Wednesday, August 31, 2011

KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို တရုတ်အစိုးရကဖမ်းပြီး မြန်မာနိုင်ငံသို့ပြန်ပို့

သန်းထိုက်ဦး Wednesday, 31 August 2011 13:43


ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)

မန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

KNU တာဝန်ရှိသူများကလည်း မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။

Tuesday, August 30, 2011

အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်ရန်အဆို ပယ်ချခံရ


မျိုးသန့် | အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၁၆ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အတိုက်အခံများကို ထောင်ချရာတွင် သုံးလေ့ရှိသော ဥပဒေတခုဖြစ်သည့် “၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ” ကို ဖျက်သိမ်းရန် ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးသိန်းညွန့်က
ပြည်သူ့လွှတ်တော်တွင် တင်သွင်းရာ စစ်သားအမတ်များနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ်များ၏ ကန့်ကွက်မှုကြောင့် ပျက်ပြားသွားပြီ ဖြစ်သည်။

ဦးသိန်းညွန့် တင်သွင်းသည့် အဆိုကို ၃၈၅ ယောက်တက်သော အောက်လွှတ်တော်တွင် အင်္ဂါနေ့က ဆွေးနွေးရာ
ထောက်ခံသူ အမတ် ၇ ဦးသာရှိပြီး တပ်မတော်သား လွှတ်တော်အမတ် အားလုံး ၉၉ ဦး၊ ကြံ့ဖွံ့အမတ် ၂၂ဝ ဦးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပါတီငယ်များမှ ၁၆ ဦးက ကန့်ကွက်ကာ ကြားနေ ၄၁ ဦး ရှိခဲ့သည်။

တနင်္လာနေ့ကတည်းက တင်သွင်းထားခဲ့သော အဆိုကို ထောက်ခံသူများမှာ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဒေါက်တာသန်းဝင်းနှင့် ဦးခိုင်မောင်ရည်၊ ရှမ်းတိုင်းရင်းသားများ ပါတီမှ ဒေါ်နန်းဝါနု၊ ဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်၊ ချင်းအမျိုးသား ပါတီမှ ဒေါ်ဇာတလဲမ်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မိမြင့်သန်းတို့ ဖြစ်သည်။


“ ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ” ကို ဖျက်သိမ်းရန် လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြည်သူ့ လွှတ်တော်တွင် တင်သွင်းရာ စစ်သားအမတ်များနှင့် ကြံ့ခိုင် အမတ်များ၏ ကန့်ကွက်မှုကြောင့် ပျက်ပြား (ဓါတ်ပုံ မဇ္ဈိမ)

အဆိုကို ကန့်ကွက်ဆွေးနွေးသူ အမတ်လေးဦးမှာ ကြံ့ဖွံ့ပါတီမှ ဖြစ်ကြပြီး ယင်းတို့မှာ မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦး၊ နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုး၊ ဝန်းသို မဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ ဆော့လော် မဲဆန္ဒနယ်မှ ဦးဇောင်းခေါင် တို့က ကန့်ကွက် ဆွေးနွေးခဲ့ကြသည်။

“ဒီဥပဒေ (၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုဥပဒေ) က မြန်မာပြည်မှာ ရောင်စုံသူပုန်ထတုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပေဒ ဖြစ်တယ်၊ အခုဟာက ဒီလိုအခြေအနေမျိုး မဟုတ်တော့ဘူး အဲဒါကြောင့် ဒီဥပဒေဟာ ဖျက်သိမ်းသင့်တဲ့ ဥပဒေပေါ့” ဟု ဦးသိန်းညွန့်က မဇ္ဈိမနှင့် အစောပိုင်းက အင်တာဗျူးတခုတွင် ပြောကြားဖူးသည်။

မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦးက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ရည်ညွန်းကာ ယင်းအခြေအနေများ ရှိနေခြင်းကြောင့် ၁၉၅ဝ အရေးပေါ်
စီမံမှုဥပဒေသည် ရှိနေသင့်ကြောင်း ဆွေးနွေးသွားသည်ဟု လွှတ်တော်အမတ်များက ပြောသည်။

ထို့အပြင် ဦးဇောင်းခေါင်ကလည်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် အစိုးရတပ်တို့ အကြား
ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ရည်ညွှန်းကာ အရေးပေါ် စီမံချက် အက်ဥပဒေ မရှိ၍ မဖြစ်ကြောင်း ဆွေးနွေး
သွားသည်။

၁၉၅ဝ အရေးပေါ် စီမံမှုအက် ဥပဒေသည် လွတ်လပ်ရေးရပြီး ၂ နှစ်အကြာ ပြည်တွင်းစစ်ကြောင့် ထိုစဉ်က
အာဏာရ ဦးနု အစိုးရက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဥပဒေ ပြဋ္ဌာန်းချက်တွင် နိုင်ငံတော် တည်ငြိမ်ရေးအတွက် ကြိုးပမ်းနေကြသည့် စစ်တပ်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်များကို နှောင့်နှေးအောင် သို့မဟုတ် နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြားအောင် ကြံရွယ်ပြုမူသူများကို ထောင်ဒဏ် တသက်သို့မဟုတ် သေဒဏ်အထိ ကျခံနိုင်ရန် ပါရှိသည်။

“အရေးပေါ် အခြေအနေအတွက်ကို ရည်ရွယ်ပြီးတော့မှ ၁၉၅၀ တဝိုက်မှာ တိုင်းပြည်က ဆူပူသောင်းကျန်းမှုတွေ
ဖြစ်နေတဲ့အချိန်မှာ ထုတ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။ အခုဟာက အဲဒီလိုမျိုး အရေးပေါ်ကာလလည်း မဟုတ်တော့ဘူး အခုအချိန်မှာ ဒီအရေးပေါ်ပုဒ်မ ဆိုတာကြီးက မဆီလျှော်တော့ဘူး” ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၁,၉၉၅ ဦးအနက် ၅၀၀ ဦးမှာ ၁၉၅ဝ အရေးပေါ် စီမံချက် ဥပဒေနှင့်ဆက်နွယ်သော ဥပဒေများချည်း သို့မဟုတ် ဤဥပဒေပါ ပါဝင်စွဲဆို ထောင်ချ ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပထမသက်တမ်း ဒုတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေး ၇ ရက်နေ့မြောက်ဖြစ်သည့် အင်္ဂါနေ့တွင်
ပြည်သူ့လွှတ်တော် အစည်းအဝေး တခုလုံးကို ဦးသိန်းညွန့် တင်ပြချက်အပေါ် အပြန်အလှန် ဆွေးနွေးခြင်းသာ ရှိခဲ့ပြီး နောက်ရက်များအတွက် ပြင်ဆင်မှုနှင့် အဆုံးသတ်ခဲ့သည်။

လွှတ်တော်၏ ထုံးစံအရ ဆွေးနွေးလိုသော အကြောင်းအရာတွက် အမတ်တဦးက တင်ပြရန်လိုပြီး အနည်းဆုံး
ထောက်ခံသူ တဦးရှိမှသာ ဆွေးနွေးရန် အတည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ကြံ့ဖွံ့ အမတ်ဦးစိုးသာ၏ အမေရိကန် ဒေါ်လာဈေး ကျဆင်းနေမှုကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး အတွက် နည်းလမ်း ရှာဖွေရေး အဆိုကို တင်သွင်းခဲ့သည်။ တပါတီထဲမှ ဦးညီညီမှ ထောက်ခံသဖြင့် ဆွေးနွေးရန် သေချာသွား ပြီဖြစ်သော်လည်း ရက်မသတ်မှတ်ရသေးပေ။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဟောင်း ဦးစိုးသာ၏ ပြောကြားချက်တွင် ၂ဝ၁ဝ၊ ၂ဝ၁၁ ခုနှစ်အတွင်း သွင်းကုန်ပမာဏ ၇၈ ရာခိုင်နှုန်း တိုးလာခြင်း၊ ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေ ၇၉၆ သန်းလိုငွေ
ပြနေမှုနှင့် ဆန်၊ ပဲအမျိုးမျိုး၊ ငါးပို့ကုန်များ လျော့နေခြင်းတို့ကို အလေးထား ပြောကြားသွားသည်။

ထို့အပြင် နောက်ရက်တွင် ဆွေးနွေးရေး အတွက် ကြိုးပမ်းမှု တခုဖြစ်သော ငွေတိုက်စာချုပ် ဝယ်ယူ စုဆောင်းငွေ အပေါ်မှ ရရှိသည့် အတိုးအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိရေး အဆိုကို ကြံ့ဖွံ့၏ ခရမ်းမြို့နယ် မဲဆန္ဒနယ်မှ ဦးမောင်မောင်သိန်းက တင်သွင်းခဲ့သည်။ ယင်းကို ကွန်ဟိန်း မဲဆန္ဒနယ် ကျားဖြူပါတီမှ အမတ် ဒေါ်နန်းဝါနုက
ထောက်ခံသောကြောင့် ဆွေးနွေးရန် သဘောတူညီချက် ရသွားပြီဖြစ်သည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဘဏ္ဍာခွန်ကြီးဌာန၊ ဥပဒေကြမ်း ကော်မတီတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖြည့်စွက် ပြောကြားသွားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့သည် ညနေ ၃ နာရီတွင် ပြီးဆုံးသည်။ ယခု သီးခြားစီကျင်းပနေသည့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ကို စက်တင်ဘာလ ၅ ရက်နေ့တွင်
ပြည်ထောင်စု လွှတ်တော်အဖြစ် ပေါင်းစည်း ကျင်းပမည်ဟုလည်း သိရသည်။

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပရန် အစီအစဉ်ရှိ


လင်းသန့် Tuesday, 30 August 2011 18:16


မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
နေပြည်တော်ရှိ သမ္မတအိမ်တော် (ဓာတ်ပုံ - ဧရာဝတီ)

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ်ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

