Saturday, May 26, 2012

မြောင်းတကာစက်မှုဇုန် Yangon Crownသံမဏိစက်ရုံမှ
အစာငတ်ခံဆန္ဒထုတ်ဖော်သူကိုတင်မိုးဝင်း၏ သေတမ်းစာ(၂)


မြောင်းတကာစက်မှုဇုန် ရန်ကုန်Crown သံမဏိစက်ရုံမှ အခြေခံအလုပ်သမားရပိုင်ခွင့်များအတွက်
အစာငတ်ခံဆန္ဒထုတ်ဖေါ်နေသောအလုပ်သမားတစ်ဦး၏သေတမ်းစာ
အမည် - တင်မိုးဝင်း
အသက် - ၂၅ နှစ်
ယခုအချိန်မှစ၍ ကျွန်တော်၏ ဘဝသည် နဂုံးချုပ်သွားပြီဟု သတ်မှတ်လိုက်သည်။ ဤစာကို ကျွန်တော်ရဲ့ သေတမ်းစာအဖြစ် ရေးသားခဲ့သည်။ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးသေတမ်းစာကို ကျွန်တော်၏ အဖေအမေနှင့်အတူ ရွှေညဝါဆရာတော်ဘုရားကြီးအပါအဝင် မေတ္တာရှင်များ မြန်မာတစ်နိုင်ငံ
လုံးမှာရှိသမျှ အလုပ်သမားများသိစေရန် ရေးသားခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သည် အသက်ခန္ဓာ
ကွဲကွာပြီး သေဆုံးသွားသည့်တိုင် အလုပ်သမားများ၏ ဆန္ဒမပြည့်ဝခဲ့ပါက ဝိညာဉ်အဖြစ်နှင့် ဆက် လက်တောင်းဆိုဆန္ဒပြသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သေ ဆုံးပြီးနောက်မှာ ကျွန်တော့် အတွက် အမျှမပေးဝေရန်နှင့် ကျွန်တော်၏ဝိညာဉ်အား ဆက်လက်ဆန္ဒပြတောင်းဆိုခွင့်ပြုပါရန် ကျန် ရှိနေမယ့် လူအားလုံးထံ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်။
အလုပ်သမားအားလုံးရဲ့ ဆန္ဒပြည့်ဝ တဲ့အချိန်မှကျွန်တော်သာဓုသုံးကြိမ်ခေါ်၍ ဖြစ်လေရာဘုံ ဘဝက နေ ဝမ်းသာနေမှာ ဖြစ်သလို အလုပ်သမားအားလုံးရဲ့ ဆန္ဒမပြည့်ဝခင် အမျှပေးဝေခဲ့ပါကကျွန်တော်
လုံးဝလုံးဝ သာဓုခေါ်ပြီး ကျွတ်တမ်းဝင်မည်မဟုတ်ကြောင်း သိစေရန်နှင့် ကျွန်တော်၏ နောက်ဆုံး ဆန္ဒကို လိုက်လျောရန် မှာကြားခဲ့သည်။ ကျွန်တော့်ဘဝရဲ့ အဓိကကျေးဇူးရှင် အဖေနှင့်အမေအား ကျွန်တော် ရိုသေစွာ ဦးသုံးကြိမ်ချ၍ နှုတ်ဆက်ခဲ့သည်။ မြန်မာအလုပ်သမားအားလုံးကို ကျွန်တော့် အတွက် ဝမ်းမနည်းရန်နှင့် ဆန္ဒမပြည့်ဝမချင်း အမျှမပေးဝေရန် မှာကြားခဲ့သည်။ ရွှေညဝါဆရာတော် ဘုရားကြီးအပါအဝင် ကျေးဇူးရှင်အားလုံးရဲ့ ကျေးဇူးတွေကို ဖြစ်လေရာဘဝကနေ ကျေအောင် ဆပ်သွားပါမည်ဟု ကတိသစ္စာ မိုးနဲ့မြေကြီးအား သက်သေပြုပြီး တိုင်တည်ခဲ့ပါသည်။ လူသားအားလုံးရဲ့ ဆန္ဒတွေပြည့်ဝပါစေလို့ နောက်ဆုံးဆုတောင်းပေးခဲ့ပါသည်။

တင်မိုးဝင်း (အသက် ၂၅ နှစ်)

No comments:

Post a Comment