Friday, March 30, 2012

တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ လုံထိန်းတပ်ဖွဲ့ဝင် အရိုက်ခံရ


မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် -YPI

ယနေ့နံနက်ပိုင်းက ၀ါဏိဇ္ဇပဋိပက္ခရုံး၏ အဆုံးအဖြတ်ကို မကျေနပ်ကြသည့် တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ၁၄၀၀ ကျော်တို့က စက်ရုံရှေ့တွင် ရန်ကုန်တိုင်းအလုပ်သမား ဦးစီးဋ္ဌာနရုံးသို့ သွားရောက်မေးမြန်းရန် ပြင်ဆင်လျှက်ရှိစဉ် ကြိုတင်ရောက်ရှိနေသည့် လုံထိန်းတပ်ဖွဲ့များက ပိတ် ဆို့ကာ ရိုက်နှက်သဖြင့် အလုပ်သမ ၅ ဦးဒဏ်ရာရရှိသွားသည်ဟု စက်ရုံမှ အလုပ်သမားများက ပြောသည်။

ယနေ့ လူစုဝေးခြင်းမှာ ဆန္ဒပြရန် ရည်ရွယ်ခြင်းမဟုတ်ပဲ အလုပ်သမား အငြင်းပွားမှု ဆိုင်ရာ ဥပဒေ သစ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပြဋ္ဌာန်းလိုက်သဖြင့် တိုင်ရီစက်ရုံ အလုပ်သမားများ နကိုတင်ထားသည့် အယူခံကို ဆက်လက်မစစ်ဆေးနိုင်ဟု ဆိုခြင်းကြောင့် ၀ါဏိဇ္ဇတိုင်းရုံးသို့ အလုပ်သမားများ သွားရောက်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

စက်ရုံရှေ့ လမ်းပေါ်တွင် တိုင်းရုံးသို့ သွားရောက်ရန် ပြင်ဆင်နေသည့် အလုပ်သမားများအား လုံထိန်း တပ်ဖွဲ့များထဲမှ ဒုရဲအုပ်အဆင့်ရှိသူက “ ၀င်ရိုက်ကွာ” ဟုဆိုကာ တုတ်များဖြင့် ၀င်ရောက်ရိုက်နှက် သဖြင့် ၅ဦးဒဏ်ရာရရှိသွားကာ တဦးမှာ ဖိနပ်ဖြင့်ဗိုက်ကို တက်နင်းသဖြင့် ယခုအချိန်ထိ မထနိုင်ဟု လည်း အလုပ်သမားများက ပြောပြသည်။

နေ့ခင်း ၂နာရီ ၀န်းကျင်တွင် အလုပ်သမား ကိုယ်စားလှယ်များအား စက်ရုံပိုင်ရှင်က ဆွေးနွေးရန် ခေါ်ယူ၍ စက်ရုံတွင်းဝင်ရောက်သွားရာ ညနေ ၆နာရီကျော်ထိ ပြန်လည်ထွက်လာခြင်း မရှိသေး

ကြောင်း သိရသည်။

No comments:

Post a Comment