Thursday, October 3, 2013

th tin gyut festival ( fort wayne . indiana . usa ) 1



သီတင်းကျွတ်မီးထွန်းပွဲတော် အကြောင်းသိကောင်းစရာ     ===============================

နေ့စွဲ ။        ။ အောက်တိုဘာလ(၃)ရက် ၊ ၂၀၁၃ ခုနှစ်

             သီတင်းကျွတ်လပြည့်နေ့မှာမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ အဘိဓမ္မာဒေသနာတော်ကို
ို ၀ါတွင်း သုံးလလုံးလုံးတာဝတိံသာနတ်ပြည်မှာ ဟောကြားတော်မူပြီးသောအခါမှာ သင်္ကဿနဂိုရ်ပြည်ရဲ့တောင်ဘက် မုခ်တံခါးမှတဆင့်နတ်ဗြဟ္မာများခြံရံပြီးသောအခါ သီတင်းကျွတ်လပြည့်နေ့ညမှာ လူ့ပြည်သို့ပြန်လည်ဆင်းသက်တော် မူပေတယ် ။ လူ့ပြည်မှလည်း အရှင်သာရိပုတ္တရာ ဦးဆောင်တော်မူသော ရဟန်း သံဃာတော်များ ၊ လူပုဂ္ဂိုလ်များသည် မြတ်စွာဘုရား ကြွှဆင်းရာလမ်းတလျှောက်တွင် ပန်းနံ့သာများခင်း ကျင်းပြီးဆီမီးများထွန်းညှိလျှက်မြတ်စွာဘုရားရှင်ကို ပူဇော်ကန်တော့၍ ကြိုဆိုကြသည် ။       ထိုအချိန်မှာမြတ်စွာဘုရားရှင်ရဲ့ ရောင်ခြည်တော်ဟာ လူ့ပြည် ၊ နတ်ပြည် ၊ ဗြဟ္မာ့ပြည်သို့တိုင်အောင်ထွန်း လင်းစေပြီး လူနတ်ဗြဟ္မာတို့ကလည်းတစ်ဦးနဲ့တစ်ဦးထင်ရှားစွာ တွေ့မြင်နိုင်ကြရတယ် လို့သိရပေတယ် ။

            သို့ဖြစ်ပါသောကြောင့် မျက်မှောက်ခေတ်တွင်လည်းမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွချီတော်မူသော ထိုသီတင်းကျွတ်လပြည့်နေ့ကို အမှူးပြု၍ မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း(၁၄)ရက်ကို သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ရယ်လို့ သတ်မှတ်ပြီး သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တို့ကို ဆီမီးထွန်းပူဇော်ပွဲအဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်ကျင်းပပူဇော်ကြခြင်းဖြစ်သည် ။

              သီတင်းကျွတ်လပြည့်နေ့ညမှာ ကျွန်ပ်တို့ဗုဒ္ဓဘာသာ ၀င်များအနေနဲ့ မိမိတို့ ထွန်းညှိပူဇော်သော ၊ ဆီမီး များကိုပူဇော်ရာမှာ မြတ်စွာဘုရားရှင်ကိုကြည် ညိုသောသဒ္ဓါတရားဖြင့် ပူဇော်ဆည်းကပ်ပါ၏ဟူ၍  နှလုံးသွင်း ပူဇော်ပြီးသီတင်းကျွတ်မီးထွန်းပွဲတော်ကို မူလမြတ်ဗုဒ္မအား ကြိုဆိုကြသကဲ့သို့ အနှစ်သာရ မပျက်ပျယ်အောင် ကျွန်ုပ်တို့မှ ဆက်လက်ထိမ်းသိမ်းသောအားဖြင့် သီတင်းကျွတ်လပြည့်နေ့သို့ကျရောက်လာတိုင်း မြတ်ဗုဒ္မအား ဆီမီးထွန်းပူးဇော်ခြင်းကိုကျွန်ုပ်တို့၏ သားသ္မီး မြေးမြစ်များဖြစ်ကြသော  နောင်လာနောင်သား မျိုးဆက်သစ်များအား လက်ဆင့်ကမ်းခြင်းဖြင့် အစဉ်အလာမပျက် ဆက်လက်ထိမ်းသိမ်းလျှက် သီတင်းကျွတ်လပြည့်နေ့သို့ကျရောက်တိုင်း

မြတ်ဗုဒ္မပူဇော်ကြပါကုန်၏ ………. ။

 
          အမျိုးဘာသာ ၊ သာသနာရှည်ကြာတည်တန့်ခိုင်မာဖို့ === မျိုးဆက်သစ်သို့ မျှဝေစို့

 

အောင်မြင့်ထွန်း ( ၈၈မျိုးဆက် )

အမေရိကန်ပြည်ထောင်စု ၊ အင်ဒီးယားနားပြည်နယ် ၊ ဖို့တ်ဝိန်းမြို့

No comments:

Post a Comment