Sunday, October 2, 2011

ပြည်မြန်မာကုန်တိုက်အနီးတွင် ဆန္ဒပြမှုဖြစ်ပွါး

Sunday, October 2, 2011ရန်ကုန်မြို့ ပြည်မြန်မာကုန်တိုက်အနီးတွင် နံနက် ၁၂ နာရီ ခွဲဝန်းကျင်အချိန်တွင် အမျိုးသမီးအမျိုးသား ၂၀၀န်းကျင်ခန့်က ဆန္ဒပြ

ရန်ကုန်မြို့ ပြည်မြန်မာကုန်တိုက်အနီးတွင် နံနက် ၁၂ နာရီ ခွဲဝန်းကျင်အချိန်တွင် အမျိုးသမီးအမျိုးသား ၂၀၀န်းကျင်ခန့်က ဆန္ဒပြခဲ့ကြပြီး ထိုထဲမှ ဆိုင်းဘုတ်ကိုင်ဆောင်သူ အမျိုးသမီး ၂ဦးအား ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးမှ ဖမ်းဆီးခေါ်သွားကြောင်း သိရှိရသည်။ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အမျိုးသမီး၂ ဦး ဦးမှာ မခင်မျိုးလွင်နှင့် မသီတာတို့ ဖြစ်ပြီး ခေါ်ယူမေးမြန်ရန်ရှိသည်ဟုဆိုကာ အရပ်ဝတ်ရဲများနှင့် ယူနီဖောင်းဝတ် ရဲများက တက္ကစီဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ယင်းမိသားစုဝင်တစ်ဦးဖြစ်သည့်ကိုမောင်ဝင်းကပြောသည်။
“ ကျွန်တော်တို့က နိုင်ငံရေးမပါပဲ ကျွန်တော်တို့ရဲ့ဆိုင်ခန်းတွေအတွက် ငြိမ်းချမ်းစွာဆန္ဒပြတာပါ။ ပါသွားတဲ့ မခင်မျိုးလွင်က ကျွန်တော်ညီမပါ။ သူတို့နှစ်ယောက်ကိုပဲ ဖမ်းသွားတာပါ။ လက်ရှိကတော့ မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှာပါ။” ဟု ကိုမောင်ဝင်းကဆိုသည်။ဆန္ဒပြသူများမှာ ပြည်မြန်မာကုန်တိုက်တွင်းရှိ ဆိုင်ခန်းများအားငှားရမ်းထားသော ဆိုင်ခန်းလုပ်ငန်းရှင်များဖြစ်ကြပြီးအဆိုပါ အဆောက်အအုံအား လေလံအောင်ပြီးနောက် ဆိုင်ခန်းများအား နစ်နာကြေးငွေ တစုံတရာပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခြင်းခံခဲ့ရ သူများဖြစ်ကြောင်း သိရှိရသည်။

လက်ရှိလေလံရရှိထားသည့် ပြည်မြန်မာ ကုန်တိုက်ပိုင်ရှင်မှာ AAmedical မှ ဦးမြတ်သင်ဒအာင်ဖြစ်ပြီး ပိုင်ရှင်ကဖယ်ခိုင်းခြင်းမဟုတ်ပဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ချို့က လာရောက်ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ၊ ယင်းသို့ဖယ်ရှားခိုင်းခြင်းကို ပြီးခဲ့သည့် ဇန်န၀ါရီလကတည်းကဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ဆိုင်ခန်းငှားသူများမှာဟုပေါင်းပြီး သမတဆီသို့ ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ကတည်း စာတင်ထားခဲ့သော်လည်း မည်သည့်အကြောင်းအရာမှမထူးသေးကြောင်း၊ လာမည့်ရက်ပိုင်းအတွင်းထပ်မံတင်ဦးမယ်ဖြစ်ကြောင်းသိရသည်။

သတင်းပေးပို့သူ - ကိုဇော်တူး

No comments:

Post a Comment