Monday, October 17, 2011

ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)အား စီးပွားရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဟုသိရ

မြန်မာနိုင်ငံ သမိုင်းကြောင်းတွင် သမိုင်းအစဉ်အလာ၊ ကြီးမားပြီး သက်တမ်းနှစ်ပေါင်း ၁၂၁ နှစ် ရှိပြီဖြစ်သော
ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)အား စီးပွားရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဟုသိရ


မြန်မာနိုင်ငံ သမိုင်းကြောင်းတွင် သမိုင်းအစဉ်အလာ၊ ကြီးမားပြီး သက်တမ်းနှစ်ပေါင်း ၁၂၁ နှစ် ရှိပြီဖြစ်သော ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အား စီးပွားရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဟုသိရ
မြန်မာနိုင်ငံ သမိုင်းကြောင်းတွင် သမိုင်း အစဉ်အလာ၊ သမိုင်းကြောင်း ကြီးမားခဲ့သော ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အား ပုဂ္ဂလိကသို့ စီးပွားရေး ဆိုင်ရာလုပ်ငန်း လုပ်ကိုင် နိုင်ရန် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း အာဆီယံ-ဂျပန် စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ဥက္ကဋ္ဌ နှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ် အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခင်ရွှေ မှ အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အား မည်သူမဆို ငှားရမ်းကာ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နိုင်ကြောင်း၊ လုပ်ကိုင်မည့် အဖွဲ့ များအနေဖြင့် မြန်မာ့ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့(Myanmar Tourism Board)နှင့် လာရောက် ဆွေးနွေးနိုင်ပြီး အဆိုပါ ဘုတ်အဖွဲ့မှတစ်ဆင့် တင်ပြ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်၊ အလံပြ ဘုရားလမ်းရှိ စစ်ရုံးချုပ်ကိုလည်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် စီစဉ် ထားကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်မှု များပြားမည်ဟု ခန့်မှန်းထားပြီး ပြည်ပခရီးသွားများ လာရောက်မည့် ပမာဏအတွက် လုံလောက်သည့် ဟိုတယ်၊
ရုံးခန်းများ မရှိသည့် အတွက်လည်း ယခုကဲ့သို့ လုပ်ကိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည် ဟုလည်း သိရသည်။

ဒီလိုပဲ အထင်ကရသမိုင်းတွေ နောင်လာနောက်သား သိသင့်တဲ့ သမိုင်းတွေနဲ့ ပြည့်နေတဲ့ အဆောက်အအုံကြီးကိုတော့ ဘယ်လို စည်းကမ်းချက်နဲ့ပဲ ဖြစ်ဖြစ် ငှားရမ်းလုပ်ကိုင်ဖို့ လုံးဝမသင့်ပါဘူး။

“ပန်းဆိုးတန်းနားမှာရှိတဲ့ ၀န်ကြီးများရုံးကို ငှားမယ်။ ငှားတဲ့အခါမှာ ၀န်ကြီးများ ရုံးမှာရှိတဲ့ ရှေးဟောင်းတွေကို လုံးဝ ပြုပြင်လို့ ထိလို့ မရဘူး။ အထဲမှာတော့ ပြင်ဆင် လုပ်ကိုင် နိုင်တယ်။ ငှားပြီး လုပ်မယ့်သူတွေ MTB ကိုဆက်သွယ်လို့ ရတယ်။ MTB နဲ့ အသေးစိတ် အချက်တွေ လာဆွေးနွေး
နိုင်ပါတယ်။ အဖွဲ့ကတစ်ဆင့် တင်ပြပေးမယ်။ အာဆီယံ-ဂျပန် ဆွေးနွေးပွဲမှာလလည်း ဂျပန် လုပ်ငန်းရှင်တွေကို ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ် ခေါ်မယ်၊ အဲဒီအခါမှာ စက်မှုလုပ်ငန်း ကဏ္ဍတင်မကပဲ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းအတွက်ပါ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်သွားမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံခြား ခရီးသွားတွေ အခုထက် ပိုဝင်လာမယ့် အနေအထားရှိသလို ၀င်လာရင် လည်း ဟိုတယ်၊ ရုံးခန်းတွေ အများ ကြီးလိုမှာဖြစ်တဲ့အတွက် ဖိတ်ခေါ်သွားမှာပါ။ ရန်ကုန်က စစ်ရုံးချုပ် ကိုလည်း ကျယ်ဝန်းတဲ့အတွက် ဟိုတယ် လုပ်ငန်း လုပ်ကိုင်ဖို့ စီစဉ်ထားတယ်” ဟု ဒေါက်တာခင်ရွှေက အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြား ခဲ့သည်။


ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံး(အတွင်းဝန်ရုံး)ကို ပါလီမန်ခေတ်က တွေ့ရစဉ်
စစ်ရုံးချုပ်အား ဟိုတယ် လုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းမှာ အကျိုး ရှိနိုင်သော်လည်း သမိုင်းအစဉ်အလာ ကြီးမားပြီး နောင်လာ နောင်သားများအတွက် အမှတ်တရထား ရှိသင့်သည့် ၀န်ကြီးများရုံးကိုမူ ပြတိုက် အဖြစ်ဖြင့်သာ ထိန်းသိမ်း ထားရှိသင့်ကြောင်း၊ စီးပွားရေး အလို့ငှာ အသုံးပြုမှု အတွက်မူ စဉ်းစား ချင့်ချိန်သင့်ကြောင်း သုံးသပ်ကြပါသည်။

“ဒီလိုပဲ အထင်ကရ သမိုင်းတွေ နောင်လာနောက်သား သိသင့်တဲ့ သမိုင်းတွေနဲ့ ပြည့်နေတဲ့ အဆောက်အအုံကြီးကိုတော့ ဘယ်လိုစည်းကမ်းချက်နဲ့ပဲဖြစ်ဖြစ် ငှားရမ်းလုပ်ကိုင်ဖို့ လုံးဝမသင့်ပါဘူး။ တကယ်ဆိုပြတိုက် အဖြစ်သာ ဖွင့်လှစ်သင့်တဲ့ နှစ်ပေါင်း ၁၂၁ နှစ်ရှိပြီဖြစ်တဲ့ အဆောက်အအုံကြီးပါ”ဟု သမိုင်းပညာရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အပြီး ရန်ကုန်မြို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်အုပ်ချုပ်ရေးဗဟို ဌာနအဖြစ် အတွင်းဝန်ရုံးကို ၁၈၆၇ ခုနှစ်၌ စတင် တည်ဆောက်ခဲ့သည်။ ထိုစဉ်ကကမ်းနားလမ်း၌ တည်ရှိခဲ့ သော်လည်း ၁၈၉၀ ပြည့်နှစ်တွင် လက်ရှိ ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းတို့အကြား၌ပြောင်းရွှေ့ တည်ဆောက်ခဲ့သည်။ ပင်မဆောင် မှာ ၁၉၀၂ ခုနှစ်တွင်ပြီးစီးပြီး အရှေ့ဘက်နှင့် အနောက်ဘက်ဆောင်များ မှာမူ ၁၉၀၅ ခုနှစ်၌
အပြီးသတ်ခဲ့၏။ ကုန်ကျစရိတ်မှာ ကျပ် ၂၅ သိန်းကျော် ဖြစ်ပါသည်။ အတွင်းဝန်ရုံးသည် အင်္ဂလိပ်ခတ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အမြင့်ဆုံး အဆင့်ဖြစ်ပြီး အတွင်းဝန်ချုပ်နှင့် အတွင်းဝန်များ ဖြစ်ကြသော I.C.S, B.C.S များ ကြီးစိုးရာ ဌာနဖြစ်ခဲ့သည်။

၁၉၇၂ ခုနှစ် နှစ်ဦးကာလအထိ အတွင်းဝန်များရုံးဟူ၍သာ ခေါ်ဆိုခဲ့ ပြီး ယင်းနှစ် မတ်လမှစ၍ ဗြူရိုကရေ စီအုပ်ချုပ်ရေး ယန္တရားကို ဖျက်သိမ်းပြီး အုပ်ချုပ်ရေးစနစ်သစ်ပြောင်းလဲ ခဲ့ရာ၌ ၀န်ကြီးများရုံးဟု အမည် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အတွင်းဝန်ရုံး၏ အလယ်ဗဟိုရှိ ပါလီမန် အဆောက်အအုံ၌ပင် ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၌ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အခြေခံ လမ်းညွှန်ချက်များကို တင်သွင်းခဲ့သည်။ ယင်းနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ

ဝန်ကြီးအချို့သည် အတွင်းဝန်ရုံး ပထမထပ်ရှိ အစည်းအဝေးခန်း၌ ကျဆုံးခဲ့ ရပြီး ၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက် နေ့တွင် အတွင်းဝန်ရုံးတွင်းရှိ ယူနီယံဂျက် အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို စတင်လွှင့်ထူခဲ့သည်။

အဆိုပါ သမိုင်းများဖြင့် ပြည့်နှက်ခဲ့သည့် အဆောက်အအုံကြီး ဖြစ်၍ ငှားရမ်းရန် မသင့်တော်ကြောင်း ချင့်ချိန် လုပ်ကိုင်ရန် လိုကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။

Copy from -
news-eleven.com

No comments:

Post a Comment