Monday, June 6, 2011

တိုက်ပွဲဝင်ဝိညာဉ်ထံသို့ တမ်းတခြင်း


by Nan Datun on Saturday, June 4, 2011 at 10:34pm

သို့
သူငယ်ချင်း…မင်းသူ
ငယ်ငယ် ကပျော်ရွင်ခဲ့တဲ့ တို့တွေ အားလုံးရဲ့ပုံရိပ်တွေ ကဘယ်လိုမှမေ့မရတဲ့ ပျော်ရွင်တဲ့ဘဝလေးတွေပေါ့..တကယ်ဖြူစင်ရိုးသားမှု့
တွေ နဲ့ ကြီးပြင်းခဲ့တဲ့အတူသွား..အတူလာ..ညီကိုရင်းထက်ချစ်ခင်နေရင်း မီဘတွေရဲ့ဆိုဆုံးမတာတွေကိုမြေဝယ်မကျ နားထောင်ရင်း
သူငယ်တန်းဘဝမှ အလယ်တန်းဘဝရောက်လို့၈၈၈၈ ကိုရောက်လို့ မျက်စီတွေဖွင့် အမှန်တရားကိုရှာဖွေဖို့ လောကကြီးထဲကို
တို့တတွေ တူညီတဲ့စိတ်တွေနဲ့ညင်းခုံအော်ဟစ် ယူဆချက်တွေကို သုံးသပ်ရင်း ၁၆နှစ်ဆိုတဲ့ကာလကိုကျော်ဖြတ်….အသိပညာတွေစု
ဆည်းရင်းအသိပညာနဲ့ အတက်ပညာကို သင်ယူရင်းတရားမျှတတဲ့လွပ်လက်မှု့ကို လိုလားရင်း ယုံကြည်ချက်ကိုခြေချလို့ ( ၉၆ )ခုနှစ်က
ဘဝပညာတွေပို့ချတဲ့ ကျောင်းတော်ကြီးမှာ ၁၂နှစ်ဆိုတဲ့အမိန့်က တို့တွေအတွက်အပြုံးမပျက်ပျော်ရွင်စွာ( ၂ )တိုက်က အခန်းကျဉ်း
လေးတွေ အရိုးကွဲအောင်ရိုက်နှက်တဲ့ဒဏ်ကိုအေးစက်မှု့တွေက အဖော်ပြုလို့သီးသန့် ဆိုတဲ့ အခန်းတွေမှာ( ၅ ) ညဘဝကိုပိုင်ဆိုင်ခဲ့တဲ့
တို့တွေဟာ နံက်ခင်း အိပ်ဆောင်ဖွင့်တိုင်း ပထမ ထွက်လာတဲ့မင်းရဲ့တောင်းဆိုချက်က’’ငါကအရင်ထွက်လာတာ အရင်စဆိုမယ်…

’’’’ ငါတို့မညင်းခဲ့ပ်ါဘူး သူငယ်ချင်း ’’’

တိုက်ရဲရင်သေရဲရမယ်….

ခြောက်တိုင်းမကြောက်…..

တောင့်ခံကာ အံတုမယ်….

ဂုဏ်မယူ…နေရာမရှိ

လူငယ်တို့ရဲ့စိတ်က မကြောက်တရား..

အမှန်တရားကို ဖော်ထုပ်…

သက်သေတည်တဲ့…..ငါတို့ကျောင်းသား…

တို့တွေတွေ့ဆုံတိုင်း ရွက်ဆိုနေကြ စာသားပေါ့…..ခါးလေးကုံးကုံးနဲ့ အသံအစ်အစ်လေးနဲ့ ရွက်ဆိုတာ မင်းရဲ့ ဝေဒနာ ရင်မှာမချိ
နုတ်ပိတ်ကာဟန်ဆောင်ခဲ့ရတယ်လေ…ဘာကြောင့်လည်းဆိုတော့ ဒေါသကြီးတက်တဲ့မင်းစိတ်ကောက်မှာ မလိုလားတာအမှန်ပါ…
နေကို လစား ၄လမြောက်တော့ အံကိုကြိတ်လက်သီးတင်းတင်းဆုပ် ဖင်တရွက်တိုက်နဲ့ ပထမဆုံး ဆိုတဲ့ မင်းဘဝကိုရင်နင့်လို့ ထောင်ဆေးရုံ မှာကုသဖို့တို့တွေပြောပြတော့ မင်းစိတ်ဆိုးတယ်လေ…’’’ငါက ကာယကံရှင် ခွေးတွေဆေးကုတာ လူကကုသခံရမှာ မလိုဘူး ’’’ ဒီစကားဟာငါတို့ရဲ့
တောက်ကြည့်ရူ့ကြားလို့ တို့တွေပုံစံထိုင်…ဒေါက်နှင့်တိုက်ပိတ်..စာဥသီချင်းသံလွမ်းအောင်ဖွင့်…ရှေ့တင်မှာပဲ နှိက်စက်ခံနေရတာ မေ့မရပါဘူး……….
၁၀ရက်ပြည့်တဲ့နေ့ ပြန်ဆုံတော့..မလှုပ်မရပ် စဆိုတဲ့ မင်းရဲ့ အသံ ငါကြားနေစဲ သူငယ်ချင်း….ညတွေတိုင်းမင်းရဲ့ညည်းသံနားစွင့်
စိုးရိမ်စိတ် က ဒီရေ လို ပြင်းထန်နေရတယ်….၅ရက်၆လ မင်းရဲ့မွေးနေ့ အမှတ်တရ လက်ဆောင် ပေးဖို့ တန်းဖွင့်နောက်ကျတော့
စိုးရိမ်စိတ်က နောက်ကျခဲ့တယ်…မင်းရဲ့မွေးနေ့ သေနေ့ဖြစ်ရတာ ရင်နင့်အောင်နာတယ် … နံရံ ကမင်း ရေးခဲ့တဲ့ စာလုံးတလုံးကို ခွေးတွေ ထုံးနဲ့ဖုံးကြတယ် ဖုံးတိုင်းပေါ်တဲ့ မင်းရဲ့နောက်ဆုံးထွက်သက်စာလုံး’’’တိုက်’’’တဲ့...ပျော်ရွင်မှု့တွေ မင်းနဲ့အတူ ပါသွားပြီ တမလွန်ရောက်နေတဲ့ သူငယ်ချင်းစိတ်ချပါ…နေရာအသီးသီ….ကနေ တို့တွေတိုက်နေတယ်….ငါတို့တွေ စုစုစည်းစည်း နဲ့ ဂဏ္ဌပါင်း ဘတ်ပေါင်းစုံဌာနပေါင်းစုံ ကနေ တိုက်နေစဲပါ…

ယုံကြည်ချက်ကို ရှေ့တန်းတင်……..

ပြည်သူတွေအတွက် အသက်ပေးဆပ်။

ဖြူစင်စိတ်ထား…တွဲလက်ညီတဲ့…….

သမဂ္ဂ စိတ်က….တို့ကျောင်းသား….

တိုက်ရဲရင်သေရဲရမယ်…..

သေရဲရင်တိုက်ရဲရမယ်….

[၁၉၉၆ခုနှစ် ၆လ၅ရက်နေ့ တွင် တိုက်ရင်း ဘဝခြားသော လူမသိသူမသိ သေဆုံးသွားသော သူငယ်ချင်း မင်းသူ …..အမှတ်တရ………]အတွက်…

ကျနော် သူငယ်ချင်း ၃၇=-၁=၃၈ယောက် မှလွဲ လို့မည်သူမှ မသိခဲ့သော ကိစ္စဖြစ်သဖြင့် စာရေး…စာစီမှားခဲ့ရင် နားလည်ဖတ်ကြပါ….နားလည် စေချင်ပါတယ်…

ကျေးဇူးတင်ပါတယ်…

ခွပ်ဒေါင်းသွေးတို့ မည်သည်……….

ဖိရင်ကြွ

ထိရင် ထ…..

လူငယ်တို့ မည်သည် …မကြောက်တရား…..

ကျောင်းသားတို့ မည်သည် အမှန်တရား…….

ပြည်သူတို့ကိုသာ ရပ်တည်ထား…………။။။။

No comments:

Post a Comment