Sunday, February 19, 2012

ရွှေညဝါဆရာတော် သီတင်းသုံးနေထိုင်မည့် မှော်ဘီမြို့သို့ ရောက်ပြီ

ရွှေညဝါဆရာတော် သီတင်းသုံးနေထိုင်မည့် မှော်ဘီမြို့သို့ ရောက်ပြီ...

မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဇနိန္ဒအား ဦးစွာဝင်ရောက် ဖူးမြော်ခဲ့သည်။
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် မြေကွက်လပ်အတွင်းရှိ ကြက်ခြံဟောင်းတွင် ဆရာတော်အား စောင့်ဆိုင်းနေကြသည့် ရဟန်း၊သံဃာ၊ သီလရှင်များအား တွေ့ရစဉ်။
ရွှေည၀ါဆရာတော် သီတင်းသုံးနေထိုင်မည့် ကျောင်းသင်္ခန်းအား ယခုမှ ဆောက်လုပ်နေကြသည်ကို တွေ့ရစဉ်...
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် ခြံဝန်းအတွင်း ၀င်ရောက်လာစဉ် ကြိုဆိုနေကြသည့် ပရိသတ်များ.
ရွှေည၀ါဆရာတော် ခြံဝန်းအတွင်းရောက်ရှိလာစဉ်
ခံဝင်းအတွင်း လာရောက်ဖူးမြော်ကြသည့် ပရိသတ်များ။
သတင်း၊ ဓာတ်ပုံ 7Day News Journal
ဆရာတော်နှင့် တသားတည်းရှိသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
ဓာတ်ပုံ...The Voice Weekly
သာဓုကျောင်းတိုက်မှ ထွက်ခွာလာသော ရွှေညဝါဆရာတော် ဦးပညာသီဟကို သီတင်းသုံးဖော် သံဃာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမများက လိုက်လံပို့ဆောင်ကြရာ BM ကား အစီး ၂၀ ခန့်နှင့် အိမ်စီးကား အများအပြား ပါဝင်ကြောင်း၊ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ယာဉ်တန်း ရှေ့ဆုံးမှ လင်ခရူဆာ အမျိုးအစား ၃ခ/၂၂၃၄ မော်တော်ယာဉ်တွင် စီးနင်း လိုက်ပါလာကြောင်း၊ ဆရာတော်သည် မှော်ဘီမြို့ သဲအင်းဂူရှိ ကြက်ခြံနှစ်ခြံကို ဖျက်၍ ယာယီ ဆောက်လုပ်ထားသော ကျောင်းသင်္ဃန်းတွင် သီတင်းသုံးမည် ဟုသိရကြောင်း အဆိုပါ ခရီးစဉ်တစ်လျှောက် လိုက်ပါ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment