Wednesday, August 3, 2011

ငြိမ်းချမ်းရေး ကော်မတီ အစိုးရဖွဲ့ရန် ၅ ပါတီတောင်းဆို

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ညီနောင် ၅ ပါတီက တိုင်းရင်းသား နယ်မြေများတွင် ငြိမ်းချမ်းရေး ရရှိစေရန် အစိုးရက ဦးဆောင်၍ ငြိမ်းချမ်းရေး ကော်မတီ တရပ်ဖွဲ့၍ ဆောင်ရွက်သွားရန် တိုက်တွန်း လိုက်သည်။

နှစ်ရက်ကြာ အစည်းအဝေး နောက်ဆုံးနေ့ ဖြစ်သော ဗုဒ္ဓဟူးနေ့တွင် ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က “ငြိမ်းချမ်းရေး အခြေခံ တည်ဆောက်နိုင်ရန် အတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်စဲပြီး အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက် ထုတ်ပေးကြပါရန်” အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပန်ကြားလိုက်သည်။


ရန်ကုန်မြို့ ကျားဖြူပါတီတွင် တိုင်းရင်းသား ညီနောင် ၅ ပါတီ အစည်းအဝေး ပြုလုပ်ပြီးနောက် ပါတီရုံးရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်ကို ဗုဒ္ဓဟူးနေ့ သြဂုတ် ၃ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- NBF

ထို့ပြင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသမှ ဒုက္ခသည်များကိုလည်း အကူအညီများ ပေးကြရန် အစိုးရ၊ ပြည်တွင်းပြည်ပ ပရဟိတ အဖွဲ့များနှင့် အလှူရှင်များကို မေတ္တာရပ်ခံထားသည်။

“အစိုးရက တာဝန်ယူပြီးတော့ ငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့ပြီးတော့ အလုပ်ရုံ ပုံစံမျိုး လုပ်ဆောင်ဖို့အတွက် ”
ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုဥက္ကဌ ကျောက်ဖြူ - မာန်အောင် အမျိုးသား လွှတ်တော် အမတ် ဦးအုန်းတင်က မဇ္ဈိမကို ပြောသည်။

ယနေ့ အစည်းအဝေးသို့ ၅ ပါတီ သာမက ကယန်းအမျိုးသား ပါတီကလည်း လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးရှိသည်ဟု သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပံ့ပိုးရန် အတွက် ကြားဝင် ဆောင်ရွက်ပေးရန် အသင့်ရှိသည်ဟု ဇူလိုင်လ ၂၈ ရက်နေ့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။

၅ ပါတီ အစည်းအဝေးတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ တစုံတရာဆွေးနွေးခြင်း မရှိသလို ထုတ်ပြန်ချက်တွင်လည်း ရည်ညွှန်းဖော်ပြထားခြင်း မတွေ့ရပါ။

ဦးအုန်းတင်က “ဒါကတော့ သူတို့လိုင်းနဲ့ သူတို့လိုင်းပေါ့ဗျာ။ ကျနော်တို့က ကိုယ့်ပါတီ ၅ ပါတီ ကတော့ ကိုယ့်လိုင်းနဲ့ ကိုယ်ပေါ့” ဟု ဆိုသည်။

သြဂုတ် ၂၂ ရက်တွင် ကျင်းပမည့် လွှတ်တော် သုံးရပ် ဒုတိယ အကြိမ် ပုံမှန် အစည်းအဝေးများတွင် အဆိုတင်ရန် ကတော့ မရေရာသေးဘဲ ရှိနေသည်။

“ ဒီထုတ်ပြန်ချက်ကို အခြေခံပြီးတော့ နေပြည်တော် ရောက်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး
တော့ ဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးပြီးတော့မှ ဒါကို အဆိုတရပ် အနေနဲ့ တင်သင့်ရင် တင်မယ်” ဟု ပြောသည်။

လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ အဆိုတင်လျင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အနည်းဆုံး ၁၅ ရက်ကြိုတင် တင်ပြမည်ဖြစ်ပြီး မေးခွန်း မေးလိုလျင် ၁ဝ ရက်ကြိုတင် တင်ပြရမည် ဖြစ်သည်။

ဦးအုန်းတင်ကမူ လွှတ်တော် ကျင်းပရက် မည်မျှကြာမည်ကို အတိအကျ မသိသေးသော်လည်း လွှတ်တော် မပြီးမချင်း တင်၍ ရသဖြင့် အချိန်မီ နိုင်သည်ဟု ယူဆနေသည်။

ယခု ၅ ပါတီ ပါဝင်သည့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ၂ဝ၁၁ ခု ဧပြီလ ၅ ရက်နေ့ က ထုတ်ပြန်ချက် တစောင် ထုတ်ပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ပြီးဆုံးစေရန် သက်ဆိုင်သူ အားလုံး တက်ရောက် ညှိနှိုင်း အဖြေရှာနိုင်မည့်
ပြည်ထောင်စု ညီလာခံ တရပ်ကို အစိုးရက ကမကထ ပြုကျင်းပပေးရေး တောင်းဆိုခဲ့ဖူးသော်လည်း မဖြစ်လာခဲ့ပေ။

ယခုတကြိမ် ထပ်မံ တိုက်တွန်းသည့် အဆိုကို ကြံ့ခိုင်ဖွဲ့ဖြိုးရေး ပါတီက အများစုဖြစ်သည့် လွှတ်တော်က သဘောမတူခဲ့သော် တိုင်းရင်းသား ပါတီများ၏ သဘောထားများ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများကိုမူ သီးသန့် တိုက်ရိုက် ဆက်သွယ်ရန် အစီအစဉ် မရှိကြောင်းလည်း ဦးအုန်းတင်က ပြောသည

No comments:

Post a Comment