“တကယ်လို့ ဒီနိုင်ငံရေး ဖိုရမ်ကို ဖိတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထုအကျိုးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လို့ တက်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီက ကိုင်စွဲထားသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုကာ ပါတီ တရားဝင် တည်ရှိခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အာဃာတ မထားကြဘဲ အားလုံးက အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တိုင်းပြည်အမြန်ဆုံး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း နိုင်ရေးအတွက် အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆိုသည်။

ယခုကဲ့သို့ ကျင်းပရန်ရှိသည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အကျဉ်းကျနေကြသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဦးခွန်ထွန်းဦးအစရှိသည့် တိုင်း ရင်းသားခေါင်းဆောင်များ အပြင် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ ပါဝင် ဆွေးနွေးနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။

ကျယ်ပြန့်သည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူများကို ဖိတ်ကြားမည်ဆိုလျှင် ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခိုင်မာသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ကျင်းပမည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံရေး ဟောပြောပွဲမျှသာ ဆိုလျှင် မသွားလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ တန်းတူရည်တူ ဖြစ်သည့် ဆွေးနွေးမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်မည့် အခြေအနေများ ရှိသင့်ပြီး ပါဝင်သင့် ပါဝင် ထိုက်သည့် လူပုဂ္ဂိုလ် အားလုံးပါဝင်မည့် ဆွေးနွေးပွဲဖြစ်ခဲ့လျှင် သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေရမယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီး ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်းထားဖို့လိုမယ်။ ထစ်ကနဲရှိ ဖမ်းမယ်၊ ၅ (ည) နဲ့ ထောင်ချမယ် ဆိုတာမျိုးတွေလည်း ပယ်ဖျက် ထားဖို့ လိုတာပေါ့။ အခု အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို တကယ် အရေးပါတဲ့ လူတွေက ဒီလို ဆွေးနွေးပွဲမှာ တန်းတူဆွေးနွေးခွင့် ရှိနေရမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မတ်လကုန်က စတင် တာဝန်ယူထားသည့် မြန်မာအစိုးရသစ်အနေဖြင့် အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တချို့ကို လုပ်ဆောင်လာခဲ့ရာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော် သမ္မတ ဧည့်ခန်းမဆောင်တွင် တွေ့ ဆုံ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထု အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကာ မတူကွဲလွဲသည့်အရာများကို ရှောင်ရှားပြီး တူညီသည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဌေးဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေးအနက်ထားပါကြောင်း မကြာသေးမီက သတင်းထောက် များ၏ အမေးကို ဖြေကြားခဲ့သည်။

လစ်ဗျား တနိုင်ငံလုံးကို အတိုက်အခံတပ်ကသိမ်းရန် ရက်ပိုင်းသာလိုတော့သည်

လစ်ဗျား တနိုင်ငံလုံးကို အတိုက်အခံတပ်ကသိမ်းရန် ရက်ပိုင်းသာလိုတော့သည်။

၂၀၁၁-၈-၃၀



အတိုက်အခံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ "the military junta," a spokesman Bani သည် အမျိုးသား
ကောင်စီ "National Council"၏ စစ်တပ်အစည်း အဝေးတွင် ကဒါဖီ၏ ဇာတိဖြစ်သည့် silt မြို့ ကို သိမ်းပိုက်နိုင်ရန် အချိန်သာလိုတော့သည်။ အမြန်ဆုံး တနိုင်ငံလုံးကို အတိုက်အခံတို့ သိမ်းပိုက်တော့မည်ဖြစ် သည်။
ကဒါဖီးနှင့်ပါတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံအတွင်းတွင် ပုံးရှောင်နေသည်ဟုယူဆသည်။ ဇနီးဖြစ်သူနှင့် သားသမီးသုံးဦးမှာ အယ်ဂျီးရီးယားသို့  တွက်ပြေးခိုလုံသွားသည်ဟု သိရှိရပြီး ကဒါဖီးသည် ထရစ်ပိုလီနှင့် ဆစ်မြို့ တို့ တွင် ပုံးခိုနေနိုင်သည်ဟုဆိုသည်။
ဆစ်မြို့ တွင် ကဒါဖီးထောက်ခံသူ တပ်နှင့်အတိုက်အခံတပ်တို့ က ပြည်သူများသွေးချောင်းစီးမည်ကိုမလို
လား၍ ဆွေးနွေးမှုများရှိသောလည်း ပြေလည်မှုမရရှိသေးပေ။ကဒါဖီ၏ဇာတိဖြစ်သည့် ဆစ်မြို့ တွင် ပြည်သူများကို အဓမ္မ တိုက်ခိုက်ခိုင်းမှုများဖြစ်ပေါ်နေသည်။
ပြောရေးဆိုခွင့်ရှိသူက ကဒါဖီး ထောက်ခံသည့်စစ်တပ်သည် အင်အားအနည်းငယ်သာဖြစ်၍ ရက်ပိုင်း အတွင်းသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟု ပြောဆိုပြီး တနိုင်ငံလုံးသိမ်းပိုက်နိုင်ရန် ရက်ပိုင်သာလိုတော့သည်ဟုဆို သည်။

Friday, August 26, 2011

ဒါလားဟဲ့ အားရကြေနပ်စရာကောင်းတယ်ဆိုတဲ့ အပြုသဘောဆောင်ပြောင်းလဲမှု

Friday, August 26, 2011

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အီလက်ထရောနစ်ပုဒ်မအရ ထောင်ဒဏ် ၁၀ နှစ် မတရားချမှတ်

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် အထူးရဲသတင်းတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အာဏာပိုင် ၈ ဦးခန့်က ဖမ်းဝရမ်း မပါဘဲ တောင်ဒဂုံနေအိမ်မှ ဖမ်းဆီးကာ မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားခဲ့သည်။

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊
၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့်လူမှုရေးလုပ်ငန်း များ၌ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သည်။

ဗိုလ်ကြီးနေမျိုးဇင်ကို အင်းစိန်မှာ အွန်လိုင်းသုံးစွဲတဲ့အတွက် အီလက်ထရောနစ်ပုဒ်မအရ ထောင်ဒဏ် ၁၀ နှစ်ချမှတ် ခဲ့ပါတယ် ။အမှုချတဲ့အချိန်မှာမိသားစုဝင်၂ယောက်သာပေးဝင်ခဲ့တယ်လို့သိရပါတယ် ။ သူ့ကိုချတဲ့ တရားသူကြီးကတော့
ဦးခင်မောင်ဖြစ်ပါတယ် ။ အခုလို နိုင်ငံရေးအကျဉ်းသားလွတ်ပေးဖို့ ညှိနှိုင်းနေတဲ့ အချိန်မှာ ဒီလို ကိစ္စမျိုးတွေက အပြု သဘောဆောင်တဲ့ အရာတွေမဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်လျှက်ရှိပါတယ် ။

Thursday, August 25, 2011

(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဖို့အရေး ဒို့အရေး



(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဖို့အရေး ဒို့အရေး


-ဌေးဇော်(အင်းဝ)

-24,8, 2011။-

သမ္မတကြီးဦးသိန်းစိန်ပြောခဲ့တဲ့ မိန့်ခွန်းဟာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ အတွက် ကိုယ်ချမ်းသာဖို့ စိတ်ချမ်းသာဖို့ ဆိုပြီး ရိုးသားမှုကို မပြဘဲ အသံကောင်းဟစ်နေတာလို့ မြင်ပါတယ်၊

သမ္မတကြီး ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ ရုဒ်မက်(၇)ချက်ကို အကောင် အထည် ဖေါ်ပြီး(၂၀၀ဂ)ဖွဲ့စည်းပုံကြီးကို တဖက်စောင်းနင်း စိတ်ကြိုက် ရေးဆွဲကာ ကြံ့ခိုင်ရေး ပါတီကို မွေးဖွား ခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီအမတ်နဲ့ (၂၀၀၈)ဖွဲ့စည်းပုံအရ စစ်ဗိုလ်(၂၅%)နဲ့ပေါင်းပြီး အမြဲတမ်း အစိုးရ တရပ်ဖြစ်အောင် လုပ်ဆောင်ပြီး ဖြစ်ပါတယ်။

အန်အယ်လ်ဒီကိုလဲ နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်း ပြစ်ခဲ့ပါတယ်။
တတိုင်းပြည်လုံး အန်အယ်လ်ဒီလက်မခံတဲ့(၂၀၀၈)ဖွဲ့စည်းပုံအောက်ကို ၀င်ခိုင်း နေပါတယ်။

ဒီမိုကရေစီနည်းအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုအပ်နေတဲ့ တိုင်းရင်းသားအဖွဲ့များကိုလဲ (၂၀၀၈)အခြေခံ ဖွဲ့အောက် ၀င်ခိုင်းပြီး နယ်ခြားစောင့် တပ်ကို ဇွတ်လုပ်ခိုင်း နေပါတယ်။
ဒီလုပ်ရပ်တွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေက မပြေလည် နိုင်ပါ။

အဓိကပြဿနာက (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို တဖက်သတ် စိတ်ကြိုက် ရေးဆွဲ ထားခဲ့တဲ့ ပြဿနာပါ။

တဖက်စောင်းနင်း ရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ကိုင်စွဲနေသမျှ စစ်မှန်တဲ့ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံ တခုဖြစ် လာမှာ မဟုတ်ပါဘူး။

တကယ် တတိုင်းပြည်လုံးပြည်သူလူထုတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ပြည်သူကိုယ်စားပြုထားတဲ့ အန်အယ်လ်ဒီရယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ တိုက်ပွဲဝင် နေတဲ့ တိုင်းရင်းသား စစ်စစ်အဖွဲ့တွေနဲ့ လက်တွဲ ညှိနှိုင်းပြီး ပြည်သူတွေအတွက် အမှန်တကယ် အကျိုးပြုမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် တရပ်ကို ရေးဆွဲရမှသာ ပြည်သူတွေ အကျိုး အမှန်တကယ် ကိုယ်စားပြု ပါလိမ့်မယ်။


စိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံကြီးကို ကိုင်စွဲပြီး ပြည်သူလူထု စိတ်ချမ်းသာရေး ဆိုပြီး အသံကောင်း ဟစ်ပြနေလို့မရပါ။
လက်တွေ့ပြည်သူ တရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ဖို့ဆိုရင် တဖက်စောင်းနင်းရေး (အာဏာ) အရှိန်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကြီးကို ပြည်သူ အကြိုက်ပြင်ရ ပါလိမ့်မယ်။

အန်တီအနေနဲ့လဲ တရားမမျှတတဲ့ (၂၀၀၈)ဖွဲ့စည်းပုံပြင်နိုင်အောင် ပြည်သူကိုယ်စား ဦးတည်ဆွေးနွေး ရမှာ ဖြစ်ပါတယ်။
(၂၀၀ဂ)ဖွဲ့စည်းကို ဘာမျှမပြောဘဲ သမ္မတကြီးဦးသိန်းစိန် ပြောခဲ့သလို (ပြီးခဲ့တာတွေပြီးပြီ တိုင်းပြည် တိုးတက်ရေး အတွက် ၀ိုင်းလုပ်ရအောင် ဖိတ်ခေါ်ချက်) ကို လက်ခံခဲ့လျှင် အန်အယ်လ်ဒီကို လူမှုရေးအဖွဲ့ တရားဝင်မှတ်ပုံတင်ပြီးမှ ကမ်းလှမ်းချက်ကို လက်ခံတာ ကောင်းပါလိမ့်မယ်လို့ ထင်ပါတယ်။

အန်အယ်လ်ဒီကို နိုင်ငံရေးပါတီ အဖြစ် အသိအမှတ်ပြုတယ်ဆိုရင် နိုင်ငံရေးနည်းအရ ဆွေးနွေးပြီး (၃)ပွင့်ဆိုင် ဆွေးနွေးဖို့ ဦးတည်ရမှာ ဖြစ်ပါတယ်။

တဖက်စောင်းနင်းရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပေဒေကြီးကို ပြင်ဖို့ဖြစ်ဖြစ် သို့ မဟုတ် အသစ်ရေးဆွဲဖို့ ဖြစ်ဖြစ် လုပ်နိုင်အောင် လုပ်မှသာ ပြည်သူ တရပ်လုံး ညီညွတ် စိတ်ချမ်းသာမဲ့ ဒီမိုကရေစီနိုင်ငံ သစ်တခုကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အန်တီအနေနဲ့ နိုင်ငံရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို မရောထွေးဖို့ လိုပါတယ်။
တခြားစီ ခွဲလုပ်ရမဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။
အန်တီအနေနဲ့ တဖက်စောင်းနင်း ရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပေဒေကြီးကို ပြင်ဖို့ဖြစ်ဖြစ် သို့မဟုတ် အသစ်ရေးဆွဲ နိုင်အောင် လုပ်ဆောင်ဖို့ဖြစ်ဖြစ် မဦးတည်ဘဲ သမ္မတကြီး ဦးသိန်းစိန်ပြောနေတဲ့ တိုင်းပြည်ဖွင့်ဖြိုးရေး ကိုဘဲ အကောင်အထည် ဖေါ်မည်ဆိုလျှင် မြန်မာနိုင်ငံဟာ အရင့်အရင်အကွဲ အပြဲများထက် အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင် ပါတယ်။

လွတ်လပ်ရေးနဲ့အပြိုင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲနေရတာဟာလဲ နိုင်ငံရေးကို နိုင်ငံရေးနည်း အရ တရားမျှမျှတတ မဆွေးနွေးခဲ့လို့ ဖြစ်နေရတဲ့ ပြဿနာ ကြီးပါ။

ဌေးဇော်(အင်းဝ)
၂၄ -သြဂုတ် - ၂၀၁၁

ဧရာဝတီအတွက် ဆန္ဒပြကြမည် ပြည်တွင်း / ပြည်ပ အားလုံးပါဝင်ကြ



မြန်မာပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများ ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်နေခြင်းကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုသွားမည်ဟု သတင်းရရှိသည်။

မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရ ပူးပေါင်းအကောင်အထည်ဖော်မည့် မေခနှင့် မလိခဖြစ်ဆုံဒေသတစ် ၀ိုက် ရေကာတာ ၇ ခုတည်ဆောက်ပြီး ရေအားလျှပ်စစ် စီမံကိန်းများအကောင်အထည်ဖော်မည့် စီမံကိန်းသည် ဧရာဝတီမြစ်ကို ပျက်ဆီးစေပြီး မြစ်ရိုးတစ်လျှောက်မှီခိုစားသောက်နေကြသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးမည်ဖြစ်ပြီး မြစ်ရိုးတစ်လျှောက် တည်ရှိနေသော သဘာဝအလှအပများနှင့် သဘာဝသယံဇာတများအားလုံး ပျက်စီးဆုံးရှုံးနိုင်မည် ဖြစ်သဖြင့် မြန်မာပြည်တွင်းမှ နာမည်ကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများစုပေါင်းဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် Save Ayeyarwaddy အဖွဲ့သားတစ် ဦးက ပြောသည်။

ပါဝင်ဆန္ဒပြမည့်သူများတွင် ဦးအုန်း(FREDA)၊ ဦးမောင်မောင်သန်း(MERN)၊ ဦးခင်မောင်ရင်(ပျိုးပင်)၊ ဦးဝင်းမျိုးသူ၊ ဦးတင်မောင်သန်း(ECO Dev.)၊ ဦးဘော်ဘီ (NAG)၊ ကာတွန်းဆရာ အော်ပီကျယ်၊ ဦးသန်းမြင့် ( WCS)၊ ဒေါက်တာထွန်းလွင်၊ မင်းထင်ကိုကိုကြီး၊ တော်ဝင်နှင်းဆီဦးစိုးညွှန့်၊ ဦးမောင်မြင့် (REAM)၊ စာရေးဆရာမ ဂျူး၊ မြင့်ဇော်၊ ဒီဇိုင်းမြင့်မောင်ကျော်၊ စိုးဝင်းငြိမ်း၊ အယ်ဒီတာ မင်းထက်မောင် (Save Ayeyarwaddy)၊ ရဲတိုက်၊ ဒေါ်ဒေ၀ီသန့်စင်၊ ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးမောင်မောင်သိန်းဖေ(RCA)၊ ဒေါက်တာမျိုးသန့်တင် (EKTA)၊ ဆုတင် (SVS) တို့ဦးဆောင်ပါဝင်မည်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများသည် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့နှင့် လွှတ် တော်ရုံးရှေ့တို့တွင် ဧရာဝတီမြစ်ပေါ်ရေကာတာဆောက်လုပ်ခြင်းကို ရပ်တန့်ရန် တောင်းဆိုဆန္ဒပြသွားမည်ဖြစ် သည်။

ဆန္ဒပြမည့်ရက်ကို တိတိကျကျသတ်မှတ်ထားခြင်းမရှိသေးသော်လည်း တစ်ပတ်အတွင်း စတင်အ ကောင် အထည်ဖော်သွားမည်ဟု သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီအတွက် ပန်ကြားချက်အမည် ဖြင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး အန္တရာယ်ဖြင့် ရင်ဆိုင်နေရသဖြင့် ပူးပေါင်းဖြေ ရှင်းရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဧရာဝတီမြစ်ရေကာတာ တည်ဆောက်ရေး ရပ်တန့်ရန် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေ ကြသူများထဲတွင် သတင်းစာဆရာ လူထုစိန်ဝင်း၊ ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ Eleven Media Group စသည့် ထင်ရှားသူများ၊ အဖွဲ့များ ပါဝင်နေသော်လည်း ယနေ့အချိန်အထိ သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေးသမားများက ထင်ထင်ရှားရှားကန့်ကွက်ပြောဆိုသံမကြားရသေးပေ။

ဧရာဝတီမြစ်ကမ်းဘေးတွင်နေထိုင်သည့် မန္တလေးသားတစ်ဦးက “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေဆန္ဒပြမယ်ဆိုတာ ကျွန်တော်လည်းကြားပါတယ်။ ဒါက ဒီလူတွေလုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ ဒီလူတွေ ဒီလုပ်ငန်းတွေကနေ ဒေါ်လာသန်းချီရပြီးကြီးပွားနေကြတာကိုလည်းအားလုံးသိနေတာပဲ။ ဒီကိစ္စကိုမှမလုပ်ရင် ဒီလူတွေနိုင်ငံတကာက ငွေတွေကို ညာယူနေတာလို့ပဲပြောရမှာပဲ။ ဒီလူတွေ တကယ်ဆန္ဒပြဖြစ်တယ်ဆိုရင် ကျွန်တော်တို့လည်း မန္တလေးကနေလာပြီး ပူးပေါင်းပါဝင်မှာပါ”ဟု ပြောသည်။

ဆန္ဒပြပွဲကိုဦးဆောင်မည့်သူများအားလုံးသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကိုဦးဆောင် လုပ်ကိုင်နေကြရင်း ငွေကြေးချမ်းသာသွားသူများဖြစ်သည်။


