Friday, June 24, 2011

မန္တလေးဈေးချိုတော်ရှေ့က ပေါက်ကွဲမှု သတင်း

Sai Nay Min Naing 1:35pm Jun 24

မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်၌ ပေါက်ကွဲမှု
ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။

"၂၆ လမ်းကနေ ၂၈ လမ်းထိကို ယာယီ ကန့်သတ်လိုက်တယ် အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာ နေရာမှာ လာရောက် စစ်ဆေးလျက်ရှိတယ်ဆိုတာကို တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာနေရာအနီးသို့ သွားရောက် ကြည့်ရူနေသည့် မန္တလေးမြို့ခံ တစ်ဦးက မွန်းလွဲ ၁ နာရီခန့် တွင် ပြောကြာခဲ့ကြောင်းသိရသည် ။

No comments:

Post a Comment