Tuesday, February 15, 2011

ဇာတ်လမ်းတွေ စလာပြီ ( ကိုယ့်ဘက်က စုစုစည်းစည်းနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ကြ )

ကြံ့ဖွံ့ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး နုတ်ထွက်


Wednesday, February 16, 2011

၂၀၀၈ ခုနှစ်တုန်းက တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံနေတဲ့ ဒု ဗိုလ်ချုပ်ကြီး တင်အေး။ ဒု ဗိုလ်ချုပ်ကြီး တင်အေးဟာ စစ်အစိုးရအတွက် လက်နက်တွေ အဓိက ရှာဖွေ ဝယ်ယူပေးရသူအဖြစ် လူသိများပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ပြည်ထောင်စု လွှတ်တော်သို့ ဒီနေ့ တင်သွင်းလိုက်ပါပြီ။ (သတင်းတို ဖတ်ရန်)

“ဦးတင်အေးက ဒီနေ့ပဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ကြောင်း စာတင်တာကို ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖတ်ကြားတယ်။ ဘာဖြစ်လို့ နုတ်ထွက် တယ်ဆိုတာတော့ မပြောဘူး။ အားလုံးက အံ့အားသင့်ကုန်တယ်" လို့ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။

အစိုးရသစ်ဖွဲ့ရာမှာ အာဏာခွဲဝေမှု မညီမျှမှုများကြောင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ တရားဝင် နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ပါတယ်။

မကြာမီကလည်း ကာကွယ်ရေး ၀န်ကြီးခန့်အပ်မှုကို မကျေနပ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြန်လည် ပြောဆိုခဲ့တဲ့အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ရာထူးကနေ ဖယ်ရှားလိုက်ပါသေးတယ်။ အဲဒီလို ဖယ်ရှားခဲ့တာကိုလည်း တပ်ထဲမှာ မကျေနပ်မှုတွေ ပေါ်ပေါက်နေတယ်လို့ သိရတယ်။

အာဏာအဝေမတည့်မှုတွေကနေ အားပြိုင်တွေ ဘယ်လောက်အထိ ထွက်ပေါ်လာမယ်၊ ဘယ်လောက်အထိ ဖြုတ်-ထုတ်-ရှင်း-ချုပ်တွေ ဖြစ်လာမယ် ဆိုတာတွေကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

No comments:

Post a Comment