Tuesday, January 25, 2011

အော်ရီဂွန် ရံပုံငွေပွဲ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို အမှာစကားပို့ 

အမေရိကန် နိုင်ငံ အော်ရီဂွန် မြို့ ရောက် မြန်မာ နှင့် တိုင်းရင်းသား လူမျိုးများ စုပေါင်းပြီး
မြန်မာ နိုင်ငံတွင်းရှိ HIV ၊ AIDS နှင့် နေထိုင်သူများ အတွက် ကူညီ ထောက်ပံ့မည့် အစီ
အစဉ်အတွက် ရံပုံငွေ ရှာဈေးရောင်း ပွဲတော် အား ပို့ လန်း တွင် ကျင်းပခဲ့သည် ဟု
သတင်းရရှိသည်။
ထိုပွဲတော် သို့ အော်ရီဂွန် ပြည်နယ်တွင်းရှိ မြန်မာ လူမျိုးများ နှင့် နိုင်ငံခြားသားများ ပါတက်
ရောက်ကြသည် ဟု သတင်း ပွဲကျင်းပရေး ကော်မတီ အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ကိုထွန်းထွန်း
က Freedom News Group သို့ ပြောသည်။
ရံပုံငွေဈေးရောင်းပွဲတော် နှင့် အမေရိကန် ရောက် မြန်မာ မိသားစုများ အတွက်
ဒေါ်အောင်ဆန်း စုကြည် က လည်း န့တ်ဆက် အမှာစကားပြောကြားသည့်
ဗီဒီယို အမှာစကားပေးပို့ သည်။
အော်ရီဂွှန် ပြည်နယ် တွင် မြန်မာ လူမျိုး နှစ် သောင်း ကျော်ရှိပြီး အများစု မှာ မြန်မာ-ထိုင်း
နယ်စပ် ဒုက္ခသည် စခန်းများ မှ ရွှေ့ ပြောင်းအခြေစိုက် သူများ ဖြစ်သည်။

No comments:

Post a Comment