Wednesday, February 16, 2011

" အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့လူထုအုံကြွမှုနဲ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ( ၈၈ )အရေအခင်းနှိုင်းယှဉ်လေ့လာဆွေးနွေးပွဲ "





" အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့လူထုအုံကြွမှုနဲ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ( ၈၈ )အရေအခင်းနှိုင်းယှဉ်လေ့လာဆွေးနွေးပွဲ "


နယူးယောက်တက္ကသိုလ် ဖေဖော်ဝါရီ ၁၃ ရက်

အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့ လူထုအုံကြွမှုကြီးလိုမျိုး မြန်မာနိုင်ငံမှာလည်း ( ၈၈ )က ဖြစ်ပေါ်ခဲ့တာကြောင့် နှိုင်းယှဉ်လေ့လာသုံးသပ်
ဆွေးနွေးပွဲတခု အမေရိကန်ပြည်ထောင်စု နယူးယောက်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ကျင်းပခဲ့ပါတယ် ။



ဒီဆွေးနွေးပွဲမှာ အီဂျစ်တော်လှန်ရေး စတင်ခဲ့တဲ့ လူငယ် ကျောင်းသား ခေါင်းဆောင်တွေရဲ .message နဲ့ မြန်မာ ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုနေတင်မြင့်က ပြောပါတယ် ။
“အချက် ၃ ချက်အဓိက ကျွန်တော်တို့ ဆွေးနွေးကြမယ်၊ ပြောဆိုကြမယ်ပေါ့။ ကျွန်တော်တို့ ၈၈ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အဲဒီတုန်းက ဦးဆောင်ပြီးတော့ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အကြောင်း ကျွန်တော်( နေတင်မြင့်)ရယ်၊ နောက် ကိုမိုးသီးဇွန်ရယ် ဆွေးနွေးပြီးတော့ ၂၀၀၇ ကျွန်တော်တို့ သံဃာ့ အရေးအခင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတော် ဦးပညာဇောတက ဆွေးနွေးမှာ ဖြစ်ပါတယ်။”

“အဲဒီလို ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ ၈၈ အရေးအခင်းနဲ့ အီဂျစ်နိုင်ငံရဲ့ လူထု အုံကြွမှုကို နှိုင်းယှဉ်ဖော်ပြမှာ ဖြစ်ပါတယ် ။ ဘာကြောင့်၊ ဘယ်လိုကြောင့် အမြန်ဆုံး အောင်မြင်လာခဲ့သလဲ၊ နောက် ဘယ်လိုကြောင့်ကျွန်တော်တို နိုင်ငံ့ ကြန့်ကြာသွားသလဲ၊ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးသလဲ၊ အကျိုးသက်ရောက်မှု ရှိသလဲ စစ်တပ်ရဲ ရပ်တည်မှူအဓိက့အရေးကြီးပုံ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် နှစ်နိုင်ငံ လူထုအုံကြွမှုရဲ့ အားနည်းချက်၊ အားသာချက်တွေကို နှိုင်းယှဉ် လေ့လာ ပြောဆိုကြမှာ ဖြစ်တယ်လို့လည်း ကိုနေတင်မြင့်က ဆိုပါတယ်။

လက်ရှိ အီဂျစ်နိုင်ငံမှာ သမတ မူဘာရက် ရာထူးက နုတ်ထွက်သွားပြီး ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ စစ်ကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ NLD / LA USA နှင့် (၈၈)မျိုးဆက်ကျောင်းသားများ( ပြည်ပ ) ၊ သံဃာ့တပ်ပေါင်းစုအဖွဲ့( ပြည်ပ )နှင့်
အခြားအင်းအားစုအသီးသီးမှာလည်းတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည် ။

No comments:

Post a Comment