Myanmar Facebook Group

ညောင်သီးလဲစား - လေးသံလည်းနားထောင်


(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဘေးဖယ်ထားနိုင်ကြမလား

တူမောင်ညို

သြဂုတ် ၂၄၊ ၂၀၁၁

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်မိန့်ခွန်း

လွှတ်တော်အစည်းအဝေးတွေစတင်တဲ့နေ့(သြဂုတ်၂၂)က သမ္မတ ဦးသိန်းစိန် ပြောတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတဲ့ကိစ္စတွေကို ထည့်သွင်း ပြောကြားလေမလားဆိုတဲ့ ကျနော့်တိတ်တခိုးမျှော်လင့်ချက်ကလေးကြေမွသွားပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့လည်း ၂ ခါတွေ့ဆုံခဲ့။ သမ္မတနဲ့လည်း ပူပူနွေးတွေ့ဆုံခဲ့၊ နေပြည်တော်မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲလည်းတက်ရောက်ခဲ့လေတော့ ဆိုတဲ့အချက်တွေနဲ့ မျှော်လင့်ခဲ့မိတာပါ။

ဒီတော့ နောက်ထပ်တမျိုးပြောင်းပြီး မျှော်လင့်မိပြန်ပါတယ်။


လွှတ်တော်ကိုယ်စားလှယ်တွေမေးကြမယ့် “ကြယ်ပွင့်ပြမေးခွန်း”တွေမှာ ဒီကိစ္စကြားရနိုင်သေးတယ် ဆိုတဲ့မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စက လွှတ်တော်မှာ မေးသင့်မေးထိုက်တဲ့ကိစ္စတစ်ခုမဟုတ်လား။

ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ အခုလိုပြောသွားပါတယ်။

“ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်ကအပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ထိရောက်မှန်ကန်စွာကျင့်သုံးပြီး အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားဆောင်ရွက်လျက်ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုရှေ့ရှုပြီး ငြိမ်းချမ်းရေးတံခါးကိုဖွင့်လှစ်ကာ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ စေတနာကို ထုတ်ဖေါ်ပြသ ဆောင်ရွက်လျက်ရှိပါတယ်”

“အလားတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများကိုလည်း သဘောထား အမြင်ကွဲလွဲမှုကြောင့်ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေလျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” တဲ့။

- ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

- ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများ

သမ္မတ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ (သြဂုတ်၁၉ ရက်)နေ့ “တွေ့ဆုံမှု”ကို မြန်မာ့အလင်းသတင်းစာမှာ အခုလို ဖေါ်ပြခဲ့ပါတယ်။

“နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသည့်အမြင်များကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူ လူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း” တဲ့။

ဒီနေရာမှာ အထက်ပါစာပိုဒ်ထဲက “နိုင်ငံတော်သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသည့်အမြင်များကို ဘေးဖယ်ထားပြီး” ဆိုတဲ့ အပိုင်းကိုပဲ ကွက်ပြီးကြည့်ကြရအောင်။

မတူကွဲပြားသည့်အမြင်များ ဆိုတာ ဘာတွေဖြစ်မလဲ။

မတူကွဲပြားတဲ့အမြင်ဆိုတာ မတူကွဲပြားတဲ့ အခြေခံ(ရပ်တည်ချက်)တွေကို ကိုယ်စားပြုနေတာပါ။ ထင်ဟပ်ဖေါ်ပြနေတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ကသူ့မိန့်ခွန်းထဲမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ/ ပြည်တွင်းနိုင်ငံရေးအင်အားစုများ” လို့ တိတိလင်းလင်းဖေါ်ညွှန်းသွားပါတယ်။

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်တဲ့အချက်ဟာ အခြေခံကျတဲ့ မတူကွဲပြားမှုတစ်ခုပင်မဟုတ်ပါလား။

ဒီလိုအရင်းခံကျတဲ့ မတူကွဲပြားမှုကို အားလုံးက(ဦးသိန်းစိန်အစိုးရ၊ NLD နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) ဘေးဖယ်ထားနိုင်ပါ့မလား။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးသိန်းစိန်က သူ့မိန့်ခွန်းနိဒါန်း ကို “၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ”ဆိုတဲ့ စကားပိုဒ်နဲ့စတင်ပါတယ်။ သူ့မိန့်ခွန်းမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတဲ့ စကားလုံးချည်း အကြိမ် (၂၀) တိတိ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ကြေညာချက် (၁၅/၀၈/၁၁)

သြဂုတ်လ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ကြေညာချက်(၁၅/၀၈/၁၁)ကို ဖတ်ရပါ တယ်။ သြဂုတ်လ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)၏ ကြေညာချက်(၁၄/၀၈/၁၁) ကဲ့သို့ပင် ဖြစ်ပါတယ်။

“ကြေညာချက်”က ထုတ်ဖေါ်လိုသည့် ပထမဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ခဲ့သည်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က“သဘောတူကြိုဆိုထောက်ခံပါကြောင်း” ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိဆောင်ရွက်ချက်များသည် စိုးရိမ်နေကြသလိုတစ်ကိုယ်တော်ဆောင်ရွက်ချက် မဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သိရှိပြီး/ တိုင်ပင်ဆောင်ရွက်နေခြင်းဖြစ်တယ် ဟူသော အချက်ကို ပေါ်လွင်စေလိုသည့်ဆန္ဒလည်းရှိပုံရပါတယ်။

တွေ့ဆုံခဲ့သည့်ဖြစ်ရပ်များအပေါ် “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု” ရှိတယ်လို့ ကြေညာချက်က ဖေါ်ပြပါတယ်။

“အဘယ့်ကြောင့်” ယင်းသို့ “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု”များဖြစ်ရတာကို ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူ များထံသို့လည်း မျှဝေသင့်သည်မဟုတ်ပါလော။ အသိပေးသင့်သည်မဟုတ်လော။ အစီရင်ခံသင့်သည်မဟုတ်ပါလော။

သို့မှသာ ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများရှင်းလင်းစွာနားလည်သိရှိပြီး တက်တက်ကြွကြွဝန်းရံနိုင်မှာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ရွှေဂုံတိုင်ကြေညာစာတမ်း”တွင် ဖေါ်ပြထားတဲ့ “အဖွဲ့ချုပ်၏ ရပ်တည်ချက်များ” မှ အချက် ၃ ခုကိုသာ ကွက်ပြီး အမှတ်တရ ပြန်လည်ဖေါ်ပြရပါလျှင် -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေး၊

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊

(ဃ) ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊

တို့ဖြစ်ပါတယ်။

သို့သော်လည်း NLDပြောခွင့်ရပုဂ္ဂိုလ်များ၏ လက်သုံးစကားမှာ“ အသေးစိတ်အချက်အလက်များ ယခုအချိန်မှာ မပြောနိုင် သေးပါ” တဲ့။ ။

လွှတ်တော်ရေးရာ ကော်မတီများ အမျိုးသမီး ဦးဆောင်ခွင့်မရ

လွှတ်တော်ရေးရာ ကော်မတီများ အမျိုးသမီး ဦးဆောင်ခွင့်မရ


ခင်ဦးသာ Wednesday, 24 August 2011 18:32


ယခု ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာ ကော်မတီများ၏ ဥက္ကဋ္ဌ ရာထူးများ၊ အဖွဲ့ဝင်များနေရာတွင် အမျိုးသမီး ကိုယ်စားလှယ် များကို ခန့်အပ်ခြင်းမရှိပေ။



ကျင်းပနေသည့် လွှတ်တော် အစည်းအဝေး မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

တနင်္လာနေ့က စတင်ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးပွဲများတွင် လွှတ်တော်ဆိုင်ရာ ရေးရာကော်မတီစုစုပေါင်း ၂၆ ခု ၀န်းကျင်ကို တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌ အားလုံးမှာ အမျိုးသား ကိုယ်စားလှယ်များသာဖြစ်၍ အများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်များ ဖြစ်ကြောင်း သိရသည်။

“သမ္မတ ဦးသိန်းစိန်ပြောသလို အပြောင်းအလဲတွေ လုပ်နေတယ်ဆိုရင် ကော်မတီတွေရဲ့ ဥက္ကဋ္ဌ နေရာတွေမှာ အမျိုးသမီးတွေ ကိုရော၊ တခြားပါတီတွေက ကိုယ်စားလှယ်တွေကိုပါ မျှမျှတတ နေရာပေးသင့်တာပေါ့” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဧရာဝတီကို ပြောသည်။

ကော်မတီ ၂၀ ကျော်အနက် အမျိုးသမီးများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ နေရာအား ကြံ့ဖွံ့ပါတီမှ ယခင် စစ်အစိုးရ ၀န်ကြီးဟောင်း ဦးမောင်မောင်ဆွေအား ခန့်အပ်ထားသည်။

အမျိုးသမီးများအား ကော်မတီဥက္ကဋ္ဌ နေရာ မပေးသည့်အပြင် ယခင် လွှတ်တော်အစည်းအဝေးများ၌ တင်သွင်းသော အဆိုပြုချက်များ၊ မေးခွန်းများ၌ အမျိုးသမီးအရေး ကိစ္စများနှင့် ပတ်သက်၍ တစုံတရာ တင်ပြ ဆွေးနွေးခြင်း မတွေ့ခဲ့ရဘဲ လက်ရှိ ကျင်းပနေသော အစည်းအဝေးများ၌ တင်ပြကြမည့် အဆိုများ၊ မေးခွန်းများတွင်လည်း အမျိုးသမီးအရေး ကိစ္စနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုသံ မကြားရသေးပေ။

အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ဆိုင်သော အရေး ကိစ္စများနှင့်ပတ်သက်၍ အဆိုပြုချက်များ၊ မေးခွန်းများအား ပထမအကြိမ် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးရန် ပါတီတချို့မှ ကိုယ်စားလှယ်များက အကြံပြုတင်ပြ ခဲ့သော်လည်း ဆွေးနွေးမှု မရှိခဲ့ကြောင်း၊ ထိုကိစ္စအား ဆွေးနွေးခွင့် မရခြင်းသည် မည်သည့်အတွက်ကြောင့် ဆိုသည်ကို မသိကြကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့က ဆိုသည်။

“ပထမ လွှတ်တော်အစည်းအဝေးတွေ တုန်းကလည်း အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး အဆိုပြုတာ၊ ဆွေးနွေးတာ မတွေ့ခဲ့ရပါဘူး။ အခုကျင်းပနေတဲ့ အစည်းအဝေးမှာတော့ သေချာ မသိသေးပါဘူး။ အဲဒီအတွက်တော့ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့က ဖွဲ့စည်းခဲ့သော လွှတ်တော်ရေးရာ ကော်မတီများတွင် ဥပဒေပြုရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လူမှုရေးရာ စသည့် ကော်မတီများ ပါဝင်သည်။

နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အဖြစ် ကြံ့ဖွံ့ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ဦးသိန်းဇော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်ဦးအောင်သောင်း စသည်ဖြင့် ယခင် စစ်အစိုးရ၏ ၀န်ကြီးဟောင်းများကသာ တာဝန်ယူထားသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နှင့် စစ်အစိုးရ ၀န်ကြီးဟောင်းများဖြစ်သော ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးစိုးနိုင်၊ ဦးသိန်းဆွေ၊ သူရဦးအေးမြင့်၊ ဦးတင်ထွတ်၊ ဦးမောင်ဦး၊ ဦးအောင်သိန်းလင်း၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်း၊ သူရဦးအောင်ကို တို့ကို လွှတ်တော်ရေးရာ ကော်မတီ အသီးသီး၏ ဥက္ကဋ္ဌ တာဝန်များ ခန့်ထားသည်။

ဒီမိုကရက်တစ် အင်အားစုများထဲမှ အနည်းငယ်သာ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အစိုးရ၏ အာမခံချက်များ၊ ကတိက၀တ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ခန့်အပ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက “သူတို့ပါတီက အများစုနိုင်ထားတော့ အဲဒါကို အခွင့်ကောင်းယူပြီး ခန့်တဲ့သဘောပေါ့။ မဲခွဲဆုံးဖြတ်မယ် ဆိုရင်လည်း တခြားပါတီ ကိုယ်စားလှယ်တွေက ရမှာ မဟုတ်ပါဘူး။ တခြား ပါတီဝင်တွေကို အထိုက်အလျောက် နေရာ မပေးတော့ သိပ်ကြည့်မကောင်းဘူးပေါ့ဗျာ” ဟု ဧရာဝတီကို ပြောသည်။

အမျိုးသမီးများအား ဥက္ကဋ္ဌနေရာ မပေးသည့်တိုင် အဖွဲ့ဝင်များနေရာတွင် ပါဝင်နိုင်ကြောင်း၊ ကော်မတီဥက္ကဋ္ဌ နေရာ အားလုံးနီးပါးကို ကြံ့ဖွံ့ကိုယ်စားလှယ် များက တာဝန်ယူထား၍ ကော်မတီများအပေါ် လူအများ၏ ယုံကြည်မှု အနည်းငယ် လျော့ကျသွားနိုင် ကြောင်းလည်း ၎င်းက ဆိုသည်။

ရေးရာ ကော်မတီများသည် အကြောင်းကိစ္စများကို ဆုံးဖြတ်ချက်ချရာ၌ အစိတ်အပိုင်းတခု အဖြစ်သာ ပါဝင်နေခြင်း၊ ဥက္ကဋ္ဌ တဦးတည်းက ဆုံးဖြတ်ပိုင်ခွင့် မရှိခြင်းတို့ကြောင့် ကြံ့ဖွံ့၏ လုပ်ဆောင်ချက်များကို မှတ်ချက်ပေးရန် စောနေသေးကြောင်းလည်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

ယခင် စစ်အစိုးရ ဦးဆောင်ကျင်းပပေးခဲ့သော လွှတ်တော် အစည်းအဝေးများက ရေးရာကော်မတီ ၁၀ ခုနီးပါးကို ဖွဲ့စည်း တာဝန်ပေးခဲ့သေးသည်။

“ကော်မတီတွေကတော့ ဖွဲ့နေတာပါပဲ။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။ အရေးပါတဲ့ကိစ္စ အားလုံးနီးပါးကို ကြံ့ဖွံ့ ဦးဆောင်နေတဲ့ အစိုးရကပဲ ဆုံးဖြတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီမိုကရေစီ နည်းကျကျ လုပ်ခွင့်ရဖို့က ကာလတခု စောင့်ရဦးမယ်လို့ ထင်ပါတယ်” ဟု ယခင်ဖွဲ့စည်းခဲ့သည့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

လက်ရှိ ကျင်းပနေသည့် အစည်းအဝေးများကို တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ် အများစုသည် ယခင် တကြိမ်နှင့် မတူဘဲ တက်တက်ကြွကြွ ပြောဆိုခြင်း၊ မေးခွန်းထုတ်ခြင်း၊ အဆိုတင်သွင်းခြင်း တို့ကို လုပ်ဆောင်နေသည်မှာ အတန်အသင့် အားရစရာ ကောင်းသည်ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ်စလုံး၌ အမျိုးသမီး ကိုယ်စားလှယ် ဦးရေသည် ဆယ်ဂဏန်းသာရှိပြီး ဆွေးနွေးမှု နည်းပါးသည်ဟု သိရသည်။

လက်ရှိကျင်းပနေသော အစည်းအဝေးများသည် ဦးသိန်းစိန် အစိုးရသစ် တက်ပြီး ပထမဆုံး အကြိမ်ဖြစ်၍ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒုတိယမြောက် လွှတ်တော် အစည်းအဝေး ဖြစ်သည်။

Saturday, August 20, 2011

ငြိမ်းချမ်းရေးကိစ္စ ဗဟိုအစိုးရနဲ့ပဲ ဆွေးနွေးမယ်လို့ လက်နက်ကိုင် အဖွဲ့တွေပြောကြား



2011-08-19

ဒီကနေ့ သတင်းစာထဲမှာ မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တဖွဲ့ချင်း အလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။

မန်မာ့အလင်းသတင်းစာ

၂၀၁၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသော ဦးသိန်းစိန် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းသည့် ကြေညာချက် ဖြစ်ပါသည်။

ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ဖွဲ့စည်ထားတဲ့ တိုင်းရင်းသား တပ်ပေါင်းစု UNFC အနေနဲ့ ဗဟိုအစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးမယ်လို့ အကြောင်းပြန် ထားပါတယ်။ အဲဒီ UNFC အဖွဲ့ထဲမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ပူးဆော်လမွန်းက သူတို့အနေနဲ့ ပြည်နယ်အစိုးရနဲ့ ဒီပြဿနာကို မဆွေးနွေး နိုင်ဘူးလို့ ပြောပါတယ်။
“ပြည်နယ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲတာဟာ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို အာမခံချက်မရှိ ပါဘူး။ ကျနော်တို့ အဖွဲ့တွေ အချင်းချင်း UNFC အနေနဲ့ပဲ ဦးသိန်းစိန် အစိုးရနဲ့ ဆွေးနွေးဖို့ သဘောတူ ထားပါတယ်။ တိုင်းရင်းသားတွေမှာ သမိုင်းအရ အလိမ်ခံရတာ များပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ကြားဝင် ညှိနှိုင်းပေးမယ် ဆိုရင် ကျနော်တို့ ဆွေးနွေး နိုင်မှာပါ”
UNFC အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ကလည်း ဗဟိုအစိုးရနဲ့သာ သူတို့က ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းအမျိုးသားပါတီ CNP ရဲ့ ဥက္ကဌ ပူးဇိုးဇံ ကတော့ သူတို့ အနေနဲ့ ညီနောင် တိုင်းရင်းသား ပါတီတွေနဲ့အတူ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေး နိုင်ကြောင်း သဘောထား ထုတ်ပြန်ထားသလို ကြားလူအနေနဲ့ ဆောင်ရွက်ပေး နိုင်ကြောင်း ပြောပါတယ်။


ဒီသတင်း အပြည့်အစုံကို ဦးခင်မောင်စိုးမင်း က တင်ပြထားပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

Thursday, August 18, 2011

တရားမ၀င်အစိုးရရဲ့ အဆင့်ကျော် ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း



မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့
ကြေညာချက်အမှတ် ၁/၂ဝ၁၁
၁၃၇၃ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက် (၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ရက်)

၁။ နိုင်ငံတော် အစိုးရသည် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်ကို တည်ဆောက်ရန် အတွက် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူ တရပ်လုံး ပူးပေါင်း တည်ဆောက်သွားရန် အထူးပင် လိုအပ်သည်ဟု ယုံကြည်ပါသည်။

၂။ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့
အစည်းများသည် မိမိတို့ တစ်ဖွဲ့ချင်း အလိုက် ပထမအဆင့် အနေဖြင့် ပဏာမ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်
ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၃။ မဏာမ ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော် အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း
ဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

အမိန့်အရ

(တင်မျိုးကြည်)
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

စစ်အာဏာရှင်၏ရက်စက်စွာပြစ်သတ်ခံခဲ့ရတဲ့ အာဇာနီ မ၀င်းမော်ဦးကို မမေ့ကြနဲ့

Ma Win Maw Oo

Saturday, August 13, 2011

A woman political prisoner’s objection to U Thein Sein Government

June 22nd, 2011 | No Comments | Posted in Archive, Documents

Hot:

Monywar Prison, June 06th 2011

Ma Noble Aye, who still is behind bars of Monywar prison and also a member of 88 Generation Students, officially wrote an open objection letter to U Thein Sein on June 6th 2011. In the letter expresses to withdraw saying “There are no political prisoners in Myanmar” of U Thein Sein’s statesmen.
The following is complete transition of Ma Noble Aye’s letter.

ABFSU(FAC)


Ma Noble Aye

(Ma Noble Aye’s open objection letter)
To
U Thein Sein
The President of Union of Myanmar
Date : June 6th 2011
My name is Hnin May Aung @ Noble Aye and my ID no. is 12/Tha Ga Ka (N) 044366. My father’s name is U Thet Htun Aung. I was arrested in September 1998 and imprisoned for 42 years in January 1999 under Act No. 5(J), Publishing Act 17/20 for distributing booklets stating how the December 1996 student demonstration was cracked down on by the military. I was released from Myaung Mya prison on July 6th 2005, along with others who were imprisoned by NIB (National Investigation Bureau). We were told by the authorities that we could continue to be involved in politics according to our own perspectives and beliefs.
After I was released from prison I analysed the political situation in Burma. I conversed with like-minded people who believe that dialogue is necessary for national reconciliation, democracy, peace and human rights for all the people of Burma. Due to these activities, I was arrested again in August 2007 and sentenced to 11 years imprisonment at the end of 2008 under the Association Act – 6 and Act 505 (b). I am still in Monywar prison.
Both imprisonments were due to my analysis, discussions and suggestions about the political situation in Burma. I was and remain imprisoned for these actions. Therefore, I, Hnin May Aung @ Noble Aye (Father) U Thet Htun Aung am a political prisoner.
Like me, there are other political prisoners in the prisons of Burma imprisoned for their activities regarding the political situation in Burma.
The new Government of the Union of Myanmar state they are implementing a democratic system in Burma. However when Vice President, Thiha Thura U Tin Aung Myint Oo met with the US Senatro Mr. John McCain on June 2nd 2011, he refused to answer questions from the Senator about political prisoners saying “There are no political prisoners in Myanmar”.
On the same day, when U Wunna Maung Lwin, Union Minister of the Foreign Affairs Ministry of the Union of Myanmar, met with the US Mr. John McCain, he also refused to answer the questions from the Senator saying “There are no political prisoners in Myanmar”.
I, political prisoner Hnin May Aung @ Noble Aye, imprisoned for my analysis, discussions and suggestions for national reconciliation, democracy, peace and human rights for the people of Burma strongly object to this refusal by the members of the new government of the Union of Myanmar, Vice President Thiha Thura U Tin Aung Myint Oo, and Union Minister of the Foreign Affairs Ministry of the Union of Myanmar U Wunna Maung Lwin.
As members of the new government, which is implementing a just and transparent democratic system, refusing to acknowledge the political prisoners is deviating from the justice which is fundamental to democracy and continues the abuses (corruption) and lies which ignore the actual situation.
I have informed and submitted to the President U Thein Sein of the Union of Myanmar to withdraw the statements that “there are no political prisoners in Burma” in 30 days from today (June 6th 2011), if the government fails to do this, I will have to go on making objections.

Noble Aye
(Father) U Thet Htun Aung

Click the following link to read Noble Aye’s original letter in Burmese, please.
http://moemaka.net/albums/userpics/10001/nobleaye-letter060611-usdp.pdf

People who looked at this item also looked at…
» Joint Statement 88 Generation and ABFSU
» Students and Youths are still against the military dictatorship
» Letter of Pinheiro and Yokota to EU on Commission of Inquiry

Related items
» Burmese Student Movement
» A CONCISE HISTORY
» Burma’s Student Movement: A Concise History
» Editorial of 20th Anniversity

နှိုးဆော်ပိုစတာ ချိတ်ဆွဲလှုပ်ရှားမှုတွေ

နှိုးဆော်ပိုစတာ ချိတ်ဆွဲလှုပ်ရှားမှုတွေ

2011-08-12

ရန်ကုန်မြို့ အပါအ၀င် တခြားမြို့ကြီး တွေက လူစည်ကားတဲ့ နေရာတွေမှာ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးရေး နှိုးဆော်ပိုစတာ ချိတ်ဆွဲ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။


Photo: RFA

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။


ရန်ကုန်မြို့ တောင်ဒဂုံ ၂၅ ရပ်ကွက် စည်ပင်လမ်း ၊ စက်မှုဇုံ ၊ ရန်ကင်းမြို့နယ်နဲ့ တခြားမြို့နယ်တွေမှာ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်း လွှတ်ပေးဆိုတဲ့ စာတမ်းနဲ့ ဓါတ်ပုံပါ ဗိုင်းနိုင်း ပိုစတာတွေ ကပ်ထားတာ မြင်ခဲ့ ရတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။
“မနက်က ၆ နာရီလောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ပိုစတာကို ဓာတ်တိုင်မှာ ချိတ်ထားတာ တွေ့တယ်။ ထိပ်ဆုံးမှာ သံဃာတော်တွေရဲ့ ပုံတွေပါတယ်။ အောက်ဘက်မှာ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ၊ ကိုကိုကြီးနဲ့ တခြား ဓာတ်ပုံတွေ ပါတယ်။ ဓာတ်ပုံ ၇၀ ကျော်လောက်ရှိမယ်။ ပိုစတာက ၆ ပေ ၃ ပေလောက် ရှိတယ်။ ငြိမ်းချမ်းရေးအတွက် အကျဉ်းကျ နိုင်ငံရေး သမားများကို ချက်ချင်းလွှတ် ဆိုတဲ့ စာတမ်း ပါတယ်”
မနက်ပိုင်းမှာပဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲ အဖွဲ့ဝင်တွေ ရောက်လာပြီး ပိုစတာတွေကို ဖြုတ်ယူ သွားတယ်လို့ ဆိုပါတယ်။
အလားတူ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့မနက် အစောပိုင်းက ဟင်္သာတမြို့မှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေပါတဲ့ ပိုစတာတွေကို မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ လိုက်လံ ချိတ်ဆွဲ ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။
ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်အထိ မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ ၄ ပေ ၆ ပေ လောက် ရှိတဲ့ ပိုစတာတွေကို တွေ့ရတဲ့ အကြောင်း ဟင်္သာတမြို့ခံ တဦးက အခုလိုပြော ပြပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ အလျား ၆ ပေ အနံ ၄ ပေ လောက်ရှိတဲ့ ဗိုင်းနိုင်းမှာ မြန်မာ ပြည်သူတွေ နောက်မှာ ကမ္ဘာ့ ပြည်သူတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ် ဆိုပြီး ရေးထားတယ်။ ဓာတ်ပုံ ၁၀၀ လောက်ပါတယ်။ မြို့လယ် လူစည်ကားတဲ့ နေရာတွေမှာ လိုက်ထောင်ထားတာ”
ဒီပိုစတာတွေမှာ လူသိများတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အခြား နိုင်ငံရေး အကျဉ်းသား တရာလောက်ရဲ့ ဓာတ်ပုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပိုစတာတွေကို မနက် ၇ နာရီ ၀န်းကျင်လောက်မှာ ရဲ တွေက ဖြုတ်ယူ သွားကြတယ်လို့ အဲဒီမြို့ခံကပဲ ပြောဆို ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Friday, August 12, 2011

မွန်ပြည်သစ်နှင့်တွေ့ရန် အစိုးရ ကမ်းလှမ်း


သန်းထိုက်ဦး Wednesday, 10 August 2011 18:30

အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံသော မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း သံဃာတော်များမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု ပြီးခဲ့သောရက်ပိုင်းအတွင်း ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

ဆွေးနွေးလိုပါက တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ပါဝင်သင့်သည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကို အကြောင်းပြန်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။ both; text-align: center;">

ယမန်နှစ်က ဘုရားသုံးဆူဒေသ စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသော မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်ထောင်စု အစိုးရကသာ လုပ်ရမယ့် ကိစ္စပါ။ မွန် တခုတည်းနဲ့ ငြိမ်းချမ်းရေး လုပ်တာမျိုးက ဒါ မူမမှန်ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ လုပ်မှ တိုင်းရင်းသား အားလုံးနဲ့ ဆွေးနွေးမှ ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ၊ အဲဒီလိုပြန်ပြောလိုက်တယ်” ဟု နိုင်ဟံသာက ဆိုသည်။

အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက် ကမ်းလှမ်းခဲ့သော သံဃာတော်များသည် မုဒုံမြို့နယ်၊ ကမာဝက် ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာသည် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၏ ဇာတိလည်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ကို ဖွဲ့စည်းထားသည်။

ထိုသို့ မဟာမိတ်ပြုထားသော UNFC အနေဖြင့်သာ အစိုးရနှင့် ဆွေးနွေးသင့်သည်ဟု အစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။

“(ပြည်နယ်ဝန်ကြီးချုပ်) ဦးအုန်းမြင့်က ငြိမ်းချမ်းရေး အတွက် ဆိုပြီး ကမ်းလှမ်းလာရင် လက်မခံဖို့ (နိုင်ထောမွန်ကို) ကျနော် ပြောလိုက်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ဆိုရင် UNFC ကပဲ ဦးဆောင်ပြီး ဆွေးနွေးရမှာပေါ့” ဟု ထိုင်း အခြေစိုက် Mon Unity League အဖွဲ့ ဥက္ကဋ္ဌ နိုင်စွန်းထွန်းက ပြောသည်။

“မွန်ပြည်သစ်ပါတီ တဖွဲ့တည်း သွားပြီးတော့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သင့်ဘူး” ဟု နိုင်စွန်းထွန်းက ဆက်ပြောသည်။

ဝန်ကြီးချုပ်ဦးအုန်းမြင့်က မွန်နိုင်ငံရေးသမား တချို့နှင့် တွေ့ဆုံစဉ် လက်နက်ကိုင်အဖွဲ့များ တောတွင်းမှ ထွက်လာသင့်ကြောင်း မှတ်ချက်ပေးလေ့ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဧရာဝတီကို ပြောသည်။

“သူတို့ တောထဲမှာ ဘာကြောင့် နေနေကြတာလဲ။ မြို့ပေါ်မှာ လာနေဖို့ ပြောလိုက်စမ်းပါ။ လာရင် သူတို့ကို လိုအပ်တာတွေ ထောက်ပံ့ပါ့မယ်” ဟု ပြောဆိုကြောင်း နိုင်ငွေသိမ်းက ရှင်းပြသည်။

မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ဤအတောအတွင်း အစိုးရတပ်များက ကချင်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတပ်ဖွဲ့တချို့ကို ထိုးစစ်ဆင်လျက်ရှိသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ နှင့် အစိုးရကြား ပြန်လည်အပစ်အခတ် ရပ်စဲရေးအတွက် စကားပြောဆိုမှုများ ရှိနေသော်လည်း ပြေလည်မည့် အရိပ်အယောင်များ ပေါ်ထွက်မလာသေးပေ။

Friday, August 5, 2011

တိုင်းရင်းသား တပ်ပေါင်းစု “ ပြည်သူ့ခေါင်းဆောင် ” ကို ထောက်ခံ

ကိုဝိုင်း | သောကြာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ “ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” ဟု ခေါ်ဆိုလိုက်ပြီး တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသား ဒေသများတွင် အပစ်ခတ်ရပ်စဲပြီး ပဋိပက္ခများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ထောက်ခံကြောင်း သောကြာနေ့တွင် ပြောဆိုလိုက်သည်။

“ ယနေ့ဖြစ်ရှိနေသော လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းနိုင်ရေး အတွက်
ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြု ပန်ကြားချက်ကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက သဘောတူ ထောက်ခံကြောင်း ပြန်ကြားအပ်ပါသည်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနီးပါးဖြင့်
ပေါင်းစည်းထားသော UNFC က ကြေညာချက် ထုတ်၍ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် စေ့စပ်ပေးလိုကြောင်း ကမ်းလှမ်းလာသည့် ဇူလိုင် ၂၈ ရက်နေ့ ပေးစာတွင်
သမ္မတ ဦးသိန်းစိန်နှင့် UNFC အဖွဲ့ဝင် ၄ ဖွဲ့ကိုသာ လိပ်မူခဲ့သော်လည်း UNFC အဖွဲ့ တခုလုံးအနေဖြင့် ပြန်ကြားခြင်း
ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးနှင့် ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုခြင်းကို မီးမောင်း ထိုးပြထားသည်။

“ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သော တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးအရ အလေးထား ဖြေရှင်းခဲ့ခြင်း မရှိဘဲ စစ်ရေးဖြင့်သာ ဖိအားပေး ဖြေရှင်းလာခဲ့သဖြင့် ကျနော်တို့ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝနေပါလျက် ဖွံ့ဖြိုးမှု
နောက်ကျနေရပြီး လူမျိုးစုံ ပြည်သူများသည် ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ပြည်သူတို့သည် လွတ်လပ်
သည့် နိုင်ငံသားဟု ဆိုသော်ငြားလည်း ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို မခံစားကြရပါ” ဟု ဖော်ပြထားသည်။

“ပြည်တွင်းစစ်ကြောင့် နိုင်ငံနှင့် ပြည်သူများအပေါ် ထိခိုက် နစ်နာစေပြီး၊ အင်အားသုံး ဖြေရှင်း၍ အကျိုးရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ ထပ်တူထပ်မျှ ရှုမြင်သည်” ဟု ပါရှိသည်။

UNFC ကို ၂ဝ၁၁ ခု၊ ဖေဖော်ဝါရီလ ၁၂-၁၆ ထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများညီလာခံတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO နှင့် ကချင်အမျိုးသားအစည်းအရုံး KNO
တို့ဖြင့် အမျိုးသား တန်းတူရေး၊ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြထားသည်။

လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများကို ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ ဘိုးဘွားပိုင် နယ်မြေများဖြင့် ဆက်စပ် စုစည်းထားခြင်း ဖြစ်ပြီး စုပေါင်း တိုက်ပွဲဝင်ခဲ့သဖြင့် ကိုလိုနီကျွန်ဘဝမှ လွတ်လပ်သော
နိုင်ငံ ဖြစ်လာရသည်ဟု UNFC ၏ အခြေခံ သဘောထားကို တင်ပြထားသည်။

Wednesday, August 3, 2011

ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရန် ENC လိုလား

ကျော်ခ | အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၅ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံးရပ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ “အိတ်ဖွင့်ပေးစာ”
အပေါ် တိုင်းရင်းသားလူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က ထောက်ခံကြိုဆိုကြောင်း နှင့် တိုင်းရင်းသားပြဿနာ ပြေလည်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် လိုလား
ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

“ဒေါ်စုလို ပြည်သူတွေ က ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ် တယောက်ကနေ ကြားက ဝင်လုပ်ပေးရင် ကောင်တယ်လို့ ကျနော်တို့ မြင်လို့ ဒါကိုကြိုဆို လိုက်တာပါ” ဟု ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါး က မဇ္ဈိမကို
ပြောသည်။

တိုင်းရင်းသားပြဿနာ ပြေလည်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် လိုလားကြောင်း တိုင်းရင်းသားလူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က ထုတ်ဖော်ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည် ၏ ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ နှင့် ရှမ်းပြည် တပ်မတော်တို့သို့ လိပ်မူထားပြီး ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
များကို ပံ့ပိုးရန်အတွက် ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟု ရေးသားထား
သည်။

မိမိတို့၏ ရပိုင်ခွင့်များအတွက် အသီးအသီး လှုပ်ရှားနေသည့် တိုင်းရင်းသား အဖွဲ့များ စုပေါင်းပါဝင်သည့် ENC က ဒေါ်အောင်ဆန်းစုကြည်၏ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအရေးတွင် လုပ်ကိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ENC က “မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စု ကြီး၏ အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိနိုင်ရေး အတွက်သော် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် က တဖက်တလမ်းမှ လုပ်ကိုင် စွမ်းဆောင်နိုင်မည်ဟု ကျနော်တို့ တိုင်းရင်းလူမျိုးများ အနေဖြင့် ယုံကြည်သည်” ဟု ပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူသည့် အစိုးရသစ် လက်ထက် ရက်ပေါင်းတရာ မပြည့်မီပင် နိုင်ငံအတွင်းရှိ နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့် ကရင်၊ ကချင်၊ ရှမ်း စသောတိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ စစ်ဖြစ်ရာဒေသများ၌ ဒေသခံ စစ်ပြေးဒုက္ခသည်များမှာ အိုးအိမ်များ လယ်ယာများကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ပွဲ ဒေသတွင်း စာသင်ကျောင်းများလည်း ယခုတိုင် ပိတ်ထားရဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အိတ်ဖွင့်စာ၌ ပြည်ထောင်စုသား အချင်းချင်း ဖြစ်နေသော ပြဿနာများကို
“အပြန်အလှန် ယုံကြည်လေးစားမှုတို့ဖြင့် ဖြေရှင်းရန်” တိုက်တွန်းထားသည်။

ENC ကလည်း မြန်မာ အစိုးရသစ်အနေဖြင့် ပြည်တွင်းစစ် ရပ်စဲပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်
တောင်းဆိုထားသည်။

“လက်နက်နဲ့ စစ်တိုက်တဲ့နည်းနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီပြဿနာကို ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တာပါ” ဒေါက်တာရွှေခါး က ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးဟု လူသိများသည် ဘုန်းတော်ကြီးများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲမှု
နောက်ပိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီမှ တဆင့်
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ နှင့် လက်တွဲဆောင်ရွက်လိုကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က တိုင်းပြည်အုပ်ချုပ်သည့် စစ်အစိုးရက အပစ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်မှုများ ပြုလုပ်စေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ တိုက်ရိုက် ဆက်သွယ်မှု မရှိစေရန် တားဆီးခဲ့ဖူးသည်။

ငြိမ်းချမ်းရေး ကော်မတီ အစိုးရဖွဲ့ရန် ၅ ပါတီတောင်းဆို

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ညီနောင် ၅ ပါတီက တိုင်းရင်းသား နယ်မြေများတွင် ငြိမ်းချမ်းရေး ရရှိစေရန် အစိုးရက ဦးဆောင်၍ ငြိမ်းချမ်းရေး ကော်မတီ တရပ်ဖွဲ့၍ ဆောင်ရွက်သွားရန် တိုက်တွန်း လိုက်သည်။

နှစ်ရက်ကြာ အစည်းအဝေး နောက်ဆုံးနေ့ ဖြစ်သော ဗုဒ္ဓဟူးနေ့တွင် ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က “ငြိမ်းချမ်းရေး အခြေခံ တည်ဆောက်နိုင်ရန် အတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်စဲပြီး အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက် ထုတ်ပေးကြပါရန်” အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပန်ကြားလိုက်သည်။


ရန်ကုန်မြို့ ကျားဖြူပါတီတွင် တိုင်းရင်းသား ညီနောင် ၅ ပါတီ အစည်းအဝေး ပြုလုပ်ပြီးနောက် ပါတီရုံးရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်ကို ဗုဒ္ဓဟူးနေ့ သြဂုတ် ၃ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- NBF

ထို့ပြင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသမှ ဒုက္ခသည်များကိုလည်း အကူအညီများ ပေးကြရန် အစိုးရ၊ ပြည်တွင်းပြည်ပ ပရဟိတ အဖွဲ့များနှင့် အလှူရှင်များကို မေတ္တာရပ်ခံထားသည်။

“အစိုးရက တာဝန်ယူပြီးတော့ ငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့ပြီးတော့ အလုပ်ရုံ ပုံစံမျိုး လုပ်ဆောင်ဖို့အတွက် ”
ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုဥက္ကဌ ကျောက်ဖြူ - မာန်အောင် အမျိုးသား လွှတ်တော် အမတ် ဦးအုန်းတင်က မဇ္ဈိမကို ပြောသည်။

ယနေ့ အစည်းအဝေးသို့ ၅ ပါတီ သာမက ကယန်းအမျိုးသား ပါတီကလည်း လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးရှိသည်ဟု သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပံ့ပိုးရန် အတွက် ကြားဝင် ဆောင်ရွက်ပေးရန် အသင့်ရှိသည်ဟု ဇူလိုင်လ ၂၈ ရက်နေ့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။

၅ ပါတီ အစည်းအဝေးတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ တစုံတရာဆွေးနွေးခြင်း မရှိသလို ထုတ်ပြန်ချက်တွင်လည်း ရည်ညွှန်းဖော်ပြထားခြင်း မတွေ့ရပါ။

ဦးအုန်းတင်က “ဒါကတော့ သူတို့လိုင်းနဲ့ သူတို့လိုင်းပေါ့ဗျာ။ ကျနော်တို့က ကိုယ့်ပါတီ ၅ ပါတီ ကတော့ ကိုယ့်လိုင်းနဲ့ ကိုယ်ပေါ့” ဟု ဆိုသည်။

သြဂုတ် ၂၂ ရက်တွင် ကျင်းပမည့် လွှတ်တော် သုံးရပ် ဒုတိယ အကြိမ် ပုံမှန် အစည်းအဝေးများတွင် အဆိုတင်ရန် ကတော့ မရေရာသေးဘဲ ရှိနေသည်။

“ ဒီထုတ်ပြန်ချက်ကို အခြေခံပြီးတော့ နေပြည်တော် ရောက်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး
တော့ ဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးပြီးတော့မှ ဒါကို အဆိုတရပ် အနေနဲ့ တင်သင့်ရင် တင်မယ်” ဟု ပြောသည်။

လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ အဆိုတင်လျင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အနည်းဆုံး ၁၅ ရက်ကြိုတင် တင်ပြမည်ဖြစ်ပြီး မေးခွန်း မေးလိုလျင် ၁ဝ ရက်ကြိုတင် တင်ပြရမည် ဖြစ်သည်။

ဦးအုန်းတင်ကမူ လွှတ်တော် ကျင်းပရက် မည်မျှကြာမည်ကို အတိအကျ မသိသေးသော်လည်း လွှတ်တော် မပြီးမချင်း တင်၍ ရသဖြင့် အချိန်မီ နိုင်သည်ဟု ယူဆနေသည်။

ယခု ၅ ပါတီ ပါဝင်သည့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ၂ဝ၁၁ ခု ဧပြီလ ၅ ရက်နေ့ က ထုတ်ပြန်ချက် တစောင် ထုတ်ပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ပြီးဆုံးစေရန် သက်ဆိုင်သူ အားလုံး တက်ရောက် ညှိနှိုင်း အဖြေရှာနိုင်မည့်
ပြည်ထောင်စု ညီလာခံ တရပ်ကို အစိုးရက ကမကထ ပြုကျင်းပပေးရေး တောင်းဆိုခဲ့ဖူးသော်လည်း မဖြစ်လာခဲ့ပေ။

ယခုတကြိမ် ထပ်မံ တိုက်တွန်းသည့် အဆိုကို ကြံ့ခိုင်ဖွဲ့ဖြိုးရေး ပါတီက အများစုဖြစ်သည့် လွှတ်တော်က သဘောမတူခဲ့သော် တိုင်းရင်းသား ပါတီများ၏ သဘောထားများ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများကိုမူ သီးသန့် တိုက်ရိုက် ဆက်သွယ်ရန် အစီအစဉ် မရှိကြောင်းလည်း ဦးအုန်းတင်က ပြောသည

ကချင်အမတ်များ ပြည်သူ့လွှတ်တော်၌ ငြိမ်းချမ်းရေးကိစ္စ တင်ပြမည်

ဆိုင်းအောင် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ သြဂုတ် လ၂၂ ရက်နေ့တွင် ကျင်ပမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ကိစ္စရပ်ကို ဦးစားပေး တင်ပြသွားမည်ဟု ကချင်ပြည်နယ်
ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကချင်ပြည်နယ်တွင် လောလောဆယ် ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ ကိစ္စကို လွှတ်တော်တွင်
နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြင်ဆင် နေသည်ဟု စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)
(UDPKS) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

UDPKS ပါတီသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျောထောက် နောက်ခံပြုထားသော ကချင်ပါတီဟု အများက သိရှိထားကြသည်။



ကချင်စစ်ပြေး ဒုက္ခသည်များ၏ ဆန္ဒသဘောထားကို UDPKS ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက လာမည့် လွတ်တော် အစည်းအဝေးတွင် တင်ပြနိုင်ရန်အတွက် လိုက်လံ ကောက်ယူ (Photo::Jinghpaw Kasa)

ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်က ကချင်စစ်ပြေး ဒုက္ခသည်များ၏ ဆန္ဒသဘောထားကို ၎င်းတို့ နေထိုင်လျက်
ရှိရာ ဘုရားကျောင်းများတွင် UDPKS ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက လိုက်လံ ကောက်ယူခဲ့သည်။

ဒုက္ခသည်များအား “ ငြိမ်းချမ်းရေးကို လိုချင်သလား၊ စစ်ရေးကို လိုချင်သလား” ဟု သဘောထား မေးမြန်းခဲ့ကြောင်း၊ ယင်းသို့ သဘောထား ကောက်ခံခြင်းသည် လာမည့် လွတ်တော် အစည်းအဝေးတွင် တင်ပြရန် ဖြစ်ကြောင်း
ဒေါ်ဒွဲဘူက ပြောသည်။ “ မငြိမ်းချမ်းရင် ဘာမှဖွံ့ဖြိုးဖို့ မလွယ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယခု လောလောဆယ် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ အကြား ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း အဆိုပါ ဆွေးနွေးပွဲများမှာ လတ်တလော အပစ်အခတ် ရပ်စဲရေးကိုသာ ဦးတည်နေသဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေး ကိစ္စရပ်ကို လွှတ်တော်တွင် တင်ပြရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေါ်ဒွဲဘူက ပြောသည်။

UDPKS ပါတီ သာမက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကပါ ကချင်ပြည်နယ်
တစ်ခုလုံး၏ ငြိမ်းချမ်းရေး ကိစ္စရပ်ကို တင်ပြသွားမည်ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုးညှင်းမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးကလည်း ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွတ်တော် အစည်းအဝေးသို့ ကချင်ပြည်နယ်မှ ရွေးကောက်ခံ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၁၈ ဦး၊ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ၃ဝ ဦး တက်ရောက်မည် ဖြစ်သည်။

သို့သော် အသက် ၃ဝ ကျော် ကချင် လူငယ်တဦးကမူ “ကချင်ပြည်နယ် ဝန်ကြီး အနေနဲ့ အခု စစ်ဖြစ်နေတာတောင် ဘာပြောပိုင်ခွင့် မရှိဘူး။ အခုလွတ်တော် အစည်းအဝေးကို ကချင်ငြိမ်းချမ်းရေးအတွက် တင်ပြမယ် ဆိုရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”ဟု ဝေဖန်သည်။

ကချင်ပါတီများက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်သာ ပြောနေချိန်တွင် အကြီးဆုံးသော ကချင်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့က ကချင်တွင် သာမက တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက်
ဖြစ်ပေါ်လာအောင် ကြိုးစားနေသည်။

အစိုးရက ကချင်ပြည်နယ် ကိစ္စကိုသာ သီးခြား ဆွေးနွေးလိုနေရာက အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေသည်။

စစ်တွေ တက္ကသိုလ် ကျောင်းသား ဆန္ဒပြ

2011-08-03

စစ်တွေ တက္ကသိုလ်မှာ ကျောင်းနဲ့ မြို့တွင်း ပြေးဆွဲနေတဲ့ ကျောင်း ကားခတွေ နှစ်ဆ တက်လိုက်တဲ့ အတွက် ကျောင်းသူ ကျောင်းသား အယောက် ၃၀၀ လောက် ပြည်နယ် လွှတ်တော်ကို ချီတက်ဆန္ဒပြ ကြတယ် လို့ သတင်းရရှိ ပါတယ်။

arakanreview
အငှားလိုင်းကားများဖြင့် နေ့စဉ် ကျောင်းသွားကျောင်းပြန် လုပ်နေရသော စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ လိုင်းကားစီးနေသည့် မြင်ကွင်း ဖြစ်ပါသည်။


ကျောင်းကားခက အရင်က အသွား ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ် ဖြစ်ပြီး၊ မနေ့က စလို့ အသွား ၂၀၀ ကျပ် အပြန် ၂၀၀ ကျပ် တိုးယူတဲ့အတွက် မနေ့ကတည်းက ကျောင်းသားတွေ မကျေမနပ် ဖြစ်နေကြတာပါ။
ဒါကြောင့် ဒီနေ့ နေ့လည်မှာတော့ ကျောင်းကနေ ပြည်နယ်လွှတ်တော် အဆောက်အအုံ ရှိရာကို လမ်းလျှောက် ချီတက် ကြပြီး ကျောင်းကားခ တက်တာကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖေါ် ပြသ ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးအောင်မြကျော်က အခုလို ပြောပါတယ်။
“၁၂ နာရီ ၁ နာရီလောက်ကနေ ကျောင်းသား ကျောင်းသူ အယောက် ၃၀၀ လောက် တန်းစီပြီးတော့ ကျောင်းကနေ မြို့ထဲ လွှတ်တော်ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြတာပေါ့။ မနေ့ကတော့ ကျောင်းဝင်းထဲမှာပဲ ဖြစ်ကြတာပေါ့။ အဲဒီ အငှားကားသမားတွေနဲ့ ကျောင်းသာတွေ ဆရာ ဆရာမတွေနဲ့ ပြဿနာ တက်ကြတာပေါ့”
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျောင်းသား ၁၀ ယောက်လောက်နဲ့ ဆရာ၊ ဆရာမတွေ အစည်းအဝေး ထိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ကြ ပေမယ့်လည်း ပြေလည်မယ့် အဖြေ တစ်စုံတစ်ရာ မထွက် လာသေးဘူးလို့ သိရပါတယ်။
ဆန္ဒပြ ကျောင်းသားတွေ ကတော့ နေ့လည်ပိုင်း ချီတက်အပြီးမှာ အေးအေးချမ်းချမ်း လူစုခွဲလိုက်ကြ တယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.