Thursday, February 3, 2011

တွံတေးက ကျူရှင်ဆရာ ဆရာဦးအောင်ဖေ နေအိမ်မှာ အစာငတ်ခံဆန္ဒပြနေပြီ

by Thar Swe on Wednesday, February 2, 2011 at 4:30am

နအဖတို့ ရဲ့  လက်ညှိုးထောင် ခေါင်းငြိမ့် လွှတ်တော်အတုကြီးကို ကန့် ကွက်တဲ့အနေနဲ့  အစာငတ်ခံဆန္ဒပြ။

ရန်ကုန်တိုင်း တွံတေးမြို့နယ်က အုန်းပင်စုရပ်ကွက်နေ ကျူရှင်ဆရာ ဦးအောင်ဖေဟာ သူ့ရဲ့နေအိမ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က ထုတ်ဝေတဲ့ တီရှပ်အကျီ င်္ကို ၀တ်ပြီး ယနေ့ကျင်းပနေတဲ့ နအဖတို့ ရဲ့  လွှတ်တော်အစည်းအဝေးကို အစာငတ်ခံဆန္ဒပြနေကြောင်း သိရှိရပါတယ်။

ကျူရှင်ဆရာ ဦးအောင်ဖေဟာ ၂၀၀၉ ခုနှစ်၊ လွတ်လပ်ရေးနေ့  (ဇန်န၀ါရီလ ၄ ရက်နေ့ ) တုန်းကလည်း အာရုဏ်ဦး နံနက် (၄) နာရီကျော်ကျော်အချိန်မှာ လက်နှစ်ဘက်ကို ကြိုးနဲ့ ချီနှောင်ပြီး တွံ့ တေးမြို့ ရဲ့  လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ တစ်ဦးတည်း သွားရောက် အလေးပြုခဲ့ပါတယ်။

၂၀၀၅ ခုနှစ်တုန်းက ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့ ရက် (ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ) မှာ သူရဲ့  တပည့်တွေကို ဗိုလ်ချူပ်အောင်ဆန်းအကြောင်း ဟောပြောခဲ့လို့ ၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ အလေးပြုတာတွေ ပြုလုပ်ခဲ့လို့  အဖမ်းခံခဲ့ရပြီး၊ ထောင် (၃) နှစ် ကျခံခဲ့ရဖူးပါတယ်။

အကျဉ်းထောင်ကလွတ်တဲ့အခါမှာ အင်းစိန်ထောင်ကနေ သူရဲ့ နေအိမ်ရှိရာ တွံတေးမြို့  အုန်းပင်စုရပ်ကွက်ကို ခြေလျင်လမ်းလျှောက်ပြန်ခဲ့သူ ဖြစ်ပါတယ်။

ယခုအခါမှာလည်း နအဖတို့ ရဲ့  လက်ညှိုးထောင် ခေါင်းငြိမ့် လွှတ်တော်အတုကြီးကို ကန့် ကွက်တဲ့အနေနဲ့  အစာငတ်ခံဆန္ဒပြနေကြောင်း သိရှိရတဲ့အတွက် ထပ်မံလေးစားဂုဏ်ယူရပါကြောင်း ပြောကြားအပ်ပါတယ်။

No comments:

Post a Comment