Tuesday, October 12, 2010

တွေ့ ဆုံဆွေးနွေးရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းရမည်

သေသေချာချာ တွေးကြည့်သောအခါ ကျွန်တော်တို့ မှာ ပြသနာတွေရှိနေပါသည်။ ယင်းမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေးခြင်းဖြစ်သည်။ မဖေါ်ပေးခြင်းမှာ အာဏာလွဲပြောင်း မပေးလို၍ဖြစ်သည်။
တိကျစွာပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အစိုးရမဖြစ်စေချင်သောကြောင့်ဖြစ်သည်။ ဤစကားမှာ အရပ်သားစကားဖြစ်သောကြောင့် လူတိုင်းနားလည်ကြပါသည်။ သည်တော့ အမျိုးသားရင်ကြားစေ့ရေး ပြန်လည်သင့်မြတ်ရေး
အတွက် တွေ့ ဆုံဆွေးနွေးပွဲသည် ဖြစ်နိုင်ပေအုံးမည်လား။ လွန်ခဲ့ သောအနှစ် နှစ်ဆယ်က ယင်းသမိုင်းသည် ခုအချိန်ထိ စိမ်းစိုနေတုံးမှန်သော်လည်း အပင်မသန် မျိုးမမှန်တော့။ ဤအပင်ကို ရှင်သန်စေရေးအတွက် အဖြေတခုတော့ ရှိရပေလိမ့်မည်။ ယခုအချိန်တွင် စစ်အစိုးရက ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြုလုပ်ထားပြီးပြီ။ သူတို့ ထုတ်ပြန်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာလွှဲပြောင်းပေးရေးဆိုသောအချက်မပါ။ သမတက စစ်ရေးကျွမ်းကျင်သူ
ဖြစ်စေသတည်းဟု ဖွင့်ဆိုထားရာ ဤမြန်မာနိုင်ငံတော်ကို စစ်မိန့် စစ်ဥပဒေများဖြင့် အုပ်ချုပ်ရန်အတွက် တင်ကူးစီစဉ်ထားခြင်းသာဖြစ်သည်။ သို့ သော် သူတို့ ၏ရွေးကောက်ပွဲတွင် ပါဝင်မည့်သူများက ရှိနေကြရာ နိုဝင်ဘာလ ရ ရက်နေ့ သည်
သူတို့ အတွက် စစ်အာဏာရှင် စနစ်ကို အသက်ဆက်သွင်းမည့် နေ့ ဖြစ်ပေတော့မည်။
ရွေးကောက်ပွဲတွင် ပါဝင်မည့် ပါတီများမှာ ရုပ်မြင်သံကြားမှ သူတို့ ၏ ပါတီသဘောတရား။ ပေါ်လီစီများ။ ယုံကြည်ချက်များ၊ ခံယူချက်များကို ကော်မရှင်၏ ခွင့်ပြုချက်ရမှသာ ဟောပြောနေကြရရာ သူတို့ ၏ပေါ်လီစီများမှာ လွပ်လွပ်မူ ရှိနေပါ့မလားဆိုသည်ကို သိသာနိုင်သည်။ ထားလိုက်ပါတော့ ။ သူတို့ ၏ မလွပ်လွပ်မူများမှ ရွေးကောက်ပွဲဖြစ်သွားသည့်အခါ အနိုင်ရရှိသောပါတီများသည် အစိုးရဖြစ်သွားပါလိမ့်မည်။ သူတို့ သည် လွှတ်တော်ထဲတွင် သူတို့ ၏ သဘောတရားများကို လွပ်လွပ်စွာ ပြောဆိုနိုင်ပါ့မလား။ မပြောဆိုနိုင်ပါ။ ကောင်းပါပြီ။ အရပ်သားအစိုးရအဖွဲ့ တွင် ၀န်ကြီးနေရာများ၌ ပါဝင်သွားနိုင်ပါမည်လား။ မပါဝင်နိုင်ပါ။ ကြံ့ဖွံ့ပါတီမှာ ယခုလက်ရှိအစိုးရအဖွဲ့ ဝင်ဝန်ကြီးချုပ်ကအစ ၀န်ကလေးတွေ ၀န်ပေါက်စတွေ တပုံတခေါင်းနေရာချထားပြီးသားနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ထားပါသည်။ ထို့ ကြောင့် အိပ်မက်မက်နေသော အစိုးရအဖွဲ့ ဝင် ၀န်ကြီး ၀န်ကလေး ရာထူးများတွင် မပါဝင်နိုင်မှန်း သိသာနိုင်ပါပြီ။
