Tuesday, October 4, 2011

အင်န်အယ်ဒီ လူငယ်ခေါင်းဆောင် အသတ်ခံရမှု နှစ်ဘက်တာဝန်ရှိသူများ ဘယ်လိုဖြေရှင်မလဲ

သုံးခွမြို့နယ် ( NLD ) အင်န်အယ်ဒီ လူငယ်ခေါင်းဆောင် ခေါင်းကွဲဒဏ်ရာဖြင့် နေအိမ်အနီးသေဆုံး


မိုးမခ၊ အောက်တိုဘာလ ( ၄ ) ရက် ၂၀၁၁ခုနှစ်

( သေဆုံးသူကိုနိုင်ဝင်း၏ ရုပ်အလောင်း )

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူ အဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့၏သား၊ သုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက် ၃ နာရီခန့်တွင် နောက်စေ့ခေါင်းကွဲ ဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီး သေဆုံးနေသည်ဟု ဆိုသည်။ ကိုမောင်မောင် (သေဆုံးသူယောက်ဖ) က သုံးခွမြို့နယ် လူငယ်တာဝန်ခံ(၁) ကိုဝင်းဇော်(ခ) ကိုတွတ်ပီအား “ကိုနိုင်ဝင်းသေပြီ” ဟု လာရောက် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
မနက် ၅ နာရီ ခွဲအချိန်တွင် အဆိုပါလူငယ်တာဝန်ခံက လိုက်ကြည်သည့်အခါ ကိုနိုင်ဝင်းသည် မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရပါသည်။ မျက်နှာမှာရွံ့ဗွက်ထဲတွင် မှောက်လျက်ဖြစ်နေပြီး နောက်စေ့တွင် တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာကို တွေ့ရှိရသည်။ မျက်နှာမှာ ဖူးယောင်ကိုင်းလျက် နှာခေါင်းရိုးကျိုးမှ သွေးထွက်နေသည်ဟု ဆိုသည်။
ယမန်နေ့က ကိုဝင်းဇော်နှင့်အတူ သေဆုံးသူ ကိုနိုင်ဝင်းတို့ ယမန်နေ့ အင်န်အယ်ဒီရုံးချူပ်တွင် ရန်ကုန်တိုင်း မြို့နယ်စုံ အစည်းအဝေးကို အတူတက်ရောက်ခဲ့သေးကြောင်း၊ ညဘက်မှ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ကိုဝင်းဇော်က ပြောကြားသည်။
ကိုနိုင်ဝင်း သေဆုံးအောင် တုတ်ဖြင့် ရိုက်ခဲ့သူမှာ ၉ ရပ်ကွက်တွင်နေထိုင်သည့် အမှတ် ၈ မှော်ဘီရဲတပ်ရင်းက ရဲတပ်သား ဇင်မင်းထွန်း (ခ) ပြသဒါး ဖြစ်သည်ဟု နောက်ပိုင်းတွင် သိရှိရသည်။ အဆိုပါ ရဲတပ်သားက သုံးခွရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံပြီး ခံဝန်ချက် ပေးနေကြောင်း သတင်းရရှိသည်။
သတင်းကို အင်န်အယ်ဒီမိတ်ဆွေ အီးမေးကတဆင့် ရရြှိခင်းဖြစ်ပြီး ဓာတ်ပုံများ ပူးတွဲထည့်သွင်းထားသည်။

No comments:

Post a Comment