၈၈ မျိုးဆက်ကျောင်းသားများ၊ သမဂ္ဂကျောင်းသားများ မှ ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟအား ပုနောပသမ္ပဒ သိက္ခာထပ်ခြင်းမင်္ဂလာ၊ ဥပသမ္ပဒရဟန်းဘောင်သို့ ချီးမြှောက်ခြင်းမင်္ဂလာနှင့် ပဗ္ဗဇ္ဇရှင်
ပြုခြင်း မင်္ဂလာတို့ကို စီရင်ကျင်းပသည့် အခမ်းအနားအား ဧပြီ ၂၄ ရက် နံနက် ၈ နာရီခွဲ ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်ရှိ သိမ်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသား ၄ ဦးနှင့် သမဂ္ဂကျောင်းသား ၁၃ ဦးတို့သည် ဧပြီ ၂၃ ရက်မှစတင်၍
ရွှေည၀ါပရိယတ္တိစာသင်တိုက်တွင် ရဟန်းခံခဲ့ကြသည် ။

၈၈မျိုးဆက်ကျောင်းသား များဖြစ်ကြသည့် ကိုကိုကြီး(စမ်းချောင်း)၊ ကိုဥာဏ်လင်း၊ ဦးဇော်ဇော် မင်း၊ကိုနေ၀င်းထွန်းအပါအ၀င်မျိုးဆက်သစ်ကျောင်းသားများဖြစ်ကြသည့်  ဒီငြိမ်းလင်း၊ ရဲမင်းဦး၊ ဇင်လင်း အောင်၊ ရဲမြတ်ဟိန်း၊ရန်ငြိမ်းလင်း၊ အပါအ၀င် စုစုပေါင်း ၃၄ ပါးရဟန်းဝတ်ခဲ့ကြသည်။၎င်းတို့သည် ရန်ကုန်တိုင်း မှော်ဘီ မြို့နယ်ရှိ ရွှေည၀ါဆရာတော်၏ကျောင်းတိုက်သစ်တွင် သတင်းသုံးနေထိုင် မည်ဖြစ်ပြီး ဘုရားဖူးခရီးစဉ် တစ်ခု လည်းသွားရောက်မည်ဖြစ်သည်။အလှူသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ မင်းကိုနိုင်၊ ဂျင်မီ၊ မင်းဇေယျာ မျိုးအောင်နိုင် အပါအ၀င် နိုင်ငံရေး အ ကျဉ်းသားဟောင်း မိသား စုဝင်များ၊ မျိုးဆက်သစ် လူငယ်များ၊ စည်စည်ကားကား တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment