Sunday, February 19, 2012

SAVE IRRAWADDY

လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတဦး၏ ပေးစာ



ကျနော်ဟာ လျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးတဦးပါ။ ကျနော်ပြောချင်တဲ့ အကြောင်အရာက ကျနော်တို့ဌာန၊ ကျနော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကို နားလှည့်ပါးလှည့်လုပ် စီးပွားရေးသမားတွေနဲ့ တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။ ၁၅-၁၂-၁၁ နေ့မှာ လျှပ်စစ် (၁)၊ အေးရှားဝါးနဲ့ စီပီအိုင် (တရုပ်) တို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်အထည်ဖော်ဘို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။
၁၅-၁၂-၁၁ ညနေ (၇) နာရီမှာ ဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ် ဦးကြီးစိုး က သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါ တယ်။ ၁၆-၁၂-၁၁ နေ့မှာ ဒုသမ္မတ(၁) နဲ့ ဒီစီမံကိန်းကိစ္စကို တနေ့လုံး အကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အား လုံးကို ကျနော်တို့ရဲ့ ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလည်း မဖေါ်ပြပါဘူး။ ကျနော်တို့ အတတ်ပညာရှင် တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။ ငါသိတယ် ငါတတ်တယ်၊ ငါ ကော်မရှင်ယူပြီးသား ငါ လုပ်ချင်ရာလုပ် မယ်၊ ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါ ဘူး။
မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲက တခုပါ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညာ ထားတာပါ။ မြစ် ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာမေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အ ရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း စီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏ ကို ကျန် (၆) ခုထဲ ခွဲထည့်လို့ ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူသိသွားလည်း မြစ်ဆုံကို လုပ်တာမ ဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေ ပြောအုံးမှာပါ။
ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင် တယ်။ သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကို လုပ်ရင်လည်း လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတ တွေရော အကုန် တရုပ်ကသိမ်းမှာပဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ပဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ ၁ တို့ မိသားစု ကော်မရှင်ရ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည်သယံဇာတတွေ ရင်းလိုက်ရတာပဲ အဖတ်တင်မယ်။
သမ္မတကြီးကို ပြောပေးပါ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ ကျနော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာ ကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်း မွန်တဲ့ အုပ်ချုပ်မှုမျိုး ဆောင်ရွက်တတ်အောင်လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။

No comments:

Post a Comment