Monday, October 21, 2013

BUDDHA FESTIVAL 15



အမေရိကန်နိုင်ငံ ၊ အင်ဒီးယားနားပြည်နယ် ၊ ဖို့ဝိန်းမြို့ ရှိ ဗုဒ္မ၀ိဟာရ သက်သတ်လွတ်ကျောင်းတွင်
ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိမ်ကပ်လှူပွဲနှင့် မြတ်ဗုဒ္မအား ဆီမီးထွန်း ကြိုဆိုလှည့်လည်ပွဲအား
ဖို့တ်ဝိန်းမြို့ ရှိတိုင်းရင်းသားပေါင်းစုံနှင့် ထိုင်းဗုဒ္မဘာသာဝင်များ ၊ လာအို ဗုဒ္မဘာသာဝင်များအပြင် သီဟိုဌ်(သီရိလင်ကာ)ဗုဒ္မဘာသာယဉ်ကျေးမှုအဖွဲ့များဖြင့်စုံညီစီကားသိုက်မြိုက်စွာဖြင့်မြတ်ဗုဒ္မ အား စုပေါင်းကြိုဆိုကျင်းပပူဇော်ခဲ့ကြသည် ။
အဆိုပါကြိုဆိုပူဇော်ပွဲအား သီတင်းကျွတ်လပြည့်နေ့( ၁၀ / ၁၉ / ၂၀၁၃ )စနေနေ့မှစ၍သစ်သီး ဆွမ်းများ ကပ်လှူခြင်းနှင့် ညပိုင်းတွင်ဆီမီးထွန်းပူဇော်ခြင်း ( ၁၀ / ၂၀ / ၂၀၁၃ ) ရက်တနင်္ဂနွေနေ့တွင်
စုပေါင်းဆွမ်းကပ်လှူခြင်း ၊ ကထိန်သင်္ကန်းကပ်လှူ၍ သံဃာတော်များထံမှငါးပါးသီလခံယူခြင်း ၊ ညနေ ပိုင်းတွင် မြတ်ဗုဒ္မအား ဗုဒ္မ၀ိဟာရသက်သတ်လွတ်ကျောင်းမှ ပူဇော်ပွဲပြုလုပ်ရန်စီစဉ်ထားသည့် ခန်းမသို့
ပင့်ဆောင်လှည့်လည်ခဲ့ပြီးဗုဒ္မပူဇော်ပွဲကို နိုင်ငံကျော်အဆိုတော် အမေဒေါ်မာမာအေးမှပူဇော်ပွဲအား ဘုရားပင့်ပူဇော်ခြင်းဖြင့်ဖွင့်လှစ်ပေးပြီး သံထဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး
ဗုဒ္မ၀ိဟာရသက်သတ်လွတ်ကျောင်းဆရာတော်မှ သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပေါ်လာပုံအားမြန်မာ ပအိုဝ် ကရင် ထိုင် အင်္ဂလိပ် ငါးဘာသာဖြင့်ရှင်းလင်းပြောကြားခြင်း ၊ သီရိလင်ကာဆရာတော်မှ မိတ်ဆက်စကားပြောကြားခြင်း ၊ ဓမ္မရက္ခိတကျောင်း ဆရာတော်ကြီးမှလည်း ဘာသာရေးနှင့်မျိုးဆက် သစ်တွေကိုခြေပြုတရားဟောကြားပြီးနောက် ( စံပြသဘင် )အမျိုးသားယဉ်ကျေးမှုအဖွဲ့မှ `ဓမ္မတေး များဖြင့် မြတ်ဗုဒ္မအား ဆိုတီးကများဖြင့်ပူဇော်ခဲ့ကြသည် ။
အဆိုပါပူဇော်ပွဲအခန်းအနားအား ဦးထွန်းဦးနှင်း ကိုအောင်မြင့်ထွန်းတို့မှပူဇော်ပွဲအခန်းအနားမှုး များ အဖြစ်ဆောင်ရွက်ပူဇော်ခဲ့ကြသည် ။
ရုပ်သံမှတ်တမ်း = ကိုအောင်မြင့်ထွန်း ( ၈၈မျိုးဆက် )

No comments:

Post a Comment