Thursday, January 26, 2012

မြန်မာအပေါ် ပိတ်ဆို့ အရေးမှု ထပ်မလျော့ပေးဖို့ ပန်ကြား

                   မြန်မာအပေါ် ပိတ်ဆို့ အရေးမှု ထပ်မလျော့ပေးဖို့ ပန်ကြား
Burma Campaign UK ရဲ့ ဆန္ဒပြပွဲ
26 ဇန်နဝါရီလ 2012
မြန်မာနိုင်ငံမှာ စစ်တပ်က ကျော်ထောက်နောက်ခံ ပေးထားတဲ့ လက်ရှိ အစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ဂတိ ပေးထားတဲ့ အတိုင်း လုပ်ပြမှသာ နောက်ထပ် လျော့ပေါ့ ပေးသင့်တယ်လို့ ဥရောပ သမဂ္ဂကို မြန်မာ့အရေး တက်ကြွ လှုပ်ရှားတဲ့ Burma Campaign UK နဲ့ Human Rights Watch အဖွဲ့ နှစ်ခုက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မြန်မာအစိုးရ ခေါင်းဆောင်တွေကို ဥရောပ နိုင်ငံတွေက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုကို ဥရောပ သမဂ္ဂက ရုတ်သိမ်း ပေးခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ဖိနှိပ်ချုပ်ချုယ်ထားတဲ့ ဥပဒေတွေကို တခုမှ ပြန်ရုတ်သိမ်းပေးတာ မရှိသေးဘူးလို့ Burma Campaign UK က ပြောပါတယ်။
နောက်တဖွဲ့ဖြစ်တဲ့ Human Rights Watch ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးပြီး အများယုံကြည် လက်ခံ ရလောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အထိ မြန်မာအစိုးရအပေါ် ဖိအား ဆက်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ လက်ရှိ လုပ်နေတဲ့ ပြပြင် ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ ပြောပါတယ်။

No comments:

Post a Comment