သို့ အတူအခြားသောနေရာများတွက်ရော လုပ်ပိုင်ခွင့်အာဏာကို ရရှိမည်လို့ ထင်ပါသလား။ မရနိုင်ပါ။ ကြံ့ဖွံ့ပါတီမှာ အကွက်စေ့ထားပါသည်။ လှုပ်၍မရနိုင်လောက်အောင်ကို ပြင်ဆင်ထားပါပြီ။ မစဉ်းစားဘဲ မနေကြပါနှင့်ဟုသာ ပြောရပါတော့မည်။
သည်တော့ ရုပ်မြင်သံကြားမှလည်း လွပ်လွပ်စွာ မပြောဟောခဲ့ ရ ။ လွှတ်တော်ထဲမှာလည်း ဘာမျမပြောခဲ့ ရ။ အစိုးရအဖွဲ့ ရာမှာလည်း ဘယ်လိုနည်းနှင့်မျမပါဝင်၊ ယုတ်စွအဆုံး ရပ်ကွက်အဖွဲ့ မှာတောင် နေရာမရနိုင်သော လွှတ်တော်ကိုယ်စားလှယ်မင်းများမှာ မည်သည့်လူမူအကျိုးပြုလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နိုင်ပါမည်နည်း။ လုပ်ဆောင်နိုင်သည်ထားပါဦး။ စစ်အစိုးရ၏ အာဏာရှင်စနစ်ရှင်သန်ရေးအတွက် လုပ်ဆောင်ပေးနေရသည်ကို ကျားကန်ပေးနေခြင်းဟု မတွက်ချက်နိုင်ပေဘူးလား။ ယင်းသို့ တွက်ချက်ကြည့်က မည်သို့ ခံစားပါမည်နည်း။ ကျွန်တော့်စိတ်မှာ မေးခွန်းတွေ တသီတတန်းကြီး ယင်းသို့ ဖြစ်နေမိပါသည်။ ဤသည်မှာ အဓိကပြသနာဖြစ်ပါသည်။ နအဖစစ်အစိုးရ၏ မဟာဗျူဟာအရ လက်ရှိကျင့်သုံေးနသော ယန္တယားတခုလုံးကို အာဏာရှင်စနစ်လည်ပတ်ရေးဟု ခေါ်ပါသည်။ သို့ ဆိုလျှင် ယင်းယန္တယားလည်ပတ်စေရေးကို မည်သို့ မျှ ဆက်လက်လည်ပတ်ခွင့်မပေးရန်သာ ပြုလုပ်သင့်သည်။ စင်စစ်အားဖြင့် ယခုအချိန်မှာ မီးကုန်ယမ်းကုန် နိုင်ငံရေးအားပြိင်မူကြီးကို ပြိုင်ဆိုင်ကြရပါတော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်  ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီမှာ ရွေးကောက်ပွဲ၌ မဲမပေးရေးကို တနို်င်ငံလုံးတွင် ဟောပြောပြီးလောက်နေပြီဖြစ်ပါသည်။ ယင်းမှာတိုင်းနှင်ပြည်နယ်အနှံ့ သဘောထားကောက်ယူထားခြင်းဖြစ်သည်။ ဆိုရလျှင် နိုင်ငံအ၀ှမ်း ရွေးကောက်ပွဲကို မဲမပေးကြရန် သဘောတူထားကြပြီဟု ယေဘူယျပြောလို့ ရပါပြီလား။ မရနိုင်ပါ။ အကြောင်းမှာ တိုင်းနှင်ပြည်နယ်တွေမှာပါ တိုင်းရင်းသားလူမျိုးများပါတီပါတွေက မဲပေးရေးအတွက် လိုက်လံစည်းရုံး မဲပေးရေးဟောပြောနေကြသည်မှာ သူတို့ လူနှင့် သူတို့ အလုပ်ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ မှာ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး နိုင်ငံရေးကို လုပ်ဆောင်ရန်သာ ရှိပါသည်။ ယခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် လူကို ပြောင်း၍ မူကိုဦးစားပေးပြုလုပ်လိမ့်မည်ထင်ရသည်။ လူကိုပြောင်း၍ ဆိုသောစကားမှာ လူဦးရေအရေအတွက်ကို ပြောခြင်းဖြစ်ပါသည်။ ယင်းမှာ တနိုင်ငံလုံးသို့ မဲမပေးရေးဟောပြောရှင်းလင်းပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ ပဒိုင်းသီးကို နအဖစစ်အစိုးရအား ကျွေးကြပါလိမ့်မည်ဟုထင်ရပါသည်။
အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ မဲမပေးရေး ဟောပြောထားမူကို ရေဒီယိုမှ တချက်ကလေးပြောလိုက်ရုံနှင့် လူတိုင်းကြားပြီးကြပြီး ဖြစ်နေပါပြီ။ ပြောခဲ့ နိုင်ပါလျှက်ကယ်နှင့် ဤအလုပ်ကို မည်သည့်အတွက်ကြောင့် လုပ်နေခဲ့ ရပါသနည်း။ သူတို့ မှာလုပ်စရာအဖြေတွေ ရှိနေလောက်ပါသည်။ သည်တော့ ယင်းကိစ္စကို တနိုင်ငံလုံးသို့ သွားပြီး လှည့်လည်ဟောပြောနေပြီးမှ ထုတ်ပြန်ရန် ကြေညာချက်မှာ တခုတည်းသာဖြစ်ရပါတော့မည်။ တနိုင်ငံလုံးသည် မဲမပေးရန် သဘောတူထားကြပြီးဖြစ်သောကြောင့် ပြည်သူတရပ်လုံးမှ မဲမပေးလိုကြောင်း ကြေညာချက်ထုတ်ပြန်ရန်သာ ရှိပါသည်။ သို့ အတူ ယင်းကြေညာချက်နှင့် ဆက်စပ်လျက် ဤရွေးကောက်ပွဲမှာ မြန်မာနိုငံအား ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းစေရေးကို ဦးတည်သွားစေမည့် အကြောင်းအရာများ မဖြစ်နိုင်သည့်အတွက် နအဖစစ်အစိုးရအနေဖြင့် တွေ့ ဆုံဆွေးနွေးရန်သာ ရှိပါသည်ဟု ကြေညာရတော့မည်။ တချိန်တည်းမှာပင် တွေ့ ဆုံ ဆွေးနွေးရေးဖြစ်ပေါ်လာစေရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းကြောင်း စစ်အစိုးရမှ လုံးဝကြေညာချက်ထုတ်ပြန်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီမှ ကြေညာချက်ထုတ်ပြန်ရပါလိမ့်မည်။ ယင်းကြေညာချက်ကို နိုင်ငံတကာတခုလုံး ကြားသိစေရမည်ဖြစ်ပါသည်။
ဤသည်မှာ နိုင်ငံရေးအားပြိုင်မူကြီး၏ နောက်ဆုံးတိုက်ပွဲဖြစ်ပါသည်။ တွေ့ ဆုံဆွေးနွေးရန် နအဖစစ်အစိုးရအား သကြားလုံးပေးပြီး ချော့ခဲ့ ပေါင်းလည်း များခဲ့ပါပြီ။ ဥရောပသမဂ္ဂဘုံဈေးအဖွဲ့ မှ အမေရိကန်ဒေါ်လာငွေ သန်းပေါင်း ၁၀၀၀
ကို ပေးပါမည်။ တွေ့ ဆုံဆွေးရေးပြုလုပ်ပါဟု ပြောသောစကားကို လက်မခံခဲ့သည်မှာ နအဖစစ်အုပ်စုဖြစ်ပါသည်။ စီးပွါးရေးရင်းနှီးမြုပ်နှံမူပိတ်ဆို့ ၍ ပြည်သူတွေ စက်ရုံပိတ်ကာ အလုပ်လက်မဲ့ ဖြစ်ရပါသည်ဟု ပြောဆိုသောစကားကို ကြားရပါသည်။ အကယ်၍ တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ပြီး နိုင်ငံကို ဒိမိုကရေစီနိုင်ငံဖြစ်အောင် အသွင်ကူးပြောင်းရေးလုပ်လျင် ဒေါ်လာငွေ သန်း ၁၀၀၀ ကို အတိုးမဲ့ ချေးငှားပေးပါမည်ဟု ဥရောပသမဂ္ဂဘုံဈေးမှ ပြောကြားခဲ့သည်မှာ လွန်ခဲ့ သော ၈ နှစ်ကာလကပင်ဖြစ်ပါသည်။ သည်တော့ စစ်အစိုးရမှ လက်ခံရန် တိုက်တွန်းကြပါသည်။ သို့ သော်လက်မခံပါ။ ပြည်သူတွေမှာ ဒေါ်လာသန်း ၁၀၀၀ ခန့်ရရှိသွားလျှင် မည်မျှအကျိုးကျေးဇူးကြီးမားကြပါမည်နည်း။ သူတို့ ၏နေ့ တဓူဝ ဘ၀များသည် မည်မျှလှပသွားပါမည်နည်း ။
စက်ရုံနှစ်ရုံမှ အလုပ်သမားတို့ မှာ စီးပွါးရေးပိတ်ဆို့ ၍ အလုပ်လက်မဲ့ ဖြစ်သွားရခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြောင့်ဟု ပြောဆိုကြပါသည်။ ဥရောပသမဂ္ဂဘုံဈေးမှ သန်းပေါင်း ၁၀၀၀ မရရှိ၍ စက်ရုံပေါင်းများစွာ မဖွင့်လှစ်နိုင်ခဲ့ ကြောင်းကို မည်သူမျှ မပြောကြားကြ။ စင်စစ်တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်စေခိုင်းနေသည်မှာ နိုင်ငံတော် ပျက်စီးဆုံးရှုံးစေရန် ဖန်တီးနေခြင်းမဟုတ်။ တွေ့ ဆုံဆွေးနွေးခြင်းမရှိ၍သာ နိုင်ငံတော်ပျက်စီးဆုံးရှုံးနေခြင်းသာဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သာ အာဏာလက်ကိုင်ရရှိသွားပါက ဤနိုင်ငံကို မြန်မာနိုင်ငံဟုခေါ်သည်ဆိုပြီး ပြောလျင်တောင် ယုံကြည်ကြမည်မထင်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတကာကို ရောက်ရှိနေကြသော ဒီမိုကရေစီအတိုက်အခံများတို့ မှာ သူတို့ မြင်တွေ့ ကြားးသိနေရသော စီးပွါးရေးအဆောက်အဦ ၊ လူမူအဆောက်အဦတို့ ကို တမုဟုတ်ချင်း တည်ဆောက်ပြုပြင်ကြသူများအဖြစ် အဆင်သင့်ဖြစ်နေကြပါသည်။ မြို့ ပြကျေးရွာကအစ မီးလင်းနေပြီး ကားသံမစဲ စိတ်အေးချမ်းကာ သွားလာနေကြမည့် နေ့ ရက်တို့ မှာ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိမည့်နေ့ ဖြစ်သည်။ ယင်းနေ့ ရောက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူတရပ်လုံး၏ ဆန္ဒအရ တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ချင်သည်ဆိုလျင် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးရေး ဟောပြောစည်းရုံးထားကြပြီးပြီ။ ထို့ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးလိုသောဆန္ဒကြောင့် ဤရွေးကောက်ပွဲကို ဖျက်သိမ်းရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ယင်းတောင်းဆိုခြင်းကို စစ်အစိုးရမှ လိုက်နာခြင်း မလိုက်နာခြင်းတို့ မှာ သူတို့ ၏ အလုပ်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင်ပင် ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ်ပင်လျှင် ရွေးကောက်ပွဲကို တရားမျှတအောင်လုပ်ပါ ၊ လူတိုင်းပါဝင်ခွင့် ရရှိအောင် လုပ်ပါဟု ပြောဆိုထားပါသည်။ ယင်းစကားမှာ ရွေးကောက်ပွဲကို အသိအမှတ်ပြုစေခြင်းစကားဖြစ်ပါသည်။ မဲမပေးရေးဆိုသောစကားမှာလည်း ရွေးကောက်ပွဲကို အသိအမှတ်ပြုသောစကားဖြစ်ရာ ဤဖြစ်ရပ်ကို ဆင်ခြင်ရမည်ဖြစ်ပါသည်။ စင်စစ်အားဖြင့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံဒီမိုကရေစီရရရေးအတွက် မလိုအပ်သောအရာဖြစ်ပါသည် ။ ရွေးကောက်ပွဲပြုလုပ်၍ မည်သို့ မျှ အကျိုးမရှိ။ ။ သည်တော့မည်သည့်အရာက လိုအပ်ပါသနည်း။ လိုအပ်သည်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ ဆုံဆွေးရေး လိုအပ်ပါသည်။ တွေ့ ဆုံဆွေးနွေးလိုလျှင် ရွေးကောက်ပွဲကို ဖျက်သိမ်းမှသာ ဖြစ်မည်။ သည်တော့  သပိတ်စုံလျှင် သူပုန်ထဟု နိုင်ငံရေးစကားမှာ ပြောရိုးရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲမပေးရေး သပိတ်စုံလျှင် တပြိုင်တည်း ထရတော့မည်ထင်ပါသည်။ ဘာများဆက်လုပ်စရာ ရှိပါတော့အံ့နည်း။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment