၃ နှစ် စောင့်ဆိုင်းခဲ့ပြီးနောက် နည်းနည်း ပိုစောင့်ရသည်မှာ သိပ်မထူးတော့ဟုသာ ဆိုရတော့မည်။

ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။

မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။ ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။ အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။ သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။ ပြည်သူတို့ မသိရသေး။

သို့သော် အစိုးရ၏ လက်တွေ့လုပ်ပုံကိုင်ပုံတို့မှာမူ မပြောင်းလဲသေးပါ။ တိုင်းရင်းသားတို့နှင့် ထိုးစစ်ကို တိုးမြှင့် ဆင်နွှဲလေသည်။ နိုင်ငံရေး အကျဉ်းသားတို့ကို နှစ်ရှည်ထောင်ဒဏ်များထပ်မံချလေသည်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ခြင်း၊ စည်သူဇေယျကို လောလောလတ်လတ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက် ခြင်းသည် ထင်ရှားသော သာဓက တရပ်ဖြစ်သည်။ ထိုသို့သော အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်တော့မည်ဟု အဘယ်ကြောင့် ဒေါ်စုက ယုံကြည်ရပါသနည်း။ အစိုးရနှင့် ဒေါ်စု အကြားတွင် တကယ်ပင် ထိရောက်သော အပေးအယူ တခုခု သဘောတူထားပြီးပြီလော။ သို့မဟုတ် အစိုးရကို ပြောင်းလာစေချင်သော ဆန္ဒနှင့် အားပေး ဆွဲခေါ်နေခြင်းသက် သက်လော။ တခုခု သဘောတူထားပြီးပြီ ဆိုလျင် မထောင်းတာ။ ကိုယ့်ဆန္ဒနှင့် ဆွဲခေါ်နေခြင်းမျှသာ ဆိုပါမူ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကို မျှော်လင့်ချက်မှား ပေးနေသလို ဖြစ်နိုင်ပေသည်။

ဒုတိယအုပ်စု လမ်းစဉ်လော၊ တတိယအုပ်စု လမ်းစဉ်လော

ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။ ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။

လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။ “တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် အစိုးရဘက်က ကိုယ့်ကို ယုံဖို့လိုသည်၊ ယုံကြည်မှု တည်ဆောက်ရမည်၊ အစိုးရ အထင်မှားမည့် လုပ်ရပ် အပြောအဆို အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်” ဟူသော အောင်နိုင်ဦး၊ တင်မောင်သန်း၊ ဇော်ဦး အစရှိသည့် ဗဟုတို့၏ အယူအဆမျိုးကို ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရသည်။ “စစ်တပ်နှင့် ဆက်ဆံရာတွင် ကိုယ့်လက်ကို သူမြင်အောင် ထုတ်ပြထားရမည်” ဟူသော နေဝင်းမောင်၏ အယူအဆမျိုးကို လက်ခံသည့် အဆင့် အထိတော့ မရောက်တန်ရာသေးဟု မျှော်လင့်မိသည်။

သို့သော် အာရပ်ကမ္ဘာလို လှုပ်ရှားမှုမျိုးမလိုအပ်ပါ ဟူသော အပြောမှာ ကြံ့ဖွံ့ အစိုးရအထင်မှားမှာ စိုးသောကြောင့် မျက်နှာချိုသွေးလိုက် သော စကားဟု ထင်မြင်စရာဖြစ်ပါသည်။

နိုးကြားတက်ကြွသော လူထုကို “ငြိမ်ငြိမ်နေကြပါ၊ သင်တို့ကို ဖိနှိပ်နေသူကို မဆန့်ကျင်ကြပါနှင့်၊ သင်တို့ လိုချင်သော အရာကို ကျွန်မက အေးအေးဆေးဆေး ဆွေးနွေးပြီး ရယူပေးပါမည်” ဟူသော အနက်ဆောင်သည့် စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လေပြီ။ လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။

ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။ လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။ လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။ ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။ လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင်ရသည်။ လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။ ကိုယ့်လွတ်မြောက်မှုအတွက် အသက်စွန့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသော လူထုမှာ ခေါင်းဆောင်ကဆွဲထားသောကြောင့် စိတ်လျော့ထားရသော အဖြစ် ရောက် နေသည်။ တိုက်ပွဲမဝင်ဘဲ ဦးသိန်းစိန်ကို တရားချပြီး ဒီမိုကရေစီ ရမည်ဆိုလျင်တော့ အတိုင်းထက်လွန် တံခွန်နှင့် ကုက္ကားပါပေ။ သို့သော် ထိုသို့ လွယ်လွယ်နှင့် ရနိုင်ပါမည်လော။ ရနိုင်မရနိုင်ဆိုသည်ကို ယခုထက်တိုင် စမ်းသပ်၍ မပြီးစီးနိုင်သေးပါသလော။ ၂၃ နှစ် သင်္ခန်းစာဖြင့် မသိနိုင်သေးပါသလော။

ဆွေးနွေးပွဲကို အဓိက သေနင်္ဂဗျူဟာ အဖြစ် ဆုပ်ကိုင်ပြီး လူထုတိုက်ပွဲကိုပင် ဟန့်တားရလောက်အောင် ဆွေးနွေးပွဲများကနေ ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ ရရှိထားပါသနည်း။ ကျွန်တော်တို့ မသိသော အာမခံချက် တစုံတရာကို ဒေါ်စု ရရှိထားပြီး ဖြစ်ပါသလော။ အကယ်၍ ဒေါ်စု တစုံတရာရရှိထားလျင် ထိုရရှိထားသော တစုံတရာသည် ဘာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များသိရှိကြပါသလော။ စီအီးစီများကို ချပြဆွေးနွေးထားပြီး ဖြစ်မည်ဟု ကျွန်တော် ယုံကြည် မျှော်လင့်မိပါသည်။ ဒေါ်စုသည် အာဏာရှင်ဆန်သော တကိုယ်တော် အလုပ်မျိုးကို မလုပ်ဟုထင်ပါသည်။ မလုပ်ဟု မျှော်လင့်မိပါသည်။

ဆွေးနွေးပွဲ၏ ရလဒ်ကို ကျွန်တော် ကြားသိခွင့်ရသမျှအပေါ်မှ အကောင်းမြင်နှင့် ပြောရပါမူ ယခုနောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံပြီးနောက်တွင်မူ အစိုးရဘက်က အနည်းငယ် အလျော့ ပေးလိုက်သော လက္ခဏာတရပ်ကို ထူးထူးခြားခြား တွေ့မြင်လာရသည် ဟုဆိုရပါမည်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေး လိုက်ခြင်းဖြစ်သည်။ အနည်းငယ်ဟု ပြောရခြင်းမှာ တချက်ကို ပြင်ပေးလိုက်သော်လည်း၊ နောက်တချက်ကိုမူ ထုံးစံအတိုင်း မလိမ့်တ ပတ် ဆက်လုပ်နေသေးသောကြောင့် ဖြစ်သည်။ ထောင်ကျနေသူများကို ပါတီမှ ထုတ်ပစ်ရမည်ဟူသော စည်းကမ်းချက်ကို ပြင်ပေး လိုက်သည်။ ယင်းကား အလျော့ပေးလိုက်သော အချက်။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူသော အချက်အစား၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ပြင်ပေးလိုက်သည်။ ယင်းကား မလိမ့်တပတ်လုပ်လိုက်သော အချက် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို ပါတီကိုချပြ ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟုဆိုသည်။ လေးစားလိုက်နာပါမည်ဟူ သော အချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုသော အသံကိုကား မကြားရပါချေ။ ဘာ့ကြောင့် မတောင်းပါသနည်း။ တချက်ရလျင် တော်ပြီ၊ ကျေနပ်လောက်ပြီဟု သဘောထားသောကြောင့်ပါလော။ သို့မဟုတ် တောင်းလည်း ရမည်မဟုတ်ဟု ယူဆသောကြောင့်လော။ သို့မဟုတ် မှတ်ပုံတင်လိုဇောကြီးလွန်းသောကြောင့် အညှာလွယ်သွားပါသလော။

စစ်အစိုးရသည်ကား ၂၀၀၈ အခြေခံဥပဒေကို တပြားသားမျှ အပွန်းမခံပါ။ တကယ့် အနှစ်သာရသည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ တကယ်တန်း အဆုံးအဖြတ်ပေးနိုင်သော အရာမှာ ၂၀၀၈ အခြေခံဥပဒေ ပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ ဒီမိုကရေစီဘက်ကမူ ၂၀၀၈ အခြေခံဥပဒေကို မပြင်သေးသမျှ ကျန်သော ဟန်ပြ လုပ်ရပ်မှန်သမျှသည် ဘာမျှမဟုတ်ဟူသော အချက်မျိုးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားပုံမရ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောင်းလဲမှု၏ အစသို့ရောက်နေပါပြီဟု ပြောနေသည့် ကြားထဲကပင် အစိုးရသည် စိတ်ပျက်စရာ အပြုအမူကို ထပ်မံ ပြုမူလိုက်ပြန်သည်။ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကိုသာ တွန့်တိုစွာ လွှတ်ပေးလိုက်သောကြောင့် အကောင်း မြင်ပြီး အမှတ်ပေးလိုသော သူတို့သည်ပင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ရပြန်ပါသည်။ နောက်ထပ် လွှတ်ပေးဦးမလိုလို လေသံ ပစ်ပြီး ယီးတီးယားတားလုပ်သော အလုပ်ကိုလည်း ထုံးစံအတိုင်းလုပ်ပြန်ပါသည်။

အမာဂိုဏ်း၊ အပျော့ဂိုဏ်း

ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခုကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။ သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။ တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။

စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ကို ပြောလိုက်သလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။

အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။

စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။

သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။ တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။ တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။ အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။ သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။

သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။

သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။ ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။

ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။ နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။ သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။ ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။ တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။ နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။ အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။ လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။ မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။

ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။ ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။ ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။ ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။ သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။ ထာဝရတော့ မဟုတ်။ တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။

သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။

၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။

၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။ တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။

၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။ ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။

စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။

စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။ တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။ ထောင်ချစရာရှိတာကို ထောင်ချ သည်။ တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။

ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။ ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။ တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။ ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။ ၄င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလ

Monday, October 31, 2011

စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဓာတု လက်နက်အသုံးပြု နေပြီ

စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဓာတု လက်နက်အသုံးပြု နေပြီ




In K.I.A civil war, Burmese Soldiers are using Chemical Weapons






Oct 31, 2011

အောက်တိုဘာလ ၃၀ ရက် ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား (၆) ရက်ကြာ တိုက်ပွဲ ဖြစ်ပွားလာတဲ့ ကချင်ပြည်နယ် ဂါးရာယာန်၊ ရွှေညောင်ပင်၊ လုန်ဇဲပ်၊ (Lung Zep) ကုန်း တိုက်ပွဲ နေရာများတွင် စစ်အစိုးရ စစ်တပ် ဘက်မှ အကျအဆုံး များလာမှုကြောင့် UN မှ ပိတ်ပင် ထားတဲ့ (Chemical Weapon) ဓာတုလက်နက် များကို ယခု K.I.A နှင့် တိုက်ပွဲမှာ အသုံးပြုနေကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းဓါတုလက်နက် ဓာတ်ငွေ့ ရှိုမိတဲ့ K.I.A တပ်သား (၁၀) ကျော်ဟာ တခါတည်း ခေါင်းမူးလာပြီး အဆက်မပြတ် အန် ခြင်း၊ ကိုယ်ခန္ဓာ ပျော့ခွင်သွားပြီး ဆက်လက် တိုက်ပွဲ မဝင်နိုင်တော့ ကြောင်း ရှေ့တန်း K.I.A သတင်းမှ သိရှိရပါတယ်။

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၂၉ ရက် မနေ့ကလည်း K.I.A စစ်ဌာနချုပ် လိုင်ဇာနှင့် သိပ်မဝေးတဲ့ အင်သပ်တောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံးမှု များလာတာနဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ (Chemical Weapon) ဓါတု လက်နက်ဖြင့် K.I.A စစ်တပ်ကို ပစ်ခဲ့ရာ K.I.A စစ်သည်တော် (၄) ဦးဟာ ဆက်လက် တိုက်ပွဲ မဝင်နိုင်တော့ဘဲ တကိုယ်လုံး ပျော့ခွင် သွားပြီး အဆက်မပြတ် အန် နေကြောင်း K.I.A ရှေ့တန်း နယ်မြေ တိုက်ပွဲ ဝင်နေတဲ့ K.I.A စစ်သားများမှ သတင်းပေးပို့ လာပါတယ်။
ဘယ်လို အမျိုးအစား ဓါတုလက်နက် ဖြစ်တယ်ဆိုတာ အတိအကျ မသိပေမယ် အဆင့်မြင့်တဲ့ ဓါတု လက်နက် ( Chemical Weapon) ဟုတ်တယ် ဆိုတာကို တော့ ငြင်းလို့ မရဘူးလို့ K.I.A ရှေ့တန်း အရာရှိများမှ ပြောကြား လာပါတယ်။ ဒီလိုမျိုး ယခုချိန်မှာ UN က နေပိတ်ပင်ထားတဲ့ ဓါတုလက်နက် ဖြင့် စစ်အစိုးရ စစ်တပ်မှ အသုံးပြု တိုက်ခိုက်နေခြင်းကို UN အပါအဝင် တမ္ဘာလုံးက ဒီတိုင်း ကြည့်နေလို့ မဖြစ် တော့ကြောင်း အသိပေး လိုက်ချင်ပါတယ်။


Now fighting with Kachin Independence Army K.I.A and Burmese Military soldiers are stronger and stronger, the war zone Gara Yang, Shwe Nyong Pin, Lung Zep become 6 days.. so Burmese military soldiers are using Chemical Weapon. When Burmese military soldiers shot Chemical Weapon to K.I.A who touch that gas cannot fight anymore, suddenly they feel headache and the whole body become weak.


And all so, yesterday in the war zone Intap Bum , Burmese military soldiers used Chemical Weapon . So, after breath that gas K.I.A (4) soldiers were suddenly feel headache and the whole body became weak if so they cannot shot anymore, the K.I.A officer confirm this event.

KNU၊ DKBA တို့ အစိုးရနှင့် ဆွေးနွေး

ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့သည် ယခုလအတွင်း အစိုးရကိုယ်စားလှယ်များအား ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မွန်ပြည်နယ်
မော်လမြိုင်မြို့တို့တွင် တွေ့ဆုံခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

KNU နှင့် တွေ့ဆုံမှုတွင် သဘောတူညီမှု တစုံတရာ မရှိသော်လည်း DKBA နှင့် ဆွေးနွေးရာတွင်မူ လတ်တလော
နှစ်ဘက်တပ်များကို တပ်ထိုင်နယ်မြေမှ အဝေးသို့ လှုပ်ရှားမှုများ မပြုရန် သဘော တူခဲ့ကြသည်။ KNU က
အောက်တိုဘာ လဆန်းတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ် (ငြိမ်း) ချစ်သန်းတို့နှင့် ဘန်ကောက်မြို့တွင် တွေ့ခဲ့ကြောင်း KNU အရာရှိတဦးက မဇ္ဈိမသို့ ပြောသော် လည်း အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပါ။
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့သည် ယခုလအတွင်း အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးသမ္မတ ဦးသိန်းစိန် ထုတ်ပြန်ထားသကဲ့သို့တဖွဲ့ချင်းသာ
ပြည်နယ်အဆင့် အစိုးရများကို ဆက်သွယ်ရန် ဦးအောင်မင်းနှင့် အဖွဲ့ကပြောဆိုပြီး KNU ကမူ ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့်သာဆွေးနွေးမည်ဟု ပြန်ကြားလိုက်သည်ဟု ဆိုသည်။

“တွေ့တော့ တွေ့တယ်။ တိတိကျကျတော့ ဘာမှမပြောရသေးဘူးပေါ့။ (KNU) က ဖြစ်စေချင် တာကတော့ UNFC နဲ့ တွေ့ဖို့ပေါ့။ သူတို့ကတော့ တဖွဲ့ချင်းနဲ့ တွေ့ဆုံချင်တာပေါ့။” ဟု KNU အရာရှိက ပြောသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းမှာ အစိုးရအဖွဲ့တွင်း သဘောထား ပျော့ပြောင်းသူအဖြစ် ညွှန်းဆိုခံရလေ့ ရှိပြီး အငြိမ်းစား ဗိုလ်ချုပ်ချစ်သန်းမှာ ကရင်ရေးရာတွင် ကျွမ်းကျင်သူ တဦး ဖြစ်သည်။ ဦးအောင်မင်းသည် စနေနေ့ ကပြုလုပ်သော ပြည်တော်ပြန် သီးလေးသီး အဖွဲ့သားအချို့ပါဝင်သော မျှော်စင်ကျွန်း ဖျော်ဖြေပွဲသို့ သွားရောက် ခဲ့သေးသည်။

ဦးအောင်မင်း၏ ဘန်ကောက် ခရီးစဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များလည်း လိုက်ပါလာရာ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အီတာလျံ-ထိုင်းကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့်လည်း ပတ်သက်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းအောက်ရှိ ထားဝယ်-ကန်ချနဘူရီ အဝေးပြေး ကားလမ်း ဖောက်လုပ်မှုမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဆိုသော ဒေသခံ
အချို့၏ စိုးရိမ်ချက်ဖြင့် ကရင်အမျိုးသား အစည်းအရုံးက စက်တင်ဘာလလယ်က တားမြစ်ခဲ့သေးသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း KNU ကို ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး
အောင်လွင် ဦးဆောင်သည့်အဖွဲ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် လာရောက် တွေ့ဆုံခဲ့သေးသော်လည်း ဗဟို အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း KNU က အကြောင်း ပြန်လိုက်သည်ဟု သိရသည်။

KNU ကို ပြည်ထောင်စုအဆင့်က တွေ့ဆုံရန် ငြင်းနေဆဲတွင် DKBA ကိုမူ အောက်တိုဘာလ ၂၆ ရက်နေ့က
မော်လမြိုင်မြို့၌ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး-၁ ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်
တို့က လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုက နယ်မြေကျော် မလှုပ်ရှားရေး သဘောတူညီခဲ့ပြီး ကရင်ပြည်နယ် မြို့တော် ဘားအံ အပါအဝင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံသို့ တဆင့်တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်သူ DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက ပြောသည်။

“ဥပမာ သေဘောဘိုးခွင်ဆိုရင် လက်ရှိ အစိုးရတပ်က ထိုင်တယ်။ သူကလည်း လှုပ်ရှားမှုကို အဝေးကို မရှိဘူးဆိုရင် ဘာမှပြဿနာမရှိဘူး။ ကျနော်တို့ဘက်ကလည်း တခြမ်းယူထားတယ် အဝေးကို မသွားဘူးဆိုရင် ပြဿနာ မရှိဘူး
ပေါ့။” ဟုသူက ပြောသည်။

မော်လမြိုင်မြို့တွင် တွေ့ဆုံရာ၌ ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ဝင်းအောင်လှိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့လည်းပါဝင်သည်။

DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး၊ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးစိန်ဝင်း၊ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးပိဒါးတို့ သုံးဦး ဖြစ်သည်။

DKBA သည် ၁၉၉၄ ခုတွင် ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့ပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် DKBA များမှာ၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့အဖြစ် အစိုးရပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ပြောင်းလဲ ရပ်တည်နေကြသည်။

ဗိုလ်မှူးချုပ်စောလားဘွယ်ဦးဆောင်သည့် DKBA က ၂ဝ၁ဝ နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲအပြီး နောက်တနေ့မှစ၍ အစိုးရကို တနှစ်ကြာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အပစ် ရပ်ရန် ပဏာမဆွေးနွေးကြခြင်း ဖြစ် သည်။

ဗိုလ်မှူးကြီးစောချစ်သူအဖွဲ့နှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးကြ ခြင်းမရှိသကဲ့သို့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်သည့် DKBA ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းရန်ပြောဆိုကြခြင်း မရှိကြောင်း သိရသည်။

“BGF ကို အတင်းအကျပ် လုပ်ခိုင်းမယ်ဆိုလည်း နောက် ဒါထက်ဆိုးတဲ့ အနေအထားပဲ ရောက်သွားမှာပါ။” ဟု ဗိုလ်မှူးချုပ်မိုရှေးက ဆိုသည်။

၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားရာတွင် မပါဝင်ပဲ ကျန်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များကို စုစည်းပြီး ၂ဝ၁ဝ ခု ၉ လပိုင်းတွင် ပြန်လည်ဖွဲ့စည်းရာ ဗိုလ်မှူးချုပ်မိုရှေးသည် တပ်ရင်းမှူးအဆင့်မှ ဒုစစ်ဦးစီးချုပ် တာဝန်ပေးအပ်ခံရသည်ဟု သိရသည်။

DKBA နှင့် အစိုးရ ကိုယ်စားလှယ်များအကြား တွေ့ဆုံပွဲများ ဆက်လက် ပြုလုပ်သွားရန် အစီအစဉ် ရှိသော်လည်း အစိုးရဘက်က အကြောင်းပြန်ကြားမှုကို စောင့်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ-၆ နယ်မြေ သေ့ဘောဘိုးရွာ နှင့် တောင်နီရွာ အကြားတွင် အစိုးရတပ်များကို မိုင်းထောင် တိုက်ခဲ့သေးသည်ဟု သူက ပြောသည်။

Sunday, October 30, 2011

DKBA , ABSDF အပါအ၀င် စစ်ရေးပူးပေါင်းအင်အားစု( ၄ )၏ မာနယ်ဆိုးစစ်ဆင်ရေး ရုပ်သံ

မြို့တော်ခန်းမတွင် ဗုံးတွေ့

မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်


(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမအဆောက်အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင်အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံးတွေ့ရှိခဲ့သည်။
ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းမကြီးကို ဆူးလေဘုရားထောင့်မှ စတင်၍ ယာဉ်သွားလာခွင့် ရပ်ဆိုင်းပြီး ယူနီဖောင်းဝတ် ရဲများက နေရာယူ ပိတ်ဆို့ထားခဲ့သည်။

ဗုံးတွေ့ရှိသည့် သတင်းနှင့် လမ်းပိတ်ဆို့ထားသည့် သတင်းကြောင့် သွားရောက်သတင်းယူသည့်
ပြည်တွင်းဂျာနယ်များမှ သတင်းသမားများကို ရဲအရာရှိအချို့က ဓါတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

“ဓါတ်ပုံမရိုက်ဖို့ လာပြောတယ်။ လုံခြုံရေးကိစ္စဖြစ်လို့ နားလည်ပေးဖို့ ဘာညာ ကောင်းကောင်းမွန်မွန်
ပြောတာပါ။ နောက်ပိုင်း သတင်းထောက်တွေ တော်တော်လေးများလာတော့ အုပ်စုလိုက် ခပ်လှမ်းလှမ်းက ဓါတ်ပုံရိုက်တော့ လာမပြောတော့ဘူး။ ”ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ဗုံးတွေ့ရှိသည့် နေရာသည် သီးသန့် ယာဉ်ရပ်နားခွင့် ကတ်ထုတ်ပေးထားသည့် အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်ရပ်နားရာ နေရာအနီး ဖြစ်ပြီး ယူနီဖောင်းဝတ်ရဲများ အမြဲတစေ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။
သီးခြား တရားဝင် အတည်ပြုချက် မရသော်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် သတင်းထောက်များ၏ ပြောဆိုချက်အရ အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။

“ ၇ နာရီ ၅ မိနစ်လောက်မှာ “ဘုန်း” ဆိုပြီး အဲ့ဒီနေရာကပဲ အသံထွက်လာတယ်။ စောင့်နေတဲ့ လူတွေကော ရဲတွေကော အားလုံးဝိုင်းကြည့်ကြတယ်။ အထဲနဲ့ အဆက်အသွယ်ရှိတဲ့ တယောက်က လှမ်းမေးတော့ ဗုံးကို ဖောက်ခွဲပစ်မှ ရမှာမို့ ခွဲပစ်လိုက်ရတယ်ပြောတယ်။ အသံက တော်တော်လေးတော့ ကျယ်တယ်။ အဲ့အသံကြားပြီး သိပ်မကြာဘူး မြို့တော်ဝန်လဲ ပြန်သွားပြီလို့ သိရတယ်။” ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အခြေစိုက်ရာ မြို့တော်ခန်းမအတွင်းသို့ ကိစ္စအသီးသီးဖြင့် ဝင်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) အထောက်အထားကတ်တခု ပြသရန်လိုပြီး အမျိုးသမီးလက်ကိုင်အိတ်အပါအဝင် မည်သည့် အိတ်မျိုးမှ ယူဆောင်ခွင့် မရှိသလို ရှာဖွေရေးစက်များကိုလဲ
ဖြတ်သန်းရသည်။

နောက်ဆက်တွဲ ထပ်မံကြားသိရသည့် သတင်းများအရ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် မြို့တော်ခန်းမအနီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံတခု ထပ်မံထွက်ပေါ်လာကြောင်း သိရပြီး မဟာဗန္ဓုလ လမ်းမအား ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

Friday, October 28, 2011

လယ်ယာမြေ နိုင်ငံပိုင်ပြုရေး ဥပဒေ ဖျက်ရန် ဆန္ဒပြသူ ခုနှစ်ဦး အာမခံဖြင့်လွတ်

ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ်


ချင်းမိုင်(မဇ္စျိမ) ။ ။ ရန်ကုန်မြို့ အိုးအိမ်ဖွံ့ဖြိုးရေးရုံးရှေ့တွင် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ပယ်ဖျက်ပေးရန် ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် ရဲကဖမ်းဆီးခဲ့သော ရှေ့နေ ကိုဖိုးဖြူ အပါအဝင် ခုနှစ်ဦးတို့ကို အာမခံဖြင့် သောကြာနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။

ဗိုလ်တထောင် ရဲစခန်း အချုပ်တွင် တညတာ နေခဲ့ရပြီးနောက် လယ်သမား ၁၂ ဦးက စုစုပေါင်း အာမခံ ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးရာက ခုနှစ်ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားတစုက မြေပိုင်ဆိုင်ခွင့်ပေးရေး ဆန္ဒပြနေစဉ် ကြည့်ရှု့နေကြသူများကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ၇က်၊ ၂၀၁၁ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ကိုဖိုးဖြူ၊ ဒဂုံမြို့သစ်တောင်ပိုင်း ကျီစုကျေးရွာသား လယ်သမားများ ဖြစ်သော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်း ကျောင်းဆရာ
တဦးဖြစ်သူ ဦးသီအောင်တို့ကို ရဲက ဥပဒေမဲ့ လူစုလူဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ နှင့်
တရားစွဲဆိုထားပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တွင် တရားရုံး ရုံးချိန်း ပေးထားသည်။
“လွှတ်တော်မှာ တင်သွင်းပေမယ့် လွတ်တော်မှာ အလိမ်အညာတွေပဲ ဖြစ်လာတယ်။ လယ်ယာမြေ ဥပဒေ မူကြမ်းတွေ ထွက်လာတယ်။ ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးတဲ့ သူတွေအတွေကို ဘယ်လို အဖြေမျိုးမှ ပါမလာဘူး။ တကယ်တမ်းမှာ ကျနော်တို့ တောင်သူတွေ စားဝတ်နေရေး ကျပ်တည်းတာတွေ ပိုမိုပြင်းထန်
လာလို့ ကျနော်တို့ ဒီလမ်းကို ရွေးလိုက်ရတာပါပဲ” ဟု ကိုဖိုးဖြူက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် လယ်သမားတစု ပါဝင်သည့် ဆန္ဒပြသူများက ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည် “လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ” အရ မြေအားလုံး ကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းကို ဖျက်သိမ်းပေးရန်နှင့် သိမ်းဆည်းခံ လယ်မြေများ
ပြန်လည်ခွဲဝေပေးရန်တို့ကို လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့သည်။

မိနည်းအနည်းငယ်အတွင်း ရဲအင်အား ၁၀၀ ခန့်ရောက်ရှိလာရာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဦးဆောင်သူများကို သတင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွား
၍ နှစ်နာရီခန့်ကြာ စစ်ဆေး မေးမြန်း ပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ စစ်ဆေးတဲ့ နည်းလမ်းက မျက်နှာကို အုပ်တယ်။ အိတ်အမဲကို ခေါင်းကိုစွပ်ပြီး အုပ်တယ်။ စစ်တယ်။ အသက်ရှုကျပ်တယ်။ စစ်ဆေးနေချိန်မှာ တိုက်တဲ့ ရေထဲမှာ ဆေးဝါးပါတယ်လို့ ကျနော်ထင်တယ်။ ကျနော်မူး တယ်။"ဟု ကိုဖိုးဖြူက ပြောသည်။

မမြင်ဘူးသေးရင်တော့အထူးအဆန်ပေါ့ အမျိုးသမီးသစ်ပင်တဲ့

မမြင်ဘူးသေးရင်တော့အထူးအဆန်ပေါ့ အမျိုးသမီးသစ်ပင်တဲ့





သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ
ဝိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

မြတ်လေးငုံဘလောဂ်မှကူးယူဖေါ်ပြသည်
Ref:http://myatlayngon.blogspot.com/

Thursday, October 27, 2011

ဧရာဝတီမြစ် စီမံကိန်းဖျက်သိမ်းဖို့ တရုတ်ကိုလက်မှတ်ရေးထိုးတောင်းဆိုဖိအားပေးကြပါစို့

The Honorable Hu Jintao, President of the People's Republic of China, Beijing

PetitionOnline.com - Free Online Petition Hosting
www.petitiononline.com
The top place on the Web to create and sign free public petitions on most any responsible topic.

အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်ခံနေရပြီ ၀ိုင်းရံကြပါ

Published on October 27, 2011 by ရွှေအောင်

အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာနေပြီး ထောင်အာဏာပိုင်တွေက ဆန္ဒပြသူတွေရဲ့ အဆောင်တွေကို ရေဖြတ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက်ပိတ်ထားလို့ မကျေနပ်တဲ့အကြောင်း အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက စပြီးဆန္ဒပြခဲ့တာဖြစ်ပြီး ဒီနေ့ ဆန္ဒပြတဲ့သူ ပိုများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်က ထောင်မှာသွားတွေ့လာတဲ့ အကျဉ်းသား တဦးစီကနေ ရရှိတဲ့သတင်းအချက်အလက်အရတော့ နိုင်ငံရေးအကျဉ်းသားတွေက မနေ့နေ့ခင်း ၁၂ နာရီထိုးကနေစပြီး အစာငတ်ခံ ဆန္ဒပြမှုကို စတင်နေတယ်။ မနေ့က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်ပါအတိုင်းပဲ အစာငတ်ခံဆန္ဒပြမှုကို စတင်နေတယ်။ ဒီနေ့ ၂၇ ရက်နေ့ အခြေအနေက ပထမဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်ကို ကျော်လွန်သွားပြီးတော့ တခြားအဆောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကပါ ပူးပေါင်းပြီးတော့ ဆန္ဒစတင်ပြနေတယ်လို့ ကြားပါတယ်။”

ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်အတိုင်းအတာထိ တိုးလာတယ်ဆိုတာ ခန့်မှန်းလို့ မရသေးဘူးလို့ ဆိုပါတယ်။

“ဒီနေ့ထောင်ကထွက်လာတဲ့ အကျဉ်းသားဆီက ကြားသိရတာတော့ အရေအတွက်ကို ခန့်မှန်းလို့မရပါဘူးတဲ့။ ဘာလို့လဲဆိုတော့ မနေ့ကစတင်ပြီးတော့ ဖြစ်တော့ တဖက်နဲ့တဖက် ဆက်သွယ်လို့မရဘဲ ဖြတ်တောက်မှုတွေ စတင် လုပ်လိုက်ပြီဖြစ်တဲ့အတွက် အရေအတွက် ကောက်လို့မရဘူး။ သို့သော်လည်း ထောင်တွင်း အခြေအနေကတော့ လုံးလုံးကို သတင်းပို့ပြီးတော့ တခြားအဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ ပါဝင်နေတယ် ဆိုတာတော့ သိရတယ်တဲ့။ ပထမရက်မှာ စတင်ဆန္ဒပြတဲ့ ပုဂ္ဂိုလ်များကိုတော့ ကိုညီညီထွန်း၊ ကိုဉာဏ်ထွန်းလင်းတို့ရှိတဲ့ တိုက်မှာ ရေမပေးတော့ဘူး၊ ရေဖြတ်ချလိုက်ပြီလို့ ပြောပါတယ်။”

အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုဟာ တရားနည်းလမ်းကျတာမို့ ထောက်ခံတဲ့အကြောင်း ပြည်သူအများရဲ့ လက်မှတ်တွေ စုဆောင်းထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။

ထောင်ဒဏ် ၂၂ နှစ်ကျနေပြီး ဆန္ဒပြတဲ့ထဲပါတဲ့ ကိုဉာဏ်ထွန်းလင်းရဲ့ ဖခင်ဖြစ်သူက သားဖြစ်သူကျန်းမာရေးကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“စိတ်တော့မကောင်းဘူး။ သူက အစာအိမ်ရောဂါ ရှိတာ။ အစာအိမ် အပြင်မှာ အမြဲတမ်းပြနေရတာ။ အစာအိမ်ဆေးလည်း အမြဲတမ်းသောက်နေရတယ်။ ကျီးပေါင်းလည်းရှိတယ်။ လည်ပင်းမှာ ကော်လံတပ်ထားရတယ်။ ပိုဆိုးသွားမှာဆိုးလို့။”

အင်းစိန်ထောင်ထဲ ထောင်ဒဏ် ၂၂ နှစ်ကျနေတဲ့ ကိုဉာဏ်ထွန်းလင်းရဲ့ ဖခင်ဖြစ်သူ ပြောပြခဲ့တာပါ။

ဒီသတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေနဲ့ ဆက်သွယ်လို့ မရပါဘူး။
http://burmese.dvb.no/archives/17049

လယ်အသိမ်းခံ လယ်သမားတွေ လယ်သမားအရေးတောင်းဆိုပြီ စုပေါင်းဝန်ရံကြပါစို့

လယ်အသိမ်းခံ လယ်သမားတွေ ရန်ကုန်မြို့ရှိ အိုးအိမ်ဦးစီးဌာန အရှေ့မှာ လယ်သမားအရေးတောင်းဆိုဆန္ဒပြ

2011-10-27

ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာန အရှေ့မှာ လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ၅၀ ခန့် ဆန္ဒပြ ကြတယ်လို့ သိရှိရပါတယ်။
မိမိတို့ လယ်ယာမြေတွေ အသိမ်းခံရတဲ့အတွက် ပြန်လည် ရလိုမှုနဲ့ တောင်ဒဂုံ နဲ့ သန်လျင်မြို့နယ်က လယ်သမားတွေ ခုလိုစုရုံး ရောက်ရှိလာပြီး ဆန္ဒပြဖို့ ပြင်ဆင်နေစဉ် ခဏအတွင်းမှာပဲ လုံထိန်းရဲတွေ ရောက်လာပြီး အတင်း အကျပ်
လူစုခွဲခဲ့တယ်လို့ သိရပါတယ် ။
အဲ့ဒီ ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ လယ်သမားများအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူကိုအထူး ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကြောင်း ကိုဖိုးဖြူရဲ့ မိတ်ဆွေ တစ်ဦးက ခုလိုပြောပါတယ် ။

“အခုလောလောဆယ် သူ့ကို ဒုရဲမှူး ထွန်းထွန်းဦး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေက ခေါ်ယူ စစ်ဆေး နေတယ်”
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ ရှိကြောင်း အနည်းဆုံး ၇ ဦးကို ရဲတပ်ဖွဲ့က မေးမြန်းဖို့ ခေါ်ဆောင် ထားတယ်လို့
လဲသိရပါတယ် ။

သတင်းဓါတ်ပုံ = အမျိုးသားလွတ်မြောက်ရေးအင်အားစု( မြန်မာပြည် )

Wednesday, October 26, 2011

နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက ဗုဒ္ဓဟူးနေ့ မွန်းတည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ထုတ်ပြန်လိုက်သည်။

အဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြားလိုက်ပြီး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားသည်။

သာမန်အကျဉ်းသားများကို လျော့ရက် ခံစားခွင့်ပေးချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို လျော့ရက် ခံစားခွင့် မပေးဟု ကွန်ယက်အဖွဲ့၏ တာဝန်ခံ ကိုအောင်ဇော်ထွန်းက ပြောသည် ။
“သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း အစာငတ်ခံ ဆန္ဒပြမယ်

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက အစာငတ်ခံ ဆန္ဒပြ
ဆိုတာကို ထုတ်ပြန်ထားတာ ဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ အကောင်အထည် ဖော်ပေး သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရှည်ကြာသွားမှာပါ” ဟု ကိုအောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင် “နိုင်ငံတော်
သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်
အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကို
လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြ
ထားကြောင်းလည်း သူက ညွှန်းဆိုလိုက်သည်။

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်တသက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။
အင်းစိန်အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများထဲမှ ပါဝင်သည့်သူအချို့

အကျဉ်းမှ လွတ်မြောက်လာချိန် (၁)လ မပြည့်သေးသော ဦးဇာဂနာ၏ မွန်မြတ်သော ထိရောက်သော လှုပ်ရှားမှုများ

Tuesday, October 25, 2011

သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်အဆင်ပြေပြီး..အရမ်းဖော်
်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်မျာ..။ (ဇာဂနာ)
ပေါင်းတည်..အကျဉ်းထောင်ရှေ့ မှာပါ..။ (ဇာဂနာ)
သာယာဝတီမှာ..မိတ်ဆွေတွေနဲ့ ..တွေ့ ပါတယ်.။ခရိုင်တခုလုံးမှာရှိကြတဲ့..ရှစ်( ၈ )မြို့ နယ်က..လူမှုရေးအဖွဲ့ ( NLD ) လူငယ်တွေနဲ့ လည်း..တွေ့ ရပါတယ်..။

ဝမ်းသာစရာပါ။မင်းမော်ကွန်းက၂သိန်းလှူပါတယ်။ကိုမေတ္တာက ၃သိန်းလှူပါတယ်၊ ကိုစုတ်ဖွား က..၁သိန်းလှူပါတယ်..သာဓုခေါ်ပေးကြပါခင်ဗျာ။

မြစ်ကြီးနားထောင်မှာ ညောင်ဦးကထောင်ဒဏ် ၅၉နှစ်လက်ဆောင်ရထားတဲ့ မျိုးမင်းသန်းဟာအစာအိမ်ယောင်ပြီးလည်ပင်းကျီးပေါင်းတက်နေပါတယ်။သူ့အမ က ရွှေဘိုထောင် အကို က ပခုက္ကူထောင်မှာပါ။အားပေးကြပါခင်ဗျ။

ဒီနေ့မုံရွာကိုရောက်ပါမယ်။ဒီငြိမ်းလင်း၊နိုဘယ်အေး။ဦးဝိမလ နဲ့ကိုကိုနိုင်တို့ကိုထောင်ဝင်စာပို့ပါတယ်။စာ ငတ်နေကြပါတယ်။ကိုကိုနိုင်ခမျာကျန်းမာရေးမကောင်းပါ။အစာအိမ်ယောင်နေပါတယ်။

မနေ့က တောင်ငူထောင် နဲ့လွယ်ကော်ထောင်ကို ထောင်ဝင်စာ ပို့ဖြစ်ပါတယ်။တောင်ငူထောင်မှာလွင်စီငြိမ်းဆိုတဲ့နိုင်ငံရေးအကျဉ်းသားလူငယ်လေးဟာထောင် ၃၅နှစ်ကျနေပြီးသူ့ကိုဘယ်သူကမှမထောက်ပံ့နိုင်တာ၂နှစ်နဲ့၈လရှိပါပြီ။အားပေးကြပါခင်ဗျ။

(ဇာဂနာ)

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ


ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတားဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ voice weekly ဂျာနယ်မှ ဖေါ်ပြပါသည်။

Tuesday, October 18, 2011

သမိုင်း မြို့မ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပတဲ့ မင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့

သမိုင်းမြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ကိုမင်းကိုနိုင် (၄၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များတက်ရောက်... (ဓာတ်ပုံ၊ သတင်း)
ယနေ့ ၁၈ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခုနှစ်၊ တနင်္လာနေ့ မနက် ၈ နာရီက ကျိုင်းတုံထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသော ကိုမင်းကိုနိုင် (၄၉)နှစ်ပြည့် မွေးနေ့အခမ်းအနားအား သမိုင်းမြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် နှင့် အကြီးအကဲများ၊ ၈၈ မျိုးဆက်ကျောင်းသား/သူ များ၊ ဂီတအနု ပညာရှင်များ၊
မကြာသေးခင်ကမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှာ ပြန်လည်လွတ်မြောက်လာ သော စွယ်စုံရ အနုပညာရှင် ကိုသူရ (ခေါ်) ကိုဇာဂနာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကဏ္ဍအသီးသီးမှ ဒီမိုကရေစီအရေးကို လိုလားကြသူများနှင့် မရမ်းကုန်းမြို့နယ်တွင်းမှာရှိကြသော ရပ်ကွက်သူ၊ ရပ်ကွက်သားများ စုံစုံ ညီညီတတ်ရောက်ခဲ့ကြပါသည်။
ထိုပွဲတွင် သက်ဆိုင်ရာလူပုဂ္ဂိုလ်အသီးသီးမှ ကိုမင်းကိုနိုင်မွေးနေ့ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။ ဂီတအနုပညာရှင်များ နှင့် ၈၈ မျိုးဆက်လူငယ်များမှလဲ မွေးနေ့ဂုဏ်ပြုသီချင်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားအား ၈ နာရီမှ ၁၀ နာရီအထိသာ ဖိတ်စာ တွင်ရေးသားထား သော်လည်း ၁၁ နာရီခွဲသည်အထိ မပြီးသေးပဲ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိခဲ့သည်။





သတင်း၊ ဓာတ်ပုံ... ခမိခဆဲ၊ ဒီမိုဝေယံ