Wednesday, February 15, 2012

ဒေါ်အောင်ဆန်းစုကြည် လှည်းကူး စည်းရုံးရေး ခရီးစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၉ နာရီ ၂၂ မိနစ်

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံး
ရေးခရီးစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၄၆ မိနစ်
lelkoo2
  • ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဘောလုံးကွင်း၌ လူထုပရိသတ် ငါးသောင်းခန့်အား ရွေးကောက်ပွဲ
    အောင်နိုင်ရေး ဟောပြောနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းနှင့်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

  • လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် :: ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်မြင်ကွင်း။ (ဓါတ်ပုံ - မဇ္ဈိမ)လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် :: ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်တွင် သံဃာတော်များအား ဝတ်ပြုနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် :: ဖေဖေါ်ဝါရီလ ၁၅ ရကနေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်မြင်ကွင်း။ (ဓါတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၄၆ မိနစ်
ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှည်းကူးမြို့နယ်သို့ သွားရောက်၍ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အား အဆုံးသတ်ကာ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

လှည်းကူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းမကြီး အနီးရှိ ဘောလုံး အားကစားကွင်းအတွင်း ၅ သောင်းခန့်ရှိသော လူထုပရိတ်သတ် အား မိန့်ခွန်ပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးကို အဓိကထား ပြောကြားခဲ့သည်။ ထိုအတူ လှည်းကူးမြို့နယ်၏ NLD ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းကို လည်း လူထုနှင့် မိတ်ဆက်ပေးခဲ့သည်။

အပြန်လမ်းတွင်လည်း လှည်းကူးမြို့ခံများက လမ်းခရီးတလျှောက် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆုတောင်းပေးကြ၍ NLD အမှတ်တံဆိပ်ပါ အလံများ ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ခရီးစဉ်တွင် လိုက်ပါသွားကြ သည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။
ဒေါ်စု ဟောပြောမည့် လှည်းကူးမြို့ ဘောလုံးအားကစားကွင်းသို့ ဝင်ရောက်နေပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့ ဘောလုံးအားကစားကွင်းအတွင်းသို့ ဝင်ရောက်နေပြီဖြစ်ကာ ဟောပြော ရန် ပြင်ဆင်နေပြီဟု NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။
မြန်မာ မွတ်(စ်)လင်မ်များလည်း ဒေါ်စုကိုကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၆ မိနစ်
လှည်းကူးမြို့ခံ မြန်မာ မွတ်(စ်)လင်မ် များကလည်း “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ၏” ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုကြသည်။

ယင်းအပြင် လှည်းကူးမြို့ခံ လူငယ်များမှလည်း တိုးနယားအကဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်
နေရာသို့ သွားရာလမ်းတွင် ဧည့်ခံ ဖျော်ဖြေ ကြိုဆိုလိုက်ပါလာကြသည်။
ဒေါ်စု လှည်းကူးမြို့သို့ ဝင်ရောက်နေပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၄၂ မိနစ်
စည်းရုံးရေး ခရီးထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့သို့ ဝင်ရောက်နေပြီဖြစ်ပြီး လှည်းကူးမြို့ခံ များမှ လှိုက်လှဲစွာကြိုဆိုကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။

"ကြိုတဲ့လူတွေကတော့ အုန်းအုန်းကြွက်ကြွက်ပဲ အခုမှ မြို့ထဲဝင်တာလေ။ လူတွေက လမ်းလျောက်ပြီး လိုက်လာကြ တယ်။ ဆိုင်ကယ်တွေ ကားတွေ စက်ဘီးတွေနဲ့လည်း လိုက်လာကြတယ်။" ဟု သတင်းထောက်က ပြောသည်။

သတင်းထောက်၏ ခန့်မှန်းချက်အရ လာရောက်ကြိုဆိုသူဦးရေ များပြားလွန်းပြီး NLD အလံနှင့် အမှတ်တံဆိပ်များ ဆိုင်ကယ်၊ ကားများတွင် ကပ်ထားကြပြီး လက်ကိုင် NLD အလံများကို ဝှေ့ယမ်းကာ ကြိုဆိုနေကြသည်ဟုလည်း မဇ္ဈိမ သတင်းထောက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့ ဘောလုံးအားစကားကွင်းအတွင်း ဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဘောလုံးကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းမှ အသုံးပြုခွင့်မပေးခဲ့သော်လည်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်မှ အသုံးပြုခွင့်ပေးသည်။
မည်သည့်ပါတီ အဖွဲ့အစည်းဝင်မဆို NLD ကိုမဲထည့်နိုင်ကြောင်း ဒေါ်စုပြော
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၂၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုပ်အကိုင် ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အကောင်ထည်ဖေါ်
ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘောထားများကို ဖြစ်မြောက်စေလို ပါက မည်သည့်ပါတီ အဖွဲ့အစည်းဝင်မဆို မဲပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မရမ်းကုန်းမြို့နယ် ရုံးခွဲဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးခွဲကို ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီက ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲသို့ လာရောက်ကြည့်ရှုသူ လူထုပရိတ်သတ် ၈ ထောင်ခန့်အား ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျမတို့က ကျောသားရင်သားခွဲမှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ မူဝါဒတွေကို သဘောကျလို့ရှိရင် ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို အားဖြည့်ချင်တယ် ဆိုလို့ရှိရင် ဘယ်ပါတီ အဖွဲ့အစည်းဝင်မဆို ကျမတို့အတွက် မဲပေးနိုင်ပါတယ်။ ကျမတို့ အဖွဲ့ချုပ် လုပ်ကိုင်ခွင့်ရဖို့အတွက် မဲဆွယ်တာထက် ပြည်သူလူထု လုပ်ပိုင်ခွင့်ရဖို့အတွက် မဲဆွယ်တာပါ”
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် ဆင်းရဲမွဲတေမှု ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းသွားဖို့ လိုအပ်သလို ပညာရေးနှင့် ကျန်းမာရေး ကိစ္စများကိုလည်း ဖြေရှင်းဖို့လိုကြောင်း သူက ပြောသည်။

ယင်းသို့ဖြေရှင်း နိုင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့လိုသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း
ဆွေးနွေးပြီး ဖြစ်သလို အကောင်ထည် ဖေါ်ဆောင်ရွက်ရန်လည်း စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် ပါတ်သက်၍ “ကျမတို့က ကိုယ်စားလှယ်တွေ အရွေးမခံရသေးတဲ့ အချိန်မှာတောင် မှ တက်နိုင်သမျှ မြန်မာနိုင်ငံကို ကူညီချင်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ဘယ်လိုပုံစံနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို စတင် ဆွေးနွေးပြီးတော့ ဒီကိစ္စတွေကို တက်နိုင်သမျှ
ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တကယ်ထိထိရောက်ရောက် ဖြစ်ဖို့ဆိုတာ အချိန်လည်း လိုတယ်။ ရွေးကောက်ပွဲမှာ လည်း နိုင်ဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။

ရုံးဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သူ၏ လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ် မသွားမီ ပြောဆိုသွားခြင်း ဖြစ်ပြီး မနက် ၁၀ နာရီခွဲတွင် လှည်းကူးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

မရမ်းကုန်းမြို့ မဲဆန္ဒနယ်မြေတွင် NLD ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် မွန်တိုင်းရင်းသူ ဒေါက်တာ
ဒေါ်မေဝင်းမြင့် က ဝင်ရောက် ရွေးချယ်ခံမှာဖြစ်ပြီး ယင်းနေရာသည် သူ၏ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့
သည့် နေရာလည်း ဖြစ်သည်။

No comments:

Post a Comment