Monday, October 7, 2013

the tingyaut festival 6 ( fort wayne , indiana , USA )



အမေရိကန်ပြည်ထောင်စု ၊ အင်ဒီယားနားပြည်နယ် ၊ ဖို့တ်ဝိန်းမြို့ ရှိတိုင်းရင်းသားပေါင်းစုံ ဗုဒ္မဘာသာနွယ်ဝင်မိသားစုများမှ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော် ( ၁ )ရက်နေ့တွင်
မြတ်ဗုဒ္မအား ဆီမီးထွန်းပူဇော်ကြိုဆိုပွဲကျင်းပပြုလုပ်ကြမည်ဖြစ်ပါ၍ အနုပညာဂီတအကပဒေ
သာများဖြင့်လည်းကြိုဆိုပူဇော်နိုင်ရန်အတွက် ကြိုတင်အကသင်ပြင်ဆင်နေကြသော သတင်း
မှတ်တမ်းရုပ်သံ ။

သီတင်းကျွတ်မီးထွန်းပွဲတော် အကြောင်းသိကောင်းစရာ     ==============================
နေ့စွဲ ။        ။ အောက်တိုဘာလ(၃)ရက် ၊ ၂၀၁၃ ခုနှစ်
                 သီတင်းကျွတ်လပြည့်နေ့မှာမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်း သုံးလလုံးလုံးတာဝတိံသာနတ်ပြည်မှာ ဟောကြားတော်မူပြီးသောအခါမှာ သင်္ကဿနဂိုရ်ပြည်ရဲ့ တောင်ဘက် မုခ် တံခါးမှတဆင့်နတ်ဗြဟ္မာများခြံရံပြီးသောအခါ သီတင်းကျွတ်လပြည့်နေ့ညမှာလူ့ပြည်သို့ပြန်လည်ဆင်းသက်တော် မူပေတယ် ။ လူ့ပြည်မှလည်း အရှင် သာရိ ပုတ္တရာ ဦးဆောင်တော်မူသော ရဟန်းသံဃာတော်များ ၊ လူပုဂ္ဂိုလ်များသည် မြတ်စွာဘုရား ကြွှဆင်းရာလမ်းတလျှောက်တွင် ပန်းနံ့သာများခင်း ကျင်းပြီး ဆီမီးများထွန်းညှိလျှက်မြတ်စွာဘုရားရှင်ကို ပူဇော်ကန်တော့၍ ကြိုဆိုကြသည် ။ ထိုအချိန်မှာမြတ်စွာဘုရားရှင်ရဲ့ ရောင်ခြည်တော်ဟာ လူ့ပြည် ၊ နတ်ပြည်  ဗြဟ္မာ့ ပြည်သို့တိုင်အောင်ထွန်းလင်းစေပြီး လူနတ်ဗြဟ္မာတို့ကလည်း တစ်ဦးနဲ့တစ်ဦးထင်ရှားစွာ တွေ့မြင်နိုင်ကြရတယ်လို့သိ ရပေတယ် ။
             သို့ဖြစ်ပါသောကြောင့် မျက်မှောက်ခေတ်တွင်လည်းမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွချီတော်မူသော ထိုသီတင်းကျွတ်လပြည့်နေ့ကိုအမှူးပြု၍ မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း(၁၄)ရက်ကို သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ရယ်လို့သတ် မှတ်ပြီး သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကို ဆီမီးထွန်းပူဇော်ပွဲအဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်ကျင်းပပူဇော်ကြခြင်းဖြစ်သည် ။
           
             သီတင်းကျွတ်လပြည့်နေ့ညမှာ ကျွန်ပ်တို့ဗုဒ္ဓဘာသာ ၀င်များအနေနဲ့ မိမိတို့ ထွန်းညှိပူဇော်သော ၊ ဆီမီး များကိုပူဇော်ရာမှာ မြတ်စွာဘုရား ရှင်ကိုကြည် ညိုသောသဒ္ဓါတရားဖြင့် ပူဇော်ဆည်းကပ်ပါ၏ဟူ၍  နှလုံးသွင်း ပူဇော်ပြီးသီတင်းကျွတ်မီးထွန်းပွဲတော်ကို မူလမြတ်ဗုဒ္မအား ကြိုဆိုကြသကဲ့သို့အနှစ် သာရ မပျက်ပျယ်အောင် ကျွန်ုပ်တို့မှ ဆက်လက်ထိမ်းသိမ်းသောအားဖြင့် သီတင်းကျွတ်လပြည့်နေ့သို့ကျရောက်လာတိုင်း မြတ်ဗုဒ္မအား ဆီမီးထွန်း ပူးဇော်ခြင်းကိုကျွန်ုပ်တို့၏ သားသ္မီး မြေးမြစ်များဖြစ်ကြသော  နောင်လာ နောင် သား မျိုးဆက်သစ်များအား လက်ဆင့်ကမ်းခြင်းဖြင့် အစဉ်အလာမပျက် ဆက် လက်ထိမ်းသိမ်းလျှက် သီတင်းကျွတ်လပြည့်နေ့သို့ကျရောက်တိုင်းမြတ်ဗုဒ္မ
ပူဇော်ကြပါကုန်၏ ………. ။

အမျိုးဘာသာ ၊ သာသနာရှည်ကြာတည်တန့်ခိုင်မာဖို့ === မျိုးဆက်သစ်သို့မျှဝေစို့
အောင်မြင့်ထွန်း ( ၈၈မျိုးဆက် )
အမေရိကန်ပြည်ထောင်စု ၊ အင်ဒီးယားနားပြည်နယ် ၊ ဖို့တ်ဝိန်းမြို့

သတင်းမှတ်တမ်း = အောင်မြင့်ထွန်း = ၈၈မျိုးဆက်

No comments:

Post a Comment