Saturday, July 16, 2011

အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ

အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ

2011-07-15
မုံရွာမြို့ပေါ်က လူစည်ကားရာ နေရာ ၇ နေရာလောက်မှာ ကျောင်းသား လူငယ်လို့  နံမည်တပ်ထားတဲ့ အဖွဲ့တွေက လာမည့်ရက်ပိုင်းမှာ ဆန္ဒပြရေး အပါအ၀င် တောင်းဆိုချက် သုံးရပ် ပါဝင်တဲ့ နှိုးဆော်စာတွေကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒီစာဖြန့်ဝေတာကို တွေ့ခဲ့ရတဲ့ ဒေသခံ လူငယ်တဦး က-
“ဒီကနေ့ မနက် ၅ နာရီလောက်မှာ မုံရွာမှာ ရွှေစည်းခုံ ဘုရား၊ စိုက်ပျိုးရေးဝင်း လုံထိန်းတွေရှိတဲ့ နေရာ၊ စံလာဝီ ကမ်းနား၊ ဒေါနပြင် ရပ်ကွက်၊ အထက ကျောင်းတွေ အားလုံး ၇ နေရာလောက် ရှိတယ်။ စာတွေ ဖြန့် တာဗျ။ ကျောင်းသား လူငယ်လို့ ရေးထားတယ်ဗျ။ စာတွေကတော့ အမျိုးမျိုး ရေးထားတာပေါ့။ ၁၈၊ ၁၉ မှာ ဆန္ဒပြကြမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံ ဆွေးနွေရေး၊ ဖမ်းဆီး ကျောင်းသားများ ပြန်လွှတ်ရေး၊ ဒို့ အရေး ဆိုပြီး စာရွက်တွေမှာ ရေးထားတယ်။ ကျွန်တော်တို့ ကောက်တယ်ဗျ။ ဖတ်တယ်ဗျ။ အချင်းချင်း အပြန်အလှန် ဖြန့်ဝေတာတွေလည်း လုပ်တယ်ဗျ။ စည်ပင်ကတော့ အဲဒီစာတွေကို ကားနဲ့ ပတ်ပြီး လိုက်သိမ်းတာတွေ ကျွန်တော်တွေ့ခဲ့ရတယ်”
- လို့ ပြောပါတယ်။
စာပါ အကြောင်းအရာတွကို ပြည်သူလူထုက စိတ်ဝင်စားကြကြောင်း၊ ပြန့်ကျဲနေတဲ့ စာတွေကို စည်ပင်သာယာက လိုက်လံ သိမ်းဆည်းခဲ့ပေမဲ့  တစုံတရာ အရေးယူတာ မရှိကြောင်း အဲဒီ ဒေသခံက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments:

Post a Comment