Friday, October 15, 2010

၂၀၁၀ ရွေးကောက်ပွဲအား လက်မခံသင့်ကြောင်း ဂျပန်အမတ်များကို သွားရောက်ရှင်းလင်းတိုက်တွန်း

၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၅) ရက်။

မြန်မာ့ရေးရာရုံး စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များ၊ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်(RENGO) တာဝန်ခံနှင့်အတူ တိုကျိုမြို့ Dai Ichi လွတ်တော် အဆောက်အဦးရှိ ဂျပန် ဒီမိုကရက်တစ်ပါတီ၏ အကြီးတန်း ညွန်ကြားရေးမှူးလည်းဖြစ်သူ၊ ပါတီ၏ သံတမန်ရေးရာနှင့် အမျိုးသားလုံခြုံရေးရာ သုတေသန ကော်မတီ ဥက္ကဌ Mr.Masaharu NAKAGAWA အား မြန်မာ့အရေးကို သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


ထိုသို့ သွားရောက် တွေ့ဆုံရာတွင်NCUB ကိုယ်စားလှယ်၊ မြန်မာ့ရေးရာရုံး၏ တာဝန်ခံ လည်းဖြစ်သော Dr. မင်းညှိမှ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ့ရေးရာရုံး၏ ရပ်တည်ချက်များနှင့် မြန်မာနိုင်ငံ အမျိုးသား ကောင်စီ၏ သဘေားထားများကို ရှင်းလင် တင်ပြသွားခဲ့သလို နယ်စပ်ရှိ တိုင်းရင်းသားများ၏ တင်ပြလိုသည့် အချက်အလက်များကို ပေးအပ်ခဲ့ပါသည်။

Mr.Masaharu NAKAGAWA မှ ၂၀၁၀ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဂျပန်ရောက် တိုင်းရင်းသားများ၏ သဘောထားများကို လည်း မေးမြန်း ခဲ့ရာမှာ မြန်မာ့ရေးရာရုံး၏ ကော်မတီဝင် AUN-Japan ကိုယ်စား ဦးဇော်မင်းခိုင် နှင့် NDF ဂျပန် ကိုယ်စားလှယ် မိုင်ကျော်ဦး တို့မှ ရှင်းလင်း ပြောကြားရာမှာ မြန်မာနိုင်ငံ ပြည်သူများ မျှော်လင့်ထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အကြောင်း မရှိသည့်အတွက် နအဖ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ရွေးကောက်ပွဲသည် တရားမ၀င်သဖြင့် ဂျပန်အစိုးရမှ အသိမှတ် မပြုရန် ဂျပန်ရောက် တိုင်းရင်းသား များတို့၏ ရပ်တည်ချက် သဘောထားများကို ရှင်းလင်း ဆွေးနွေးသွားပါသည်။ မြန်မာ့အရေး ဆွေးနွေးရာမှာ မြန်မာ့ဒီမိုကရေစီအရေးအား ကူညီထောက်ပံ့ ပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အထက်လွတ်တော် အမတ် Mr.Azuma KONNO မှလည်း ပါဝင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။

Mr.Masaharu NAKAGAWA အနေဖြင့် ပြန်လည်ဖြေကြားရာမှာ ဂျပန်နိုင်ငံခြားရေးရုံးရဲ့ ပေါ်လစီအနေနဲ့ကတော့ ရွေးကောက်ပွဲ ဆိုတာက ဒီမိုကရေစီ ပထမ အဆင့် ဖြစ်တယ်လို့ မြင်နေကြတယ် မြန်မာ့ဒီမိုကရေစီ အင်အားစုများ မြင်သလို မမြင်ကြဘူး ကျနော်တို့တွေရဲ့ အမြင်မျိုးကို လက်ခံ သဘောပေါက်လာအောင် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများတို့ကို ရှင်းလင်း ပြောကြား ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသွားပါသည်။

No comments:

Post a Comment