Monday, November 8, 2010

မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲ ဆေရုံမှာ လက်နက်ထိထားတဲ့ လူနာ ၂၄ယောက်ရှိရောက်နေပြီး

အခုဆေးရုံဝန်းထဲက၀န်ထမ်းတဦးနဲ့ ဖုန်းရတယ်ဆရာဆေရုံမှာလက်နက်ထိထားတဲ့လူနာ၂၄ ယောက်ရှိရောက်နေပီ
၃ယောက်သေတာလည်းရောက်လာတယ် ၂ ယောက်ကတော့ လမ်းပေါ်မှာ စစ်တပ်က ပစ်သတ်လိုက်တယ်တဲ့
သေတာအားလုံးပေါင်း သူတို့ရထားတဲ့ စာရင်းအရ ၅ယောက်ရှိပီဒါဏ်ရာရတာက ၂၄ရောက်ယောက်
ဆေးရုံမှာရှိတယ်ပေါ့နအဖဘက်ကဒီကေဘီအေကတော့ အင်အားနည်းတယ်တဲ့

သူတို့နေတာက ဆေးရုံဝန်းဆိုတော့ ရှေ့တန်းရုံးကောရဲစခန်းနဲ့ကောနီးနေတယ်မြို့လူထုတွေ
လမ်းမပေါ်မထွက်ရဲဘူးထွက်တာပစ်ပဲသူအပြောအရတော့ မဲမဲမြင်ရင် နှစ်ဘက်လုံးက ပစ်တော့တာပဲတဲ့
သူတို့လည်း ခုညထမင်းတော့ စားပြီးပီ မနက်ဖြန်ဒီအတိုင်းဆိုရင် စားစရာမရှိဘူးတဲ့မြ၀တီတမြို့လုံး ဆေးရုံဝန်း
တခုကလွဲရင် အကုန် မီးတွေဖြတ်ထားတယ်တပ်ကူတွေရောက်လာနိုင်တယ်လို့ ပြောတယ်ဆရာလောလောဆယ်
အင်အားကလည်း မနည်းဘူးတဲ့ စစ်တပ်အင်အားလေကျနော်က မေးကြည့်တယ် မြို့ ကျနိုင်တဲ့အနေအထားရှိလား
ဆိုတော့အဲလောက်တော့ ကရင်တွေ မစွမ်းနိုင်လောက်ဘူးတဲ့ပြန်ဆုတ်ရမှာပဲတဲ့အင်အားက မမျှလို့တဲ့]တပ်အင်အား
များတယ်ပြောတယ် ။

ဧရာဝတီက ရရှိတဲ့ အတည်ထပ်မံ မပြုနိုင်သေးတဲ့ သတင်းများအရ ဒီနေ့ နေပြည်တော်မှာ အထူးအစည်းထိုင်ပြီးတော့ မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမလာခင် အပြီးအပြတ် ဖြစ်နိုင်တဲ့နည်းနဲ့ ချေမှုန်းပစ်ဖို့ ဗိုလ်သန်းရွှေက အမိန့်ပေးလိုက်ပြီလို့ သိရပါတယ်။
DKBA ဘက်ကနေ KNU တပ်မဟာ (၆) က ကူမယ်လို့ ဗိုလ်ကြီး စောထဲနေက ဧရာဝတီကို အလွတ်သဘော ပြောကြားသွားပါတယ်

Sent at 11:03 AM on Monday
မြဝတီမှာအခုပြန်ခြနေပြန်ပြီးအကို
မိုးကုတ်ဖုန်းကြီးကျောင်းမှာလက်နက်ကြီးကျတယ်တဲ့အကိုအခုနောက်ဆုံးရသတင်း
အောက်ဖက်က တပ်ကူတွေမရောက်အောင်လို့တော့ ကျိုင်း တံတားကိုဖြတ်လိုက်ပြီလို့တော့ပြောတယ် ။

No comments:

Post a Comment