Friday, August 12, 2011

မွန်ပြည်သစ်နှင့်တွေ့ရန် အစိုးရ ကမ်းလှမ်း


သန်းထိုက်ဦး Wednesday, 10 August 2011 18:30

အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံသော မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း သံဃာတော်များမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု ပြီးခဲ့သောရက်ပိုင်းအတွင်း ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

ဆွေးနွေးလိုပါက တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ပါဝင်သင့်သည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကို အကြောင်းပြန်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။ both; text-align: center;">

ယမန်နှစ်က ဘုရားသုံးဆူဒေသ စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသော မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်ထောင်စု အစိုးရကသာ လုပ်ရမယ့် ကိစ္စပါ။ မွန် တခုတည်းနဲ့ ငြိမ်းချမ်းရေး လုပ်တာမျိုးက ဒါ မူမမှန်ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ လုပ်မှ တိုင်းရင်းသား အားလုံးနဲ့ ဆွေးနွေးမှ ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ၊ အဲဒီလိုပြန်ပြောလိုက်တယ်” ဟု နိုင်ဟံသာက ဆိုသည်။

အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက် ကမ်းလှမ်းခဲ့သော သံဃာတော်များသည် မုဒုံမြို့နယ်၊ ကမာဝက် ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာသည် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၏ ဇာတိလည်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ကို ဖွဲ့စည်းထားသည်။

ထိုသို့ မဟာမိတ်ပြုထားသော UNFC အနေဖြင့်သာ အစိုးရနှင့် ဆွေးနွေးသင့်သည်ဟု အစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။

“(ပြည်နယ်ဝန်ကြီးချုပ်) ဦးအုန်းမြင့်က ငြိမ်းချမ်းရေး အတွက် ဆိုပြီး ကမ်းလှမ်းလာရင် လက်မခံဖို့ (နိုင်ထောမွန်ကို) ကျနော် ပြောလိုက်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ဆိုရင် UNFC ကပဲ ဦးဆောင်ပြီး ဆွေးနွေးရမှာပေါ့” ဟု ထိုင်း အခြေစိုက် Mon Unity League အဖွဲ့ ဥက္ကဋ္ဌ နိုင်စွန်းထွန်းက ပြောသည်။

“မွန်ပြည်သစ်ပါတီ တဖွဲ့တည်း သွားပြီးတော့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သင့်ဘူး” ဟု နိုင်စွန်းထွန်းက ဆက်ပြောသည်။

ဝန်ကြီးချုပ်ဦးအုန်းမြင့်က မွန်နိုင်ငံရေးသမား တချို့နှင့် တွေ့ဆုံစဉ် လက်နက်ကိုင်အဖွဲ့များ တောတွင်းမှ ထွက်လာသင့်ကြောင်း မှတ်ချက်ပေးလေ့ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဧရာဝတီကို ပြောသည်။

“သူတို့ တောထဲမှာ ဘာကြောင့် နေနေကြတာလဲ။ မြို့ပေါ်မှာ လာနေဖို့ ပြောလိုက်စမ်းပါ။ လာရင် သူတို့ကို လိုအပ်တာတွေ ထောက်ပံ့ပါ့မယ်” ဟု ပြောဆိုကြောင်း နိုင်ငွေသိမ်းက ရှင်းပြသည်။

မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ဤအတောအတွင်း အစိုးရတပ်များက ကချင်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတပ်ဖွဲ့တချို့ကို ထိုးစစ်ဆင်လျက်ရှိသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ နှင့် အစိုးရကြား ပြန်လည်အပစ်အခတ် ရပ်စဲရေးအတွက် စကားပြောဆိုမှုများ ရှိနေသော်လည်း ပြေလည်မည့် အရိပ်အယောင်များ ပေါ်ထွက်မလာသေးပေ။

Open letter to Thein Sein

လက်ပံတောင်းစီမံကိန်းရပ်ဆိုင်းရန်သမတထံအိတ်ဖွင့်စာပေးပို့

၈၈မျိုးဆက်ကျောင်းသားများ( ပြည်ပ )၏ကြေညာချက်

Letter for 88 Gse 3

အမျိုးဘာသာ သာသနာကို ကာကွယ်ကြ

အမျိုးဘာသာ သာသနာကို ကာကွယ်ကြ

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမြင့်မာဆုံးမှာ လွှင့်ထူကြ

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမြင့်မာဆုံးမှာ လွှင့်ထူကြ

ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း

ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း

မတရားတဲ့အမိန့် အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ

မတရားတဲ့အမိန့် အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ

၈၈မျိုးဆက်ကျောင်သား ခေါင်းဆောင်များ

၈၈မျိုးဆက်ကျောင်သား    ခေါင်းဆောင်များ

ရဲဘော်သက်ထွန်း၏ခံယူချက်

ပြည်သူ့လွတ်မြောက်ရေးအတွက် သင့်ကိုအလိုရှိသည်

ပြည်သူ့လွတ်မြောက်ရေးအတွက် သင့်ကိုအလိုရှိသည်

အမိမြန်မာပြည် လွတ်မြောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်

အမိမြန်မာပြည် လွတ်မြောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်

ပြည်သူတို့၏ လွတ်မြောက်ရေးလမ်း

သက်ရှိသက်မဲ့အပေါင်းဘေးကင်းငြိမ်းအေးစေကြောင်း ဒို့ဆုတောင်း

UNလုံခြုံရေးကောင်စီမှမြန်မာ့နျူကလီးယားအရေး - အရေးယူဆောင်ရွက်ရန်တောင်းဆို

နှစ်သစ်လွတ်မြောက်ရေးဆုတောင်း

နှစ်သစ်လွတ်မြောက်ရေးဆုတောင်း

၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)၏ လှုပ်ရှားမှုမှတ်တမ်း

အကြမ်းမဖက်လှုပ်ရှားမှု မဟာဗျူဟာအခြေခံအချက်များကိုစဉ်းစားပုံ

မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာလူမှုကွန်ယက် ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်

စစ်မှုမထမ်းမနေရဥပဒေ

စစ်အစိုးရအလိုမရှိ – ပြည်သူ့ကြားဖြတ်အစိုးရဖွဲ့ စည်းကြ

ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုကဗျာများ

သံဃာတော်များသွေးမြေကြခဲ့ရသည့် (၃)နှစ်ပြည့်သံဃာ့လှုပ်ရှားမှုအတွက် ၀န်းရံပြင်ဆင်ကြ

လူသားဆိုင်ရာအခွင့်အရေး တေးသွား

အတင်းအကြတ်ရွေးကောက်ပွဲကို ကျော်ဖြတ်ခြင်း

၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)၏ ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်ချက်

ကျောင်းသားသမဂ္ဂအဆောက်အဦးနဲ့ကျောင်းသားတွေကို စစ်အုပ်စုမှဗုံးခွဲသတ်ဖြတ်ခဲ့တဲ့ ၇ဇူလိုင်ကိုမမေ့ကြနဲ့

သင်ဘယ်လမ်းရွေးမလဲ

သင်ဘယ်လမ်းရွေးမလဲ

သံဃာသတ်တဲ့ကြံ့ဖွတ်တွေကို ဆန့်ကျင်တိုက်ဖျက်ကြ

သံဃာသတ်တဲ့ကြံ့ဖွတ်တွေကို ဆန့်ကျင်တိုက်ဖျက်ကြ

ပြည်သူ့အစိုးရဖွဲ့စည်းရေးကိုဦးတည် လူထုတိုက်ပွဲကိုဖေါ်ဆောင်

ပြည်သူ့အစိုးရဖွဲ့စည်းရေးကိုဦးတည် လူထုတိုက်ပွဲကိုဖေါ်ဆောင်


အမျိုးဘာသာ သာသနာကိုဖျက်စီးနေသူများ

ဘယ်လမ်းရွေးမလဲမိတ်ဆွေ

ဘယ်လမ်းရွေးမလဲမိတ်ဆွေ

Followers

နိုင်ငံတကာမှဝင်ရောက် ကြည့်ရှုသူများ

Blog Archive