Saturday, November 13, 2010

ဒေါ်စုလွတ်မြောက်လာခြင်းအားကြိုဆိုခြင်းနှင့်ဒုတိယပင်လုံညီလာခံခေါ်ယူကျင်ပနိုင်ရေးအတွက်(၉၀)ေ၇ွးကောက်ပွဲရလဒ်ကိုအခြေခံသည့် ပြည်သူ့အစိုးရဖွဲ့စည်းကြ

(နအဖ)စစ်အုပ်စု၏ မတရားဥပဒေများဖြင့် နေအိမ်အကျယ်ချုပ်ကြခံနေရသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
နိုဝင်္ဘာလ(၁၃)ရက်နေ့ မနေ့ညနေပိုင်းက ပြန်လည်လွတ်မြောက်လာပြီး '' မတွေ့ရတာလည်း ကြာပြီ ၊ ပြောစရာတွေလည်း အများကြီးပဲ" အဲဒါတွေ အားလုံးကြားချင်ရင်မနက်ဖြန် ရုံးကို လာခဲ့ကြပါဆိုလို့ ဒီကနေ့ နိုဝင်္ဘာလ(၁၄)ရက်မနက်အစောရီထဲက လူတွေစုရုံးရောက်ရှီ
နေကြသလို စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီ၏ ပြည်တွင်းအင်အားစုဝင်များလဲကြိုတင်ရောက်ရှိနေကြပြီး
စုရုံးရောက်ရှိနေကြတဲ့လူထုကိုသောက်ရေများပေဝေခြင်းနှင့်အတူ ( စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီမှ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းအားလှိုက်လှဲစွာကြိုဆိုလိုက်သည် )ဟုစာသားနှင့်
" ဒုတိယပင်လုံညီလာခံခေါ်ယူကျင်းပနိုင်ရေးအတွက်(၉၀)ရွေးကောက်ပွဲရလဒ်ကိုအခြေခံတဲ့ပြည်သူ့အစိုးရကိုဖွဲ့စည်းကြ " ဆိုသည့်
စာသားပါဒေါ်စုဓါတ်ပုံပိုစတာများအားလက်ကမ်းဖြန့်ဝေခြင်းများလုပ်ဆောင်နေကြောင်းနှင့် နေ့လည်(၁၁)နာရီမှာဒေါ်စုနဲ့သံတမန်တွေနဲ့
တွေ့ဆုံမှာဖြစ်ပြီး ၊ နေ့လည်(၁၂)နာရီမှာလူထုနဲ့တွေဆုံစကားပြောခြင်း ၊ နေ့လည်(၁)နာရီမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းနှင့်
ညနေပိုင်းမှာတော့ ဦလွင်၏ဇနီးဈာပနသို့သွားရောက်ဂါဝရပြမည်ဖြစ်ကြောင်း စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီ၏
ပြည်တွင်းတာဝန်ခံကိုရဲမြင့်နိုင်ကပြောပါသည် ။

Welcame to Free Daw Aung San Suu Kyi 2

No comments:

Post a Comment