Thursday, May 17, 2012

ကဲစစ်အာဏာရှင် အဓမ္မ၀ါဒီတဦးကတော့ - အမြင်မှန်ရပြီးဓမ္မဘက်ကိုခိုလှုံလိုက်ပြီ

အစိုးရအဖွဲ့  တင်းမာသူ ဦးတင်အောင်မြင့်ဦး သံဃာ့ဘောင်သို့  ခိုလုံ
မြန်မာ အစိုးရ ဒုသမ္မတ ဟောင်း ဦးတင်အောင်မြင့်ဦး သည် ရာသက်ပန် သံဃာ့ဘောင်သို့ ဝင်သွားပြီ
ဟု အစိုးရ အရာရှိ တစ်ဦးက AFP သို့  အတည် ပြု ပြောကြားသည်။
စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးများသည် လဒ်စားမှုများ ချစားမှုများ တိုင်းပြည်ကို တရုတ်လက်ထဲ
ရောင်းစား နိုင်ငံအတွင်းမှာ လုပ်ငန်းအမြောက်အများပိုင်ဆိုင်ထားကြပြီး မိမိတို့ ဆွေမျိုးတစုသာ
ချမ်းသာ စီးဇိမ်ရစ်ခဲ့ကြပြီး လုပ်ချင်သလိုလုပ်လို့ မရတော့ ကျမ်းမာရေးအကြောင်းပြ ခန္ဓာပျက်စီး
လာတော့မှ ဘုရားတကာ ရာသက်ပန် သံဃာ့ဘောင်သို့ ဝင်သွားတိုင်း နိဗ္ဗာန်ကိုမမြင်နိုင် အ၀ိဇ္ဇာ
နှင့်တဏှာဖုံး၍ မိမိတို့ မိုက်မဲမှုကြောင့် ပြည်သူပြည်သားများ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲ ရောက်ခဲ့
ကြရပြီး ပြည်သူ့ မေတ္တာစူးရှစေခဲ့ရလေမည်။နောင်တ နောင်မှရဆိုသည့်အတိုင်း သံသရာမကူးကင်
ယခုဘ၀မှာပင် ဘ၀ငရဲ ပေးဆပ်ရမည်။မတည်မြဲသော ရာထူးဂုဏ်ရှိန်တို့ ဖြင့် မောက်မာ သတ်ဖြတ်
ခဲ့ကြသူတို့ ၏ နောက်ဆုံးသွားရာလမ်းသည် ငရဲမှအပ တခြားမရှိပေ။

No comments:

Post a Comment