Thursday, August 18, 2011

တရားမ၀င်အစိုးရရဲ့ အဆင့်ကျော် ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း



မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့
ကြေညာချက်အမှတ် ၁/၂ဝ၁၁
၁၃၇၃ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက် (၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ရက်)

၁။ နိုင်ငံတော် အစိုးရသည် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်ကို တည်ဆောက်ရန် အတွက် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူ တရပ်လုံး ပူးပေါင်း တည်ဆောက်သွားရန် အထူးပင် လိုအပ်သည်ဟု ယုံကြည်ပါသည်။

၂။ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့
အစည်းများသည် မိမိတို့ တစ်ဖွဲ့ချင်း အလိုက် ပထမအဆင့် အနေဖြင့် ပဏာမ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်
ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၃။ မဏာမ ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော် အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း
ဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

အမိန့်အရ

(တင်မျိုးကြည်)
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

No comments:

Post a Comment